AK Gadgets and Gaming

AK Gadgets and Gaming Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AK Gadgets and Gaming, Computer shop, Yangon.

Graphic Card သီးသန့်လိုအပ်သူတွေ အတွက်😊EVGA RTX 3060 12GB LHR - 1550000 MMK Singapore warranty 3 yrs ပါပါမယ် December 10 ...
28/11/2021

Graphic Card သီးသန့်လိုအပ်သူတွေ အတွက်😊

EVGA RTX 3060 12GB LHR - 1550000 MMK
Singapore warranty 3 yrs ပါပါမယ်

December 10 ရက်နေ့မတိုင်ခင်ရောက်ပါမယ်

အရေအတွက် ၁၀ ကဒ်ရပါမယ် ခဗျာ ထပ်လိုချင်ရင်လဲ ထပ်မှာပေးပါမယ်

လိုအပ်တဲ့သူတွေ စရံ ၃ သိန်းကျပ်ပေးပီး reserved လုပ်လို့ရပါတယ်

တခြား gpu တွေလဲ December လဆန်းအတွင်းဆိုင်ပြန်ဖွင့်တာနဲ့ System Unit နဲ့ တွဲပီးရောင်းပေးပါမယ် ခဗျာ

PC ဆင်ချင်တဲ့သူတွေလဲ cb မှာလာပီးတိုင်ပင်လို့ရပါတယ် ခဗျာ

warranty claim ဖို့ နဲ့ service ပြမယ့် customer တွေလဲ cb မှာ စာရင်းလာပေးထားလို့ရပါတယ် ခဗျာ ကိုယ်တိုင်မလာနိုင်တဲ့သူတွေကို ဆိုင်​ဖွင့်တာနဲ့ အိမ်အရောက်လာသယ်ပီး fixed ပေးပါမယ်ခဗျာ

(စိတ်ရှည်သီးခံပီးစောင့်ပေးကြတဲ့ customer အားလုံးကို ကျေးဇူးတင်ပါတယ်ခဗျာ)

အဆင်မပြေမှူတွေရှိခဲ့ရင်လဲ အနူးအညွတ်တောင်းပန်ပါတယ် 🙏

Gamer တွေ အကြိုက် Refresh Rate များများနဲ့ AOC G2 နဲ့ G3 series Gaming Monitor တွေကို 3 years official warranty အပြည့်ဖြ...
17/11/2021

Gamer တွေ အကြိုက် Refresh Rate များများနဲ့ AOC G2 နဲ့ G3 series Gaming Monitor တွေကို 3 years official warranty အပြည့်ဖြင့် AK မှာ မကြာခင် instock ရွေးချယ် ဝယ်ယူလို့ရပါမယ် ခဗျာ 😊

Price List .................. Coming Soon

CB for more Details.

12th gen ❤❤❤
28/10/2021

12th gen ❤❤❤

admin တို့ ဆိုင်ပြန်ဖွင့်တာနဲ့  Article လေးတွေပါ အပတ်စဥ် ပြန်ပီးတင်ပေးသွားပါမယ် 🤗
18/10/2021

admin တို့ ဆိုင်ပြန်ဖွင့်တာနဲ့ Article လေးတွေပါ အပတ်စဥ် ပြန်ပီးတင်ပေးသွားပါမယ် 🤗

ဘဝတူ ပိန်းဥတွေအတွက် ရေးတဲ့စာ အပိုင်း (၁)

ကျွန်တော်ဒီလို Caption ရေးထားလို့ သင်စိတ်ဆိုးသွားလား 🤔ဘာလို့ဒါမျိုး Caption တပ်ထားလဲဆိုတာရှင်းပြပေးပါမယ်

ကျွန်တော်အပါအဝင် လူတိုင်းဘဝမှာ တစ်ခါတော့ ပိန်းဥ လို့ အပြောခံဘူးကြမှာပါ

လူတစ်ယောက်က နယ်ပယ်တိုင်းမှာ တက်သိနားလည်ကျွမ်းကျင်တယ်ဆိုတာ မရှိနိုင်ပါဘူး ဘယ်လောက်တော်ပါတက်ပါစေ သူအားနည်းတဲ့ နေရာ ဆိုတာရှိမှာသေချာပါတယ်

ကိုယ်နဲ့မသိတဲ့ မကျွမ်းကျင်တဲ့နယ်ပယ်ကို မသိတာ နားမလည်တာ (ပိန်းဥဖြစ်နေတာ) ဟာ ရှက်စရာမဟုတ်ပါဘူး သိချင်ယောင်ဆောင်ပီး တက်ယောင်ကား ဆရာပတ်လုပ်နေတာမှ ပိုပီးရှက်ဖို့ကောင်းပါတယ်

ကျွန်တော်လဲ ကျွမ်းကျင်တက်သိလွန်းလို့မဟုတ်ပေမယ့် ကျွန်တော့်လို လေ့လာနေဆဲသူတွေအတွက် သိသင့်သိထိုက်တဲ့ computer နဲ့ပတ်သက်တဲ့ အချက်အလက်လေးတွေကို Article လေးတွေရေးပေးသွားပါမယ်

🔥ဒီတစ်ပတ်မှာတော့ ကျွန်တော်တို့ Page ရဲ့ Chat Box မှာ အမေးအများဆုံးဖြစ်တဲ့ CPU အကြောင်းတွေထဲက တစ်ခုဖြစ်တဲ့ CPU Model တွေရဲ့ နောက်ဆုံးမှာတွေ့ရတဲ့ English Alphabet တွေရယ် အဓိပ္ပာယ်အကြောင်းလေးတွေကို ဖြေပေးချင်ပါတယ်

လူတိုင်းသိကျတဲ့ Intel 🔵 နဲ့ AMD Ryzen 🔴 မှာ Intel ကိုစပြောပြပါမယ်

Intel CPU တွေမှာ လူအသိများဆုံး Alphabet က K နဲ့ U ပါ

🔵 K
Model ဂဏန်းရဲ့နောက်မှာ K ပါတဲ့ CPU တစ်လုံးက Unlocked ဖြစ်ပြီးသား Overclock လုပ်လို့ရတဲ့ CPU ပါ

Eg . Intel Core i7-8700K

🔵 U

U ကလဲ လူအများစုသိကြတဲ့ Laptop CPU တွေမှာပါလေ့ရှိတဲ့ Alphabet ပါ Ultra-Low Power ကို ကိုယ်စားပြုတာပါ

Laptop တွေအတွက် power consumption နည်းအောင် (ပါဝါစားသက်သာ​အောင်) အဓိကပြုလုပ်ထားတဲ့ CPU တွေပါ

Performance ကလဲ Core i7 ဖြစ်နေရင်တောင် ရိုးရိုးဘာ alphabet မှ မပါတဲ့ desktop CPU တွေနဲ့ယှဉ်ရင်သိသိသာသာညံ့နေတက်ပါတယ်

Eg. i3-6100U

🔵 H

H ပါတဲ့ CPU တွေကတော့ Laptop CPU တွေမှာ Performance ကိုပိုကောင်းဖို့အတွက် Power Consumption ကိုမြှင့်တင်ထားတဲ့ CPU ပါ Gaming Laptop တွေမှာ အများဆုံးတွေရပါတယ်

(Ps.သူလဲ generation တူ desktop CPU ကိုတော့မမှီပါဘူး)

🔵 HK

Gaming Laptop အကြမ်းစားတွေမှာပါတဲ့ CPU တွေမှာတော့ HK ဆိုတာမျိုးတွေ့ရမှာပါ

အပေါ်က Power Consumption တင်ထားတဲ့ (h)High Performance CPU တစ်လုံးကို Overclock ပါ လုပ်လို့ရအောင် Optimized ပြုလုပ်ပေးထားတဲ့ CPU ပါ

Eg . i9-8950HK

🔵 F

F နဲ့ ဆုံးတဲ့ CPU တွေက ပုံမှန် Intel CPU တွေမှာပါနေကျ Intel Integrated GPU (intel HD graphic) မပါတဲ့ CPUတွေပါ ဒါကြောင့်သူက on board graphic မထွက်ပေးနိုင်တာမလို့ Graphic card မတပ်ပဲသုံးတာ or Motherboard မှာ HDMI သွားထိုးတာမျိုးဆိုရင် Monitor မှာ ရုပ်မြင်ရမှာ မဟုတ်ပါဘူး

Graphic card လိုကိုလိုပါတယ် သူက ပုံမှန် CPU တွေထက်လဲစျေးပိုသက်သာပါတယ်

Eg . 2019 မှာ အရမ်းတန်ပီးလူသုံးများသွားတဲ့ i5-9th gen ထဲက i5-9400F ပါ

🔵 KF

KF ကတော့ Overclock လုပ်လို့ရပြီး Integrated Graphic မပါတဲ့ CPU ပါ

Eg . i7-9700KF

Intel အကြောင်းကို ပုံမှန်လူတိုင်းသိသင့်သလောက် ရေးပီးသွားပီဆိုတော့ AMD CPU တွေ အကြောင်းရေးပြပေးပါမယ်

AMD မှာက OC ( Overclock ) လုပ်လို့ရတဲ့ CPU သီးသန့်မရှိပါဘူး AMD CPU အများစုက OC (overclock) လုပ်လို့ရပါတယ်

🔴X

AMD (Ryzen) processor တွေမှာ X နဲ့ဆုံးတာတွေက XFR or Xtended Frequency Rate လို့ပြောချင်တာပါ

အကြမ်းဖျင်းနားလည်အောင်ဆိုရင် X မပါတဲ့ ရိုးရိုးတွေထက် Higher Performance Higher Clock Speed ရတဲ့ CPU တွေပါ

X ပါတဲ့ CPU တွေက ရိုးရိုး X မပါတဲ့ CPU တွေထက် Clock speed သာမက Cache Memory, PCIe Lane အရေအတွက် စတဲ့ Technical Specifications တွေမှာလဲ သာတက်ပါတယ်

Eg .
✅Ryzen 5 3500x (6C / 6T , 3.6 GHz , Cache Memory 32MB , PCIe Lanes 20)
Vs
✅Ryzen 5 3500 (6C / 6T , 3.6 GHz , Cache Memory 16MB , PCIe Lanes 16)

🔴XT

အခုနောက်ဆုံးထွက်ထားတဲ့ XT CPU တွေက X CPU ထက် Clock Speed ပိုများလာတဲ့ CPU တွေပါ

ကျွန်တော့်ဦးနှောက်သေးသေးလေးနဲ့ ဝေဖန်ရမယ်ဆိုရင် Ryzen 3000XT CPU တွေက AMD ရဲ့ ဘာဖြစ်ချင်လို့ ဖြစ်ချင်နေမှန်းမသိတဲ့ CPU တွေလို့ ထင်ပါတယ်

Ryzen 3000 CPU တွေက Intel latest 10th Generation CPU တွေကို Performance အရရော Global Market မှာရောနိုင်ပီးသားပါ

ဒါကို clock speed မြင့်တာတွေ တစ်နှစ်အတွင်း ထက်ထုတ်တယ်ဆိုတော့ အရင် Ryzen 3000 Series ဝယ်ပီးသားသူတွေကို စိတ်ညစ်စေချင်တာလား သူ Kill ပီးသား Intel CPU တွေကို နောက်တစ်ခါထပ်သေစေချင်တာလား မသိတော့ပါဘူး

ကျွန်တော့်အမြင်တော့ နွားသေကြိုးတုပ်ရိုက်တာ အကျိုးမရှိဘူးလို့ထင်ပါတယ် 😅

Eg . Ryzen 5 3600xt

🔴 U , H

AMD မှာလဲ laptop processor တွေမှာပါတဲ့ U,H တွေက Intel နဲ့ကိုယ်စားပြုတာချင်းအတူတူပါပဲ

🔴G

Gပါတဲ့ Cpu တွေက Ryzen တွေထဲမှာ ရှားပါး Integrated Graphic Processor ပါ၀င်တဲ့ CPU တွေပါ

(On board ရပါတယ် motherboard မှာ HDMI ထိုးရင် ရုပ်လာပါတယ်)

Eg . Ryzen 3 3200g

🔴GE

GE CPU တွေကတော့ integrated Graphic ပါ (on board) ရပီး power စားသက်သာတဲ့ CPU တွေပါ

စာလဲရှည်ပီဆိုတော့ ဒီလောက်ပါပဲ 😁

တခြားကျန်တဲ့ Alphabet လေးတွေရှိသေးပေမယ့် လူသုံးများပီး သိသင့်တဲ့ မြင်နေကြကောင်လေးတွေကိုပဲရေးပြထားပေးပါတယ် 🙏

အမှားပါရင်လဲဝင်ပီး ဝေဖန်ထောက်ပြဆွေးနွေးလို့ရပါတယ်

သင့်အတွက်အကျိုးရှိမယ်လို့ ယူဆရင်လဲ share ပေးသွားကြပါဦး

နောက်လဲ Admin သိသလောက် PC နဲ့ ပတ်သက်တဲ့ Article လေးတွေ အတက်နိုင်ဆုံးရေးပီး တင်ပေးပါမယ်

Share ပေးချင်းဖြင့်ကူညီပေးကြပါ ကူးယူဖော်ပြချင်းမလုပ်ရန်လဲ မေတ္တာရပ်ခံပါတယ်

💕
18/10/2021

💕

Admin ကျန်းမာရေး လူမှုရေး ကိစ္စလေးတွေကြောင့်ဆိုင်ပိတ်ထားတာ အရမ်းကြာသွားလို့ customer တွေ အားလုံးကို အနူးအညွတ်တောင်းပန်ပါ...
17/10/2021

Admin ကျန်းမာရေး လူမှုရေး ကိစ္စလေးတွေကြောင့်ဆိုင်ပိတ်ထားတာ အရမ်းကြာသွားလို့ customer တွေ အားလုံးကို အနူးအညွတ်တောင်းပန်ပါတယ် ခဗျာ

ကျွန်တော်တို့ AK Gadgets & Gaming ကို မကြာခင်မှာ မတူကွဲပြားတဲ့ ပုံစံနဲ့ ဆိုင်အသစ် နဲ့ အတူ customer တွေ စိတ်တိုင်းကျ ရွေးချယ်ပီးဆင်လို့ရအောင် ပြန်ပီးဖွင့်ပါမယ်

Custom Liquid Cooling အပါအဝင် တခြား PC နဲ့ ပတ်သက်ပီး modified လို့ရမယ့် service တွေကို ပါ အတန်ဆုံးစျေးနဲ့ အကောင်းဆုံး ဝန်ဆောင်မှူပေးသွားမှာပါ

ဆိုင်ပြန်ဖွင့်ခါစ တစ်လမှာ Game Data တွေကို မည်သူ့ကိုမဆို တစ်နေ့ ၅ ခု အခမဲ့ ကူးပေးသွားပါမယ်

ဆိုင်ပိတ်ထားစဥ်ကာလအတွင်း service ပြဖို့ warranty claim ဖို့စောင့်နေတဲ့ customer တွေလဲ page messenger မှာ စာလေးတွေနဲ့ ဖုန်းနံပါတ်ပို့ပေးထားပါခဗျာ

ပြန်ဖွင့်မယ့်ရက်ကို page ကနေ ပဲ ထပ်ပီးတင်ပေးပါမယ် ခဗျာ

စိတ်ရှည်သီးခံပီး စောင့်ပေးကြတဲ့ customer အားလုံးကို ကျေးဇူးတင်ပါတယ် ခဗျာ

🥇PXN V9 Racing Wheel - 150000 MMK🔥900 Degree Steering🔥-For PC/PS4/PS3/Switch/X Box နောက်ဆုံးလက်ကျန်တစ်လုံးပဲရှိပါမယ် လတ်...
15/06/2021

🥇PXN V9 Racing Wheel - 150000 MMK

🔥900 Degree Steering🔥

-For PC/PS4/PS3/Switch/X Box

နောက်ဆုံးလက်ကျန်တစ်လုံးပဲရှိပါမယ်

လတ်တလောမှာ ဆိုင်ပိတ်ထားတာမလို့ Delivery Only ပဲရပါမယ်

💰အိမ်ရောက်မှ cash ရှင်းလို့ရပါတယ်
KBZ , CB , Kpay , AYA နဲ့လဲရပါတယ်
(၅၀၀၀ ပိုပေးရပါမယ်)

ရန်ကုန်အတွင်း နေ့တွင်းချင်းအရောက်ပို့

-delivery - 2500 ကျပ်ပါ

✅AK Gadgets and Gaming

09451793622 / 09688825577

ချစ်ခင်လေးစားရပါသော customer များသို့ ပန်ကြားလွှာ 🙏⭐️ကျွန်တော်တို့ဆိုင်ကို မကြာမီရက်ပိုင်းအတွင်း ပြန်ဖွင့်ဖို့ စီစဉ်ထားပ...
14/02/2021

ချစ်ခင်လေးစားရပါသော customer များသို့ ပန်ကြားလွှာ 🙏

⭐️ကျွန်တော်တို့ဆိုင်ကို မကြာမီရက်ပိုင်းအတွင်း ပြန်ဖွင့်ဖို့ စီစဉ်ထားပါတယ်

✅Delivery နဲ့ ပြန်ပို့ပေးဖို့ စီစဉ်ထားတဲ့ warranty ပြန်လဲထားတဲ့ monitor , system unit တချို့ကို ၁၆.၂.၂၀၂၁ မှာ တစ်ပြိုင်နက်ထဲ ပို့ပေးသွားပါမယ်

✅အချိန်ပြည့် ဖုန်းမကိုင်နိုင်ချင်းကြောင့် လက်မခံလိုက်ရတဲ့ phone call များနဲ့ message တွေ အတွက် အနူးအညွတ်တောင်းပန်ပါတယ် ခဗျာ 😓 page message တွေကိုလဲ တစ်ခုချင်းပြန်ဖြေပေးဖို့ ကြိုးစားနေပါတယ် ခဗျာ

✅စိတ်ရှည်သီးခံပီး စောင့်စိုင်းပေးတဲ့ customer တွေ အားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်

လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို အတူတူကြိုးစားတွန်းလှန်ကျပီး လွတ်လပ်ငြိမ်းချမ်းတဲ့ နေ့ရက်တွေမှာ ပြန်စုံချင်ပါတယ်

အားလုံး စိတ်ချမ်းသာပီး ပျော်ရွှင်ကြရပါစေလို့ ကျွန်တော်တို့ admin team က ဆုတောင်းပေးနေပါတယ် ခဗျာ 😊

🔥 Clean & Simple RX5500XT 8GB Gaming PC 🔥System Unit Specifications ⭐️Ryzen 5 3500x⭐️Gigabyte B450m DS3H ⭐️Hyper X Fury ...
30/01/2021

🔥 Clean & Simple RX5500XT 8GB Gaming PC 🔥

System Unit Specifications

⭐️Ryzen 5 3500x

⭐️Gigabyte B450m DS3H

⭐️Hyper X Fury RGB 3200MHz 16GB (8GB x 2 Dual Channel)

⭐️Gigabyte Gaming OC RX5500XT 8GB (Triple Fan)

⭐️Kingston A2000 250GB M.2 NVME ssd

⭐️Seagate Barracuda 1TB HDD

⭐️Corsair CV650 80 plus Bronze

⭐️Huntkey Tower Gaming case

⭐️6xRGB Fan + remote controller

⭐️AMD Wraith Prism Cpu cooler

System Unit Only - 12 lkhs

အသေးစိတ်ထပ်ပီး သိချင်တာရှိရင် 09688825577 or CB မှတစ်ဆင့် အားမနာပဲ စိတ်တိုင်းကျ ဆက်သွယ်မေးမြန်းနိုင်ပါတယ်

————————————————————————

✅အကုန် အသစ် warranty အပြည့် Brand New Parts တွေကိုသာ ရောင်းပါတယ်

❌Second Hand (used) နဲ့ Low Quality (reliable မဖြစ်တဲ့) brand components တွေကို လုံးဝမသုံးပါဘူး ခဗျာ

————————————————————————

💓AK Gadgets & Gaming

No.540 , KhaymarThi Road , North Okklapa.

(မြောက်ဥက္ကလာပ အဝိုင်းအနီး NOX Esports အပေါ် ပထမထပ်)

09688825577 , 09451793622

Opening Hours - 10AM to 6:30PM

Covid-19 ကာလအတွင်းမှာ ဆိုင်ကို လာရောက်မယ်ဆိုရင် တစ်နာရီဝန်းကျင်ခန့် ဖုန်းလေးကြိုဆက်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ် 🙏

GPU စျေးတွေက အရမ်းတက်နေပါပီ 😖-မင်မင်တို့ဆိုင်ကတော့ လက်ကျန်တွေရှိတဲ့ နောက်ဆုံးအချိန်ထိတော့ စျေးကို တောင့်ခံပေးထားပေမယ့် က...
28/01/2021

GPU စျေးတွေက အရမ်းတက်နေပါပီ 😖

-မင်မင်တို့ဆိုင်ကတော့ လက်ကျန်တွေရှိတဲ့ နောက်ဆုံးအချိန်ထိတော့ စျေးကို တောင့်ခံပေးထားပေမယ့် ကုန်ခါနီးနေပီ မလို့ မကြာခင်ရက်ပိုင်းအတွင်း လိုက်တက်ရပါတော့မယ် 😢

-PC ဆင်ဖို့ plan ရှိရင် အမြန်ဆုံးသာ reserved လှမ်းလုပ်ထားပီး လာခဲ့ကြပါ

အသေးစိတ်ထပ်ပီးသိချင်တာရှိရင် 09688825577 or CB .

Memory chip ဈေးနှုန်းကြီးမြှင့်လာမှုနဲ့အတူ ဈေးထပ်မံတက်လာအုံးမည့် Graphics ကတ်ဈေးကွက်
- - - - - -

ယခုကာလဟာ PC နဲ့ console နယ်အတွင်း အစစအရာရာရိုက်ခတ်မှုအကြီးမားဆုံးအချိန်ကိုရောက်နေတာပါ။

ပြင်ပဈေးကစားသူတို့ရဲ့လက်ချက်ကြောင့် PC အစိတ်အပိုင်း (အထူးသဖြင့် ဂရပ်ဖစ်ကတ်) များဟာ မူလသတ်မှတ်ဈေးထက်များစွာမြင့်တက်နေလျက်ရှိနေသလို ပြီးခဲ့တဲ့ ရက်သက္တပတ်အတွင်းကလည်း ASUS, EVGA, Zotac စတဲ့ AIB တွေကနေ သူတို့ရဲ့ ဂရပ်ဖစ်ကတ်တွေကို ဈေးနှုန်းအနည်းငယ်တိုးမြှင့်သွားမှာဖြစ်ကြောင်း ကြေညာထားပြီးသားလည်းဖြစ်ပါတယ်။

ယခုလည်းထပ်မံပြီး ဂရပ်ဖစ်ကတ်ဈေးကွက်အတွက် အကြပ်ရိုက်စရာတစ်ခုပေါ်လာပါတယ်။

NVIDIA RTX 30 series နဲ့ AMD RX 6000 series တွေမှာ အဓိကအသုံးပြုတဲ့ memory chip (GDDR6/6X) အတွက် ထုတ်လုပ်မှုစရိတ်ကြီးမြှင့်လာတဲ့အတွက် ဂရပ်ဖစ်ကတ်တွေရဲ့ဈေးကို နောက်ထပ်ထပ်တိုးသွားအုံးမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါဈေးတိုးမြှင့်မှုဟာ လာမည့် ဖေဖော်ဝါရီလထဲမှကျရောက်မဲ့ တရုတ်နှစ်သစ်ကူးအပြီးမှာ စတင်အသက်ဝင်လာမှာဖြစ်တယ်လို့ဆိုပါတယ်။

NVIDIA နဲ့ AMD တို့ကိုယ်တိုင် ဂရပ်ဖစ်ကတ်ဈေးကွက်ဟာ မတ်လ အကုန်လောက်မှ ပုံမှန်အတိုင်းပြန်ဖြစ်နိုင်မယ်လို့လည်း မတင်မကျပြောထားတဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် ဂရပ်ဖစ်ကတ်သစ်ဝယ်ဖို့ရာအားခဲထားတဲ့ PC gamer တွေအတွက် စိတ်နောက်ကျိစရာကာလတစ်ခုပါပဲ။

Source: !
Photo:

အကုန်အကျအရမ်းမများပဲ သင့်တင့်တဲ့စျေးနှုန်းနဲ့ အကောင်းဆုံး Gaming Monitor တစ်လုံးကိုရှာနေတဲ့သူတွေအတွက်ပါ ⭐️✅Gaming Monito...
28/01/2021

အကုန်အကျအရမ်းမများပဲ သင့်တင့်တဲ့စျေးနှုန်းနဲ့ အကောင်းဆုံး Gaming Monitor တစ်လုံးကိုရှာနေတဲ့သူတွေအတွက်ပါ ⭐️

✅Gaming Monitor တွေ ဖြစ်တဲ့အတွက် 1ms response time ,
နဲ့ 144hz , 165hz , 200hz refresh rate တွေကိုသာရွေးချယ်ဖော်ပြပေးထားပါတယ်

✅သင့်တင့်တဲ့စျေးနှုန်း,ကောင်းမွန်တဲ့ Build Quality, Reliable Brand,စိတ်ချရတဲ့ warranty တွေနဲ့မလို့ စိတ်တိုင်းကျရွေးချယ်ပီး စိတ်ကြိုက်ဆော့ကစားနိုင်ပါတယ်

———————————————————————————

ရန်ကုန်မြို့အတွင်း နေ့တွင်းချင်း Cash On Delivery 🚚 အိမ်ရောက်ငွေချေစနစ်ရှိပါတယ်

🔥Delivery Charges လုံးဝပေးစရာမလိုပါ

အခုမှာရင် ခဏနေအိမ်ရှေ့ကို ရောက်လာမှာနော် 😋

Order များကိုတော့ 09688825577 ကို ဖုန်းဆက်ပြီး ဖြစ်ဖြစ် ၊ Page Message Box မှ ဖြစ်ဖြစ် မှာယူနိုင်ပါတယ်

—————————————————————

ကိုယ်တိုင်လာရောက် စမ်းသပ်ဝယ်ယူချင်ရင်တော့

💓AK Gadgets & Gaming

No.540 , KhaymarThi Road , North Okklapa.

(မြောက်ဥက္ကလာပ အဝိုင်းအနီး NOX Esports အပေါ် ပထမထပ်)

09688825577 , 09451793622

Opening Hours - 10AM to 6:30PM

Covid-19 ကာလအတွင်းမှာ ဆိုင်ကို လာရောက်မယ်ဆိုရင် တစ်နာရီဝန်းကျင်ခန့် ဖုန်းလေးကြိုဆက်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ် 🙏

ဒီနေ့လာဆင်သွားတဲ့ Streaming Setup လေးပါခဗျာ 💓✅Specifications -Ryzen 5 3600 (6 cores / 12 threads)-Asrock B450m Steel Leg...
26/01/2021

ဒီနေ့လာဆင်သွားတဲ့ Streaming Setup လေးပါခဗျာ 💓

✅Specifications

-Ryzen 5 3600 (6 cores / 12 threads)

-Asrock B450m Steel Legend

-Hyper X Fury RGB 3200MHz 32GB (16GB x 2)

-iGAME GTX 1660ti Ultra 6GB (Triple Fan)

-Kingston A2000 250GB M.2 NVME ssd

-Seagate Barracuda 500GB HDD

-Corsair CV650 80 plus Bronze

-Huntkey Gaming Case (white) +3xRGB Fan + remote controller

-ID Cooling Zoomflow 240mm AIO cooler 

—————————————————————

🔥System Unit Only - Around 14.5 Lkhs

Free Gift 🎁-Logitech G102 lightsync Gaming Mouse

💓AK Gadgets & Gaming

No.540 , KhaymarThi Road , North Okklapa.

(မြောက်ဥက္ကလာပ အဝိုင်းအနီး NOX Esports အပေါ် ပထမထပ်)

09688825577 , 09451793622

Opening Hours - 10AM to 6:30PM

Covid-19 ကာလအတွင်းမှာ ဆိုင်ကို လာရောက်မယ်ဆိုရင် တစ်နာရီဝန်းကျင်ခန့် ဖုန်းလေးကြိုဆက်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ် 🙏

Address

Yangon

Telephone

+959688825577

Website

Alerts

Be the first to know and let us send you an email when AK Gadgets and Gaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category