22/11/2022
📣🧑🏻💼nexus hub is hiring a Sales Lead (Information Technology) 👩🏻💼📣
nexus hub မှာ client ရှာဖွေခြင်းအပါအဝင် client relationship management အတွက် Sales Lead တစ်ဦး အလိုရှိပါတယ်။ 💁🏻♂️
Job Description:
🔹 Cold calling, Lead generation, Client နဲ့တွေ့ဖို့ appointment စီစဥ်ခြင်း၊ New Business Idea ထုတ်ခြင်းနဲ့ Client base ပိုများအောင် ဆောင်ရွက်ပေးပါမယ်။
🔹 Client ရှာရုံတင်မဟုတ်ပဲ Sales Deal/ Sales Close ပါလုပ်နိုင်ရပါမယ်။
🔹 Team နဲ့ လုပ်ကိုင်နိုင်ရမှာဖြစ်ပြီး Client တွေရဲ့ feedback/ behaviour ပေါ်လိုက်ပြီး ရှိပြီးသား client တွေရော နောင်ဝယ်မယ့် prospect တွေအတွက်ပါ ပိုမိုဆန်းသစ်တဲ့ customised software တွေဖန်တီးနိုင်အောင် အတူတူဆောင်ရွက်ပေးရပါမယ်။
🔹 Client တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်နိုင်ရပါမယ်။
🔹 Project Manager ကို project status နဲ့ အခြားအကြောင်းတွေရှိရင်ရှိသလို report လုပ်ပေးရပါမယ်။
🔹 Small project owner အနေနဲ့လည်း Project Manager ကို project tracking, monitoring, reporting နဲ့ administration ပိုင်းတွေ ကူညီပေးရပါမယ်။
🔹 Developer တွေနဲ့လည်း အတူတွဲလုပ်ပြီး client စိတ်ကြိုက် ဝန်ဆောင်မှုပေးရပါမယ်။
🔹 Potential client တွေကို research လုပ်ရမှာဖြစ်ပြီး Technical Team နဲ့ ဆွေးနွေးရပါမယ်။
🔹 Daily Sales Activity and Pipeline ကို နေ့စဥ် report တင်ရပါမယ်။
Job Requirements:
🔹 Computer Science/ Management or related field တစ်ခုခုကနေ ဘွဲ့ရထားမှာဖြစ်ပြီး IT software, services sales လောကမှာ လုပ်သက် 2 နှစ်ကနေ 3 နှစ်ထိ ရှိရပါမယ်။
🔹 IT industry ထဲမှာရှိတဲ့ top market player တွေရဲ့ အလုပ်လုပ်ပုံနဲ့ ဘာတွေရောင်းလဲ ဘာ service ပေးလဲ စတာတွေကို အပြည့်အဝသိတဲ့သူဖြစ်ရပါမယ်။
🔹 Business development experience ရှိရမှာဖြစ်ပြီး deal ဖြစ်ခဲ့တဲ့ sales တွေကို record လုပ်ထားတာရှိရပါမယ်။
🔹 Leadership experience ရှိရမှာဖြစ်ပြီး IT Market အကြောင်း အသေးစိတ် သိထားရပါမယ်။
🔹 Documentation နဲ့ report writing experience ရှိရပါမယ်။
🔹 Technical requirement တွေနဲ့ scheduling method တွေအကြောင်း နားလည်ထားရပါမယ်။
🔹 Project အများကြီးကို တစ်ပြိုင်တည်း ကိုင်တွယ်ပေးနိုင်တဲ့ အတွေအကြုံနဲ့ အရည်အချင်း ရှိရပါမယ်။
🔹 လုပ်ငန်းသုံး English နဲ့ မြန်မာလိုကျွမ်းကျင်ရပါမယ်။
ဒီ position ကို စိတ်ဝင်စားတယ်ဆိုရင်တော့ nexus hub page ရဲ့ messenger သို့မဟုတ် ဒီ position ကို စိတ်ဝင်စားတယ်ဆိုရင်တော့ nexus hub page ရဲ့ messenger သို့မဟုတ် [email protected] ကို CV နဲ့ Portfolio ပို့ပြီး လျှောက်ထားနိုင်ပါတယ် ခင်ဗျာ။ (Email နဲ့လျှောက်မယ်ဆို ကိုယ်လျှောက်မယ့် position နဲ့ ဘယ်ကနေ ဒီ vacancy ကိုတွေ့ပြီး လျှောက်ဖြစ်လဲဆိုတာပါ ထည့်ပေးပါဗျ။)
‼️CV သို့မဟုတ် Portfolio တစ်ခုမဟုတ်တစ်ခု ပို့ဖို့ကျန်ခဲ့တဲ့သူတွေကို ထည့်သွင်းစဥ်းစားမှာ မဟုတ်ပါဘူး။ 📣‼️
Deadline ကတော့ "December 10" ရက်နေ့ (စနေနေ့) ည 11:59 pm အထိပဲ ဖြစ်လို့ အမြန်ဆုံး လျှောက်ထားဖို့ ဖိတ်ခေါ်ပါတယ်။
nexus hub မှ သင်နဲ့အတူ အလုပ်လုပ်ဖို့ စောင့်မျှော်နေပါတယ် ခင်ဗျာ။ 🧑🏻💻