Myo Myint Aung

Myo Myint Aung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myo Myint Aung, Electronics Store, Yangon.

17/07/2023
11/07/2023

To Grand Hantha

29/08/2022

ကိုယ်တိုင်လည်း လက်တွဲဖော်ရဲ့အပေါ်မှာ
ရိုးသားပြီး ယုံကြည်မှုထားသလို
လက်တွဲဖော်ကလည်း ရိုးသားတာကိုမှ
လိုချင်တဲ့ မီမီဦး...❤
နှင်းဆီနဲ့ ရဲရင့်တို့ရဲ့ အဖြစ်ကိုသာ
အစကတည်းက ကြိုသိခဲ့ရင်...

အရှိုက်ထိဖို့ (၂၅)ပိုင်းလုံး (၁၉၉)ကျပ်တည်းနဲ့
တစ်ထိုင်တည်း အကြိုက်ကြည့်လို့ရနေပြီဖြစ်တဲ့
အဆိပ်သင့်အနမ်းဇာတ်လမ်းတွဲ အစ- အဆုံးကို
မဟာအပလီကေးရှင်းမှာ အောက်ပါလင့်ကနေ
ဝင်ရောက်ကြည့်ရှုနိုင်ပြီနော်👇
https://bit.ly/3aZwcSM

MPTနဲ့ ဝယ်ယူကြည့်ရှုမယ်ဆို
(၅)သိန်းတန်စမတ်ဖုန်း ကံစမ်းလို့ရနေပြီနော်📱

"အဆိပ်သင့်အနမ်း🥀"ဇာတ်လမ်းတွဲ
အပိုင်း (၁)+(၂)ကို မဟာအပလီကေးရှင်းမှာ
🌟NEXT PROMOTION🌟အနေဖြင့်
FREE ထပ်မံကြည့်ရှုခွင့်ရရှိနေကြောင်း
ချစ်ပရိသတ်ကြီးအတွက်
သတင်းကောင်းပါးလိုက်ပါတယ်ဗျို့😍

မဟာမိုဘိုင်းအပလီကေးရှင်း မရှိသူများအတွက်
အပလီကေးရှင်း ဒေါင်းလုတ်ဆွဲရန်လင့်👇
https://bit.ly/useapplink




29/08/2022
12/08/2022

နိုင်ငံခြားငွေလဲလှယ်နှုန်းကို သုည ဒသမ ၃ ရာခိုင်နှုန်းသာ ကွာရမည်ဟု ဗဟိုဘဏ် သတ်မှတ်ပြန်

ဧရာဝတီ၊ ဩဂုတ် ၁၀၊ ၂၀၂၂

စစ်အာဏာသိမ်းမှု အကျိုးဆက် နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများကြောင့် အမေရိကန်ဒေါ်လာလဲလှယ်နှုန်း ဆက်တိုက်မြင့်တက်လာမှုကို ထိန်းချုပ်ရန် ပြီးခဲ့သည့်ဧပြီက ဖျက်သိမ်းခဲ့သော နိုင်ငံခြားငွေအရောင်းအဝယ် လုပ်ဆောင်ရာတွင် ဈေးနှုန်းကွာဟချက်အား ယခုအခါ စစ်ကောင်စီ၏ ဗဟိုဘဏ်က ပြန်လည် သတ်မှတ်လာပြန်သည်။

ဗဟိုဘဏ်၏ ၁ ဒေါ်လာလျှင် ကျပ် ၁၈၅၀ နှုန်းမှ ကျပ် ၂၁၀၀ သို့ ပြောင်းလဲသတ်မှတ်ရန် ညွှန်ကြားချက်ပြီးနောက် ထပ်မံပြင်ဆင်သတ်မှတ်လာခြင်းဖြစ်ပြီး ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ အရောင်းအဝယ်လုပ်ရာ၌ ကျပ် ၂၁၀၀ ကို သုည ဒသမ ၃ ရာခိုင်နှုန်းဖြင့်သာ အတိုးအလျော့လုပ်ပြီး အရောင်းအဝယ် လုပ်ဆောင်ရမည်ဟု ဗဟိုဘဏ်က ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။

စစ်အာဏာမသိမ်းခင်က ထိုဈေးနှုန်းကွာဟချက်မှာ ဗဟိုဘဏ်သတ်မှတ်ဈေးနှုန်း၏ သုည ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သည်။

ထိုသို့ ပြောင်းလဲပြင်ဆင်သတ်မှတ်လိုက်ခြင်းကြောင့် ကမောက်ကမာဖြစ်နေသော အမေရိကန်ဒေါ်လာလဲလယ်နှုန်းအပေါ် အနည်းငယ်သက်ရောက်မှု ရှိလာနိုင်သော်လည်း ပြင်ပဈေးကွက်တွင် ၁ ဒေါ်လာ ကျပ် ၂၅၀၀ ဝန်းကျင်၌သာ ရှိနေနိုင်ကြောင်း နိုင်ငံခြားငွေလဲလုပ်ငန်း လုပ်ကိုင်သူတဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက "အဓိကက ဈေးကွက်ထဲမှာ ဒီဈေးနှုန်းတွေနဲ့ အရောင်းအဝယ် တကယ်ဖြစ်ဖို့ လိုတယ်။ အဲဒါကလည်း ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေဘက်က ဒီဈေးနှုန်းနဲ့ ဘယ်လောက်ထိ ဒေါ်လာထုတ်ရောင်းပေးမလဲအပေါ်မှာ မူတည်တယ်။ အကုန်လုံးက ဒီရက်ပိုင်း စောင့်ကြည့်နေကြတယ် ဘာမှ မငြိမ်သေးတော့။ ဈေးနှုန်းတခု ဖြစ်လာနိုင်တဲ့အတွက် ဒေါ်လာလိုတဲ့ လုပ်ငန်းရှင်တွေအတွက်တော့ ဒေါ်လာပြန်ရှာရတာမှာ ပြန်ကောင်းလာနိုင်တယ်" ဟု ဆိုသည်။

ယခု ဗဟိုဘဏ် ညွှန်ကြားချက်ကို နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များ၊ နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့် (MC) လိုင်စင်ရဘဏ်များ၊ နိုင်ငံခြားငွေလဲလှယ်ပေးခွင့် (MC) လိုင်စင်ရဘဏ် မဟုတ်သည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံခြားငွေ ရောင်းချခြင်း၊ ရောင်းဝယ်ခြင်း၊ လဲလှယ်ခြင်းများကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး မလိုက်နာပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


10/08/2022
03/08/2022

မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာပြီး ထိုင်းဘတ်ဈေးများ မြင့်တက်နေ

ဧရာဝတီ၊ ဩဂုတ် ၃၊ ၂၀၂၂

အမေရိကန်ဒေါ်လာလဲလှယ်နှုန်း ကမောက်ကမနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာခဲ့ရာ ကျပ်ငွေနှင့် ထိုင်းဘတ်လဲလှယ်နှုန်းများလည်း မြင့်တက်လျက် ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ယခုရက်ပိုင်းအတွင်း ထိုင်းဘတ်ငွေ ၁ ဘတ်လျှင် ကျပ် ၆၉ မှ ၇၀ ဝန်းကျင်ထိ ဈေးနှုန်းမြင့်တက်လာလျက်ရှိပြီး ကျပ်ငွေ ၁ သိန်းကို ထိုင်းဘတ်ငွေ ၁၄၅၀ မှ ၁၄၇၀ ဝန်းကျင်သာ ရှိတော့ကြောင်း သိရသည်။

"အခုက ဈေးအတက်အကျ အရမ်းမြန်နေတော့ အရောင်းအဝယ်တွေ ချိန်လုပ်နေကြရတယ်။ လူတိုင်းက ဘတ်ငွေကိုပဲ လက်ထဲမှာ ထားချင်ကြတော့ ဘတ်ဈေးက ထပ်တက်လာနေတာ" ဟု မြဝတီမြို့မှ ငွေလဲလုပ်ငန်းလုပ်ကိုင်နေသူတဦးက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်အစပိုင်းတွင် ထိုင်း ၁ ဘတ်လျှင် ကျပ် ၅၈ မှ ၆၀ ဝန်းကျပ်သာ ရှိခဲ့ပြီး ကျပ် ၁ သိန်းလျှင် ဘတ် ၁၆၇၀ မှ ၁၆၉၀ ဝန်းကျင်ထိ ပေါက်ဈေး ရှိခဲ့သည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်က ဒေါ်လာနှင့်ပတ်သက်သည့် ထိန်းချုပ်မှုများကို နည်းလမ်းမျိုးစုံဖြင့် ညွှန်ကြားချက်များ ထုတ်ပြန်သည့် ဇူလိုင်လကုန်ပိုင်းမှ စတင်ကာ ပြည်တွင်းရွှေဈေးနှုန်းနှင့် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းများ ဆက်တိုက်မြင့်တက်ခဲ့ပြီး အခေါက်ရွှေ ၁ ကျပ်သားလျှပ် ကျပ် ၂၃ သိန်းဝန်းကျင်ထိ ရှိခဲ့သလို အမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည်လည်း ယခုရက်ပိုင်းထိ ၁ ဒေါ်လာလျှင် ကျပ် ၂၅၀၀ ဝန်းကျင်ထိ မြင့်တက်လျက် ရှိသည်။


Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myo Myint Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share