ချက်ပြုတ်နည်းမျိုးစုံ

  • Home
  • Myanmar
  • Yangon
  • ချက်ပြုတ်နည်းမျိုးစုံ

ချက်ပြုတ်နည်းမျိုးစုံ MasterChefTechnology

ဗီယက်နမ် ခေါက်ဆွဲပြုတ်ဟင်းရည်အရိုးပြုတ်ရည်ကို အဓိကသုံးပြီး ခေါက်ဆွဲ၊ အသားလွှာတွေ ထည့်ကာ စားရတဲ့ အစားအစာတစ်မျိုးပါ။ အရသာက...
06/08/2025

ဗီယက်နမ် ခေါက်ဆွဲပြုတ်ဟင်းရည်

အရိုးပြုတ်ရည်ကို အဓိကသုံးပြီး ခေါက်ဆွဲ၊ အသားလွှာတွေ ထည့်ကာ စားရတဲ့ အစားအစာတစ်မျိုးပါ။ အရသာကလည်း သင့်တင့်မျှတပြီး ခံတွင်းတွေ့စေမယ့် အစားအစားတစ်မျိုးပါ။ မိမိကြိုက်နှစ်သက် တဲ့ အရိုးပြုတ်ရည်များဖြင့်လည်း ချက်ပြုတ်နိုင်ပါတယ်။
ပါ၀င်ပစ္စည်းများ
ကြက်ရိုး ဝက်ရိုး အမဲရိုး
အရိုး- ၁ ကီလိုဂရမ်
အသားပေါင်သား- ၆ဝဝ ဂရမ်
ကြက်သွန်ဖြူ- ၂၀ ဂရမ်
ကြက်သွန်နီ- ၂ လုံး
ချင်း- ၂၀ ဂရမ်
သစ်ကြံပိုးခေါက်- ၁၀ ဂရမ်
နာနတ်ပွင့်- ၄ ပွင့်
ငရုတ်ကောင်းစေ့- လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ငါးငံပြာရည်- စားပွဲဇွန်း ၅ ဇွန်း
သကြား- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်သီးစိမ်းတောင့်ရှည်- ၂ တောင့်
ပဲပင်ပေါက်- ၃၀ ဂရမ်
သံပရာသီး- ၂ လုံး
ထိုင်းပင်စိမ်းရွက်- ၁ စည်း
ဆန်စီးခေါက်ဆွဲ- ရဝဝ ဂရမ်
ရေ- ၃ လီတာ
ချက်နည်း
၁။ အရိုးများကို သေချာစွာဆေးပြီး မီးအေးအေးဖြင့် ဦးစွာ ၅ မိနစ်ခန့် ပြုတ်ပါ။ အရိုးပြုတ်ရည်ကို ဆန်ခါဖြင့် စစ်ပြီး အရိုးများကို သီးသန့်ဖယ်ထားပါ။
၂။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ချင်းတို့ကို ထက်ခြမ်းခြမ်းပြီး မီးအေးအေးဖြင့် ကင်ပါ။
၃။ သစ်ကြံပိုးခေါက်၊ နာနတ်ပွင့်နှင့် ငရုတ်ကောင်းစေ့တို့ကို လှော်ပါ။
၄။ အရိုးပြုတ်ရည်ချက်မည့်အိုးထဲ ဆန်ခါဖြင့် စစ်ထားသော အရိုးများထည့်ပါ။ ကင်ထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ လှော်ထားသော သစ်ကြံပိုးခေါက်၊ နာနတ်ပွင့်နှင့် ငရုတ် ကောင်းတို့ကိုထည့်ပါ။ ရေကို အရိုးမြုပ်သည်အထိ ထည့်ပါ။ ဟင်းရည်ထဲ ထည့်စားမည့် ပေါင်သားကိုပါ ထည့်ပြုတ်ပါ။
၅။ အရိုးပြုတ်ရည်ကို အနည်းဆုံး ၁ နာရီခန့် ပြုတ်ပြီးပါက ထည့်ပြုတ်ထားသော အသားကို ဆယ်ယူပါ။ အရိုးပြုတ်ရည် ပိုမိုကောင်းမွန်စေရန် နောက်ထပ် မိနစ် ၃၀ ခန့် ထပ်မံပြုတ်ပါ။ အရိုးပြုတ်ရည်ကို အနည်းဆုံး ၁ နာရီခွဲ၊ ၂ နာရီခန့် ပြုတ်ပြီးပါက ဆန်ခါဖြင့် ပြုတ်ရည်ကို စစ်ယူပါ။ စစ်ယူထားသော အရိုးပြုတ်ရည်ထဲ ငါးငံပြာရည်နှင့် သကြားကို ထည့်မွှေပြီးပါက ခေါက်ဆွဲနှင့် တွဲဖက်စားသုံးရန် အဆင်သင့်ဖြစ်ပါပြီ။
၆။ ပြုတ်ထားသောအသားကို ပါးပါးလှီးပါ။ ပြီးလျှင် ပန်းကန်ထဲ ခေါက်ဆွဲထည့်ပါ။ ပါးပါးလှီး ထားသော အသားလွှာများထည့်ပါ။ အသားလွှာပေါ်မှာ ပြုတ်ရည်ပူပူကို လောင်းထည့်ပါ။ ပဲပင်ပေါက်၊ ပါးပါးလှီးထားသော ကြက်သွန်နီ၊ ပါးပါးလှီးထားသော ငရုတ်သီးတောင့်နှင့် ထိုင်းပင်စိမ်းရွက်တို့ကို ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

#

ကြက်သွန်နီချဉ်စိမ်နည်း ‼️ တစ်ရက်တည်းနဲ့ စားလို့ရပြီ၊ ချဉ်ပြုံးပြုံးအရသာက စားလို့ကောင်းလွန်းလို့ ရပ်လို့ကိုမရဘူး 😋ပါဝင်ပစ...
06/08/2025

ကြက်သွန်နီချဉ်စိမ်နည်း ‼️ တစ်ရက်တည်းနဲ့ စားလို့ရပြီ၊ ချဉ်ပြုံးပြုံးအရသာက စားလို့ကောင်းလွန်းလို့ ရပ်လို့ကိုမရဘူး 😋

ပါဝင်ပစ္စည်းများ........
* ရေသန့် ၅၀၀ မီလီလီတာ
* ရှာလကာရည် ၃၀၀ မီလီလီတာ
* သကြား ၁၅၀ ဂရမ်
* ဆား စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း.......
မီးအေးအေးနဲ့ ပါဝင်ပစ္စည်းအားလုံးကို ရောပြီး သကြားတို့ ဆားတို့ ပျော်သွားတဲ့အထိ တည်ပါ။ ပြီးရင် မီးပိတ်ပြီး အအေးခံထားပါ။ ကြက်သွန်နီ ၅၀၀ ဂရမ်ကို အခွံနွှာ၊ ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ။ ကြက်သွန်နီတွေကို ပုလင်းထဲထည့်ပြီး အအေးခံထားတဲ့ ဆားရည်ကို ကြက်သွန်နီမြုပ်အောင် လောင်းထည့်ပါ။ အဖုံးကို လုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲမှာ ၁ ရက်ထားရင် အရသာရှိတဲ့ ကြက်သွန်နီချဉ်စိမ်ကို သုံးဆောင်နိုင်ပါပြီ။
အရမ်းအရသာရှိပါတယ်။

MON SOUNG

ကြက်သား ငံပြာရည်ပြုတ်နည်းနဲ့ ပင်လယ်စာအချဥ်ရည်စပ်နည်းပါဝင်ပစ္စည်းများ...... * ကြက်ပေါင်/ရင်သားအပါ  ၁ ကီလိုဂရမ် * စပါးလင် ...
06/08/2025

ကြက်သား ငံပြာရည်ပြုတ်နည်းနဲ့ ပင်လယ်စာအချဥ်ရည်စပ်နည်း

ပါဝင်ပစ္စည်းများ......
* ကြက်ပေါင်/ရင်သားအပါ ၁ ကီလိုဂရမ်
* စပါးလင် ၄ ပင် (အနည်းငယ်ထုချေထားပါ)
* နံနံပင်အမြစ် ၅ ပင်
* ကြက်သွန်ဖြူ ၈ မွှာ (ထုချေထားပါ)
* ငရုတ်ကောင်းစေ့ ၁ ဇွန်း (အနည်းငယ်ထောင်းထားပါ)
* ရေ ၁,၅၀၀ မီလီလီတာ
* ငံပြာရည် ၈ ဇွန်း
* ပဲငံပြာရည်အကြည် ၄ ဇွန်း
* ပဲငံပြာရည်အနောက် ၁ ဇွန်း
* ထန်းလျက် ၂ ½ ဇွန်း

အချဉ်ရည်အတွက် ပါဝင်ပစ္စည်းများ.......
* ငရုတ်သီးအနီ ၅ တောင့်
* ကြက်သွန်ဖြူ ၃ မွှာ
* နံနံပင်အမြစ် ၂ ပင်
* ထန်းလျက် ၁ ဇွန်း
* ငံပြာရည် ၂ ဇွန်း
* သံပရာရည် ၃ ဇွန်း
* (ပါဝင်ပစ္စည်းများအားလုံးကို ညက်အောင် ရောထောင်းပါ)

ပြုလုပ်ပုံအဆင့်ဆင့်........
* အိုးအောက်ခြေတွင် စပါးလင်များကို ခင်းပါ။ ထို့နောက် နံနံပင်အမြစ်၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းစေ့နှင့် ကြက်ပေါင်များကို ထည့်ပါ။
* ငံပြာရည်၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်နှင့် ထန်းလျက်တို့နဲ့ အရသာနယ်ပါ။ ပြီးရင် ရေထည့်ပါ။
* မီးပြင်းပြင်းဖြင့် ဆူပွက်လာသည်အထိ တည်ပါ။ ဆူပွတ်လာလျှင် မီးအလယ်အလတ်လောက် လျှော့ပြီး အမြှုပ်များကို ဖယ်ရှားကာ မိနစ် ၃၀ ခန့် ဆက်ပြုတ်ထားပါ။
* ကြက်သားကို လှန်ပြီး နောက်ထပ် မိနစ် ၃၀ ခန့် ကြက်သားနူးအိပြီး အရည်များဝင်လာသည်အထိ ဆက်ပြုတ်ပါ။ ပြီးရင် မီးပိတ်ပြီး ပန်းကန်ထဲသို့ ထည့်ပါ။
* အရသာရှိသော ပင်လယ်စာအချဉ်ရည်နှင့်အတူ တွဲဖက်သုံးဆောင်နိုင်ပါပြီး အရသာက လိုက်ဖက်ညီလှပါတယ်။😋

MON SOUNG

အလှူငါးခြောက်ချက်ပါဝင်ပစ္စည်းများငါးခြောက် (ငါးကွမ်းရှပ်) –  ၄ဝဝ ဂရမ်ကြက်သွန်ကြော် –  ၅၀ ဂရမ်အုန်းသီးအဖတ် –  ၅၀ ဂရမ်မြေပ...
02/08/2025

အလှူငါးခြောက်ချက်

ပါဝင်ပစ္စည်းများ

ငါးခြောက် (ငါးကွမ်းရှပ်) – ၄ဝဝ ဂရမ်

ကြက်သွန်ကြော် – ၅၀ ဂရမ်

အုန်းသီးအဖတ် – ၅၀ ဂရမ်

မြေပဲထောင်း – ၆၀ ဂရမ်

ကြက်သွန်ဖြူ – ၄ မြောင်း

အရောင်တင် – စားပွဲဇွန်း ၁ ဇွန်း

နနွင်းမှုန့် – အနည်းငယ်

ဆား – အနည်းငယ်

(ချက်သည့် ငါးခြောက်အပေါ် မူတည်၍ ချိန်ဆပါ။)

ဟင်းခတ်မှုန့် – ၁ ဇွန်း

ထောပတ် – ၈၀ မီလီလီတာ (၅ ကျပ်သား)

ဆီ – ၈၀ မီလီလီတာ

ပြုလုပ်နည်း

၁။ ငါးခြောက်ကို် လိုသလိုလှီးဖြတ်၍ ရေဆေးပြီး ရေစစ်ထားပါ။

၂။ အိုးတစ်လုံးထဲ ဆီနှင့် ထောပတ်ထည့်ပြီး ငါးခြောက်ကို မွှေးလာသည်ထိ ဆီပူထိုးပါ။

၃။ ပါဝင်ပစ္စည်းများ ကြက်သွန်ဖြူထောင်း၊ ကြက်သွန်ကြော်၊ မြေပဲထောင်းနှင့် အုန်းသီး

တို့ကို ထည့်ပြီး ဆီသတ်ပါ။ နနွင်းမှုန့်၊ အရောင်တင်ထည့်ပါ။ အရသာဖြည့်စွက်ပါ။

ပြီးလျှင် ရေမြုပ်အောင်ထည့်ပြီး ငါးခြောက်နူးအိပြီး အနှစ်ကျသည်အထိ တည်ပါ။

၄။ လိုအပ်ပါက ရေထပ်ထည့်ပြီး ဆီပြန်လာပါက ပန်းကန်ထဲ ထည့်ပြီး တည်ခင်းသုံးဆောင် နိုင်ပါပြီ။

လိုက်ဖက်သော ဟင်းအတွဲ

ပဲတီချဉ်သုပ်၊ ပဲနီလေးကြာဆံဟင်းချို၊ ငရုတ်သီးကြော်။

Sofia
****************
#ငါးခြောက်အုန်းနို့နှပ် (နည်း - ၂)

ကြက်သွန်နီ ကြက်သွန်ဖြူဆီသတ်
ရေနွေးလေးနဲ့ဖွထားတဲ့ငါးယောင်ခြောက် ၃၀သားကိုထည့်
ဆားပေါ့တဲ့ငါးခြောက်ဆိုရင် ဆီသတ်နေရင်းနဲ့ ဆား ဟင်းခတ်မှုန့်အနည်းငယ် ရောပီးဆီသတ်
သမနေအောင်ဆီသတ်ပီးတော့
ရေထည့်ပီးနူးနေအောင်ချက်မယ့်
နေရာမှာ အုန်းနို့ ၂၀၀မီလီ ၁ဗူးဖေါက်ထည့်
ပီးတော့မီးပျော့ပျော့လေးနဲ့အဖုံးအုပ်ပီးခနထား ပီးရင်တော့အရသာနဲ့ပြည့်စုံတဲ့ငါးခြောက်နှပ်ရပါပီ 😋😋😋

မူရင်းပိုင်ရှင်များ
Credit

********

မုန့်ဖတ်ထောင်း ချဉ်ငံစပ်ပါဝင်ပစ္စည်းများ👉 မုန့်တီဖတ် (၁) ပိဿာ ( သို့ ) (၂) ပိဿာ👉 ငရုပ်သီးစိမ်း (၁၀) တောင့်👉 ကြက်သွန်ဖြူ ...
02/08/2025

မုန့်ဖတ်ထောင်း ချဉ်ငံစပ်

ပါဝင်ပစ္စည်းများ

👉 မုန့်တီဖတ် (၁) ပိဿာ ( သို့ ) (၂) ပိဿာ
👉 ငရုပ်သီးစိမ်း (၁၀) တောင့်
👉 ကြက်သွန်ဖြူ (၂) ဉ
👉 ပုဇွန်ခြောက်
👉 ထမင်းစား ၃ဇွန်းခန့်
👉 ပဲသီး (၅) တောင့်
👉 မြေ‌ပဲလှော် (၁၀) ကျပ်သား
👉 ငံပြာရည် ထမင်းစားဇွန်း ( ၅ )ဇွန်း
👉 အချိုမှုန့် (ဇွန်းဝက်)
👉 သံမရာသီး (၃) လုံး
👉 ခရမ်းချဉ်သီး (၅) လုံး

မုန့်ဖက်ထောင်း ချဉ်ငံစပ်ဟာ ဘယ်အချိန်မဆိုစားတိုင်း အရသာရှိစေတဲ့အရာဖြစ်ပါတယ် တယောက်နဲ့တယောက် မုန့်ဖက်ထောင်းပုံချင်းအနည်းငယ် ကွဲလွဲတတ်တာကြောင့် အဆင်ပြေသလို လုပ်စားလို့ရပါတယ်နော်

ပြုလုပ်ပုံအဆင့်ဆင့်

ပထမဦးစွာ ငရုပ်ဆုံထဲ ငရုပ်သီးစိမ်း ပုဇွန်ခြောက် ကြက်သွန်ဖြူများရောပြီး ညက်အောင်ထောင်းပါ ။ မြေပဲ ငံပြာရည် သကြား အချိုမှုန့် သံမရာသီး ညှစ်ထည့်ပြီး သမအောင်ရောထောင်းပါ ။ အရသာအပေါ့အငံ ချိန်ဆပါ ။ ပြီးနောက် မုန့်တီဖတ်ကို ထပ်ကာ ဖွဖွလေး ထောင်းပါ

အပေါ့အငံ အရသာမြည်းကြည့်ပါ အဆင်ပြေပြီးဆိုရင် ပန်းကန်ထဲ ထည့်ကာ သုံးဆောင်နိုင်ပါပြီနော် ။ အချဉ်မကြိုက်ရင် သံမရာသီးလျော့ထည့်ပါ ။ ခရမ်းချဉ်သီးကြိုက်လျှင်ထည့်လို့ရပါတယ်

Step 1.🔸ပထမဦးစွာ စားတော်ပဲအလုံး (whole green pea) ကို လိုသလောက် ရေဆေးပြီး ရေတညစိမ်ပါ။24 hour ရေစိမ်ပါ။ Step 2.🔸🔸နောက်နေ့...
23/07/2025

Step 1.🔸
ပထမဦးစွာ စားတော်ပဲအလုံး (whole green pea)
ကို လိုသလောက် ရေဆေးပြီး ရေတညစိမ်ပါ။
24 hour ရေစိမ်ပါ။
Step 2.🔸🔸
နောက်နေ့မှာတော့ ပဲတွေကို ဇကာကုံး တခုနဲ့ရေစစ်ပါ။
Step 3. 🔸🔸🔸
ပဲတွေစစ်ထည့်ထားတဲ့ ဇကာကုံးကို ရေစိုဝတ်သန့်သန့်နဲ့ အုပ်ပြီး 24 hour to 48 hours ထပ်ထားရမှာပါ။ ပဲတွေကို အပင်ဖောက်တဲ့သဘောပါ။အပေါ်က အုပ်မယ့်ရေစိုဝတ်လေးက သန့်နေဖို့နဲ့ ရေနဲနဲစိုနေဖို့လိုပါမယ်။

Step 4🔸🔸🔸🔸
48 နာရီကြာတဲ့အခါမှာ ပဲလေးတွေမှာ ပဲပင်လေးတွေပေါက်လာပါမယ်။ ဒါဆိုရင်ဖြင့် ပြုတ်လို့ရပါပြီ။
Step5🔸🔸🔸🔸🔸
ပဲပြုတ်ရန် လိုအပ်ပစ္စည်း....
ထမင်းပေါင်းအိုး ( rice cooker ကိုသုံးပါမယ်)

-ဆား -လဖက်ရည်ဇွန်းနှင့်တဇွန်း
-မုန့်ဖုတ်ဆော်ဒါ - လဖက်ရည်ဇွန်းတဇွန်း
-ထန်းလျှက် တခဲ ( or )သကြားညို တဇွန်း

Step 6🔸🔸🔸🔸🔸🔸

ပဲကို roice cooker ထဲထည့်ပြီး အဲ့ဒီ ပဲထဲကို အထက်ပါ ဆား ဆော်ဒါ နဲ့ သကြားညိုသို့မဟုတ် ထန်းလျှက်ခဲ တခဲထည့်ပါ။ ပြုတ်ရန်ရေကိုတော့ ပဲမြုတ်ရုံလေးပဲထည့်ပါ။ ပဲဆီ (any oil you like )ထမင်းစားဇွန်း တဇွန်းထည့်ပါ။
ထမင်းတည်သလိုပဲ ခလုပ်နှိပ်ပြီးတယ်လိုက်ပါ။
ခလုပ်တက်တာနဲ့ လတ်ဆတ်တဲ့ home made ပဲပြုတ်ပူပူနွေးနွေးကို သုံးဆောင်လို့ရပါပြီ။

မြန်မာမှာ အခုချိန် အရှုံးမရှိစီးပွားရေး!မြန်မာမှာ အခုချိန် အကောင်းဆုံး စီးပွားရေးကတော့ စားသောက်ဆိုင်တွေပဲဗျ သေးသေး​ကြီးက...
14/07/2025

မြန်မာမှာ အခုချိန် အရှုံးမရှိစီးပွားရေး!

မြန်မာမှာ အခုချိန် အကောင်းဆုံး စီးပွားရေးကတော့ စားသောက်ဆိုင်တွေပဲဗျ သေးသေး​ကြီးကြီး လမ်းဘေးဆိုင်က အစ အလုပ်ဖြစ်တယ်!

လူဆိုတာက Stress များလေ စိတ်ဖြေတဲ့ အနေနဲ့ #အစားအသောက်ပိုစားတယ်လေ ရည်းစားနဲ့ ပြတ်ရင်လည်း အိမ်ထဲအောင်းပြီး အစားပိုစားကြတယ်လေ! အခု အကုန်လုံးက စိတ်ထွက်ပေါက်အတွက် အစားစားပြီး ဖြေကြတယ်ပေါ့!

ဒါကြောင့် အစားသောက်ရောင်းတာက #အရှုံးမရှိအမြတ်ကြီးပဲဗျ

ဘာလို့လဲဆို ကုန်စျေးနှုန်းက ၃ဆ ၄ဆ လောက် တက်တယ်လို့ ပြောနေပေမည့် တစ်ကယ် တက်သွားတာက စျေးထဲဝယ်တဲ့ အသား ငါး အရွက်တွေက အဲ့လောက်မဟုတ်ဘူး (မြန်မာကို မေးကြည့်ပြီးပြီး) အဓိကက #ပြင်ဆင်ပြီးသားအစားအသောက်နဲ့ ဒေါ်လာစျေးကြောင့် #နိုင်ငံခြားသွင်းကုန်တွေ စျေးတက်ကုန်တာက ဖြစ်တယ်!

သာမာန် လစာနည်း ဝန်ထမ်းတွေဆို အခု Citymart တို့ Makro တို့မှာ မ​ဝယ်နိုင်ကြတော့ဘူး! ဘာကိုင်ကိုင် တစ်မျိုးကို သောင်းကျော်တွေပဲ ပစ္စည်း ၁၀ခုပဲ ခြင်းထဲရောက်သေးတယ် သိန်းချီနေပြီး ငွေတန်ဖိုးကျတာထက် ဝင်ငွေရရှိမူ့က လူအများစုမှာ မတက်လာတော့ Purchasing Power လည်း မတက်လာတော့ဘူး!

တရုတ်တန်း လသာက ဆန်ပြုတ်အလွတ်တစ်ပွဲတောင် ၄ထောင်လောက် ဖြစ်နေတယ် လက္ဘ်ရည် တစ်ခွက်ကို ၂ထောင်ကျော်နဲ့ စီလုံတီးက ၄၅၀၀ လောက်ဖြစ်လာတော့ ဘာဖြစ်သွားလဲဆိုတော့ အနည်းအများ ဝယ်လိုအား ကျလာမှာပဲ!

ဘာဖြစ်လာတုန်းဆိုရင်?

📌 မြန်မာက ​တဖြေးဖြေး US တို့ အနောက်နိုင်ငံဆန်လာတယ် ပြောရမယ်နော်

အပြင်စာတွေက တစ်ကယ်ဖြစ်သင့်တဲ့စျေးထက် အဆများစွာ စျေးကြီးနေတယ်

US မှာလိုပေါ့ ဖက်ထုတ် ၁ထုတ်​လုံးဝယ်ရင် ၂၈ခုပါတယ် တစ်ထုတ် ၆.၉၉ ပဲပေးရတယ် အဲ့တာကို ဒီမှာ တရုတ်ဆိုင်တွေမှာ ကြော်ပြီး ၆ခုလောက် ဘူးလေးနဲ့ ထည့်ရောင်းရင် ၅ဒေါ်လာလောက် ယူတယ် ဒါကို Restaurant လိုမျိုးမှာ တစ်ပွဲ ၁၂ခုလောက်နဲ့ မှာစားရင် ဒေါ်လာ ၁၅ ထက်မနည်းပေးရမယ် ပြောချင်တာက ဒီဖက်ထုတ် ready made ကိုပဲ အကုန်ဖောက်ပြီး ကြော်ရောင်းတာပဲ! စျေးက လုပ်အားနဲ့ စရိတ်ပါတာနဲ့ တစ်ကယ်ကိုယ်ရတာထက် အဆများစွာပေးလိုက်ရတယ်ပေါ့!

အဲ့တာကြောင့် အများစုက အိမ်မှာ လုပ်စားကြတာများတယ်! အပြင်စာတွေက စားရတာထက် ပေးရတာက #တန်မနေလို့ နမြောလို့ မစားကြဘူး! သူတို့ နိုင်ငံသားတွေက​တော့ ဒါတွေနဲ့ မွေးကတည်းက အသားကျနေတော့ အထူးအထွေလည်း ငွေစုတဲ့ အလေ့အထ မရှိတော့ #ပွဲလမ်းနဲ့_အပြင်စာအရမ်းချစ်ပါတယ် လစာတွေ ကုန်သွားလည်း အဆင်ပြေတယ်ပေါ့!

(သူတို့က လက်ထဲ ဒေါ်လာ ၁၀၀၀၀ ရှိရင်တောင် ပေးပြီး အိမ်ကောင်းတွေဝယ်လို့ရတဲ့ အနေအထား! လမ်းဘေး အိမ်ခြေမဲ့ကနေ အနေအထားတစ်ခုကို ချက်ခြင်း ပြန်ရောက်နိုင်အောင် နိုင်ငံက ကူညီပေးတယ်! နိင်ငံကောင်းလို့ လမ်းဘေးရောက်လည်း ဘဝမပျက်ဘူး ခွေးမဖြစ်ဘူးပေါ့!)

အခု မြန်မာမှာလည်း ဒီအတိုင်းဖြစ်လာပြီး

🎯 ခုနက ဆန်ပြုတ်ကို နံရိုးလေး ထည့်ပြုတ်​ပြီး ဆန်တစ်ခွက်နဲ့ဆို တစ်အိမ်လုံး အကြိုက်ဆွဲလို့ ပြီး သေချာတာက အပြင်ထက် အဆများစွာ သက်သာမယ် အိမ်စရိတ်အများ​ကြီး ထွက်လာမယ်ပေါ့ ဒါကြောင့် အပြင်စာတွေ အမြဲစားလေ့ရှိတဲ့သူတွေ ကျန်းမာရေးရူ့ထောက်ကရော Budget Wise အရရော အိမ်မှာ ဟင်းချက်နည်းတွေ လေ့လာပြီး စမ်းကြည့် သင့်တယ်ဗျ!

❤️ Creating a favorite dish is FUN!

ကြိုက်တဲ့ ဟင်းတွေ အစားအသောက်တွေ ဖန်တီးရတာ အရမ်းပျော်ဖို့ကောင်းပါတယ်!

စရိတ်လည်း အများ​ကြီး သက်သာတယ်! မိမိရဲ့ self confidence level လည်း အများ​ကြီး တိုးတက်လာနိုင်ပါတယ်!

ဘဝမှာ တစ်ကယ်ပြောတာ ပြန်ရွေးချယ်ခွင့်ရရင် Chef Life ကိုပဲ ရွေးမယ်!

👉 စားသောက်ဆိုင်ကို middle class တွေကို Target ထား​ပြီး မြို့နယ်တစ်ခုကို တစ်ဆိုင်ဖွင့်မယ်! ဝန်ထမ်းတွေကို Talent Management ကောင်းကောင်းနဲ့ TeamUp လုပ်မယ်ဗျ! အရမ်းကောင်းတဲ့ HR Benefit Guidelines Setup လုပ်ပြီး Community CSR တွေမှာ Deep Involved လုပ်ပြီး Local တွေကို Educate လုပ်မယ်ဗျ!

#အတ္တပရအရောလေးနဲ့ဆိုတော့ အသက်အရွယ်ရောက်လာရင်လည်း မိမိကိုယ်ကို စိတ်ကျေနပ်နေရမှာဗျ!

ဒါတွေက ​ရွေးချယ်ခွင့်ရရင် လုပ်ချင်တာဗျ!

အခုက အားလုံးက ကိုယ်လွတ် ကိုယ်ချမ်းသာဖို့ပဲ ကြည့်တာများတယ် အများစားနိုင် မစားနိုင် သေသေ မသေသေ စိတ်ဝင်စားတာ မဟုတ်ဘူး! သူလာမစားလည်း သူ့အဖေလာမယ်ဆိုတဲ့ အချိုး​တွေကြီးနဲ့ စီးပွားရေး ဂျင်းတွေနဲ့ အသက်ကုန် ရှာစားနေကြတာ ဖြစ်တယ်!

🙏 အစားအသောက်ရောင်းတာကို စေတနာထည့်ပြီး ကိုယ်စားသလို သဘောထားပြီးတော့ #စိတ်ထားတပ်ရင်_အလှူလုပ်နေသလို ဖြစ်နေတယ်ဆိုတာကို မသိသော မြန်မာက စီးပွာရေးလုပ်ငန်းရှင်တွေကတော့ တစ်ကယ် သနားဖို့ကောင်းတယ်လို့ မြင်ပါတယ်!

#မြန်မာဆိုတာစေတနာနဲ့တွဲပြီး ဖြစ်တည်နေတဲ့ လူမျိုးဆိုတာ မေ့ကုန်တာ နမြောစရာကောင်းတယ်ဗျ! ကျန်တာ အကုန် တည်ဆောက်လို့ရတယ် အဲ့စိတ်ဓာတ်တွေ ပျောက်ကုန်ရင် ဘာမှ ပြန်တည်ဆောက်လို့ရမှာ မဟုတ်ဘူး!

ညှပ်ခေါက်ဆွဲ ဆန်ပြားခေါက်ဆွဲ_မုန့်ဖတ်လုပ်နည်းဆန် မှုန့်                     1  ခွက် ပြောင်းဖူးမှုန့်           1   ခွက် ...
20/08/2024

ညှပ်ခေါက်ဆွဲ
ဆန်ပြားခေါက်ဆွဲ_မုန့်ဖတ်လုပ်နည်း

ဆန် မှုန့် 1 ခွက်
ပြောင်းဖူးမှုန့် 1 ခွက်
ကော်မှုန့် 1/2 ခွက်
ဆား ကော်ဖီဇွန်း တ ဝက်
ရေ နွေး 6 ခွက်
ဆီ သန့် 1/4 ခွက်

ဇလုံ တလုံ ပါဝင်ပစ္စည်း ကို ထည့်ပါ

ရိုက်တံ သုံး ပြီး မွှေ ပေးပါ ။ အဓိက တော့ ဆန်မှုန့်
ပြောင်းဖူးမှုန့် ၊ ကော်မှုန့် တွေ ရေ ထဲမာ ပျော်ဝင် ဖို့ ပါဘဲ
အခန်း အပူချိန် မာ မိနစ် ၂၀ ခန့် ခဏထားပေးပါ။

အဝ ကျယ်တဲ့ ရေနွေး အိုး တည် ထားပါ
ပေါက်စီ ပေါင်းတဲ့ ပေါင်း အိုး လဲ ရပါတယ်
အဆင်ပြေရာ နဲ့အသုံးပြု ပါ ရေနွေးငွေ့ ကို အသုံးပြု တာ မို့ ပါ
မိမိ အသုံး ပြု မဲ့ ဗန်း (သ်ု့ ) စောက်နက်တဲ့ ပန်းကန်
မာ တပွတ်တံ ကို အသုံးပြု ပြီး ဆီ သုတ် ထားပါ

မိနစ် ၂၀ ကို စောင့် ပြီး အချိန်မာ ဆန် နှစ် ကို
ဗန်း ထဲ ထည့် ပါ။ မိမိ သုံးတဲ့ ဗန်း ပေါ်မူတည် ပြီး
ခေါက်ဆွဲ ရဲ့ အထူ အပါး ကို ချိန်ပြီး ဆန်နှစ် ကို ခပ်ထည့်ပါ

တည် ထားတဲ့ ရေနွေးအိုးမာ ၃ မိနစ် လောက် ထား ပြီး အဖုံး ပိတ်ထားပါ

ပြန်ယူ ပြီး အပြင်မာ ခဏလေး အအေးခံ ပြီး မှ ခေါက်ဆွဲပြား ကို အသာ လေး ထုတ် ပါ

မိမိ လိုချင်တဲ့ အနေအထား အကြီး ၊ အသေး လိုက် ဓါး နဲ့ ဖြတ် ကတ်ကြေး နဲ့ ညှပ် လိုက်ရင်
ဆန်ပြား ခေါက်ဆွဲ ကို ရပါ ပြီး

ရှမ်းပြည် မာ တော့ တချို့ ကလဲ ရေပေါ် ခေါက်ဆွဲ ချပ် လဲ ခေါ် ကြပါတယ်

မိမိ နှစ်သက် သလို့ ကြော်စား ကွေသယို လုပ်စား သုပ်စား
ရေပေါ် ခေါက်ဆွဲ စသည့် ဖြစ် လုပ်စားနိုင်ပါတယ်

အိတ်နဲ့ သေချာ ထည့်ပြီး ရေခဲသေတ္တာ မာ သိမ်းမယ်ဆို ရင် ၅ ရက် ထားခံပါတယ်
အအေးခံ မာ ဆို ၄ ပတ် အထားခံပါ တယ်

ငါးချဉ်ချက်နည်း ငါးချဉ်ကို ရေဆေးပါ။ပြီးရင် အတုံးလေးတွေ လှီးမယ်။ ကြက်သွန်ဖြူနီကို ညက်အောင်ထောင်းမယ်။ ကြက်သွန်နီ နည်းနည်း ...
25/07/2024

ငါးချဉ်ချက်နည်း
ငါးချဉ်ကို ရေဆေးပါ။
ပြီးရင် အတုံးလေးတွေ လှီးမယ်။
ကြက်သွန်ဖြူနီကို ညက်အောင်ထောင်းမယ်။
ကြက်သွန်နီ နည်းနည်း မထူမပါးလှီးထားမယ်။ ပြီးရင် ဆီပူလာရင်၊ နနွင်းခပ်ပြီး၊ ကြက်သွန်နီလေးကို ဆီသပ်မယ်။ မွှေးပြီး ဆီချက်အနေရောက်လာရင် အဖတ်လေးတွေကို ဆယ်ထား။ ပြီးရင် ထောင်းထားတဲ့ ကြက်သွန်ဖြူနီကို ဆီသပ်မယ်။ ငရုတ်အရောင်တင်မှုန့် ထည့်မယ်
ဟင်းက လုံးပြီး အနံ့လေးမွှေးလာရင်၊ ရေနွေးလေး နည်းနည်းထည့် ခဏအုပ်ထားပေး။ အရသာက ငံပြာရည်နည်းနည်း၊ သကြားလေူနည်စနည်းထည့်။ ၅မိနစ်လောက်နေရင် ငရုတ်သီးစိမ်းထောင်း/လှီး ထားတာရယ်၊ ရှမ်းနံနံကို လှီးထားတာရယ်ကို ထည့်ပြီး မွှေပေး။ ကြက်သွန်နီကြော်လေးဖြူး။ ၁မိနစ်လောက် အုပ်ထားပေးပြီး။ ပုဇွန်ချဉ်ကိုလည်းချက်ရင် စားကောင်းပါတယ်။

Credit to

Witchy Candy 🍭

ငါးမီးအုံးငါးကြင်းခုတ်သား၃၀ကျပ်သား ကို အကြေးခွံခွာ သေချာရေဆေးသန့်စင် ထက်ခြမ်း ခြမ်းပြီး အလယ်အရိုးထုတ်ပါတယ်ရလာတဲ့ ငါးအသား...
21/07/2024

ငါးမီးအုံး

ငါးကြင်းခုတ်သား၃၀ကျပ်သား ကို အကြေးခွံခွာ သေချာရေဆေးသန့်စင် ထက်ခြမ်း ခြမ်းပြီး အလယ်အရိုးထုတ်ပါတယ်
ရလာတဲ့ ငါးအသားနှစ်ခြမ်းကို အပေါ်ယံ ဓါးနဲ့ နှစ်ချက်လောက် မွှန်းပေးပြီး အချိုမှုန့် ဆားအနည်းငယ်နဲ့ နယ်ထားပေးပါတယ် (အရွက်အစာ‌တွေထဲ အရသာထည့်နယ်အုံးမှာမို့ အရသာလျော့ထည့်ထားရပါမယ်နော်)

ငါးမီးအုံးထဲထည့်ဖို့ လိုအပ်တဲ့ အဆာပလာတွေက ...
ဖတ်ဖယ်ရွက် ၆-၇ ခက်
ပင်စိမ်း ၅ခက်
ရှမ်းနံနံ ၄ခက်
နံနံရိုး အနည်းငယ်
စပါးလင် ၁ပင် (ပါးပါးလှီးထားပေးပါ)
ဗမာကြက်သွန်ဖြူ ၂လုံး (အခွံသင်ထားပါ)
ငရုတ်သီးစိမ်း (နီ+စိမ်း) ၂၅-၃၀ တောင့် (ကိုယ်စားနိုင်သလောက်ထည့်ပါ)
ချဉ်စော်ကားသီးခြောက် ၃-၄ ခုခန့် (ရေစိမ်ထားပေးပါ)
ကြက်သားမှုန့် လဘက်ရည်ဇွန်း ၁ဇွန်း ခန့် နဲ့
ဆီ စားပွဲဇွန်း ၂ဇွန်းခန့် ပါ
( ချဥ်စော်ကားသီးခြောက်မရှိရင် ဗနီကာ / ရှာလကာရည် ထမင်းစားဇွန်း ၁ဇွန်းခန့် ထည့်ပေးလို့ရပါတယ်)

ငရုတ်သီးစိမ်း ကြက်သွန်ဖြူ အရွက်တွေ နဲ့ ချဉ်စော်ကားသီးခြောက်ကို ကြိတ်စက်ဖြင့်ကြိတ်ပေးပါ (သို့) သေးသေးနုတ်နုတ်စဉ်းပေးပါတယ်

ဇလုံတစ်ခုထဲမှာ ငါး နဲ့ ကြိတ်ထားတဲ့ ငရုတ်သီး ကြက်သွန်ဖြူ အရွက်စုံတို့ကို ကြက်သားမှုန့် ဆီ တို့ထည့်ပြီး သေချာလေး နယ်ပေးပါတယ် ပြီးရင် ၁၅မိနစ်လောက် နှပ်ထားပါတယ်

အချိန်ပြည့်ရင် အရသာနယ်ထားတဲ့ငါးတွေကို ငှက်ပျောရွက်နဲ့ သေချာလုံအောင်ထုတ်ပြီး မီးအေးအေးနဲ့ နာရီဝက်ခန့် ကင်ပေးထားပါ

ငှက်ပျောရွက်အစား ခဲပတ်စက္ကူနဲ့ပတ်ပြီး‌ကင်လို့ရသလို
Oven/ Ari fryer စတာတွေနဲ့လဲ ကင်လို့ရပါတယ်

Address

Aung Marga Street
Yangon
11121

Alerts

Be the first to know and let us send you an email when ချက်ပြုတ်နည်းမျိုးစုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ချက်ပြုတ်နည်းမျိုးစုံ:

Share