Microfix Mobile Phone Service

Microfix Mobile Phone Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Microfix Mobile Phone Service, Electronics Company, No. 31, Mandalay Strret, MingalarTaungNyut Township, Yangon.

1G, 2G, 3G, 4G & 5G Technology များ (သို့)Mobile Generation များအကြောင်း          ဂရေဟမ်ဘဲလ်ကနေစခဲ့တဲ့ တယ်လီဖုန်းဆက်သွယ်...
02/03/2022

1G, 2G, 3G, 4G & 5G Technology များ (သို့)
Mobile Generation များအကြောင်း

ဂရေဟမ်ဘဲလ်ကနေစခဲ့တဲ့ တယ်လီဖုန်းဆက်သွယ်ပြောဆိုမှု နည်းပညာ မျိုးဆက်သည် ယနေ့ခေတ် 1G, 2G, 3G, 4G ကနေ 5G ကို ဉီးဆောင်နေပြီဆိုတာ အားလုံးအသိပင်ဖြစ်ပါတယ်။

Generation တစ်ခုချင်းစီကို တယ်လီဖုန်းကွန်ယက် ဆက်သွယ်မှု စံချိန်စံညွှန်းများအဖြစ် သတ်မှတ်ပြီး မိုဘိုင်းဖုန်းစနစ်တစ်ခု၏ နည်းပညာဆိုင်ရာ အချက်အလက်များကို ဖော်ပြထားပါတယ်။ Data rate တိုးလာပြီး ယင်း တိုးလာသော Data Rate ကို လက်ခံအသုံးပြုနိုင်ရန် Phone Handset များကိုလည်း ပြောင်းလဲ တိုးတက်အောင် နည်းပညာအသစ်များဖြင့် အမြဲဆန်းသစ်ပြီး ခေတ်နဲ့လိုက်မီ နေအောင်လည်း ထုတ်လုပ်နေရပါတယ်။
1G တွင် 2.4 kbps ၊ 2G မှာ 64 Kbps နှင့် GSM စနစ်ကို အခြေခံ၍ ထုတ်လုပ်ခဲ့ရသလို လူထုလိုအပ်ချက် မြင့်မားလာတာနှင့်အမျှ နည်းပညာရှင်များကလည်း ယခင် Data Rate များထက်သာလွန်သော 3G (144 kbps-2 mbps) မှသည် ယနေ့ခေတ် 4G (100 Mbps ကနေ1 Gbps) ထိအောင် LTE နည်းပညာကိုအခြေခံပြီး Smart Phone တစ်လုံးဖြင့် အသံဖိုင်များ၊ ဓာတ်ပုံများ၊ ဗွီဒီယိုဖိုင်များပါ တိုက်ရိုက်ကြည့်ရှု့နိုင်ရန် လူထုအခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေရပါတယ်။

Wireless Communication ရဲ့ အဓိကရည်ရွယ်ချကကတော့ Wire Communication (Optical Fiber အသုံးပြုဆက်သွယ်ခြင်းကို နံပတ် ၁ ရည်ညွှန်းပါတယ်) ကဲ့သို့အရည်အသွေးမြင့်ပြီး စိတ်ချလုံခြုံသောဆက်သွယ်မှုကို လူထုကို ဝန်ဆောင်မှုပေးဖို့အတွက် လူသားများကပင် တီထွင်ကြံဆလုပ်ဆောင်ခဲ့သော ကြီးမားတဲ့ ခြေလှမ်းများပင် ဖြစ်ပါတယ်။ ဒီ Evolution ခရီးစဉ်ကြီးကို ၁၉၇၉ ခုနှစ် မှာ 1G(1st Generation) ကနေစတင်ခဲ့ပြီး ယနေ့ခေတ် ၂၀၂၀ ပြည့်နှစ်အရောက်တွင် 5G ကို ရောက်ရှိစပြုနေပြီ ဖြစ်ပါတယ်။ မျိုးဆက်တစ်ခုချင်းစီကို (G) ဆိုတဲ့ အသုံးအနှုန်း တရားဝင်အသုံးပြုရန်အတွက် လိုက်နာရမည့်စံနှုန်းတွေကိုလည်း ဗဟုသုတ အနေနဲ့ ဖော်ပြပေးသွားပါမယ်။

Mobile Technology Generation တစ်ခုချင်းစီကို တိတိကျကျ လက်ခံနိုင်ရန် စံချိန်စံညွှန်းများ ချမှတ်ရန် တာဝန်ခံအဖွဲ့အစည်းများဖွဲ့စည်းထားရှိခဲ့ပါတယ်။ Generation တစ်ခုချင်းစီအတွက် Bandwidth ၊ Throughput ၊ Delay စသဖြင့် သတ်မှတ်ချက် တန်ဖိုးများကိုယ်စီ ရှိကြပါတယ်။

Generation တစ်ခုပြီးနောက်တစ်ခု စတင်ရန်အတွက် New Generation ကို ယခင် Generation များထက် အစစအရာရာ သာလွန်ကောင်းမွန်နေစေဖို့ အမြဲ စူးစမ်းလေ့လာပြီး သုတေသနများ ဆောင်ရွက်နေကြရပါတယ်။ 1G ကနေ အစပျိုးပေးလိုက်တဲ့ Wireless စနစ်သုံး ဖုန်း နည်းပညာဟာ Analog ကနေ Digital စနစ်ကို သွားဖို့ အဓိက အကြောင်းအရင်းတစ်ရပ် ဖြစ်တည်နေခဲ့ပါတယ်။

1G - First Generation

1st Generation Mobile Technology (1G) သည် ဆဲလ်ဖုန်းနည်းပညာရဲ့ ပထမဆုံးမျိုးဆက်ဖြစ်တာနဲ့အညီ ပထမဆုံးသော Commercial Cellular Network (CCN) ကို ၁၉၇၀ ပြည့်လွန် နှစ်တွေမှာ စတင်မိတ်ဆက်ခဲ့ပြီး အကောင်အထည် ဖော်ဆောင်မှု လုပ်ငန်းတွေကတော့ ၁၉၈၀ ပြည့်နှစ်အလွန် ကာလတွေရဲ့ ပထမဉီးဆုံးအနေနဲ့ ၁၉၈၇ ခုနှစ် အရောက်မှာ တယ်လီကွန်း (ယနေ့ Telstra) မှ စတင်မိတ်ဆက်ခဲ့ပါတယ်။

သြစတြေးလျသည် 1G ကို analog စနစ်ဖြင့် ပထမဆုံး ဆဲလ်ဖုန်းမိုဘိုင်း ကွန်ယက်ကို ရရှိခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ Analog နည်းပညာတစ်ခုဖြစ်တဲ့ 1G ဖုန်းတွေရဲ့ အားနည်းချက်ကတော့ ယေဘုယျအနေနဲ့ ယင်းဖုန်းများရဲ့ ဘက်ထရီ သက်တမ်း အားနည်းမှု၊ အသံအရည်အသွေး လုံခြုံမှုစနစ်မရှိမှု၊ တစ်ခါတစ်ရံ ဖုန်းခေါ်ဆိုမှု ပြတ်တောက်ခြင်း၊ လိုင်းကျခြင်းများ ဖြစ်ပေါ်လေ့ရှိခဲ့ပါတယ်။ သို့ပေမယ့်လည်း 2G Digital Communication ကို မလှမ်းနိုင်ခင်ထိတော့ 1G ရဲ့ အမြန်နှုန်းဟာလည်း 2.4Kbps ပဲရှိနေပြီး အကောင်းဆုံးအနေအထားနဲ့ ရပ်တည်နေခဲ့တာပေါ့။

2G - Second Generation

1G မှ 2G စနစ်ကို ရောက်တဲ့အခါမှာ Analog ကနေ Digital စနစ်ကို ပြောင်းနိုင်ခဲ့တဲ့ အတွက်ကြောင့် လုံခြုံပြီး စိတ်ချယုံကြည်ရတဲ့ လမ်းကြောင်းကို ဉီးတည်စေခဲ့ပါတယ်။ ယင်း 2G စနစ်မှ စတင်ကာ Code Devision Multiple Access (CDMA) နဲ့ Global System For Mobile Communication (GSM) စနစ်များကို စတင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ sms နဲ့ mms လိုမျိုး အသေးစား Data ဝန်ဆောင်မှုကို စတင် ပေးနိုင်ခဲ့ပါတယ်။

2G Cellular Telecommunication Network (CTN) ကို ၁၉၉၁ ခုနှစ်မှာ စတင်နိုင်ခဲ့ပါတယ်။ General Packet Radio Service (GPRS) ဖြင့် 2G အမြန်နှုန်းဟာဆိုရင် EDGE (Enhanced Data rate for GSM Evolution) အတွက် 50 Kbps သို့မဟုတ် 1 Mbps ဖြင့် လည်ပတ်နိုင်ခဲ့ပါတယ်။
2G ကနေ 3G သို့ခုန်ပျံကျော်လွှားခြင်းမပြုမီ၊ လူသိနည်းတဲ့ 2.5G နှင့် 2.75G ဆိုတဲ့ ကြားခံအဆင့်များကိုလည်း အသည်းအသန်ကြိုးစား ဖြတ်သန်းခဲ့ကြပါသေးတယ်။

3G - Third Generation

3rd Generation အရောက်မှာတော့ 3G Mobile Telecommunication ဟာ ၎င်းရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကြောင့် လူထုအတွင်း ရေပန်းစားစ ပြုလာခဲ့ပါတယ်။ Internet ဖြင့်တွဲဖက်အသုံးနိုင်ပြီး Website များ ရှာဖွေခြင်း၊ အီးမေးလ်၊ ဗီဒီယိုကူးယူခြင်း Download ပြုလုပ်နိုင်ခြင်း၊ ရုပ်ပုံများ ဝေမျှခြင်းနဲ့ အခြားသော Smart Phone နည်းပညာများကို ယင်း 3G စနစ်မှာ စတင် မိတ်ဆက်လာခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာ 3G Network ကို စီးပွားဖြစ် စတင်မိတ်ဆက်ခဲ့ပြီး တတိယမျိုးဆက် မိုဘိုင်းဆက်သွယ်ရေး အတွက် ရည်မှန်းချက် တွေကတော့ 2G ထက်ပိုမိုကျယ်ပြန့်ပြီး သာလွန်တဲ့ အသံ၊ ဒေတာ စွမ်းရည်များကို ပိုမိုစွမ်းဆောင်နိုင်ဖို့ရယ်၊ နောက်ပြီး ပိုမိုကျယ်ပြန့်တဲ့ Program တွေကို ထောက်ပံ့ဖို့နဲ့ ဈေးနှုန်းချိုသာစွာနဲ့ ဒေတာတွေကို လူထုအား ရောင်းချပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။

3G standard ဟာဆိုရင် Universal Mobile Telecommunication System (UMTS) လို့ခေါ်တဲ့ နည်းပညာအသစ်ကို ၎င်း၏ အဓိကဆက်သွယ်မှုကွန်ယက် တည်ဆောက်ပုံအဖြစ် အသုံးပြုခဲ့ပါတယ်။ ဘေဘုယျပြောရရင် UMTS ဆိုတာကတော့ 2G ရဲ့ သွင်ပြင်လက္ခဏာတွေကိုပဲ အသုံးပြုပြီး 2G ထက်သာလွန်တဲ့ နှုန်းထားတွေ 3G မှာအသုံးပြုနိုင်အောင် နည်းပညာအသစ်နဲ့ protocol အသစ်များ ပေါင်းစပ်ထားတဲ့ နည်းပညာတစ်ရပ်ပဲ ဖြစ်တယ်။

မိုဘိုင်းထုတ်ကုန်တွေရယ် မိုဘိုင်းဆက်သွယ်ရေး အတွက်ရယ် အသုံးပြုတဲ့ စံသတ်မှတ်ချက်တွေအရ အပြည်ပြည်ဆိုင်ရာ တယ်လီဖုန်းဆက်သွယ်ရေးသမဂ္ဂ (International Mobile Telecommunication – IMT 2000) မှ ချမှတ်ထားတဲ့ သတ်မှတ်ချက်များနဲ့ကိုက်ညီတဲ့ ဝန်ဆောင်မှုများနဲ့ Network များကို ချိတ်ဆက် အသုံးပြုစေခဲ့ပါတယ်။ ထိုအချိန်ကာလက IMT-2000 မှ သတ်မှတ်ထားသော လိုအပ်ချက်တစ်ခုမှာ 3G Service မှာ 200Kbps ရှိသင့်ကြောင်းလည်း ထောက်ပြ ဝေဖန်မှုများရှိခဲ့ပါတယ်။ သို့ပေမယ့်လည်း 3G မှာ Multimedia ဝန်ဆောင်မှုတွေ ပါဝင်တာကြောင့် လက်ခံအသုံးပြုခဲ့ကြပြန်ပါတယ်။ Data streaming တွေရဲ့ Loading Time ကလည်း အရမ်းကြီး သိသိသာသာ ဆိုးရွားခြင်းမျိုးမရှိတဲ့အတွက် လူကြိုက်များခဲ့တဲ့ Generation တစ်ခုအဖြစ်တော့ မဝေးသေးတဲ့ အတိတ်ကာလမှာ ကျန်ရှိခဲ့ပါတယ်။ 3G တွင် Universal အသုံးပြုခွင့်ရယ် သယ်ဆောင်ရလွယ်သော ပစ္စည်းအမျိုးအစားများတွေ ဥပမာ- Handphone တွေ၊ PDA လို့ခေါ်တဲ့ Personal Digital Assistant တွေနဲ့ တစ်ခြားသော Device တွေကို တွင်ကျယ်စွာ အသုံးပြုနိုင်ခဲ့ပါတယ်။

3G သည် Call ခေါ်ဆိုမှုတစ်ခုအတွင်း Audio Signal ကို ကောင်းကောင်း Compress လုပ်နိုင်တဲ့အတွက် တူညီတဲ့ Frequency Range တစ်ခုအတွင်းမှာ Call များစွာကို တစ်ပြိုင်နက်တည်း ခေါ်ဆိုမှုများပြုလုပ်လာနိုင်ခဲ့ပါတယ်။ IMT-2000 ရဲ့ စံသတ်မှတ်ချက်အရ 3G Stationary Speed အတွက် 2Mbps နဲ့ Mobile Speed အတွက် 384kbps ရရှိအောင် လုပ်ဆောင်ဖို့ သတ်မှတ်ထားခဲ့ပါတယ်။ (သီအိုရီအရ HSPA + သည် 21.6 Mbps ဖြစ်သည်။) HSPA-High Speed Packet Access

2G လိုပဲ 3G မှာလည်း 3.5G ၊ 3.75G အဆင့်ဆင့်ဖြတ်သန်းပြီး ပြောင်းလဲ တိုးတက်လာခဲ့ရာကနေ 4G စနစ်ကို Public မှာ မိတ်ဆက်ဖို့ရန် လုပ်ဆောင် လာခဲ့ပါတယ်။ 3G သီးသန့် ဖုန်းတစ်လုံးက 4G ကွန်ယက်ကို ဝင်ရောက်ရန် မဖြစ်နိုင် ပေမယ့် Generation အဆင့် မြှင့်တင်ခြင်းလုပ်ဆောင်ချက် သဘောတရားများ အရ 4G ကွန်ရက်တွက် ချိတ်ဆက်အသုံးပြုရန် ထုတ်လုပ်ထားသော ဖုန်းတွေကတော့ 2G , 3G စနစ်များပါ အသုံးပြုနိုင်အောင် ထုတ်လုပ်ထားရှိပါတယ်။

4G - Fourth Generation

4th Generation - 4G ကတော့ 2G, 3G Network တွေနဲ့နှိုင်းယှဉ်မည်ဆိုလျှင် အလွန်ကွဲပြားခြားနားသောနည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။ လက်ရှိ ဖြတ်သန်းနေတဲ့ ကာလတွေမှာ လူငယ် လူလတ် လူကြီး ပိုင်းတွေထဲမှာ မိုဘိုင်းနည်းပညာကို မျက်ခြေမပျက်လေ့လာနေခဲ့တဲ့သူတွေအတွက် လွန်ခဲ့သော ၁၀ ကို ပြန်တွေးကြည့်မည် ဆိုလျင် ယင်းနည်းပညာ တိုးတက်လာမှုသည် တစ်ခြားသော နည်းပညာကများ ကဲ့သို့ပင် တိုးတက်လာခဲ့ကြောင်း သိနိုင်မှာပဲ ဖြစ်ပါတယ်။ တိုးတက်လာတဲ့ အခြေအနေတွေအရ အသုံးပြုသူများအား မြန်နှုန်းမြင့်အင်တာနက် ဝန်ဆောင်မှုများကို ပေးနိုင်ခြင်း၊ အရည်အသွေး၊ စွမ်းဆောင်နိုင်စွမ်း၊ လုံခြုံမှု၊ Multimedia အသုံးပြုနိုင်မှု စွမ်းရည် မြင့်မားခြင်းများနှင့် အတူ လျော့ကျလာတဲ့ ဝန်ဆောင်ခ နှုန်းထားများကတော့ လူတန်းစားမရွေးပဲ ဆက်သွယ်မှုကွန်ရက်တွေမှာ စီးမျောလာပြီး ကောင်းမွန်တဲ့ ပတ်ဝန်းကျင်များကို ပိုမိုဖန်တီးလာနိုင်စေခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အလားအလာ ကောင်းတဲ့ လက်ရှိ Program တွေမှာ Mobile Web Access, IP telephony , gaming services, high-definition mobile TV(HDTV) , video conferencing, 3D television, and cloud computing စနစ်များစွာကို အသုံးပြုလာနိုင်ခြင်းတွေဟာ 1G, 2G, 3G, စနစ်များနဲ့ များစွာသော ခြားနားချက်များပဲ ဖြစ်ပါတယ်။

ဘာ့ကြောင့် 4G က အဲ့ဒီ နည်းပညာတွေ၊ နည်းစနစ်တွေကို Support ပေးနိုင်လဲဆို…

အဓိကနည်းပညာတွေမှာ 2x2, 4x4, 8x8, 12x12, 16x16, 24x24, 32x32 MIMO Technology (Multiple Input Multiple Output) နှင့် OFDM (Orthogonal Frequency Division Multiplexing) တို့ကို အသုံးပြုထားခြင်းကြောင့် ဖြစ်ပါတယ်။ 4G မှာ အရေးကြီးတဲ့ စံနှုန်းနှစ်ခုကတော့ WiMAX နဲ့ LTE (Long Term Evolution) ပဲ ဖြစ်ပါတယ်။ LTE (Long Term Evolution) သည် ရှိပြီးသား UMTS နည်းပညာကို အဆင့်မြှင့်တင်မှုများဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့ပြီး Frequency-1800MHz, 2100 MHz တွေမှာ အလုပ်လုပ်စေပါတယ်။ 4G အောက်မှာ အသုံးပြုနေတဲ့ device တွေဟာ အမြင့်ဆုံးမြန်နှုန်းက 100 Mbps (သို့) 1 Gbps ထိ ရှိရမှာပဲ ဖြစ်တယ်။ သို့ပေသော်လည်း 4G ကွန်ရက်ကိုစတင်မိတ်ဆက်ပြီး ရောင်းချတဲ့အခါမှာ 3G ထက် အနည်းငယ်သော မြန်နှုန်းကိုသာပေးစွမ်းနိုင်ပါတယ်။ 4G သည် 4G-LTE နှင့်မတူပါ၊ စံသတ်မှတ်ချက်များနဲ့ ကိုက်ညီဖို့ရန်အလွန်နီးစပ်သလောက်ပဲ ရှိပါတယ်။
ဉပမာ-ဂိမ်းအသစ်တစ်ခုကိုကူးယူခြင်း (သို့မဟုတ်) HD Video Stream တစ်ခုကို ကြားခံမပါဘဲ (Download) ကူးယူနိုင်ခြင်း၊ တိုက်ရိုက်ကြည့်ရှု့နိုင်ခြင်းများကို လုပ်ဆောင်နိုင်ခြင်းမျိုးပေါ့။

အသစ်အသစ်သော မျိုးဆက်သစ်များကို များသောအားဖြင့် ပြီးခဲ့တဲ့ Generation များဖြင့်ပါ ကိုက်ညီမှုရှိနေရန် ဒီဇိုင်းထုတ်ထားတဲ့အတွက်ကြောင့် 4G ဖုန်းသည် 3G သို့မဟုတ် 2G ကွန်ယက်တွေကို ဝင်ရောက်ဆက်သွယ်နိုင်ပါတယ်။ 4G ရဲ့ အဓိကမြန်နှုန်းကို ဖော်ဆောင်ပေးနိုင်တဲ့ နည်းပညာကတော့ OFDM (Orthogonal Frequency Devision Multiplexing) ပဲ ဖြစ်ပါတယ်။

OFDM ဆိုတာ Digital Modulation စနစ်ကိုအခြေခံထားပြီး မတူညီတဲ့ Frequency တွေမှာ များပြားတဲ့ Narrowband Channel တွေအဖြစ် Signal ကို အစိတ်စိတ်ခွဲပြီး မြန်နှုန်းမြင့်စွာ ချိတ်ဆက်ပေးသော နည်းပညာတစ်ခု ဖြစ်ပါတယ်။

GSM, UMTS နှင့် CDMA2000 တွေမှာရှိတဲ့ Voice Call ခေါ်ဆိုမှုစနစ်တွေကအစ LTE တွင် လုံးဝခြားနားသွားပါတယ်။ ဒါ့ကြောင့် LTE ကို အသုံးပြုနိုင်ဖို့ဆိုလျင် Carrier တွေ Voice Call Network တွေကို Re-engineering လုပ်ဆောင်ဖို့ရန် လိုအပ်မှာပဲဖြစ်ပါတယ်။ 5G ကို တက်လှမ်းဖို့ ကြိုးစားနေကြချိန်မှာ 4.5G, 4.9G စနစ်များတွင် - LTE, LTE-Advanced Pro (LTE-A) အဆင့်တွေမှာ MIMO Technology ကို ယခုထက်ပိုမို ထိရောက်အောင် အသုံးပြုနိုင်ခြင်း၊ 5G ကို ချဉ်းကပ်နေသော Device-to-device communication (D2D) Technology များဖြင့် ကွန်ရက်များ အဆင့်မြှင့်တင်နိုင်ရေးကို ကြိုးပမ်းလျက်ရှိပါတယ်။

5G - Fifth Generation

5G ဟာဆိုလျင် လက်ရှိတွင် 4G ကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်လာတဲ့ မျိုးဆက် တစ်ခုဖြစ်ပါတယ်။ 5G စနစ်တွင် ပြီးခဲ့တဲ့ Mobile Generation များထက် ထူးခြားစွာ သာလွန်ကောင်းမွန်တဲ့ မြန်နှုန်းများ၊ မြင့်မားတဲ့ ဆက်သွယ်မှု သိပ်သည်းဆ ၊ သက်သာသော နှုန်းထားများ၊ သာလွန်သော Battery နည်းပညာများ၊ D2D ဝန်ဆောင်မှု၊ အလုံးစုံ Wireless စနစ်များ၊ ထူးခြားသော အမြန်နှုန်းသတ်မှတ်ချက်မှာ 4G ရဲ့ ၃၅ ဆ ပိုမိုမြန်ဆန်မှုကို ပေးစွမ်းနိုင်မယ့် 35.6 Gbps စသည့် အခြေခံအချက်အလက်များကို ရရှိနိုင်အောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

သတိ​ပြုရမည့်အဓိကနည်းပညာများ - Massive MIMO, Millimeter Wave Mobile Communication စသည်တို့ Massive MIMO၊ Millimeter Wave Mobile ၊ Small Cell များ၊ Li-Fi နည်းပညာများနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကိုပြန်လှည့်ကြည့်မယ်ဆိုရင် လွန်စွာတိုးတက်လာခဲ့ပြီ။ Next Generation Mobile Networks Alliance ကတော့ 5G သည် 2020 တွင် အများပြည်သူလက်ဝယ်ကို ထိရောက်စောလျင်စွာ ပေးအပ်သင့်တယ်လို့ ဆိုပြန်ပါတယ်။

5G နည်းပညာထိရောက်စွာ လူထုကြား အမြန်ပြန့်ပါစေဗျာ….

Credit To Original
Microfix Mobile Phone Service

မိုဘိုင်းလ်ဖုန်းများ၏ အဆင့်ဆင့်တိုးတက်လာမှုရာဇဝင်~~~~~~~~~~~~~~~~~~~~~~~~~မိုဘိုင်းလ်ဖုန်းတွေ လို့ ပြောရင် လက်ကိုင်ဖုန်း...
23/08/2021

မိုဘိုင်းလ်ဖုန်းများ၏ အဆင့်ဆင့်တိုးတက်လာမှုရာဇဝင်
~~~~~~~~~~~~~~~~~~~~~~~~~

မိုဘိုင်းလ်ဖုန်းတွေ လို့ ပြောရင် လက်ကိုင်ဖုန်း သေးသေးလေးတွေလို့ တွေးမိပါလိမ့်မယ်။
အခုလက်ရှိ သုံးနေတဲ့ မိုဘိုင်းလ်ဖုန်းတွေ ကတော့ဟုတ်ပါတယ်၊ ဒါပေမယ့် မိုဘိုင်းလ်ဖုန်းတွေ ပေါ်ကာစက အရွယ်အစားက ကြီးမား၊ လေးလံ၊ ပါဝါစားနူန်း မြင့်တဲ့ ဖုန်းကြီးတွေ၊ သယ်လို့ ရတယ်ဆိုရုံ အဆင့်ဖုန်းတွေ ဖြစ်နေပါတယ်။

မိုဘိုင်းလ်ဖုန်းတွေ စတင် တီထွင်လာခဲ့တာ ၁၉၄၀ လောက်ကတည်း ကဖြစ်ပြီး၊ ၁၉၈၀လောက် အထိ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်မလာခဲ့ပါဘူး။

ဒါပေမယ့်၂၀၁၁ ခုနှစ်အင်္ဂလန် နိုင်ငံမှာ မိုဘိုင်းလ်ဖုန်းတွေရဲ့ ဖုန်းခေါ်ဆိုမှု အကြိမ်ရေပေါင်း ဟာ ကြိုးသုံးဖုန်းတွေ ခေါ်ဆိုမှု ထက်သာခဲ့ပါတယ်။

ဒါဟာကြိုးသုံးဖုန်းတွေ အသုံးနည်းသွားပြီးနောက်ပိုင်း၊ လုံးဝမသုံးတော့တဲ့ အဆင့်ဖြစ်လာမယ့် လက္ခဏာ ဖြစ်ပါ တယ်။

ကျနော်တို့ဆီမှာလည်း မိုဘိုင်းလ်ဖုန်းတွေ ပေါပေါများများ သုံးလာတဲ့ အတွက်လမ်းဘေး ကြိုးဖုန်းငှားတဲ့ သူတွေ ခွင်ပျက်ကုန် ပါတယ်။

ဒါဟာ နည်းပညာ တိုးတက်ပြောင်းလဲမှုရဲ့ သက်သေ ဖြစ်တဲ့အတွက်၊ အဲဒီ မိုဘိုင်းလ်ဖုန်းတွေ ဘယ်အချိန်က စပြီး၊ ဘယ်လို တီထွင်ခဲ့ ကြသလဲ ဆိုတာ စာဖတ်သူတွေ စိတ်ဝင်စားမယ် ထင်လို့ ဒီတပတ် အတွက် မိုဘိုင်းလ်ဖုန်း သမိုင်းကြောင်းလေး ရေးထားပါတယ်။

အစောပိုင်းကာလ တီထွင်မှု

လက်ရှိ အချိန်မှာ မိုဘိုင်းလ်တွေလို့ ခေါ်လို့ရတဲ့ အထိ ရောက်လာအောင် တီထွင်ခဲ့တာတွေကို ပြန်ကြည့်ရင် ၁၉၀၈ ခု ကတည်းက စခဲ့တာ တွေ့ရပါမယ်။

အဲဒီဖုန်းတွေဟာ ခရီးဆောင် မိုဘိုင်းလ်ဖုန်းတွေလို့ ပြောလို့ မရသေးတဲ့ ကြိုးမဲ့ ဆက်သွယ်ရေး ကိရိယာတွေ ဖြစ်ပါ တယ်။

၁၉၀၈ ခုနှစ်မှာ ပါမောက္ခ အဲလ်ဘတ်ဂျန့်ခ် (Albert Jahnke) နဲ့ Oakland Transcontinental Aerial Telephone and Power ကုမ္ပဏီတို့ ကနေ ကြိုးမဲ့ ဆက်သွယ်နိုင်တဲ့ ဖုန်းကို တီထွင်ခဲ့ကြပါတယ်။

ဒါပေမယ့် ထုတ်လုပ်ရောင်းချတဲ့ အဆင့် ရောက်မလာပါဘူး၊ ၁၉၁၈ မှာ ဂျာမန် မီးရထားစံနစ် (German Railroad System) ကနေ စစ်သုံးအတွက် ဂျာမဏီနိုင်ငံ ဘာလင်မြို့နဲ့ ဇော့ဆီန်း(Zossen)မြို့၊ ၁၉၂၄ မှာ အများသုံးနိုင်တဲ့ ဘာလင်မြို့နဲ့ ဟမ်းဘတ်မြို့ ဆက်သွယ်မှုတွေ အတွက် ကြိုးမဲ့ဖုန်း၊ ၁၉၂၅ မှာ မီးရထား သုံးတယ်လီဖုန်း စံနစ်၊ ၁၉၂၆ မှာ တယ်လီဖုန်း ဝန်ဆောင်မှု ပေးတဲ့ ရထားစတာတွေကို စမ်းသပ် တီထွင်သုံးခဲ့ကြပါတယ်။

အဲဒီ နောက်ပိုင်း ၁၉၃၀ ခုနှစ် အမေရိကရဲ့ စီးပွားပျက်ကပ်နဲ့ ပထမ ကမ္ဘာစစ်တွေ ကြောင့်လို့ ယူဆရတဲ့ အကြောင်း တွေကြောင့်၊ ခရီးဆောင် ဖုန်းတွေ တီထွင်တာ သိပ်များများစားစား မတွေ့ခဲ့ရပါဘူး။

၁၉၄၀ မှာတော့ ကြိုးမဲ့ ဆက်သွယ်ရေး ဖုန်းတွေ စစ်တပ် အတွက် တီထွင်သုံးလာခဲ့ကြတာ တွေ့ရပါတယ်။

လက်ရှိ မိုဘိုင်းလ်ဖုန်းတွေနဲ့ ယှဉ်ကြည့်ရင်တော့ ဘယ်လိုမှ လက်ကိုင်ဖုန်းလို့ ပြောမှာ မဟုတ်ပါဘူး။

အမေရိက ကြည်းတပ်၊ အချက်ပြဆက်သွယ်ရေး တပ်ဖွဲ့တွေမှာ သုံးခဲ့တဲ့မော်ဒယ် SCR- 194 နဲ့ 195 တွေ ဖြစ်ပြီး၊ ခရီးဆောင် AM Radio တွေ ဖြစ်ပါတယ်။

အလေးချိန် ၂၅ ပေါင်လေးပြီး ၊ ၅ မိုင်အကွာအဝေး အထိ ဆက်သွယ်နိုင်ပြီး၊ ဒုတိယ ကမ္ဘာစစ် အတွင်း ခြေလျင် တပ်တွေမှာ သုံးခဲ့ပါတယ်။

AM Radio Telephone (1922)

၁၉၂၂ ခုနှစ်က အမေရိကန်နိုင်ငံ ချီကာဂိုမြို့က ရဲတွေ ရေဒီယိုတယ်လီဖုန်းကို စမ်းသပ်နေကြပုံ ဖြစ်ပြီး၊ သူတို့ သုံးခဲ့တဲ့ ဖရီကွင်စီက AM ရေဒီယို ဖရီကွင်စီနဲ့ အတူတူပဲ ဖြစ်ပါတယ်။

Americian Army (1940)

အမေရိက ကြည်းတပ်ရဲ့ အချက်ပြ ဆက်သွယ်ရေး တပ်ဖွဲ့ဝင်တွေ ဒုတိယ ကမ္ဘာစစ်တုန်းက ၁၉၄၀ မှာအသုံးပြု ခဲ့တဲ့ ကြိုးမဲ့ ဆက်သွယ်ရေး ပစ္စည်းတွေ ဖြစ်ပြီး၊ မြင်းရဲ့ကျောပေါ်မှာ တင်ထားရ လောက်အောင် ကြီးမားလေးလံ နေပါတယ်။

လက်ရှိ မိုဘိုင်းလ်ဖုန်းတွေနဲ့ နှိုင်းယှဉ်ရင်တော့ လက်ကိုင်ဖုန်းလို့ ပြောမှာ မဟုတ်ပါဘူး၊အမေရိကန် ကြည်းတပ်၊ အချက်ပြ ဆက်သွယ်ရေး တပ်ဖွဲ့တွေမှာ သုံးခဲ့တဲ့ မော်ဒယ် SCR-194 နဲ့ 195 တွေ ဖြစ်ပြီး၊ ခရီးဆောင် AM Radio တွေ ဖြစ်ပါတယ်။

အလေးချိန် ၂၅ ပေါင် လေးပြီး၊ ၅ မိုင်အကွာ အဝေးအထိ ဆက်သွယ်နိုင်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်း ခြေလျင် တပ်တွေမှာ သုံးခဲ့ပါတယ်။

အခု ပြထားတဲ့ SCR-300 ရေဒီယို ဆက်သွယ်မှု့ကိုတော့ အမေရိက စစ်တပ် အတွက် မိုတိုရိုလာကနေ တီထွင် ပေးခဲ့ တာ ဖြစ်ပြီး၊ ၃၂ ပေါင်ကနေ ၃၈ ပေါင်လေးကာ၊ ၃ မိုင် အကွာအဝေး အထိ ဆက်သွယ်နိုင်သလို၊ SCR-194 နဲ့ 195 တွေနေရာမှာ အစားထိုး သုံးစွဲခဲ့ပါတယ်။ အလုံးရေ ၅ သောင်း ထုတ်လုပ်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်အတွင်း မဟာမိတ် တပ်တွေ သုံးခဲ့ပါတယ်။

မော်ဒယ် SCR-536 လက်ကိုင် စကားပြောစက်ကို မိုတိုရိုလာကပဲ၊ အလုံးရေ တသိန်း သုံးသောင်းလောက် ထုတ်လုပ် ခဲ့ပြီး၊ ဒုတိယ ကမ္ဘာစစ်အတွင်း သုံးခဲ့ပါတယ်။ အလေးချိန် ၅ ပေါင်ပဲ လေးပြီး၊ ကုန်းတွင်းမှာ ၁ မိုင်၊ ရေပြင်မှာ ၃ မိုင် အကွာအဝေး အထိ ပြောနိုင်ပါတယ်။

Mobile Telephone System

ဘဲလ်စစ်စတမ် (Bell System) ကနေ မိတ်ဆက်ခဲ့တဲ့ ပထမဦးဆုံး စီးပွားဖြစ် လုပ်ကိုင်ခဲ့တဲ့ မိုဘိုင်းလ် တယ်လီဖုန်း ဝန်ဆောင်မှု လုပ်ငန်း ဖြစ်ပါတယ်။

အဲဒီ ဝန်ဆောင်မှုကို MTS (Mobile Telephone System) လို့ ခေါ်ပြီး၊ အစောပိုင်း ထုတ်လုပ်ခဲ့တဲ့ မူရင်းစက်ဟာ ပေါင် ၈၀လေးကာ၊ AT&T ရဲ့ ကန့်သတ်လိုင်း (band) တွေကိုပဲ သုံးလို့ရပါတယ်။

လစဉ်ကြေး ဒေါ်လာ ၃၀ (လက်ရှိပေါက်ဈေးနဲ့ဆိုရင် ဒေါ်လာ ၃၃၀ လောက်) ပေးရပြီး၊ ခေါ်ဆိုမှုတွေ အတွက် အကြိမ် အရေအတွက်နဲ့ ထပ်ပေးရ ပါမယ်။ ကုန်တင်ယာဉ် အုပ်စုတွေ၊ သတင်းထောက်တွေ၊ ဝန်ဆောင်မှု ပေးတဲ့သူတချို့ပဲ သုံးနိုင်ခဲ့ ပါတယ်။

Ericsson’s Mobile System A

အဲရစ်ဆင် (Ericsson) ရဲ့တစိတ်တပိုင်း အလိုအလျောက် လုပ်ဆောင်ပေးနိုင်တဲ့ မော်တော်ယာဉ်သုံး မိုဘိုင်းလ် စစ်စတမ် ဖြစ်ပြီး၊ ဆွီဒင်နိုင်ငံမှာ ဦးဆုံးသုံးကာ ၈၈ ပေါင် လေးပါမယ်။ iPhone အလုံး ၃၀၀ ရဲ့ အလေးချိန်နဲ့ ညီမျှတဲ့ အလေးချိန် ဖြစ်ပါတယ်။

Commerical Mobile Phone (1959)

၁၉၅၉ မှာတော့စီးပွားဖြစ် ထုတ်လုပ်ရောင်ချတဲ့အဆင့်ရောက်လာပေမယ့်၊ကားတွေထဲမှာ တပ်ဆင်သုံးနိုင်ပြီး အရွယ်အစား သေးအောင် ပါဝါစားနှုန်းနည်းအောင် မလုပ်နိုင် သေးပါဘူး။

Portable (1972)

၁၉၇၂ လန်ဒန်မှာ ကျင်းပခဲ့တဲ့ ဆက်သွယ်ရေးရဲ့ ဒီနေ့ မနက်ဖြန်၊ အနာဂတ်ပြပွဲ (Communication Today, Tomorrow and The Furture) မှာ မော်ဒယ်တယောက် ပြသနေတဲ့ ခရီးဆောင် တယ်လီဖုန်း ဖြစ်ပါတယ်။ ပါဝါစား နှုန်း မသေးတဲ့ အပြင်၊ ဘက်ထရီတွေရဲ့ နည်းပညာ အားနည်း ချက်ကြောင့် ဘက်ထရီကို ကြိုးနဲ့ လွယ်ထားတာ တွေ့ရ ပါမယ်။ အရင်က ကင်မရာသမားတွေ ဖလက်ဂန်း (flash Gun) ကို ပါဝါပေးဖို့ ဘက်ထရီ တွဲကြီးကို ကြိုးနဲ့ လွယ် ထား တာ သတိရမိ ပါတယ်။

ခရီးဆောင်လက်ကိုင်ဖုန်းအစ

၁၉၇၃ မှာ မာတင်ကူးပါး (Martin Cooper) ကနေ နမူနာ လက်ကိုင်ဖုန်း တခုကို စတင်ပြီး တီထွင်ခဲ့ပါတယ်။ အဲဒီ ဖုန်းဟာ ၁.၁ ကီလိုဂရမ် လေးပြီး၊ အရွယ်အစား အမြင့် ၂၃ စင်တီ မြင့်ကာ၊ အထူ ၁၃ စင်တီမီတာ၊ အကျယ် ၄.၄၅ စင်တီမီတာ ရှိပါတယ်။ အဲဒီ ဖုန်းဟာ မိနစ် ၃၀ စကားပြောဖို့ အတွက် ၁၀ နာရီ အားသွင်းထားဖို့ လိုပါတယ်။ မာတင်ကူးပါးဟာ အဲဒီ အချိန်က မိုတိုရိုလာရဲ့ သုတေသီနဲ့ အမှုဆောင် အရာရှိအဖြစ် တာဝန်ယူ လုပ်ဆောင်ခဲ့တာပါ။

မိုတိုရိုလာရဲ့ ခရီးဆောင် ဆက်သွယ် ရေးပစ္စည်း ထုတ်ကုန်ဌာန အကြီးအကဲ ဖြစ်သူ ကူးပါးရဲ့ အထက် အရာရှိ ဂျွန် အက်ဖ်မစ်ရှဲလ် (John F Mitchell) တို့ဟာ ခရီးဆောင် လက်ကိုင်ဖုန်းတွေ ထုတ်လုပ်မှုရဲ့ အဓိက အကျဆုံးလူတွေ ဖြစ်လာခဲ့သလို၊ မိုတိုရိုလာ ကုမ္ပဏီဟာလည်း လက်ကိုင် ခရီးဆောင်ဖုန်းတွေ ပထမဦးဆုံး ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်လာ ခဲ့ပါတယ်။

အဲဒီ တီထွင်နိုင်ခဲ့မှုဟာ မိုတိုရိုလာ ကုမ္ပဏီ (Moto-rola) ကို သေးငယ်ပေါ့ပါးပြီး အလွယ်တကူ သယ်ဆောင် သွား နိုင် တဲ့၊ လက်ကိုင်ဖုန်းတွေ တီထွင်ထုတ် လုပ်ဖို့ တွန်းအား ပေးခဲ့ပြီး၊ လက်ကိုင်ဖုန်း လောကမှာ မိုတိုရိုလာ ကုမ္ပဏီဟာ အထင်ကရ ကုမ္ပဏီကြီးတခု ဖြစ်လာခဲ့ပါတယ်။

Nokia Mobira Senator (1982)

နိုကီယာ မိုဘိုင်းလ်ဖုန်းတွေ ဖြစ်လာဖို့ စတင်ခဲ့တဲ့ ဖုန်းက Mobira Senator ဖုန်းဖြစ်ပါတယ်။ အလေးချိန် ၂၁ ပေါင် လေးပြီး ကားဖုန်း အနေနဲ့ သုံးဖို့ ရည်ရွယ်ထားပါတယ်။

Motorola Dyna TAC ၊ 8000X (1983)

၁၉၈၃ မတ် ၆ ရက်နေ့မှာတော့ မိုတိုရိုလာရဲ့ ဒိုင်နာတက် DynaTAC 8000X မိုဘိုင်းလ်ဖုန်းတွေ စတင် ဈေးကွက် တင်ခဲ့ရာ၊ အမေရိကရဲ့ ပထမဦးဆုံး 1G ကွန်ရက် ဖြစ်တဲ့ Ameri-tech ကွန်ရက်နဲ့ တွဲသုံးခဲ့ပါတယ်။

ကုန်ကျစရိတ် ဒေါ်လာသန်း ၁၀၀ ကုန်ကျခဲ့ပြီး ဈေးကွက်တင်ဖို့အတွက် ၁၀ စုနှစ် တခုကျော် ကြာခဲ့ပါတယ်။

နမူနာ စမ်းသပ်ခဲ့တဲ့ ဖုန်းတုန်းကလိုပဲ အဲဒီဖုန်းဟာ မိနစ် ၃၀ လောက် စကားပြောဖို့ အတွက် ၁၀ နာရီ အားသွင်းထားဖို့ လိုပါတယ်။

ဆက်သွယ်ရေး နည်းပညာတွေမှာ ဒုတိယမျိုးဆက် အနေနဲ့ တိုးတက်လာခဲ့မှုက SMS ဒါမှ မဟုတ် စာသားတွေ ရိုက်ထည့် ပေးပို့နိုင်တဲ့ (text messaging) လုပ်ဆောင်ချက် ဖြစ်ပြီး၊ အစပိုင်းမှာ အဲဒီလုပ်ဆောင်ချက် GSM ကွန်ယက်မှာပဲ အလုပ်လုပ်သုံးခဲ့ပြီး နောက်ပိုင်း ဒစ်ဂျစ်တယ်ကွန်ရက်တွေ အားလုံး သုံးခဲ့ပါတယ်။

ဖုန်းကနေ ပထမဦးဆုံး SMS ပေးပို့မှုကို ယူနိုက်တက်ကင်းဒမ်း (UK) မှာ ၁၉၉၂ ဒီဇင်ဘာ ၃ ရက်နေ့မှာ စတင်နိုင်ခဲ့ရာ၊ ၁၉၉၃ မှာတော့ ဖင်လန်နိုင်ငံမှာ စတင်ခဲ့ပါတယ်။

မိုဘိုင်းလ်ဖုန်းတွေ အတွက် အခကြေးငွေ ပေးပြီး ဒေါင်းလုတ် (download) လုပ်တဲ့ ဝန်ဆောင်မှုကို ၁၉၉၈ မှာ ဖင်လန် နိုင်ငံရဲ့ Radidinja (အခု Elisa) ကနေ ဖုန်းမြည်တဲ့ ring tone တွေ အမျိုးမျိုးကို ဒေါင်းလုတ် လုပ် ဝယ်ယူနိုင်ခဲ့ကာ၊ ပထမဦးဆုံး ကြော်ငြာလုပ်ငန်း အနေနဲ့ သတင်းခေါင်းကြီးပိုင်းတွေကို SMS ပေးပို့နိုင်တဲ့ လုပ်ငန်း လုပ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် ဖင်လန်နိုင်ငံမှာ ကြော်ငြာရှင်ရဲ့စပွန်ဆာနဲ့ စတင်ခဲ့ပါတယ်။

မိုဘိုင်းလ် ငွေချေတဲ့ စံနစ်(mobile payments) ကိုတော့ ဖင်လန်နိုင်ငံနဲ့ ဆွီဒင် နိုင်ငံမှာ ၁၉၉၈ ကစတင် အသုံးပြုခဲ့သလို၊ ကိုကာကိုလာ အရောင်းစက်တွေနဲ့ ကားပါကင် ထိုးတဲ့ အခကြေးငွေတွေကို မိုဘိုင်းလ်ဖုန်း သုံးပြီး ပေးချေနိုင်ခဲ့ပါတယ်။ နော်ဝေးမှာ ပထမဦးဆုံး စီးပွားရေး လုပ်ငန်းအဆင့် လုပ်ဆောင်မှုကို ၁၉၉၉ မှာ စတင်နိုင်ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မှာတော့ ဘဏ်လုပ်ငန်းနဲ့ ခရက်ဒစ်ကတ် လုပ်ငန်းတွေ အတွက် ငွေပေးချေမှုတွေကို မိုဘိုင်းလ် အော်ပရေတာ Globe နဲ့ Smart တို့ ကနေ ၁၉၉၉ မှာပဲ စတင် ခဲ့ပါတယ်။

မိုဘိုင်းလ် ဖုန်းတွေကနေ အင်တာနက်ကို အပြည့်အဝ သုံးနိုင်တဲ့ ပထမဦးဆုံး ဝန်ဆောင်ပေးတာက ဂျပန်နိုင်ငံက NTT DoCoMo ဖြစ်ပြီး ၁၉၉၉ မှာ စတင်ခဲ့ပါတယ်။

၁၉၉၇ ကနေ ၂၀၀၃ ခုနှစ် လောက် အတွင်း မိုဘိုင်းလ် နဲ့ မိုဒမ်း (Moden) တွေ သုံးနိုင်ခဲ့တဲ့ Personal Handy-phone System ဖုန်းတွေ ရေပန်းစားခဲ့ပါတယ်။

၁၉၉၉ခုနှစ် ဂျပန်နိုင်ငံ NTT DoCoMo ကနေ အင်တာနက် ဝန်ဆောင်မှု အပြည့် ဝန်ဆောင်ပေးနိုင်တဲ့ မိုဘိုင်းလ်တွေ တီထွင်နိုင်ခဲ့သလို၊၂၀၀၁ ခု အောက်တိုဘာ ၁ ရက်မှာတော့ ပထမဦးဆုံး စီးပွားဖြစ် 3G ကွန်ယက်ဝန်ဆောက်မှုကို NTT DoCoMo ကပဲ စတင်သုံးခဲ့ ပါတယ်။

၂၀၀၆ မှာ သုံးခဲ့တဲ့ မိုဘိုင်းလ်ဖုန်းတွေက တော်ရုံ ကင်မရာလောက် ရိုက်ကူးပေးနိုင်ပြီး မိုဘိုင်းလ်ဖုန်းတွေဟာ ကင်မရာနဲ့ တတွဲတည်း ဖြစ်လာပါတယ်။

နောက်ပိုင်းထုတ်တဲ့ တချို့ဖုန်းတွေ ဆိုရင်သူများကို ရှေ့ဘက် ရှုခင်းတွေ ရိုက်နိုင်သလို ကင်မရာ နောက်ဘက်ကိုပါ ရိုက်နိုင်တဲ့ ကင်မရာဖုန်းတွေ ရှိလာပါပြီ။

၂၀၀၇ မှာတော့ စာရိုက်ပြီး စကားပြောတဲ့ text messaging ဟာ မိုဘိုင်းလ်ဖုန်း တလုံးမှာ မပါမဖြစ်တဲ့ Function (လုပ်ဆောင်ချက်) တခု ဖြစ်လာခဲ့ပါတယ်။

၂၀၀၈ က မိုဘိုင်းလ်ဖုန်းလောက အတွက်ထူးခြားတဲ့ နှစ်ဖြစ်ခဲ့ပြီး၊ ကွန်ပျူတာ ကုမ္ပဏီကြီးတခုဖြစ်တဲ့ အက်ပဲလ် (Apple) ကနေ သူ့ရဲ့စမတ်ဖုန်း iPhone ကို စတင်မိတ်ဆက် ဈေးကွက်တင်ခဲ့ ပါတယ်။

အက်ပဲလ်ရဲ့ ထုံးစံအတိုင်း ဒီဇိုင်း၊ သုံးရ လွယ်ကူမှု၊ စွမ်းဆောင်ရည် မြင့်မားမှုတွေကြောင့် နာမည်ကြီး၊ ရေပန်း အစားဆုံး ဖုန်းတခု ဖြစ်ခဲ့ပါတယ်။

အဲဒီ နောက်ပိုင်းမှာတော့ အများသိထားကြတဲ့ မိုဘိုင်းလ်ဖုန်းတွေနဲ့ စမတ်ဖုန်းတွေကို ဆိုနီ (Sony) , HTC , ဆမ် ဆောင်း, LG, Google, Huawei စတဲ့ ကုမ္ပဏီတွေကနေ အပြိုင်အဆိုင် ထုတ်လုပ်ခဲ့ကြတာ ဒီနေ့ တွေ့မြင်နေ ကြရပြီ ဖြစ်ပါတယ်။

Credit To Original
Microfix Mobile Phone Service

တယ်လီဖုန်းစွန့်ဦးတီထွင်ခဲ့တဲ့ အလက်ဇန်းဒါး ဂရေဟမ်ဘဲလ်~~~~~~~~~~~~~~~~~~~~~~~~~~မတ်လ ၃ ရက်နေ့ မှာ မွေးဖွားခဲ့တဲ့ အလက်ဇန်းဒ...
17/08/2021

တယ်လီဖုန်းစွန့်ဦးတီထွင်ခဲ့တဲ့ အလက်ဇန်းဒါး ဂရေဟမ်ဘဲလ်
~~~~~~~~~~~~~~~~~~~~~~~~~~
မတ်လ ၃ ရက်နေ့ မှာ မွေးဖွားခဲ့တဲ့ အလက်ဇန်းဒါး ဂရေဟမ် ဘဲလ် ဟာ တယ်လီဖုန်းတီထွင်ခဲ့သူ တစ်ဦးဖြစ် ကြောင်းကို ပြောပြချင်ပါတယ်။ တစ်ချို့ကတော့ သုံးသာသုံးနေတာ ဒီဖုန်းကို ဘယ်သူကစပြီး တီထွင်ခဲ့လဲ ဆိုတာကို မသိတဲ့သူတွေလည်း အများသားပါ။သူမှာ ထူးခြားတာတစ်ခုကတော့ မိခင်နဲ့ ဇနီးဖြစ်သူတွေဟာ နားမကြားသူများဖြစ်ကြပါသတဲ့။ အမေဖြစ်သူနားမကြား တာကြောင့် အကြားနှင့်အပြောဆိုင်ရာသုတေသန ပြုမှုများကြောင့် အသံကြားကိရိယာ တီတွင်မှုများကြောင့် ၁၈၇၆ ခုနှစ်မှာ အမေရိကန်နိုင်ငံ ရဲ့ ပထမဆုံး တယ်လီဖုန်းမှုပိုင်ခွင့် ကို ရရှိခဲ့ပါတော့တယ်။ ဘဲလ်ရဲ့ အဖေဟာ ဝေါဟာရ အသံထွက်ပညာရှင် ပါမောက္ခ အလက်ဇန်းဒါအမ် ဘဲလ် ဖြစ်ပြီးတော့ အမေကတော့ အယ်လ်လီ ဇာ ဂရေ့စ် ဖြစ်ပါတယ်။ ဘဲလ်ကတော့ အသက် ၁၂ နှစ် အရွယ်မှာ ဂျုံခွံချွတ် လက်လုပ်စက်ကိုလည်း တီထွင်ခဲ့ ပါသေးတယ်။

ဘဲလ်ဟာ ကျောင်းပညာရေးမှတ်တမ်းများမှာ ထူးချွန်မှုမရှိပါသော်လည်း အသက် ၁၅ နှစ်အထိ ပညာသင်ယူခဲ့ ပါ တယ်။ဘဲလ်မိသားစုဟာ ၁၈၆၅ ခုနှစ် လန်ဒန်ကို ပြောင်းရွှေ့ခဲ့ကြပြီးနောက် ဘဲလ်ဟာ စကော့တလန်ကို ပြန်လာခဲ့ကာ ဓာတ်ခွဲခန်းသုံးပစ္စည်း အနည်းဆုံးတစ်ခုကို အသုံးပြုပြီး အသံဆိုင်ရာစမ်းသပ် မှုများကို ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။ ဘဲလ်ဟာ လျှပ်စစ်စွမ်းအင်မှ အသံကို ပို့ဆောင်နိုင်တဲ့ အတွေ့အကြုံအ ပေါ် အထူးအာရုံစိုက်ခဲ့ပြီး နောက်ပိုင်းမှာ စကော့တလန်ရှိ မိမိ အခန်းမှ မိတ်ဆွေတစ်ဦး ၏အခန်းကို တယ်လီဂရပ် ဝါယာကြိုးတစ်ခုနဲ့ ဆက်သွယ်ခဲ့ပါတယ်။ ဘဲလ်ဟာ လန်ဒန်တက္ကသိုလ်မှ ဘွဲ့ရယူရန် မိသားစုနေအိမ်မှာပင် လေ့လာအား ထုတ် မှုများကို ဆောင်ရွက်ခဲ့ရပါတယ်။ ဘဲလ်ဟာ သူ၏ အိပ်မက်အိမ်တွင် လျှပ်စစ်နှင့် အသံအတွေ့အကြုံများကို ဆက်လက် ပြုလုပ်ခဲ့ကာ အဝေးသို့ လျှပ်စစ်လှိုင်းဖြင့် အသံပို့လွှတ်နိုင်သည့် ကိရိယာ Melodeon ကို မွမ်းမံပြင်ဆင်ခဲ့ပါတယ်။

၁၈၇၂ ခုနှစ် အောက်တိုဘာလမှာ ဘဲလ်ဟာ ကိုယ်ပိုင်ကျောင်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး သူ၏ အထင်ရှားဆုံး တပည့် တစ်ဦးမှာ ကမ္ဘာကျော်ဟယ်လင်ကဲလားဖြစ်ပါတယ်။ ၁၈၇၅ ခုနှစ် ဇွန်လ ၂ ရက်တွင် အသံကို တစ်နေရာမှ တစ်နေရာသို့ ပို့နိုင် သည့် စနစ်ကို တွေ့ရှိခဲ့ပါတယ် ။သို့သော် ကြည်လင်ပြတ်သားမှု အားနည်း နေခဲ့တယ် မူပိုင်ခွင့် တင်သည့် ကိစ္စမှာ မည်သူက ဦးစွာတင်သည်ဆိုပြီး အချေ အတင် ဖြစ်ခဲ့ကြသော်လည်း ၁၈၇၆ ခုနှစ် မတ်လ ၇ ရက်တွင် အမေရိကန် နိုင်ငံ မူပိုင်ခွင့်ရုံးက ဘဲလ်အား မူပိုင်ခွင့် အမှတ် ၁၇၄၄၆၅ ကို ထုတ်ပေးခဲ့ပါတယ်။ မတ်လ (၁၀) ရက်တွင် ဘဲလ်သည် အယ်လ်လီရှာဂရေး၏ ရေအောက် တယ်လီဂရပ်စနစ် နှင့် တူညီစွာအရည် တစ်ခု ကိုဖြတ်သန်း လျက် အသံ ပို့လွှတ်နိုင်ခဲ့ပါတယ်။ ဘဲလ် ၏ တယ်လှဖုန်းတီထွင်နိုင်မှု အဖြစ် “မစ္စတာဝပ်ဆင်၊ ဒီကိုလာပါ၊ ကျွန်တော် ခင်ဗျားကို တွေ့ ချင်တယ်” ဟု အရည်ကို ဖြတ်သန်းထား သည့် ထုတ်လွှင့်ပစ္စည်းသို့ ပြောခဲ့ရာ အခြားအခန်းတစ်ခုမှ လက်ခံနေရာတွင် ရှိနေ သည့် ဝပ်ဆင်သည် ဘဲလ်၏ အသံကို ကြည်လင် ပြတ်သားစွာ ကြားလိုက် ရပေသည်။ နောင်အခါတွင် ကမ္ဘာကျော် စကား တစ်ခွန်းဖြစ် လာခဲ့ပေသည်။

ဘဲလ်သည် ၁၈၇၆ ခုနှစ် သြဂုတ်လ ၃ ရက် လူအများ၏ ရှေ့မှောက် တွင် ဘရန့်ဖို့ဒ်မှ ငါးမိုင်ခန့်ကွာဝေးသည့် ကြေးနန်းရုံး မှ ဘရန့်ဖို့ဒ်သို့ တယ်လီဖုန်းဖြင့် စကားပြောပြနိုင်ခဲ့ပါတယ် ။ဘဲလ်တယ်လီဖုန်းကူမ္ပဏီကို ၁၈၇၇ ခုနှစ်တွင် ထူထောင်ခဲ့ပြီးတစ်နှစ်အကြာတွင် အမေရိကန်ပြည်သူ ၁၅၀၀၀၀ ကျော် သည် တယ်လီဖုန်းသုံး စွဲနေကြပြီဖြစ်ပါတယ်။ ဘဲလ်ဟာ ၁၈၇၇ ခုနှစ် ဇူလိုင်လ ၁၁ ရက် တွင် မိမိ၏ နားမကြားသည့်တပည့်ဖြစ်သူ မာဘယ်လ်ဟတ်ဘတ်နှင့်လက်ထပ်ခဲ့ပါတယ်။ဘဲလ်ဟာ ၁၉၂၂ ခုနှစ် သြဂုတ်လ ၂ ရက် အသက် ၇၅ နှစ်အရွယ်တွင် ဆီးချိုရောဂါဖြင့် ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်တွင် သမီးနှစ်ယောက် နှင့် မြေး ကိုးယောက် ကျန်ရှိခဲ့ပါတယ်။

Credit To Original Uploader

Microfix Mobile Phone Service

Address

No. 31, Mandalay Strret, MingalarTaungNyut Township
Yangon
11221

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959964900077

Website

Alerts

Be the first to know and let us send you an email when Microfix Mobile Phone Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share