Moe Myint Electronic

Moe Myint Electronic electronic store

ပူပြင်းလာတဲ့ နွေရာသီကို ကျော်ဖြတ်ဖို့ ပူပြင်းတဲ့ နေရောင်ခြည်ကိုပြန်လည်အသုံးချကာကွယ်မယ် ယခု တပ်ဆင်ထားတာလေးကတော့ Jinko Sol...
31/03/2023

ပူပြင်းလာတဲ့ နွေရာသီကို ကျော်ဖြတ်ဖို့

ပူပြင်းတဲ့ နေရောင်ခြည်ကိုပြန်လည်အသုံးချ
ကာကွယ်မယ်

ယခု တပ်ဆင်ထားတာလေးကတော့

Jinko Solar Panel 555W * 6 ချပ် =3330Watt power ရှိပီး

Air Con 2HP Inverter Type နှင့်

Non inverter Type အမျိုးအစား

1Hp နဲ့ 1.5Hp တို့ကို တပြိုင်တည်း Loadဆွဲ စမ်းသပ်ကြည့်ရာမှာတော့

Total load 3840 Watt ဆွဲနေပါတယ်။

အချိန်က 9 နာရီ ကျော်လေးမှာ Solar ဘက်မှ 2640 Watt လောက်ထွက်တော့ အရမ်းမိုက်နေပီလေ။

အပေါ်က air con ၃ လုံးကို တစ်ပြိုင်တည်း သူံးခွင့်ပေးမထားပါဘူး

Test Run လုပ်နေချိန် စမ်းသပ်သုံးစွဲခြင်းသာ ဖြစ်ပီး 2Hp Air Con (Inverter type နဲ့ lighting, pressure pump) သာလျင် အသုံးပြုမည် ဖြစ်ပီး ။

ညဘက်မှာ 1.5HP Non-inverter Type

Air Con နှင့် အေးဆေး အိပ်စက် အနားယူမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ လူကြီးမင်းတို့ အနေနဲ့

အလကားရနေတဲ့ နေရောင်ခြည်စွမ်းအင်နဲ့ ကိုယ့်ရဲ့ အိမ်လေးမှာ အေးချမ်းစွာ အနားယူချင်တယ်ဆိုရင် တော့

Elect Me က သင့်အတွက် ရှိနေမှာ ဖြစ်ပါတယ်။

Solar System နဲ့ ပတ်သတ်လို့

Design & Installaton ကို မိတ်ဆွေ ရဲ့ အိမ်မှာ တပ်ဆင်ဖို့ အကောင်းဆုံးတွက်ချက်ပေးပါမယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Elect Me

Solar System

09-964033680

09-402748137

09-442908540

ပစ္စည်းကောင်း brand ကောင်းPower 30A 12/24V automppt controllerလက်လီလက္ကားရရှိနိူင်ပါတယ်ဗျ✅Model: POW-1230✅ Voltage: 12/2...
07/03/2023

ပစ္စည်းကောင်း brand ကောင်း
Power 30A 12/24V auto
mppt controller
လက်လီလက္ကားရရှိနိူင်ပါတယ်ဗျ

✅Model: POW-1230
✅ Voltage: 12/24
✅ Rated Current 30A
✅Max PV Voltage

✅Automatic Water Level control valve(လျှပ်စစ်မလို)အခု ဒီ Valve လေးတွေကတော့ ရေတိုင်ကီကို ရေပြည့်တာနဲ့ ရေပန့် မော်တာ ရပ်ချ...
25/12/2022

✅Automatic Water Level control valve(လျှပ်စစ်မလို)

အခု ဒီ Valve လေးတွေကတော့
ရေတိုင်ကီကို ရေပြည့်တာနဲ့ ရေပန့် မော်တာ ရပ်ချင်တယ်၊
ရေ နဲနဲလျော့တာနဲ့ ပြန်တင်ချင်တယ်၊
ဒါပေမယ့် ရေတိုင်ကီဆီ လျှပ်စစ်ဝါယာကြိုးမဆွဲချင်ဘူး၊
ဆွဲဖို့အခြေအနေမပေးဘူးဆိုတဲ့
အခြေအနေမျိုးတွေအတွက် တော်တော်လေးအသုံးဝင်တဲ့ automatic water tank level control valve လေးတွေဖြစ်ပါတယ်။

ရေတင်​ပေးတဲ့ ပန့်ကတော့ pressure pump​ဖြစ်ရင်ဖြစ်၊
pressure pump မဟုတ်ရင်တော့ ရေပန့်အထွက်မှာ Pressure switch လေးတော့
တပ်ပေးရမှာ​ ဖြစ်ပါတယ်။

တိုင်ကီအပြင်မှာတပ်ရတဲ့ ဒီဇိုင်းနဲ့
တိုင်ကီအတွင်းမျာတပ်ဆင်ရတဲ့ဒီဇိုင်းနှစ်မျိုး
လာပါတယ်။
တိုင်ကီ အပြင်တပ်ရတဲ့ဒီဇိုင်းက အပူချိန် 120°အထိခံနိုင်ရည်ရှိပါတယ်။
အတွင်းတပ်ကတော့ 80°C ပါ။

Pressure pumpသုံးရမှာဖြစ်လို့ ပန့်ရဲ့တွန်းအားကိုခံနိုင်ရည်ရှိဖို့ valveရဲ့ခံနိုင်ရည်ကတော့ 12Bar ဖြစ်ပါတယ်။.

Water Level control Valve 1/2" - 12,500 kyats

☎ 09-444386970
☎ 09-682050090

LifePo4 Battery တပ်ဆင်ရာမှာ အသုံးပြုတဲ့ Balancer ကဒ်များကို ဝယ်ယူနိုင်ပါပြီ✅Active Balancer📌4s 12V 5A-       85,000mmk📌8...
25/12/2022

LifePo4 Battery တပ်ဆင်ရာမှာ အသုံးပြုတဲ့ Balancer ကဒ်များကို ဝယ်ယူနိုင်ပါပြီ✅

Active Balancer

📌4s 12V 5A- 85,000mmk
📌8s 24V 5A- 115,000mmk
📌16s 48V 5A- 177,000mmk
09-444386970
09682050090

ကဲဗျာ..ကလိကြမဲ့ ဆရာသမားများနဲ့ဝါသနာရှင်များအတွက် ၂၄၀၀၀ကျပ် ဖြင့် Digital Multimeter ကောင်းလေး တစ်လုံးကို ပိုင်ဆိုင် နိုင...
23/12/2022

ကဲဗျာ..ကလိကြမဲ့
ဆရာသမားများနဲ့
ဝါသနာရှင်များအတွက်
၂၄၀၀၀ကျပ် ဖြင့်

Digital Multimeter ကောင်းလေး
တစ်လုံးကို ပိုင်ဆိုင် နိုင်ပါပီဗျာ။

Tramsistor ( PNP,NPN)
Emitter,Collector,Base
ခွဲ ခြားလို့ရမယ်

AC /DC Voltage တိုင်းတာလို့ရမယ်ဗျာ

Diode တိုင်းတာလို့ရမယ် ဗျာ

Resistance တိုင်းလို့ရမယ်ဗျာ

ဝါယာကြိုးတစ်လျောက်
Continuty တိုင်းလို့ရမယ်
(ကြိုးပြတ်မပြတ်ပေါ့)
Ampere တိုင်းချင်တဲ့သူတွေ အတွက်တော့ 10A ပါရှိပီး Load နဲ့ Series ဆက်ပီး တိုင်းနိုင်ပါတယ်နော်။

Screen ကလည်း LCD Back Light
Display နဲ့ ပုံမှာ မြင်တဲ့ အတိုင်းပဲနော်🤗

🏡အမှတ် (၁၂၂)၊ အခန်းအမှတ် (၃)၊ မဟာဗန္ဓုလလမ်း/မန္တလေးဆေးခန်းအနီး၊ (၂၈)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်မှာပါခင်ဗျာ့🥰။

☎️09 -444386970
☎️09 -682050090

🔥 Next Electric Gel Battery တွေရောက်ရှိလို့လာပါပြီရှင့်🤗✅ 12V/200Ah - 750,000 mmk✅ 12V/250Ah - 915,000 mmk ☎ 09-44438697...
23/12/2022

🔥 Next Electric Gel Battery တွေရောက်ရှိလို့လာပါပြီရှင့်🤗

✅ 12V/200Ah - 750,000 mmk
✅ 12V/250Ah - 915,000 mmk
☎ 09-444386970
Page Messenger ကိုလည်းဆက်သွယ်ဝယ်ယူနိုင်ပါတယ်ခင်မျ၊

Tall Tubular Battery ကိုမှကြိုက်တယ်ဆိုတဲ့ မိတ်ဆွေတို့အတွက်India made LIVEFAST  Tall Tubular Battery များကိုမှာယူနိုင်ပါပ...
22/12/2022

Tall Tubular Battery ကိုမှကြိုက်တယ်ဆိုတဲ့ မိတ်ဆွေတို့အတွက်
India made LIVEFAST Tall Tubular Battery များကိုမှာယူနိုင်ပါပြီရှင့်💁
ရရှိနိုင်မယ့် Ah လေး​တွေကတော့
12V /230Ah
12V /180Ah တွေလက်လီ/လက္ကားဝယ်ယူရရှိနိုင်ပါပြီခင်မျ၊

☎09-444386970
☎09-682050090

အမှတ် ၁၂၂၊ ၂၈ ရပ်ကွက်၊
ဆိုင်ခန်းအမှတ် ၀၀၃၊ မဟာဗန္ဓုလလမ်း၊ မန္တလေးဆေးခန်းအနီး၊ မြောက်ဒဂုံ၊

DC MCCB Breaker 2 Pole 100A /150A/200A DC MCB Breaker 2Pole 125A /63A/20A/32A/16ADC Fuse Holder + Fuse(15A/25A/32A) - 11...
20/12/2022

DC MCCB Breaker 2 Pole
100A /150A/200A

DC MCB Breaker 2Pole
125A /63A/20A/32A/16A

DC Fuse Holder + Fuse(15A/25A/32A) - 11500

လိုအပ်ပါက ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။

Elect Me ရဲ့ ဆိုင်လိပ်စာလေးကတော့ 🏡အမှတ် (၁၂၂)၊ အခန်းအမှတ် (၃)၊ မဟာဗန္ဓုလလမ်း/မန္တလေးဆေးခန်းအနီး၊ (၂၈)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်မှာပါခင်ဗျာ့၊

နာမည်ကြီး Brand POWMR ရဲ့ MPPT 60A Solar Charge Controller လေးရောက်ရှိပါပြီခင်ဗျာ🤗✅Current - 60A✅Voltage -12/24/36/48   ...
20/12/2022

နာမည်ကြီး Brand POWMR ရဲ့
MPPT 60A Solar Charge Controller
လေးရောက်ရှိပါပြီခင်ဗျာ🤗

✅Current - 60A
✅Voltage -12/24/36/48
(Auto Switch)
✅Max PV input power-720W(12V),
1440W(24V),
2100W(36V),
2800W(48V)

Price - 315000mmk
09- 444386970
09-682050090

🙋အင်ဗာတာ၊ဘက်ထရီ အသုံးပြုနေသူတစ်ယောက်လား?ဒါဆို ဒါလေးဖတ်ကြည့်ပေးပါ။အခုတစ်လောမှာ ကြားနေရတဲ့ ပြဿနာက 24V၊48V Series, Parallel...
16/12/2022

🙋အင်ဗာတာ၊ဘက်ထရီ အသုံးပြုနေသူတစ်ယောက်လား?
ဒါဆို ဒါလေးဖတ်ကြည့်ပေးပါ။

အခုတစ်လောမှာ ကြားနေရတဲ့ ပြဿနာက 24V၊48V
Series, Parallel တွဲထားတဲ့ဘက်ထရီတွေ ဗို့အားမညီတာ၊ အားအပြည့်မညီတာ၊ တစ်လုံးကထိုးကျနေတာ၊ တစ်လုံးက အားအရင်ပြည့်နှင့်နေတာ.....

🤔ဘာလို့ ဒါတွေဖြစ်ရတာ‌လဲ...?

📌ဘက်ထရီတွေကို Series၊ Parallel ချိတ်ဆက်အသုံးပြုတဲ့အခါမှာ တစ်လုံးနဲ့တစ်လုံးရဲ့ Voltage တွေဟာ ထပ်တူညီမှာမဟုတ်နိုင်ပါဘူး။ ဒါဟာဘာကြောင့်ဖြစ်ရသလဲဆိုရင် ဘက်ထရီတစ်လုံးရဲ့ ဓာတုပေါင်းစပ်ပါဝင်မှုအချိူးအစား (chemical composition) နဲ့ အပူချိန်အခြေအနေ (Temperature State) တို့ကြောင့်ဖြစ်ပါတယ်။ အထူးသဖြင့် Floaded Lead Acid ဘက်ထရီတွေမှာ ပိုဖြစ်တတ်ပါတယ်။ Gel ဘက်ထရီတွေမှာလဲ ဒီလိုပြဿနာမျိူး ရံဖန်ရံခါတွေ့ရတတ်ပါတယ်။

ဒီလိုမျိုး ဘက်ထရီ‌ေတွရဲ့ကြား Voltage ကွာဟချက်ကြောင့် ၎င်းတို့ရဲ့ အားသွင်းမှု (Charging) နဲ့ ထုတ်ယူသုံးစွဲမှု (Discharge) ဟာလဲ မတူညီတော့ပါဘူး။

ဒီအခါမှာတော့24V၊48V Series, Parallel တွဲထားတဲ့ဘက်ထရီတွေ ဗို့အားမညီတာ၊ အားအပြည့်မညီတာ၊ တစ်လုံးကထိုးကျနေတာ၊ တစ်လုံးက အားအရင်ပြည့်နှင့်နေတာ၊ အားနည်းနေတဲ့တစ်လုံးအတွက် မနိုင်ဝန်(over load).....ဆိုတဲ့ဟာမျိုးတွေဖြစ်လာပါတော့တယ်။ ဒီလိုမျိုးထပ်တလဲလဲဖြစ်လာတဲ့အခါမှာ ဘက်ထရီပျက်စီးပါတော့တယ်။

✅ဘယ်လိုဖြေရှင်းလို့ရမလဲ......?

📌ကျနော်တို့ လက်ရှိမှာတင်သွင်းရောင်းချပေးနေတဲ့ PowMr ရဲ့ BE48 ၊BE24 model Battery Equalizer တွေကိုအသုံးပြုပြီး လွယ်လွယ်ကူကူဖြေရှင်းလို့ရပါတယ်။

✅ Battery Equalizer က ဘယ်လိုအလုပ်လုပ်
တာလဲ ......?

📌အခုရောင်းချပေးမယ့် PowMr ရဲ့ Battery Equalizer တွေက Energy Transfer Typeဖြစ်ပါတယ်။ ဘက်ထရီ နှစ်ခုရဲ့ကြား Voltage ကွာကချက် 10mV ရှိတာနှင့်တစ်ပြိုင်နက် စတင်အလုပ်လုပ်မှာဖြစ်ပါတယ်။ Current ကို Higher Voltage ကနေ Lower Voltage ဆီကို စီးဆင်းစေမှာဖြစ်ပြီးတော့ 24 နာရီတပ်ဆင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Model - BE 48
Voltage Usage - 48V (Series or Parallel)
Max Power Current - 10A
Protection - Reverse Polarity
Low Voltage Disconnect - 1.8V
Price - 124,500mmk

Model - BE 24
Voltage Usage - 24V (Series or Parallel)
Max Power Current - 5A
Protection - Reverse Polarity
Low Voltage Disconnect - 10V
Price - 58500

Page Messenger or 09 444386970 သို့ဆက်သွယ်မှာယူနိုင်ပါပြီခင်ဗျာ။

DC Power Supply ကောင်းကောင်းလေး လိုအပ်နေသူများအတွက် အရည်အသွေး ကောင်းတဲ့👇Nice Power Brand 🔥✅( 0~30V) 10A✅ (0~60V)  5A Swi...
16/12/2022

DC Power Supply ကောင်းကောင်းလေး လိုအပ်နေသူများအတွက် အရည်အသွေး ကောင်းတဲ့👇

Nice Power Brand 🔥

✅( 0~30V) 10A
✅ (0~60V) 5A
Switchable DC Regulated Power Supply လေး ရောက်ပါပီနော်။

အီလတ်ထရောနစ်နဲ့ ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရောင်းချနေသူအတွက်လည်း production line မှာ Testing လုပ်မလား✅

Mobile Phone ပြင်ဆိုင်များ, Computer ပြင်ဆိုင်များ,electrical maintenance သမားများ နှင့် Research and Teaching လုပ်နေသော ဝါသနာရှင်များအတွက် အထူးအသုံးဝင်လှပါတယ်နော်🙆‍♂️

Compact Size လေးမို့ ​ပေါ့ပါးကျစ်လစ်ပီး စွမ်းဆောင်ရည် မြင့်မားတဲ့အပြင် Design and Dimension က နေရာ အများကြီး မယူတော့ပါဘူး။
အသေးစိပ် ကို ပုံတွေမှာလည်း လေ့လာနိုင်ပါတယ်💁‍♂️

🏡အမှတ် (၁၂၂)၊ အခန်းအမှတ် (၃)၊ မဟာဗန္ဓုလလမ်း/မန္တလေးဆေးခန်းအနီး၊ (၂၈)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်မှာပါခင်ဗျာ့🥰။
09-444386970
09-682050090

 Price ~ 45000 Kyatsဒီတစ်ခါတော့ Electrical Motor Control သမား နဲ့ Air con & Chiller ဆရာတေအတွက် မရှိမဖြစ်။3 Phase Power S...
10/12/2022



Price ~ 45000 Kyats

ဒီတစ်ခါတော့ Electrical Motor Control သမား နဲ့ Air con & Chiller ဆရာတေအတွက် မရှိမဖြစ်။

3 Phase Power Supply တေကို Phase Sequence မှန်မမှန် သဘောက Line1,Line 2,Line 3 မှန်ကန်မူရှိမရှိ
Positive Sequence ဖြစ်နေလား or Negative Sequenceဖြစ်နေလား တို့ကို သိရှိအောင် တိုင်းတာ လို့ရတဲ့ လျှပ်စစ် တိုင်းတာရေး ကိရိယာ တစ်ခုဖြစ်ပါတယ်။
Air-Condition &Refrigeration System
ကိုServices,Repair,Maintenance လုပ်နေကြသော သူတေအတွက် phase sequence မမှန်လို့ compressor လောင်ရတာမျိုးတေ မဖြစ်အောင်။

3 phase power supply တေကို phase sequence မှန်မမှန် သဘောက Line1,Line 2,Line 3 မှန်ကန်မူရှိမရှိ
positivesequence ဖြစ်နေလား or negative sequenceဖြစ်နေလား တို့ကို သိရှိအောင် တိုင်းတာ လို့ရတဲ့ လေးဖြစ်ပါတယ်။

Electrical Power distribution Lineတေမှာအသုံးပြုနေတာက positive sequence ဖြစ်တဲ့ အတွက်ကြောင့် နာရီလက်တံ အတိုင်းသွားနေမှာပါ ။

ထားပါတော့ Transformer secondary အထွက် 400 V (Output Voltage)ဘက်မှာ phase 1(A),
Phase 2 (B),Phase 3(C)လို့ သတ်မှတ်ထားတယ်ဆိုရင် positive sequence ဖြစ်ပီး။ Rotation Electrical Equipments တေကို အတည့်အတိုင်း လည်ပတ်စေဖို့ သတ်မှတ်ထားတဲ့ International Standard ဖြစ်ပါတယ်။
အထက်ပါ အတိုင်း အစဥ်လိုက် မဟုတ်ဘဲ power supply ကို rotation equipments (3 Phase) တွေအတွက်
Phase A,Phase C,Phase B ဟူ၍ သတ်မှတ်ထားသည့် Phase အတိုင်းမဟုတ်ဘဲ ယူသုံးမိလျင် Negative Sequence ဖြစ်သွားပါတယ်။ ထို့ကြော့င် Motor တေ ပြောင်းပြန် လည်ပတ်တာမျိုး ဖြစ်ပေါ်ပါတယ်။

ဒါတွေကို သိရှိနိုင်ဖို့ အတွက်
ယခု Phase Sequence Meter လေးကို အသုံးပြုကြပါတယ်။

အသုံးပြုပုံကလည်း လွယ်ကူရိုးရှင်းပါတယ်။
Meter တွင်ရှိသော Line 1(U),Line 2(V),Line 3 (W) အတိုင်း ထွက်ရှိပေးထားသော Probe ဖြင့် ထောက်တိုင်းရုံပါပဲ။ Phase Sequence မှန်ကန်ပါက
Positive Sequence ( နာရီလက်တံ) အတိုင်း မြားပြထားသော အမှတ်အသားအဝိုင်းတွင် indication မီးလင်းမှာ ဖြစ်ပီး။
Phase Sequence မမှန်ကန်ပါက
Negative Sequence အမှတ်အသားဖြစ်သော ( နာရီလက်တံ ပြောင်းပြန်) ဘက်တွင် indication မီးလင်းမှာ ဖြစ်ပါတယ်။

ဆိုင်လိပ်စာလေးကတော့ 🏡အမှတ် (၁၂၂)၊ အခန်းအမှတ် (၃)၊ မဟာဗန္ဓုလလမ်း/မန္တလေးဆေးခန်းအနီး၊ (၂၈)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်မှာပါခင်ဗျာ့🥰။
09-444386970

Address

No 713, Bo Son Pat Street, Ward 31, North Dagon
Yangon
11421

Telephone

+959444386970

Website

Alerts

Be the first to know and let us send you an email when Moe Myint Electronic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category