22/11/2023
Current Transformer (CT) ဆိုတာ ဘာလဲ???
ဘာကြောင့် သုံးတာလဲ???
--------------------------------------------
CT ဟုခေါ်သော Current Transformer များသည် Transformer အနွယ်ဝင် အမျိုးအစား ဖြစ်ပြီး Alternating Current (AC) System တွင် အသုံးပြုသည်။ Power System တွင် Current ကို Sensing ပြုလုပ်၍ ဓာတ်အားထုတ်လုပ်ရေးစက်ရုံများ၊ ဓာတ်အားခွဲရုံများ၊ စက်ရုံများနှင့် CT များကိုအိမ်သုံးများ အထိတွင်ပင် အသုံးပြုကြသည်။ ၎င်းတို့သည် အရှေ့ဖော်ပြပါ ဓာတ်အားစနစ်တည်ဆောက်ရာတွင် အရေးကြီးသော အစိတ်အပိုင်းဖြစ်ပြီး မဖြစ်မနေ ထည့်သွင်းတည်ဆောက်တပ်ဆင်ကြသည်။ ၎င်းတို့၏ လုပ်ငန်းများကတော့_
၁။ Current ပမာဏ တိုင်းတာခြင်း
Current Transformer (CT) များသည် Transformer ဆိုသည့်အတိုင်း Electromagnetic Circuit များဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး Primary Winding, Magnetic Core, Secondary Winding များပါရှိသည်။ Primary Winding သည် Power System စနစ်ရှိ Main Conductor နှင့် Series ဆက်သွယ်ထားပြီး ၎ Alternating Current သည် Core အတွင်း၌ Electromagnetic Field ဖြစ်စေ၍ Secondary Winding အပေါ်တွင် သက်ရောက်စေသည်။ Secondary Winding အပေါ်တွင် ပတ်ထားသော Numbers of Turn ပေါ်မူတည်၍ Current ပမာဏကို တိကျစွာ တိုင်းတာ ဖတ်ရှုစေနိုင်သည်။
၂။ ဓာတ်အားပမာဏ တိုင်းတာခြင်း
Current ပမာဏကို တိက်စြာ တိုင်းတာနိုင်လျှင်ပင် အဆိုပါ Power System တွင် အသုံးပြုနေသော ဓာတ်အားပမာဏ (Power) ကို တိုင်းတာနိုင်မည်ဖြစ်သည်။ အဆိုပါ တိုင်းတာမှု အသေးစိတ်ကို Control Relay Panel or Switchgear Panel ရှိ Energy Meter နှင့် Multifunction Meter တို့တွင် သိရှိနိုင်သည်။
၃။ ဗို့အားမြင့်နှင့် ဗို့အားနိမ့် အစိတ်အပိုင်းကို ဖြတ်တောက်ပေးခြင်း
Current Transformer များ၏ Connection ကို ခွာလိုက်ရုံဖြင့် ဖြတ်တောက်ပြီး ဖြစ်စေသည်။
၄။ ဗို့အားစနစ် ကာကွယ်ပေးရန် Relay များအား Current Input ပေးခြင်း
အထက်ပါ နံပါတ် ၁ တွင် Current ပမာဏ တိုင်းတာခြင်းကို သိနိုင်ပြီး ဗို့အားစနစ် ကာကွယ်ခြင်းကိုတော့ ဗို့အားမြင့်စနစ်တွင် Current နှင့်ဆိုင်သော အပြစ်ဖြစ်သည့် အခါတွင် Current Transformer များ၏ Secondary Current သည် Control Relay များအား Current Input ပေး၍ Current Fault ကို သိစေပြီး Control Relay များသည် Circuit Breaker မှတဆင့် ဗို့အားစနစ်ကိုဖြတ်တောက်စေသည်။
ဉပမာအားဖြင့် ဓာတ်အားလိုင်းများ Fault ဖြစ်သည့် အခါတွင် Nominal System Current များသည် Under or Over Current or Earth Fault ဖြစ်နိုင်ပြီး ဓာတ်အား စနစ်ကို ပျက်ယွင်းစေသည်။ ထိုအခြေအနေတွင် Control Relay များသည် Circuit Breaker မှတဆင့် ဗို့အားစနစ်ကို ယာယီ ဖြတ်တောက်စေသည်။
CT ၏ Secondary Winding များတွင် Metering and Protection Core များပါဝင်သည်။ ပုံမှန် ဓာတ်အားဖြန့်ဖြူးသည့် စနစ်ရှိ Incoming Side တွင် Metering One Core and Protection Two Core ပါရှိသည်။ 500kV and 230kV ကဲ့သို့ မဟာဓာတ်အားခွဲရုံ ကြီးများတွင်တော့ Metering Two Core and Protection Four Core အထိ လိုအပ်သလို ထည့်သွင်း အသုံးပြုကြသည်။
Metering Core များသည် Protection Core များထက် တိုင်းတာရာတွင် တိကျစွာတိုင်းတာရန် လိုအပ်သည်။ ထို့ကြောင့် CT ရွေးချယ်ရာတွင် Metering Core ၏ Accuracy Class သည် Protection Core များထက် မြင့်နေခြင်း ဖြစ်သည်။ System Designer သည် သေချာ ရွေးချယ်ရမည် ဖြစ်သည်။ Metering Core မ်ား၏ Accuracy Class သည် 0.2S, 0.5 ဟု ဖော်ပြလေ့ ရှိပြီး 0.2S, 0.5 Percent Error ပဲ ဖြစ်နိုင်သည့် အဓိပ္ပါယ်ဖြစ်သည်။ Protection Core မ်ား၏ Accuracy Class သည် 5P10, 5P20, 10P10, 10P20, 5P40 ဟု ဖော်ပြလေ့ ရှိပြီး ရှေ့ 5 သည် Accuracy Percent Limit Error, P သည် Protection Class နှင့် နောက် 10 သည် minimum multiple 10 times ဟု အဓိပ္ပါယ်ဖြစ်သည်။ Rated Current ၏ minimum multiple 10 times အထိ လျော့ချတိုင်းတာလျှင်ပင် 5 Percent Error ပဲ ဖြစ်နိုင်သည့် အဓိပ္ပါယ်ဖြစ်သည်။
CT ရွေးချယ်ရာတွင်လည်း မိမိတပ်ဆင်မည့် စနစ်နှင့် ကိုက်ညီသည့် CT ရွေးချယ်ရန် လိုအပ်သည်။ စနစ်နှင့် မကိုက်ညီသည့် CT သည် အပိုကဲ့သို့ ဖြစ်နေမည်ဖြစ်ပြီး လိုအပ်သည့် Protection များလုပ်နိုင်မည် မဟုတ်ပါ။ ထိုကြောင့် CT ရွေးချယ်ရာတွင် အောက်ပါ အချက်များကို ထည့်သွင်းစဉ်းစားသင့်သည်။
ရွေးချယ်ထားသော Primary CT Current သည် စနစ်ရှိ Rated Current နှင့် အနီးကပ်ဆုံး ဖြစ်သင့်သည်။ Rated Current ထက် အလွန်မြင့်သော Current ကို ရွေးချယ်ပါက Metering and Protection Function များ ထိရောက်စွာ လုပ်နိုင်တော့မည် မဟုတ်ပေ။
Control Cable ၏ Burden ကို လျော့ကျစေသည့် အတွက် Secondary Current 1A သည် 5A ထက် ပိုကောင်းပါသည်။ သို့ရာတွင် စနစ်တွင် အသုံးပြုမည့် Metering and Control Relay များ၏ ကိုက်ညီမှုရှိသည့် Current ကို အသုံးပြုရမည် ဖြစ်သည်။ ယနေ့ခေတ် Numerical Relay များကတော့ နှစ်မျိုးလုံး အသုံးပြုလို့ ရနေပြီ ဖြစ်သည်။
လိုအပ်သော / Client တောင်းထားသော Requirement ထက် Accuracy Class ကို ပိုမသုံးပါနှင့်။ Accuracy Class မြင့်လေ ဈေးကြီးလေဖြစ်သည်။
စနစ်တွင် ရှိနေသော Relay များ၏ Burden ထက် Selected CT Burden (VA) သည် မြင့်ရမည်ဖြစ်သည်။
CT များအား ဓာတ်အားစနစ်တွင် တပ်ဆင်ရာတွင် မည်ကဲ့သို့သော အခြေအနေတွင်မှ Connection Open မလုပ်သင့်ပါ။ CT သေဘာတရားအရ Primary Side မှာ ရှိတဲ့ Current ကို Turn Ratio ချပြီး Metering and Protection Relay အတွက် အသုံးပြုကြသည်။ Ammeter မ်ား၏ Resistance သည် အရမ်းနည်းပြီး Secondary ကို Short Circuit ပြုလုပ်၍ တိုင်းတာကြသည်။ အကယ်၍ Secondary Side ကို Open ထားမယ်ဆိုရင် ထိုနေရာတွင် Very high voltage level တခု ဖြစ်လာနိုင်ပြီး Secondary Side မှာရှိတဲ့ Electronic equipment များပျက်ဆီးနိုင်ပြီး CT အထိပါ ပျက်ဆီးနိုင်သည်။ အကယ်၍ CT Primary Side တွင် Energized လုပ်ထားပြီး Secondary Side တွင် လူက Terminal Open လုပ်မည်ဆိုပါက အဆိုပါလူပါ အန္တရာယ်ရှိနိုင်သည်။ ထို့ကြောင့် CT Secondary Side တွင် အသုံးမပြုသည့် Terminal များ Short Circuit ပြုလုပ်ထားခြင်းဖြစ်သည်။
credit, electrical power design