07/06/2022
Apple ဟာ ညကကျင်းပသွားတဲ့ WWDC ပွဲမှာ iOS 16 ကိုပွဲထုတ်ပြသသွားခဲ့ပါတယ် .. iOS 16 ဟာ iPhone 8 Series နဲ့အထက် ဖုန်းတွေမှာတင်လို့ရမှာဖြစ်ပြီးတော့ iPhone 7 Series နဲ့အောက်ပိုင်း Model တွေမှာတင်လို့ရတော့မှာမဟုတ်ပါဘူး .. လက်ရှိမှာတော့ iOS 16 ဟာ Developer Beta ထွက်ရှိထားပြီဖြစ်ပြီး နောက်လထဲမှာတော့ Public Beta ထွက်ရှိတော့မှာဖြစ်ပါတယ် .. ဒီပို့စ်မှာတော့ iOS 16 မှာဘာတွေပါဝင်လာလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်
1. ရည်းစားကို Password ပေးထားမိတဲ့လူတွေအနေနဲ့ iOS 16 မှာ Password Sharing ကိုပိတ်လိုက်လို့ရတဲ့ Safety Check နည်းပညာပါဝင်လာပါတယ်
2. iOS 16 မှာ သင်ဆေးသောက်ပြီးလား မသောက်ရသေးဘူးလားဆိုတာတွေကိုပါ Tracking လုပ်နိုင်တော့မှာပါ
3. ပထမဆုံးအကြိမ်အဖြစ် iOS ရဲ့ Lock Screen ကို Customise လုပ်နိုင်တော့မှာဖြစ်ပါတယ် .. User တွေအနေနဲ့ Font တွေအပြင် Text Colour တွေကိုလည်းစိတ်ကြိုက်ကစားနိုင်မှာဖြစ်ပြီး Lock Screen အများကြီးလည်း Customise လုပ်ထားနိုင်မှာဖြစ်ပါတယ် .. Lock Screen တစ်ခုချင်းစီအလိုက် Focus Mode တွေပါ ပြောင်းလို့ရမှာဖြစ်ပြီး Widget တွေကိုလည်း Lockscreen မှာထည့်သွင်းထားပါတယ် (UI ကြည့်ရပုံအရတော့ iPhone 14 တွေမှာ Always on Display ပါလာမယ့်ပုံပါပဲ)
4. Lock Screen Notifications တွေဟာလည်း အရင်လိုရှုပ်ပွနေတော့မှာမဟုတ်ပဲ Lock Screen အောက်နားမှာ သပ်သပ်ရပ်ရပ်ပေါ်နေမှာပါ .. Noti အရမ်းတက်တဲ့ Apps တွေအတွက်လည်း ပုံစံတစ်မျိုးနဲ့ပြလို့ရအောင် Developer တွေကို API ဖန်တီးပေးထားပါသေးတယ်
5. Messages App မှာ စာပို့ရင်းစာမှားသွားတဲ့အခါ ပို့ပြီးသားစာကို Edit လုပ်လို့ရနိုင်တဲ့အပြင် Unsent ပါလုပ်လို့ရပါပြီ .. ဖတ်ပြီးသားစာတွေကို Mark as Unread ပြန်လုပ်လို့လည်းရပါပြီ .. နောက်ပြီး ဖျက်ထားတဲ့ Messages တွေကို ရက် ၃၀ အတွင်း Recover ပြန်လုပ်လို့လည်းရပါပြီ (Photos လိုပါပဲ)
6. Settings ထဲမှာ ချိတ်ထားတဲ့ WiFi Password ပြန်ကြည့်လို့ရပါပြီ
7. Live Text ဟာလည်း Photos ထဲမှာသာမက Videos ထဲကစာတွေကိုပါ Copy ကူးလို့ရပါပြီ
8. iOS 16 မှာ Hidden Folder နဲ့ Recently Deleted Folder တွေကို Lock လုပ်ထားလို့ရပါပြီ
9. Duplicate (ထပ်) နေတဲ့ဓာတ်ပုံတွေကိုလည်း သီးသန့်ပြပေးဦးမှာဖြစ်ပါတယ်
10. Camera ရိုက်တာနဲ့တစ်ခါတည်း Family Sharing လုပ်မလုပ်ရွေးချယ်ထားလို့ရပါပြီ
11. Apple CarPlay ကိုလည်းအဆင့်မြှင့်တင်ထားပြီး Multi-Display Support လုပ်မယ့်အပြင် Speedometer, Climate Control စတဲ့ Information တွေပါပြသဦးမှာဖြစ်ပါတယ်
12. အရင်တုန်းက Apple Watch ရှိမှ Download လုပ်လို့ရတဲ့ Fitness App ကို iOS 16 မှာ iPhone ရှိရုံနဲ့ Download လုပ်လို့ရပါပြီ
13. Face ID ဟာလည်း Landscape အနေအထားနဲ့ဖွင့်လို့ရပါပြီ
14. iOS 16 မှာ App တွေဟာ သင် Copy ကူးထားတဲ့စာသားတွေကို Access မလုပ်ခင် Permission တောင်းရတော့မှာဖြစ်ပါတယ်
တခြား ပြောင်းလဲသွားတာတွေနဲ့ အသစ်ပါဝင်လာတာတွေလည်းအများကြီးရှိပါတယ် .. Admin ပျင်းလို့ရယ်, မြန်မာနိုင်ငံအတွက် သိပ်အသုံးမဝင်တာတွေရယ်ကြောင့် ထည့်မရေးတော့တာပါ