𝐌𝐌𝐊 𝐆𝐫𝐚𝐩𝐡𝐢𝐜 𝐀𝐫𝐭

  • Home
  • Myanmar
  • Yangon
  • 𝐌𝐌𝐊 𝐆𝐫𝐚𝐩𝐡𝐢𝐜 𝐀𝐫𝐭

𝐌𝐌𝐊 𝐆𝐫𝐚𝐩𝐡𝐢𝐜 𝐀𝐫𝐭 We provide the best logo services, Logo, Flyer, Visiting Card, Vinyl, Company Profile, Sticker Desig

20/05/2024

Programming ကိုခုမှစတင်လေ့လာမယ့်သူတွေအတွက် သိထားသင့်တဲ့အကြောင်းအရာလေးဖြစ်လို့ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
Program ဆိုတာဘာလဲ ?
Program ဆိုတာကတော့ (Set of instructions) လို့ခေါ်တဲ့ အမိန့်၊ ညွှန်ကြားချက်၊ ခိုင်းစေချက်တွေကို စုစည်းထားတဲ့ အစုတစ်ခုလို့ပြောလို့ရပါတယ် ။
Program ဆိုတာ အကြမ်းအားဖြင့် Software လို့ပြောလို့ရပါတယ် ။
ဒါပေမယ့် အတိအကျဆိုရင်တော့ မဟုတ်ဘူးပေါ့ ။ အကြမ်းသဘောအဖြစ်တော့ ပြောလို့ရပါတယ်။ Software ဆိုတာကတော့ ကျွန်တော်တို့တစ်တွေ လက်ရှိအသုံးပြုနေကြတဲ့ (Mozilla Firefox, Safari, Adobe Photoshop, Google Talk) စတာလေးတွေပေါ့ဗျာ ။
အဲလို Software လေးတွေသုံးရဖို့ရန်အတွက် Program တွေရေးပေးရပါတယ် ။
ဒါဆို Program ဆိုတာကို သဘောပေါက်နားလည်ကြမယ်ထင်ပါတယ် ။
Programmer ဆိုတာဘာလဲ ?
Programmer ဆိုတာကတော့ ကျွန်တော်တို့လက်ရှိအသုံးပြုလျက်ရှိသော Software တွေ၊ OS(Operating System) စတာတွေကို ကျွန်တော်တို့ အသင့်အသုံးပြုနိုင်အောင် အပင်ပန်းခံရေးပေးနေတဲ့ သူတွေကိုပေါ့ ။
တစ်နည်းအားဖြင့် အလွယ်ပြောရရင်တော့ Program ရေးသူကို Programmer လို့ ခေါ်ပါတယ် ။(ဥပမာ- Gmail Sign In Process ကိုပဲကြည့်ဗျာ ။ Username, Password ရိုက်ထည့်လိုက်ပြီး Sign In (or) Enter နှိပ်လိုက်ရင် သင့် Account ထဲကိုဝင်သွားမယ် ။
အဲလို Instructions လေးတွေပေးပြီး ရေးတဲ့သူတွေကို Programmer လို့ခေါ်ပါတယ် ။ဒီလောက်ဆို Programmer ဆိုတာကို သဘောပေါက်နားလည်ကြမယ်ထင်ပါတယ် ။
Programming Language ဆိုတာဘာလဲ ?
Programming Language ဆိုတာကတော့ ကွန်ပျူတာကို Instructions တွေပေးပြီး ခိုင်းစေတဲ့အခါမှာ ၊ အမိန့်ပေးတဲ့အခါမှာ Computer က နားလည်တဲ့ Language တစ်ခုနဲ့ Instructions တွေပေးမှရမယ်လေ ။
Computer က နားမလည်တဲ့ Language နဲ့ ခိုင်းစေရင် Computer ကဘယ်လိုလုပ် အလုပ်လုပ်နိုင်ပါ့မလဲ ။နားလည်မယ်ထင်ပါတယ်။
Computer က English Language ကို အားလုံးနီးပါး နားလည်နိုင်စွမ်းလည်း မရှိသေးဘူးဆိုပါတော့။
အဲဒါကြောင့် Program တစ်ခုရေးတဲ့အခါမှာ Computer က နားလည်သဘောပေါက်မယ့် Language မျိုးနဲ့ရေးမှရပါတယ် ။
အဲဒီလို Computer က နားလည်တဲ့ Language ကို Programming Language (High Level Language) လို့ခေါ်ပါတယ် ။
ဒီလောက်ဆို Programming ဆိုတာကြီးနဲ့ မစိမ်းနေလောက်တော့ဘူးလို့ ထင်ပါတယ်ဗျာ။

Laptop မှာ Wifi သုံးမရရင် မိမိ ကွန်ပျူတာမှာ Wifi Network Adapter ပါမပါ စစ်ပါ။✅ Run > devmgmt.msc ရိုက်ပါ။✅ Network Adapt...
02/03/2022

Laptop မှာ Wifi သုံးမရရင်

မိမိ ကွန်ပျူတာမှာ Wifi Network Adapter ပါမပါ စစ်ပါ။

✅ Run > devmgmt.msc ရိုက်ပါ။
✅ Network Adapter အောက်တွင်
Wireless Adapter ရှိနေရပါမယ်။

(အထူးသဖြင့် Desktop PC တွေမှာ မပါတတ်ပါ။
External Wireless Stick သုံးလို့ရပါတယ်)

Wifi Adapter ရှိပြီး မရသေးရင်
Keyboard ကနေ ပိတ်ထားတာလဲ
ဖြစ်နိုင်ပါတယ် ။

✅Keyboard ပေါ်မျာ Fn + wifi Key ရှာပြီး ဖွင့်ပါ။

Wifi Key ရှာမတွေ့ရင် ...

✅Laptop ရဲ့ ဘေးမှာ Wifi ခလုပ်လေးတွေ ရှာပါ။
ဖွင့်ပါ (ပုံမှာ ကြည့်ပေးပါ)

Run > devmgmt.msc နေရာမှာ
Wifi adapter ကို ( ?, ! ) သင်္ကေတ နဲ့ ပြနေရင်
Driver သွင်းဖို့ လိုတာဖြစ်ပါတယ်။

✅Google မှာ Wifi driver for ................ (Model)
ရိုက်ရှာပါ။ Install လုပ်ပါ။


ကွန်ပျူတာဆိုင်ရာအတိုကောက်စကားလုံးများ၏ အဓိပ္ပာယ်များ 👨💻အောက်ဖော်ပြပါစကားလုံးအတိုကောက်အဓိပ္ပာယ်များသည် ကွန်ပျူတာသိပ္ပံပညာ...
07/02/2022

ကွန်ပျူတာဆိုင်ရာအတိုကောက်စကားလုံးများ၏ အဓိပ္ပာယ်များ 👨💻
အောက်ဖော်ပြပါစကားလုံးအတိုကောက်
အဓိပ္ပာယ်များသည် ကွန်ပျူတာသိပ္ပံပညာရှင်များ စံတစ်ခုအဖြစ် လက်ခံကျင့်သုံး သတ်မှတ်ထားကြသော ကွန်ပျူတာဆိုင်ရာ အတိုကောက်များ၏
အဓိပ္ပာယ်စကားလုံးများဖြစ်ကြပါသည်။
• PC – PERSONAL COMPUTER ( တစ်ကိုယ်ရေသုံးကွန်ပျူတာ)
• COMPUTER – Commonly Operating Machine Particularly Used for Technology Entertainment and Research ( နည်းပညာဆိုင်ရာ ဖျော်ဖြေရေးများနှင့် ရှာဖွေမှုများအတွက် အသုံးပြုသော လုပ်ဆောင်မှု
ပိုင်းဆိုင်ရာ စက်တစ်လုံးဖြစ်ပါတယ်။)
• WINDOWS – Wide Interactive Network for Development of Office Work Solution
( ရုံးလုပ်ငန်းပိုင်းဆိုင်ရာ ဖြေရှင်းချက်များ ဖွံ့ဖြိုး
တိုးတက်မှုများအတွက် ကျယ်ပြန့်စွာ အပြန်အလှန်အကျိုးသက်ရောက်မှုများ
ဖြစ်စေနိုင်သော ချိတ်ဆက်မှုကွန်ရက်တစ်ခုဖြစ်ပါတယ်။)
Computer Language Related Terms:
• HTML – Hyper Text Markup Language
• Ajax–Asynchronous Javascript And Xml
• Oracle–Oak Ridge Automatic Computer And Logical Engine
• RDMS–Relational Database Management System
• SQL–Structured Query Language
• XML–Extensible Markup Language
• Perl–Practical Extraction And Report Language
• PHP–Hypertext Preprocessor
• ASP–Active Server Pages
• API–Application Programming Interfaces
• XHTML–Extensible Hypertext Markup Language
• CSS–Cascading Style Sheets
• ASCII–American Standard Code For Information Interchange
• XSL- Extensible Style Sheet Language
• J2EE- Java 2 Platform Enterprise Edition
• JSP- Java Server Page
• VBS – Visual Basic Scripting Language
• JS – Java Script
Computer Media Related Terms:
• 3GP – 3rd Generation Protocol
• 3GPP – 3rd Generation Partnership Project
• AAC – Advanced Audio Codec
• AC3 – Dolby Digital Sound File
• AIFF – Audio Interchange File Format
• AMR – Adoptive Multi Rate
• AWB – Adoptive Multi Rate Wideband
• AVI – Audio Video Interleaved
• CDA – Compact Disk Audio
• DLL – Dynamik Link Library
• DVD – Digital Video Disk
• EXE – Executable Format
• FLAC – Free Lossless Audio Codec
• FLV – Flash Live Video
• JPEG – Joint Photographic Expert Group
• BMP – Bitmap
• GIF – Graphics Interchange Format
• JAD – Java Application Development
• JAR – Java Archive
• MIDI – Musical Instrument Digital Interface
• MMF – Music Mobile Format
• MP2 – Mpeg Audio Layer 2
• MP3 – Mpeg Audio Layer 3
• MP4 – Mpeg Layer 4
• MPEG – Motion Picture Experts Group
• PDF – Portable Document Format
• PNG – Portable Network/New Graphics
• RM – Real Media
• SIS – Symbian Installation Source
• SWF- Shock Wave Flash
• ZIP – Zone Improvement Plan
• VCD – Video Compact Disk
• VOB – Video Object
• WAV – Waveform PCM Audio
• WMA – Windows Media Audio
• PDF – Portable Document Format
• M3G – Mobile 3D Graphics
• M4A – MPEG-4 Audio File
• MMF – Synthetic Music Mobile Application File
• XMF – Extensible Music File
• WBMP – Wireless Bitmap Image
• DVX – DIVX Video
• WML – Wireless Markup Language
• CD – Compact Disk.
• DVD – Digital Versatile Disk.
• CRT – Cathode Ray Tube.
• DAT – Digital Audio Tape.
• DOS – Disk Operating System.
• GUI – Graphical User Interface.
Internet Related Terms:
• HTTP – Hyper Text Transfer Protocol.
• HTTPS – Hyper Text Transfer Protocol Secure.
• IP – Internet Protocol.
• ISP – Internet Service Provider.
• TCP – Transmission Control Protocol.
• UPS – Uninterruptible Power Supply.
• VHF – Very High Frequency.
• UHF – Ultra High Frequency.
• ALU- Arithmetic Logic Unit
• URL – Uniform Resource Locator.
• AMD – Advance Micro Device
• ASPI – Advance SCSI Programming Interface
• ASIC – Application Specific Integrated Circuit
• EPROM – Erasable Programmable Read Only Memory.
• FPS – Frame Per Second
• USB – Universal Serial Bus.
• VIRUS – Vital Information Resource Under Seized.
• RAM–Random Access Memory
• ROM–Read Only Memory
• MIME–Multipurpose Internet Mail Extensions
• SMTP–Simple Mail Transfer Protocol
• IMAP–Internet Message Access Protocol
• HSDPA – High Speed Downlink Packet Access.
• EDGE – Enhanced Data Rate for GSM Evolution.
• GPRS – General Packet Radio Service.
• 3G – 3rd Generation.
• GSM – Global System For Mobile Communication.
• CDMA – Code Division Multiple Access.
• UMTS – Universal Mobile Telecommunication System.
• ARPANET – Advanced Research Project Agency Network.
• AM/FM – Amplitude/ Frequency Modulation.
• WLAN – Wireless Local Area Network
• CPU – Central Processing Unit
• RAM – Random Access Memory
• ROM – Read Only Memory
• PROM – Programmable Read Only Memory
• HDD – Hard Disk Drive
• FDD – Floppy Disk Drive
• KBD – Keyboard
• I/O – Input & Output
• CD – Compact Disk
• DVD – Digital Video Disk
• SMPS – Switch Mode Power Supply
• POST – Power On Self Test
• BIOS – Basic Input Output System
• VDU – Visible Display Unit
• LED – Light Embedded Diode
• LCD – Liquid Crystal Display
• USB – Universal Serial Bus
• VGA – Video/Visual Graphic Adapter
• LAN – Local Area Network
• WAN – Wide Area Network
• MAN – Metropolitan Area Network
• HLL – High Level Language
• LLL – Low Level Language
• MIPS – Millions Of Instruction Per Second
• Mbps – Mega Bytes Per Second
• Kbps – Kilo Bytes Per Second
• CMD – Command
• KB – Kilobyte
• MB – Mega Byte
• GB – Giga Byte
• GIB – Gibi Byte
• TB – Tera Byte
• TIB – Tebi Byte
• PB – Peta Byte
• PIB – Pebi Byte
• EB – Exa Byte
• EIB – Exbi Byte
• ZB – Zetta Byte
• ZIB – Zebi Byte
• YB – Yotta Byte
• YIB – Yobi Byte
• LCD – Liquid Crystal Display
• LED – Light-Emitting Diode
• NTFS – New Technology File System
• FAT – File Allocation Table
• DOC – Document
• TXT – Text
• SD – Secure Digital
• USB – Universal Serial Bus
• IT – Information Technology
• NET – Internet
• IP – Internet Protocol
• AP – Access Point
• DNS – Domain Name System
• HTTP – Hypertext Transfer Protocol
• HTTPS – Hypertext Transfer Protocol Secure
• HTML – Hypertext Markup Language
• PHP – Hypertext Preprocessor
• XML – Extensible Markup Language
• CSS – Cascading Style Sheets
• ASP – Active Server Pages
• SQL – Structured Query Language
• RSS – Really Simple Syndication
• DMCA – Digital Millennium Copyright Act
• IPV4 – Internet Protocol Version 4
• IPV6 – Internet Protocol Version 6
• VOIP – Voice Over Internet Protocol
• FAQ – Frequently Asked Questions
• SEO – Search Engine Optimization
• 1024 Bytes – 1 Kilo Byte ( Kb )
• 1024 Kb – 1 Mega Byte ( Mb )
• 1024 Mb – 1 Gyga Byte ( Gb )
• 1024 Gb – 1 Tera Byte ( Tb )
• 1024 Tb – 1 Peta Byte ( Pb )
• 1024 Pb – 1 Exa Byte ( Eb )
• 1024 Eb – 1 Zetta Byte ( Zb )
• 1024 Zb – 1 Yotta Byte ( Yb )

Windows 10 Myanmar
Myanmar Web Store
မူရင်းရေးသားသူနှင့် ပြန်လည်မျှ​ေ၀သူများအားလေးစားစွာ creditပေးပါသည်💕

Windows 10 ဟာ Windows 8, 8.1 တွေထက် Data စားသုံးမှုက 3 ဆကျော်တာ အားလုံးသိပြီးဖြစ်မှာပါ။ ကိုယ်တိုင်လည်း Internet Data ချွ...
07/02/2022

Windows 10 ဟာ Windows 8, 8.1 တွေထက် Data စားသုံးမှုက 3 ဆကျော်တာ အားလုံးသိပြီးဖြစ်မှာပါ။ ကိုယ်တိုင်လည်း Internet Data ချွေတာချင်တဲ့အခါ Windows 8.1 ကိုသာပြောင်းသုံးနေခဲ့ဖူးပါတယ်။ ဒါကိုသိပ်ဘဝင်မကျတာကြောင့် Internet Data စားသက်သာအောင် မလိုအပ်တဲ့ ဘယ် Settings တွေ Background Data တွေပိတ်ရမလဲ ဆိုတာ အမြဲစမ်းသပ်လေ့လာခဲ့ရင်းအောက်ပါနည်းလမ်းကိုရခဲ့တယ်ဗျ။ Windows 8, 8.1 တွေလိုမျိုး Data စားသုံးမှုနည်းပါသွားစေမယ့်နည်းလမ်8းတွေကတော့...
1။Windows Update Services ကိုပိတ်ပါ (Windows Logo+R >> Type "services.msc" and Enter နှိပ်ပြီး Services ထဲက Windows Update မှာ Double click နှိပ်ပါ။ ပြီးရင် Startup type မှာ Disable ရွေး Save လိုက်ပါ။
2. Defer Windows Updates (Settings >> Update & Security >> Advanced options >> Choose how updates are delivered >> Updates from more than one place ကို On ပါ။ ပြီးရင် PCs on my local network ကိုရွေးပေးလိုက်ပါ)
3. Turn off Background Apps (Settings >> Privacy >> Background apps မှာ Off ပေးလိုက်ပါ)
4. Disable PC Synchronization (Settings >> Accounts >> Sync your settings >> Sync settings ကို Off ပေးပါ)
5. Set connection as metered (Settings >> Network & internet >> Wi-fi >> မိချိတ်ဆက်ထားတဲ့ Wifi name ကို Click ပြီး Set as metered connection ကို On ပေးလိုက်ပါ။
6. Deactivate Live tiles (Windows Key
Icon ကိုနှိပ်ရင် Start Screen ပေါ်လာလိမ့်မယ်။ အဲဒီက live feed app တွေပေါ် Right Click >> More ကနေ Turn Live Tile off ကိုနှိပ်ပေးလိုက်ပါ)
7. Disable Auto Update Offline Maps (Settings >> Offline maps >> Metered connections ကို On ပေးလိုက်ပြီး Automatically update maps ကို Off ပေးလိုက်ပါ)
8. MS store Auto Update (Open Microsoft Store >> Click on See more (...) >> Settings ကိုသွားပြီး App updates, Live Tile, Video Autoplay တွေကို Off ပေးလိုက်ပါ)
9. Disable Onedrive (အကယ်၍ Onedrive ကိုမသုံးလို ပိတ်ချင်တယ်ဆိုရင် Right click on Taskbar >> Task Manager >> Stratup >> Microsoft OneDrive ကို Disable လုပ်ထားလိုက်ပါ)
အထက်ကအချက် (၉)ချက်ကိုလုပ်ဆောင်ပြီးတဲ့အခါ Windows ကို တကြိမ် Restart ချပြီး သုံးကြည့်လိုက်ပါ။ မလိုအပ်ပဲ Internet Data လေလွင့်ကုန်ကျမှုတွေ များစွာလျော့နည်းသွားပါလိမ့်မယ်။
အဆင်ပြေကြပါစေ။
Credit....မူရင်းပိုင်ရှင်

⚠️Computer သုံးနေရင်း Restart ကျကျသွားရင်⚠️Computer သုံးနေရင်း Restart ကျကျသွားရင် ကျွန်တော်တို့ ကွန်ပျူတာ ကိုသုံးနေရင် ...
07/02/2022

⚠️Computer သုံးနေရင်း Restart ကျကျသွားရင်⚠️
Computer သုံးနေရင်း Restart ကျကျသွားရင် ကျွန်တော်တို့ ကွန်ပျူတာ ကိုသုံးနေရင် Hangs တာမျိုး
Crashes ဖြစ်တာ မျိုး ကြုံဖူးကြမှာပါ။ ဘာကြောင့်ဖြစ်တာလဲဆိုရင် ကျွန်တော်တို့ မိမိတို့ စက် မှာ
မလိုအပ်တဲ့ process တွေ အလုပ်လုပ်နေလို့ ဖြစ်ပါတယ် အဲဒီလို မဖြစ် ရအောင် ဖြေရှင်းနည်း (၁၀)
ချက်ရှိတယ်။
1. မိမိတို့ computer မှာ ctrl+alt+ delete key (တစ်ချို့စက်တွေမှာ ctrl+shift+Esc )
နိုပ်ပြီ Task manager ကိုခေါ်လိုက်ပါ။ ပြီရင် processes ထဲမှာ ကို အသုံးမလိုတဲ့ software တွေကို
End Process လိုက်လုပ်ပါ။
2. နောက်တစ်ခုက virtual memory တိုးပေးတာဖြစ်ပါတယ်။
ကျွန်တော်တို့ program တွေ အများကြီး run ထားတဲ့အခါ virtual memory မလုံလောက် တဲ့အတွက်
စက် Hangs တာမျိုးတွေ ဖြစ်တက်ပါတယ်။
3. နောက်တစ်ခုကတော့ ကျွန်တော်တို့ Browser တွေရဲ့
History တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ ccleaner software နဲ့ ဖြေရှင်းက အတော် ကောင်းတယ်။
software မသုံးချင်တဲ့ သူငယ်ချင်းများအတွက် Internet explorer မှာ Tools ဆိုတာ တွေ့ကြမှာပါ။
အဲဒီမှာ internet option ထဲက General မှာ clear History ကို click လိုက်ပြီ ok ပေးလိုက်တာပါ။
Firefox မှာလဲ ကျွန်တော်တို့ option ထဲက privacy ထဲမှာ private ထဲက setting မှာ ကျွန်တော်တို့
clear ပေးလိုက်ပါ။ Browser History တွေကို ပြောတာနော်။
4. နောက်တစ်ခုကတော့ Internet temporary files တွေကို delete ပေးရ ပါ့ မယ်။ ဒါကတော့ option က ဖျက်တာနဲ့စာရင်
ccleanner softeware နဲ့ ဖြေရှင်းတာ အကောင်းဆုံးဖြစ်ပါတယ်။
5. နောက်တစ်ခုက ကျွန်တော်တို့ cookies တွေကို ဖျက်ထုတ်တာဖြစ်ပါ တယ်။ Internet Browser တွေက option
ထဲကနေ cookies တွေကို ဖျက်ထုတ်လိုက်ပါ။
6. နောက်တစ်ခုကတော့ မလိုအပ်တဲ့ programs တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ မိမိတို့စက်မှာ မလိုအပ်တာတွေကို မိမိသာ
အသိဆုံးဖြစ်မှာပါ။ မိမိcomputer က control panel ထဲက add/remove programs ထဲက မလိုတာတွေကို install လုပ်လိုက်ပါ။
7. နောက်တစ်ခုကတော့ files တွေကို
ပြန်စီတာဖြစ်ပါတယ်။ Defragmenter ချတယ်လို့လဲခေါ်ပါတယ်။ Defragmenter ချတဲ့နေရာမှာ မိမိ Defragmenter ချတဲ့အခါ မိမိချချင်တဲ့ Disk မှာ free space 15% ရှိရပါမယ်။
မရှိရင်တော့ defragmenter ချလို့ မရပါဘူး။ လုပ်နည်းကတော့ all programs/accessories /system tool/disk defragmenter မှာ မိမိ partition ခွဲထားတစ်လောက် file တွေကို
ပြန်စီလိုက်ပါ။
8. နောက်တစ်ခုကတော့ မိမိ ကွန်ပျူတာမှာ error ကို check လုပ်တာပါ။ မိမိစက်မှာ error တက်နေတဲ့ program တွေကို check လုပ်လိုက်တာပါ။
ဘယ်လိုလုပ်ရသလဲဆိုရင် မိမိ error ရှာချင်တဲ့ disk ပေါ်မှာ right click ထောက်။ properties ထဲက tools မှာ error-checking အကွက်ထဲမှာ check Now ကို click ပြီ
မိမိတို့လုပ်စေချင်တာကို အမှန်ခြစ်ပေးပြီ check လုပ်လိုက်ပါ။
9. နောက်တစ်ခုကတော့ ကျွန်တော်တို့ Run ထဲမှာ (%temp%;prefetch; recent) ကို ပုံမှန်ဖျက်ထုတ်ပေးပါ။
ဖျက်လို့မရတဲ့ files တွေလဲတွေ့ရမှာ ပါ။ ဖျက်ရချင်ရင်တော့ unlocker softeare နဲ့ ဖြေရှင်းလို့ရပါတယ်။ free ပေးပါတယ် google မှာရှာလိုက်ပါ။နောက်တစ်ခုကတော့ ကျွန်တော် တို့
computer ထဲက search button မှာ cooking လို့ ရိုက်ထည့်ပြီ သူ့ထဲမှာ ရှိတဲ့ ဖိုင်တွေကို ဖျက်ထုတ်လိုက်ပါ. ဗိုင်းရပ်အများ ဆုံးနားခို တဲ့ နေရာလဲဖြစ်ပါတယ်။
10. နောက်တစ်ခုကတော့
မိမိတို့ computer ဖွင့်ဖွင့်ချင်မှာ process တွေကြောင့် ကျွန်တော်တို့ window အတက် အတော်လေး ပါတယ်။ ဒါကြောင့် msconfig က startup ထဲမှာ မလိုအပ်ဘူးထင်တာတွေကို
disable ပေးထားလိုက်ပါ။ လိုအပ်တာတွေတော့ မှားမပေးနဲ့နော်။ နောက်တစ်ခုကတော့ shutdown လုပ်တဲ့အခါမှာ power ပေါက် ထိုးပိတ်တာမျိုးမလုပ်မိပါစေနဲ့။
အဆင်ပြေကြပါစေခင်ဗျာ။
Page ကို Like & Shareလုပ်ပြီးမျှဝေနိုင်ပါတယ်။
Credit...မူရင်းပိုင်ရှင်

Adobe pagemaker shortcut key များ--------------------------------------------------------GENERAL COMMANDS_1alt + space b...
07/02/2022

Adobe pagemaker shortcut key များ
--------------------------------------------------------
GENERAL COMMANDS_1
alt + space bar ===== open control menu box
ctrl + n ======= create new document/file
ctrl + o ======= open
ctrl + s ======= save
ctrl + shift + s ======= save as
ctrl + w ======= close
ctrl + d ======= place a vector/raster/image
ctrl + shift + d ======= link manager view/display
ctrl + shift + p ======= document (modify/change) setup
ctrl + p ======= print
ctrl + k ======= general/preference (view/display)
ctrl + q ======= quite/exit
ctrl + a ======= select all (text/object)
ctrl + c ======= copy (text/object)
ctrl + v ======= paste (text/object)
ctrl + z ======= undo (one time)
ctrl + e ======= edit/modify story
bangla pagemaker-7 tutorial
general commands_2
alt + ctrl + g ======= go to (page)
ctrl + t ======= character (gaps) specs
ctrl + shift + / ======= letter/word strike through
ctrl + m ======= setup/modify paragraph
ctrl + shift + v ======= reverse
ctrl + shift + b ======= bold
ctrl + shift + i ======= italic
ctrl + shift + u ======= underline
ctrl + shift + c ======= center (text) alignment
ctrl + shift + j ======= justify (text) alignment
ctrl + shift + l ======= left (text) alignment
ctrl + shift + r ======= right (text) alignment
ctrl + shift + > ======= increase size (font)
ctrl + alt + > ======= standard size (font)
ctrl + shift + < ======= decrease size (font)
ctrl + shift + k ======= upper/all caps letter
ctrl + \ ======= letter/word subscript
ctrl + shift + \ ======= letter/word superscript
ctrl + i ======= tabs/indents setup/modify
bangla pagemaker-7 tutorial
general commands_3
ctrl + + (plus)/ - (minus) ======= zoom in/out
ctrl + 1 ======= actual size view/display
ctrl + 2 ======= 200% view/display
ctrl + 4 ======= 400% view/display
ctrl + 5 ======= 500% view/display
ctrl + 7 ======= 75% view/display
ctrl + 0 ======= fit in window view/display
ctrl + 3 ======= define (text) style
ctrl + u ======= file & stroke setup window/option
alt + ctrl + f ======= display/view frame (option)
ctrl + } ======= object/text bring to front
ctrl + { ======= object/text send to back
ctrl + shift + } ======= object/text send backward
ctrl + shift + { ======= object/text bring forward
ctrl + shift ======= alignment (object) view/display
ctrl + alt + e/t + e ======= wrap (text)
ctrl + g ======= group (text/object)
ctrl + shift + g ======= un-group (text/object)
ctrl + 6 ======= mask (text/object)
ctrl + shift + 6 ======= unmask (text/object)
ctrl + l ======= lock (text/object)
alt + ctrl + l ======= unlock (text/object)
ctrl + f ======= find/search (text)
ctrl + h ======= change/modify
ctrl + l ======= spelling find/check
ctrl + y ======= index access/entry
ctrl + r ======= ruler (show/hide)
ctrl + j ======= color panel (show/hide)
Credit...Original Author

🚫Computer USB ကြိုးကနေ Virus မဝင်အောင် ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ🚫Computer က လိုချင်တဲ့ file တေကိုတစ်ခုနဲ့ တစ်ခု ကူးကြတဲ့ ...
07/02/2022

🚫Computer USB ကြိုးကနေ Virus မဝင်အောင်
ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ🚫
Computer က လိုချင်တဲ့ file တေကို
တစ်ခုနဲ့ တစ်ခု ကူးကြတဲ့ အခါမှာ USB
ကြိုးတေကို အသုံးများကြပါတယ်..
အဲ့ လိုအခါမှာ ကူးတဲ့ Device က Virus ပါတတ်ပါတယ်...
USB ကြိုးနဲ့ Computer ကို ချိတ်လိုက်တာနဲ့Virus က Computer ထဲကို တန်းပီး ဝင်ပါတယ်....
အဲ့လို Virus အလွယ်တကူ မဝင်နိုင်အောင်
Computer မှာ "Turn Off Autoplay"
ကို Enabled လုပ်ပီး ကြိုတင် ကာကွယ်ထားနိုင်ပါတယ်.....
ပထမဆုံး Run box ကို Windows +R နဲ့ ခေါ်ပါ...
ပီးရင် box ထဲမှာ gpedit.msc လို့ ရိုက်ထည့်ပါ... နောက်ပီး Enter ခေါက်ပါ..
File တွေ ကျလာမှာပါ..
File တွေထဲက Administrative Templates ကို နှိပ်ပါ...ပီးရင်
All Settings ကိုရွေးပေးပါ....
File တွေကျလာမှာပါ..
Turn Off Autoplay ဆိုတာကို ရှာပါ
(ရှာတာလွယ်ချင်ရင် keyboard က T ကို နှိပ်လိုက် ပါ...
T နဲ့ စတဲ့ file တွေပဲ ကျလာမှာ...)
Turn Off Autoplay ကို တွေ့ရင်
နှိပ်လိုက် ပါ...
ပီးရင် Enabled ကို ရွေးပေး လိုက်ပါ...
အကုန်ပီးရင် Computer ကို restart
ချပေးပါ။အဲ့ဒါဆို Computer မှာ Virus အလွယ်တကူ မဝင်နိုင်တော့ပါဘူး။
အဆင်ပြေကြပါစေ။
Pageကို like & Shareခြင်းဖြင့်အများသိအောင်မျှဝေနိုင်ပါတယ်ခင်ဗျာ။

📳Facebook ကို Computer Browser မှာ အထာကျကျသုံးဖို့ shortcut များ☑️🔘Google Chrome နဲ့ အသုံးပြုသူများအတွက် Facebook Shortc...
07/02/2022

📳Facebook ကို Computer Browser မှာ အထာကျကျသုံးဖို့ shortcut များ☑️
🔘Google Chrome နဲ့ အသုံးပြုသူများအတွက် Facebook Shortcuts များ
🔷Alt+1: View your News Feed
🔷Alt+2: View your own Profile
🔷Alt+3: View pop-up of friend requests
🔷Alt+4: View pop-up of messages
🔷Alt+5: View pop-up of notifications
🔷Alt+6: View Account Settings
🔷Alt+7: View Privacy Settings
🔷Alt+8: View Facebook’s own profile
🔷Alt+9: Read latest Terms of Service agreement.
🔷Alt+?: Search
🔷Alt+m: Compose a new message
🔴Firefox နဲ့အသုံးပြုသူများအတွက် Facebook Shortcuts
🔶Shift+Alt+1: View your News Feed
🔶Shift+Alt+2: View your own Profile
🔶Shift+Alt+3: View pop-up of friend requests
🔶Shift+Alt+4: View pop-up of messages
🔶Shift+Alt+5: View pop-up of notifications
🔶Shift+Alt+6: View Account Settings
🔶Shift+Alt+7: View Privacy Settings
🔶Shift+Alt+8: View Facebook’s own profile
🔶Shift+Alt+9: Read latest Terms of Service agreement.
🔶Shift+Alt+0: Open Facebook Help Center
🔶Shift+Alt+?: Search
🔶Shift+Alt+m: Compose a new message

Laptop တွေ နှေးကွေးရတဲ့ အကြောင်းပြချက်များ Laptop တစ်လုံးဟာ အသုံးပြုတာကြာလာတာနဲ့ အမျှ သွက်လက်မြန်ဆန်မှုတွေ လျော့ကျ ပြီး ...
07/02/2022

Laptop တွေ နှေးကွေးရတဲ့ အကြောင်းပြချက်များ
Laptop တစ်လုံးဟာ အသုံးပြုတာကြာလာတာနဲ့ အမျှ သွက်လက်မြန်ဆန်မှုတွေ လျော့ကျ ပြီး နှေးကွေး လာတတ်ပါတယ်။ အဲလိုဖြစ်လာတဲ့အခါ ဘယ်သူမဆို စိတ်အနှောင့်ဖြစ်မှာသေချာပါတယ်။ Laptop အသစ်ဝယ်ဖို့ အဆင်မပြေသေးတဲ့ user တွေကတော့ လက်ရှိအသုံးပြုနေတဲ့ နှေးကွေးနေတဲ့ Laptop ကိုပဲ သည်းခံပြီး အသုံးပြုရပါလိမ့်မယ်။ ဒါ့ကြောင့် Laptop အဟောင်းကို အသစ်တုန်းကလို ပြန်လည်မြန်ဆန် လာဖို့အတွက် နှေးကွေးစေတဲ့ အကြောင်းရင်းတွေနဲ့ ဖြေရှင်းချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
✅ Spinning Hard Drive
ပထမဦးဆုံးအချက်ကတော့ Laptop တွေမှာ သုံးထားတဲ့ Spinning Hard Drive တွေကြောင့်ပါပဲ။ Spinning Hard Drive အစား မြန်ဆန်တဲ့ solid-state drive (SSD) ကိုအစားထိုးလိုက်မယ်ဆိုရင်တော့ ဒီပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။ Macbook pro ရဲ့ Spinning Hard Drive ကိုဖြုတ်ပြီး Samsung ကထုတ်တဲ့ 850 EVO SSD နဲ့ အစားထိုးလိုက်တဲ့အခါ Macbook pro ဟာ အသစ်အတိုင်းမြန်ဆန်သွားကြောင်း CNET ရဲ့ နည်းပညာ စာရေးဆရာတစ်ဦးဖြစ်တဲ့ Matt Elliott ကရေးသားဖော်ပြထားပါတယ်။ Samsung ရဲ့ 850 EVO SSD 256GB ကို ဒေါ်လာ(၁၀၀) အောက်ဈေးနှုန်းနဲ့ ရရှိနိုင်ပြီး 2TB အထိထွက်ရှိထားပါတယ်။ ကိုယ်တိုင် လဲလှယ်တပ်ဆင်မယ်ဆိုရင်တော့ Tutorial တွေသေချာလေ့လာပြီးမှ လဲလှယ်စေချင်ပါတယ်။
✅ Hard Drive နေရာလွတ်နည်းလာခြင်း
Spinning Hard Drive ကို SSD နဲ့ လဲလှယ်စရာမလိုဘဲဖြေရှင်းနိုင်မယ့်နည်းလမ်း တစ်ခုကတော့ အသုံးမဝင်တော့တဲ့ Data တွေကို ဖျက်ပစ်ဖို့ပါပဲ။ သုံးတာကြာလာတာနဲ့အမျှ သီချင်းတွေ ၊ ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေ ၊ App တွေနဲ့ အခြားသော File တွေကို သိမ်းဆည်းမှု များလာတဲ့အတွက် Hard Drive ထဲမှာ နေရာလွတ် နည်းသထက်နည်းလာပြီး စက်ကိုလေးလံ စေပါတယ်။ ဒါကြောင့် အသုံးမလိုတော့တဲ့ Data တွေနဲ့ မသုံးတာကြာပြီး အသုံးမဝင်တော့တဲ့ Application တွေကို uninstall ပြုလုပ်ပေးချင်က စက်ရဲ့ နှေးကွေးမှုကိုလျော့ကျစေပြီး ပြန်လည်မြန်ဆန်လာစေပါတယ်။ Windows laptop တွေမှာ Control Panel ကိုဝင်ပြီး Programs and Features အောက်က Uninstall a program ကိုရွေးပြီး အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။ Apple ရဲ့ Mac တွေမှာဆိုရင်တော့ Uninstaller program မပါဝင်တဲ့အတွက် AppCleaner နဲ့ AppZapper တို့လို third-party app တစ်ခုခု လိုအပ်ပါတယ်။
✅ RAM ပမာဏ
Laptop တွေရဲ့ CPU တွေက သူတို့မှာနဂိုပါဝင်ထားတဲ့ ပမာဏထက် ပိုများတဲ့ RAM တွေနဲ့ Hard Drive တွေကို လက်ခံနိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့် Laptop ကို ပိုမိုမြန်ဆက်လာဖို့အတွက် RAM ထပ်စိုက်တာကလည်း နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။
✅ Multitasking
Multitasking တွေအရမ်းများလွန်းရင်လည်း Laptop ကိုလေးလံစေပါတယ်။ လုပ်ဆောင်ချက်တွေ အများကြီး ကိုတစ်ချိန်တည်းမှာ တစ်ပြိုင်နက် လုပ်ခိုင်းတဲ့အခါ မျိုးမှာ စက်ကို မနိုင်ဝန် အတင်းထမ်းခိုင်းသလို ဖြစ်စေ လို့ပါပဲ။ User အများတစ်ခုက ပထမတစ်ခုကို မပိတ်မိဘဲ နောက်တစ်ခုကို ဖွင့်မိတာမျိုး အမြဲ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် Multitasking ကို အတတ်နိုင်ဆုံး အနည်းဆုံးသုံးစွဲခြင်းက စက်ရဲ့ နှေးကွေးခြင်းကို လျော့နည်းစေမှာ ဖြစ်ပါတယ်။
✅ Current ဖြစ်ဖို့
Mac မှာပဲဖြစ်ဖြစ် Windows မှာပဲဖြစ်ဖြစ် update အသစ်ထွက်တိုင်းမှာ feature အသစ်တွေနဲ့အတူ security ပိုင်းနဲ့ preformance ပိုင်းမှာ ပိုမို ကောင်းမွန်လာတတ်ပါတယ်။ ဒါ့ကြောင့် current ဖြစ်ဖို့အတွက် OS update ဖြစ်နေဖို့ လိုအပ်ပါတယ်။

ကွန်ပျူတာတွေမှာ Virus ရှိနေရင်ကိုယ့်ကွန်ပျူတာတွေမှာ Virus ရှိ၊ မရှိကို အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်ပါတလ်... Antivirus So...
07/02/2022

ကွန်ပျူတာတွေမှာ Virus ရှိနေရင်
ကိုယ့်ကွန်ပျူတာတွေမှာ Virus ရှိ၊ မရှိကို အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်ပါတလ်... Antivirus Software မရှိဘဲ စစ်ဆေးနိုင်တဲ့ နည်းလမ်းများစွားရှိပါတလ်.....
အရင်ဆုံးစစ်ဆေးကြည့်ရှု ရမှာကတော့ ...
Tools Menu က Folder Options ပျောက်နေခြင်း
Command Prompt, Registry, Task Manager ကိုဝင်တိုင်း ကွန်ပျူတာ Restart ကျနေခြင်း
Administrator Account ဖြစ်ရဲ့သားနဲ့ Registry Editor, Task Manager ဖွင့်မရခြင်း
Hidden Files, Hidden System Files တွေကို ဖော်မရဖြစ်နေခြင်း
Folder တွေကို Double Click နှိပ်လိုက်တိုင်း My Document Folder ပဲပေါ်နေခြင်း၊ ဒါမှမဟုတ် Folder လည်း မပွင့် ဘာမှလည်းမတတ်လားခြင်း
Memory Stick ရဲ့ Drive ပေါ်မှာ right click နှိပ်လိုက်ရင် Open က ထိပ်ဆုံးရောက်နေ မယ့်အစား Autoplay က ထိပ်ဆုံးရောက်နေခြင်း
Drive တွေ၊ Memory Stick တွေကို Double click နှိပ်လိုက်တိုင်း OpenWith Box ပဲပေါ်လာခြင်း
Memory Stick ထဲက Folder တွေပေါ်မှာ Right click နှိပ်ပြီး properties ကိုရွေးရင် Type မှာ File Folder လို့ပေါ်နေမယ့်အစား Application လို့ပေါ်နေခြင်း
My Folder ဆိုတဲ့ Folder အောက်မှာ MyFolder.exe ကိုတွေ့မြင်နေရခြင်း (Folder ၏ နာမည်နှင့်တူသော exe ၀င်ရောက်နေခြင်းကိုဆိုလိုခြင်းဖြစ်ပါသည်။)
Task Manager ကိုဖွင့်ပါ။ (Ctrl+Alt+Del). Flashy, Fun, New Folder စတဲ့ Process တွေနဲ့ မသင်္ကာဖွယ်ရာ Process တွေ Run နေခြင်း (Run နေတယ်ဆိုရင် ဘယ် Memory Stick မှမတပ်ပါနှင့်။ Virus ချက်ချင်း ကူးစက်ခံနိုင်ရပါတယ်။ Stick ကို Format ချလည်းအပိုပါပဲ။ ကိုယ်က Format ချပြီးတာနဲ့ Virus ကပြန်ဝင်နိုင်ပါသည်။)
အထက်ပါ အချက်တွေထဲက တစ်ခုခု ဖြစ်နေရင် ကွန်ပျူတာမှာ သေချာသလောက်နီးပါး Virus or Trojan or spyware တစ်ခုခု စက်ထဲမှာရှိနေပြီလို့ ယူဆနိုင်ပါသည်။ အခြားစစ်ဆေးနည်းတွေ အများကြီးရှိပါသေးသည်။ ပိုသေချာအောင် Antivirus Software တစ်မျိုးမျိုးကို install လုပ်ပြီး Full Scan Run ကြည့်ပါ။ Virus ၀င်တာသေချာပြီးဆိုရင်တော့ Virus ကို အရင်သတ်လိုက်ပါ။ Virus Backup တောင်မလုပ်ထားပါနှင့်။ Backup လုပ်ထားတဲ့ Virus ကအန္တရာယ်ဖြစ်လာနိုင်ပါသည်။ တကယ့်ပြဿနာက Virus တွေကို အပြတ်ရင်းပြီးသည့်တိုင်အောင် Folder Options လို Feature မျိုး ပြန်မပေါ်လာဘူးဆိုရင် Hard Disk ကို Format ချပြီး Windows အသစ်တင်တာမျိုး မလုပ်ပါနဲ့။ Folder Option, Task Manager and Registry တို့ကို Tools တချို့အသုံးပြုပြီး ပြန်လည်ဖော်ထုတ်လုပ်ရပါတယ်။
အရင်ဆုံး System Restore Point တစ်ခုကို ဖန်တီးပါ။
Start > All Programs > Accessories > System Tool > System Restore ကိုဖွင့်ပါ။ Create a restore point ကိုရွေးပြီး Next ကိုနှိပ်ပါ။ Restore point description မှာ နာမည်တစ်ခုပေးပါ။ (ဥပမာ Before Repair ဆိုတာလိုမျိုးပေါ့။) ပြီးရင် Create ကိုနှိပ်ပါ။ Restore Point Created လို့ပေါ်လာရင် Restore point တစ်ခုကို အောင်မြင်စွာဖန်တီးနိုင်ပါပြီ။ Close ကိုနှိပ်ပြီး ထွက်ပါ။
Registry Editor ကိုအသုံပြုပြီး ပြင်ဆင်မှာ ဖြစ်လို့
Registry Database ကို backup လုပ်ထားနည်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
Start > Run ကိုဖွင့်ပါ။ regedit လို့ရိုက်ထည့်ပါ။ File > Export ကိုရွေးပါ။ နာမည်တစ်ခုကို ပေးပြီး save လုပ်ပါ။
Windows ကို Repair လုပ်နိုင်ဖို့ အတွက် Windows ခွေ တစ်ချပ်ရှိထာဖို့လိုပါလိမ့်မယ်။ ( Windows CD တိုင်းကတော့ Windows ကို Repair လုပ်ပေး နိုင်မှာ မဟုတ်ပါဘူး။)
System Restore Point နဲ့ Registry ကို backup လုပ်ပြီးပြီးဆိုရင် အရေးကြီးတာတစ်ခု လုပ်ရပါလိမ့်မည်။ Data တွေကို Backup လုပ်ထားဖို့ပါပဲ။
Task Manager, Registry Editor & Folder Options ကိုဖော်ယူခြင်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
Task Manager, Registry Editor and Folder Option ကိုဖော်ယူဖို့အတွက် အရင်ဆုံး ကွန်ပြူတာမှာ Virus ကင်းဖို့လိုပါသည်။
ပထဆုံး Task Manager ပွင့်၊ မပွင့် ကြည့်ပါ။ Start > Run မှာ taskmgr လို့ရိုက်ထည့်ပါ။ (Crtl + Alt + Del). Task manger has been disabled by your administrator”
လို့တွေ့ရရင် Task Manger ကို Virus ကတော့ပိတ်သွားပြီလို့ ယူဆနိုင်ပါတယ်။ Task Manager ကို registry ကနေပြန်ဖွင့်ရလိမ့်မယ်။
Start > Run မှာ regedit လို့ရိုက်ထည့်ပါ။ Registry ပွင့်တယ်ဆိုရင် Task Manager and Folder Options ကို Manual ပြန်ဖွင့်လို့ရပါတယ်။ Registry ကိုဖွင့်ပြီး
HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\Explorer (AND) HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\ Policies\Explorer မှာ No Folder Options ဆိုတဲ့ Key ကိုတွေ့ရင်ဖျက်ပါ။ (Right Click > Delete)
HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\System (AND) HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\ Policies\System မှာ “Disabled TaskMgr” ဆိုတဲ့ Key ကို တွေ့ရင်လည်းဖျက်ပါ။
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Run (AND) HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\ Policies\Run က Key
တွေအားလုံးကိုလည်းဖျက်ပါ။
အဲဒါတွေက ကွန်ပြူတာ ဖွင့်ဖွင့်ချင်းမှာ တက်လာမယ့် Program စာရင်းတွေဖြစ်ပါတယ်။ Virus က အဲဒီ နေရာကနေ စတင် Run တာပါ။ အားလုံးပြီးရင်တော့ ကွန်ပြူတာကို Restart ချပါ။ Folder Options and Task Manager ပြန်ရမရစစ်ပါ။ ပြန်မရဘူးဆိုရင် Registry ကိုပြန်ဖွင့်ပြီး HKEY_CURRENT_USER\ Software\ Microsoft\Windows\C urrentVersion\ Policies\ Explorer ကိုပြန်သွားပါ။ “No Folder Options” ပြန်ရောက်နေတယ်ဆိုရင် Virus မသေသေးပါဘူး။ Virus ကိုအရင်သတ်ပါ။
အကယ်၍ Registry ပွင့်ပြီး ကွန်ပြူတာ Restart ကျသွားရင်တော့ ကွန်ပြူတာမှာ Virus ရှိနေပါသေးတယ်။ ပြီးတော့ Run လည်း run နေသေးပါတယ်။ Virus ကင်းအောင် အရင် လုပ်သင့်ပါတယ်။ (Kaspersky ကိုအသုံးပြုရင် အဆင်ပြေနိုင်ပါတယ်။)
ဒါမှမဟုတ် “Registry editing had been disabled by your administrator” လို့တွေ့ရရင် Registry ကိုလည်း Virus ကပိတ်သွားပါပြီ။ အဲဒါဆိုရင်တော့ Tools တစ်ခုခုသုံးမှအဆင်ပြေနိုင်ပါတော့မည်။ (e.g Cover XP). အဲဒါတွေအပြင် iRepair Man လို့ခေါ်တဲ့ Program လေးတစ်ခုကို အသုံးပြုနိုင်ပါသည်။ သူက Folder Options, Task Manager and Registry ကိုပြန်ဖွင့်ပေးပါလိမ့်မည်။ http://www.isoft.ygn.cc မှာ Download ချယူနိုင်ပါသည်။
Folder တွေကို Double Click နှိပ်လိုက်တိုင်း My Documents Folder ပေါ်နေခြင်း၊ ဘာမှမတက်လာခြင်း။
Folder တွေကို Double Click နှိပ်လိုက်တိုင်း My Documents Folder ပေါ်နေခြင်း၊ ဘာမှမတက်လာခြင်း ဖြစ်နေပြီးဆိုရင်တော့ အဲဒီ Folder ဟာ User ရဲ့ Folder
အရောင်ဆောင်ထားတဲ့ Virus တစ်ခုပဲဖြစ်ပါတယ်။ အဲဒီ File ကို Right click နှိပ်ပြီး Type of file မှာကြည့်ကြည့်ပါ။
File Folder လို့ပေါ်နေမယ့်အစား Application လို့ပေါ်နေတယ်။ User ဟာ Folder ကို Double click လုပ်လိုက်ပြီဆိုတာနှင့် ကွန်ပြူတာထဲကို Virus ကတန်းဝင်သွားပါပြီ။
များသောအားဖြင့် Virus ကိုက်နေတဲ့ စက်မှာ သွားတပ်မိတဲ့ Memory Stick တွေမှာ တွေ့ရများပါသည်။
မှိန်နေတဲ့ Folder တွေကတော့ User ရဲ့ Folder အစစ်တွေပါပဲ။ ထင်းနေတဲ့ Folder တွေကတော့ Folder အယောင်ဆောင် File လေးတွေပဲဖြစ်ပါတယ်။ File ကို Select လုပ်လိုက်တဲ့ အခါ Detail မှာ Application လို့ပေါ်နေတာကို သတိထားမိမှာပါ။ မှိန်နေတာလေးတွေကို မြင်ရတယ်ဆိုရင်တော့ ဒီ Folder တွေပါဝင်တဲ့ Drive တစ်ခုလုံးကို Virus Scan စစ်ပေးပါ။ ထင်းနေတဲ့ အယောင်ဆောင် Virus အားလုံးကိုတော့ Antivirus Software ကဖျက်သွားပါလိမ့်မယ်။ မှိန်နေတဲ့ Folder တွေကို Select လုပ်ပြီး File > Properties ကိုရွေးပါ။ Hidden မှာ Click ဖြုတ်ပါ။ Apply > OK ကိုနှိပ်ပါ။ ပြန်မြင်ရပါလိမ့်မည်။
တကယ်လို့ မမြင်ရတော့ဘူးဆိုရင် Tools > Folder Options > View > Do not show hidden files and folder ကိုရွေးထားမိလို့ မမြင်ရတာပါ။ အဲဒါကို Show hidden files and folder ကို ပြောင်းရွေးရင် Hide ဖြစ်နေတာတွေပြန်မြင်ရလာမှာပါ။ တစ်ခါတစ်လေမှာ Show hidden files and folder ကိုရွေးတာတောင် Tools > Folder Options > View > Do not show hidden files and folders ကိုပြန်ရွေးကြည့်ရင် Do not Show ပဲပြန်ဖြစ်နေတတ်ပါတယ်။ (အဲဒါက Rootkit တွေကြောင့်ဖြစ်တဲ့ ပြဿနာပါ။ Windows ကို repair လုပ်မှပြန်ကောင်း လာတော့မှာ ဖြစ်ပါတယ်။) နောက်ထပ်တစ်ခုကတော့ keyboard ပေါ်က F3 ကိုနှိပ်ပါ။ Search Box တက်လာရင် All files and folders ကိုရွေးပါ။ More advanced Options က Search hidden files and folders ကိုအမှန်ခြစ်လုပ်ပေးပါ။
All or part of the file name မှာ *.* လို့ရိုက်ထည့်ပြီး Search ကိုနှိပ်ပါ။ မှိန်နေတဲ့ Folder တွေကို select လုပ်ပြီး File > Properties ကိုရွေး၊ Hidden မှာ အမှန်ခြစ်ဖြုတ်ပြီး Apply > OK ကိုရွေးလိုက်ရင် ရပါပြီ။
သူများစက်မှာ သွားတပ်လာတဲ့ Memory stick ကို ကိုယ်စက်မှာတပ်ပြီးရင် Double click မနှိပ်လိုက်ပါနှင့်။ Virus ပါလာတယ်ဆိုရင် ချက်ချင်းကူးနိုင်ပါသည်။ Antivirus Software နှင့် Scan အရင်စစ်ကြည့်ပါ။ Antivirus Software မရှိဘူးဆိုရင် Drive ကို Right Click နှိပ်ကြည့်ပါ။ Open ကထိပ်ဆုံးရောက်နေရင် Memory Stick ထဲမှာ Virus ၀င်နေပါတယ်။
Anti-Virus Software တစ်ခုခုတင်ပြီးတော့ Scan လုပ်ကိုလုပ်ရပါတော့မည်။
အဆင်ပြေကြပါစေ။
Infinity Tech Page ကို Like& Shareလုပ်ပြီးမျှဝေနိုင်ပါတယ်။

Laptop အသုံးပြုနေသူတိုင်း သိထားသင့်တဲ့ Touchpad ဖွင့်နည်း/ပိတ်နည်းကိုပြောပြချင်ပါတယ်။Laptop တွေမှာ USB Mouse နဲ့ သုံးတဲ့...
07/02/2022

Laptop အသုံးပြုနေသူတိုင်း သိထားသင့်တဲ့ Touchpad ဖွင့်နည်း/ပိတ်နည်းကိုပြောပြချင်ပါတယ်။
Laptop တွေမှာ USB Mouse နဲ့ သုံးတဲ့အခါ Touchpad ကို ပိတ်ထားချင် (or) ပြန်ဖွင့်ချင်ရင် ဘယ်လိုလုပ်မလဲ?
Laptop အသုံးပြုသူတွေအများစုမှာ Touchpad ပိတ်ထားချင်တာတွေ ပြန်ဖွင့်ထားချင်တဲ့ ပြဿနာတွေက အမြဲကြုံရလေ့ရှိပါတယ်။
Laptop Keyboard နဲ့ စာရိုက်တဲ့သူတွေ ဂိမ်းဆော့တဲ့သူတွေမှာ အနှောင့်အယှက်ဖြစ်တတ်ကြတယ်။ ဒါကြောင့် Laptop Touchpad အဖွင့်/ အပိတ်လုပ်လို့ရမယ့် နည်းလမ်း (၆)ခုကို ပြောပြပေးလိုက်ပါတယ်...
နည်းလမ်း 1️✔️For Window 10 User Only
Window 10 အသုံးပြုတဲ့သူတွေအတွက် လွယ်ကူတဲ့နည်းတစ်ခုကတော့ Start Button --> Setting--> Devices--> Touchpad--> Turn on (or) Turn Off မှာ ဝင်ရောက် အပိတ်အဖွင့် ပြုလုပ်နိုင်ပါတယ်။
နည်းလမ်း 2️✔️ Fn Key အသုံးပြုခြင်း
Fn Key နဲ့ အသံအတိုးအလျှော့လုပ်ရင်း အလင်းအမှောင်ချိန်ရင်း မှားနှိပ်မိလို့ Touchpad သုံးမရတော့တဲ့အခြေအနေမျိုးတွေမှာ ခဏခဏ ဖြစ်တတ်ပါတယ်။ အဲ့ဒီအခါကျရင် Fn Key ကို ဖိထားပြီး Function Key (F1, F2, F3,...,F12) တစ်ခုခုကိုနှိပ်ကြည့်ပါ။
တစ်ချိုစက်တွေမှာတော့ Fn+F7 နဲ့အဆင်ပြေသွားပါတယ်။ ကိုယ့်ရဲ့စက်အမျိုးအစားပေါ်မူတည်ပြီး Key တွေ မတူတတ်လို့ပါ။
⚠️ Lenovo, Dell, HP, Toshiba, Acer, Asus Laptops တွေမှာဆိုရင်တော့ အောက်မှာပြထားတဲ့ Key တွေနဲ့ စမ်းကြည့်လို့ရပါတယ်။
✅ Fn + F6
✅ Fn + F9
✅ Fn + F12
✅ Fn + F5
နည်းလမ်း 3️✔️ Mouse Properties
တစ်ခါတစ်လေကျရင် Device Manager ထဲမှာ Disable ဖြစ်နေရင်လည်း Touchpad သုံးလို့မရပါဘူး။ အဲ့အခါ Control Panel --> Device Manager (သို့မဟုတ်) Window + R --> devmgmt.msc --> Ok ဖြင့် Device Manager သို့ဝင်ပါ။
Device Manager ထဲကို ရောက်ရင် --> Mice and other pointing Device ကို Double Click နှိပ်ပီး ဖွင့်လိုက်ပါ။ မိမိ Device ပေါ်မှာ Right Click --> Properties ဖြင့် Mouse Properties သို့ဝင်ပါ။
⚠️ Laptop အမျိုးအစားပေါ်မူတည်ပြီး Touchpad Name တွေကွဲလွဲနိုင်ပါတယ်။ နမူနာအားဖြင့် Dell TouchPad, Lenovo TouchPad, Synaptics အစရှိတဲ့နာမည်တွေနဲ့ရှိတတ်ပါတယ်။
(သို့မဟုတ်) Window + R--> main.cpl--> OK ဖြင့်ဝင်ပါ။
Box ကျလာလျှင် Device Setting သို့ဝင်ပါ။ မိမိရဲ့ Device name ကိုရွေးပါ။ Enable နှိပ်ပြီး OK လုပ်ပါ။
နည်းလမ်း 4️✔️ Update or Roll Back
Device Manager သို့ဝင်ပြီး သင့်ရဲ့ Touchpad ပေါ်မှာ Right Click နှိပ်ပါ။ သင့်ရဲ့ Touchpad ကိုတော့ Enable ပြုလုပ်ထားပြီး Update Driver လုပ်ပေးပါ။ Update လုပ်တာမအောင်မြင်ခဲ့ဘူးဆိုရင် အရင် Driverအဟောင်းကိုပြန်သွားဖို့ Roll Back ပြုလုပ်နိုင်ပါတယ်။ တစ်ခါတစ်လေမှာ Update လုပ်ဖို့လိုအပ်နေတယ်ဆိုရင်လည်း Touchpad သုံးလို့မရပါဘူး။
Touchpad Driver တွင်မကပဲ အခြားသောDriver များကို အလွယ်တကူ Update ပြုလုပ်နိုင်ရန်အတွက် Driver Easy Software ကိုအသုံးပြုနိုင်ပါတယ်။ အောက်ကလင့်မှာဒေါင်းနိုင်ပါတယ်။
http://cdn.drivereasy.com/kb/DriverEasy_Setup.exe
Software Run ပြီးပါက Scan ဖတ်လိုက်ပါ။ သင့်ရဲ့စက်မှာလိုအပ်နေတဲ့ Update မြှင့်ရမယ့် Drivers တွေထွက်လာပါလိမ့်မယ်။ မိမိစိတ်ကြိုက်ရွေးချယ် Down နိုင်ပါတယ်။
နည်းလမ်း 5️✔️Enable/ Disable Touchpad in BIOS
Computer Firmware တွေ Update လုပ်ပြီးတဲ့နောက်ပိုင်းဆို BIOS မှာ Touchpad Disable ဖြစ်နေတတ်ပါတယ်။ ဒါကိုစစ်ကြည့်ချင်တယ် ဆိုရင်တော့ ကွန်ပျူတာစတက်လာချင်းမှာပဲ Delete or F2 (⚠️ မိမိစက်အမျိုးအစားပေါ်မူတည်၍ ကွဲလွဲနိုင်သည်) ကို ဆက်တိုက်နှိပ်ပြီး BIOS ထဲဝင်ပါ။ BIOS ထဲက Advanced မှာ Internal Pointing Device ကိုရွေးပါ။ Enable ပြုလုပ်ထားပေးပါ။ ပြီးနောက် Save Changes and Exit ဖြင့်ထွက်ပါ။
နည်းလမ်း 6️✔️Disable -> Tablet PC Input Service
သင့်ရဲ့ကွန်ပျူတာက Window 10 Touch Screen အမျိုးအစားဖြစ်နေမယ်ဆိုရင် touchpad ကို အနှောင့်အယှက်ပေးနိုင်တဲ့ Tablet PC Input Service ဆိုတာရှိနေပါတယ်။ အဲ့ဒီ Service ကိုမသုံးရင်တော့ဘာမှမဖြစ်ဘူးပေါ့။ တကယ်လို့ သုံးမယ်ဆိုရင်တော့ Touch Screen Mode နဲ့ Touchpad Mode ကို အကြိမ်တိုင်းပြောင်းပြီးသုံးရမှာပါ။
✅ Tablet Input Service ကို Disable / Enable လုပ်ချင်ရင်တော့ Window + R --> service.msc --> Ok နှိပ်ပြီး Window Task Manager သို့ဝင်ပါ (သို့မဟုတ်) Taskbar ပေါ်မှာ Right Click --> Start Task Manager သို့ဝင်ပါ။ Service Tab ကိုဖွင့်ပြီး TabletInputService ပေါ် Right Click နှိပ်ပြီး Disable/ Enable ပြုလုပ်နိုင်ပါတယ်။
အဆင်ပြေကြပါစေ။
Pageကို Like & Shareလုပ်ပြီး မျှဝေနိုင်ပါတယ်။
Credit...မူရင်းပိုင်ရှင်


ကညန သက်တမ်းတိုး သိလိုသမျှ....
Moe Gyi ¡ 59m ¡

Address

Yangon

Telephone

+959956280009

Website

Alerts

Be the first to know and let us send you an email when 𝐌𝐌𝐊 𝐆𝐫𝐚𝐩𝐡𝐢𝐜 𝐀𝐫𝐭 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐌𝐌𝐊 𝐆𝐫𝐚𝐩𝐡𝐢𝐜 𝐀𝐫𝐭:

Share