28/05/2026
#အမှတ်တရမှတ်တိုင်များဆီသို့
2021 ဝန်းကျင်
Digital Marketing စလုပ်တော့
အမတစ်ယောက်ရှိတယ်
အဲအမသိတာ Boost ရင်ရောင်းရမယ်
ကျန်တာ သိပ်မသိဘူး
Post ဖြစ်ရင် ပြီးရော Copy ယူတင်တယ်
အဲအချိန်တုန်းက ကိုယ်ကလဲ စလုပ်တဲ့အလုပ်
အလုပ်အပ်တဲ့လူနည်းတော့
Content တွေကအစရေးပေး
Post တွေဒီလိုလေးတင် ဒါမျိုးလေးလုပ်
ဒီလောက်သုံးကြည့် အဲအမကတကယ်လဲကြိုးစားတယ်
ကိုယ်ကလဲ လိုအပ်တာပြောပြတယ်
အစပိုင်း သူများဆီယူရောင်းတယ်
ဖြည်းဖြည်းချင်း ကိုယ့်ဆိုင်ကပစ္စည်းတွေ
ရောင်းလာတယ်
တစ်ခုမကောင်းတာက လိုချင်တာရှိရင်
ဂျီကျ content free ရေးခိုင်း ဈေးတွေစစ်ပေမယ့်
အရမ်းကြိုးစားတယ် ပြိုင်ဆိုင်လိုစိတ်ပြင်းတယ်
သူ့အဖွဲ့ထဲသူက နံပါတ် ( ၁) ဘဲလိုချင်တာ
လိုချင်တာရဖို့ ရဲရဲလုပ်တယ် တကယ်လဲ
နံပါတ် ( ၁ ) ဖြစ်နယ်
$ ထပ်တိုးသုံးရင် ဒီလောက်ရောင်းရမှာ
သုံးမလားဆို သုံးတာဘဲ တွေးမနေဘူးသုံး
အခုကျတော့ လက်ကားဒိုင်တွေရော
လက်ကားဆိုင်တွေရော
စက်ရုံတိုက်ရိုက်ကိုယ်စားလှယ်တွေယူပြီး
ရတဲ့နည်းနဲ့ လုပ်ငန်းကြီးအောင်ကြိုးစားနေတာ
ဝမ်းသာစရာပါခင်ဗျာ ...
လုပ်ငန်းသေးသေးလေးကနေ
ခုချိန်ထိ ယုံယုံကြည်ကြည်လက်တွဲပေးတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ ။
ဘာဘဲဖြစ်ဖြစ်ပွင့်ပွင်းလင်းလင်း
သိချင်တာမေး လိုချင်တဲ့ပုံပြောပြ
ဖြစ်ချင်တာကို အတူကြိုးစားတဲ့အခါ
ဖြစ်မလာစရာ အကြောင်းကိုမရှိပါ
ရှေ့ဆက်အမြဲမပြတ် အောင်မြင်မှု့တွေဆီ
အတူတူ ချီတက်ကြပါမယ်ခင်ဗျာ ။
အားလုံးကျေးဇူးအထူးပါ 🙏
#အမှတ်တရမှတ်တိုများ