BST

BST Your Trusted IT Solutions Provider

🙏✨ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ✨🙏ဒီကနေ့ ကျရောက်တဲ့ ဗုဒ္ဓဘာသာဝင်များရဲ့ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဝါဆို...
12/07/2022

🙏✨ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ✨🙏

ဒီကနေ့ ကျရောက်တဲ့ ဗုဒ္ဓဘာသာဝင်များရဲ့ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဝါဆိုလပြည့်နေ့မှာ BST နှင့် ယုံကြည်စွာလက်တွဲလုပ်ကိုင်နေသည့် Customer များနှင့် Partner များ အပါအဝင် (၇) ရက် သား၊သမီး အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ အတူ လိုအင်ဆန္ဒများပြည့်ဝကြ၍ ကောင်းမှုကုသိုလ်များလည်း ဆထက်ထမ်းပိုး ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်🙏

Credit : “ ဝါဆိုလပြည့်နေ့ “ ၏ ထူးခြားချက်များ
*********************************************

မြန်မာ့ရိုးရာ ၁၂ လ ရှိသည့်အနက်
ဝါဆိုလပြည့်နေ့သည် -

၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊

၈။ “ဧဟိ ဘိက္ခု”ဟူသောစကားကို
စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း၊
ဟူ၍ဖြစ်ပါသည်။


#ဝါတွင်းသီလ #ဝါဆိုလပြည့်နေ့

What is a Door Access Control System?? 🤔A Door Access Control System is a set of devices that consists of door readers, ...
06/07/2022

What is a Door Access Control System?? 🤔
A Door Access Control System is a set of devices that consists of door readers, electric locks, a controller and management software Its purpose is to limit access to people who are authorized to enter an org bla bla..... ဘိုလိုတွေ ဖက်မနေပါနဲ့ Google က ကူးထားတာ 😛
ကျွန်တော် နားလည်သလောက်လေးရှင်းပြပါရစေခင်ဗျ
အဆောက်အဦးတစ်ခုကို ဥပမာ ထားပြောပြရရင် Safety/Security အရ Area ၂ခု ခွဲရမယ်ခင်ဗျ၊
Public or Open Area
Private or Safe Area
Door Access Control System ဆိုတာ Public Area ကနေပြီးတော့ ကိုယ့်ရဲ့ Private Area ထဲကို ဖြတ်သန်း/ဝင်ရောက်ခြင်း တွေကို စနစ်တကျ လုံလုံခြုံခြုံ ထိန်းချုပ်ပေးတဲ့ စနစ်တစ်ခုလို့ပြောရမယ်
🚪တံခါးတစ်ပေါက် ကို 🔐 Access Control System တပ်မယ်ဆိုရင် အပြင်(Public Area) ကနေ အထဲ(Private Area) ထဲကို ဝင်ဖို့ ဘယ်သူက ဝင်လို့ရမယ် ဘယ်သူက ဝင်မရဘူးဆိုတာ တွေကို ကန့်သတ်ဖို့အတွက် တံခါးအဝင်အဝမှာ PIN/Card/Face/Finger Reader တပ်ထားမယ်၊ အဲ့ဒီ Reader ကနေ တံခါးကို ဖြတ်သွားခွင့် ရှိ/မရှိ ဆိုတဲ့ Signal ကို Controller ကို ပေးပို့ပြီးတော့ Electro Magnetic Lock ကိုအဖွင့် အပိတ်လုပ်ပေးတဲ့သဘောပါပဲ၊ (Stand alone Reader တွေကတော့ Reader function ရော Controller function ပါတွဲလုပ်ပေးပါတယ်)၊ အထဲကနေ အပြင်ထွက်မယ်ဆိုရင်တော့ တံခါးကို ခလုပ် (Exit Push Button) နှိပ်ပြီး ဖွင့်မယ်ပေါ့ဗျာ။
Safety အတွက် ဘယ်လိုကောင်းလဲ??
တံခါးရဲ့ Electro Magnetic Lock (600lb အားခံနိုင်ရည်ရှိ) က လွယ်လွယ်ကူကူ ဖျက်လို့ မရနိုင်တဲ့ အပြင် သာမန်သော့တွေလို အပြင်(Public Area) မှာမဟုတ်ဘဲ အထဲ( Private Area) မှာတပ်ဆင်ထားလို့ Lock ကို ရိုက်ဖျက်၍ မရပါ၊
အပြင်မှာတပ်ဆင်ထားတဲ့ Reader က လွယ်လွယ် ဖြုတ်၍မရပါ၊ Reader ကို ရိုက်ဖျက်မယ်ဆိုရင်တောင် Lock ကမပွင့်တဲ့အပြင်၊ အထဲမှာတပ်ဆင်ထားတဲ့ Bell or Buzzer ကနေ Alarm မြည်မှာဖြစ်ပါတယ်။ CCTV ပါတပ်ထားမယ်ဆိုရင်တော့ perfect ပေါ့ဗျာ။
လူကြီးမင်းတို့ရဲ့ Safety ဟာအရေးကြီးပါတယ်။ ဖျက်ရလွယ်တဲ့ သာမန်သော့ (Traditional Lock) ပဲသုံးမလား၊ ပိုမို safe ဖြစ်တဲ့ Door Access Control System ကိုပြောင်းသုံးမလား ခင်ဗျ။ (ပိုက်ဆံတော့ နည်းနည်းပိုကုန်တာပေါ့နော် 😁 )
လူကြီးမင်းတို့ရဲ့ ‌ ‌ဂေဟာလေး လုံခြုံ စိတ်ချ ရဖို့အတွက် ကျွန်တော်တို့ BST မှ Engineerချော လေးများမှ Door Access Control System ကို စနစ်တကျ တပ်ဆင်ပေးနေပါတယ်ခင်ဗျ၊ တခြားသူတွေဆီမှာလဲရပါတယ် ဒါပေမယ့် ကျွန်တော်တို့က ပိုချောတယ် 😝
တံခါးတစ်ပေါက် အတွက် ကုန်ကျစရိတ်ကို သိချင် ရင်တော့☎️ 09445403504, ☎️ 09795195274 တို့ကို ဆက်သွယ်ပြီး အခမဲ့ အကြံဉာဏ်တောင်း စုံစမ်းနိုင်ပါတယ်ခင်ဗျ။
မတပ်ဖြစ်လည်း ဖုန်းဆက်ကြနော် အရမ်းရှင်းပြချင်နေလို့ပါ 😅။

WE ARE HIRING!!!FTTH Installer/Team Lead (Male Only)-----------------------------၁. FTTH installation နှင့်ပတ်သက်၍ ကျွမ်...
26/04/2022

WE ARE HIRING!!!

FTTH Installer/Team Lead (Male Only)
-----------------------------
၁. FTTH installation နှင့်ပတ်သက်၍ ကျွမ်းကျင်စွာလုပ်ကိုင်နိုင်ရမည်။
၂. Fiber equipment tools များအား ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ရမည်။
၃. Network device (ONU) များကို installation လုပ်နိုင်ရမည်။
၄. Google Earth နှင့် Google map တို့အား ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
၅. စကား‌ပြောပြေပြစ်၍ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ရမည်။
၆. အဓိကအချက်အနေနဲ့ ရိုးသား၍ ကြိုးစားသူ ဖြစ်ရမည်။


စိတ်ဝင်စား၍‌လျှောက်ထားလိုပါ အောက်ပါပေးထားသော MS Form Link မှတစ်ဆင့် လျှောက်ထားနိုင်ပါသည်။

CV Form - https://forms.office.com/r/WB47SskThC

20/01/2022

Key responsibilities:
•Must be able to lead the team, Travel is a must. Company truck provided
•Lead cabling jobs for fiber to the home as well as network cabling jobs
•Ability to lead and perform complex commercial and industrial installations and service projects
•Ability to troubleshoot/diagnose
•Installation, termination, and testing of low voltage/network cables
•Analyze upcoming tasks and anticipate next steps
•Enforce job site safety and maintain compliance with all company safety and safety standards

Key qualifications:
•High school diploma or equivalent is required
•3+ years in the communications industry
•Positive and customer focused attitude
•Excellent communication skills
•Solid work ethic, capable of working self-directed

07/01/2022

Key responsibilities:
•Must be able to work under team lead instruction, Travel is a must. Company truck provided
•Cabling jobs for fiber to the home as well as network cabling jobs
•Ability to troubleshoot/diagnose
•Installation, termination, and testing of low voltage/network cables

Key qualifications:
•High school diploma or equivalent is required
•Positive and customer focused attitude
•Good communication skills
•Solid work ethic, capable of working self-directed

FTTH Installation Team is ready for your business. ကျွန်တော်တို့ team လေးက လူကြီးမင်းတို့ရဲ့ FTTH လုပ်ငန်းအတွက် support ...
08/08/2021

FTTH Installation Team is ready for your business.

ကျွန်တော်တို့ team လေးက လူကြီးမင်းတို့ရဲ့ FTTH လုပ်ငန်းအတွက် support ပေးဖို့ Ready ပါပဲခင်ဗျ။ ကျွန်တော်တို့ team လေးရဲ့ unique ဖြစ်တဲ့ အားသာချက်လေးတွေကတော့

🧑‍🔧 Skillful engineers, technicians များဖြင့်ဖွဲ့စည်းထားခြင်း

FTTH last mile installation team ဆိုပေမယ့် ကျွန်တော်တို့ team လေးမှာ FTTH သာမက Enterprise Network/ELV projects တွေမှာပါ Experience ကောင်းကောင်းရှိထားတဲ့ Network Engineer များ, ELV engineers များ, cabling professionals များ, cabling technicians များနဲ့ ဖွဲ့စည်းထားပါတယ်ခင်ဗျာ။
Team ရဲ့ leader ရော members တွေအားလုံးပါ experience ကောင်းများရှိတာကြောင့် problem solving skills, trouble shooting skills တွေကအစ သူများနဲ့မတူပဲ
The best of our abilities နဲ့ support လုပ်သွားမှာပါခင်ဗျာ၊

🙋 Customer communication ကောင်းမွန်ခြင်း customer oriented ဖြစ်ခြင်း

ကျွန်တော်တို့ရဲ့ team members အားလုံးဟာ FTTH အတွေ့အကြုံသာမက Enterprise projects အတွေ့အကြုံကောင်းများပါ ရှိထားတဲ့ engineers တွေဖြစ်တာကြောင့် customer တွေကို ကောင်းကောင်း communicate/convince လုပ်နိုင်ပါတယ်ခင်ဗျာ။

🪛 Tools and Equipment စုံစုံလင်လင် ရှိခြင်း

FTTH installation အတွက် လိုအပ်တဲ့ standard tools တွေ equipment တွေကို ပြည့်ပြည့်စုံစုံ ready ရှိပြီးသားဖြစ်ပါတယ်။

🦺 Safety first ဆိုတဲ့ အတိုင်း team members အားလုံးအတွက် safety equipment များကို အပြည့်အစုံ facilitate လုပ်ပေးထားတဲ့ အပြင် ကျွန်တော်တို့ team members တွေက Enterprise projects များမှာ safety training များတက်မြောက်ထားပြီးသား engineers/technicians များဖြစ်တဲ့အတွက် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး အတွက်ကတော့ စိတ်ချရပါတယ်ခင်ဗျာ။

လူကြီးမင်းတို့ FTTH လုပ်ငန်းများအတွက် ကျွန်တော်တို့ Team လေးကို လိုအပ်မယ် ဆိုရင်တော့

📞 09445403504

📞 09795195274

🏠 No. 17(1-B), Marlar Myaing 8 st, 16 Quarter, Hlaing Township, Yangon.

ကိုကျေးဇူးပြု၍ ဆက်သွယ်ပေးပါခင်ဗျာ။

We are ready to support you our best.

Address

Marlar Myaing 8th Street, 16th Quarter, Hlaing Township
Yangon

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30

Telephone

+959445403504

Website

Alerts

Be the first to know and let us send you an email when BST posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BST:

Share