23/08/2022
ERS WIFI ရဲ့ ချစ်သော User များ ဗဟုသုတ ရစေရန် အလို့ငှာ မလာတာလေးပါ။
Credit
https://www.facebook.com/135944769800930/posts/4434503726611658/
သင့်အိမ်အတွက် internet bandwidth ဘယ်လောက်များများလိုအပ်မလဲ?
အခုချိန်မှာ Internet Service Provider တွေပေါလာပြီး ဈေး နှုန်းတွေသက်သာလာတဲ့အချိန်မှာ unlimited internet တွေတပ်သင့်နေပါပြီ။ unlimited internet plan တွေက data ဘယ်လောက်သုံးလဲဆိုတာပေါ်မူတည်ပြီး ပိုက်ဆံကောက်တာမဟုတ်ပဲ internet speed or Bandwidth ( 2mbps , 3mbps) စသည်ဖြင့်ကောက်တာဖြစ်တဲ့အတွက် ပိုဈေးသက်သာသလို data အကန့်အသတ်မရှိပဲ စိတ်ကြိုက် အသုံးပြုလို့ရပါတယ်။ ဒါပေမယ့် ကိုယ် ဘယ်လောက် Bandwidth လောက်လို အပ်မလဲဆိုတာကို ဆန်းစစ်ကြည့်ဖို့လိုအပ်ပါလိမ့်မယ်။ ကိုယ်ဘယ်လောက်သုံးလဲဆိုတာကိုသိထားမှ တကယ်တမ်း 3mbps လောက်ပဲလိုအပ်တဲ့အချိန်မှာ 5mbps လိုင်း တပ်ထားမိတာမျိုးကြောင့် ပိုက်ဆံတွေပိုကုန်နေတာတို့ 5mbps လောက်လိုအပ်တဲ့ HD streaming ကြည့်ဖို့လုပ်နေချိန်မှာ 2mbps လောက်ပဲတပ်ထားမိလို့ အဝိုင်းလည်တာကိုထိုင်ကြည့်နေရတာမျိုးတို့ မဖြစ်မှာပါ။ Bandwidth ဆိုတာ internet ကနေသင့် pc ဆီကို download, upload လုပ်နိုင်တဲ့ အမြင့်ဆုံး speed ကိုပြောတာပါ။ Bandwidth များလေ download, upload လုပ်နိုင်တဲ့ speed မြန်လေပါပဲ။ ဒီနေရာမှာတစ်ခုသတိထားရမှာက Bandwidth ကို Megabit per second ( Mbps) နဲ့တိုင်းပါတယ် 3Mbps, 5Mbps စသည်ဖြင့်ပေါ့။ ကျွန်တော်တို့နဲ့ အကျွမ်း တဝင်ပိုရှိတာက Mega Byte per second ပါ။ သူ့ကို B အကြီးနဲ့ရေးပါတယ် (MB)။ 1 Byte မှာ 8 Bits ရှိပါတယ်။ ဒါကြောင့်မို့လို့ 1MB download speed ရချင်ရင် 8Mbps Bandwidth လိုအပ်ပါလိမ့်မယ်။
Bandwidth ရဲ့သဘောတရားကိုနားလည်ရင် ဘယ်လောက်လိုအပ်မလဲဆိုတာကိုဆက်သွားပါမယ်။ သင်ယူထားတဲ့ bandwidth ပမာဏဟာ အိမ်မှာသုံးနေတဲ့ device တွေအကုန်လုံးဆီကို share ပြီးသွားပါ တယ်။ ဥပမာ အိမ်မှာ 5mbps လိုင်းတပ်ထားတယ်ဆိုပါစို့ ဖုန်းနဲ့ဇာတ်ကားတစ်ကားကို တိုက်ရိုက်ကြည့်နေလို့ 3mbps လောက် ဆွဲနေတယ်ဆိုရင် ကျန်တဲ့ device တွေက 2mbps လောက်ပဲ speed တက်တော့မှာဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ အိမ်မှာ လူဘယ်နှစ်ယောက်ရှိတယ်၊ ဘယ်သူတွေက ဘာတွေသုံးတတ်တယ်ဆိုတာကို တိတိကျကျသိမှ၊ ဘယ်လောက် bandwidth ဝယ်သင့်တယ်ဆိုတာကို သေချာသိမှာဖြစ်ပါတယ်။ Video streaming က bandwidth အစားဆုံးဖြစ်ပြီး SD movie ကို stream လုပ်ဖို့ 3Mbps, HD movie ကို stream လုပ်ဖို့အတွက် 5Mbps လောက်လိုအပ်ပါတယ်။ Dota 2 လို ၊ PUBG လို၊ MLBB လို Online Video Gaming အတွက်ကတော့ bandwidth က 5-10mbps ဆိုလုံလောက်ပါတယ်။ Social Media , web surfing, email အတွက်ကလဲ 2mbps လောက်နဲ့ရပါတယ်။ ဒါကြောင့်မို့လို့ အိမ်မှာ တစ်ချိန်တည်းမှာ social media သုံးမယ့်သူတစ်ယောက်ရှိမယ်၊ HD movie တိုက်ရိုက်ကြည့်မယ့်သူတစ်ယောက်ရှိမယ်၊ game ဆော့မယ့်သူတစ်ယောက်ရှိမယ်ဆိုရင် 10 mbps လောက်အနည်ဆုံးလိုအပ် မှာဖြစ်ပါတယ်။ တစ်ပြိုင်တည်းသုံးတာမဟုတ်ရင်တော့ အဲ့လောက်မလိုအပ်ပါဘူး။ 4K movies တွေကြည့်မယ်ဆိုရင်တော့ 25mbps လောက်လိုအပ်ပါလိမ့်မယ်။
Online Game တွေအတွက်ကတော့ bandwidth ထက် latency ကပိုအရေးကြီးပါတယ်။ latency ဆိုတာက သင့် device ကနေ game server ကိုရောက်ဖို့ကြာချိန်ပါ။ latency များရင် game ထဲမှာ ping များနေပြီး lag ဖြစ် တတ်ပါတယ်။ Game server နဲ့ သုံးနေတဲ့ ISP ဝေးရင်ဖြစ်ဖြစ်၊ ISP ကသေချာ optimize မလုပ်ထားတာပဲဖြစ် ဖြစ်၊ fiber မဟုတ်ပဲ wifi လိုမျိုး လိုင်းသိပ်မငြိမ်တဲ့ အင်တာနက်လိုင်းမျိုးသုံးတာပဲဖြစ်ဖြစ် latency များတတ်ပါ တယ်။ ဒါကြောင့် game အတွက်ဆိုရင်တော့ လိုင်းငြိမ်တဲ့ fiber internet ကိုရွေးစေချင်ပါတယ်။ ပြီးတော့ Internet service provider တွေဆီကပေးတဲ့ router တွေသုံးတာမျိုးထက် ကိုယ့်ဘာသာ အမျိုးအစားပို ကောင်းတဲ့ third-party router မျိုးတွေသုံးတာကလိုင်းပိုငြိမ်ပါလိမ့်မယ်။ အဲ့ဒီအတွက်လဲ Technoland မှာ ပစ္စည်းမှန်ပြီးဈေးသက်သာတဲ့ router တွေကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်။