Burma Vocational College

Burma Vocational College Build Better Future

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ၌ မင်္ဂလာအပေါင်းနှင့် ပြည့်စုံစေရန် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်🙏မြတ်စွာဘုရားရှင...
29/07/2026

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ၌ မင်္ဂလာအပေါင်းနှင့် ပြည့်စုံစေရန် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်🙏

မြတ်စွာဘုရားရှင် တရားဦး ဓမ္မစကြာဒေသနာတော်ကို စတင်ဟောကြားတော်မူခဲ့သည့် သပ္ပါယ်ကြည်ညိုဖွယ်ရာ ဝါဆိုလပြည့်နေ့မှသည်

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံပါစေ။

စီးပွားလာဘ်လာဘများ အဆင်ပြေတိုးတက်ပြီး လုပ်ကိုင်ဆောင်ရွက်သမျှ အစစအရာရာ အဆင်ပြေချောမွေ့ပါစေ။

မိသားစုနှင့်အတူ စိတ်အေးချမ်းသာစွာဖြင့် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုများကို တိုးပွားအောင် အားထုတ်နိုင်ပါစေ။

ယနေ့ကျရောက်သော ဝါဆိုလပြည့်နေ့၌ ပြုသမျှ ကုသိုလ်ကောင်းမှုအစုစုတို့ကြောင့် ဘေးဥပဒ်အန္တရာယ်ခပ်သိမ်း ကင်းဝေးပြီး လိုအင်ဆန္ဒများအားလုံး ပြည့်ဝကြပါစေကြောင်း Burma Vocational College ဆုမွန်ကောင်း တောင်းဆိုပေးလိုက်ပါတယ်။

🕋𝗘𝗶𝗱 𝗠𝘂𝗯𝗮𝗿𝗮𝗸🌙မင်္ဂလာရှိသော အီးဒ် (𝗘𝗶𝗱) နေ့မြတ်အခါသမယတွင် အစ္စလာမ်ဘာသာဝင် မိတ်ဆွေအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်...
28/05/2026

🕋𝗘𝗶𝗱 𝗠𝘂𝗯𝗮𝗿𝗮𝗸🌙

မင်္ဂလာရှိသော အီးဒ် (𝗘𝗶𝗱) နေ့မြတ်အခါသမယတွင် အစ္စလာမ်ဘာသာဝင် မိတ်ဆွေအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး၊ စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်ကာ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း Burma Vocational College မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

"ယနေ့ကျရောက်သော မြန်မာနှစ်သစ်ကူးနေ့မှစ၍ မိမိနှင့်တကွ ခုနစ်ရက်သားသမီးအပေါင်း ဘေးဥပဒ်အန္တရာယ်များ ကင်းဝေးကြပါစေ။ လုပ်ကိုင်...
17/04/2026

"ယနေ့ကျရောက်သော မြန်မာနှစ်သစ်ကူးနေ့မှစ၍ မိမိနှင့်တကွ ခုနစ်ရက်သားသမီးအပေါင်း ဘေးဥပဒ်အန္တရာယ်များ
ကင်းဝေးကြပါစေ။

လုပ်ကိုင်ဆောင်ရွက်သမျှ
စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းပြီး၊ ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးသကဲ့သို့ စီးပွားလာဘ်လာဘများ
ဒီရေအလား တိုးပွားကာ
မိသားစုနှင့်အတူ ပျော်ရွှင်ချမ်းမြေ့သော
ဘဝကို ပိုင်ဆိုင်နိုင်ပါစေ။"

နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ အင်အားသစ်များဖြင့် ကောင်းကျိုးလိုအင်ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။"

Burma Vocational College

မြန်မာ့ရိုးရာ နှစ်ကူးအတာသင်္ကြန် အချိန်အခါသမယတွင်  မြန်မာပြည်သူ/သားအပေါင်း အေးချမ်းသာယာရှိကြပါစေကြောင်း Burma Vocational...
15/04/2026

မြန်မာ့ရိုးရာ နှစ်ကူးအတာသင်္ကြန် အချိန်အခါသမယတွင် မြန်မာပြည်သူ/သားအပေါင်း အေးချမ်းသာယာရှိကြပါစေကြောင်း Burma Vocational College မှ ဆုမွန်ကောင်းတောင်းအပ်ပါသည် 😍

17/10/2025

AI က ကောင်းကျိုးထက်၊ ဆိုကျိုးများမလား?။
ဆယ်စုနှစ်တခုအတွင်းမှာ AI သုံး ရိုဘော့တွေ တွင်ကျယ်လာတော့မယ် ဆိုကြတယ်။ အီလွန်မတ်၊ ဂျက်ဘေဇော့၊ ဇပ်ကာဘတ်၊ ဆမ်အော့တ်မန်၊ ဘီလ်ဂိတ် အစရှိတဲ့ နည်းပညာသူဌေးတွေ အေအိုင်မှာ ပုံအော ရင်းနှီးမြှပ်နှံနေကြတယ်။(ဘီလျံနာတွေ ထရီလီယံနာ ဖြစ်လာချေရှိတယ်။ အီလွန်မတ်ရဲ့ ပိုင်ဆိုင်မှုက ဘီလျံ ၅၀၀ ကျော်ပြီဆိုတဲ့ သတင်းတွေလည်းတွေ့ရတယ်)။

နည်းပညာမြင့် ထုတ်လုပ်မှုတွေ US လုပ်မယ်လို့ ထရမ့်က ပြောခဲ့တာရှိတယ်။ ဒါဆို အမေရိကန်လိုနိုင်ငံရဲ့ ထုတ်လုပ်နိုင်စွမ်းရည် productivity က နှစ်ဆ၊ သုံးဆမက တက်လာနိုင်ဘွယ်ရှိတယ်။ အခြားတဖက်မှာတော့ လုပ်သားထုရဲ့ ၅၀% နီးပါး အလုပ်လက်မဲ့ဖြစ်လာဖို့လည်းရှိတယ်။ (manufacturing sector) ကုန်ထုတ်လုပ်ရေးကဏ္ဍမှာ လုပ်သား လိုအပ်ချက် လျော့မယ်။ သယ်ယူပို့ဆောင်ရေးမှာ စက်ရုပ်တွေ အစား ဝင်လာမယ်။ အခုတောင် မောင်းသူမဲ့ တက္ကစီတွေ အသုံးပြု တဲ့ US မြို့ကြီးတွေ များလာပြီ။ ဟိုတယ်လို ဝန်ဆောင်မှု လုပ်ငန်းတွေ၊ ပစ္စည်းဖြန့်ချီရေး၊ ကုန်အတင်အချ စတာတွေကိုလူတွေနေရာ အစားထိုးလောက် အောင် ရိုဘော့တွေ တွင်ကျယ်လာရင်.. လူတွေဘာလုပ်ကြမလဲ?

မိမိတို့ပညာရေးမှာတော့ လက်ထောက်ဆရာတွေ အလုပ်လက်မဲ့ဖြစ်ဘွယ် ရှိတယ်ဆိုပါတယ်။ တရုတ်နဲ့ အိန္ဒိယလိုနေရာမှာ လုပ်သား ၃၀-၅၀% လောက် အလုပ်လက်မဲ့ ဖြစ်ရင် ဘာတွေဖြစ်လာမလဲ?

အမေရိက၊ ဥရောပ၊ ကနေဒါ၊ ဂျပန်လို ဖွံ့ဖြိုးပြီးတိုင်းပြည်တွေကတော့ ပိုပြီး ချမ်းသာလာကြမယ်ထင်ပါတယ်။ ဒါပေမဲ့ သူ့နိုင်ငံမှာလည်း ဆင်းရဲချမ်းသာ ကွာဟမှုက ကြီးသထက်ကြီးလာမှာတော့ ဧကန်ပဲ။ အများစု ဆင်းရဲပြီး နည်းပညာသူဌေးတွေက ပိုင်ဆိုင်မှုမမှတ်မိတော့လောက်အောင် ချမ်းသာလာကြ လိမ့်မယ်။

လူအများစုကတော့ နောင်ဆယ်နှစ် အနှစ်နှစ်ဆယ်မှ ဖြစ်လာမှာကို စိတ်မဝင်စားကြပါဘူး။ သူဌေးတွေကတော့ အဲ့ဒီကာလ ရည်မှန်းပြီး ငွေကြေး ရင်းနှီးမြှပ်နှံနေကြလေရဲ့... ...။

ဆြာကြီးဦးကျေယ်ဆန်း

03/10/2025

သင်တန်းဆင်းပွဲ ပုံရိပ်တချို့ 😍

03/10/2025

အာဆီယံမုန့်လုပ်နည်းသင်တန်းဆင်း 😍

02/10/2025

အာဆီယံအစားအစာပြုလုပ်နည်းသင်တန်း 😍

အာဆီယံမုန့်လုပ်နည်းသင်တန်း 😍
02/10/2025

အာဆီယံမုန့်လုပ်နည်းသင်တန်း 😍

သင်တန်းလက်တွေ့ ပုံရိပ်များ 😍
01/10/2025

သင်တန်းလက်တွေ့ ပုံရိပ်များ 😍

Address

(36), Mya Sabe Street, 24 Ward, South Dagon Township
Yangon
11433

Alerts

Be the first to know and let us send you an email when Burma Vocational College posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Burma Vocational College:

Shortcuts

Share