Graphic Pro - Design & Logo

Graphic Pro - Design & Logo လုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်သော ဒီဇိုင်းများအား Graphic Pro မှ လက်ခံရေးဆွဲပေးနေပါပြီဗျ...

✅ The Last Logo of " 2023 " ✅ ၂၀၂၃ ရဲ့ နောက်ဆုံး လိုဂိုလေး.....   #ဝန်ဆောင်မှု
31/12/2023

✅ The Last Logo of " 2023 "
✅ ၂၀၂၃ ရဲ့ နောက်ဆုံး လိုဂိုလေး.....

#ဝန်ဆောင်မှု

✅  Fitness အတွက် Social Media Design လေးတွေ ဖြုတ်...💥💥✅ Graphic Pro - Design & Logo
18/10/2023

✅ Fitness အတွက် Social Media Design လေးတွေ ဖြုတ်...💥💥

✅ Graphic Pro - Design & Logo

✅  Fitness အတွက် Social Media Design လေးတွေ ဖြုတ်...💥💥  Pro - Design & Logo  #လိုဂို
18/10/2023

✅ Fitness အတွက် Social Media Design လေးတွေ ဖြုတ်...💥💥

Pro - Design & Logo #လိုဂို

✅  Graphic Pro - Design & Logo   မှ တာဝန်ယူ ရေးဆွဲထားတဲ့ " Logo " လေး ဖြစ်ပါတယ်...😍✅ လူကြီးမင်းတို့ရဲ့ လုပ်ငန်းအတွက် Log...
05/10/2023

✅ Graphic Pro - Design & Logo မှ တာဝန်ယူ ရေးဆွဲထားတဲ့ " Logo " လေး ဖြစ်ပါတယ်...😍

✅ လူကြီးမင်းတို့ရဲ့ လုပ်ငန်းအတွက် Logo & Design လေးတွေ လိုအပ်ခဲ့သည်ရှိသော် Graphic Pro မှ တာဝန်ယူပေးပါရစေ....😍

-pro Graphic Pro - Design & Logo
#လိုဂို

✅  Graphic Pro - Design & Logo   မှ တာဝန်ယူ ရေးဆွဲထားတဲ့ " Logo " လေး ဖြစ်ပါတယ်...😍✅ မိန်းကလေးဆန်ပြီး ပါးပါးချပ်ချပ်ကလေး...
26/05/2023

✅ Graphic Pro - Design & Logo မှ တာဝန်ယူ ရေးဆွဲထားတဲ့ " Logo " လေး ဖြစ်ပါတယ်...😍

✅ မိန်းကလေးဆန်ပြီး ပါးပါးချပ်ချပ်ကလေးဆိုလို့ Client စိတ်တိုင်းကျ ရေးဆွဲပေးထားပါတယ်...😍

✅ လူကြီးမင်းတို့ရဲ့ လုပ်ငန်းအတွက် Logo & Design လေးတွေ လိုအပ်ခဲ့သည်ရှိသော် Graphic Pro မှ တာဝန်ယူပေးပါရစေ....😍

-pro Graphic Pro - Design & Logo
#လိုဂို

✅ ဟျောင့်တွေ ရူးချင် ကွီိးOX  လို ရူးကြ...🤪    Pro - Design & Logo    #ဒီဇိုင်း  #လိုဂို
22/05/2023

✅ ဟျောင့်တွေ ရူးချင် ကွီိးOX လို ရူးကြ...🤪

Pro - Design & Logo
#ဒီဇိုင်း #လိုဂို

✅  Freelancerတွေ ရှောင်ကြဉ်ရမယ့်အချက်များ🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸✅ ကိုယ်မလုပ်နိုင်တာကို အတင်းလုပ်နိုင်သလို တင်ခြင်း...⏩ Customer...
20/05/2023

✅ Freelancerတွေ ရှောင်ကြဉ်ရမယ့်အချက်များ
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

✅ ကိုယ်မလုပ်နိုင်တာကို အတင်းလုပ်နိုင်သလို
တင်ခြင်း...

⏩ Customers တွေဘက်က လူကြီးမင်းတင်ထားတဲ့ ကြော်ငြာပိုစ့်ကို တွေ့ရင် စိတ်ထဲ ဆုံးဖြတ်ချက်တစ်ခုချပါတယ် ...ဒီဟာကကောင်းလား / တကယ်ကောင်းပါ့မလား ဆိုတဲ့အတွေး တွေးတတ်ကြပါတယ်... မိမိက ကိုယ့်Product ရောင်းထွက်စေချင်လို့ သာမန် ပုံကြီးချဲ့ရေးတာမျိုးမဟုတ်ဘဲ အလွန်အကြူးရေးထားတယ် ...Customers ကလဲ ကြိုက်တယ် ...နောက်ပိုင်း ဆက်သွယ်ပြောဆို /ဝယ်ယူကြတယ်... ဝယ်ယူပြီး နောက်ပိုင်း စတာပဲ... ကိုယ့်Product က ရှေ့ကပြောထားသလိုနဲ့ သိသိသာသာ ကွဲပြားနေရင် Customers တွေဆီက ယုံကြည်မှု ပျောက်ဆုံးတတ်ပါတယ်... ဒါဆိုရင် နောက်တစ်ခါဝယ်ယူဖို့ မဖြစ်နိုင်တော့ပါ...ကိုယ်ဘက်က အမှန်တကယ်ပစ္စည်းမှန် / အရည်အသွေးမှန် ဆိုရင်တော့ ဒီဖောက်သည်တွေဟာ သူတို့အတွက်လည်း သုံးမယ် ...သူများတွေအတွက်လည်း Sharing ပြန်လုပ်ပေးကြမှာပါ...ဒါကြောင့် မိမိရဲ့ကြော်ငြာပိုစ့်နဲ့ ပကတိလုပ်ကိုင်နိုင်စွမ်း တစ်ထပ်တည်းရှိကြပါစေ....🙆

✅ ကြော်ငြာပိုစ့်မှာ စာလုံးပေါင်း မှားခြင်း

⏩ ဒါကတော့ တော်တော်များများကြုံဖူးကြမှာပါ...စာရေးရင်းမေ့ကျန်ခဲ့တာ / အတွေးလွန်ပြီး ကျကျန်ခဲ့တာ စသဖြင့် တွေ့ကြရမှာပါ....ဒီလိုအသေးအဖွဲလေးကအစ ဂရုစိုက်မှ ဖတ်တဲ့သူတွေအနေနဲ့ စာရေးသားသူကို စိတ်ထဲဘဝင်ကျကြမှာပါ... စာလုံးပေါင်းတွေမှားနေရင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားတတ်ပါတယ်...ကိုယ့်ဘက်က ဝယ်ချင်စိတ်ဖြစ်အောင် ရေးရေတာဖြစ်လို့ စာဖတ်သူ Customers တွေကို အရေးအသားနဲ့ စွဲဆောင်ရတာဖြစ်ပါတယ်...ဒါကြောင့် ကြော်ငြာပိုစ့် ရေးတဲ့အခါ စာလုံးပေါင်းလေး မှန်ကန်မှုရှိပါစေ...🙆
ဗန်းစကားသုံးခြင်းကိုတော့ အထူးရှောင်ကြဉ်ကြပါ...ဖောက်သည်တွေထဲမှာ လူငယ်/ လူကြီး အစုံပါနေတာဖြစ်လို့ ခေတ်စကားသုံးခြင်း ရှောင်ပါ...

✅ ကြော်ငြာပိုစ့်မှာ ဆက်သွယ်ရန်လိပ်စာ /Phone Number မထည့်ခြင်း...

⏩ ကိုယ်ပစ္စည်းကိုကြော်ငြာရင်ဆို ဝယ်မယ့်သူတွေက ဆက်သွယ်စုံစမ်းရမယ့် လိပ်စာနဲ့ ဖုန်းနံပါတ်က ထည့်ပေးရမှာဖြစ်ပါတယ်...အပျင်းကြီးတဲ့ Customers တွေနဲ့တွေ့ရင် Messenger (Chat Box ) ကို ခေါ်နေရင် စကားသွားပြောရမှာ / စာရိုက်ရတာပျင်းတဲ့ Customers တွေရှိတတ်ကြပါတယ်...ဖုန်းဆက်ပြောလိုက်မှ ယုံကြည်တတ်ကြတာတွေလည်းရှိပါတယ် ဒါကြောင့် စီးပွားရေးတစ်ခုလုပ်ရင် မိမိ Post မှာ ဆက်သွယ်ရန်လိပ်စာ အပြည့်အစုံ လေး ထည့်ပေးဖို့လိုအပ်ပါတယ်....🙆

ဒါလေးတွေကတော့ ဖတ်မိ/တွေးမိသလောက် Graphic Pro - Design & Logo မှ ဝေမျှပေးခြင်းဖြစ်ပါတယ်...လေ့လာရင်းနဲ့ ဆက်လက်ဝေမျှပေးပါအုံးမယ်ဗျာ....🙆

#လိုဂို #ဒီဇိုင်း

လုပ်ငန်းအမှတ်တံဆိပ်(Logo)တစ်ခုအပ်မယ်ဆိုရင်🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸✅ မိမိလုပ်ငန်းအမျိုးအစားကို ခေါင်းအစ ခြေအဆုံးသိထားဖို့လိုအပ်ပါ...
05/05/2023

လုပ်ငန်းအမှတ်တံဆိပ်(Logo)တစ်ခုအပ်မယ်ဆိုရင်
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
✅ မိမိလုပ်ငန်းအမျိုးအစားကို ခေါင်းအစ ခြေအဆုံးသိထားဖို့လိုအပ်ပါတယ်...ဘာကြောင့်လဲဆိုတော့ ကိုယ့်လုပ်ငန်းအကြောင်း ကိုယ်တိုင်သိထားမှသာ အောင်မြင်မှုတွေ အရယူနိုင်မှာပဲဖြစ်ပါတယ်..

✅ လုပ်ငန်းတစ်ခု အစပြုပြီဆိုရင် လုပ်ငန်းအမှတ်တံဆိပ်ဆိုတဲ့ ( Logo ) လေး လိုအပ်လာပါ​ပြီ...ဒါဆို လိုဂိုလေး အပ်ဖို့စဉ်းစားရပါတော့မယ်... ပထမဦးဆုံးက ကိုယ်က ဘယ်လိုပုံစံလေး ဖန်တီးချင်တယ်ဆိုတာကို စိတ်ကူးယဉ်ကြည့်လိုက်ပါ...မိမိကြိုက်တဲ့ အရောင်လေးကအစ သေချာစဉ်းစားထားတယ်ဆိုရင် ကျွန်တော်တို့လို ဒီဇိုင်းနာတွေအတွက်လဲ အချိန်ကုန်သက်သာစေပါတယ်...

✅ စဉ်းစားပြီးပြီဆိုရင် Designer ဆီ( Logo ) အပ်ရပါတော့မယ်... ကိုယ်ကြိုက်တဲ့ ဒီဇိုင်းသမား နဲ့တွေ့ပြီး မိမိလုပ်ငန်းအကြောင်းကို အစပြု ဆွေးနွေးဖို့ လိုပါတယ်...ပထမဆုံး မိမိလုပ်ငန်းအကြောင်းနဲ့လိုချင်တဲ့ပုံစံ / အရောင်လေးတွေကိုပြောပြမယ် ... ဒီဇိုင်းနာဘက်ကလဲ ကိုယ့်လုပ်ငန်းအကြောင်းကို ဂဃနဏ သိရှိသွားမှာဖြစ်ပြီး / မိမိစဉ်းစားထားတဲ့ အရောင်က လိုက်ဖက်မှုရှိ/မရှိ ပြန်ပြောပါလိမ့်မယ်... ပုံစံလေးက အဆင်ပြေ/မပြေ ပြန်ပြောပါလိမ့်မယ် ....ဒါဆို နှစ်ဦးနှစ်ဖက် တိုင်ပင်ဆွေးနွေးပြီး လိုဂိုလေးကို အပ်လို့ရပါပီ...

✅ ဒီဇိုင်းနာဘက်က လိုအပ်တာလေးတွေ မေးပါလိမ့်မယ် ...သေချာလေးဖြေပေးလိုက်ပါ ...ကိုယ့်လုပ်ငန်းအတွက် အရေးကြီးတာလေးတွေဖြစ်လို့ စိတ်ရှည်ပြီးဖြေပေးဖို့လိုပါတယ်ဗျ...

✅ လိုဂို ( Logo ) လေးပြီးရင် ဒီဇိုင်းနာဘက်က လိုအပ်တဲ့ဖိုင်လေးတွေ ပေးပါလိမ့်မယ် ...( JPEG / AI / PSD / PNG ) . ဒါဆို သင်လုပ်ငန်းအတွက် လိုဂို ( Logo ) ကောင်းလေးတစ်ခု ရရှိသွားပါပီဗျ...

✅ Logo လေးအပ်မယ်ဆို အချိန်က ခန့်မှန်းခြေ တစ်ပတ် လောက်ကနေ တစ်လ လောက်ထိကြာတတ်ပါတယ်...အဲ့ထက်လဲ ကြာတတ်သလို / မြန်တာလဲရှိပါတယ်...

✅ Logo တစ်ခုဟာ လုပ်ငန်းအတွက် အရေးပါတဲ့ အခန်းကဏ္ဌ က ပါဝင်တာဖြစ်လို့ ဖြစ်သလို ဆွဲထားတဲ့ Logo တွေ / အသင့်သုံး logo တွေဟာ ရေရှည်မှာ သင့်လုပ်ငန်းအတွက် အနှောက်အယှက် ဖြစ်နိုင်ပါတယ်...ကဲဒါဆိုရင် လူကြီးမင်းတို့အတွက် လုပ်ငန်း Logo လေး အပ်ဖို့ အထူးစိတ်ပူစရာ မရှိတော့ပြီလို့ ယုံကြည်ပါတယ်... 😍

✅ Graphic Pro - Design & Logo မှာလဲ Logo လေးတွေကို တိကျမြန်ဆန်စွာနဲ့ ဝန်ဆောင်မှုပေးနေပါတယ်ဗျ... သင့်လုပ်ငန်းအောင်မြင်ဖို့ စောင့်ကြိုနေပါတယ်...😍

#လိုဂို #ဒီဇိုင်း

✅ "ကဆုန်လပြည့်နေ့"   ✅ မေလ ၃ရက် ၂၀၂၃ တွင် ကျရောက်သည့်     ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ ကဆုန်လပြည့် မှစ၍ မြန်မာပြည...
02/05/2023

✅ "ကဆုန်လပြည့်နေ့"
✅ မေလ ၃ရက် ၂၀၂၃ တွင် ကျရောက်သည့် ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ ကဆုန်လပြည့် မှစ၍ မြန်မာပြည်သူ/သား အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒများပြည့်စုံကြပါစေကြောင်း Graphic Pro - Design & Logo မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်...


#ကဆုန်လပြည့်နေ့
#ကဆုန်လပြည့်နေ့ #ဗုဒ္ဓနေ့ #ဒီဇိုင်း #လပြည့်နေ့

Address

Khatter
Yangon

Telephone

+959423391933

Website

Alerts

Be the first to know and let us send you an email when Graphic Pro - Design & Logo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Graphic Pro - Design & Logo:

Share