The Niche

The Niche The Niche Mobile Shop ကနေရောင်းချတဲ့ Apple Products တွေဟာ Thailand Official Apple Stores ကနေ မှာယူပေးတာဖြစ်ပါတယ်။

01/10/2022

ဘတ်စျေးလေးတွေ ထပ်ကျပါတယ်
iphone 14 series လေးကို စျေးတန်တန်နဲ့ ကိုင်ရဖို့ မြန်မြန် orderတင်ဖို့ လိုတယ်နော် ‼️
Buy now or Cry later

ဘတ်စျေးလေးတွေ အကျဘက်ပြန်ရောက်တုန်း preorder လေးပြန်ကောက်ဖို့ The Niche ပြန်လာပြီနော်😍…. အသစ်ထွက်ရှိထားတဲ့ iPhone 14 seri...
29/09/2022

ဘတ်စျေးလေးတွေ အကျဘက်ပြန်ရောက်တုန်း preorder လေးပြန်ကောက်ဖို့ The Niche ပြန်လာပြီနော်😍….
အသစ်ထွက်ရှိထားတဲ့ iPhone 14 series (TH/A region) များကို စိတ်ချယုံကြည်စွာ မှာယူနိုင်ပါပြီ🤩🤩🤩
စျေးနှုန်းလေးကတော့ မှာယူတဲ့ နေ့ပေါ်မူတည်ပြီး အပြောင်းအလဲလေးတော့ ရှိပါမယ်
အသေးစိတ် အချက်အလက်နဲ့ စျေးကိုတော့ Cb ကနေစုံစမ်းပေးပါ🥰
ကြာချိန်ကတော့ ၇-၁၀ရက် ကြာပါမယ်
စရံ 50%ချရပါမယ်နော်

iPhone 14 128GB (purple, white) - 2,800,000 ks
iPhone 14 pro 128GB (black, gold) - 3,600,000 ks
iPhone 14 pro 256GB (purple) - 4,100,000 ks
iPhone 14 pro max 256GB (gold) - 4,560,000 ks
iPhone 14 pro max 256GB (purple) - 4,720,000 ks

Evolution of Apple Notch 😄
28/09/2022

Evolution of Apple Notch 😄

Hi-Res Codec ပါဝင်လာဖို့ရှိတဲ့ AirPods Pro 2 •••••••••••••••••••••••••••••••••••••••••••••••••Apple ဟာ ယခုနှစ်ကုန်ပိုင်း...
26/06/2022

Hi-Res Codec ပါဝင်လာဖို့ရှိတဲ့ AirPods Pro 2
•••••••••••••••••••••••••••••••••••••••••••••••••

Apple ဟာ ယခုနှစ်ကုန်ပိုင်းမှာ AirPods Pro 2 အသစ်ကို မိတ်ဆက်မယ်ဆိုပြီး သတင်းတွေပေါက်ကြားနေပြီဖြစ်ပါတယ်။ ဒါကို အတည်ပြုနိုင်ခြင်းမရှိသေးပေမယ့်လည်း AirPods 2 နဲ့ ပတ်သက်တဲ့ Feature တစ်ခုက ထပ်မံ ပေါက်ကြားလာခဲ့ပါပြီ။

ဒါကတော့ AirPods Pro 2 မှာ Hardware ပိုင်းကို လုံးဝအဆင့်မြှင့်တင်ထားမှာဖြစ်ပြီး Apple Lossless Audio Codec ဖြစ်တဲ့ ALAC ကို Support ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Hi-Res Audio ကို ပထမဆုံးအနေနဲ့ Support ပြုလုပ်လာမယ့် AirPods ဖြစ်လာမှာပါ။ AirPods Pro 2 ဟာ Bluetooth 5.2 ကို အခြေခံထားတဲ့ LC3 Codec ကိုလည်း ပြောင်းလဲအသုံးပြုမှာဖြစ်တာကြောင့် Hi-Res Audio ထောက်ပံ့နိုင်သလို Battery စားသုံးမှုလည်း ပိုသက်သာမှာဖြစ်ပါတယ်။

AirPods Pro 2 ဟာ Design ပိုင်းအနေနဲ့ လက်ရှိ AirPods Pro နဲ့ ဆင်တူမှာဖြစ်ပြီး အနည်းငယ်ပဲ ပြောင်းလဲမှုရှိလာမယ်လို့ သိရပါတယ်။ တခြားသော Sensor ပိုင်းမှာလည်း အဆင့်မြှင့်တင်မှုတွေပြုလုပ်မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Apple Music ဟာ Lossless Audio Playback ကို သီချင်းအကုန်လုံးနီးပါးအတွက် ထောက်ပံ့ထားပြီး လောလောဆယ်မှာ အသုံးပြုနိုင်ဖို့အတွက် Hi-Res Audio Support ပြုလုပ်တဲ့ Wired Headphone တွေလိုအပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် AirPods Pro 2 သာ Hi-Res Audio Support ပြုလုပ်မယ်ဆိုရင် အသံအရည်အသွေးပိုင်းမှာ သိသိသာသာပိုကောင်းသွားမှာပါ။

iOS 16 ရဲ့ Lock Screen အသစ်Widgets တွေ ထည့်သွင်းလို့ရသလို ...စိတ်ကြိုက် Customize လည်းလုပ်နိုင်ပြီ..
07/06/2022

iOS 16 ရဲ့ Lock Screen အသစ်

Widgets တွေ ထည့်သွင်းလို့ရသလို ...

စိတ်ကြိုက် Customize လည်းလုပ်နိုင်ပြီ..

Feature အသစ်တွေနဲ့ iOS 15.5 Update•••••••••••••••••••••••••••••••••••••••••••••••••Apple iPhone အသုံးပြုသူတွေအတွက် Apple...
17/05/2022

Feature အသစ်တွေနဲ့ iOS 15.5 Update
•••••••••••••••••••••••••••••••••••••••••••••••••

Apple iPhone အသုံးပြုသူတွေအတွက် Apple ကနေ iOS 15.5 Update ထုတ်ပေးလိုက်ပါပြီ။ အခု iOS 15.5 Update မှာတော့ ကြီးမားတဲ့ အပြောင်းအလဲတွေမပါဝင်ခဲ့ပေမယ့် Bug Fix တွေနဲ့ တချို့သော Feature အသစ်လေးတွေကိုထည့်သွင်းပေးခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ Apple Wallet မှာ Apple Cash Customer တွေ ပိုက်ဆံ ပေးပို့၊​ တောင်းဆိုနိုင်မှာဖြစ်ပါတယ်။​ နောက်ပြီး Podcasts App ကိုလည်း iPhone Storage ကို ပိုပြီး Optimize ပြုလုပ်နိုင်စေဖို့အတွက် Setting ပြင်ဆင်ပေးထားပြီး ယခင် Podcasts အဟောင်းတွေကို အလိုအလျောက်ဖျက်ပေးသွားမှာပါ။​ နောက်ဆုံးအနေနဲ့ကတော့ တချို့သော Automation Bug တွေကို ဖြေရှင်းပေးထားတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ကိုယ့် iPhone က အမြဲတမ်း Latest ဖြစ်နေဖို့ iOS 15.5 Update လေးကို မတင်ရသေးရင် အခုပဲတင်ထားလိုက်တော့နော်...

App Library ဆိုတာဘာလဲ? ဘယ်လို အလုပ်လုပ်လဲ?•••••••••••••••••••••••••••••••••••••••••••••••••App Library ဆိုတာက Home Scree...
10/05/2022

App Library ဆိုတာဘာလဲ? ဘယ်လို အလုပ်လုပ်လဲ?
•••••••••••••••••••••••••••••••••••••••••••••••••

App Library ဆိုတာက Home Screen မှာ App တွေ ရှုပ်ပွနေတာတွေကို စနစ်တကျ ဖြစ်အောင် ကူညီပေးမယ့် Feature တစ်ခုဖြစ်ပါတယ်။

မိမိ အသုံးပြုနေတဲ့ App တွေကို Group အလိုက် ပြန်စီနေစရာ မလိုတော့ဘဲ App Library က အလိုအလျောက် Social, Productivity နဲ့ Entertainment အစရှိတဲ့ Categories လေးတွေခွဲပြီး ပြသပေးမှာပါ။

ကိုယ့်စိတ်ကြိုက် Customize‌ ပြောင်းရွှေ့လို့ရတဲ့ အပြင် Categories Name တွေကို ကြိုက်နစ်သက်ရာပေးလို့ရပါသေးတယ်။

App တွေကို ဖော်ပြရာမှာလည်း User တွေရဲ့ အချိန်၊ တည်နေရာ နဲ့ အသုံးပြုမှုပေါ မူတည်ပြီး App Library ရဲ့ အပေါ်ဆုံးမှာ ဦးစားပေးဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ App Library တစ်ခုချင်းစီမှာ Search Bar လေးတွေပါဝင်တာကြောင့် လိုအပ်တဲ့ App ကို အလွယ်တကူ ရှာလို့ရသလို Scroll ဆွဲပြီးတော့လည်း ရှာလို့ရပါတယ်။

‌App Stor‌e မှ နောက်ဆုံး Download ဆွဲခဲ့တဲ့ App တွေကိုတော့ Recently Added အဖြစ် ဖော်ပြပေးမှာပါ။ ဒါကြောင့် App Library ရဲ့ အကူအညီဖြင့် User တွေအနေနဲ့ App တွေကို ရှင်းလင်းလွယ်ကူစွာ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။

အပြင် ရာသီဥတု အပူချိန် 37’C - 38’C ရှိနေတဲ့အချိန် အိမ်ထဲမှာ ဖုန်းသုံးနေရင်း ဖုန်းပူလာတာကို စိတ်ပူစရာ မလိုဘဲ ဖြေရှင်းလို့...
01/05/2022

အပြင် ရာသီဥတု အပူချိန် 37’C - 38’C ရှိနေတဲ့အချိန် အိမ်ထဲမှာ ဖုန်းသုံးနေရင်း ဖုန်းပူလာတာကို စိတ်ပူစရာ မလိုဘဲ ဖြေရှင်းလို့ ရပါပြီနော်...။

အပူချိန် မြင့်မားလာတာကြောင့် ကိုယ့်ဖုန်းလေး အသုံးပြုနေရင်း ပူလာတဲ့အခါ အမြန်ဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေကတော့ -

မလိုအပ်တဲ့ Network များကို ပိတ်ထားပေးပါ
•••••••••••••••••••••••••••••••••••••••••••
အပြင် အပူချိန်မြင့်မားလာတဲ့အခါ ဖုန်း Body အတွင်းမှ အပူစုပ်ယူ စွန့်လွှတ်တာမျိုးကြောင့် ဖုန်းပူတာမျိုး ဖြစ်နိုင်ပြီး အပူချိန် ထိန်းသိမ်းနိုင်ဖို့အတွက် မလိုအပ်တဲ့ Network တွေကို ပိတ်ထားပေးဖို့ လိုပါတယ်။

ဖုန်းအားသွင်းခြင်း ရှောင်ကျဉ်ပါ
•••••••••••••••••••••••••••••••
အပူချိန် မြင့်မားနေတဲ့အချိန် ဖုန်းအားသွင်းတဲ့အခါ 80% မှာရပ်နေပြီး ဖုန်းပူခြင်းကို ဖြစ်စေတာကြောင့် အပူချိန် မြင့်မားနေတဲ့ အခါ ဖုန်းအားသွင်းခြင်း ရှောင်ကျဉ်သင့်ပါတယ်။

ဂိမ်းဆော့ခြင်းကို ရှောင်ကျဉ်ပါ
••••••••••••••••••••••••••••••
အပူချိန် မြင့်မားနေတဲ့အချိန် ဂိမ်းဆော့တာကလည်း ဖုန်းကို ပုံမှန်ထက် ပိုပူစေမှာဖြစ်လို့ မြင့်မားနေတဲ့ အပူချိန်မှာ ဂိမ်းဆော့တာကို ရှောင်ကျဉ်သင့်ပါတယ်။

အေးမြတဲ့နေရာမှာ ဖုန်းအသုံးပြုပါ
•••••••••••••••••••••••••••••••••
အပြင် ရာသီဥတု ပူနေတဲ့အချိန် အေးမြတဲ့နေရာမှာ ဖုန်းအသုံးပြုပေးခြင်းကလည်း ပုံမှန်ထက် ဖုန်းပူတာကို ထိန်းသိမ်းနိုင်မှာဖြစ်လို့ အေးမြတဲ့နေရာမျိုးမှာ ဂိမ်းဆော့တာမျိုး၊ ဖုန်းအသုံးပြုတာမျိုး​ ဆောင်ရွက်သင့်ပါတယ်နော်...။

iPhone သုံးပြီးရင် ဘာလို့ တခြားဖုန်းမသုံးချင်တော့တာလဲ🤔ကိုယ်သုံးနေတာကရော ဘာလို့ Apple Products တွေပဲဖြစ်နေလဲဆိုတာ သတိထားမ...
23/03/2022

iPhone သုံးပြီးရင် ဘာလို့ တခြားဖုန်းမသုံးချင်တော့တာလဲ🤔

ကိုယ်သုံးနေတာကရော ဘာလို့ Apple Products တွေပဲဖြစ်နေလဲဆိုတာ သတိထားမိဖူးလား 💭

မသိသေးဘူးဆိုရင်တော့ ​​ ဒီပို့စ်မှာ ကျွန်တော်နဲ့ အတူတူအဖြေရှာကြည့်လို့ရပါတယ်..

𝗔𝗽𝗽𝗹𝗲’𝘀 𝗠𝗮𝘀𝘁𝗲𝗿 𝗣𝗹𝗮𝗻 📝

အရင်က Apple Products တွေဆိုတာ Gucci တို့ LV တို့လိုပဲ Luxury Products ဖြစ်တဲ့အတွက် တော်ရုံတန်ရုံလူ အနားကပ်ဖို့ သိပ်ခက်ပါတယ်..ပြီးတော့ Brand Position ယူထားတာကလည်း ကျန်တဲ့ Brand တွေ ရှိတယ်လို့တောင် မသတ်မှတ်ထားတဲ့ ပုံစံမျိုး နေရာယူထားတာပါ.. ဒါပေမယ့် သတိထားမိမယ်ဆိုရင် အခုနောက်ပိုင်း Apple က အဲ့ဒါမျိုး Premium ဘက်ကို ဦးတည်တာမျိုးထက် လူများများ သူတို့ Products ကို သုံးဖို့ဆိုတဲ့ ဘက်ကို ဦးတည် လာတာတွေ့ရမှာပါ..

အရင်က iPhone တစ်နှစ်လုံးနေမှ တစ်လုံးပဲထွက်တယ်.. အခုဆို တစ်နှစ်ထဲမှာပဲ စျေးအမျိုးမျိုး နဲ့ ရွေးစရာမော်ဒယ်တွေ အများကြီးရှိလာတယ်.. တခြား Product တွေဖြစ်တဲ့ iPad နဲ့ Mac တို့ဆိုရင်လည်း စျေးအချိုဆုံး Air Series တွေမှာပါ M1 chip ထည့်ပေးလာတဲ့အတွက် ပေးရတဲ့စျေးနဲ့ ပြန်ရတဲ့ Performance အရမ်းတန်သွားတယ်.. ဒိီတော့ Apple Products တွေကို အရင်ထက်လူတွေပိုပြီး ဝယ်ဖို့စိတ်ဝင်စားလာကြတယ်..

ဒါဆိုဘာလဲ Apple ကအရမ်းတွေ သဘောကောင်းနေတာလား ဒီလိုတော့လည်း မဟုတ်ပြန်ဘူး.. သူတို့ Strategy က Apple Products တစ်ခါမှ မသုံးဖူးတဲ့သူတွေ တတ်နိုင်သမျှ များများ စသုံးအောင်လုပ်ပြီး Apple Ecosystem ထဲထည့်ဖို့ပါ..လူတွေ တဖြည်းဖြည်း Apple Ecosystem ထဲရောက်လာပြီဆို ဘာဆက်ဖြစ်မှာလဲဆိုတာ အောက်မှာ ဆက်ဖတ်ကြည့်ပေးပါ..

𝗧𝗵𝗲 𝗔𝗽𝗽𝗹𝗲 𝗘𝗰𝗼𝘀𝘆𝘀𝘁𝗲𝗺 🍎♻️

Apple Ecosystem ကို Walls of Garden လို့လည်း တင်စားခေါ်ကြတယ်.. Apple ပစ္စည်းသုံးတဲ့ သူတွေကို အရမ်းလှတဲ့ ဥယျာဥ်ကြီး တစ်ခုထဲမှာ ထည့်ထား ပြီးတော့ အုတ်တံတိုင်းတွေ အမြင့်ကြီးကာထားလိုက်တယ်.. တဖြည်းဖြည်းနဲ့ ဥယျာဥ်ထဲမှာရောက်နေတဲ့ သူတွေက ဒီထဲမှာ ရှိတာတွေသာ အလှဆုံး အကောင်းဆုံးလို့ထင်လာတယ်.. အုတ်တံတိုင်းရဲ့ အပြင်ဘက်ကို ကျော်ကြည့်ပြီး ပိုလှတာရှိလား ပိုကောင်းတာရှိလား မသိချင်ကြတော့သလို စူးလည်းမစူးစမ်းကြတော့ပါဘူး..

Ok! ဒီလိုမျိုးဖြစ်အောင် Apple က ဘယ်လိုလုပ်ထားလဲ ဆက်ပြောရအောင်..

Apple Ecosystem ရဲ့ အဓိက အသက်သွေးကြောကတော့ Apple ရဲ့ Products (iPhone, iPad, Mac, AirPods, Watch ) နဲ့ Services (iCloud, AirDrop, iMessage, Subscription services) အစရှိတာ နှစ်ခုကြားမှာ ကောင်းကောင်းကြီး ချိတ်ဆက်အသုံးပြုနိုင်အောင် လုပ်ပေးထားတာဖြစ်ပါတယ်..

ဘယ် Device မှာသုံးသုံး Seamless Experience ရအောင် လုပ်ပေးထားတဲ့အတွက် ကိုယ်က Apple ရဲ့ ဘယ် Product ပဲသုံးသုံး တူညီပြီး ရိုးရှင်းတဲ့ခံစားမှုမျိုးရနေမှာ ဖြစ်ပါတယ်..ကိုယ့်မှာ Apple Product တစ်ခုထက်ပိုပြီး ရှိလာလေ သုံးရတဲ့ Experience ကပိုကြမ်းလာလေ ဖြစ်ပြီး Device တစ်ခုထဲသုံးရင် မရနိုင်တဲ့ Bonus feature တွေပါ အပိုရနိုင်မှာ ဖြစ်ပါတယ်..

𝗘𝘅𝗮𝗺𝗽𝗹𝗲𝘀 𝗼𝗳 𝗘𝗰𝗼𝘀𝘆𝘀𝘁𝗲𝗺 𝗳𝗲𝗮𝘁𝘂𝗿𝗲𝘀 📱🖥🎧

⚡️iCloud နဲ့ ချိတ်ထားတဲ့အတွက် ကိုယ့်ရဲ့ ဓါတ်ပုံ၊ ဗွီဒီယို၊ Notes ၊ Reminders စတဲ့ အကုန်လုံးကို Device တိုင်းမှာ အလွယ်တကူကြည့်လို့ရမယ်

⚡️ဖုန်းပျောက်နေတယ်ဆို Watch ကနေ ဖုန်းအသံမြည်အောင် Ping လှမ်းလုပ်လို့ရတယ်

⚡️AirPods အဖုံးဖွင့်လိုက်တာ နဲ့ iPhone မှာ ချိတ်ပြီးသားဖြစ်မယ်.. တခြား ကိုယ့်ရဲ့ Apple Device တွေမှာလည်း Click တစ်ချက်နဲ့ အလွယ်တကူ ပြောင်းချိတ်နိုင်မယ်

⚡️AirDrop သုံးပြီး Apple Devices တွေအချင်းချင်း Files တွေအလွယ်တကူပို့မယ်..

⚡️Mac နဲ့ iPad ကနေ ဖုန်းကိုင်မယ် iMessage ပို့မယ်..Universal Control သုံးပြီး တစ်ချိန်ထဲ Control လုပ်မယ်..

စသဖြင့် တခြား ဘယ် Product တွေမှာမှ မရနိုင်တဲ့ Seamless Experience မျိုး Apple Ecosystem ထဲမှာ ရနိုင်ပါတယ်.. ဒါကနမူနာ သဘောမျိုးပဲရေးပြထားတာပါ.. လက်တွေ့ဘဝမှ ဒီထက်သုံးရ အဆင်ပြေတဲ့ အချက်တွေ အများကြီးရှိပါတယ်..

𝗘𝘃𝗲𝗿𝘆𝘁𝗵𝗶𝗻𝗴 𝗰𝗼𝗺𝗲𝘀 𝘄𝗶𝘁𝗵 𝗮 𝗽𝗿𝗶𝗰𝗲 🏷

Apple Ecosystem က သုံးလို့အရမ်းအဆင်ပြေတယ်ဆိုပေမယ့် တစ်ချိန်ထဲမှာ လူတွေကို Comfort Zone ထဲရောက်စေပြီး များများစားစား မတွေးတော့အောင်လည်း လုပ်နိုင်ပါတယ်.. စျေးကွက်ထဲမှာ စျေးပိုနည်းပြီး ပိုကောင်းတဲ့ Products တွေရှိပါရဲ့ နဲ့ မရှာချင်တော့ဘူး ၊ မစူးစမ်းချင်တော့ဘူး.. တစ်ခုခုဆို Apple ကပဲဝယ်လိုက်မယ်..

ဒါက Apple ကထုတ်သမျှ အကုန်ကောင်းနေရင် ဘာမှမဖြစ်ပါဘူး ဒါပေမယ့် ကိုယ်က Laptop ဝယ်မယ့် အချိန် Apple က နောက်ဆုံးထွက်ထားတဲ့ Macbook က သောက်တလွဲကြီး ဖြစ်နေမယ် တခြား Laptop တွေက အများကြီး ပိုကောင်းပြီး စျေးသက်သာနေတဲ့ အခြေအနေမျိုးမှာ ကိုယ်က Apple Ecosystem experience အပြည့်ရချင်တာနဲ့ ဝယ်မယ်ဆိုရင် ပေးဆပ်လိုက်ရတာ အဖိုးအခများသွားနိုင်ပါတယ်..

𝗚𝗲𝘁𝘁𝗶𝗻𝗴 𝗼𝘂𝘁 𝗼𝗳 𝘁𝗵𝗲 𝗘𝗰𝗼𝘀𝘆𝘀𝘁𝗲𝗺 🏃‍♂️💨

Ecosystem ကထွက်မယ်ဆိုလည်း အပြောလွယ်သလောက် တကယ်တမ်း လက်တွေ့မှာ မလွယ်လှပါဘူး.. ကိုယ့်မှာ Apple Device တစ်ခုထက်ပိုရှိလေ ထွက်ဖို့ ပိုခက်လေ ပိုတိုင်ပတ်လေပါပဲ..

iPhone ပဲရှိတဲ့သူက တခြားဖုန်းလဲချင်ရင် တန်းလဲလိုက်လို့ အဆင်ပြေပေမယ့် AirPods တွေ Watch တွေ Mac တွေပါရှိမယ်ဆိုရင် Ecosystem experience အပြည့်မရတော့မယ့် ကိစ္စတွေ ၊ Android နဲ့ဆို Apple Watch ကသုံးစားမရ ဖြစ်ကုန်မှာတွေ၊ အကုန် Ecosystem တစ်ခုလုံး ပြန်ရောင်းမယ်ဆိုတော့လည်း ပိုက်ဆံအများကြီးရှုံးမယ့် ကိစ္စတွေရှိပါတယ်..

ဒါနဲ့ပဲ Ecosystem ထဲကမထွက်ဖြစ်တော့ပဲ အဲ့ဒီလိုလူ နောက်ဘာဖုန်းလဲမယ်ဆိုတာ အထွေအထူး ဗေဒင်သွားမေးနေစရာ မလိုတော့ပါဘူး..

ကိုယ်က ပစ္စည်းတစ်ခုကို ရေရှည် သုံးမယ့်သူဆို ကိစ္စမရှိပေမယ့် Gadgets တွေအသစ်ပေါ်တိုင်း ခဏခဏလဲကိုင်ချင်တဲ့သူ ကလိချင်တဲ့သူဆိုရင်တော့ Apple ပစ္စည်းတစ်ခုထက်ပိုပြီး ဝယ်ဖို့လုပ်တဲ့ အချိန်တိုင်း အပေါ်ကအချက်တွေကို အနည်းနဲ့ အများတော့ ထည့်စဉ်းစားစေချင်တဲ့အတွက် ဒီစာလေးရေးလိုက်တာပါ..

𝗪𝗿𝗮𝗽 𝘂𝗽👨🏻‍💻

ကဲ ဒီလောက်ဆိုရင်တော့ ကျွန်တော်တို့ ဘာလို့ Apple Products တွေကို စွဲလန်းပြီး တစ်ခုပြီးတစ်ခုဝယ်ချင်နေတယ်ဆိုတာ အကြမ်းဖျဥ်းတော့ သဘောပေါက်သွားမယ်လို့ ယုံကြည်ပါတယ်..

ကဲ ကိုယ်တွေလို Apple ရဲ့ Walls of Garden ထဲမှာ ပိတ်မိနေတဲ့ ဘဝတူတွေရောရှိလား... ဘယ်လိုရောက်လာကြလဲ.. အုတ်တံတိုင်းရဲ့ အပြင်ကိုကျော်ပြီး ကြည့်ဖို့ကြိုးစားနေတဲ့သူတွေရှိလား..ဒါမှမဟုတ် ဒီထဲမှာပဲ တစ်သက်လုံးနေသွားတော့မှာလား... ပို့စ်အောက်က Comment မှာဆွေးနွေးသွားလို့ရပါတယ်... ဒီအထိဖတ်ပေးတာလည်း ကျေးဇူးအထူးပါဗျ 😁🫠

iOS 15.4 Official Update ထွက်ရှိလာပါပြီ•••••••••••••••••••••••••••••••••••••••••••••••••iOS 15.4 မှာဆိုရင်တော့ Face ID က...
15/03/2022

iOS 15.4 Official Update ထွက်ရှိလာပါပြီ
•••••••••••••••••••••••••••••••••••••••••••••••••

iOS 15.4 မှာဆိုရင်တော့ Face ID ကို Mask တပ်ထားပြီး unlock လုပ်နိုင်တဲ့ Feature အသစ်ကို ထည့်သွင်းပေးထားပါတယ်။ ဒီ Feature အသစ်ကတော့ iPhone 12 Series နဲ့ iPhone 13 Series တွေမှာပဲ အလုပ်လုပ်မှာဖြစ်ပါတယ်။ အရင် Update တွေတုန်းကလို Face ID ကို Mask နဲ့ Unlock လုပ်ဖို့ Apple Watch ကို မလိုအပ်တော့ပါဘူး။

ဒါ့အပြင် Emoji အသစ်တွေများစွာလည်း ထည့်သွင်းပေးထားတာဖြစ်လို့ Update အပြုလုပ်သင့်ဆုံး Version တစ်မျိုးလဲဖြစ်ပါတယ်။

တခြားသော Feature တွေများစွာလည်းပါဝင်လာဦးမှာဖြစ်ပြီး SharePlay Feature နဲ့ App တွေဆီ Direct Share လို့ရနိုင်တဲ့ Feature အပါအဝင် iPhone တိုင်းအတွက် Bugs တော်တော်များများကို Fix လုပ်ပေးထားဦးမှာပါ။

ဒါတွေကတော့ လက်ရှိ iOS အသစ် 15.4 မှာ အကြီးမားဆုံးအပြောင်းလဲအနေနဲ့ပါဝင်လာတဲ့ Feature တွေဖြစ်လို့ Update အခုပဲ ပြုလုပ်ဖို့ အကြံပေးလိုက်ပါရစေ။

iPhone 13 Series အစိမ်းရောင်၊ iPhone SE 3 နဲ့ iPad Air 5 အပါအဝင် အလန်းဆုံး Product အသစ်တွေကို မိတ်ဆက်လိုက်ပါပြီ!"Peek pe...
09/03/2022

iPhone 13 Series အစိမ်းရောင်၊ iPhone SE 3 နဲ့ iPad Air 5 အပါအဝင် အလန်းဆုံး Product အသစ်တွေကို မိတ်ဆက်လိုက်ပါပြီ!

"Peek performance" Apple Event မှာ အားလုံးစောင့်မျှော်နေကြတဲ့ iPhone 13 Series အရောင်အသစ်တွေကို မိတ်ဆက်ပေးခဲ့ပြီး၊ Event ရဲ့ နာမည်အတိုင်းပဲ Performance အများကြီး ပိုကြမ်းတဲ့ iPhone SE 3, iPad Air 5, M1 Ultra Chip နဲ့ Mac Studio အသစ်တို့ကိုလည်း ကြေညာခဲ့ပါတယ်။ Studio Display လည်း ပါတယ်နော်!

• iPhone 13 Series အစိမ်းရောင်

အချိန်အကြာကြီး စိတ်ကူးယဉ်ခဲ့ရတဲ့ iPhone 13 Series အစိမ်းရောင်လေးတွေကို အမှန်တကယ် မိတ်ဆက်ပေးလိုက်ပါပြီ! iPhone 13 နဲ့ 13 mini အတွက် Green အရောင်အသစ်ဖြစ်ပြီး၊ iPhone 13 Pro နဲ့ 13 Pro Max အတွက်ကတော့ Alpine Green ဖြစ်ပါတယ်။ ရင့်ကျက်တည်ငြိမ်လွန်းတဲ့ အရောင်အသစ်တွေက လူတွေကို ညို့ယူဖမ်းစားနိုင်လိမ့်ဦးမယ်ဆိုတာ အသေအချာပါပဲ!

• iPhone SE 3

အဓိကပြောင်းလဲမှုကတော့ iPhone 13 Series နဲ့ တူညီတဲ့ အလျင်မြန်ဆုံး A15 Bionic Chip နဲ့ 5G စနစ် ပါဝင်လာခြင်းပဲ ဖြစ်ပါတယ်။ Battery Life အများကြီး ပိုကောင်းလာတဲ့အပြင် အရှေ့နဲ့ အနောက်မှန်တွေမှာ အကြမ်းခံနိုင်ဆုံး စမတ်ဖုန်း Glass ကို အသုံးပြုထားလို့ Durability လည်း အပြည့်ပါပဲ! အရောင်အနေနဲ့ Midnight, Starlight နဲ့ (PRODUCT)RED တို့ကို ရရှိနိုင်မှာပါ။

• iPad Air 5

MacBook တွေနဲ့ iPad Pro မှာ စတင်ပါဝင်ခဲ့ပြီး Performance ကြမ်းလွန်းလို့ ကမ္ဘာကျော်နေတဲ့ M1 Chip ကို iPad Air 5 မှာလည်း ထည့်သွင်းပေးလိုက်ပါပြီ။ 12MP Ultra Wide Front Camera အသစ်နဲ့ Center Stage Feature အသုံးပြုနိုင်မှာဖြစ်ပြီး၊ 5G လည်း ပါလာပြီနော်။ Space Gray, Starlight, Pink, Purple နဲ့ အရမ်းလှတဲ့ Blue အရောင်သစ်လေးတွေကို ရွေးချယ်နိုင်မှာပါ။

• M1 Ultra Chip

အကြမ်းတကာ့ အကြမ်းဆုံး M1 Max Chip ကို နှစ်နဲ့မြှောက်လိုက်ရင် ဘယ်လိုနေမလဲ? အဲ့တာ M1 Ultra ပါပဲ! M1 Family ထဲမှာ နောက်ဆုံးနဲ့ အကြမ်းဆုံးအဖြစ် မိတ်ဆက်လိုက်တဲ့ M1 Ultra Chip မှာ M1 Max Chip နှစ်ခုကို အဆင့်မြင့် UltraFusion နည်းပညာနဲ့ ပေါင်းစပ်ထားပြီး၊ 20-core CPU, 64-core GPU နဲ့ 128GB Unified Memory အထိ ရရှိနိုင်ပါတယ်။ ဘယ်လောက်ကြမ်းမလဲဆိုတာ တွေးသာကြည့်လိုက်တော့နော်!

• Mac Studio

Creative Professional တွေအတွက် Performance အကြမ်းဆုံး M1 Max နဲ့ M1 Ultra တို့ကို ထည့်သွင်းပေးထားတဲ့ Mac Desktop အသစ်ပါ။ လက်ရှိအမြန်ဆုံး iMac ထက်တောင် (၃.၄) ဆ ပိုမြန်ပါသေးတယ်။ Creative တွေအတွက်တော့ တကယ့် Dream Machine ပါပဲ! စိတ်တိုင်းကျ Display နဲ့ တွဲဖက်အသုံးပြုနိုင်ပြီး၊ အလိုက်ဖက်ဆုံးကတော့ Studio Display အသစ်ပေါ့!

• Studio Display

All-screen Design နဲ့ ဖန်တီးထားတဲ့ 27-inch 5K Retina Display အသစ်ဖြစ်ပြီး၊ Camera နဲ့ Audio ကိုပါ အကောင်းဆုံး ပေါင်းစပ်ထားပါတယ်။ Center Stage အသုံးပြုနိုင်တဲ့ 12MP Ultra Wide Camera ပါဝင်ပြီး၊ Six Speaker Sound System နဲ့ Spatial Audio က Pro တွေကိုတောင် လုံးဝအကြိုက်တွေ့စေပါလိမ့်မယ်။ Display တစ်ခုဆိုတာထက် အများကြီး ပိုတယ်နော်!

အစိမ်းရောင် iPhone 13 Series.. ပိုမြန်လာတဲ့ iPhone SE 3.. M1 Chip ပါဝင်တဲ့ iPad Air 5.. အကြမ်းဆုံး ဖြစ်လာတဲ့ M1 Ultra.. Creative တွေအတွက် Mac Studio.. Immersive ဖြစ်လွန်းတဲ့ Studio Display.. မိတ်ဆက်ခဲ့သမျှ Product တွေက အမိုက်စားတွေချည်းပါပဲ! 😍

Apple iPhone နဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေဟာ လူသုံးများတဲ့ JPEG အစား HEIC Format နဲ့ပဲ ထွက်တယ်ဆိုတာကိုတော့ လူတိုင်းသိမှာ...
08/03/2022

Apple iPhone နဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေဟာ လူသုံးများတဲ့ JPEG အစား HEIC Format နဲ့ပဲ ထွက်တယ်ဆိုတာကိုတော့ လူတိုင်းသိမှာပါ။ ဒီ HEIC Format ဟာ အရည်အသွေးပိုင်းကောင်းမွန်ပြီးတော့ File Size ကလည်း JPEG ထက် သိသိသာသာပိုသေးမှာဖြစ်ပါတယ်။

ဒီလိုမျိုး HEIC Format ဟာ အားသာချက်တွေအများအပြားရှိနေပေမယ့် တခြားသော Android ဖုန်းတွေ၊ Windows ကွန်ပျူတာတွေကို ပို့ပေးမယ်ဆိုရင် ဖွင့်လို့မရတဲ့ ပြဿနာတစ်ခုရှိပါတယ်။ ဒါကြောင့် iPhone သုံးတဲ့သူတွေအတွက် HEIC Format အစား JPEG ကို ဘယ်လိုပြောင်းလဲနိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

အရင်ဆုံး ဓါတ်ပုံရိုက်တဲ့အချိန်မှာ HEIC အစား JPEG ကို ပြောင်းလဲဖို့အတွက် Settings ထဲမှာရှိတဲ့ Camera ကို ဝင်ရောက်ရမှာဖြစ်ပါတယ်။​ ပြီးရင်တော့ Formats ထဲမှာ High Efficiency အစား Most Compatibel ကို ရွေးချယ်ပေးလိုက်ရုံပါပဲ။

တကယ်လို့ ကိုယ့် iPhone ထဲက ဓါတ်ပုံတွေကို Mac သို့မဟုတ် Windows PC ကို ရွေ့ပြောင်းတဲ့အချိန်မှာ HEIC အစား JPEG ဖြစ်ချင်တယ်ဆိုရင် အောက်ပါအတိုင်း ပြုလုပ်ရမှာဖြစ်ပါတယ်။

ဒါကတော့ Settings ထဲမှာရှိတဲ့ Photos ထဲကို ဝင်ရောက်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ အောက်ဆုံးမှာရှိတဲ့ Transfer မှာ Keep Original အစား Automatic ကို ရွေးချယ်လိုက်ရုံပါပဲ။ အဲ့ဒါဆိုရင်တော့ ကွန်ပျူတာကို ဓါတ်ပုံတွေ ကူးပြောင်းလိုက်တာနဲ့ HEIC နဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတွေလည်း JPEG Format ဖြစ်သွားမှာပါ။

Address

No. 68, 18th Street, Latha Township
Yangon
11131

Telephone

+9595197982

Website

Alerts

Be the first to know and let us send you an email when The Niche posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Niche:

Share