13/07/2024
Power Virtual Agents ဆိုတာဘာလဲ?
Power Virtual Agents ဆိုတာက Microsoft Power Platform ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး CHATBOTS တွေကို CODING မလိုအပ်ဘဲ ဖန်တီးနိုင်စေတဲ့ TOOL တစ်ခုဖြစ်ပါတယ်။ ဒါဟာ လုပ်ငန်းတစ်ခုရဲ့ စားသုံးသူများနဲ့ အလုပ်သမားများအတွက် AUTOMATED CHATBOTS များကို အသုံးပြုနိုင်စေပြီး ဖန်တီးခြင်း၊ စီမံခန့်ခွဲခြင်း၊ ပြောင်းလဲခြင်းနဲ့ အဆင်ပြေစွာ အသုံးချနိုင်စေပါသည်။
Power Virtual Agents ရဲ့ အကျိုးကျေးဇူးများ
1. Coding မလိုအပ်ခြင်း
o Technical knowledge မရှိရင်တောင် drag-and-drop interface ကို အသုံးပြုပြီး chatbots များ ဖန်တီးနိုင်သည်။
2. လုပ်ငန်းစဉ်များ အလိုအလျောက် လုပ်ဆောင်ပေးခြင်း
o Customer support နှင့် Internal processes များအတွက် chatbots များကို အလိုအလျောက် အလုပ်လုပ်စေပြီး အချိန်ကုန်သက်သာစေသည်။
3. လုပ်ငန်းပိုင်းဆိုင်ရာ ထိရောက်မှု တိုးတက်စေခြင်း
o Chatbots များက 24/7 အလုပ်လုပ်နိုင်သဖြင့် အရင်းအမြစ်များကို အလေအလွင့် နည်းနိုင်သမျှနည်းအောင် စီမံခန့်ခွဲနိုင်စေပြီး လုပ်ငန်းစဥ်များ တိုးတက်လာမည်။
4. အဆင်ပြေစွာ အပြန်အလှန် ဆက်သွယ်နိုင်ခြင်း
o Natural Language Processing (NLP) အသုံးပြုသောကြောင့် USER INPUT များကို အလွယ်တကူ နားလည်ပြီး ပြန်လည်ဖြေဆိုနိုင်စေသည်။
5. Integration အလွယ်တကူ ပြုလုပ်နိုင်ခြင်း
o Microsoft 365, Dynamics 365, Power Automate နှင့် အခြား third-party services များနှင့် အလွယ်တကူ ချိတ်ဆက်နိုင်သည်။
6. အချိန်နဲ့ ငွေကုန်ကျစရိတ် လျှော့ချနိုင်ခြင်း
o Automated chatbots အသုံးပြုခြင်းဖြင့် Customer service တိုးတက်စေပြီး ဝန်ထမ်းစရိတ်များကို အတိုင်းအတာတစ်ခု လျှော့ချနိုင်ပြီး အချိန်ကုန်သက်သာစေသည်။ န
7. စီမံခန့်ခွဲမှု အထောက်အကူပြုခြင်း
o Chatbots performance နှင့် USER INTERACTIONS များကို သုံးသပ်၍ မိမိလုပ်ငန်းများအတွက် အကောင်းဆုံး အကြံဉာဏ်များရယူနိုင်သည်။
8. Multi-channel Support
o Chatbots များကို Websites, Mobile apps, Facebook Messenger, Microsoft Teams စသည့် channels များအတွက် အသုံးပြုနိုင်သည်။
Power Virtual Agents ဟာ လုပ်ငန်းများအတွက် chatbots များကို အလွယ်တကူ ဖန်တီးပြီး အလုပ်အဆင်ပြေစေတဲ့ အကူအညီ tool တစ်ခုဖြစ်ပါတယ်။ Customer support, Internal operations များအတွက် အချိန်နှင့် စရိတ်အလွယ်တကူ ထိရောက်စွာ စီမံခန့်ခွဲနိုင်စေသည်။
Power Platform နှင့် ပါဝင် အစိတ်အပိုင်းများကသင့်လုပ်ငန်းရဲ့ ထုတ်လုပ်မှုစွမ်းအားကို ဘယ်လို အထေက်အကူပြုပေးပြီး မြင့်တင်ပေးနိုင်သလဲဆိုတာ ဆွေးနွေးလိုပါ ဆက်သွယ်ရန် Email - [email protected] ၊ Phone - 09780299033
Viber Channel - https://invite.viber.com/?g2=AQA4c2eVpWlGvFFGjtl02PM71QnjwdjGALVIkyd1zhNhif51PZDuZEtuUdgCne8b
Telegram Channel - https://t.me/bizaidproductivity
Microsoft Power Platform နှင့် ပါဝင် အစိတ်အပိုင်းများ အတွက် သင်တန်းများကိုလဲမကြာမှီကာလာအတွင် ဖွင့်လစ်သင်ကြားသွားပေးမည်ဖြစ်ပါသည်။