𝙷𝚊𝚜𝚑𝚃𝚊𝚐#

𝙷𝚊𝚜𝚑𝚃𝚊𝚐# Create Your Own Website With HashTag #

19/02/2025
19/02/2025

Node.js လေ့လာနေသူ beginner တွေအတွက်

Node.js ဆိုတာ JavaScript runtime environment တစ်ခုဖြစ်ပြီး server-side programming အတွက် အဓိက အသုံးပြုကြပါတယ်။ Chrome V8 JavaScript engine ပေါ်မှာ တည်ဆောက်ထားတဲ့အတွက် performance မြန်ဆန်ပြီး၊ non-blocking I/O operations တွေကို ကောင်းမွန်စွာ handle လုပ်နိုင်ပါတယ်။

လက်ရှိ tech industry မှာ Node.js ကို လေ့လာသင်ယူသူတွေ များပြားလာရတဲ့ အကြောင်းအရင်းတွေကတော့
၁။ JavaScript developer တွေအနေနဲ့ frontend ရော backend မှာပါ language တစ်ခုတည်းနဲ့ ရေးသားနိုင်တဲ့အတွက် learning curve သက်သာပါတယ်။
၂။ npm (Node Package Manager) မှာ third-party package ပေါင်း ၁.၃ သန်းကျော်ရှိတဲ့အတွက် development process ကို လွယ်ကူမြန်ဆန်စေပါတယ်။
၃။ Real-time applications တွေ၊ microservices တွေ၊ API တွေ တည်ဆောက်ဖို့အတွက် အထူးသင့်တော်ပါတယ်။
၄။ LinkedIn, Netflix, Uber စတဲ့ tech company ကြီးတွေက Node.js ကို အသုံးပြုနေကြတဲ့အတွက် job market မှာ Node.js developer တွေကို လိုအပ်ချက် များပြားနေပါတယ်။
၅။ Active community ကြီးရှိတဲ့အတွက် အခက်အခဲတွေ ကြုံတွေ့ရင် အကူအညီရယူဖို့ လွယ်ကူပါတယ်။
ဒါ့ကြောင့် web development လောကထဲ စတင်ဝင်ရောက်လာသူတွေအနေနဲ့ Node.js ဟာ လူကြိုက်များတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။

🌟 Node.js သင်ထောက်ကူလေ့လာစရာများ 2025 🌟

Node.js ကို လေ့လာနေတဲ့ Developer တွေအတွက် အသုံးဝင်မယ့် Resource တွေကို အပြည့်အစုံ စုစည်းပေးလိုက်ပါတယ်။ Save ထားပြီး လိုအပ်တဲ့အချိန် ပြန်ကြည့်နိုင်ပါတယ်။

📚 သင်ခန်းစာများ (Tutorials)
✅ Node.js Best Practices - https://github.com/goldbergyoni/nodebestpractices
Node.js ရဲ့ အကောင်းဆုံး လုပ်ထုံးလုပ်နည်းတွေကို ဘာသာစကားအမျိုးမျိုးနဲ့ စုစည်းထားပါတယ်။

✅ Nodeschool - https://github.com/nodeschool
Node.js ကို interactive lessons တွေနဲ့ လေ့လာနိုင်ပါတယ်။

✅ The Art of Node - https://github.com/maxogden/art-of-node/ -art-of-node
Node.js အတွက် မိတ်ဆက်သင်ခန်းစာတွေပါ။

✅ module-best-practices - https://github.com/mattdesl/module-best-practices
npm modules တွေ ရေးသားတဲ့အခါ လိုက်နာသင့်တဲ့ အလေ့အထကောင်းတွေပါ။

✅ The Node Way - https://github.com/FredKSchott/the-node-way
Node.js မှာ module တွေ၊ application တွေရေးသားတဲ့အခါ လိုက်နာသင့်တဲ့ လမ်းညွှန်ချက်တွေနဲ့ principles တွေပါဝင်ပါတယ်။

✅ You Don't Know Node.js - https://github.com/azat-co/you-dont-know-node
Node.js ရဲ့ core features တွေနဲ့ asynchronous JavaScript အကြောင်း မိတ်ဆက်ထားပါတယ်။

📱 NPM Package ရှာဖွေရန်
✅ npms.io - https://npms.io
package တွေရဲ့ quality ကို metrics အမျိုးမျိုးနဲ့ analysis လုပ်ပြီး ရှာဖွေနိုင်တဲ့ နေရာပါ။

✅ npm addict - https://npmaddict.com
နေ့စဉ်ထွက်ရှိလာတဲ့ npm packages တွေကို တင်ပြပေးပါတယ်။

✅ npm-compare.com - https://npm-compare.com
npm packages တွေကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

📖 ဆောင်းပါးများ
✅ Error Handling in Node.js - https://sematext.com/blog/node-js-error-handling/
Node.js မှာ error handling လုပ်နည်းများ

✅ Understanding the Node.js Event Loop - https://nodesource.com/blog/understanding-the-nodejs-event-loop/
Node.js ရဲ့ Event Loop အကြောင်း နားလည်အောင်လေ့လာခြင်း

🎥 ဗီဒီယိုများ
✅ Introduction to Node.js with Ryan Dahl - https://www.youtube.com/watch?v=jo_B4LTHi3I
Node.js တီထွင်သူ Ryan Dahl နဲ့အတူ Node.js အကြောင်း မိတ်ဆက်ခြင်း

✅ 10 Things I Regret About Node.js - https://www.youtube.com/watch?v=M3BM9TB-8yA
Node.js တီထွင်သူက Node.js မှာ နောင်တရမိတဲ့ အချက် ၁၀ ချက်အကြောင်း

✅ Node.js Internal Architecture - https://www.youtube.com/watch?v=OCjvhCFFPTw
Node.js ရဲ့ အတွင်းပိုင်း architecture အကြောင်း

📘 စာအုပ်များ
✅ Node.js in Action - https://www.manning.com/books/node-js-in-action-second-edition
✅ Node.js in Practice - https://www.amazon.com/Node-js-Practice-Alex-R-Young/dp/1617290939
✅ Node.js Design Patterns - https://www.nodejsdesignpatterns.com
✅ Express in Action - https://www.manning.com/books/express-in-action
✅ Get Programming with Node.js - https://www.manning.com/books/get-programming-with-node-js

🛠️ Tools များ
✅ RunKit - https://runkit.com
Website တိုင်းမှာ Node.js environment ထည့်သွင်းနိုင်ပါတယ်

✅ npm-hub - https://chrome.google.com/webstore/detail/npmhub/kbbbjimdjbjclaebffknlabpogocablj
GitHub repo readme အောက်ဆုံးမှာ npm dependencies တွေကို ပြပေးတဲ့ Chrome extension

✅ CodeSandbox - https://codesandbox.io/templates/node-http-server
Online IDE နဲ့ prototyping tool တစ်ခုဖြစ်ပါတယ်။

✅ RunJS - https://runjs.app
Desktop JavaScript playground

💡 Online သင်တန်းများ
✅ Learn Node.js with Wes Bos - https://learnnode.com
✅ Real Time Web with Node.js - https://www.pluralsight.com/courses/code-school-real-time-web-with-nodejs
✅ Learn and Understand Node.js - https://www.udemy.com/course/understand-nodejs/
✅ Node.js Full Stack Course - https://kinsta.com/academy/course/node-js-full-stack-developer/

🤝 Community
✅ Stack Overflow - https://stackoverflow.com/questions/tagged/node.js
✅ Reddit - https://www.reddit.com/r/node
✅ Twitter - https://twitter.com/nodejs
✅ Discord - https://discord.com/invite/96WGtJt

မှတ်ချက် - Link တွေအားလုံး ၂၀၂၅ ခုနှစ် အစအထိ active ဖြစ်ပါတယ်။ တစ်ခုခုမရတာရှိရင် comment မှာ ပြောပြနိုင်ပါတယ်။ Happy Learning! 😊


JavaScript Top 5 Beginner Projects !!follow HashTag # for more!!!
20/02/2024

JavaScript Top 5 Beginner Projects !!

follow HashTag # for more!!!

10/02/2024

Parent vs Owner in React

export default function A() {
return (



);
}

export default function Home() {
return ;
}
အပေါ်က code snippet က reactရဲ့ parent child relationship (inheritance )ကိုပြထားတာပဲဖြစ်ပါတယ်
React မှာက state တစ်ခုခု change တာနဲ့ children တွေပါ re-render ဖြစ်တာကြောင့်
Component A က re-render ဖြစ်တာနဲ့ component Bလည်း re-render ဖြစ်မှာပါ
ပြီးတော့ Aကိုခေါ်လိုက်တာနဲ့ Bပါလာမယ်ဆိုပြီး အသေရေးထားတဲ့ပုံစံဖြစ်နေတာပါ တစ်နည်းအားဖြင့် component A နဲ့ component Bဟာ tightly coupled ဖြစ်နေတာပါ

export default function A({children}) {
return {children};
}

export default function Home() {
return (



);
}
ဒီcode snippet ကတော့ ownership (composition) ကိုပြထားတာပဲဖြစ်ပါတယ်
ဒီမှာတော့ component Aက re-render ဖြစ်လည်း component Bက re-render မဖြစ်ပါဘူး Component Aကိုခေါ်လိုက်တာနဲ့ Bကကျိန်းသေပါလာမယ်လို ပြောလိုမရဘူး Bနေရာမှာ တခြား Cတို့ Dတို့လည်း ထည့်ပေးလို့ရတယ်
အဲ့တော့ Aနဲ့ B ဟာ loosely coupled ဖြစ်တယ်လို့ပြောလိုရတယ် အဲ့အတွက်ကြောင့် ပြုပြင်ထိန်းသိမ်းရလွယ်တယ်
React Core Team ကလည်း composition ပုံစံနဲ့ရေးတာကိုပိုပြီး recommend လုပ်ပါတယ်

30/01/2024
how to get user attention or better UX in your website ဒီနေ့မှာတော့ ကိုယ့်ရဲ့website တွေမှာ user experience ပိုကောင်းအော...
26/01/2024

how to get user attention or better UX in your website

ဒီနေ့မှာတော့ ကိုယ့်ရဲ့website တွေမှာ user experience ပိုကောင်းအောင် လုပ်နိုင်မယ့်နည်းလမ်းလေးတစ်ခုကိုမျှဝေပေးပါရစေ
ပုံမှန်ကျွန်တော်တို့websiteတွေမှာ backend ကနေdataသွားယူနေတဲ့အချိန်ဆိုရင် screen ကခဏရပ်သွားတာမျိုးကြုံရတတ်ပါတယ် အဲလိုဆို userက သူခလုတ်နှိပ်မိလား မနှိပ်မိလားမသိတော့ဘဲ မနှိပ်ရသေးဘူးထင်ပြီး ထပ်ခါထပ်ခါပြန်နှိပ်လေ့ရှိတယ် ဒါမှမဟုတ်လည်း နှိပ်လိုက်တာဘာလို့ချက်ချင်းတက်မလာတာလဲ website ကြီးကကြာလိုက်တာ ငါ့စက်များဟမ်းသွားတာလားဆိုပြီး ခံစားမှုမကောင်းတဲ့ negative feeling ကြီးရစေတယ် UIက လှတပတဆွဲထားပြီးမှ UXကြီးကမကောင်းဘူးဆိုရင် ဂွမ်းတာပေါ့

ဒါကိုဘယ်လိုပိုကောင်းအောင်လုပ်မလဲဆိုရင် loading indicator တစ်ခုခုပြသင့်ပါတယ် အဲဒီလို animated loading တစ်ခုခုကိုမြင်နေတဲ့အခါ user ကအာရုံပြောင်းသွားပြီး animation ကိုလိုက်ကြည့်မိပြီး အချိန်ကြာတာသိပ်သတိမထားမိဘူး နောက်တစ်ချက်က အလုပ်လုပ်လို့မပြီးသေးဘူး စောင့်ရမယ်ဆိုတဲ့ message မျိုး userကိုပေးနိုင်တဲ့အတွက် လုပ်ဆောင်ချက်မပြီးသေးဘဲ ပြန်ထွက်သွားတာမျိုးကို userကမလုပ်တော့ဘူး operation failသွားတာမျိုးတွေမဖြစ်နိုင်တော့ဘူးပေါ့
ကဲဟုတ်ပြီ ဘာကြောင့်သုံးသင့်လဲဆိုတာသိပြီးရင် loading အမျိုးအစားဘယ်နှခုရှိလဲ ဘယ်နေရာတွေမှာ ဘယ်လိုမျိုးသုံးသင့်လဲဆိုတာကို ဆက်ပြောပြပေးမယ်

loading ကိုအကြမ်းဖျဉ်းခွဲလိုက်ရင် loop, linear and skeleton ဆိုပြီး အဓိကသုံးမျိုးရှိမယ် အောက်မှာပုံလေးတွေပြထား​ပါတယ်

1. infinite loop
ဒီအမျိုးအစားထဲမှာဆိုရင် အဝိုင်းလေးလည်နေတာတို့၊ သစ်ရွက်လေးကြွေနေတာတို့လို infinite loading တွေပါမယ် ဘယ်အချိန်မှာသုံးသင့်လဲဆိုတော့ လုပ်ဆောင်ချက်တစ်ခုက ဘယ်အချိန်ပြီးမယ်ကြိုမသိနိုင်ဘူး ဒါပေမယ့် အရမ်းလည်းမကြာဘူးဆိုတဲ့အချိန်မျိုးမှာသုံးသင့်တယ် ပျမ်းမျှ ၂စက္ကန့်ကနေ ၁၀စက္ကန့်အတွင်းပြီးနိုင်တဲ့အလုပ်တွေမှာသုံးသင့်တယ်

2. linear progress bar
ဒီအမျိုးအစားထဲမှာဆိုရင် download ဆွဲတဲ့အခါ ရာခိုင်နှုန်းနဲ့ပြတာတို့၊ ဖိုင်တွေကူးတဲ့အခါဘယ်နှဖိုင်ကူးပြီးပါပြီတို့လို တိကျတဲ့infoကိုပြပေးနိုင်တယ် progress တစ်ခုကအရှေ့ကိုပဲဆက်သွားပြီးနောက်ပြန်မဆုတ်ဘူးဆိုတဲ့အခြေအနေတွေမှာသုံးလေ့ရှိတယ် သူ့ကိုတော့ ၁၀စက္ကန့်ထက်ပိုကြာနိုင်တဲ့လုပ်ဆောင်ချက်တွေမှာသုံးသင့်တယ် ဒါ့အပြင်ခန့်မှန်းကြာချိန်ကိုလည်းထည့်ပေးသင့်တယ် ဒါမှuserက အချိန်ကိုစီမံခန့်ခွဲနိုင်မယ်ပေါ့နော်

3. skeleton screen
ဒီအမျိုးအစားဟာဆိုရင် Facebookတို့ YouTubeတို့လို website တွေမှာ စဖွင့်ဖွင့်ချင်းမြင်ရတဲ့screenမျိုးတွေပဲဖြစ်ပါတယ် သူကတခြားloading style တွေထက်ထူးခြားတဲ့အချက်က ရောက်လာမယ့်content တွေကို userကကြိုတင်ခန့်မှန်းလို့ရနေတာမျိုးပေါ့ ဥပမာ ဒီနားလေးက side bar menu လာမယ် ဒီနားမှာ button လေးပါမယ် အဲ့ဒါမျိုးကိုကြိုမြင်ရတဲ့အတွက် userကိုပိုပြီးစိတ်ဝင်စားစေတယ် သူ့ကိုဘယ်အချိန်မှာသုံးသင့်လဲဆိုတော့
Website စတက်တက်ချင်းအချိန်မှာပြသင့်တယ် ၃စက္ကန့်ထက်လည်းမပိုသင့်ဘူး ရလာတဲ့dataကို အရင်ပြထားပြီး ကျန်တဲ့dataကိုဖြည်းဖြည်းချင်းထည့်သွားပြီးပြသင့်တယ်ပေါ့နော်

စာလည်းရှည်ပြီဆိုတော့ ဒီလောက်နဲ့ရပ်ပါတော့မယ် လိုအပ်တာများရှိရင် ဖြည့်စွက်ပြောပြပေးလို့ရပါတယ် နောက်ထပ်လည်း စိတ်ဝင်စားစရာအကြောင်းတွေ အများကြီးတင်ပေးဦးမှာဖြစ်လို့ pageကို like and follow လုပ်ထားဖို့ မမေ့နဲ့နော် 😉

CPU bound VS I/O bound Program တွေကို performance optimization လုပ်ဖို့လိုလာတဲ့အခါတွေမှာ အရင်ဦးဆုံးprofiling ဆိုတာလုပ်ရပ...
19/01/2024

CPU bound VS I/O bound

Program တွေကို performance optimization လုပ်ဖို့လိုလာတဲ့အခါတွေမှာ အရင်ဦးဆုံးprofiling ဆိုတာလုပ်ရပါတယ် ဘယ်နေရာမှာ နှေးသွားလဲဆိုတာရှာပြီး အဲဒီနှေးနေတဲ့နေရာဟာ CPU bound လား I/O bound လားဆိုတာ တိုင်းတာဖို့လိုအပ်ပါတယ်

CPU bound program ဆိုတာကတော့ အတွက်အချက် calculation တွေလုပ်ရတာပိုများပြီးတော့ CPU အပေါ်မှာ အဓိကမှီခိုနေတဲ့ program တွေပဲဖြစ်ပါတယ် CPU bound operation တွေမှာဆိုရင် long CPU bursts တွေအဖြစ်တွေ့ရပါလိမ့်မယ် (ပုံ ၁ ကိုကြည့်ပါ) CPU bursts ဆိုတာက CPUပေါ်မှာ task တစ်ခုကိုအလုပ်လုပ်ရန်ကြာတဲ့အချိန်ပဲဖြစ်ပါတယ် CPU bound ကို ဘယ်လို application တွေမှာအသုံးပြုလဲဆိုရင် weather forecast တွေ၊ AI တွေ၊ game တွေ၊ image resizing တွေ၊ array ထဲကdataရှာတာမျိုးတွေမှာအသုံးပြုလေ့ရှိပါတယ်

I/O bound program ဆိုတာကတော့ input output system တွေအပေါ်မှာ အဓိကမှီခိုနေတဲ့ program တွေပဲဖြစ်ပါတယ် I/O bound operation တွေမှာဆိုရင် short CPU bursts တွေအဖြစ်တွေ့ရပါလိမ့်မယ် (ပုံ ၂ ကိုကြည့်ပါ) ဘယ်လို application တွေမှာအသုံးပြုလဲဆိုရင် word processing တွေ၊ network request တွေ၊ database read/writeတွေ၊ file read/write တွေမှာအသုံးပြုလေ့ရှိပါတယ်
ယေဘုယျအားဖြင့် I/O bound က CPU bound ထက်ပိုနှေးလေ့ရှိပါတယ်

CPU bound နဲ့ I/O bound ကိုခွဲခြားသိပြီးရင် ကိုယ့်program ကိုမြန်လာအောင် ဘယ်လိုလုပ်မလဲ ???

ဥပမာ ကိုယ့်programက database ကို ခဏခဏread/write သွားလုပ်နေလို့ ကြာတာဆိုရင်
၁။ database query optimization လုပ်လို့ရတာတွေရှိရင်လုပ်မယ် query optimization ဆိုတာက complex data တွေကိုထုတ်ယူတဲ့အခါ အမြန်ဆုံးဖြစ်အောင်ဘယ်လိုနည်းလမ်းသုံးမလဲ စဉ်းစားတာဖြစ်ပါတယ် (ဥပမာ table တွေကို join တဲ့အခါ joinပြီးမှ condition စစ်တာထက် table တစ်ခုချင်းစီကို condition စစ်ပြီးမှ joinတာက performance ပိုကောင်းစေတယ်)
၂။ database ကနေတိုက်ရိုက်သွားမယူဘဲ cache ထဲထည့်ထားတာမျိုး လုပ်လို့ရမယ် cache ထဲမှာdata ရှိရင် cache ထဲကပြန်ပေးပြီး cacheထဲမှာမရှိမှ database ကနေသွားယူမယ်
၃။ batch operation အနေနဲ့ multiple records တွေစုထားပြီး အချိန်တစ်ခုကြာမှ database မှာသွားထည့်တာမျိုးလုပ်လို့ရမယ်
၄။ materialized view တွေဆောက်ထားမယ် table တွေအများကြီးကနေ data တွက်ချက်ရတာမျိုးတွေမှာ ကြိုတွက်ထားပြီး သိမ်းထားတာမျိုးလုပ်လို့ရမယ်
၅။ asynchronous အနေနဲ့လုပ်မယ် တစ်ခုပြီးမှတစ်ခုလုပ်တာမျိုးမဟုတ်ဘဲ နောက်ကွယ်ကနေ background processအနေနဲ့ အလုပ်လုပ်ပြီးမှ userကို information ပြန်ပေးမယ်
ဒါ့အပြင်တခြားနည်းလမ်းတွေလည်းရှိနိုင်ပါသေးတယ်

ဥပမာ ကိုယ့်program က calculation တွေကြောင့်ကြာနေတာမျိုးဆိုရင်
၁။ algorithms တွေသုံးဖို့လိုနေလား ဆန်းစစ်မယ်
၂။ thread တွေခွဲပြီး parallel processing အလုပ်လုပ်မယ်
ဒါ့အပြင်တခြားနည်းလမ်းတွေလည်းရှိနိုင်ပါသေးတယ်

တချို့စကားလုံးတွေက မြန်မာလိုအဓိပ္ပာယ်နဲ့ရှင်းရခက်လို့ technical terms တွေအများကြီးနဲ့ရေးလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်
စာလည်းရှည်ပြီဆိုတော့ ဒီလောက်နဲ့ပဲရပ်လိုက်ပါတော့မယ် နောက်ထပ်လည်းစိတ်ဝင်စားစရာအကြောင်းအရာတွေကို ပုံမှန်တင်ဆက်သွားမှာဖြစ်လို့ page ကို like and follow လုပ်ထားဖို့ မမေ့နဲ့နော် 😉

17/11/2023
JavaScript Testing Framwork !!Question:What will the following code log to the console?                The Last Pagefoll...
17/11/2023

JavaScript Testing Framwork !!
Question:What will the following code log to the console?
The Last Page
follow HashTag # for more!!!

Dates can automatically rollover !!Question:What will the following code log to the console?                The Last Pag...
25/10/2023

Dates can automatically rollover !!
Question:What will the following code log to the console?
The Last Page
follow HashTag # for more!!!

Like and follow for more🔈
04/10/2023

Like and follow for more🔈

Address

Hlaing
Yangon
11011

Telephone

+959425212523

Website

Alerts

Be the first to know and let us send you an email when 𝙷𝚊𝚜𝚑𝚃𝚊𝚐# posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝙷𝚊𝚜𝚑𝚃𝚊𝚐#:

Share