ET - It Solution

ET - It Solution IT software / Hardware

Computer စက်လေးနေလျှင် ဖြေရှင်းနည်း (1)windows key+R ကိုတွဲနှိပ်ပါ။Box ထဲသို့အောက်က စာများရိုက်ထည့်ပေးပါ။1-temp2-%temp%3...
24/05/2023

Computer စက်လေးနေလျှင် ဖြေရှင်းနည်း

(1)windows key+R ကိုတွဲနှိပ်ပါ။
Box ထဲသို့အောက်က စာများရိုက်ထည့်ပေးပါ။

1-temp
2-%temp%
3-prefetch
4-recent

ပေါ်လာသမျှ folder and file များကို Shift delete ပေးဖျက်ပြစ်ပါ။

အပေါ်က ၄ခုလုံးလုပ်ပါ ပြီးရင် desktop ပေါ်က recycle bin ကို
rightclick ထောက်empty recycle bin ကိုနှိပ်>>>>>yes နှိပ်

(2) disk cleanupလုပ်ခြင်း
ကွန်ပြူတာကို နှေးစေသောအကြောင်းရာများထဲမှာ
disk cleanup မလုပ်ခြင်းလည်းပါပါတယ်။
disk ကိုနေရာများများရအောင် လုပ်ခြင်းဖြစ်ပါတယ်။
အောက်ကအတိုင်းအဆင့်ဆင့်သွားလိုက်ပါ။

>> start>>all programs>> accessories>> system tools>>
disk cleanup နှိပ် ။
Run Box ( Window + R) >> cleanmgr >> ok >> Disk Clean Tab ထဲတွင် အောက်သုံးမျိုးကို အမှန်ခြစ်ပေးပါ။
•Download program files, Temporary Internet files, Thumbnails okပေး delete files

(3)disk defragmenter လုပ်ခြင်း
programs ကိုသွင်းလိုက် ထုတ်လိုက် လုပ်ဖန်များလာရင်
ဖိုင်တွေက ဟိုနားတခု ဒီနားတခုနဲ့ ပြန့်ကျဲနေမယ်ဆိုရင်
စက်ဖွင့်ရင် ဖိုင်ကိုလိုက်ရှာနေရတာကြောင့်စက်က
လေးနေမယ် တော်တော်လေးကြာမှာပွင့်လာတတ်တယ်
ဒါကြောင့် ဖိုင်တွေကို ပြန်စီပေးလိုက်ခြင်းဖြင့်
စက်ကပိုပြီးမြန်ဆန်သွက်လက်လာပါလိမ့်မယ်။

start>> all programs>> accessories>> system tools>>
disk defragmenter ကိုနှိပ် ပီးရင် Ok . Deleted ။
>>> ၁လကို ၁ကြိမ် defragment လုပ်ပေးပါ Check now > Yes > Automatically .
ကို အမှန်ခြစ်ဖြုပါ > Scan for and . . . အမှန်ခြစ်ပေးပြီး
Start ပေါ့ဗျာ ပီးတဲ့ထိ Wait ပေးလိုက်ပါ။
ပြီးရင် Defragment now ကိုလဲ ပြောခဲ့သလိုပဲ လုပ်ပေးပါ။
>>> programs များကိုပိတ်ထားမယ် > msconfig Ok. Restart ချပေးလိုက်ပါ။

Service ထဲကတော့ ကိုအသုံးမလိုတဲ့ Software များကို
အမှန်ခြစ်ဖြုတ်ပီး ပိတ်ချင်လဲ ပိတ်ထားလိုက်လို့ရပါတယ်။
နောက်တစ်နည်း
-------------------------
(1) start menu မှ run ထဲမှာ regedit ဆိုပြီး ရိုက်လိုက်ပါ။

(2)registry editor window ပေါ်လာရင် HKEY LOCALMACHINE\
SYSTEM\ Current Control Set\ Control\ Session Manager\Memory Management ဆိုပြီး
အဆင့်ဆင့်သွားလိုက်ပါ။

(3)Memory Management ကို Click လိုက်ပါ။ ညာဘက်မှာ Disable
Paging Executive ဆိုတာကို ရှာလိုက်ပါ။ တွေ့ရင် Double Click လုပ်ပြီး decimal value ကို
ပြောင်းပေးလိုက်ပါ။ 1 ရိုက်ထည့်ပြီး Ok နှိပ်ပါ။

(4)နောက်ထပ် Large System Cache ကိုရှာပြီး double click
လုပ်လိုက်ပါ။ ပြီးရင်း decimal value ကို ပြောင်းပေးလိုက်ပါ။ 1 ရိုက်ထည့်ပြီး Ok နှိပ်ပါ။

(5) PC Desktop ပေါ်မှာ software များအကုန်လုံးပျောက်ဆုံးနေရင်
screen မျက်နှာပြင်မှာ ပဲ Mouse ကို right click နှိပ်ပြီး View က show desktop icons နှိပ်လိုက်လျှင် ပြန်ပေါ်လာပါလိမ့်မယ်။

Credit..._to_owner

မင်္ဂလာပါခင်ဗျာ 🙏ET-IT Solution မှ Company ဖြုတ်l အိမ်သုံး l ရုံးသုံး Desktop, Laptop, Printer များအား ဈေးနှုန်းမှန်ကန်စ...
22/05/2023

မင်္ဂလာပါခင်ဗျာ 🙏

ET-IT Solution မှ Company ဖြုတ်l အိမ်သုံး l ရုံးသုံး Desktop, Laptop, Printer များအား ဈေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူလိုပါသည်ခင်ဗျာ

company use computer, ရုံးသုံး computer, အိမ်သုံး computer များအား ရောင်းလိုပါက

ဖုန်းနံပါတ် 09777916885 or page messenger သို့ဆက်သွယ်နိုင်ပါသည်ခင်ဗျ

လူကြီးမင်းတို့ အသုံးပြုနေတဲ့ Desktop , laptop
Error များကိုလည်းET-It solution မှ အချိန်တိုအတွင်းအိမ်တိုင် လာရောက်ပြုပြင်ပေးပါတယ်ခင်ဗျာ

ရုံးသုံး ၊ အိမ်သုံး ၊ ကျောင်းသုံး ၊ လုပ်ငန်းသုံး များကိုလည်း အမြန်ဆုံးလာရောက်ပြုပြင်ပေးပါတယ်ခင်ဗျ

🖥️💻 Data recovery ပြုလုပ်ပေးခြင်း

🖥️💻 Window အမျိုးမျိုး တင်ခြင်းနှင့် လိုအပ်သော Software များကို စိတ်တိုင်းကျ ထည့်သွင်းပေးခြင်း.

🖥️💻 Laptop နှင့် Deskop Computer များ၏ Hardware များပျက်စီးနေခြင်းကို မြန်ဆန်စွာပြင်ဆင်ပေးခြင်း နှင့် Upgrade ပြုလုပ်ပေးခြင်း

🖥️💻 Window Activation ပြုလုပ်ပေးခြင်း

🖥️💻 Hardware Cleaning ( Hardware ပိုင်းသန့်ရှင်းရေးပြုလုပ်လိုလျှင် )

🖥️💻 Motherboard, HDD, Ram & Other Upgrade ပြုလုပ်လိုခြင်း

🖥️💻 Virus သတ်ပေးခြင်း

🖥️💻 Driver မသိဖြစ်နေခြင်း

🖥️💻 No Boot Error ( Boot မတက်ခြင်း )

🖥️💻 Driver & Software Install ပြုလုပ်လိုခြင်း

🖥️💻 File Sharing and Printer Sharingပြုလုပ်ပေးခြင်းနှင့် အခြားသော Error များကိုလည်း ပြုပြင် ဖြေရှင်းပေးပါသည်။

Phone - 09777916885

20/01/2023

မင်္ဂလာပါခင်ဗျာ 🙏

လူကြီးမင်းတို့ အသုံးပြုနေတဲ့ Desktop , laptop
Error များကို ET-It solution မှ အချိန်တိုအတွင်းအိမ်တိုင် လာရောက်ပြုပြင်ပေးပါတယ်ခင်ဗျာ

ရုံးသုံး ၊ အိမ်သုံး ၊ ကျောင်းသုံး ၊ လုပ်ငန်းသုံး များကိုလည်း အမြန်ဆုံးလာရောက်ပြုပြင်ပေးပါတယ်ခင်ဗျ

🖥️💻 Window အမျိုးမျိုး တင်ခြင်းနှင့် လိုအပ်သော Software များကို စိတ်တိုင်းကျ ထည့်သွင်းပေးခြင်း.

🖥️💻 Laptop နှင့် Deskop Computer များ၏ Hardware များပျက်စီးနေခြင်းကို မြန်ဆန်စွာပြင်ဆင်ပေးခြင်း နှင့် Upgrade ပြုလုပ်ပေးခြင်း

🖥️💻 Window Activation ပြုလုပ်ပေးခြင်း

🖥️💻 Hardware Cleaning ( Hardware ပိုင်းသန့်ရှင်းရေးပြုလုပ်လိုလျှင် )

🖥️💻 Motherboard, HDD, Ram & Other Upgrade ပြုလုပ်လိုခြင်း

🖥️💻 Virus သတ်ပေးခြင်း

🖥️💻 Driver မသိဖြစ်နေခြင်း

🖥️💻 No Boot Error ( Boot မတက်ခြင်း )

🖥️💻 Driver & Software Install ပြုလုပ်လိုခြင်း

🖥️💻 File Sharing and Printer Sharingပြုလုပ်ပေးခြင်းနှင့် အခြားသော Error များကိုလည်း ပြုပြင် ဖြေရှင်းပေးပါသည်။

Phone - 09777916885

24/07/2022

.....ကွန်ပျူတာကို မဟန်းအောင် အသုံးပြုမယ်.....

သိပီးသူများကျော်သွားပေးပါ

နေ့တိုင်း ကွန်ပျူတာ အသုံးပြုသူတိုင်း သိသင့်တယ်ထင်လို့ မျှဝေလိုက်ရပါတယ်။ တစ်ချို့ကလည်း သိပြီးသား ဖြစ်ပါတယ်။ ကွန်ပျူတာ ဟန်းနေရင် အတော်လေး အလုပ်လုပ်ရတာ အဆင်မပြေပါဘူး။

(၁) Window + R ကို တွဲပြီး နှိပ်ပါ။

(၂) ပေါ်လာတဲ့ အကွက်ထဲမှာ recent ကိုနှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၃) Window + R ကို တွဲပြီးနှိပ် တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ temp နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၄) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ prefetch နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။

(၅) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ %temp% နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။ နေ့တိုင်းမလုပ်နိုင်ဘူးဆိုရင် တစ်ပတ်မှာ သုံးကြိမ် လေးကြိမ်လောက် လုပ်ပေးပါက စက် ဟန်းခြင်းကို သိသာစွာပေါ့ပါးသွားတာကို တွေ့ရပါလိမ့်မယ်။

to Original

Software ကြောင့် Blue screen ဖြစ်နေရင် ဖြေရှင်းနည်းလေးပါ အသုံးဝင်မယ်ထင်ပါတယ်   shar4Ti
02/07/2022

Software ကြောင့် Blue screen ဖြစ်နေရင် ဖြေရှင်းနည်းလေးပါ အသုံးဝင်မယ်ထင်ပါတယ်

shar4Ti

✅ Windows password ကို Reset/Change နည်း                 ကွန်ပြူတာထဲမှာရှိတဲ့ မိမိတို့ရဲ့အရေးကြီးတဲ့ဒေတာတွေလုံခြုံမှုရှိ...
28/06/2022

✅ Windows password ကို Reset/Change နည်း


ကွန်ပြူတာထဲမှာရှိတဲ့ မိမိတို့ရဲ့အရေးကြီးတဲ့ဒေတာတွေလုံခြုံမှုရှိဖို့အတွက် ကွန်ပြူတာအသုံးပြုသူအားလုံး Windows password တော့ထားရှိထားရပါမည်။ သို့သော် မိမိတို့ရဲ့ Windows password ကို မိမိတို့ကိုယ်တိုင်မမှတ်မိတာမျိုးကဖြစ်တတ်ပေမဲ့ သိပ်ကြွားလို့ကောင်းတဲ့အရာတော့မဟုတ်ပေ။ Windows password မမှတ်မိတော့လို့ Windows အသစ်ပြန်တင်ပြီးမှ ကွန်ပြူတာအသုံးပြုလို့ရမယ်ဆိုတာမျိုးကလည်း လက်ခံနိုင်စရာမရှိပါ။

Windows password ကို reset ချလို့ရတဲ့ Third-party tools များစွာရှိပါသည်။ ယခုပြောပြမဲ့နည်းလမ်းကတော့ Windows အခွေ (သို့) Windows Bootable Stick ကိုအသုံးပြုပြီး Windows password ကို reset ချတာဖြစ်ပါသည်။ ဒီနည်းလမ်းသည် Local account တွေကို Password reset ချတာဖြစ်ပြီး Microsoft account အတွက်မဟုတ်ပါ။ ထို့ပြင် Command prompt ကိုအသုံးပြုရမှာဖြစ်တဲ့အတွက် Command prompt နဲ့ပတ်သက်ပြီးဗဟုသုတအနည်းငယ်ရှိထားရင်တော့ ပိုပြီးအဆင်ပြေနိုင်ပါသည်။ ဤစာထဲတွင် စာဖတ်သူများအတွက်နားလည်လွယ်ပြီးအရှင်းလင်းဆုံးဖြစ်အောင် ကြိုးစားရေးသားထားပါသည်။

👉 Windows အခွေ (သို့) Windows Bootable Stick တခုတော့လိုအပ်ပါသည်။ Windows တင်ရင်လုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက်များလည်း သိထားဖို့လိုအပ်ပါသည်။ (ဥပမာ - Windows Bootable Stick ပြုလုပ်ပုံ၊ Bios ထဲဝင်ပြီး First Boot ရွေးချယ်ပုံ (သို့) ကွန်ပြူတာရဲ့ Boot Menu ခေါ်ပုံ စသဖြင့်) ဤစာတွင် Windows Bootable Stick ပြုလုပ်ပုံကိုတော့ ရှင်းပြမထားပါဘူးနော်။

👉 ကွန်ပြူတာအသုံးသူအများစုသည် Windows နဲ့သက်ဆိုင်တဲ့ System files တွေတည်ရှိတဲ့ Partition (C:) ကို သွားရောက်ဖွင့်ကြည့်ကြတာနည်းပါသည်။ သို့သော် Partition (C:) အောက်တွင် မည်သို့သော Folders များတည်ရှိနေသည်ကို အနည်းငယ်သိထားဖို့လိုအပ်ပါသည်။ Partition (C:) အောက်တွင် Windows, Users, Program Files, Program Files (x86) စသော Folders များတည်ရှိနေသည်ကိုတော့သိထားရပါမည်။

👉 Windows password ကို reset ပြုလုပ်ခြင်းသည် Partition (C:) အောက်မှာရှိတဲ့ System နဲ့သက်ဆိုင်တဲ့ Files တွေကိုဝင်ရောက်ပြင်ဆင်တာဖြစ်တဲ့အတွက် Partition (C:) ကို BitLocker ခံထားရင်တော့ BitLocker recovery key အရင်ထည့်ပေးပြီးမှ (C:) ထဲကိုဝင်ရောက်ပြင်ဆင်နိုင်ပါလိမ့်မည်။

👉 Shift key ကို တချက်ချင်းစီ ၅ ကြိမ်နှိပ်ရင် Sticky Keys ပေါ်လာပါမည်။ ထို Sticky Keys သည် C:\Windows\System32\ အောက်တွင်ရှိပြီး ဖိုင်လ်နာမည်က sethc.exe ဖြစ်ပါသည်။ ထို Sticky Keys ကိုအသုံးပြုပြီး Windows password ကို reset ချမှာဖြစ်တဲ့အတွက်ကြိုတင်သတိထားမိအောင် ပြောပြထားခြင်းဖြစ်ပါသည်။

👉 Command prompt တွင်အသုံးပြုမည့် command တချို့ရဲ့အလုပ်လုပ်ပုံကိုလည်း အနည်းငယ်နားလည်ထားရပါမည်။

🚩 Active ဖြစ်နေတဲ့အကောင့်များကြည့်ရှုပုံ

Windows key + R နဲ့ Run box ဖွင့်ပါ။ cmd လို့ရိုက်ပြီး Enter ခေါက်ပါ။
Command prompt ပွင့်လာပါလိမ့်မည်။

net user လို့ရိုက်ပြီး Enter ခေါက်ပါ။
ကွန်ပြူတာထဲတွင်ရှိသော အကောင့်နာမည်များ ဖေါ်ပြပေးပါလိမ့်မည်။

cls လို့ရိုက်ပြီး Enter ခေါက်ပါ။
Command prompt screen ကိုရှင်းလင်းလိုက်တာဖြစ်ပါသည်။

Exit လို့ရိုက်ပြီး Enter ခေါက်ပါ။
Command prompt ကနေထွက်လိုက်တာဖြစ်ပါသည်။

🚩 သိထားရမည့် အခြေခံ Command တချို့

Windows key + R နဲ့ Run box ဖွင့်ပါ။ cmd လို့ရိုက်ပြီး Enter ခေါက်ပါ။
Command prompt ပွင့်လာပါလိမ့်မည်။ C:\Users\%UserProfile%> ဆိုတဲ့စာတန်းနဲ့ ညာဘက်မျာ မိတ်တုတ်မိတ်တုတ် အစက်ကလေးတစ်ခုကို မြင်တွေ့ရပါမည်။

cd.. လို့ရိုက်ပြီး Enter ခေါက်ပါ။
cd.. ဆိုတာ မိမိလက်ရှိတည်ရှိနေတဲ့နေရာကနေ အနောက်ကိုတချက်ဆုတ်တာဖြစ်ပါသည်။ C:\Users\%UserProfile%> ကနေ C:\Users> ဖြစ်သွားတာတွေ့ပါလိမ့်မည်။

#မှတ်ချက်- cd နေရာတွင် pushd ကို ပြောင်းလဲအသုံးပြုရင်လည်းရပါသည်။

cd.. လို့ထပ်ရိုက်ပြီး Enter ခေါက်ပါ။
C:\Users> ကနေ C:\> ဆိုပြီး Partition (C:) အောက်တည့်တည့်ရောက်သွားတာတွေ့ရပါမည်။

dir လို့ရိုက်ပြီး Enter ခေါက်ပါ။
Partition (C:) အောက်ကတည်ရှိနေတဲ့အရာတွေကို ပြပေးပါလိမ့်မည်။ အပေါ်ကပြောထားသလို (C:) အောက်တွင် Windows, Users, Program Files, Program Files (x86) စသော Folders များကိုတွေ့ရပါမည်။

cd Windows\System32 လို့ရိုက်ပြီး Enter ခေါက်ပါ။
ဒါက အရှေ့ကိုသွားတဲ့ command ဖြစ်ပါသည်။ ယခု C:\Windows\System32> ဆိုတဲ့နေရာရောက်သွားတာတွေ့ပါလိမ့်မည်။ ယခုနည်းလမ်းနဲ့ မိမိတို့သွားချင်တဲ့နေရာကို သွားလို့ရပါသည်။ သို့သော် မိမိသွားချင်တဲ့နေရာမှာရှိတဲ့ Folder နာမည်တွေအတိအကျသိထားဖို့တော့လိုအပ်ပါသည်။

🚩 Drive Letter ကြည့်ရှုနည်း

Windows key + R နဲ့ Run box ဖွင့်ပါ။ cmd လို့ရိုက်ပြီး Enter ခေါက်ပါ။
Command prompt ပွင့်လာပါလိမ့်မည်။

diskpart လို့ရိုက်ပြီး Enter ခေါက်ပါ။
UAC ပေါ်လာရင် Yes နှိပ်ပါ။ DISKPART> ဆိုတဲ့ နေရာအောက်ရောက်သွားတာတွေ့ပါလိမ့်မည်။

list vol လို့ရိုက်ပြီး Enter ခေါက်ပါ။
ကွန်ပြူတာထဲတွင်ရှိတဲ့ Partition တွေ၊ Drive Letters တွေ၊ Partition တခုချင်းစီ၏ Size ဘယ်လောက်ရှိလဲဆိုတာကို ပြပေးပါလိမ့်မည်။

အောက်တွင် Windows password reset ချပုံကို ပုံနှင့်တကွရှင်းပြထားပါသည်။ ဆက်လက်ဖတ်ရှုပေးပါ။

==============================

To မောင်ဝင်းဒိုး

Computer knowledge
05/06/2022

Computer knowledge

Microsoft office အတွက် နေ့စဉ် အသုံးဝင်သော shortcut key များ
27/04/2022

Microsoft office အတွက် နေ့စဉ် အသုံးဝင်သော shortcut key များ

'' အိုင်တီအသက်မွေး၀မ်းကြောင်းမှုပညာများ'' မြန်မာပြည်မှာ လူအများစု အထင်မှားနေတာ တစ်ခုက အိုင်တီဆိုရင် Programming နဲ့ Netw...
16/04/2022

'' အိုင်တီအသက်မွေး၀မ်းကြောင်းမှုပညာများ''


မြန်မာပြည်မှာ လူအများစု အထင်မှားနေတာ တစ်ခုက အိုင်တီဆိုရင် Programming နဲ့ Networking တို့လောက်ပဲ သိထားကြတာ ဖြစ်ပါတယ်။ ဒီတော့ IT ရယ်လို့ခေါင်းစဉ် တပ်လိုက်ရင်ပါဝင်လာမယ့် အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို မျှဝေပေးလိုက် ရပါတယ်။

အဓိကအားဖြင့် ကဏ္ဍခွဲမယ်ဆိုရင်

3D Animation or Graphic design
Customer service
Data Entry
Database
Electronics technician or engineer
Engineer
Freelancer
Hardware
Networking or System Administrator
Programmer or Software developer
Quality Assurance (QA), System analyst or Tester
Repair and fix
Sales
Marketing
Technical Support (Technician or Help Desk)
Technical Writing
Security expert
Webmaster or Web Designer
IT Business

"3D Animation and Graphic Design"

3D Animation and Graphic Design ကတော့ ဘာမှ သိပ်ရှင်းပြစရာ မလိုလောက်အောင် အများစု သိရှိပြီးသား ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ သို့ပေမယ့် Graphic and 3D ဆိုရင် ကြော်ငြာလက်ကမ်းစာစောင်တို့ အပေါ် အတွက်၊ ပစ္စည်း ဒီဇိုင်းပုံစံတို့လောက်ပဲ မထင်စေချင်ပါဘူး။ သူက ရုပ်ရှင်၊ ဗီဒီယို ဂိမ်း၊ ဆော့ဖ်ဝဲ ပရိုဂရမ်တို့အတွက်ပါ လိုအပ်တဲ့ ပုံ၊ 3D Animation များကိုလည်း ပြုလုပ်ရခြင်း ဖြစ်ပါတယ်။

"Customer service"

အမျိုးအစား - ကုမ္မဏီတစ်ခုရဲ့ Customer service အနေနဲ့ လုပ်ကိုင်မယ် ဆိုရင် Customer တွေရဲ့ မေးမြန်းမှု၊ တောင်းဆို မှုတွေကို ဖြေကြား ဆောင်ရွက်ပေးရတာလို့ အကြမ်းဖျဉ်းမှတ်ယူ နိုင်ပါတယ်။ သူက ကုမ္ပဏီ အမျိုးအစားအပေါ်မှာလည်း မူတည် ပါသေး တယ်။ မေးမြန်း တဲ့ မေးခွန်းကလည်း ကုမ္ပဏီအကြောင်း အရာ၊ အော်ဒါ၊ အော်ဒါ အခြေအနေ၊ ပစ္စည်း သတင်းအချက်အလက် နဲ့ အသုံးပြုပုံ အပြင် အခြားသော အကြောင်းအရာများလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒီတော့ အွန်လိုင်းစျေးရောင်း စျေးဝယ် ကုမ္မဏီမှာ Customer service လုပ်တယ်ဆို ရင် အွန်လိုင်းက အကောင့်ဖွင့်မရတာ တို့၊ အော်ဒါ မှာ နောက်ကျ တာတို့ မေးမြန်း တဲ့အခါ ဖြေကြား၊ ဝန်ဆောင်မှု ပေးရမှာ ဖြစ်ပါတယ်။
လိုအပ်ချက် - ပြောဆိုဆက်ဆံရေးမှာ ကောင်းမွန်ဖို့ လိုအပ် ပါတယ်။ ကုမ္ပဏီနဲ့ ကုန်ပစ္စည်း အကြောင်းကို အကြမ်းဖျဉ်းနားလည်ထားဖို့ လိုအပ် ပါတယ်။ နည်းပညာ ကျတဲ့အခက်အခဲတွေ ဖြေရှင်းဖို့ကျ Customer service က အင်ဂျင်နီယာသို့မဟုတ် ကုန်ပစ္စည်း ထုတ်လုပ်သူ သို့မဟုတ် Technical Support ဘက်ကို လွဲပြောင်းပေးရတာမို့လို့ အသေးစိတ် သိနေဖို့ မလိုအပ် ပါဘူး။

လိုအပ်ချက် - ကွန်ပြူတာကို ကျွမ်းကျင်စွာ အသုံးပြုတတ်သူ ဖြစ်ရပါမယ်။ ကုမ္ပဏီရဲ့ System အားလုံးကို ခြုံငုံသိထားဖုိ့ လိုအပ်ပါတယ်။ ဒါမှလည်း အခက်အခဲကိစ္စအတွက် ဘယ်သူတွေ ဖြေရှင်းမယ် ဆိုတာကို တိုက်ရိုက် သတင်းပို့ပေးနိုင်မှာ ဖြစ်ပါတယ်။

"Data Entry"

အမျိုးအစား - Data Entry အလုပ်ကို အတော်များများက အိုင်တီအလုပ်လို့ မထင်ခဲ့ကြပါဘူး။ သို့ပေမယ့် ဒါဟာလည်း အိုင်တီအလုပ်တစ်မျိုးပဲ ဖြစ်ပါ တယ်။ သူက အပြင် Offline က စာတွေ၊ သတင်းအချက်အလက်တွေကို ကွန်ပြူတာထဲ ( Electronic format ) အဖြစ်ပြောင်းလဲပြီး ရိုက်ထည့် ပေးရခြင်း ဖြစ်ပါတယ်။

လိုအပ်ချက် - စာရိုက်နှုန်းမြန်ဖို့ လိုအပ်ပါတယ်။ အင်္ဂလိပ်အပြင်၊ မြန်မာပြည် မှာဆိုရင် မြန်မာ font အစုံနဲ့ လိုအပ်ချက်အလျောက် အကျွမ်းတဝင် ရှိထားဖို့ လိုအပ် ပါတယ်။ Microsoft Office တို့လို Office Application များကို ကျွမ်းကျင်စွာ အသုံးပြုတတ်ဖုိ့လိုအပ် ပါတယ်။

လိုအပ်ချက် - သူက ပညာအရည်အချင်း လိုအပ်ချက် သိပ်မများပါဘူး။ အဓိကကတော့ စာရိုက်တာ မြန်ဖို့လိုအပ်ခြင်း ဖြစ်ပါတယ်။

"Database"

အမျိုးအစား - Database များ ဖန်တီးခြင်း၊ စမ်းသပ်ခြင်း၊ ထိန်းသိမ်းခြင်းတို့ကို ပြုလုပ်ရတဲ့ အလုပ်အမျိုးအစား ဖြစ်ပါတယ်။
လိုအပ်ချက် - Database နဲ့ ပက်သက်တဲ့ ဗဟုသုတ၊ ပညာတွေကို သိထားဖို့ လိုအပ် ပါတယ်။ Access, FoxPro, MySQL, MySQL, SQL နဲ့ Sybase တို့လို ဟာမျိုးတွေ ဖြစ်ပါတယ်။ သူက Programming နဲ့လည်း ဆက်စပ်နေတဲ့ အလုပ်ပါ။

"Electronic technician or Engineer"

အမျိုးအစား - ကွန်ပြူတာ စနစ်တို့ဆိုတာ အီလက်ထရောနစ် စနစ်အပေါ်မှာ အခြေခံထားခြင်း ဖြစ်ပါတယ်။ ဒီတော့ အီလက်ထရောနစ် ပစ္စည်းများ တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်း၊ ပြုပြင်ခြင်း အလုပ် အမျိုးအစား ဖြစ်ပါတယ်။
လိုအပ်ချက် - အခြေခံနဲ့ အဆင့်မြင့် အီလက်ထရောနစ် ဗဟုသုတနဲ့ ပညာရပ်များကို သိရှိ တတ်မြောက် ထားရန်လိုအပ် ပါတယ်။

"အင်ဂျင်နီယာ"

အမျိုးအစား - အင်ဂျင်နီယာ ဆိုတာ အိုင်တီ လုပ်ငန်းမှာ အတော်လေး မြင့်တဲ့ ရာထူး အဆင့် တစ်ခု ဖြစ်ပါတယ်။ ဥပမာ ဆော့ဖ်ဝဲ အင်ဂျင်နီယာ၊ ဟာ့ဒ်ဝဲ အင်ဂျင်နီယာ ဆိုရင် တပ်ဆင်ခြင်း၊ ပြုပြင်ခြင်း ဖြစ်တဲ့ Technician အဆင့်ကို ကျော်လွန်ပြီး ထုတ်လုပ်တဲ့ အဆင့်အထိကို ရှိပါတယ်။
လိုအပ်ချက် - မိမိ ရွေးချယ်တဲ့ အိုင်တီ အင်ဂျင်နီယာ အသက်မွေး ဝမ်းကျောင်း ပညာအလျောက် တက္ကသိုလ်တွေ၊ သင်တန်းတွေ တက်ထားဖို့ လိုအပ် ပါတယ်။

"Freelancer"

အမျိုးအစား - Freelancer ဆိုတာ တစ်ကမ္ဘာလုံးမှာ အလုပ်အကိုင် အများဆုံးဖြစ်တဲ့ အိုင်တီ အလုပ်အမျိုးအစားလည်း ဖြစ်ပါတယ်။ Freelance အောက်မှာပဲ အိုင်တီအလုပ်အမျိုးအစား အားလုံးနီးပါး ပြန်အကျုံးဝင်သွားပါတယ်။

လိုအပ်ချက် - အခြေခံအားဖြင့် အင်တာနက်လိုင်းကောင်းကောင်းနဲ့ ကွန်ပြူတာ တစ်လုံး ရှိဖို့ပါပဲ။ Mashable ဝဘ်ဆိုဒ်တည်ထောင်သူဆိုရင် ကွန်ပြူတာတစ်လုံး၊ အင်တာနက်လိုင်း တစ်ခုကြောင့် ဝဘ်ဆိုဒ်တစ်ခု လုပ်ဖြစ်ပြီး အောင်မြင်သွားခြင်း ဖြစ်ပါတယ်။ Blogger ဆိုရင် Freelancer ဖြစ်ပါတယ်။ Google Ads တို့ကိုထည့်သွင်းခြင်းဖြင့် လည်း ကြော်ငြာဝင်ငွေ ရပါတယ်။ အခြားသော ဝဘ်ဆိုဒ် များအတွက် ရေး သားပေးခြင်းလည်း ပါဝင်ပါတယ်။ ဒ့ါအပြင် ဝဘ်ဆိုဒ်ရေး ဆွဲခြင်း ပရောဂျက် တစ်ခုလုံးကို ကိုင်တွယ်ပေးတာကလည်း freelance ပဲ ဖြစ်ပါတယ်။ ဒီတော့ အမျိုးအစားအလိုက် Programming လည်းလိုကောင်းလိုပါ လိမ့်မယ်။

"Hardware"

အမျိုးအစား - Hardware ဒီဇိုင်နာ၊ ဆားကဒ်ဒီဇိုင်း၊ embedded systems, firmware အစရှိသဖြင့် အလုပ်နဲ့ ပစ္စည်းမျိုးစုံ ရှိပါတယ်။ Hardware ပစ္စည်း တစ်စုံလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ဖန်တီးရခြင်းလည်း ဖြစ်နိုင် ပါတယ်။

လိုအပ်ချက် - သူက အီလက်ထရောနစ်၊ ဆားကစ်၊ firmware, ဒီဇိုင်း ပညာရပ်များကို တတ်မြောက် ထားရန် လိုအပ် ပါတယ်။ ဒီတော့ အင်ဂျင်နီယာ Level နဲ့ သိပ်မကွာ ပါဘူး။

"Networking or System Administrator"

အမျိုးအစား - ကွန်ပြူတာတစ်လုံးနဲ့တစ်လုံး ဆက်သွယ်ဖို့အတွက် ကနေ ကမ္ဘာတစ်ဝန်းနဲ့ ဆက်သွယ်ဖို့အတွက် အင်တာနက် ကွန်ရက်စနစ်ဖန်တီးမှုလုပ်ငန်းဟာ Networking ဖြစ်ပြီး ယင်းစနစ်ကို ဖန်တီး၊ ထိန်းချုပ်တဲ့အလုပ်က System Administrator ဖြစ်ပါတယ်။ ဒါကတော့ မြန်မာပြည်မှာလည်း လူသိများတဲ့ အလုပ်အမျိုးအစား ဖြစ်ပါတယ်။
လိုအပ်ချက် - CCNA, MCSE အစရှိသဖြင့် စာမေးပွဲများ ကို ဖြေကြားအောင်မြင်ထားဖို့လိုအပ် ပါတယ်။ တကယ်လည်း တတ်မြောက်ဖို့ လိုအပ် ပါတယ်။

"Programmer or Software Developer"

ဒီအလုပ်ကိုလည်း ပြောပြစရာမလိုလောက်အောင် တော်တော်များများ သိကြမှာပါ။ Programing အလုပ်၊ Software developing အလုပ်အကိုင်အခွင့်အလမ်းများလည်း မြန်မာပြည်မှာ အင်မတန် များပြား ပါတယ်။

"Quality Assurance (QA), System Analyst or Tester"

အမျိုးအစား - ကုမ္ပဏီထုတ် အိုင်တီ ထုတ်ကုန်တွေကို အရည်အသွေး စစ်ဆေးပေးခြင်း၊ စမ်းသပ်ခြင်း၊ အသေးစိတ် လေ့လာရတဲ့ အလုပ် ဖြစ်ပါတယ်။ ကုန်ပစ္စည်းအရည်အသွေးနဲ့ ပက်သက်ပြီး စစ်ဆေးရတဲ့ အလုပ် ဖြစ်ပါတယ်။
လိုအပ်ချက် - ကွန်ပြူတာ နဲ့ ပက်သက်လို့အခြေခံ ဗဟုသုတ၊ ပညာအပြင်၊ ကိုယ် လုပ်ကိုင်ပေးနေရတဲ့ ပစ္စည်းနဲ့့ ပက်သက်လို့လည်း သိထားဖို့ လိုအပ် ပါတယ်။

"Repair and Fix"

အမျိုးအစား - ကွန်ပြူတာ ဟာ့ဒ်ဝဲနဲ့ ပစ္စည်းများကို ပြင်ဆင်တဲ့ အလုပ်ဖြစ်ပါတယ်။

လိုအပ်ချက် - ကွန်ပြူတာ ဖြုတ်ခြင်း၊ တပ်ခြင်း၊ ပြင်ဆင်ခြင်းကို သေချာ တတ်မြောက်ထားဖို့ လိုအပ် ပါတယ်။

"Sale"

အမျိုးအစား - ကွန်ပြူတာ၊ အိုင်တီနဲ့ ဆက်စပ် ထုတ်ကုန်ပစ္စည်းများ ကို ရောင်းချခြင်းလုပ်ငန်း ဖြစ်ပါတယ်။

လိုအပ်ချက် - လူမှုဆက်ဆံရေး ပြေပြစ်ကောင်းမွန်ဖုိ့ လိုအပ် ပါတယ်။ မိမိရောင်းချမယ့် ပစ္စည်းရဲ့ အကြောင်းကိုလည်း အကြမ်းဖျဉ်းသိထားဖို့ လိုအပ် ပါသေးတယ်။ ဝဘ်ဆိုဒ်ရေးဆွဲပေးတဲ့ ကုမ္ပဏီဆိုရင်လည်း ဝဘ်ဆိုဒ်တစ်ခု ရေးဆွဲပေးခြင်း ဝန်ဆောင်မှုနဲ့ ကုန်ကျစရိတ် များကို ဝယ်ယူသူ နားလည်လောက်တဲ့အထိ ရှင်းပြပေးဖို့ လိုအပ် ပါတယ်။ Sale အလုပ်က ဒီထက်ပိုကျယ်ပြန့် ပါတယ်။ ဥပမာ Facebook မှာ Sale Manager ရာထူးနဲ့ အလုပ်လုပ်ရသူ တစ်ဦးဟာ ဆိုရင် မာကဲတင်း၊ စီးပွားရေး၊ MBA အပြင် အခြားသော နည်းပညာဆိုင်ရာ အရည်အချင်းနဲ့ အတွေ့ အကြုံ များစွာ လိုအပ် ပါတယ်။

"Marketing"

အမျိုးအစား - မိမိကုန်ပစ္စည်းအမျိုးအစားအတွက် စျေးကွက်နယ်ပယ်ချဲ့ထွင်ခြင်း ဖြစ်ပါတယ်။ မာကဲတင်း အလုပ်က ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲ အတွက်ဆိုပြီးတော့ ကွဲပါသေးတယ်။ ပြီးတော့ Online နဲ့ Offline ဆိုပြီးတော့လဲ ကွဲပါသေးတယ်။ Online ဆိုရင် ဘယ်ဝဘ်ဆိုဒ်မှာ Banner ထည့်ရမယ်။ Search Engine မှာရှာလို့လွယ်အောင် ဘယ်လို Optimize လုပ်ရမယ်။ ဆိုဒ်အားလုံးနဲ့ ဘယ်လို Link ချိတ်ရမယ် အစရှိသဖြင့် ဗျူဟာဆွဲတတ်ဖို့လိုအပ်ပါတယ်။ Offline ကတော့ အားလုံး သိထားတဲ့အတိုင်းပါပဲ။ ကြော်ငြာ ပိုစတာကစလို့၊ TVC ဖန်တီးတဲ့အထိ အလုပ်က အစားစား ရှိသွား နိုင် ပါတယ်။

လိုအပ်ချက် - မာကဲတင်းနဲ့ ဆိုင်တဲ့ ဘွဲ့တွေ၊ certificate တွေအပြင်၊ ကွန်ပြူတာနဲ့ ဆက်စပ်လို့ ဗဟုသုတ၊ ပညာများ ကြွယ်ဝတတ်မြောက်ထားဖို့လိုအပ်ပါတယ်။ အထူးသဖြင့် Search Engine Optimization ကိုသေချာ သိရှိတတ်မြောက်ထားဖို့ လိုအပ် ပါတယ်။

"Technicial Support ( Technician or Help Desk )"

အမျိုးအစား - ကုမ္ပဏီတစ်ခု လုပ်ငန်းတစ်ခုမှာ ကွန်ပြူတာ၊ ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲနဲ့ ပက်သက်လုိ့ နည်းပညာဆိုင်ရာ အခက်အခဲ၊ ပြဿနာ ကြုံတွေ့တဲ့အခါ နည်းပညာကျကျ ဖြေရှင်းပေးရမယ့် ပုဂ္ဂိုလ် ဖြစ်ပါတယ်။

လိုအပ်ချက် - ကွန်ပြူတာ ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲ အကြောင်းများကို သိရှိနားလည်ပြီး ကိုယ်တာဝန် ယူပေးရမယ့် အပိုင်းမှာ ပိုပြီးတတ်ထားဖို့လိုအပ် ပါတယ်။ ဥပမာ - ကိုယ်က Windows OS တင်ခြင်း၊ ချခြင်း နဲ့ အချက်အလက် အကူးအပြောင်း အတွက် တာဝန်ယူပေးရသူဆိုရင် ဝန်ထမ်းတစ်ဦးချင်းရဲ့ လိုအပ်ချက်အလျောက် အခက်အခဲတွေ့တဲ့အခါ ကူညီဖြေရှင်းပေးဖို့ လိုအပ် ပါတယ်။

"Technical Writing"

အမျိုးအစား - ထုတ်ကုန်ပစ္စည်းအမျိုးအစားများရဲ့ အသုံးပြုပုံ လမ်းညွန်၊ အချက်အလက် များကို ရေးသား ပေးရတဲ့ အလုပ် ဖြစ်ပါတယ်။ ဥပမာ မိုဘိုင်းဖုန်း ထဲမှာပါတဲ့ အသုံးပြုပုံလမ်းညွန်တို့၊ အချက်အလက်တို့ ဖြစ်ပါတယ်။ ဒါကလည်း နိုင်ငံတကာမှာ ဝင်ငွေကောင်းတဲ့ အလုပ်အမျိုးအစား ဖြစ် ပါတယ်။ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းအလျောက် ကြော်ငြာရန်အတွက်ကော၊ ကုန်ပစ္စည်းမှာ ထည့်သွင်း ရန် အတွက်ရော အစရှိသဖြင့် ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ရေးသားလို့ Online, Offline ဖြန့်ချိ ကြပါတယယ်။

လိုအပ်ချက် - ကွန်ပြူတာ၊ အိုင်တီဆိုင်ရာအခြေခံ ဗဟုသုတများ ကြွယ်ဝရန် လိုအပ်ပြီး စာရေးသားခြင်း အတတ်ပညာကို သေချာတတ်မြောက်ထားဖို့ လိုအပ် ပါတယ်။ မြန်မာဘာသာ၊ အင်္ဂလိပ် ဘာသာ ၂ မျိုးစလုံးတတ်မြောက်ထားရင် အနာဂတ်မှာ အလုပ်အကိုင် အခွင့်အလမ်း ကောင်းများ ပိုမို ရရှိ နိုင်ပါတယ်။

"Security Expert"

အမျိုးအစား - system, hardware ပစ္စည်း၊ software ပရိုဂရမ်များရဲ့ လုံခြုံးရေးအတွက် တာဝန် ရှိတဲ့ အလုပ်မျိုး ဖြစ်ပါတယ်။
လိုအပ်ချက် - အမျိုးအစားပေါ်မူတည် ပါတယ်။ ဆော့ဖ်ဝဲလုံခြုံရေး အတွက်ဆိုရင် Programming တက်မြောက်ရုံမက၊ စနစ်တစ်ခုလုံး အလုပ်လုပ်ပုံ flow ကို သိရှိ၊ ကိုင်တွယ် တတ်ဖို့လိုအပ် ပါတယ်။ expert level ဖြစ်တဲ့အတွက် နိုင်ငံတကာမှာ လစာအတော်လေးရတဲ့ အလုပ်အမျိုးအစားပါပဲ။

"Web Designer"

အမျိုးအစား - Web Page တွေကိုရေးဆွဲပေးရတဲ့ အလုပ် ဖြစ်ပါတယ်။

လိုအပ်ချက် - အခြေခံအားဖြင့် HTML, CSS နဲ့ Photoshop တို့ကို တတ်မြောက်ထားရန် လိုအပ်ပြီး လုပ်ငန်းလိုအပ်ချက်အရ CGI, CSS, Flash, FTP, Linux, Perl, PHP, RSS, SSI, Unix, XHTML တို့ကို သိထားတတ်ထားဖို့လိုအပ် ပါတယ်။

"IT Business"

အမျိုးအစား - ဒါကတော့ အိုင်တီနယ်ပယ်က လျှောက်လမ်းသူ အများစု ရဲ့ ပန်းတိုင် တစ်ခုပဲ ထင်ပါတယ်။ အိုင်တီနဲ့ ဆက်စပ် စီးပွားရေး လုပ်ငန်းလုပ်ဖို့အတွက် ရည်ရွယ်တဲ့ အလုပ် ဖြစ်ပါတယ်။

လိုအပ်ချက် - စီးပွာရေးဆိုင်ရာ ဘွဲ့ ပညာရပ်အပြင်၊ ကွန်ပြူတာနဲ့ အိုင်တီ ဆက်စပ် ပညာရပ်၊ ဗဟုသုတ များကိုလည်း အကြမ်းဖျဉ်းသိရှိထားရန် လိုအပ်ပါတယ်။ ကိုယ်ထုတ်လုပ် ရောင်းချ စီးပွားရေး လုပ်မယ့် ပစ္စည်းကိုကျတော့ သေချာ သိရှိ နားလည် ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

"အနှစ်ချုပ်"

အထက်ပါဖော်ပြချက်ထဲမှာ Mobile and Telecommunication Industry ကိုမဖော်ပြခဲ့ပါဘူး။ မိုဘိုင်း ဆက်သွယ်ရေးဟာလည်း အိုင်တီဆက်စက် လုပ်ငန်းအမျိုးအစား တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော ချန်ခဲ့တဲ့ အလုပ်အမျိုးအစား၊ အသက်မွေးဝမ်းကျောင်း ပညာရပ် အမျိုးအစားတွေ ရှိနေ ပါသေးတယ်။ ဥပမာ Content Developing လို အလုပ်မျိုးဟာဆိုရင်လည်း အိုင်တီဆက်စပ် ကဏ္ဍတွေ အားလုံးမှာ ရှိနေတဲ့ အသက်မွေးဝမ်းကျောင်း ပညာ တစ်ခု ဖြစ်ပါတယ်။ အခြားသော အလုပ်ပေါင်းများစွာလည်း ရှိပါတယ်။ ဒီလောက်ဆိုရင် အိုင်တီဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘယ်လို အလုပ် အမျိုးစားတွေ ရှိတယ်ဆိုတာကို သိရှိပြီလို့ မျော်လင့်ပါတယ်။

Mr.Nay Htet Lin (Mandalay)

Address

No51 (3b) Kyaungkone 2street , 7 Quarter , Hlaing Township
Yangon
11051

Website

Alerts

Be the first to know and let us send you an email when ET - It Solution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share