03/01/2025
ဘာပဲသုံးသုံး စာရင်းမှတ်ပါ...................................
"ကိုယ့်ဘာသာကိုယ်သုံးလို့ ကုန်သွားတာ၊
ဘယ်သူကပြန်လာပေးမှာမို့လဲ..??"
"စာအုပ်ကုန်တာဘဲ အဖတ်တင်လိမ့်မယ်"လို့ပြောတဲ့သူ၊တွေးနေတဲ့သူတွေလည်း ရှိပါလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျနော်လည်း အရင်က အဲလိုတွေးမိခဲ့လို့ပါဘဲ။
စာရင်းမမှတ်ရင် ဒီလကိုယ့်မှာ ဘယ်လောက်ဝင်ငွေရှိလဲဆိုတာမသိရသလို
(ဝန်ထမ်းဘဲလုပ်တယ်ဆိုရင်တော့ သိရပါတယ်)၊
ကုန်ကျစရိတ်/ထွက်ငွေဘယ်လောက်ရှိလဲ ဆိုတာလည်း အတိအကျမသိပါဘူး။
သုံးမိနေမြဲ၊ဖြုန်းမိနေမြဲပါဘဲ။ရရစားစားဘဲဖြစ်နေမှာပါ။
အကြွေးတင်တဲ့လတွေမှာ တင်သလို..
ပိုတဲ့လလည်း သိပ်မစုမိသလိုပါဘဲ။
စာရင်းမှတ်တဲ့အကျင့်လုပ်ဖို့ မိတ်ဆွေတစ်ယောက်ကပြောလို့ ကျနော်လယ်ဂျာစာအုပ်လေးနဲ့စာရင်းစမှတ်ကြည့်တယ်။
"သိလိုက်ရပါပြီ"မလိုအပ်ဘဲနဲ့ သုံးမိတဲ့ အပိုအသုံးစရိတ်တွေကလည်း အများကြီးပဲ။
အပျော်အပါး၊ပွဲလမ်းသွားတဲ့ စရိတ်တွေ၊မဝယ်သင့်တဲ့၊ မဝယ်ရင်လည်းဖြစ်တဲ့ ပစ္စည်း အသုံးအဆောင်တွေကလည်း ဒုနဲ့ဒေးပါ။
နောက်ရက်တွေ နောက်လတွေမှာတော့ မဝယ်မိအောင်၊ မဖြုန်းမိအောင် ဆင်ခြင်လို့ရသွားပါတယ်။
ဝင်ငွေနဲ့ထွက်ငွေတွေ သိရှိနိုင်ဖို့
ရတာထက်ပိုမသုံးမိစေဖို့
အသုံးစရိတ်တွေနည်းပြီးစုမိစေဖို့
သုံးသမျှစာရင်းလုပ်ပါ။