10/02/2026
လုပ်ငန်းရှင်အများစုက Logo တစ်ခုကို "ဒီဇိုင်းလှလှလေး တစ်ပုံ" လို့ပဲ မြင်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ့် Marketing ကမ္ဘာမှာတော့ Logo ဆိုတာ သင့်လုပ်ငန်းရဲ့ Silent Salesman (စကားမပြောတဲ့ အရောင်းဝန်ထမ်း) တစ်ယောက်ပါ။ ....💡
ဒီနေ့မှာတော့ ကျွန်တော် Rain ကနေပြီး Logo တစ်ခုရဲ့ နောက်ကွယ်က သင့်လုပ်ငန်းကို အောင်မြင်စေမယ့် Psychological attraction 1 ခုဖြစ်တဲ့ အချက် 3 ခုကို မျှဝေပေးချင်ပါတယ်။
၁။ ၇ စက္ကန့်အတွင်း အဆုံးအဖြတ်ပေးတဲ့ The "7 Seconds" Rule (၇ စက္ကန့် နိယာမ) "First Impression"
လူတစ်ယောက်ဟာ လူစိမ်းတစ်ယောက် ဒါမှမဟုတ် Brand တစ်ခုကို မြင်လိုက်တာနဲ့ ၇ စက္ကန့် (7 Seconds) အတွင်းမှာတင် အဲဒီလုပ်ငန်းကို "ယုံကြည်လို့ရမလား" ဆိုတာ စိတ်ထဲကနေ ဆုံးဖြတ်ပြီးသားပါ။
Logo ကောင်းရင် : "Professional ဆန်တယ်၊ ယုံကြည်ရတယ်" လို့ မှတ်ချက်ပေးခံရမယ်။
Logo ညံ့ရင် : သင့်ရဲ့ Service တွေ ဘယ်လောက်ကောင်းနေပါစေ၊ Customer ကတော့ "အပေါစား" လို့ သတ်မှတ်ပြီး ကျောခိုင်းသွားနိုင်ပါတယ်။
ဒီနေရာမှာ Logo လို့ထည့်သုံးတာဟာ Logo ဖြစ်တဲ့ R နဲ့ J ဆက်ထားတဲ့ ဖောင့်ပုံစံ Logo ကိုပြောခြင်းမဟုတ်ပါ. Brand ရဲ့ခိုင်မာတဲ့ Brand Role နဲ့ တည်ဆောက်ထားပြီး Brand identity ကောင်းကောင်းရှိတဲ့ Background image တစ်နည်း Logo ကိုပြောခြင်းဖြစ်ပါတယ်။
-------–---------------------------------------
၂။ စာသားထက် အဆပေါင်း ၆၀,၀၀၀ ပိုမြန်တဲ့ "ဦးနှောက်ဆက်သွယ်မှု"
MIT ရဲ့ သုတေသနအရ လူ့ဦးနှောက်ဟာ ပုံရိပ် (Visuals) တွေကို စာသား (Text) ထက် အဆပေါင်း ၆၀,၀၀၀ ပိုမြန်မြန် အဓိပ္ပာယ် ဖော်ဆောင်နိုင်ပါတယ်။
လုပ်ငန်းနာမည်ကို ဖတ်ဖို့ စက္ကန့်ပိုင်း လိုအပ်ပေမယ့်၊ ကောင်းမွန်တဲ့ Logo တစ်ခုကတော့ ၁၃ မီလီစက္ကန့် အတွင်းမှာတင် သင့် Brand ရဲ့ "ခံစားချက်နဲ့ ရည်ရွယ်ချက်" ကို Customer ဆီ ပေးပို့နိုင်ပါတယ်။
-----------------------------------------------
၃။ မှတ်မိနိုင်စွမ်း (Recognition) ကို ၈၀% ထိ မြှင့်တင်ပေးခြင်း
အရောင်နဲ့ ပုံသဏ္ဍာန်က လူတွေရဲ့ မှတ်ဉာဏ်ကို အားကောင်းစေပါတယ်။ သုတေသနတွေအရ ခိုင်မာတဲ့ Logo နဲ့ Brand Identity ရှိတဲ့ လုပ်ငန်းတွေဟာ ပြိုင်ဘက်တွေထက် ၈၀% နှင့်အထက်ပိုပြီး လူသိများ ထင်ပေါ်စေပါတယ်။ Logo မရှိခြင်း ဒါမှမဟုတ် Logo မသပ်ရပ်ခြင်းဟာ လူတွေကြားထဲမှာ သင့်လုပ်ငန်းကို ပျောက်ကွယ်သွားစေမယ့် အကြီးမားဆုံး အကြောင်းရင်းပါပဲ။
"Logo ဆိုတာ ကုန်ကျစရိတ် (Expense) မဟုတ်ပါဘူး၊ ရေရှည်အတွက် အကျိုးအမြတ်များတဲ့ ရင်းနှီးမြှုပ်နှံမှု (Investment) ပါ။"
သင့်လုပ်ငန်းရဲ့ တန်ဖိုး (Price Value) ကို မြှင့်တင်ချင်တယ်၊ လူတွေရဲ့ ယုံကြည်မှုကို ရယူချင်တယ်ဆိုရင်တော့ ခိုင်မာတဲ့ Brand Identity တစ်ခုကနေ စတင်ဖို့ အကြံပြုလိုပါတယ်။
ဒီ Content လေးက သင့်အတွက် အသုံးဝင်တယ်ဆိုရင် လုပ်ငန်းရှင် သူငယ်ချင်းတွေကိုပါ မျှဝေပေးလိုက်ပါဦးခင်ဗျာ...
သင်တို့လိုအပ်တာတွေကိုအမြဲဖြည့်စည်းပေးဖို့ RXJ ကစောင့်မျော်နေပါတယ်ခဗျ. လှမ်းလာခဲ့ကြည့်ပါ... 😉😉
—————————————————————
☎ 09.955596652 နှင့် 09.672005081
📭 page Messenger Box တွင်လည်းအသေးစိတ်လာရောက်မေးမြန်းနိုင်ပါတယ်ခဗျ 😘😘