Apex One

Apex One One Of The Power House PUBG Mobile Team In Myanmar 🇲🇲

Apex One အသင်းနှင့် ပတ်သက်၍ လက်ရှိ လူမှုကွန်ရက်စာမျက်နှာများတွင် ဖြစ်ပေါ်နေသော အခြေအနေများ၊ စွပ်စွဲချက်များနှင့် နောက်ကွ...
26/03/2026

Apex One အသင်းနှင့် ပတ်သက်၍ လက်ရှိ လူမှုကွန်ရက်စာမျက်နှာများတွင် ဖြစ်ပေါ်နေသော အခြေအနေများ၊ စွပ်စွဲချက်များနှင့် နောက်ကွယ်မှ နှောင့်ယှက်မှုများအားလုံးကို ရှင်းလင်းတင်ပြသွားမည် ဖြစ်ပါသည်။
အဆိုပါ အချက်အလက်များကို ကျွန်ုပ်တို့ Apex One ၏ Coach AYoe မှ သူ၏ Official TikTok Account ဖြစ်သော ayoe_pubgm တွင် ယနေ့ နေ့လည် (၃:၀၀) နာရီ အချိန်၌ Live လွှင့်၍ အသေးစိတ် ရှင်းလင်းတင်ပြသွားမည် ဖြစ်ပါသည်။
ရှင်းလင်းတင်ပြမည့် အချက်အလက်များ -
၁။ NEC 26 ပြိုင်ပွဲအတွင်း အသင်း၏ သန့်ရှင်းသော ယှဉ်ပြိုင်မှုများ။
၂။ အခြေအမြစ်မရှိသော စွပ်စွဲချက်များအပေါ် အချက်အလက်နှင့်တကွ တုံ့ပြန်မှု။
၃။ အသင်းအား Champion မရရှိစေရန် နောက်ကွယ်မှ စနစ်တကျ ညွှန်ကြားနှောင့်ယှက်ခဲ့သည့် အထောက်အထားများအား အသိပေးခြင်း။

အမှန်တရားကို သိရှိလိုသော ပရိသတ်များအနေဖြင့် အဆိုပါ Live အား စောင့်မျှော်ကြည့်ရှုကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
လေးစားစွာဖြင့်၊
Apex One Management Team

Live acc link 👇🏼

https://www.tiktok.com/?_r=1&_t=ZS-950K1oxiqC8

📌
25/03/2026

📌

အရေးကြီးကြေညာချက် 🚨

PUBG MOBILE Myanmar Esports သည် လက်ရှိ NEC: Road to ASIAN GAMES PUBG MOBILE Tournament တွင် ဖြစ်ပွားခဲ့သော ကိစ္စများအား သိရှိနားလည်ပြီး ဖြစ်ပါသည်။

လက်ရှိတွင် PUBG MOBILE Esports အနေဖြင့် NEC Team ၏ စုံစမ်းစစ်ဆေးမှုများတွင် အကောင်းဆုံးကူညီပါဝင်၍ တိကျပြီးမျှတသော ရလဒ်ထွက်ပေါ်လာစေရန် ကြိုးစားလျက်ရှိပါသည်။

PUBG MOBILE သည် ပရိသတ်များအတွက် တရားမျှတပြီး ကောင်းမွန်စွာယှဥ်ပြိုင်နိုင်မည့် ပရော်ဖက်ရှင်နယ် Esports Ecosytem တစ်ခုဖြစ်စေရန် အစဥ်အမြဲကြိုစားသွားမည်ဖြစ်သည်။

တရားမျှတသော ယှဉ်ပြိုင်မှုစံနှုန်းကို ထိန်းသိမ်းနိုင်ရန် အားတက်သရော ပါဝင်ကူညီထောက်ပြပေးပြီး ဆက်လက် ယုံကြည်အားပေးကြသည့်အတွက်လည်း PUBG MOBILE Myanmar Esports ဘက်မှ အထူးကျေးဇူးတင်ရှိပါသည်။

- PUBG MOBILE Myanmar Esports

Response To The Appeal🟡Yangon Galacticos အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော "ညှိနှိုင်းကစားခြင်း" နှင့် "အားကစားသမားစိ...
24/03/2026

Response To The Appeal🟡

Yangon Galacticos အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော "ညှိနှိုင်းကစားခြင်း" နှင့် "အားကစားသမားစိတ်ဓာတ်နှင့် မကိုက်ညီသော လုပ်ရပ်များ" ဆိုသည့် စွပ်စွဲချက်များသည် AX1 နှင့် MFG အသင်းတို့အပေါ် အခြေအမြစ်မရှိဘဲ တစ်ဖက်သတ် ကောက်ချက်ချထားခြင်းသာ ဖြစ်ကြောင်း အောက်ပါအတိုင်း ပြန်လည်ရှင်းလင်းအပ်ပါသည်။

NEC 2026 ၏ Day 1 Match 2 တံတားဖြစ်စဉ်တွင်

YG အနေဖြင့် "ရိုးသားစွာယှဉ်ပြိုင်နေသောအသင်းအားလုံးအတွက် မျှတမှုမရှိ" ဟု ဆိုထားသော်လည်း ယနေ့တိုင် အသင်းနှစ်သင်းကြား ပူးပေါင်းတိုက်ခိုက်မှု (Coordinated Attack) သို့မဟုတ် ပစ္စည်းမျှဝေမှု (Loot Sharing) ကဲ့သို့သော ခိုင်လုံသည့် သက်သေတစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိပါ။ အသင်းတစ်သင်း၏ တစ်ဦးချင်းစီ ခံစားချက် (Subjective Feeling) အပေါ် အခြေခံ၍ အခြားအသင်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းမှာ Sportsmanship နှင့် မညီညွတ်သော လုပ်ရပ်ဖြစ်ပါသည်။

NEC ပြိုင်ပွဲသည် တရားဝင် အသိအမှတ်ပြုထားသော ပြိုင်ပွဲဖြစ်ပြီး Observers နှင့် Admins များက ပွဲစဉ်တစ်လျှောက် စောင့်ကြည့်နေခြင်း ဖြစ်ပါသည်။ အကယ်၍ YG စွပ်စွဲသကဲ့သို့ မသမာမှုရှိခဲ့ပါက ပွဲစီစဉ်သူများဘက်က ချက်ချင်း အရေးယူမှု ပြုလုပ်မည်ဖြစ်သော်လည်း ယခုအချိန်ထိ တရားဝင် အရေးယူမှု တစ်စုံတစ်ရာ မရှိသေးခြင်းမှာ အဆိုပါ စွပ်စွဲချက်များမှာ အထောက်အထားမဲ့နေကြောင်း သက်သေပြနေခြင်း ဖြစ်ပါသည်။

AX1 သည် ပွဲစဉ် ၁၈ ပွဲလုံးတွင် တစိုက်မတ်မတ် အမှတ်ရှာဖွေနိုင်ခဲ့သောကြောင့် ချန်ပီယံဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ ပွဲစဉ်တစ်ပွဲတည်းမှ အငြင်းပွားဖွယ် အခြေအနေလေးတစ်ခုကို ဆွဲထုတ်၍ တစ်ပြိုင်ပွဲလုံး၏ ရလဒ်ကို ပုံဖျက်ရန် ကြိုးစားခြင်းမှာ အောင်နိုင်သူ၏ ကြိုးစားအားထုတ်မှုကို မလေးစားရာ ရောက်ပါသည်။

YG အသင်းအနေဖြင့် ကမ္ဘာ့ချန်ပီယံ (PMWC 2025) ဖြစ်ခဲ့ခြင်းကို ဂုဏ်ယူပါသော်လည်း ၎င်းတို့၏ လက်ရှိ ထုတ်ပြန်ချက်သည် Sponsor ပေးထားသော နိုင်ငံတော်အဆင့် Bank ကြီး နှင့် မြန်မာ့ Esport ပုံရိပ် ကို ထိခိုက်စေနိုင်ပါသည်။

မိမိတို့ အလိုမကျသည့် ရလဒ်ထွက်ပေါ်လာတိုင်း အခြားအသင်းများကို "မရိုးသားပါ" ဟု စွပ်စွဲခြင်းမှာ Community အတွင်း Toxic ဖြစ်စေပြီး Sponsor ၏ Professional ပုံရိပ်ကို ညှိုးနွမ်းစေပါသည်။

မျိုးဆက်သစ် ကစားသမားများအတွက် "သန့်ရှင်းသော Community" ဟု ဆိုထားသော်လည်း လက်တွေ့တွင် အသင်းသစ်များ၏ အောင်မြင်မှုကို အသိအမှတ်မပြုဘဲ စွပ်စွဲချက်များ ပြုလုပ်နေခြင်းမှာ မျိုးဆက်သစ်များအတွက် စံပြမဖြစ်သော လုပ်ရပ်ဖြစ်ပါသည်။

Regarding the allegations made in the Yangon Galacticos team’s statement regarding "collusion" and "actions inconsistent with sportsmanship," we would like to clarify as follows that these accusations against AX1 and MFG are baseless and represent a one-sided conclusion.

In the incident at the bridge in Day 1 Match 2 of NEC 2026:

Although YG stated that this is "unfair to all teams competing honestly," to this day, no concrete evidence such as a coordinated attack or loot sharing between the two teams has been presented. Damaging another team’s reputation based on a subjective feeling is an act inconsistent with sportsmanship.

The NEC tournament is an officially recognized competition, and observers and admins were monitoring throughout the matches. If there had been any foul play as YG alleged, the tournament organizers would have taken immediate action. The fact that no official action has been taken to date proves that these allegations are unfounded.

AX1 became champions because they consistently earned points across all 18 matches. Attempting to discredit the overall result of the tournament by highlighting a controversial situation from a single match is a failure to respect the efforts of the winner.

While we respect YG’s achievement as world champions (PMWC 2025), their current statement could damage the reputation of the national-level bank that sponsors them and the image of Myanmar Esports.

Accusing other teams of dishonesty every time an unfavorable result occurs creates toxicity within the community and tarnishes the professional image of the sponsor.

Although they speak of a "clean community" for the next generation of players, failing to recognize the success of new teams and instead making baseless accusations is not an exemplary act for the next generation.


We took the champ at NEC 26 🏆MESL - Myanmar Esports League ကဦးစီးကျင်းပသည့် NEC 26 Road To Asian Games ရဲ့ PUBG Mobile ပ...
23/03/2026

We took the champ at NEC 26 🏆

MESL - Myanmar Esports League ကဦးစီးကျင်းပသည့် NEC 26 Road To Asian Games ရဲ့ PUBG Mobile ပြိုင်ပွဲမှာ ထိုက်ထိုက်တန်တန် နဲ့ Champion ဆုကိုသိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။

အခက်အခဲတွေအများကြီးထဲကနေ ရုန်းကန်ပြီးကြိုးစားခဲ့ကြတဲ့ ကစားသမားတစ်ယောက်ချင်းစီရော နည်းပြ AYoe ရော ဝမ်းမြောက်ဝမ်းသာဂုဏ်ယူကြောင်းပြောကြားလိုပါတယ်။

ဒီလိုအခက်အခဲတွေကြားထဲကနေ အသင်းကို အများကြီး Support လုပ်ပေးခဲ့တဲ့ Team Founder တွေဖြစ်ကြတဲ့ ApexOne : Gamers Paradise Team Partner ဖြစ်တဲ့ Perfect Mobile Mandalay က Founder ဦးမင်းခန့်ဖြိုး တို့ကိုလဲအထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

Let’s Go to Aichi-Nagoya,Japan🇯🇵


Back to back Chicken 🍗 Apex One အနေနဲ့ Round-14 မှာပါ ထပ်ပြီး နှစ်ပွဲဆက် Chicken Dinner ရရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားကို...
22/03/2026

Back to back Chicken 🍗

Apex One အနေနဲ့ Round-14 မှာပါ ထပ်ပြီး နှစ်ပွဲဆက် Chicken Dinner ရရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားကို စတင်ဦးဆောင်လိုက်ပြီးဖြစ်သည်။


NEC 26 မှာ Apex One ရဲ့ ဒုတိယမြောက်ကြက်သားပွဲ🍗အမှတ်ပေးဇယားထိပ်ပိုင်းအပြိုင်အဆိုင်ရှိလှမှုအတူ ကြက်သားတစ်ပွဲ ခက်ခက်ခဲခဲရယူ...
22/03/2026

NEC 26 မှာ Apex One ရဲ့ ဒုတိယမြောက်ကြက်သားပွဲ🍗

အမှတ်ပေးဇယားထိပ်ပိုင်းအပြိုင်အဆိုင်ရှိလှမှုအတူ ကြက်သားတစ်ပွဲ ခက်ခက်ခဲခဲရယူနိုင်ခဲ့တယ်။ Apex One အနေနဲ့လက်ရှိအမှတ်ပေးဇယား အဆင့်(၁) အသင်းနဲ့ အမှတ်တူ အဆင့်(၂) မှာ ရပ်တည်နေနိုင်ခဲ့ပြီးဖြစ်သည်။


Last Dance : NEC 26 Grand Final (Day-3)Day-1 ကအမှားတွေကို အကောင်းဆုံးပြင်ဆင်ပြီး Day-2 မှာ အကောင်းဆုံးပုံစံပြန်ပြနိုင်ခဲ...
22/03/2026

Last Dance : NEC 26 Grand Final (Day-3)

Day-1 ကအမှားတွေကို အကောင်းဆုံးပြင်ဆင်ပြီး Day-2 မှာ အကောင်းဆုံးပုံစံပြန်ပြနိုင်ခဲ့တဲ့ Apex One PUBG Mobile အသင်းဟာ ဒီနေ့ (Day-3) NEC 26 Grand Final နောက်ဆုံးနေ့ကို ယှဉ်ပြိုင်ဖို့ ရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။

Apex One ဟာ လက်ရှိ အဆင့်(၃) နေရာမှာ ရပ်တည်နေပြီး အဆင့် ၁ နဲ့ ၂ အသင်းနဲ့ (၅) မှတ်ဆိုတဲ့အကွာမှာ ရပ်တည်နေတာပဲဖြစ်ပါတယ်။ ပြိုင်ပွဲဆိုတဲ့အတိုင်း ဘာမှမဆိုဖြစ်သွားနိုင်သွားမို့ ဒီနေ့ Day-3 မှာ အမှားယွင်းအနည်းဆုံးနဲ့ အကောင်းဆုံးယှဉ်ပြိုင်ကြိုးစားသွားမှာဖြစ်လို့ လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ပြစေ။

Grand Final (Day-3) ⚔️

🕐 Time : 1:00 PM
🔴 Live : MESL Myanmar National Esports League


WWCD ကို Apex One စားပြီး🍗Day-2 အစ ကတည်းကပုံစံကောင်းတွေပြသနေခဲ့ပြီး WWCD ရဖို့ အနီးစပ်ဆုံးတွေဖြစ်ခဲ့ပြီးနောက် Day-2 တတိယ...
21/03/2026

WWCD ကို Apex One စားပြီး🍗

Day-2 အစ ကတည်းကပုံစံကောင်းတွေပြသနေခဲ့ပြီး WWCD ရဖို့ အနီးစပ်ဆုံးတွေဖြစ်ခဲ့ပြီးနောက် Day-2 တတိယမြောက်ပွဲ (Match-9) မှာတော့ ထိုက်ထိုက် WWCD စတင်ရယူနိုင်ခဲ့ပြီး အမှတ်ဇယားထိပ်ပိုင်းကိုပြန်လည်တတ်ရောက်လာနိုင်ခဲ့ပြီးဖြစ်ပါတယ်။


Finality : MEC26 Grand Final Day-2⚔️NEC 26 PUBG Mobile Grand Final (Day-1) အမှားယွင်းတွေတချို့ကြောင့် အဆင့်-၇ နေရာ နဲ့ က...
21/03/2026

Finality : MEC26 Grand Final Day-2⚔️

NEC 26 PUBG Mobile Grand Final (Day-1) အမှားယွင်းတွေတချို့ကြောင့် အဆင့်-၇ နေရာ နဲ့ ကျေနပ်ခဲ့ရတဲ့ Apex One PUBG Mobile အသင်းက Day-2 ဇယားထိပ်ပိုင်းပြန်လဲတတ်နိုင်ရောက်နိုင်ဖို့ အကောင်းဆုံး ပြန်လည်ကြိုးစားသွားရမှာပဲဖြစ်ပါတယ်။

ဒါကြောင့် Day-2 မှာ Day-1 ကအမှားတွေ သင်ခန်းစာယူပြီး ဘယ်လောက်ထိ ထပ်လုပ်ပြသွားနိုင်မလဲ Apex One ရဲ့ Performance တွေဘယ်လောက်ထိချပြသွားနိုင်မလဲစောင့်ကြည့်ပါစို့။

Grand Final (Day-2)

🕒 Time : 3:00 PM
🔴 Live : MESL - Myanmar National Esports League


💎MLBB Diamonds💎 များ"၅မိနစ်" အတွင်း စျေးနှုန်းချိုသာစွာဖြင့်အမြန်ဝယ်ယူနိုင်ပါပြီး။MLBB ထဲမှာ Skin လှလှလေးတွေဝယ်မလား? အခြ...
09/05/2024

💎MLBB Diamonds💎 များ"၅မိနစ်" အတွင်း စျေးနှုန်းချိုသာစွာဖြင့်အမြန်ဝယ်ယူနိုင်ပါပြီး။

MLBB ထဲမှာ Skin လှလှလေးတွေဝယ်မလား? အခြား Events တွေ Join မလား? အပတ်စဥ် Weekly Pass ဝယ်ပြီး Diamonds တွေစုမလား?

ကိုဂျာ "KJG" Page မှာ ယုံကြည်စိတ်ချစွာနဲ့ ဝယ်ယူအားပေးနိုင်ပါသည်။💁‍♂️

Diamonds စျေး အပြောင်းလဲများရှိနိုင်တာကြောင့် Page Chat Box📩 (သို့) Viber နံပတ် (+959968600006) မှာ တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းမေးမြန်းဝယ်ယူနိုင်ပါသည်။

Address

Yangon

Telephone

+959968600006

Website

Alerts

Be the first to know and let us send you an email when Apex One posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share