Alpha Gears - Electronics Accessories Retail and Wholesale

Alpha Gears - Electronics Accessories Retail and Wholesale Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Alpha Gears - Electronics Accessories Retail and Wholesale, Electronics Store, Yangon.

💛
12/11/2021

💛

C-23WWAC / DC Adapter Specification:DC 12V-24V2.4 APrice = 2200 ကျပ်🍀လက်လီ၊လက်က္ကား နှင့် နယ်အော်ဒါများ လက်ခံလျက် ရှိပါသ...
02/11/2021

C-23WW
AC / DC Adapter

Specification:
DC 12V-24V
2.4 A

Price = 2200 ကျပ်

🍀လက်လီ၊လက်က္ကား နှင့် နယ်အော်ဒါများ လက်ခံလျက် ရှိပါသည်။🚚🚛🚛

🍀ဝယ်ပြီးပစ္စည်းများကိုလည်း အပျက်အစီးများကို တစ်ပတ် အတွင်း ပြန်လည် အလဲပေးသော စနစ်ဖြင့် ဆောင်ရွက်ပေးပါတယ်။
==================
🍀အိမ်အရောက်ပို့ဆောင်ပေးပို့မှာယူလိုတယ်ဆိုရင် ဖုန်း ၀၉၆၇၈၀၇၃၉၂၅ / ၀၉၅၀၃၄၂၉၀

🍀မိတ်‌ဟောင်းမိတ်သစ်များကိုအထူးပင်‌ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

ဖုန်း ၀၉၆၇၈၀၇၃၉၂၅ / ၀၉၅၀၃၄၂၉၀ ☎️☎️☎️

ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့သူတွေအဖို့ Marketing ခေါင်းစဉ်အောက်မှာ Lighting နဲ့ Colour တွေအကြောင်းကိုထည့်မစဉ်းစားခဲ့ဘူး...
29/10/2021

ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့သူတွေအဖို့ Marketing ခေါင်းစဉ်အောက်မှာ Lighting နဲ့ Colour တွေအကြောင်းကိုထည့်မစဉ်းစားခဲ့ဘူးဆိုရင် ဒီ post လေးကိုဆုံးအောင်ဖတ်ပေးပါ။

Lux Review(UK) ရဲ့လေ့လာတွေ့ရှိချက်အရ အလင်းရောင် ဒီဇိုင်းအပေါ်မှာမူတည်ပြီး ဆိုင်တစ်ဆိုင်ရဲ့ ရောင်းအားဟာ ၁၂% ရာခိုင်နှုန်းထိထိုးတက်သွားခဲ့ပါတယ်။

ဟုတ်ပါတယ် Lighting တွေဟာ Customer တွေရဲ့စိတ်ကို လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ တကယ်တော့လည်း ဒါဘာမှအထူးဆန်းရယ်မဟုတ်ပါဘူး။အာရုံ(၅)ပါးထဲက တစ်ပါးဖြစ်တဲ့ အမြင်အာရုံဟာ မျက်စိထဲဝင်လာတဲ့ အလင်းရောင်ပေါ်မှာ မူတည်ပြီးစွဲမက်စရာမြင်ရင် လှည့်ကြည့်မိကြတာပါပဲ။

မနက်ခင်းနေသာတဲ့အချိန်မှာ စိတ်ဟာလည်းကြည်လင်နေသလို မိုးတွေအုံ့နေရင်လည်း ရောင်းချင်ဝယ်စိတ်မရှိဘဲ စိတ်တွေဟာလည်းအုံ့မိုင်းနေမယ်။ဒါတွေကို အကြမ်းဖျင်းသိထားမယ်ဆိုရင် ကိုယ့်ဆိုင်ကို သတိထားမိလာအောင်၊ ဝင်ကြည့်ချင်လာအောင်၊ ဆိုင်ထဲရောက်ပြီဆို တစ်ခုခုတော့ဝယ်ချင်တယ်ဆိုတဲ့စိတ်ဖြစ်လာအောင် ပြင်ဆင်တဲ့နေရာမှာ Lighting နဲ့ Colour ကိုပါထည့်စဉ်းစားပါ။

ရှေ့ဆို တန်ဆောင်တိုင်လာတော့မယ် တွေးကြည့်ကြည့်ပါ တန်ဆောင်တိုင်ရဲ့ ဆောင်းအဝင်ညနေပြာလဲ့လဲ့မှာ LED အလှမီးကြိုးလေးတွေချိတ်ဆွဲထားတဲ့ဆိုင်နဲ့ မီးချောင်းအဖြူပဲဖွင့်ထားတဲ့ဆိုင် ၂ဆိုင် ဘယ်ဆိုင်ကိုလူအဝင်များမယ်ထင်လဲ? ဘယ်ဆိုင်ကိုလူအဝယ်များမယ်ထင်လဲ?

Customer တွေအတွက် အလှမီးကြိုးလေးတွေဟာ Want မဟုတ်ပါဘူး Need ပါ။ တိတိကျကျပြောရရင် အလင်းရောင်အားနည်းတဲ့ ဆောင်းအဝင်ညတွေမှာ အလှမီးကြိုးလေးတွေဟာ စိတ်အတွက်ဆေးတစ်ခွက်ပါ မျှော်လင့်ချက်ပါ။ ဒါကြောင့်တချို့တွေ ဆိုင်းဘုတ်တွေမှာ LEDရောင်စုံလေးတွေတပ်ထားတာပါ။

လျှပ်စစ်ပစ္စည်းဆိုင်တစ်ဆိုင်အနေနဲ့ အထူးတလည်ပြောချင်တာကတော့ ကုန်မာဆိုင်တွေ၊ စတိုးဆိုင်တွေ၊ လျှပ်စစ်ပစ္စည်းဆိုင်တွေလည်း တန်ဆောင်တိုင်မှာ မရှိမဖြစ်လိုအပ်တဲ့ LED၊ အလှမီးကြိုးလေးတွေပစ္စည်းမပြတ်သွားဖို့ လုံလုံလောက်လောက်ဝယ်ထားကြဖို့ သတိထားကြပါလို့။

Alpha Gears(လသာ, မောင်ခိုင်လမ်း) - https://www.facebook.com/105010644226690/posts/755802119147536/?d=n

#သိမ်ကြီးဈေး #လသာ #အလှမီးကြိုး #ရောင်စုံမီးသီး

တန်ဆောင်တိုင် အလှမီးကြိုးလေးတွေ လိုချင်တဲ့သူများ comment ဒါမှမဟုတ် cb မှာလာမေးပေးပါခင်ဗျာ။ ပစ္စည်းကုန်တာမြန်လို့ In stoc...
29/10/2021

တန်ဆောင်တိုင် အလှမီးကြိုးလေးတွေ လိုချင်တဲ့သူများ comment ဒါမှမဟုတ် cb မှာလာမေးပေးပါခင်ဗျာ။ ပစ္စည်းကုန်တာမြန်လို့ In stock ကျန်ဦးမဲ့ ပစ္စည်းနဲ့ ဈေးနဲ့ ပြောပေးပါ့မယ်။ အနည်းဆုံး ၁၀တွဲယူပေးပါခင်ဗျာ။ လက္ကား only ပါ။ ပစ္စည်းကြည့်ပြီး ကိုယ်တိုင်လာယူမယ်ဆို လသာ, မောင်ခိုင်လမ်းမှာ လာယူလို့ရပါတယ်။

#သိမ်ကြီးဈေး #လသာ #အလှမီးကြိုး #ရောင်စုံမီးသီး

⚡️Solarတွေကိုချိတ်ဆက်တာဟာ တစ်ကယ်တော့ ထင်သလောက်မခက်ပါဘူး။Solar တွေဟာလက်ရှိမှာ အတိုင်းအတာတစ်ခုထိဈေးကြီးနေတုန်းပါ။ Solar စိ...
26/10/2021

⚡️Solarတွေကိုချိတ်ဆက်တာဟာ တစ်ကယ်တော့ ထင်သလောက်မခက်ပါဘူး။

Solar တွေဟာလက်ရှိမှာ အတိုင်းအတာတစ်ခုထိဈေးကြီးနေတုန်းပါ။ Solar စိတ်ဝင်စားသူတွေအနေနဲ့လည်း တစ်ခါတည်းနဲ့ အများကြီးဝယ်တပ်ဖို့ဆိုတာလည်း အဆင်မပြေပါဘူး။ သုံးကြည့်လို့ အကြိုက်တွေ့သူတွေအနေနဲ့ကတော့ ထက်တိုးချင်လာမှာပဲ။ အဲ့တော့ ရှိပြီးသား ဆိုလာပြားနဲ့ နောက်တစ်ပြားကို ဘယ်လိုချိတ်ဆက်မလဲဆိုတာကို ပြောပြပေးသွားပါမယ်။ 💚

ဆိုလာပြားတွေကိုချိတ်ဆက်ပုံကအကြမ်းဖျင်းအားဖြင့် ပုံစံ(၂)မျိုးရှိပြီး တတိယတစ်မျိုးကတော့ မူလပုံစံ(၂)မျိုးလုံးကိုတွဲသုံးတဲ့ ပုံစံပါ။ အခြေခံချိတ်ဆက်ပုံစံ (၂)မျိုးကတော့ အတန်းလိုက်ချိတ်ဆက်ပုံ(Series Connection) နဲ့ တစ်ပြိုင်နက်ချိတ်ဆက်ပုံ(Parallel Connection) ဆိုပြီးဖြစ်ပါတယ်။

ဆိုလာပြားအများကြီးကို ချိတ်ဆက်တဲ့အခါ ဆိုလာပြားတွေရဲ့ Watt တွေပေါ်မှာမူတည်ပြီးဘယ်နည်းနဲ့ချိတ်ရင်တော့ output ထွက်နှုန်းပိုများမလဲ ဆိုတာရှိပါတယ်။
ဒါပေမဲ့ ဒီ Post မှာတော့ ၂ချပ်ကိုပဲ ချိတ်ဆက်မှာမို့လို့ ဘယ်နည်းနဲ့ချိတ်ဆက်ချိတ်ဆက် သိပ်ထူးခြားမှာမဟုတ်ပါဘူး။

ချိတ်ဆက်ပုံကွာရင် ဘာတွေကွာခြားသွားလည်းဆိုတာ ဒီ Post မှာရှင်းပြရင် အရမ်းရှုပ်သွားမှာမို့ နောက် post များမှာ တင်ပြပေးသွားပါမယ်။ ဒါအပြင် မကြာခင်မှာလည်း quality ကောင်းမွန်ပြီး ဈေးနှုန်း သင့်တင့်တဲ့ solar panels တွေကို ဒီ page ကနေရောင်းချပေးသွားမှာမို့ လက်လွတ်မသွားရအောင် Page လေးကို Like and Follow ထားပါဦးနော်။

Solar Panels ၂ခုကို ချိတ်ဆက်ပုံ (၃)ဆင့်ကို ပုံလေးတွေအောက်မှာတစ်ဆင့်ချင်းစီဝင်ဖတ်ပေးပါ။



Energy မှာ ဘုရင်ဖြစ်လာမဲ့ Solar ➡️ https://www.facebook.com/105010644226690/posts/752200796174335/?d=n

Energy မှာ ဘုရင်ဖြစ်လာမဲ့ Solar 👑(Solar ၁ စတုရန်းမီတာ မျက်နှာပြင်မှာ kWH ဘယ်လောက်ထွက်လဲကို အောက်ဆုံးမှာဖော်ပြထားပါတယ်)တစ...
24/10/2021

Energy မှာ ဘုရင်ဖြစ်လာမဲ့ Solar 👑
(Solar ၁ စတုရန်းမီတာ မျက်နှာပြင်မှာ kWH ဘယ်လောက်ထွက်လဲကို အောက်ဆုံးမှာဖော်ပြထားပါတယ်)

တစ်ချိန်တစ်ခါက solar energy ဟာ အခြား energy source တွေထက်စာရင် ဈေးကြီးလွန်းနေပါတယ်။ အမှန်က ထုတ်ကုန်တစ်ခုဟာ လူသုံးများလာရင် ဈေးကြီးလာတာမဟုတ်ပါဘူး ဈေးကျလာတာပါ။ ခုချိိန်မှာ အစိုးရအဖွဲ့အစည်းတွေရော ပိုက်ဆံရှိတဲ့လူအများစုကပါ solar အပေါ်မှာ အာရုံစိုက် ရင်းနှီးမြုပ်နှံလာကြတော့ solar ဟာ တစ်နေ့ထက်တစ်နေ့ affordable လူအများစု တတ်နိုင်တဲ့ အနေအထားကို ရောက်လာပါပြီ။ ကျတော်တို့တွေလည်းဘာလို့ solar energy ပေါ်မှာ အာရုံစိုက်သင့်လည်းဆိုတာကို အချက်(၂) နဲ့ဖော်ပြပေးသွားပါမယ်။

(၁)တိုးတက်နေတဲ့ တိုင်းပြည်တွေမှာတောင် လောင်စာဆီဈေးတွေက တစ်နေ့တခြား ဈေးတတ်နေတာပါ လောင်စာဆီဟာ ထုတ်ကုန်မဟုတ်ပါဘူး သူဟာ တွင်းထွက်အမျိုးအစားပါ။ တိုင်းပြည်တိုးတက်လာလေ ကုန်ထုတ်လုပ်မှူနဲ့ industrial တွေများပြားလာလေ energy မလုံလောက်မှုနဲ့ ကျတော်တို့ မီတာခလို့ခေါ်တဲ့ electricity bill ဟာလည်း ဈေးတွေထက်တက်ဖို့ပဲရှိပါတယ်။

အဲ့တော့ အကယ်လို့ သင့်မှာသာ သိပ်မများလှတဲ့ငွေပမာဏရှိပြီး ခုလိုငွေတန်ဖိုးကျဆင်းနေချိန်မှာ ဘယ်မှာရင်းနှီးမြုပ်ရမှန်မသိရင် အိမ်မှာသာ solar ဝယ်တပ်ထားလိုက်ပါ။ စီးပွါးရေးအတွက်ရင်းလိုက်တာ၊ ရင်းနှီးမြှုပ်နှံလိုက်တာဟာ solar လောက်မသေချာပါဘူး။ ပလုံသွားနိုင်ပါတယ်။ လက်ရှိတန်ကြေးအရ solar ပစ္စည်းတွေဟာ ဝယ်ပြီးသုံးမယ်ဆို ၆ နှစ်ဆိုရင်အရင်းကျေပါပြီ။ ကျနေတဲ့ငွေကြေးတန်ဖိုးနဲ့ အကယ်လို့လောင်စာဈေးတွေသာဒီထက် တက်လာမယ်ဆိုရင်အဲ့ထက်တောင် စောစောအရင်းကြေပြီး အမြတ်ထွက်နိုင်ပါတယ်။

ဒါမှမဟုတ် လက်ထဲငွေမထားချင်လို့ ကိုယ်အိမ်တန်ဖိုးပိုမြင့်အောင် အိမ်ပြန်ပြင်မယ်၊ အခန်းပြန်ပြင်မယ်၊ မီးဖိုချောင်ပြန်ပြင်မယ်ဆိုတာတွေလုပ်မနေပါနဲ့။ ပြင်လိုက်လို့ ကုန်မဲ့ကုန်ကျစရိတ်တွေက ပြန်ရောင်းလို့ အမြတ်ထွက်ဦးမှ ပြန်ရမှာပါ မဟုတ်ရင် ပြန်မရပါဘူး။ Solar ကတော့ လစဉ် electricity ထုတ်ပေးနေတာမို့ energy ထုတ်ကုန်အနေနဲ့ ကိုယ်အိတ်ထဲပြန်ဝင်နေပါတယ်။

(၂)နောက်တစ်ချက်ကတော့ ကျတော်တို့ ကမ္ဘာကြီးနဲ့ ပတ်ဝန်းကျင်အတွက်ပါ။ ဒီအချက်ကတော့ ကျတော်တို့ နိုင်ငံအတွက်တော့ ဆိုးဆိုးရွားရွား impact မရှိသေးပါဘူး။ ဒါကလည်း ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်နေလို့ပါ။ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ 74.7% သော လျှပ်စစ်ဟာ ရေအားလျှပ်စစ်ကနေပဲအသုံးပြုနေတုန်းမို့ပါ။ 20.5% မှာ သဘာဝဓာတ်ငွေကနေရယူနေတာပါ။ နောက်တစ်ချိန်မှာသာ ကျတော်တို့ စွမ်းအင်လိုအပ်မှုကို solar နဲ့ ဝိုင်းထိန်းပေးထားကြမယ်ဆိုရင် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွတ်မှူကိုများစွာလျော့ချနိုင်မှာပါ။

တကယ်တော့ လိုင်းမီးကိုသုံးတာဟာ ကိုယ်က 1kWh သုံးလိုက်တယ်ဆိုပင်မဲ့ တကယ်က ဓာတ်အားပေးစက်ရုံက အဲ့ထက်ပိုကုန်မှာပါတယ် ကြားမှာ energy lost တွေရှိပါတယ်။

၁ စတုရန်းမီတာမှာ kWh ဘယ်လောက်ထွက်မလဲ?

နေသာတဲ့ နေ့တစ်နေမှာဆိုရင် 1-square-meter ကို 6 kWh ထွက်ပါတယ်။ တစ်လကိုဆို 180 kWh ပါ။ အိမ်သုံးရေခဲသေတ္တာတစ်လုံးဟာ အများဆုံးမှ တစ်နေ့ကို 2 kWh ပဲသုံးတာပါ။

တင်ပေးတဲ့အကြောင်းအရာလေးတွေ သဘောကျတယ်ဆို Page လေးကို Like လုပ်ထားပြီး Post လေးကိုလည်း Share ပေးပါခင်ဗျာ။

🙏ဝါဆိုလပြည့်🙏(ဓမ္မစကြာ အခါတော်နေ့) မှာ (၇)ရက် သားသမီးများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပ...
03/08/2020

🙏ဝါဆိုလပြည့်🙏(ဓမ္မစကြာ အခါတော်နေ့) မှာ (၇)ရက် သားသမီးများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

24/03/2020

✔️✔️✔️Copy လုပ်ပီးပြန်တင်ပေးကြပါ များများတွေ့ရအောင်ပါ

ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည် ဟု သံသယရှိပါက မြန်မာပြည်အတွင်း အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်။ ✔️✔️✔️

Public Health Emergency Operation Center (ပြည်သူ့ကျန်းမာရေး အရေးပေါ်တုန့်ပြန်ရေး ဌာန) 067- 3420268

Yangon Regional Department of Public Health (ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန) 09-449001261, 09-794510057

Mandalay Regional Department of Public Health (မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန) 09-2000344, 09-43099526

Yangon Airport Health Quarantine Unit 09-799983833

Crd

ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာန၏ထုတ်ပြန်ကြော်ငြာချက်အတိုင်း ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ..COVID-19 ရောဂါ စောင့်ကြပ်က...
23/03/2020

ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာန၏
ထုတ်ပြန်ကြော်ငြာချက်အတိုင်း ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ..

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၃-၃-၂၀၂၀) ရက်နေ့၊ ည (၁၁:၄၅) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ အမေရိကန်နိုင်ငံမှ (၁၃-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့သည့် ချင်းပြည်နယ်၊ တီးတိန်မြို့တွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံမှ Green Card ရရှိထားသူ အသက် (၃၆) နှစ်အရွယ် အမျိုးသားသည် (၁၉-၃-၂၀၂၀) ရက်နေ့တွင် ကိုယ်အပူချိန်မြင့်တက်ဖျားနာခဲ့သဖြင့် Population Services International ဆေးခန်းတွင် သွားရောက်ပြသခဲ့ပြီးနောက် (၂၁-၃-၂၀၂၀) ရက်နေ့တွင် တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းခဲ့သဖြင့် စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင်ထားရှိ၍ (isolation) စောင့်ကြပ်ကုသမှု ပေးခဲ့ပါသည်။ အဆိုပါ လူနာတွင် ချောင်းဆိုးခြင်း အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိခဲ့ပါ။
အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာအား (၂၂-၃-၂၀၂၀) ရက်နေ့တွင် ရယူခဲ့ပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ခဲ့ရာ ယနေ့ (၂၃-၃-၂၀၂၀) ရက်နေ့တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။
(၂၃-၃-၂၀၂၀) ရက်နေ့၊ ည (၁၁) နာရီအချိန် စမ်းသပ်စစ်ဆေးချက်အရ အဆိုပါအမျိုးသားလူနာ၏ ကျန်းမာရေးအခြေအနေမှာ ကိုယ်ပူဖျားနာခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိဘဲ သက်သာလျက်ရှိပါသည်။ အဆိုပါ လူနာအား ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံတွင် သီးခြားထားရှိ (isolation) ၍ စနစ်တကျစောင့်ကြပ်ကုသလျက်ရှိပါသည်။

၂။ အင်္ဂလန်နိုင်ငံမှ (၂၂-၃-၂၀၂၀) ရက်နေ့တွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဝင်ရောက်လာခဲ့သည့် အသက် (၂၆) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ (၂၂-၃-၂၀၂၀) ရက်နေ့တွင် လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းတွင် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ကိုဆောင်ရွက်ခဲ့ကာ (၂၂-၃-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ပြောင်းရွှေ့ပြီး အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ကိုဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအမျိုးသားသည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ်မှ ယနေ့ညအထိ ကိုယ်ပူဖျားနာခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိသော်လည်း ဓာတ်ခွဲနမူနာအား (၂၃-၃-၂၀၂၀) ရက်နေ့တွင် ရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။
အဆိုပါအမျိုးသားအား (၂၃-၃-၂၀၂၀) ရက်နေ့၊ ညတွင် ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကာ သီးခြားထားရှိ (isolation) ၍ စနစ်တကျစောင့်ကြပ်ကုသလျက်ရှိပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် အဆိုပါအမျိုးသား (၂) ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးပုံ၊ စစ်ဆေးနည်း (Protocol) (၄) မျိုးဖြင့် ပိုမိုသေချာစေရန် စနစ်တကျ ဓာတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

၄။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအရ အဆိုပါ အမျိုးသား (၂) ဦးထံမှ ဓာတ်ခွဲနမူနာများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ (၂၄-၃-၂၀၂၀) ရက်နေ့တွင် ဆက်လက်ပေးပို့၍ အတည်ပြုချက် ရယူသွားမည်ဖြစ်ပါသည်။

၅။ အဆိုပါ အမျိုးသား (၂) ဦးနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ပါသည်။

Credit: Ministry of Health and Sport Myanmar

HAPPY NEW YEAR!🥳🎉 မိတ်ဟောင်း မိတ်သစ်များအားလုံး နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ခြင်းများ နှင့် စီးပွားလာဘ်လာဘများ တိုးပွားက...
31/12/2019

HAPPY NEW YEAR!🥳🎉 မိတ်ဟောင်း မိတ်သစ်များအားလုံး နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ခြင်းများ နှင့် စီးပွားလာဘ်လာဘများ တိုးပွားကြပါစေ။

Address

Yangon
11111

Opening Hours

Monday 10:00 - 19:00
Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Friday 10:00 - 19:00
Saturday 10:00 - 19:00
Sunday 10:00 - 19:00

Telephone

+959678073925

Website

Alerts

Be the first to know and let us send you an email when Alpha Gears - Electronics Accessories Retail and Wholesale posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Alpha Gears - Electronics Accessories Retail and Wholesale:

Share