13/03/2026
သုံးနေကျဖုန်းလေးကအရင်လိုမသွက်တော့ပဲ လေးလံနေလို့ စိတ်အမြဲတိုနေရလား ???
ဖုန်းဝယ်တုန်းကတော့ အသစ်စက်စက်နဲ့ အရမ်းသွက်ပေမယ့် သုံးရင်းသုံးရင်းနဲ့မှ "ဟန်း" လာတာ၊ App တွေဖွင့်ရင် ကြာနေတာမျိုး ဖြစ်လာတတ်ပါတယ်။
ဖုန်းလေးစေတဲ့အကြောင်းရင်းတွေကတော့
⚠️System Storage ပြည့်လုနီးပါးဖြစ်ခြင်း
ဖုန်းရဲ့ Storage က အမြဲတမ်း 90% ကျော်နေရင် System က လည်ပတ်ဖို့ နေရာလွတ် (Swap Space) မရှိတော့ပါဘူး။ ဒါကြောင့် ဖုန်းက သိသိသာသာ လေးသွားတတ်ပါတယ်။ မသုံးတဲ့ Apps တွေနဲ့ မလိုတော့တဲ့ ဗီဒီယိုအဟောင်းတွေကို ဖျက်ပေးပါ။
⚠️Cache Data တွေစုပုံနေခြင်း
Facebook, Messenger နဲ့ TikTok လို Apps တွေက သုံးတာကြာလာရင် Cache လို့ခေါ်တဲ့ ယာယီဖိုင်တွေ အများကြီး သိမ်းထားတတ်ပါတယ်။ ဒါတွေက Storage စားရုံတင်မကဘဲ ဖုန်းကို လေးစေပါတယ်။
⚠️ Software Update မတင်ခြင်း
ဖုန်းထုတ်လုပ်တဲ့ Company တွေက ပေးတဲ့ System Updates တွေက Bug တွေကို ပြင်ဆင်ပေးပြီး ဖုန်းကို ပိုသွက်အောင် လုပ်ပေးတာပါ။ ဒါကို မတင်ဘဲ ထားရင် ဖုန်းက တဖြည်းဖြည်း လေးလာပါလိမ့်မယ်။
ကိုယ့်ရဲ့အသဲကျော်ဖုန်းလေးကို အမြဲတမ်း အသစ်အတိုင်း သွက်လက်နေစေဖို့ - ✅ တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ် ဖုန်းကို Restart ချပေးပါ။
✅ မလိုအပ်တဲ့ Background Apps တွေကို အမြဲပိတ်ထားပါ။
✅ အရေးကြီးဆုံးကတော့ ဖုန်းဝယ်ကတည်းက ကိုယ့်အသုံးပြုမှုနဲ့ လုံလောက်နိုင်မယ့် RAM & Storage ကို ရွေးချယ်ဝယ်ယူပါ။
ဖုန်းကအရမ်းလေးပြီးဟောင်းနေလို့ မသုံးချင်တော့ဘူးဆိုရင်တော့ VENUS Mobile မှာ အထာကျကျစိတ်ချမ်းသာစေမယ့် ဖုန်းအသစ်တစ်လုံးကို ဝယ်ယူလိုက်ပါ ...
ဖုန်းအသစ်ဝယ်မယ်ဆိုရင် ရည်အသွေးကောင်း၊ ပစ္စည်းမှန်၊ ဈေးတန်တဲ့ ဖုန်းအမျိုးအစားများစွာကိုတစ်နေရာတည်းမှာစိတ်တိုင်းကျရွေးချယ်ဝယ်ယူနိုင်မယ့် VENUS Mobile ကိုသတိရလိုက်ပါ။
𝐕𝐄𝐍𝐔𝐒 𝐌𝐨𝐛𝐢𝐥𝐞
အမှတ်(1/2)၊ ပြည်လမ်း၊KBZဘဏ်ေရှ့၊တိုက်ကြီးမြို့၊ရန်ကုန်တိုင်းဒေသကြီး။
☎️09 966 110 141
☎️09 442 233 303