Towards success

Towards success Success

"လူတစ်ယောက်က"လူတစ်ယောက်ကနဂိုကထက် သိသိသာသာ တိတ်ဆိတ်ငြိမ်သက်သွားတယ်ဆိုရင် သေချာပါတယ်သူ့မှာ ပြောဖို့ဆွံ့အ သွားရလောက်အောင်ခံ...
26/01/2022

"လူတစ်ယောက်က"

လူတစ်ယောက်က
နဂိုကထက် သိသိသာသာ တိတ်ဆိတ်ငြိမ်သက်
သွားတယ်ဆိုရင် သေချာပါတယ်
သူ့မှာ ပြောဖို့ဆွံ့အ သွားရလောက်အောင်
ခံစားချက်တွေ အရမ်းများနေလို့ပါ။

လူတစ်ယောက်က သူနဲ့
တွေ့ဆုံရတဲ့ လူသားတိုင်းလိုလိုကို
ဘုကလန့် ဆက်ဆံတတ်လာပီဆိုရင် သေချာပါတယ်
လူတွေအကြောင်း နိုက်နိုက်ချွတ်ချွတ်သိလာပီး
မာယာတွေကို မုန်းတီးလာလို့ပါ။

လူတစ်ယောက်က
နဂိုကထက် အရမ်းစိတ်ရှည်သည်းခံလာတယ်ဆိုရင်
သေချာပါတယ် ပူလောင်မှူတွေ သူကြောက်လာပီး
မာန်မာနတွေ ခဝါချကာ အေးချမ်းမှူကို
သူရှာဖွေတွေ့ရှိခဲ့လို့ပါ။

အမြဲတမ်းပြုံးရွှင်နေသူတစ်ယောက်က
အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်လာတယ်ဆိုရင်
သေချာပါတယ် သူဟန်ဆောင်ပြုံးပြဖို့ကို မပြုံးနိူင်လောက်အောင်
ရင်ထဲမှာ အရမ်းနာကျင်နေရလို့ပါ။

ပေါ့ပေါ့ပါးပါးနဲ့ ဘာကိုမှအလေးမထားသလို
နေတတ်သူတစ်ယောက်က အရင်ကထက် လေးနက်ပီး
တစ်ယောက်တည်းနေရတာကို နှစ်သက်လာတယ်ဆိုရင်
သေချာပါတယ် သူ့ကိုပြောင်းလဲစေနိူင်တဲ့ ကြီးမားတဲ့
နောင်တ ကြီးကြီးတစ်ခုတော့ ရှိနေလို့ပါ။

လူတစ်ယောက်က ပုံမှန်ထက်
ပြောင်းလဲလာတယ်ဆိုတာက နာကျင်မှူ ၊ နောင်တ
အမှား ၊ အချစ် ၊ အောင်မြင်ရူံးနိမ့်မှူ၊ လိမ်ညာခံရမှူ နှင့်
ဒဏ်ရာ ဒဏ်ချက် တွေကြောင့် မပြောင်းလဲချင်ဘဲ
ပြောင်းလဲလာတတ်ကြတယ်။

တစ်ခါတလေကျတော့
အသက်အရွယ်၊ လောကဓံ တိုက်စားမှူ ၊ ပတ်ဝန်းကျင်ကြောင့်
လူအများကြီးနဲ့ နေရတာထက်
တစ်ယောက်တည်း တိတ်ဆိတ်စွာ
ကြိုးစားရှင်သန်နေထိုင်လာခြင်းက အမာရွတ် ပြည့်နေသော
လူသားတစ်ချို့ရဲ့ သဘာဝပါပဲ။

♥ ♥ ♥

အသုံးမဝင်တဲ့လမ်းပြနည်းကို ရှောင်ပါ ❌“ဒါလုပ်စမ်း” “ဒါမလုပ်နဲ့” “ဒါမလုပ်ရဘူး”ဒီလိုမျိုးစကားတွေ တယောက်ယောက်စီက ပြောခံခဲ့ရဘူ...
19/01/2022

အသုံးမဝင်တဲ့လမ်းပြနည်းကို ရှောင်ပါ ❌
“ဒါလုပ်စမ်း” “ဒါမလုပ်နဲ့” “ဒါမလုပ်ရဘူး”
ဒီလိုမျိုးစကားတွေ တယောက်ယောက်စီက ပြောခံခဲ့ရဘူးလား?
ကိုယ်ကိုယ်တိုင်ကကော… ပြောခဲ့ဖူးလား?
ဒါဟာတော်တော်အသုံးမဝင်တဲ့လမ်းပြနည်းပါ…။
မိဘတွေနဲ့ဆရာ/ဆရာမတွေ သုံးလေ့ရှိတယ်…။
လူတယောက်ကို တကယ့်စိတ်ရင်းနဲ့ လမ်းပြချင်တယ်ဆိုရင် အဲ့လိုမျိုး ခိုင်းစေတဲ့စကားလုံးတွေအစား အသိပညာနဲ့စဉ်းစားဉာဏ် ထည့်သွင်းပေးပါ…။
ဘယ်လိုလမ်းပြပေးရမလဲဆိုရင်…
1️⃣ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေပြောပြပါ… ပြောပြတဲ့အကြောင်းအရာနဲ့ပတ်သတ်ပြီး တဖက်ကို ထင်မြင်ချက်မေးခွန်းတွေ များများမေးပါ…။
2️⃣ ပြဿနာတွေ ဖြေရှင်းနည်းတွေနဲ့ပတ်သက်ပြီး ဥပမာလေးတွေပေးပြီး ရှင်းပြပါ…။
3️⃣ အခက်အခဲတွေ Challengeတွေနဲ့ပတ်သက်တဲ့ ပုံပြင်လေးတွေ ပြောပြပေးပါ…။
4️⃣ အကြံပေးတဲ့စကားလုံးအသုံးအနှုန်းတွေ သုံးပါ…။
ဥပမာ. “ဒီလိုလေးဖြေရှင်းကြည့်ပါလား” ဆိုတာမျိုးပါ။
5️⃣ တဖက်လူက အရမ်းယုံကြည်မှုလွန်ကဲနေရင် ယုံကြည်မှုအားနည်းသွားစေမဲ့ မေးခွန်းတွေမေးပါ…။
ဥပမာ. “မင်းတွေးနေတာမှန်မှာကော သေချာရဲ့လား?” ဆိုတာမျိုးပါ။
ဒီအချက်လေးတွေကို အသုံးပြုပြီး ကိုယ့်ရဲ့ကလေးတွေ၊ ကျောင်းသားတွေ၊ ကိုယ့်အငယ်တွေကို လမ်းပြကြည့်ပါ…။
အရမ်းအကျိုးရှိတာကို မြင်တွေ့ရပါလိမ့်မယ်…။
အားလုံးအဆင်ပြေကြပါစေ 🤍အသုံးမဝင်တဲ့လမ်းပြနည်းကို ရှောင်ပါ ❌
“ဒါလုပ်စမ်း” “ဒါမလုပ်နဲ့” “ဒါမလုပ်ရဘူး”
ဒီလိုမျိုးစကားတွေ တယောက်ယောက်စီက ပြောခံခဲ့ရဘူးလား?
ကိုယ်ကိုယ်တိုင်ကကော… ပြောခဲ့ဖူးလား?
ဒါဟာတော်တော်အသုံးမဝင်တဲ့လမ်းပြနည်းပါ…။
မိဘတွေနဲ့ဆရာ/ဆရာမတွေ သုံးလေ့ရှိတယ်…။
လူတယောက်ကို တကယ့်စိတ်ရင်းနဲ့ လမ်းပြချင်တယ်ဆိုရင် အဲ့လိုမျိုး ခိုင်းစေတဲ့စကားလုံးတွေအစား အသိပညာနဲ့စဉ်းစားဉာဏ် ထည့်သွင်းပေးပါ…။
ဘယ်လိုလမ်းပြပေးရမလဲဆိုရင်…
1️⃣ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေပြောပြပါ… ပြောပြတဲ့အကြောင်းအရာနဲ့ပတ်သတ်ပြီး တဖက်ကို ထင်မြင်ချက်မေးခွန်းတွေ များများမေးပါ…။
2️⃣ ပြဿနာတွေ ဖြေရှင်းနည်းတွေနဲ့ပတ်သက်ပြီး ဥပမာလေးတွေပေးပြီး ရှင်းပြပါ…။
3️⃣ အခက်အခဲတွေ Challengeတွေနဲ့ပတ်သက်တဲ့ ပုံပြင်လေးတွေ ပြောပြပေးပါ…။
4️⃣ အကြံပေးတဲ့စကားလုံးအသုံးအနှုန်းတွေ သုံးပါ…။
ဥပမာ. “ဒီလိုလေးဖြေရှင်းကြည့်ပါလား” ဆိုတာမျိုးပါ။
5️⃣ တဖက်လူက အရမ်းယုံကြည်မှုလွန်ကဲနေရင် ယုံကြည်မှုအားနည်းသွားစေမဲ့ မေးခွန်းတွေမေးပါ…။
ဥပမာ. “မင်းတွေးနေတာမှန်မှာကော သေချာရဲ့လား?” ဆိုတာမျိုးပါ။
ဒီအချက်လေးတွေကို အသုံးပြုပြီး ကိုယ့်ရဲ့ကလေးတွေ၊ ကျောင်းသားတွေ၊ ကိုယ့်အငယ်တွေကို လမ်းပြကြည့်ပါ…။
အရမ်းအကျိုးရှိတာကို မြင်တွေ့ရပါလိမ့်မယ်…။
အားလုံးအဆင်ပြေကြပါစေ 🤍

13/01/2022
ကံလူမုန်းမှာကိုမကြောက်နဲ့ ကံမုန်းမှာကိုသာကြောက်တဲ့အရမ်းမှန်တဲ့စကားလေးပါလူတွေဟာ ဘယ်လောက်ပဲ မောက်မာနေပါစေကံကနှိမ်လိုက်တဲ့အ...
13/01/2022

ကံ
လူမုန်းမှာကိုမကြောက်နဲ့ ကံမုန်းမှာကိုသာကြောက်တဲ့
အရမ်းမှန်တဲ့စကားလေးပါ
လူတွေဟာ
ဘယ်လောက်ပဲ မောက်မာနေပါစေ
ကံကနှိမ်လိုက်တဲ့အခါ အလိုလိုနိမ့်ကျသွားတယ်
ဘယ်လောက်ပဲ ထောင်လွှားနေပါစေ
ကံကလှဲလိုက်တဲ့အခါ အလိုလိုလဲကျသွားတယ်
ဘယ်လောက်ပဲ ဘဝင်မြင့်နေပါစေ
ကံကရိုက်ချိုးလိုက်တဲ့အခါ အလိုလိုအောက်ကျို့သွားတယ်
ဘဝဆိုတာ
ကြွေတစ်လှည့် ကြက်တစ်ခုန်မို့
ဆင်းရဲတဲ့သူကလဲ တစ်သက်လုံးဆင်းရဲမယ်ထင်ပြီး
အားမငယ်သင့်ဘူး
ချမ်းသာတဲ့သူကလဲ တစ်သက်လုံးချမ်းသာမယ်ထင်ပြီး
မမော်ကြွားသင့်ဘူး
ကံကြမ္မာအလှည့်အပြောင်းမှာ
ကံခြင်းချိန်းရင် ပြောင်းပြန်ကြုံတွေ့ရတတ်တယ်။

မင်း အကြိမ်တစ်ရာ ကောင်းခဲ့တာကို  လူတွေသိတယ်  ဒါပေမယ့်  လူတိုင်းက မင်း ကောင်းကြောင်းကို  ပြောချင်ကြမှာ မဟုတ်ပါဘူး ... ​  ...
13/01/2022

မင်း အကြိမ်တစ်ရာ ကောင်းခဲ့တာကို
လူတွေသိတယ်
ဒါပေမယ့်
လူတိုင်းက မင်း ကောင်းကြောင်းကို
ပြောချင်ကြမှာ မဟုတ်ပါဘူး ...

ဘာဖြစ်လို့လဲဆိုတော့ ....
မင်း မကောင်းကြောင်းကို ပြောဖို့
မင်း မှားမယ့် တကြိမ်ကို
သူတို့
စောင့်နေကြလို့ပါပဲ....။
🍀🍀
မင်း အကြိမ်ကြိမ် ကူညီပေးခဲ့ဘူးတာကို
လူတွေ သိတယ်
ဒါပေမယ့်
လူတိုင်းက မင်းရဲ့ပေးဆပ်မှုကို
မှတ်သားထားကြမှာ မဟုတ်ပါဘူး

ဘာဖြစ်လို့လဲ ဆိုတော့ ....,
မင်းကို အပြစ်တင်ပြောဖို့
မင်း မကူညီ နိုင်မယ့် တစ်ကြိမ်ကို
သူတို့
စောင့်နေကြလို့ပါပဲ... ။
🍀🍀
မင်း တော်တယ် ဆိုတာကို
လူတွေ သိတယ်
ဒါပေမယ့်
လူတိုင်းက မင်းအတွက်
ဂုဏ်ယူ ချီးမွမ်း ချင်နေကြမှာ မဟုတ်ပါဘူး
ဘာဖြစ်လို့လဲ ဆိုတော့....,
မင်းကို ကဲ့ရဲ့ မေးငေါ့ကြဖို့
မင်း ခြေချော်ပြီး ပြန်မထ နိုင်မယ့်နေ့ကို
သူတို့
စောင့်နေကြလို့ပါပဲ....။
မူရင်းစာရေးသူ
လွ န်း ...( သံလွင်မြေ )
မေတ္တာဖြင့် ပြန်လည်မျှဝေသည်

 " လုပ်ရပ်တိုင်းမှာ အရိပ်ရှိတယ် "♣♣♣♣♣♣♣♣ 🔳 မိတ်ဆွေ သူငယ်ချင်းတွေကြားမှာဖြစ်စေ "'🔳 ချစ်သူတွေကြားမှာဖြစ်စေ 🔳 မိမိအိမ်ထောင...
12/01/2022


" လုပ်ရပ်တိုင်းမှာ အရိပ်ရှိတယ် "
♣♣♣♣♣♣♣♣
🔳 မိတ်ဆွေ သူငယ်ချင်းတွေကြားမှာဖြစ်စေ "'
🔳 ချစ်သူတွေကြားမှာဖြစ်စေ
🔳 မိမိအိမ်ထောင်ဖက်အပေါ်၌ ဖြစ်စေ
🔳 ပွင့်လင်းတဲ့ ဆက်ဆံရေး ထားပါ ။
🔳 တစ်ဦးအပေါ်တစ်ဦး ပွင့်လင်းမှုမရှိတဲ့ ဆက်ဆံရေးဆိုတာ
🔳 ရေကြည်ထဲ ရေနောက်တွေ စီးဆင်းနေသလို
🔳 နှစ်ဦးနှစ်ဖက်လုံး အမြဲတမ်း စိတ်ကို
🔳 ကသိကအောက် ခံစားနေကြရပြီး …
🔳 မကြာခဏ ကတောက်ကဆဖြစ်ကြ
🔳 နောက်ဆုံးတော့ ဘယ်လောက်ချစ်တဲ့သူတွေ ❗
🔳 သံယောဇဉ် ရှိကြသူတွေဖြစ်ပါစေ အမုန်းနဲ့
🔳 လမ်းခွဲသွားကြရတာ အများအပြားမြင်တွေ့ ဖူးခဲ့ပါတယ် …။
🔳 တစ်ယောက်က ကိုယ့်အပေါ် သံသယစကားပြောလာရင်
🔳 ဟိုလိုလို ဒီလိုလို ယောင်ဝါးဝါး မဖြေရှင်းပါနဲ့ ။
🔳ကိုယ်မှန်နေရင် မှန်ကန်တဲ့ သက်သေကိုတိတိကျကျပြလိုက်ပါ။
🔳 ကိုယ့်ဖက်က မှားနေရင်လည်း မှားသွားရတဲ့ အကြောင်းကို
🔳 သေချာစွာ အကျိုးအကြောင်းနဲ့ရှင်းပြဖို့ ဝန်မလေးပါနဲ့ ။
🔳 တကယ်တော့ သံသယဆိုတဲ့ မီးပွားအစက
🔳 ကိုယ့်ရဲ့ မပွင့်လင်းမှုအများစုကြောင့်
🔳 စတင်လာတယ်ဆိုတာကို မေ့ထားလို့ မရပါဘူး ……။
🔳 တဖက်လူဖက်အနေနဲ့ သံသယစကားဆိုလာတယ်ဆိုတာ
🔳 ကိုယ်မလုပ်ထားရင်တောင် ကိုယ်နဲ့ ပါတ်သက်တဲ့
🔳 အကြောင်းအရာတစ်ခုခုကို သိနေလို့သာ
🔳 သံသယစကား ပြောလာခြင်း ဖြစ်နိုင်ပါတယ် …။
🔳 ကိုယ်က ရိုးသားပွင့်လင်းနေရင်တောင်
🔳 ကိုယ်နဲ့ပါတ်သက်တဲ့ ပတ်ဝန်းကျင်သော်လည်းကောင်း
🔳 ကိုယ့်အပေါ် မလိုသူတွေရဲ့ ခြေထိုးစကားကြောင့်လည်း
🔳 ဖြစ်နိုင်တာမို့ ကြုံလာတဲ့ ပြဿနာကို ခေါင်းရှောင်ခြင်း
🔳 မလုပ်ပဲ အမှန်တရားကို ချပြပေးဖို့ တာဝန်ရှိပါတယ် …။
🔳 တချို့ရှိတယ် "' ငါမှန်နေတာပဲ ရှင်းစရာမလိုပါဘူး "'
🔳 ဆိုတဲ့ မာနစိတ် ထားတတ်ကြတာတွေ ❗❗
🔳 ဒါကလည်း ကိုယ့်အပေါ် သံသယစကားပြောတဲ့လူနဲ့
🔳 နောက်မပါတ်သက်တော့ဘူးဆိုရင် လျစ်လျူရှူလို့ရပေမဲ့
🔳 မပါတ်သက်လို့ မရတဲ့သူအပေါ်ကိုတော့
🔳 သေချာရှင်းပြနိုင်ရပါမယ် ဒါမှလည်း ရေရှည်တည်မြဲတဲ့
🔳 ဆက်ဆံရေးကို ရယူနိုင်မှာဖြစ်ပါတယ် …။
🔳 ဒါကြောင့် ……
🔳 မိမိအိမ်ထောင်ဖက်ကို လေးစားတန်ဖိုးထားရင်ပွင့်လင်းပါ ။
🔳 မိမိချစ်သူကို တန်ဖိုးထားမြတ်နိုးတယ်ဆိုရင် ပွင့်လင်းပါ ။
🔳မိမိလုပ်ဖော်ကိုင်ဖက်တွေကို အားကိုးတန်ဖိုးထားရင်ပွင့်လင်းပါ။
🔳 မိမိရဲ့ ပွင့်လင်းရိုးသားမှုဟာ ဘဝတိုးတက်ရေးမှာလည်း
🔳 ဆေးဖက်ဝင်သလို လူတွေကြားထဲလည်း ရဲဝင့်စွာ
🔳 ရပ်တည်လို့ နိုင်ပါမယ်……။
🔳 မိမိရဲ့ မပွင့်လင်းမှုတွေဟာ
🔳 တဖက်လူတွေအပေါ် မလေးစားရာရောက်သလို
🔳 နားကျည်းမုန်းတီးမှုဖက်ကိုလည်း တွန်းပို့တတ်သလို
🔳 မိမိတန်ဖိုး မိမိကိုယ်တိုင်ချရာလည်း ရောက်စေပါတယ် …။
🔳 တချို့ လူတွေက မိမိရဲ့ မရိုးသားမှုကို
🔳 လူတွေမသိလောက်ဘူးဆိုပြီး " ဘူး "တစ်လုံးဆောင်
🔳 ငြင်းတတ်ကြတယ် ။
🔳 မှန်ပါတယ် ကိုယ့်ရဲ့ မရိုးသားမှုကို လူတွေမသိတောင်
🔳 ကိုယ့်လိပ်ပြာက သိနေတာမို့ စိတ်ချမ်းသာနိုင်ကြလား …။
🔳 မိမိလုပ်ရပ်တိုင်းမှာ " အရိပ် " ဆိုတာရှိတယ် ။
🔳 မိမိလုပ်ရပ်တိုင်းကို ဘုရားသိတယ် ။
🔳 တပါးသူအပေါ် ဘယ်လိုပဲ မရ်ိုးမသားနဲ့ ဆက်ဆံပါစေ
🔳 နောက်ဆုံး ကိုယ်စိုက်ပျိုးခဲ့တာ ကိုယ်ပဲရိတ်သိမ်းကြရမှာမို့
🔳 လူတွေခွင့်လွှတ်ရင်တောင် ဝဋ်ကြွေးဆိုတာတော့
🔳 သံသရာတပတ်ပြည့်ရင် ရောက်လာပါလိမ့်မယ် …။
🔳 လူတစ်ယောက်ကို ……
🔳 " မကောင်းဘူးထင်ရင် ကင်းအောင်နေလိုက်ပါ "
🔳 " မကင်းနိုင်ရင် ကောင်းအောင်နေလိုက်ပါ "
🔳 " မဆက်ဆံခြင်ရင် ရှောင်ထွက်လိုက်ပါ "
🔳 " ဆက်ဆံမယ်ဆို ရိုးသားပွင့်လင်းမှုရှိပါ ''
🔳 သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိသလို
🔳 လုပ်ရပ်တိုင်းမှာလည်း အကျိုးသက်ရောက်မှုရှိပါတယ် ...။
🔳 လူလူခြင်း ပတ်သက်ဆက်ဆံရေးမှာ
🔳 လိမ်ညာလှည့်ဖြားခြင်းနဲ့ စိတ်နှလုံးကို
🔳 ညဉ်းပမ်းနှိပ်စက်ခံရခြင်း ကင်းဝေးကြပါစေ ။

♣♣♣♣♣♣♣♣

" စိတ်ထွက်ပေါက်တွေ ပိတ်မိနေတဲ့အခါ "မနက်ဖြန်ဆိုတာကိုခဏ မေ့ထားလိုက်ပါ။သုံးစားလို့မရခဲ့တဲ့မနေ့ကအကြောင်း အရာတွေကိုမတွေးပါနဲ့...
12/01/2022

" စိတ်ထွက်ပေါက်တွေ ပိတ်မိနေတဲ့အခါ "

မနက်ဖြန်ဆိုတာကို
ခဏ မေ့ထားလိုက်ပါ။

သုံးစားလို့မရခဲ့တဲ့
မနေ့ကအကြောင်း အရာတွေကို
မတွေးပါနဲ့။

သင့်ခြေတွေ လက်တွေ
ပြန်ဆန်းစစ်ကြည့်ပါ။
အကောင်းတိုင်း ရှိနေပြီဆိုရင်

လက်ရှိသင်ဖြစ်နေတဲ့ ပြဿာနာကို
ပြန်လည် သုံးသပ်ပါ။

အချစ်ရေးလား!

တကယ်တော့ အချစ်ဆိုတာ
ကိုယ်နဲ့မထိုက်ရင် မီးပါ။

နားလည်မှုရှိနေရင် ငြိမ်းသွားပြီး
သံသယတွေ ဝင်လာတဲ့အခါ
ဆက်လောင်တတ်ပါတယ်။

လူတစ်ယောက်က
အသည်းတစ်ခါ ကွဲဖူးရင် အချစ်ကို
ဘယ်လိုကိုင်တွယ်ရမလဲ သိသွားပါပြီ။

ကိုယ့်ဒူးတောင် ကိုယ်မယုံကြည်ရတဲ့ဒီခေတ်မှာ
သင်က ဘယ်သူတွေကို ယုံကြည်နေချင်သေးတာလဲ။

သင်က အချစ်ကြောင့် စိတ်ညစ်နေချိန်မှာ
အိပ်ယာပေါ်မှာ နှစ်ပေါင်းများစွာ
ရောဂါဝေဒနာ ခံစားနေရသူတွေကို ကြည့်ပါ။

အဲ့ဒီလိုလူနဲ့ သင် နေရာချင်းလဲမလား...
ဘယ်လိုလဲ
မလဲနိုင်ဘူး မဟုတ်လား။

နောက်တစ်ခု အိပ်ဆေးတွေ အကျွေးခံရပြီး
လမ်းဘေးမှာ တောင်းရမ်းနေတဲ့ အနာဂါတ်မဲ့
ကျောပိုးခံထားရတဲ့ ခလေးငယ်နဲ့
သင်နေရာချင်း လဲမလား
သင်မလဲနိုင်ဘူး မဟုတ်လား..

အမိူက္ထဲက
အမိူက်တွေချည်း ကောက်စားနေရတဲ့
စွန့်ပစ်ခံ ခလေးတွေနဲ့ နေရာချင်းချိန်းမလား
ဘယ်လိုလဲ.???

သိပ်မငြီးထွားပါနဲ့!

အချစ်ငတ်တာ
ထမင်းငတ်တာလောက်
မဆိုးဝါးပါဘူး။

စီးပွားရေးကြောင့် စိတ်ညစ်နေသလား !

စိတ်မညစ်ပါနဲ့။
သင်ဘယ်နှစ်ခါလဲကျသွာလဲက
အရေးမကြီးပါဘူး ။

ဘယ်လောက်မြန်မြန် ပြန်ထနိုင်လဲက
အရေးကြီးတာပါ။

သင့်မှာခြေတွေ လက်တွေ
အကောင်းကြီး ရှိနေတယ်မဟုတ်လား။

မိတ်ဆွေ အပေါင်းသင်းတွေ ရှိနေမယ်။
စိတ်ကောင်းတစ်ခု ရှိနေသေးတယ်ဆိုရင်
သင် ပြန်ထနိုင်မှာပါ။

အကြွေးတွေများလို့ စိတ်ညစ်နေတာလား !

အကြွေးကင်းတဲ့သူဆိုတာ
မရှိသလောက်ရှားပါတယ်။

အလုပ်လုပ်နေသမျှ တော့
အကြွေးမကင်းကြပါဘူး။

သားရေးသမီးရေးအတွက်
စိတ်ပူနေတာလား!

ကျွန်တော်တို့ အဖိုးအဖွားတွေလက်ထက်
သားသမီး (၇)ယောက်
(၈)ယောက် (၉)ယောက်
မွေးဖူးသူတွေ ပြန်ကြည့်ပါလား။

ယခုခေတ်
ကလေး (၂)ယောက် (၃)ယောက်
မွေးထားရုံနဲ့ ပူစရာလား။

အိမ်ထောင်ရေး အဆင်မပြေလို့
စိတ်ညစ်နေသလား?.?

တစ်ယောက်တည်း လာပြီး
တစ်ယောက်တည်း သေရွာပြန်ကြရမဲ့ ဘဝမှာ
တစ်စုံ တစ်ယောက်ကြောင့်
ဘဝတိုတို လေးအတွင်းမှာ
စိတ်ဆင်းရဲနေတာ တန်ပါ့မလား။

စိတ်ညစ်တယ်ဆိုတာ တစ်ခုခုကို
ဆုတ်ကိုင်ထားလို့ပါ။

လိုချင် ဖြစ်ချင်တာတွေ
များနေလို့ပါ။

အလုပ်ကို အတက်နိုင်ဆုံး
လုပ်သင့်တာ လုပ်ပြီး
ဘဝကို နေပျော်ဖို့ပဲ အရေးကြီးတယ်။

အရာအားလုံးက ဖြစ်ချိန်တန် ဖြစ်ပြီး
ပျက်ချိန်တန် ပျက်စီးပါတယ်။

ကံ ကံရဲ့ အကျိုးကို ယုံကြည်မှ
ဗုဒ္ဓဘာသာဝင် စစ်စစ်ပါ။

ဘာအတွက် ဘယ်သူအတွက်နဲ့မှ
စိတ်မညစ်ပါနဲ့ ။

ယနေ့ လုပ်စရာရှိတာကို
အကောင်းဆုံး လုပ်ပါ။

သင်တကယ်စိတ်ညစ်ရမှာက

ဘဝကို ဒါန သီလ ဘာဝနာမပါပဲ
ကုန်ဆုံး သွားမှာ ကိုပဲ ။

သင့် နှာသီးဝကို
အောက်ဆီဂျင် ဝင်နေသ၍
ကံကောင်းနေတဲ့ လူလို့မှတ် ။

ဒါဟာ ဘဝပဲ။

"အတွေးလွန် ကျွန်ဖြစ်"ဖားတစ်ကောင်ဟာ ကင်းခြေများတစ်ကောင် လမ်းလျှောက် လာတာကိုမြင်တော့ ဒီလိုစဉ်းစားမိတယ်။ငါ့မှာ ခြေနှစ်ချောင...
12/01/2022

"အတွေးလွန် ကျွန်ဖြစ်"
ဖားတစ်ကောင်ဟာ
ကင်းခြေများတစ်ကောင်
လမ်းလျှောက် လာတာကိုမြင်တော့
ဒီလိုစဉ်းစားမိတယ်။
ငါ့မှာ ခြေနှစ်ချောင်း
လက်နှစ်ဖက်ရှိတာတောင်
လမ်းလျှောက်ရတာ ခက်ခဲတယ်
တခါတစ်လေ ဘယ်ညာမှားပြီး
ခြေလှမ်းတွေ လွဲနေတတ်သေးတာ
ဒါပေမယ့် ဒီကောင်ကြီးက
ခြေထောက်တွေ
မရေမတွက်နိုင်အောင်ရှိနေတာ
ဘယ်လိုများ လမ်းလျှောက်သလဲမသိဘူး တော်တော်ထူးဆန်းတာပဲ
ဒီကင်းခြေများ ဒီခြေထောက်က
အရင်လှမ်း ဟိုခြေထောက်က
နောက်မှလမ်းဆိုပြီး
သူ့ခြေထောက်တွေကိုသူ
ဘယ်လိုများ ထိန်းချုပ်လဲ မသိဘူး"
အဲ့ဒါနဲ့ … ဖားက
ကင်းခြေများကို သွားပြီး
ဒီလိုမေးလိုက်တယ် …
ဒီလောက်များတဲ့
ခြေထောက်တွေနဲ့
မင်းဘယ်လို လမ်းလျှောက်သလဲ
ငါ သေသေချာချာ စဉ်းစားကြည့်ပြီးပြီ
ဘယ်လိုမှ တွေးမရဘူး
ခြေထောက်တစ်ချောင်းချင်းစီကို
ထိန်းချုပ်နိုင်ဖို့ဆိုတာ
တော်တော်မလွယ်တဲ့ ကိစ္စပဲ"
ငါလည်း မွေးကတည်းက
ဒီလိုပဲ လျှောက်လာခဲ့တာ
ဒီကိစ္စနဲ့ပတ်သတ်ပြီး
တစ်ခါမှ မတွေးဖူးပါဘူး။
ဘာပဲဖြစ်ဖြစ်မေးလာပြီ
ဆိုတော့လည်း အဖြေရှာရမှာပေါ့
နေအုန်း … ငါစဉ်းစားကြည့်လိုက်အုန်းမယ်
ဆိုပြီး တစ်အောင့်လောက် ရပ်ပြီး
တွေးကြည့်နေရောတဲ့ …!
အဲ့ဒီအတွေးမျိုးဟာ
ကင်းခြေများအတွက်
ပထမဆုံးသော အတွေးဖြစ်သလို
ဘယ်ခြေထောက်ကို အရင်ရွေ့ရမလဲ
ဘယ်ခြေထောက်ကိုကျတော့
နောက်မှရွေ့ရမလဲ ဆိုပြီး
ခြေထောက်တွေတစ်ချောင်းခြင်းစီနဲ့
စမ်းစစ်ကြည့်လိုက်တဲ့အခါ
ခြေလှမ်းတွေမှားကုန်ပြီး
တည့်တည့်တောင်လျှောက်လို့မရတော့ပဲ
ကို့ယို့ကားယားတွေ ဖြစ်ကုန်ပါလေရော။
ဒါနဲ့ ဖားကိုပြောတာပေါ့
မင်းနောက်တစ်ခါ တခြား
ကင်းခြေများတွေကို
ဒီလိုမေးခွန်းမျိုး
ဘယ်တော့မှ သွားမမေးမိစေနဲ့
နားလည်လား …!
ငါ့ဖာသာ ဒီပုံစံအတိုင်း
လမ်းလျှောက်လာခဲ့တာ
ဘာပြသနာမှမရှိခဲ့ဖူးဘူး။
အခုမင်းမေးခွန်းကြောင့်
ငါလမ်းလျှောက်ရတာတောင်
ခက်ကုန်ပြီ
ဘယ်ခြေထောက်အရင်
စလှမ်းရမှန်းမသိတော့ဘူး
ဘယ်လိုလုပ်မလဲ"?
ကျွန်တော်တို့ လူတွေလည်း
ဒီအတိုင်းနေ နေကြတာ
အေးချမ်းနေကြပြီ
ဒါပေမဲ့ တခြားလူတွေက
သူတို့ပြသနာ အသီးသီးတွေ
ယူလာပြီးပြောကြတဲ့အခါ
ကိုယ်သွားနားထောင်ပြီး
သူတို့နဲ့အတူ သွားပြီး
စိတ်ရှုပ်စိတ်ညစ်ရရော။
ဘဝက နေလို့ရ
စားလို့လောက်ငှနေရင်
ဘာမှပူလောင်စရာမရှိဘူး
တစ်ခြားလူတွေ
ဘဝကောင်းစားနေတာမြင်ရော…
ဟိုလူကဒီလိုကောင်းစားနေတာ။
ဒီလူက ဒီလို စိန်ရွှေ ရတနာ
ပိုက်ဆံတွေ ချမ်းသာတာ
အိမ်ရှိတာ … ကားရှိတာ
ရည်းစားချောချောလေး ရှိတာ
ဆိုတာတွေလည်း မြင်ရော …
ကိုယ့်ဖာသာကိုယ်
လျှောက်ပြီးတွေးတော့တာ …!
နောက်ဆုံးတော့ သောကတွေက
ကိုယ့်စိတ်ကို ကူးစက်ပူလောင်စေ
တော့တာပါပဲ ဘယ်သူဘာပြောပြော
ကိုယ့်လမ်းကိုယ် မှန်မှန်လေး
လျှောက်လှမ်း သွားပါ
သူများပြောစကားတွေနဲ့
လမ်းမှားမရောက်ပါစေနဲ့
မတွေဝေပါနဲ့။

ကိုယ့်လုပ်ရပ် မမှန်ရင်ကိုယ့်အရည်အသွေးတွေဟာကျ ဆင်းသွားနိုင်ပါတယ် ။အမြင့်ရောက်ချင်လို့ ဆိုပြီးအလွယ်လမ်းတော့ မလိုက်ပါနဲ့ ။ဘ...
12/01/2022

ကိုယ့်လုပ်ရပ် မမှန်ရင်
ကိုယ့်အရည်အသွေးတွေဟာ
ကျ ဆင်းသွားနိုင်ပါတယ် ။
အမြင့်ရောက်ချင်လို့ ဆိုပြီး
အလွယ်လမ်းတော့ မလိုက်ပါနဲ့ ။
ဘဝတွေ မြင့်မလာပဲ
ဘဝ အကျ နာတတ်ပါတယ် ။
ရိုးသားကြိုးစားခြင်းဖြင့်
ဘဝကို ​လျှောက်လှမ်းပေမယ့်
ကံအခွင့်မပေးသေးရင်လည်း
ဖြစ်ထွန်းမှုတွေ နှေးတတ်တယ် ။
တစ်ချို့အရာတွေက
မရလို့ ဘာမှ မဖြစ်သွားပါဘူး ။
ရလာမှ ပိုပူနေရမယ်ဆိုရင်
ဘဝမှာ မရှိပဲနေရတာက
ပိုပြီး စိတ်ချမ်းသာရပါတယ် ။
ဘဝမှာ ​မွေးဖွာရာကနေ
သေတဲ့အထိ လိုအပ်တာဟာ
စိတ်ချမ်းသာမှုနဲ့
ကိုယ်ကျင့်တရားသာ ဖြစ်လို့
ဘဝ ပျက်တာထက်
သီလ မပျက်အောင် ကြိုးစားပါ ။
သာရ ဂ ဝေ သီ
🙏🙏🙏
#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်။🙏
#ကုသိုလ်ကောင်းမှုများကို
မမေ့မလျော့ ပြု နိုင်ကြပါစေ။
🙏🙏🙏🙏🙏🙏🙏

Address

Yangon
Yangon

Website

Alerts

Be the first to know and let us send you an email when Towards success posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share