Heaven Computer Sales & Services

Heaven Computer Sales & Services Thai Showroom Display များကို စျေးနှုန်းချိုသာစွာဝယ်ယူရရှိနိုင်ပါပြီ ပစ္စည်းမှန်စျေးနှုန်းတန် HEAVEN
*ရန်ကုန်မြို့တွင်သာတည်ရှိသည်* Computer Sales and Services

03/10/2026
02/10/2026
30/09/2026

Laptop တွေ အသုံးမှား၊ အသုံးများလို့ ပူခြစ်လာပြန်ပြီလား ❓

💻 Laptop နဲ့ Computer တွေကို ပူတဲ့နေရာနားမှာထားမိတာ၊ လေအေးပေးတဲ့ Fan ပျက်နေတာ၊ Air Vents တွေမှာ ပိတ်မိနေတာ၊ Application တွေ Demand ဖြစ်တာ၊ Software တွေ Outdated ဖြစ်နေတာနဲ့ Browser Tabs တွေအများကြီးကို ဖွင့်ထားတာစတဲ့ အကြောင်းမျိုးစုံကြောင့် Laptop တွေမှာ Heat တက်ကာ ပူလာတတ်ပါတယ် 💥

🤔 ဒီလိုအခြေအနေမှာ Laptop တွေကို အေးသွားအောင် လုပ်ပေးဖို့ မဖြစ်မနေလိုအပ်တာမို့ ဒီအချက်လေးတွေတော့ သိထားဖို့လိုပြီနော် 😉

Laptop လေးတွေမှာ အပူလျော့ကျပြီး အေးမြသွားအောင် လုပ်ဆောင်သင့်တဲ့ အရာတွေကတော့ 💁🏻
📌 ကိုယ့်ရဲ့ Laptop တွေကို မှန်ကန်သင့်တော်တဲ့ နေရာမျိုးမှာထားပါ။
☀️ နေထိုးတဲ့နေရာ၊ ပူနေတဲ့နေရာတွေနဲ့ လေထွက်ပေါက်ကို ပိတ်နိုင်တဲ့နေရာမျိုးတွေမှာ မထားဘဲ မျက်နှာပြင်မာကျောပြီး ပြားတဲ့နေရာမျိုးတွေမှာ စနစ်တကျထားသင့်ပါတယ် 🤗

📌 Laptop ကို Laptop Case နဲ့သာ စနစ်တကျသယ်ဆောင်ပါ။
Laptop Case လေးတွေက အေးမြအောင် ထိန်းသိမ်းပေးနိုင်ပြီး ဖုန်မတက်အောင်လည်း ကာကွယ်ပေးနိုင်တာမို့ အသင့်တော်ဆုံးပဲပေါ့ 💯

📌 Laptop ရဲ့ လေအေးပန်ကာ Fans လေးတွေကို ဂရုစိုက်ထိန်းသိမ်းပါ။
💻 Computer Fans လေးတွေကို သန့်ရှင်းအောင်ထားတာ၊ CPU Fan လေးတွေကို Upgrade တင်တာ၊ Case Fan လေးတွေကို Add ထည့်တာနဲ့ Power Supply Fan လေးတွေ စစ်ဆေးပေးတာမျိုးတွေကို ဂရုစိုက်လုပ်ဆောင်သင့်ပါတယ် 💁🏻

📌 Performance Setting တွေကို ချိန်ညှိပါ။
✨ Laptop မှာထားထားတဲ့ Screen Resolution တွေ၊ Brightness တွေကို လျှော့တာလိုမျိုး Performance Setting တွေမှာ ချိန်ညှိရင်းနဲ့လည်း အပူသက်သာအောင်လုပ်နိုင်ပါတယ် 😉

📌 Software တွေကို Update တင်ပါ။
💻 Laptop မှာ Run နေတဲ့ Software နဲ့ Operation System တွေကို နောက်ဆုံးပေါ် Version အထိ Upgrade လုပ်ထားလိုက်တဲ့အခါ Bugs တွေကို ရှင်းပြီးသားဖြစ်စေသလို Hardware Workload ကိုပါလျော့ကျစေလို့ ပိုပြီးလည်း မြန်ဆန်စေနိုင်တယ်လေ 🤩

📌 Laptop, Computer ကို ခဏအနားပေးဖို့ ပိတ်ထားလိုက်ပါ။
💥 ပူနေတဲ့ Laptop လေးတွေကို အလွယ်ကူဆုံးနည်းနဲ့ အေးအောင်လုပ်ချင်ရင်တော့ စက်ပိတ်ပြီး အနားပေးလိုက်တာပါပဲ။ အပူလွန်ကဲတာကြောင့် Laptop တွေကို မထိခိုက်စေဖို့ဆိုရင်တော့ အနားပေးဖို့အတွက်လည်း မမေ့ပါနဲ့ 🤔

ဒီလိုဆို Laptop လေးတွေကို အပူမလွန်ကဲအောင် ဂရုစိုက်ရင်း အေးအေးဆေးဆေး Chill ရင်းသုံးနိုင်ဖို့ ဒီအချက်လေးတွေကို မှတ်ထားလိုက်တော့ကွာ 😉

Laptop Computer နဲ့ပတ်သက်တဲ့ ✨ အသုံးဝင်မဲ့ Tips လေးတွေကို HEAVEN က မျှဝေပေးသွားမှာမို့ ဆက်ဆက်စောင့်မျှော်ကြည့်ရှုပေးကြဦးနော် 💁🏻

HEAVENCOMPUTER


Address

Building (4) , Room (3) , HLAING YADANAR HOUSING, THAN LAN BUS STOP, INSEIN MAIN Road
Yangon
11051

Telephone

+959422055654

Website

Alerts

Be the first to know and let us send you an email when Heaven Computer Sales & Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Heaven Computer Sales & Services:

Shortcuts

Share

Category