Tech House - Myanmar

Tech  House - Myanmar This is the official page of Tech House- Myanmar. The content and article are our own.

Http နဲ့ Https  တို့ရဲ့ခြားနားချက်ကျွန်တော်တို့ဟာ URL (A Uniform Resource Locator (URL) ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ Https နဲ...
23/06/2022

Http နဲ့ Https တို့ရဲ့ခြားနားချက်

ကျွန်တော်တို့ဟာ URL (A Uniform Resource Locator (URL) ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ Https နဲ့ http တို့နဲ့ အကျွမ်းတဝင် ရှိကောင်းရှိနိုင်ပါတယ်။

Https နဲ့ http နှစ်ခုစလုံးကတော့ ကွန်ပျူတာ ဖုန်းစတဲ့ device တွေနဲ့ Web Server တွေကြားမှာ web browsing လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရန်အတွက် အချက်အလက်တွေကို လွှဲပြောင်းပေးနိုင်တဲ့ ချန်နယ်တခု ထောက်ပံပေးဖိုး လုပ်ဆောင်ပေးဖို့ တာဝန်ရယူရတာပါ။

သာမန်ကြည့်ရင်တော့ HTTP နဲ့ HTTPS မှာ ခြားနားချက်က s လေးတလုံး ပိုပါတာလေးပါ။ ဒါပေမယ့်လဲ အဲဒီ အက္ခရာတလုံးလေးကပဲ သူတို့ကို ခြားနားမှုကို ဖြစ်စေခဲ့ပြီး အလုပ်တွေ လုပ်ဆောင် တဲ့နေရာမှာ ကြီးမားတဲ့ ခြားနားချက်တွေ ရှိနေဆိုတာကို ညွှန်ပြနေပါတယ်။ တိုတိုတုတ်တုတ် ပြောရရင်တော့ Https ကို အသုံးပြုးခြင်းက ပိုမိုလုံခြုံမှုရှိပြီး Bank website, email, File ပေးပိုးခြင်း ကဲ့သို့သော secure data ကို ပေးပို့ဆက်သွယ်တဲ့အခါ အသုံးပြုသင့်ပါတယ်။

Http ဆိုတာဘာလဲ

HyperText Transfer Protocol လို့ခေါ်တဲ့ network protocol တခုကို အသုံးပြုပြီးတော့ web page links တွေကို search engines ဒါမှမဟုတ် အခြား Web Page တွေကနေဆဆင့် ချိတ်ဆက်ပြီး ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။

တနည်းပြောရင်, HTTP ဟာ Web server တွေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့အတွက် လမ်ကြောင်းတခုကို ထောင်ပံ့ပေးထားပါတယ်။ HTTP ကို အသုံးပြုထားတဲ့ Web Page တခုကို ဖွင့်လိုက်တဲ့ခါ Web browser က HyperText Transfer Protocol (over port 80) ကို အသုံးပြုပြီးတော့ web server ကနေ့ Web page တွေကိုတောင်းခံပါတယ်။ Server က တောင်းဆိုချက်ကို လက်ခံရရှိတဲ့ အခါ တူညီတဲ့ protocol ကို အသုံးပြုပြီးတော့ Web page တွေကို ပြန်ပို့ပေးပါတယ်။

ဒီ protocol က Web တွေကဲ့သို့ ကြီးမားပြီး multi-functioning တွေနဲ့ ၊ multi-input systems တွေအတွက် အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်။ links တွေက အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့ HTTP ပေါ်မှာ မီခိုရတာကြောင့် Web တွေက ဆက်သွယ်ရေးလုပ်ငန်းစဉ်ရဲ့ အခြေခံအုတ်မြစ်မရှိဘဲနဲ့ လုပ်ဆောင်ချက်တွေကို ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။

HTTP ဟာ ရိုးရိုးစာသားဖြင့် ဒေတာကို ပေးပို့လက်ခံပါတယ်။ ဆိုလိုတာက HTTP သုံးတဲ့ Website ပေါ်မှာရှိတဲ့အချိန် network ပေါ်မှာ ရှိနေတဲ့သူတိုင်းဟာ ဘရောက်ဆာနှင့် server ကြားမှာ ဆက်သွယ် နေတဲ့ အရာအားလုံးကို မြင်နိုင်ပါတယ်။ ဒီဆက်သွယ်ချက်မှာ စကားဝှက်တွေ ၊ messagesတွေနဲ့ files တွေ ပါဝင်နိုင်ပါတယ်။

HTTP ဟာ data တွေကို ဘယ်လို ပေးပိုဆက်သွယ်ဆိုတာကို ဖော်ပေးပြီး web browser ပေါ်မှာ ဘယ်လိုဖော်ပြမယ်ဆိုတဲ့ အလုပ်ကိုတော့ အလုပ်ပါဘူး။ HTML ကသာ web pagesတွေကို ပုံစံချဖော်ပြ ပေးဖို့ လုပ်ဆောင်တယ်ဆိုတာ ဒီနေရာမှာ သိထားသင့်ပါတယ်။

HTTPS ဆိုတာဘာလဲ

HyperText Transfer Protocol Secure လို့ခေါ်တဲ့ Https ဟာ HTTP နဲ့ အလွန်ဆင်တူပါတယ်။ Https ဟာ SSL (Secure Sockets Layer) (သို့)TLS (Transport Layer Security) Protocol ကို အသုံးပြုပါတယ်။ SSL နဲ့ TSL protocol တွေဟာ port 443 ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းပေါ်ကနေ browser နဲ့ server ကြားရှိ ဒေတာများကို လျှို့ဝှက်ပေးထားပါတယ်။ အဲဒါကြောင့်ပဲ အချက်အလက် လုံခြုံမှုကို ဖြစ်စေပါတယ်။

TLS and SSL တွေက online shopping တို့လို ဘဏ္ဍာရေးဆိုင်ရာအချက်အလက်တွေကို လုံခြုံစွာထိန်းသိမ်းဖို့အတွက် အရမ်းပဲ အသုံးဝင်သလို passwords, personal information, payment details စတဲ့ sensitive ဖြစ်တဲ့ အချက်အလက်တွေ အသုံးပြုဖို့ လိုအပ်တဲ့ မည်သည့် Website တွေမှာ မဆို အသုံးပြုကြပါတယ်။

Https ရဲ့ အခြားကောင်းကျိုးတခုကတော့ http ထက်ပိုပြီးတော့ မြန်ဆန်တာပါပဲ။ ဆိုလိုတာက ဝက်ဘ်စာမျက်နှာတွေဟာ HTTPS ပေါ်မှာ ပိုမြန်စွာ အချက်အလက်တွေကို Transfer လုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ HTTPS က လုံခြုံမှုရှိဖို့ နားလည်ထားပြီးဖြစ်တာကြောင့်ပဲ ဖြစ်ပါ တယ်။

စမ်းသပ်မှုတွေမှာတော့ HTTPS က http ထက် ၆၀-၈၀ ရာခိုင်နှုန်း မြန်မြန်ဆန်ဆန် လုပ်ဆောင် နိင်ခဲ့တယ်လို့ ဆိုပါတယ်။

browsers တွေရဲ့ URL Barထဲမှာ URLမှာ Https မှာဆိုတာ ပါဝင်ရင်တော့ ကျွန်ုပ်တို့ အသုံးပြုနေတဲ့ ဝက်ဘ်ဆိုက်က HTTPS ကို အသုံးပြုထားပါတယ်။ browsers အများစုမှာ ဆက်သွယ်မှု လုံခြုံမှုရှိကြောင်း ညွှန်ပြဖို့အတွက်၊ URL ဘယ်ဘက်အစွန်းလေးမှာ lock icon လေးပါရှိပါတယ်။

HTTPS က အားလုံးကို လုံခြုံမှုပေးနိုင်ရဲ့လား

HTTPS ကို အသုံးပြုဖို့ အရေးကြီးသလို ၊ website ပိုင်ရှင်များအတွက် HTTPS စနစ်ကို အကောင်အထည် ဖော်ရန်လည်း လိုအပ်ပါတယ်။ လုံခြုံမှုမရှိသော ဝက်ဘ်စာမျက်နှာ တစ်ခုပေါ်မှာ လုံခြုံသော ဝက်ဘ် စာမျက်နှာတစ်ခုကို ရွေးချယ်ခြင်းထက် အွန်လိုင်းလုံခြုံရေးအတွက် ရွေးချယ်စရာတွေအများကြီး ရှိပါ သေးတယ်။

ဥပမာ လူတယောက်ရဲ့ password တွေကို Fake Login ပုံစံတွေမှာ ဝင်ရောက်ဖို့ လှည့်ဖြားနေတဲ့ နေရာ မျိုးမှာတော့ HTTPS က phishing case တွေကို များစွာအထောက်အကူ မပြုနိုင်ပါဘူး။

Web pages တွေက HTTPS ကို အသုံးပြုပြီးတော့ အလုပ်ကောင်းကောင်းလုပ်နိုင်ပေမယ့်လည်း user information တွေကို တစုံတယောက်က စုဆောင်းနေသသည့်တိုင် secure protocolတွေက လုပ်ဆောင် နေကြ လမ်းကြောင်းကိုသာ အသုံးပြုလုပ်ဆောင်ကြပါတယ်။

ကျွန်ုပ်တိုကဟာ အန္တရာယ်များတဲ့ malicious files တွေကိုလည်း https connection ပေါ်ကနေ download လုပ်လို့ ရပါတယ်။ ဒီထက်ပိုပြောရရင် web server နဲ့ ဆက်သွယ်ဖို့အတွက် အသုံးပြုတဲ့ connection protocol က လွှဲပြောင်းနေသည့် ဒေတာအကြောင်း လုံးဝ ပြောမှာမဟုတ်ပါဘူး။ လုံခြုံတဲ့ချန်နယ်တစ်ခုကနေ တစ်နေ့တာလုံး malware တွေကိုလည်း download လုပ်နိုင်တယ်။ ဒါကို https ကနေ ရပ်တန့်လို့ရနိုင်မှာ မဟုတ်ပါဘူး။

နောက်တခု HTTPS နှင့် HTTP နဲ့ပတ်သက်လို့ Web Security တွေမှာ သိထားရမှာက network protocol က Hacking တွေတော့ ကာကွယ်မပေးနိုင်ဘူးဆိုတာပါပဲ။ အထက်မှာ ဖော်ပြခဲ့သလို Hacking ကိစ္စတွေ ကို ကျွန်တော်တို့က ခန့်မှန်းရခက်ပြီး ခိုင်မာအားကောင်းသော စကားဝှက်ကို (strong passwords) ကို အသုံးပြုဖို့ လိုအပ်မှာဖြစ်သလို Online အသုံးပြုပြီးပါက log out လုပ်ထားဖို့တော့ လိုအပ်မှာပါ။

အင်တာနက်(Internet) နှင့် ဝက်ဘ်ဆိုက်(website) ခြားနားချက်ယနေ့ ကျွန်တော်တို့တွေ အင်တာနက် ၊ ဝက်ဘ်ဆိုက် ဆိုတဲ့ စကားရပ်တွေဟာ ...
21/06/2022

အင်တာနက်(Internet) နှင့် ဝက်ဘ်ဆိုက်(website) ခြားနားချက်

ယနေ့ ကျွန်တော်တို့တွေ အင်တာနက် ၊ ဝက်ဘ်ဆိုက် ဆိုတဲ့ စကားရပ်တွေဟာ နေ့စဉ်နဲ့ အမျှ ပြောဆိုသုံးစွဲနေကြပါတယ်။ ဒီနှစ်ခုဟာ ကွဲပြားခြားနားတဲ့ နည်းပညာတွေ ဖြစ်ကြပေမယ့် တစ်ခုကို နားလည်ခြင်းက အခြားတခုကို နားလည်စေနိုင်ပါတယ်။

အင်တာနက်((Internet)ဆိုတာ ဘာလဲ

အင်တာနက်ဆိုတာ ကုဋချီပြီးရှိနေတဲ့ ဆာဗာတွေ ၊ ကွန်ပျူတာတွေနဲ့ အခြားသော Hardware Device တွေကိုချိတ်ဆက်ထား global network ကြီးတခုဖြစ်ပါတယ်။ Valid ဖြစ်တဲ့ Ip address တွေကို သုံးပြီး အင်တာနက်နဲ့ device တခုနဲ့ တခုကို ချိတ်ဆက်ထား နိုင်ပါတယ်။

ဝက်ဘ်ဆိုတာလဲ

Web လို့ ခေါ်တဲ့ world wide web ဆိုတာ သတင်းအချက်အလက် မျှဝေတဲ့ စနစ်တခု ဖြစ်ပြီး အင်တာနက်နဲ့ ဆက်သွယ်ထားတဲ့ ကွန်ပျူတာ ဖုန်း စတဲ့ Device တွေကနေ တစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက် ကြားခံ မီဒီယာတခု ဖြစ်ပါ တယ်။

Web ဟာ အင်တာနက်ရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး (email, File Transfer Protocol (FTP), and instant messaging services) ကဲ့သို့သော အင်တာနက်ပေါ်မှာ အချက်အလက် များကို ဝေမျှသည့် နည်းလမ်းများထဲမှ တစ်ခုလည်းဖြစ်ပါတယ်။

web တွေဟာ ကုဋေချီပြီးရှိနေတဲ့ digital documents ပေါင်းများစွာနဲ့ ချိတ်ဆက်ထားပြီး Chrome, Safari, Microsoft Edge, Firefox နှင့် အခြားသော browser တွေနဲ့ ဝင်ရောက် ကြည့်ရှုရပါတယ်။

ဒီနေရာမှာ အင်တာနက်ဆိုတာကို စာကြည်တိုက်တခုလိုတွေးကြည့်ရရင် စာအုပ်တွေ မဂ္ဂဇင်းတွေ သတင်းစာတွေ DVDs၊ Audiobook ၊ အခြား မီဒီယာတွေကိုတော့ websiteတွေမှာ ပါဝင်တဲ့အရာတွေအဖြစ် စဉ်းစားရမှာ ဖြစ်ပါတယ်။

သတင်းအချက်အလက်၊ ဖျော်ဖြေရေးနဲ့ အခြား ဝန်ဆောင်မှုတွေကို ထောက်ပံ့ပေးဖို့ အတွက် အင်တာနက်နဲ့ ဝက်ဘ်ကို ချိတ်ဆက်ပြီး အများပြည်သူကို ဝန်ဆောင်မှုပေးကြပါတယ်။

အင်တာနက်ဟာ သတင်းအချက်အလက်တွေရဲ့ အဓိကလမ်းမကြီးတခုနဲ့တူပါတယ်။ FTP, IRC, World Web တို့လို အမျိုးမျိုးသော Network လမ်ကြောင်းတွေကနေတဆင့် ဆက်သွယ် ဆောင်ရွက်နိုင်ပါတယ်။ အင်တာနက်မရှိဘူးဆိုရင်တော့ ဝက်ဘ်တွေဟာ ဝင်ရောက် ကြည့်ရှုလို့ရမှာ မဟုတ်ပါဘူး။

အင်တာနက်ရဲ့အစ သမိုင်း

၁၉၆၀ နှစ်တွေများမှာ အမေရိကန်နိုင်ငံမှာရှိတဲ့ The Advanced Research Projects Agency (ARPA) ဟာ (ARPA net )ဆိုတဲ့ နာမည်နဲ့ ဆက်သွယ်ရေး ကွန်ရက်တခုကို စတင် မိတ်ဆက်ဆက်ခဲ့မဲ့တယ်။ နျူကလီယား တိုက်ခိုက်မှုတွေမှာ ဆက်သွယ်ရေးစနစ်တွေကို ဆက်လက် ထိန်းသိမ်းဖို့ အမေရိကန်စစ်တပ်၏ နည်းလမ်း ရှာဖွေစမ်းသပ်မှုတစ်ခုဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ARPAnet ဟာ ပညာရေးဆိုင်ရာ ရည်ရွယ် ချက်များအတွက် တက္ကသိုလ် mainframe computers များကို ချိတ်ဆက်ကာ အများသုံး ကျွန်ရက်တခုဖြစ်လာခဲ့တယ်။

၁၉၈၀ နဲ့ ၁၉၉၀ နှစ်တွေများမှာ တကိုယ်ရေသုံး ကျွန်ပျူတာတွေ တခေတ်ဆန်းလာ တာကြောင့် အင်တာနက်အသုံးပြုမှုဟာ ကြီးမာကျယ်ပြန့်လာပါတယ်။ ISDN, cable, DSL, နှင့် အခြားနည်းပညာများကဲ့သို့ ပိုမိုလျင်မြန်သော ဆက်သွယ်မှုများမှတစ်ဆင့် ၊ ကွန်ပျူတာများကို ကြီးမားသော ကွန်ယက်ထဲသို့ ချိတ်ဆက်ခဲ့ ကြပါတယ်။ အဲဒီလို ချိတ်ဆက်မှုတွေကြောင့် ယနေ့ အင်တာနက်ဟာ devicesနဲ့ networksများဖြင့်အပြန်အလှန် ဆက်သွယ်ထားတဲ့.ကြီးမားတဲ့ ကွန်ရက်တခုအဖြစ် ကြီးထွားလာခဲ့ ပါတယ်။

မည်သည့်အဖွဲ့အစည်းမှ အင်တာနက်ကို ပိုင်ဆိုင်ခြင်းမရှိသလို နောက်ပြီး မည်သည့်အစိုးရ မှ အင်တာနက်ရဲ့ လုပ်ဆောင်မှုတွေအပေါ် အကြွင်းမဲ့ အခွင့်အာဏာ မရှိပါဘူး ။ နည်းပညာ ဆိုင်ရာ စည်းမျဉ်းအချို့နဲ့ hardware and software standards ကိုတော့ ရင်းနှီးမြှုပ်နှံတဲ့ အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ ပေါ်မှာပဲ သဘောတူညီမှုတွေ ရှိကြပါတယ်။
အဲဒီလုပ်ငန်းစုတွေနဲ့ အဖွဲ့အစည်းတွေကပဲ အင်တာကို လုပ်ဆောင်နိုင်ဖို့နဲ့ ဝင်ရောက် ကြည့်ရှုနိုင်ဖို့ (functional and accessible) ကူညီပေးနိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ အင်တာနက်ရဲ့ အစိတ်အပိုင်း တော်တောများများကတော့ free and open ဖြစ်တဲ့ broadcast medium တခုအနေနဲ့ ရှိနေဆဲပဲဖြစ်ပါတယ်။

ယနေ့ခေတ်မှာတော့ အသုံးပြုသူ လူအများစုဟာ World Wide Web နဲ့ အကျွမ်း တဝင်ရှိပြီး ကောင်းကောင်းမွန်မွန် အသုံးပြုနိုင်ကြပါတယ်။ အသုံးပြုရ လွယ်တဲ့ user interface ကြောင့် အနည်းငယ် ကလစ်လိုက်ယုံနဲ့ လိုချင်တဲ့ သတင်းအချက် အလက်ကို ရရှိနိုင်ပါတယ်။

World Wide Web ရဲ့အစ

၁၉၈၉ ခုနှစ်မှာ European Organization for Nuclear Research လို့ လူသိများတဲ့ CERN အလုပ်လုပ်နေသည့် ဗြိတိသျှသိပ္ပံပညာရှင် တင်မ်ဘာနာ-လီက the World Wide Web (WWW) တီထွင်ခဲ့ပါတယ်။ မူလတုန်းကတော့ အဖွဲ့အစည်းများ၊ ကမ္ဘာတဝန်းရှိ သိပ္ပံပညာရှင် များနှင့် တက္ကသိုလ်များမှ သိပ္ပံပညာရှင်များ အတွက် အလိုအလျောက် သတင်းအချက်အလက် မျှဝေဖို့ အတွက် တီထွင်ခဲ့တာပါ။

ဒီဝက်ဘ်နဲ့ ပတ်သက်တဲ့ သုတေသနတွေ့ရှိချက်တွေကို ကွန်ပျူတာတွေနဲ့ အချင်းချင်း ဝေမျှနိုင်ခဲ့တယ်။ အဲဒီတွေ့ရှိချက်ဟာ ယနေ့ခေတ်မှာတော့ သမိုင်းတွင်မည့် အကြီးမားဆုံး လူ့မှု အသိပညာ အစုအဝေးကြီး တခုအဖြစ် ဖြစ်ပေါ်လာခဲ့ပါတယ်။

Web တွေနဲ့ Web page မှာ ပါဝင်တဲ့ အကြောင်းအရာတွေကို ဝင်ရောက်ကြည်ရှုဖို့ဆိုရင် အင်တာနက်ရှိရမှာ ဖြစ်ပါတယ်။ ဝင်ရောက်ကြည့်ရှုသူတွေကို Web တွေက pages တွေ၊ Sites တွေ၊ documents တွေနဲ့ အခြား မီဒီယာတွေကို တစုတစည်းထဲ ဖော်ပြပေး ထားပါတယ်။

Web တွေမှာ smartphones, tablets, and computers စတဲ့ devices တွေမှာ ရှိတဲ့ web browser တွေကနေ ကြည့်လို့ရတဲ့ digital documents နဲ့ web pages တွေ ပါဝင်ပါ တယ်။ အများသူငါဝင်ကြည့်လို့ရအောင် ဒိုမိန်း(Domain) အမည်တစ်ခုအောက်မှာ ဝက်ဘ် စာမျက်နှာတွေ စုစည်းထားတာကို ဝက်ဘ်ဆိုဒ်ဆိုပြီး ခေါ်ကြတာပါ။

Hypertext Transfer Protocol (HTTP) ဆာဗာတွေနဲ့ the coding language တွေကို အသုံးပြုပြီး Web pages တွေကို ချိတ်ဆက်ကာ မည်သူမဆို ဝင်ရောက်ကြည့်ရှခွင့် ပြုထားတာလည်းဖြစ်ပါတယ်။ hyperlink တွေကို ကလစ်ခြင်း Uniform Resource Locator (URL) တွေကို အသုံးပြုဝင်ရောက်ခြင်းအားဖြင့် Web pages တွေကို browser တွေက တိကျသေချာတဲ့ လိပ်စာနဲ့ ရှာဖွေပေးသွားမှာဖြစ်ပါပါတယ်။

Google ကဲ့သို့ Search engines တွေဟာ အသုံးပြုသူ ရှာဖွေလိုတဲ့ ရှာဖွေတဲ့ အကြောင်းအရာပေါ်မှာ မူတည်ပြီး သင့်ရှာဖွေမှုစံနှုန်းများအပေါ် အခြေခံ၍ ရှာဖွေလိုတဲ့ အကြောင်းအရာ၊၊ ဗီဒီယိုများနှင့် အခြားမီဒီယာများကို ရှာဖွေခြင်းဖြင့် ဝဘ်ပေါ်ရှိ သန်းပေါင်း များစွာသော ဝဘ်စာမျက်နှာများကို အသုံးပြုသူ တွေအတွက် စစ်ထုတ်ပေးခြင်းဖြင့် တယ်။

တကယ်က အရမ်းပဲရိုးရှင်းပါတယ်။ အင်တာနက်ကကြောင့်သာ ဝက်ဘ်ဆိုက်တွေကို ဝင်ရောက်ကြည့်ရှုလို့ ရပါတယ်။ အင်တာနက် မရှိဘူးဆိုလျှင်တော့ ဝက်ဘ်ဆိုက်များကို ဝင်ရောက်ကြည့်ရှုနိုင်သည့် နည်းလမ်း မရှိပါဘူး။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Tech House - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share