MKS Creative Studio

MKS Creative Studio Make it simple. Make it memorable.

အစားအသောက်ပဲဖြစ်ဖြစ်၊ ကုန်ပစ္စည်းပဲဖြစ်ဖြစ် အွန်လိုင်းမှာ ရောင်းချတော့မယ်ဆိုရင် ဝယ်သူကို ဆွဲဆောင်နိုင်မယ့် 📷ဓာတ်ပုံလှလှလ...
29/06/2022

အစားအသောက်ပဲဖြစ်ဖြစ်၊ ကုန်ပစ္စည်းပဲဖြစ်ဖြစ် အွန်လိုင်းမှာ ရောင်းချတော့မယ်ဆိုရင် ဝယ်သူကို ဆွဲဆောင်နိုင်မယ့် 📷ဓာတ်ပုံလှလှလေးတွေကတော့ မလွဲမသွေ လိုအပ်ပါတယ်။




ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ မြန်မာပြည်သူပြည်သားအပေါင်း ဘေးဘယာကင်းဝေးပြီး လမင်းကြီးလို ပြည့်ဝလင်းလက်တဲ့ဘဝကြီးကို ပိုင်ဆိုင်ကြ...
14/05/2022

ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ မြန်မာပြည်သူပြည်သားအပေါင်း ဘေးဘယာကင်းဝေးပြီး လမင်းကြီးလို ပြည့်ဝလင်းလက်တဲ့ဘဝကြီးကို ပိုင်ဆိုင်ကြပါစေကြောင်း MKS Creative Studio က ဆုမွန်ကောင်းတောင်းအပ်ပါတယ်။


အားလုံးဆန္ဒနဲ့ ထပ်တူကျတဲ့ မြန်မာ့နှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
17/04/2022

အားလုံးဆန္ဒနဲ့ ထပ်တူကျတဲ့ မြန်မာ့နှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။


Finalized logo for Mr.M
11/04/2022

Finalized logo for Mr.M


Content လား၊ Copy လား ဘာကိုရွေးမလဲအပေါ်ယံကြည့်ရင်တော့ Content writing နဲ့ Copywriting ဟာ ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ ပ...
10/04/2022

Content လား၊ Copy လား ဘာကိုရွေးမလဲ

အပေါ်ယံကြည့်ရင်တော့ Content writing နဲ့ Copywriting ဟာ ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ ပန်းလို ကျောချင်းကပ်ညီအစ်ကိုတွေလို ထင်ရပါတယ်။ ဒါပေမဲ့ ဒီရေးဟန်နှစ်ခုမှာ သိသာတဲ့ ကွဲပြားမှုတွေ ရှိပါတယ်။ Copywriting ဆိုတာက ကုန်ပစ္စည်းတစ်ခု၊ ဒါမှမဟုတ် အမှတ်တံဆိပ်တစ်ခုကို ကြော်ငြာတာ၊ စားသုံးသူတုံ့ပြန်မှုရရှိအောင် လုပ်ဆောင်တာ စတဲ့ စျေးကွက်ထိုးဖောက်ဖို့ရည်ရွယ်ချက်တွေအတွက် ရေးသားတဲ့ ရေးဟန်ဖြစ်ပြီး Content writing ကတော့ ဖောက်သည်တွေနဲ့ ယုံကြည်မှုတည်ဆောက်ဖို့နဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ကုန်အမှတ်တံဆိပ်အမြင်ကို ဖြစ်ထွန်းစေဖို့ ရည်ရွယ်ပါတယ်။ Copywriting မှာ ကုန်ပစ္စည်းရဲ့ အသေးစိတ်အချက်အလက်တွေ ဖော်ပြတာ၊ ချက်ချင်းဝယ်ယူချင်အောင် တိုက်တွန်းတဲ့ Call to action တွေ ထည့်သွင်းရေးသားတာ၊ discount ပေးတာလိုမျိုး မက်လုံးပေးကမ်းလှမ်းချက်တွေ ထည့်သွင်းဖော်ပြတာမျိုးတွေ ပါဝင်မှာဖြစ်ပြီး Content writing မှာတော့ လူတွေကို ကိုယ့်ဖောက်သည်ဖြစ်လာအောင် ဆွဲဆောင်ဖို့ သွယ်ဝိုက်ရေးသားတဲ့ စျေးကွက်ထိုးဖောက်မှုပုံစံတွေ ပါဝင်ပါတယ်။ Content writing မှာ ထုတ်ကုန်တွေကို တိုက်ရိုက်ကြော်ငြာရောင်းချတာမျိုး၊ မက်လုံးပေးတာမျိုးတွေ ပါဝင်လေ့မရှိဘဲ တန်ဖိုးရှိတဲ့၊ ဗဟုသုတပေးတဲ့၊ ဒါမှမဟုတ် ဖျော်ဖြေမှုပေးနိုင်တဲ့ အချက်အလက်တွေ၊ အရေးအသားတွေနဲ့ ဖောက်သည်နဲ့ ကိုယ့်ကြားမှာ ဆက်ဆံရေးတစ်ရပ် ပျိုးထောင်တာမျိုး ဖြစ်ပါတယ်။ အဓိကကတော့ ကုန်အမှတ်တံဆိပ်ကို မှတ်မိအောင်နဲ့ ကုန်အမှတ်တံဆိပ်အပေါ် သစ္စာရှိတဲ့ ဝယ်သူတွေဖြစ်အောင် လုပ်ဆောင်တာက Content writing ဖြစ်ပြီး ချက်ချင်းလက်ငင်းဝယ်အောင် တိုက်ရိုက်ရောင်းချတဲ့ ကြော်ငြာပုံစံမျိုးရေးသားတာကတော့ Copywriting ဖြစ်ပါတယ်။ နှစ်ခုစလုံးရဲ့ တူညီတဲ့အချက်ကတော့ ထုတ်ကုန်၊ ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုကို ဝယ်ယူမယ့် အလားအလာရှိတဲ့ ဖောက်သည်တွေဆီ သတင်းအချက်အလက်ပေးတာဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
Copywriting မှာ အရေးအပါဆုံးအရာက Headline လို့ခေါ်တဲ့ ခေါင်းစဥ်ပါပဲ။ ခေါင်းစဥ်မှာ ကျရှုံးသွားရင် ကြော်ငြာတစ်ပုဒ်လုံး ကျရှုံးတာပါပဲ။ ခေါင်းစဥ်ဟာ အဲဒီလောက်အထိ ဝယ်သူရဲ့ စိတ်အာရုံကို ဖမ်းဆုပ်နိုင်တဲ့ အစွမ်းရှိပါတယ်။ ဆွဲဆောင်မှုကင်းတဲ့ ခေါင်းစဥ်တပ်မှုဟာ ကြော်ငြာဖတ်လိုစိတ်ကို လျော့ကျစေပါတယ်။ နောက်ထပ်အ‌ရေးကြီးတဲ့အချက်က Customer ကို လေ့လာပြီးမှ ကြော်ငြာရေးဖို့ပါ။ စားသုံးသူကို နားမလည်ဘဲနဲ့ စျေးရောင်းလို့ မရနိုင်ဘူးဆိုတာကိုတော့ ကြော်ငြာစာရေးမယ့်သူတွေ သိထားဖို့လိုပါတယ်။အတိုချုပ်ပြောရရင် Copywriting ဟာ ရေတိုရောင်းအားတက်ဖို့ဖြစ်ပြီး Content writing ကတော့ လူတွေကို တန်ဖိုးတစ်ခုပေးပြီး အပြုသဘော လွှမ်းမိုးဖို့ ကြိုးစားတဲ့ ရေရှည်စျေးကွက်ထိုးဖောက်မှုပုံစံ ဖြစ်ပါတယ်။

MKS Creative Studio က Client တွေရဲ့ လိုအပ်ချက်တွေနဲ့ကိုက်ညီမယ့် Copywriting နဲ့ Content Writing တွေကို အကောင်းဆုံး ရေးသားပေးနေပါတယ်။



ခံစားချက်မျိုးစုံကို ဖော်ပြနိုင်တဲ့ Viber Sticker လေးတွေကို MKS Creative Studio မှာ လက်ခံရေးဆွဲပေးနေပါပြီ။
09/04/2022

ခံစားချက်မျိုးစုံကို ဖော်ပြနိုင်တဲ့ Viber Sticker လေးတွေကို MKS Creative Studio မှာ လက်ခံရေးဆွဲပေးနေပါပြီ။


လိုဂိုအမျိုးအစား ခုနစ်မျိုးမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Mascot logo တွေကို MKS Creative Studio မှာ အပ်နှံနိုင်ပါပြီ။ Mascot l...
04/04/2022

လိုဂိုအမျိုးအစား ခုနစ်မျိုးမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Mascot logo တွေကို MKS Creative Studio မှာ အပ်နှံနိုင်ပါပြီ။ Mascot logo လို့ ပြောရင် KFC ကို ပြေးမြင်မိအောင် နိုင်ငံတကာမှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ လိုဂိုအမျိုးအစားလည်း ဖြစ်ပါတယ်။ ချစ်စရာ Mascot logo လေးတွေကို သင့်တင့်မျှတတဲ့ စျေးနှုန်းလေးတွေနဲ့ အပ်နှံပြီး သင့်ဖောက်သည်တွေရဲ့ အာရုံစူးစိုက်မှုကို ရယူလိုက်ပါ။


ဒီဇိုင်နာနဲ့ client ပေါင်းစည်းမှုဟာ ဒီဇိုင်းရလဒ်တစ်ခုကို ဖြစ်ပေါ်စေပါတယ်။ ကောင်းမွန်တဲ့ရလဒ်လား၊ ညံ့ဖျင်းတဲ့ရလဒ်လားဆိုတာက...
03/03/2022

ဒီဇိုင်နာနဲ့ client ပေါင်းစည်းမှုဟာ ဒီဇိုင်းရလဒ်တစ်ခုကို ဖြစ်ပေါ်စေပါတယ်။ ကောင်းမွန်တဲ့ရလဒ်လား၊ ညံ့ဖျင်းတဲ့ရလဒ်လားဆိုတာကတော့ သူတို့နှစ်ဦးရဲ့ ပေါင်းစည်းမှု ဘယ်လောက်ဟာမိုနီဖြစ်သလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ တစ်ယောက်အခွင့်အရေးကို တစ်ယောက်ကလေးစားရင် ကောင်းမွန်တဲ့ရလဒ်ပေါ်လာမှာပါ။ တစ်ယောက်အခွင့်အရေးကို တစ်ယောက်ကလေးစားတယ်ဆိုတာက တစ်ယောက်ရဲ့နယ်ပယ်ကို တစ်ယောက်က မကျော်ဖို့ပါပဲ။ ဖန်တီးမှုဟာ ဒီဇိုင်နာရဲ့ တာဝန်ဖြစ်ပြီး ကိုယ့်အကြိုက်ဖန်တီးမှုဖြစ်လာဖို့ လိုအပ်သမျှသတင်းအချက်အလက်နဲ့ ဦးတည်ချက်ကို ချပြဖို့က client ရဲ့တာဝန် ဖြစ်ပါတယ်။ ဒါဆိုရင် အောင်မြင်တဲ့ ဒီဇိုင်းတစ်ခုကို ကျွန်တော်တို့ ပူးပေါင်းဖန်တီးနိုင်ပါပြီ။ အောင်မြင်တဲ့ ဒီဇိုင်းတစ်ခုကို ဖန်တီးချင်တယ်ဆိုရင် client နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ MKS Creative Studio က အသင့်ရှိနေပါတယ်။

အနမ်းဆိုတာ လူတိုင်းနဲ့ မစိမ်းတဲ့အရာ မဟုတ်လား။ လူကြီးဘဝမှာ အနမ်းတစ်ပွင့်မှ မခြွေဖူးဘူးဆိုရင်တောင်မှ ကလေးဘဝမှာတော့ အနမ်းတွ...
24/02/2022

အနမ်းဆိုတာ လူတိုင်းနဲ့ မစိမ်းတဲ့အရာ မဟုတ်လား။ လူကြီးဘဝမှာ အနမ်းတစ်ပွင့်မှ မခြွေဖူးဘူးဆိုရင်တောင်မှ ကလေးဘဝမှာတော့ အနမ်းတွေ လက်ခံရရှိခဲ့ကြဖူးတာ လူတိုင်းပါပဲ။ ပြောရရင် ဒီဇိုင်းမှာတောင် အနမ်းနဲ့ မကင်းဘူး ကိုယ့်လူတို့။ ဒါပေမဲ့ ဒီအနမ်းက ခင်ဗျားတို့၊ ကျွန်တော်တို့သိတဲ့ အနမ်းတော့ မဟုတ်ဘူး။ KISS principle ကို ပြောတာ။ ၁၉၆၀ ပြည့်နှစ်တုန်းက အမေရိကန်ရေတပ်ကြောင့် ထင်ရှားခဲ့တဲ့ ဒီဇိုင်းဥပဒေသတစ်ခုပေါ့။
KISS ဆိုတာ keep it simple, stupid ကို အတိုကောက်ခေါ်ထားတာ။ ပြောချင်တာက ရှုပ်ရှုပ်ထွေးထွေးလုပ်ထားတာထက် ရိုးရိုးရှင်းရှင်းလုပ်ထားတာက ကောင်းကောင်းအလုပ်ဖြစ်တယ်လို့ ဆိုလိုတာပဲ။ ဒါကြောင့် ရိုးရှင်းမှုဟာ ဒီဇိုင်းမှာ သော့ချက်ဖြစ်လာပြီး မလိုအပ်တဲ့ ရှုပ်ထွေးမှုတွေကို ရှောင်ရှားရပါမယ်တဲ့။
KISS principle အကြောင်း ရှင်းရရင် အဲဒီစကားလုံးရဲ့နောက်ကွယ်က ပုဂ္ဂိုလ်က ကယ်လီဂျွန်ဆင် ဆိုတဲ့ လေယာဥ်အင်ဂျင်နီယာမှူးပါ။ သူတို့ ဒီဇိုင်းလုပ်နေတဲ့ ဂျက်လေယာဥ်တစ်စီးကို တိုက်ပွဲဖြစ်နေတဲ့ စစ်မြေပြင်မှာ ဘယ်စက်ပြင်ဆရာမဆို ပြင်နိုင်စွမ်းရှိအောင် ဒီဇိုင်းထုတ်ဖို့ သူ့ရဲ့ဒီဇိုင်းအင်ဂျင်နီယာတွေကို ညွှန်ကြားခဲ့တဲ့ စကားဖြစ်ပါတယ်။ အဲဒီတော့ Minimalism ခေတ်စားလာတဲ့ ကမ္ဘာကြီးမှာ ကျွန်တော်တို့လည်း ဒီဇိုင်းတွေကို ရိုးရိုးရှင်းရှင်း လုပ်ကြရအောင်ဗျာ။ (Client တွေ သဘောတူမယ်ဆိုရင်ပေါ့😄)

May your business blossom in the years to come.For Shwe Cafe(Mawlamyine)
14/02/2022

May your business blossom in the years to come.
For Shwe Cafe(Mawlamyine)


Wish you more successful years ahead, Min Pyei Sone Co Ltd!
03/02/2022

Wish you more successful years ahead, Min Pyei Sone Co Ltd!


Social Media Ad တွေကို ဒီဇိုင်းဆင်တဲ့အခါ ကြည့်ရှုသူတွေရဲ့ မျက်လုံးအကြည့်မှာ ငြိခနဲဖြစ်အောင် အားထုတ်ရပါတယ်။ လက်တပွတ်၊ ကလစ...
24/01/2022

Social Media Ad တွေကို ဒီဇိုင်းဆင်တဲ့အခါ ကြည့်ရှုသူတွေရဲ့ မျက်လုံးအကြည့်မှာ ငြိခနဲဖြစ်အောင် အားထုတ်ရပါတယ်။ လက်တပွတ်၊ ကလစ်တစ်ချက်မှာတင် ကိုယ့်ပို့စ်ကို စွဲငြိဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်ကုန်အထိ ကမ္ဘာမှာ Facebook အသုံးပြုသူ ၂.၆ ဘီလျံ ရှိနေပါပြီ။ တခြား ဆိုရှယ်မီဒီယာပလက်ဖောင်းအသုံးပြုသူတွေကိုပါ ထည့်တွက်ရင် ကမ္ဘာ့လူဦးရေရဲ့တစ်ဝက်လောက်ဟာ ဆိုရှယ်မီဒီယာကို တက်တက်ကြွကြွသုံးစွဲနေကြပါတယ်။ ဒီလောက်များတဲ့ ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာ ကိုယ်တင်လိုက်တဲ့ ပို့စ်ကို လူတွေ ငေးစိုက်ကြည့်ဖို့ဆိုတာ Content ရော Design ပါ ဆွဲဆောင်မှုရှိနေမှ ဖြစ်မှာပါ။ ကိုယ်တင်ချင်တဲ့ ပို့စ်အတွက် စာရော ဒီဇိုင်းပါ ထိမိအောင် ဖန်တီးပေးဖို့လိုလာပြီဆိုရင် MKS Creative Studio က ဝန်ဆောင်မှုပေးနေတယ်ဆိုတာကိုတော့ သတိတရရှိစေချင်မိပါတယ်။


Address

Yangon

Telephone

+959448014284

Website

Alerts

Be the first to know and let us send you an email when MKS Creative Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MKS Creative Studio:

Share