HS Technology Training & Software Group

HS Technology Training & Software Group Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HS Technology Training & Software Group, Computer Company, Pazuntaung, Yangon.

04/12/2022

C++ Programming Basics
***************************
Programming Language တိုင်းတွင် အခြေခံအကျဆုံး Program လေးများစတင်မရေးမီ သိရှိလိုက်နာရမည့် အခြေခံအချက်များရှိစမြဲ။ ဤအခန်းတွင် C++ program structure, variables နှင့် user input/output စသည့် အဓိကကျသော အခြေခံစည်းမျဉ်းများနှင့် programmer’s comment, arithmetic operators, data type conversion, C++ library function များကို ဥပမာ အစုံအလင်ဖြင့် ရှင်းလင်းထားပါတယ်။

Setting up Programming Environment
*****************************************
C++ Program များစတင်မရေးခင် compilers, interpreters, linkers စသည့် ဝေါဟာရများကို နားလည်သိရှိထားရန် လိုအပ်ပါတယ်။ စာအုပ်တွင် အသုံးပြုသွားမည့် C++ Coding Environment သည် DEV C++ ဖြစ်သော်လည်း အခြားသော C++ Compiler များကိုလည်း အဆင်ပြေရာ ရွေးချယ် အသုံးပြုနိုင်ကြောင်း ပြောပါရစေ။

DEV C++ link
**************
https://getintopc.com/?s=dev+C%2B%2B
Download ယူပြီး Install လုပ်ရပါမယ်။ အင်တာနက်လိုင်းကောင်းကောင်းရရင် google drive upload လုပ်ပြီး ပေးပါမယ်။ Install လုပ်တာ သိထားရမယ့် အချက်တွေကို နောက် Post တခုမှာ ရှင်းပြပေးပါမယ်။


ပုံ တွင် C++ source code, C++ compiler နှင့် Executable file တို့အကြား ဆက်နွယ်ပြောင်းလဲ လာပုံကို ရှင်းလင်းပြထားတယ်။ programmer ရေးလိုက်တဲ့ source files (.cpp) တွေကို compiler က အခြားလိုအပ်တဲ့ library files တွေ linkers တွေနဲ့ ချိတ်ဆက်ပြီး Computer မှာ run လို့ရတဲ့ executable file (.exe) အဖြစ်ပြောင်းပေးတာပါ။ Coding ရေးစဥ်မှာ သတိမပြုမိခဲ့တဲ့ syntax error တွေ၊ typing error တွေကို programmer ကပြင်ပေးဖို့ highlight ပြပေးပြီး error free ဖြစ်မှ (.exe) file အဖြစ် ဆက်လက် ပြောင်းပေးသွားမှာဖြစ်တယ်။


Basic Program Structure
*************************
ပထမဆုံးအနေနဲ့ C++ program structure ကိုလေ့လာကြည့်ရအောင်ပါ။ Computer screen မှာ ရိုးရိုးရှင်းရှင်း စာကြောင်းလေးတခုကို ရိုက်ထုတ်ပေးမယ့် Code ရေးထားပါတယ်။ Code name ကို FIRST.CPP လို့ နာမည်ပေးပါမယ်။

//FIRST.CPP

using namespace std;
int main()
{
cout

လူတိုင်းအမေးများသော ကွန်ပျူတာပြဿနာ (၁၀) မျိုးနှင့်အဖြေများ။========================Online မှ လူတိုင်းအမေးများကြသော ပြဿနာ...
29/10/2022

လူတိုင်းအမေးများသော ကွန်ပျူတာပြဿနာ (၁၀) မျိုးနှင့်အဖြေများ။
========================

Online မှ လူတိုင်းအမေးများကြသော ပြဿနာ ၁၀ မျိုးနှင့် အဖြေများအား ပုံနှင့်တကွ စုစည်းဖော်ပြပေးလိုက်ပါတယ်။
ဆရာကိုရန်နိုင်
-
(၁) Dsktop Sereen ဇောက်ထိုး/ဘေးစောင်းဖြစ်သွားလို့ ဘယ်လိုလုပ်ရမလဲ။

Keyboard က Ctrl+Alt+ Arrow Key ➡️⬇️⬅️⬆️ တွေ ကို နှိပ်ပြီး Screen ကို လိုသလို ပြန်ပြောင်းပါ။ ဇောက်ထိုးဖြစ်ရင် Ctrll+Alt နဲ့ အပေါ်မျှား ⬆️ ကိုနှိပ်ပါ။
မနှိပ်တတ်ရင် Windows Display Setting ထဲက Display Orientation ကို ပြန်ပြောင်းပါ။
-
(၂) Wifi ချိတ်မရတာ ဘာ့ကြောင့်လဲ။

Desktop ဆိုရင် Wifi Chip/Card မပါလာတာကြောင့် Wifi မရတာများပါတယ်။ Laptop ဆိုရင်တော့ Wifi Adapter Driver File ကို Install လုပ်ထားခြင်းကိုပြန်စစ်ပါ။ Driver Update လုပ်ပါ။
(Driver File များသည် ထုတ်လုပ်သော Laptop ၏ ကုမ္ပဏီမှဖြန့်ချီသော File များဖြစ်၍ Laptop အမျိုးအစား Model ကို သိရှိနားလည်မှသာ ပြုလုပ်သင့်သည်။)
တချို့ Laptop များ၏ ကီးဘုတ်မှ Function Key (F- Key) များတွင် Wifi Key တစ်ခုပါတတ်သည်။ ဥပမာအားဖြင့် F4-F5-F12 Key များဖြစ်တတ်သည်။ ထိုကီးများကို Fn နှင့်တွဲနှိပ်မိရင်ဖြစ်စေ ဒီအတိုင်း မှားနှိပ်မိရင်ဖြစ်စေ Wifi ပျောက်တတ်ပါတယ်။
-
(၃) ကွန်ပျုတာမှာ Google Playstore ထည့်ပြီး App တွေဘယ်လိုသွင်းရသလဲ။

Windows စနစ် အသုံးပြုသောကွန်ပျူတာသည် Android စနစ်မဟုတ်သဖြင့် Google Playstore သို့မဟုတ် App တွေကို တိုက်ရိုက် ထည့်သွင်းအသုံးပြု၍မရပါ။ အသုံးပြု၍ ရအောင် ကြားခံ Emulator သို့မဟုတ် Virtualization နည်းပညာတစ်ခုခု သုံးရပါသည်။ ဥပမာ Bluesteak/MEMU Play ကို အရင်ထည့်သွင်းရပါသည်။ ထိုသို့ထည့်သွင်းရာတွင် ကွန်ပျူတာ၏ စွမ်းဆောင်ရည်နှင့် RAM ပမာဏများစွာလိုအပ်သဖြင့် တော်ရုံ RAM/CPU ရှိသော ကွန်ပျူတာများ မထည့်သွင်းနိုင်ပါ။
Wikdows 11 တွင် Android Subsystem အသုံးပြု၍ရသော်လည်း Google Play Service များအလုပ်မလုပ်ပါ။ Amazon Store သာ အလုပ်လုပ်ပါသည်။
-
(၄) Windows အတက်တွင် BSOD အပြာရောင် Screen တက်လာပြီး Error ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။

အပြာရောင် Screen ဖြစ်ပေါ်လာသည့် ပြဿနာရင်းမြစ်များစွာရှိပါသည်။ တချို့မှာ Hardware ကြောင့်ဖြစ်သလို တချို့မှာ Software ကြောင့်ဖြစ်ပါသည်။ တချို့မှာ System Repair/Restore လုပ်ခြင်း တင်ထားသော Update များကိုဖြုတ်ချခြင်းဖြင့်ကောင်းသွားတတ်သလို တချို့မှာ Windows Repair လုပ်ရုံဖြင့် ပြန်မကောင်းတတ်ကြပါ။ အဲဒါကြောင့် ဖျက်မရသော Data များရှိလျှင် နားလည်သည့် Services Technician နှင့် ‌ဆွေးနွေးသင့်ပါတယ်။
Boot Option များ/System File Error များ/RAM/GPU Error များအစရှိသဖြင့် Hardware နှင့် Software များကြောင့်ဖြစ်ပေါ်လာသော Computer Memory Dump ကွန်ပျူတာမှတ်ဉာဏ်ပြုတ်ကျခြင်းဖြစ်စဉ်ကြောင့် BSOD ဖြစ်ပေါ်ခြင်းဖြစ်ပါတယ်။ BSOD နှင့်ပတ်သက်ပြီး တပွဲတိုး ဖြေရှင်းနည်းမရှိတာကို အသုံးပြုသူတွေသတိထားသင့်သည်။
-
(၅) Laptop တွင် Touch Pad ဘာ့ကြောင့်‌ ရွှေ့မရတာလဲ။

Touchpad များရွှေ့မရခြင်းမှာ Driver File Error ကြောင့်ဖြစ်သလို Laptop ကီးဘုတ်မှ Fn + Touchpad key မှားနှိပ်မိတာကြောင့်လည်းဖြစ်တတ်ပါသည်။ တချို့ Laptop များတွင် Fn ခလုတ်ကို အမြဲ On ထားတတ်သဖြင့် Touchpad ခလုတ်ဖြစ်သော (ဥပမာ F7) ကို မှားနှိပ်မိလျှင်ဖြစ်တတ်သည်။ Touchpad Key သည် Laptop မော်ဒယ်နှင့်အမျိုးအစားအလိုက် F5-F6/F7/F9 အစရှိသဖြင့် သတ်မှတ်ထားကြသည်။ Fn Key မှားနှိပ်ခြင်းမဟုတ်လျှင် Hardware Error ဖြစ်တတ်သည်။
-
(၆) Laptop သုံးနေရင်း Screen ဘာကြောင့်ပိတ်ပိတ်သွာသလဲ။

တချို့မှာ ကီးဘုတ်တွင်ပါဝင်သော Screen Sharing ခလုတ်ဖြစ်သော F6 ကဲ့သောသို့ ခလုတ်များကို မှားနှိပ်ခြင်းကြောင့်ဖြစ်သည်။ Touchpad နှင့် Wifi များကဲ့သို့ပင် Screen Sharing အတွက် Key တစ်ခုကို Laptop ၏ F Key များထဲတွင်ပါဝင်သည်။ ဥပမာ(F6-F8) ဖြစ်သည်။
-
(၇) Welcome Screen ပေါ်ပြီး ဘာ့ကြောင့် Windows ထဲဝင်မရဖြစ်တာလဲ။

Windows Update သို့မဟုတ် အင်တာနက်တွင် Microsoft Account တစ်ခုခုကို ဝင်မိသည့်အခါ သို့မဟုတ် Windows Office Application တစ်ခုခုသုံးရင် အင်တာနက်ချိတ်ပြီးချိန် ကွန်ပျူတာကို ပိတ်ပြီး ပြန်ဖွင့်လျှင် ထိုပြဿနာဖြစ်တတ်သည်။ တခါတရံ သုံးနေရင် ခဏနားထားချိန် Log on Screen ပေါ်လာပြီး Mouse ပဲရွှေ့ရပြီး ဘာမှနှိပ်မရဖြစ်တတ်သည်။ အဲဒီအချိန် Ctrl+Alt+Delete ကို နှိပ်ပြီး Windows User Name ပေါ်အောင်လုပ်ပြီးပြန်ဝင်ခြင်းဖြင့် ပြဿနာအများစုကိုဖြေရှင်းနိုင်ပါသည်။
-
(၈) Zoom Meeting လုပ်နေချိန် Error တက်ခြင်း BSOD ဖြစ်ခြင်း၊ Windows ပြုတ်ကျခြင်းကို ဘယ်လိုဖြေရှင်းမလဲ။

Zoom/YouTube တို့၏ အခမဲ့အသုံးပြုသော Version များတွင် Hardware Performance ကို အသုံးပြုမှုများပြားလျှင် BSOD ဖြစ်တတ်သည့်အတွက် Zoom ကိုဖွင့်ထားချိန် Taskbar တွင်ရှိသော Zoom Icon မှ Setting ထဲတွင် နှိပ်၍ Advanced ထဲတွင် Hardware Performance ကိုဖြုတ်ပြီး Computer ကို Restart လုပ်ပြီး Zoom ကို ပြန်လည်အသုံးပြုခြင်းဖြင့် ထိုပြဿနာအများစုကို ဖြေရှင်းနိုင်ပါသည်။ တချို့ ကွန်ပျူတာများတွင် Model နှင့် Hardware လိုအပ်ချက်/Driver File/ Connection တို့ မကိုက်ညီသဖြင့် Error တက်ခြင်းများကိုတော့ အသေးစိတ်ဖြေရှင်းရပါမည်။
-
(၉) ကွန်ပျူတာများတွင် Microphone မိုက် သုံးလို့မရခြင်း။

Desktop ကွန်ပျုတာများတွင် Microphone မပါဝင်သဖြင့် မိုက်သီးသန့်တပ်ဆင်ရပါမည်။
Laptop များတွင်လည်း Built In Microphone မပါဝင်သော မော်ဒယ်နှင့် ပါဝင်သောမော်ဒယ်ဟူ၍ ရှိသဖြင့် ပါမပါစစ်ဆေးရပါမည်။
မိုက်ကရိုဖုန်းတပ်ဆင်ရာတွင် မိမိအသုံးပြုသော Desktop သို့မဟုတ် Laptop မှ Jack ဂျပ်ပင်ပေါက်သည် မိုက်ကရိုဖုန်းအတွက်သီးသန့်အသုံးပြုသောအပေါက် သို့မဟုတ် နားကြပ်/Audio Out နှင့် ပူးတွဲအသုံးပြု၍ရမရ စစ်ဆေးရပါမည်။ တချို့ကွန်ပျုတာမော်ဒယ်နိမ့်များတွင် Combo Jack အဖြစ် တစ်ပေါက်တည်းတွင်ပူးတွဲအသုံးပြု၍မရပဲ Mic အတွက်သီးသန့်အပေါက်ပါဝင်သဖြင့် သီးသန့်မိုက် သို့မဟုတ် သီးသန့်မိုက်ခေါင်းပါဝင်သော နားကြပ် Headset ကို အသုံးပြုရပါမည်။
Audio Driver File များ Update မဖြစ်လျှင် သို့မဟုတ် Install လိုအပ်ချက်ရှိလျှင်လည်း Mic အသုံးပြုမရပါ။
-
(၁၀) Windows နဲ့ Software များ ကို Download လုပ် Install လုပ်လျှင် ဘာ့ကြောင့် Error များဖြစ်သလဲ။

၎င်းပြဿနာအများစုကိုဖြစ်စေတဲ့အဓိက အချက်မှာ User များကြောင့်သာအဓိကဖြစ်ပါသည်။
-
- Install ပြုလုပ်သူအများကိုယ်တိုင် Windows နှင့် File System ဖိုင်စနစ်များ ဖိုင်အမျိုးအစားများကို လုံးဝနားမလည်ပဲ ဖုန်းကဲ့သို့ အလွယ်တကူ Install ပြုလုပ်ရမည်ဟု ယူဆကြခြင်း။
-
- မိမိတို့ကိုယ်တိုင် အခြေခံနှင့် သီအိုရီများကို စနစ်တကျမလေ့လာပဲ Youtube မှ တပွဲထိုးဖြေရှင်းနည်းများကို အားကိုးလွန်းခြင်း။
(နိုင််ငံတကာမှလွှင့်တင်ထားသော YouTube မှ ဖြေရှင်းနည်းအများစုသည် ကွန်ပျူတာအခြေခံပညာရေးစနစ်သင်ကြားခဲ့သော နိုင်ငံတကာမှ User များအတွက် သို့မဟုတ် အခြေခံပိုင်နိုင်သူများအတွက်သာသင့်လျှော်သည်။ )
-
- Computer နည်းပညာသည် နိုင်ငံတကာတွင် မူလတန်းမှစတင်ပြီး သင်ရိုးထည့်ကာ တက္ကသိုလ်များတည်ထောင် ဘွဲ့များ‌ေပးကာ စနစ်တကျသင်ကြားပေးသော ပညာရပ်တစ်ခုဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ပြည်တွင်းပညာရေးစနစ်နှင့် ဖွံဖြိုးမှုကြောင့် တပွဲတိုးနည်းလမ်းများအားကိုးပြီး ပြင်ပသင်တန်းများကိုသာ အရွယ်ရောက်ပြီးမှတက်ရောက်ကြခြင်း။
-
- အလုပ်နှင့် ခေတ်စနစ်လိုအပ်ချက်ကြောင့် ကွန်ပျူတာများကို အလွယ်တကူဝယ်ယူအသုံးပြုခွင့်ရကြသော်လည်း အများစုမှာယခုမှ စတင်ကိုင်တွယ်ဖူးကြခြင်းတို့ကြောင့်ဖြစ်ပါသည်။
-
ကွန်ပျူတာ ဆိုသည်မှာ စာစီစာ
ရိုက်ရုံပဲဟုသောအတွေးအခေါ်ရှိခဲ့သော သူများမှ နိုင်ငံကို နှစ်ပေါင်းများစွာဦးဆောင်ခဲ့ခြင်းကြောင့် ကွန်ပျုတာနှင့်ပတ်သတ်သော နည်းပညာနိုးကြားမှုမှာ နှစ်ပေါင်း များစွာခေတ်နောက်ကျခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းကွန်ပျူတာ User များထဲတွင် ‌မျိုးဆက်အလိုက် ထိုပြဿနာများ ဖြစ်‌နေခြင်းဟုသုံးသပ်မိသည်။


Tech

မည်သည့် Software မှ မသုံးဘဲ Folder ကို Lock ခတ်ခြင်း▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ဒီ နေ့ ပြောပြ ချင်တဲ့အကြောင်းအရာကတော့ ဘယ် Softwa...
14/10/2022

မည်သည့် Software မှ မသုံးဘဲ Folder ကို Lock ခတ်ခြင်း
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဒီ နေ့ ပြောပြ ချင်တဲ့အကြောင်းအရာကတော့ ဘယ် Software မှမလိုဘဲ လူကြီးမင်းတို့ Computer တွင် သူစိမ်းတွေဒါမှမဟုတ် လူကြီးမင်းတို့ သူငယ်ချင်းတွေ မသိစေချင်၊ မမြင်စေချင်တဲ့ အကြောင်းအရာတွေ၊ လူကြီးမင်းတို့ သိမ်းထားတဲ့ချင်တဲ့ videos, songs , photos တွေကို Lock ခတ်ချင်တယ်ဆိုရင်တော့ ခုပြောပြတဲ့နည်းလမ်းလေးကိုလုပ်ကြည့်ဖို့တိုက်တွန်းပါတယ်..
🛑 လူကြီးမင်းတို့ရဲ့ File တွေကို Lock ခတ်ရာတွင် Software ကိုသုံးပြီး lock ခတ်နိုင်သလို Software မသုံးဘဲနဲ့လည်း Lock ခတ်လို့ရပါတယ်။
🛑 ကျနော်ပြပေးမဲ့ နည်းလမ်းလေးကတော့ Software ကိုအသုံးမပြုပဲ lock ခတ်နည်းလေးပါ
🛑 ကဲစပြီနော်....လူကြီးမင်းတို့... Lock ခတ်ချင်သော Folder အပေါမှာ R _ click ကိုနှိပ်ပြီး( Properties) ထဲကို ၀င်လိုက်ပါ။ နောက်တဆင့်အနေနဲ့ ( Security) ကိုသွားပါ...
🛑 အဲထဲမှာမှ Group or User Name မှာ edit ကိုနှိပ်ပြီး administrators ကို click တစ်ချက်နှိပ်ပေးပါ။
🛑 အဲနောက် ( Deny) ဆိုတဲ့ စာလုံးအောက်မှာ လေးထောင့်ကွက် (⏹⏹) လေးတွေရှိပါတယ် အောက်ကိုဆက်သွားရင် ( Write) နဲ့( Read) ကိုရွေးပေးပါ ပြီးရင် အမှန်ခြစ်လေးတပ်ပြီးရင်တော့ (Apply) ကိုနှိပ်ပါ >>> Ok >>>ထပ်နှိပ်ပေးပါ.. အဲနောက်မှာ Yes ဒါမှမဟုတ် No လို့မေးလာရင်တော့ Yes ကိုလုပ်ပေးပါ။
File ကို ဖွင့်လိုက်တဲ့အခါ အောက်ပါအတိုင်းပြရင်တော့ Lock ခတ်ပြီးပါပြီ။
🛑 အကယ်၍ လူကြီးမင်းတို့ ခတ်ပြီးသား File ကို Lock ပြန်ဖြည်ချင်တယ်ဆိုရင်တော့..အရင်လုပ်ခဲ့အတိုင်း Properties ထဲက >>>>Security>>>Edit ကိုသွားပြီး
Deny အောက်မှာ လုပ်ခဲ့တဲ့အတိုင်း write နဲ့ Read ကို အမှန်ခြစ်တပ်ခဲ့တာကို ပြန်ဖြုတ်ပြီးရင်တော့ >>Apply >>>ok ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ Lock ဖြည်ပြီးဖြစ်ပါတယ်....


😂😂
12/10/2022

😂😂

Laptop မဝယ်ခင်လေး ဒါလေးတော့ အရင်ဖတ်ပေးပါ    1 . ပထမဆုံး laptop တလုံးဝယ်မယ်ဆို ဘာအတွက် ဝယ်မှာလည်း ရုပ်ရှင်ကြည့်ဖို့လား ,g...
10/10/2022

Laptop မဝယ်ခင်လေး ဒါလေးတော့ အရင်ဖတ်ပေးပါ
1 . ပထမဆုံး laptop တလုံးဝယ်မယ်ဆို ဘာအတွက် ဝယ်မှာလည်း ရုပ်ရှင်ကြည့်ဖို့လား ,game ဆော့ဖို့လား ,အလုပ်လုပ်ဖို့လား , class တွေမှာ အသုံးပြုဖို့လား မဟုတ်ရင် ပေါ့ပေါ့ပါးပါးသုံးချင်လို့လား မဟုတ်ရင် အကုန်လုံးတခါတည်း သုံးချင်လို့လား အဲ့လို သုံးချင်တာကို သိထားပြီးဆိုရင် ကိုယ်သုံးမဲ့ စရိတ်တွေ ကိုလည်း ရွေးချယ်လို့ရသွားပြီဗျ ပြီးတော့ laptop ဝယ်ရင် ဒါလေး သုံးလို့ရရင် အဆင်ပြေပြီးပဲ ဆိုပြီးတော့ မဝယ်ပါနဲ့ဗျ ဘာလို့လည်းဆိုတော့ smart phone လို laptop က လဲလှယ်ရတာ မလွယ်ဘူးဗျ ၊ အရမ်း ဆုံးရူံးမှု များတယ်ဗျ ၊ ဒီရာလေး သုံးလို့ရရင် တော်ပြီ လို့ သတ်မှတ်ထားတဲ့ သူကလည်း နောက်နှောင်အတွက် နည်းနည်းပို အဆင်ပြေလောက်မဲ့ ဟာကို ပိုက်ဆံ ပိုကုန်ခံပြီး ရွေးချယ်ပြီးဝယ်သင့်တယ်ဗျ
2 . Computer ပဲဖြစ်ဖြစ် laptop ပဲဖြစ်ဖြစ် ဝယ်ရင်း အရင်ဆုံး ကြည့်ရမှာက Processor ဗျ i3 ,i5,i7 အိုက်ကောင်မျိုးတွေကို လူတိုင်း ရင်းနှီးပြီးသား သိပြီးသားတွေဗျ ဒါမဲ့ လူတိုင်း သတိမမူမိတာက generation ဗျ intel တို့ AMD တို့က သူတို့က အမြဲ processor တွေက refresh အမြဲ လုပ်နေတဲ့ အတွက် gen တွေက မြင့်မြင့်လာမှာဗျာ ဆိုပါစို့ ကျွန်တော်တို့ ၂၀၂၀ ရဲ့ Current Generation က 10 Generations ဗျ အကယ်လို့ ကျွန်တော်တို့က အခု နောက်ဆုံးထွက်တဲ့ Current Generation laptop ပဲ ဝယ်မယ်ဆိုရင် i3 10Gen , i5 10 Gen ,i7 10 Gen တွေကို ဝယ်ပလိုက်ဗျာ ....10 Gen ကို ဝယ်ဖို့ အဆငိ့မပြေဘူးဆိုရင်တောင် အနည်းဆုံး 8 Gen လောက်ထိတော့ ဝယ်သင့်တယ် ဗျ အဲ့ဒါမှ နောက်နှစ်နှစ် သုံးနှစ်လောက်ထိ အဆင်ပြေမှာဗျ ။
3 .laptop တခုကို မြန်စေတာ processor တခုတည်းအပေါ် မမူတည်ဘူး storage ပေါ်လည်း များစွာ မူတည်နေတယ် ဗျ window တင်မယ် ၊ file တွေထည့်မယ် ၊ အလုပ်တွေ လုပ်တာတွေကလည်း အိုက် storage ထဲကနေ ပဲလုပ်ရတာဗျ ။ ကျွန်တော်တို့ ရှေးရှေး ထဲက hard disk တွေကို သုံးခဲ့ကျတယ် ဗျ အိုက် hard disk တွေက data ကူးတာ ထည့်တာတို့ လုပ်တဲ့ အခါ ရွေ့လျားနေတဲ့ အစိတ်ပိုင်းတွေက လှုပ်ရှားခြင်းဖြင့် ပြီးမြောက်စေတာဗျ ။ အဲ့အတွက်ကြောင့် speed တွေ နှေးတယ် file တွေပျက်နိူင်ချေ လည်းများတယ်ဗျ ။ အခု နာမည်ကြီးနေပြီး မြန်တဲ့ အရာကိုမှ သုံးချင်တယ်ဆိုရင် SSD ပါတာ ဝယ်သင့်တယ် ဗျ ၊ SSD ဆိုတာ solid state drive ကိုပြောတာဗျ ssd နဲ့ဆို file ဖွင့်တာ ပိတ်တာ ,window တတ်တာတွေပါတွေ အကုန်မြန်တယ်ဗျ ။ ကျွန်တော်တို့ဟာ သတ်မှတ်တဲ့ စျေးနှုန်း တခုနဲ့ SSD ပါတာယူလို့ ရတယ်ဆိုရင် မြန်မြန်ဆန်ဆန် ပေါ့ပေါ့ပါးပါးသုံးချင် စိတ်လည်းရှိတယ်ဆိုရင် sSD ပါတာလေးကို ရွေးချယ် ဝယ်ယူဖို့ကလည်း အရေးပါတယ်ဗျ
4 .Ram ကလည်းအဓိက အရေးပါတယ်ဗျ အနည်းဆုံး 4GB လောက်အနည်းဆုံးရှိမှ သုံးချင်တာတွေ သုံးရမှာဗျ 8GB ဆိုရင်တော့အလန်းပေါ့ဗျာ .... editing လုပ်မယ် Android developing , programming တွေပါတွေ သုံးမယ်ဆိုရင်တော့ အနည်းဆုံး 8GB က ရှိကို ရှိနေသင့်တာဗျ နောက်အရေးကြီး တချက် အရေးကြီးဆုံးက ထပ်တိုးလို့ရလား (extend) လုပ်လို့ရလား အရမ်းအရေးကြီးတယ်ဗျ ဘာလို့လည်းဆိုတော့ ထပ်တိုးလို့မရတဲ့ fix ram ရွေးခဲ့ရင် အခု လတ်တလောအတွက် အဆငိပြေပေမဲ့ နောက်အနာဂတ်မှာ အခက်ခဲဘဖြစ်နိူင်တယ်ဗျ
5 .နောက်တခု အရေးပါတာက graphic card ပါလား မပါလားလည်း ကြည့်ရမယ်ဗျ ပါတာကို အတတ်နိူင်ဆုံး ရွေးချယ်သင့်တယ်ဗျ မေ့လို့ ပါတယ်ဆိုရင်လည်း integrated လား Dedicated လားဆိုတာလည်းကြည့်ရမယ်ဗျ
Integrated ဆိုတာက ပါတဲ့ ram ထဲက နေ ပြန်ယူသုံးတဲ့ စနစ်ဗျ အိုက်ကောင်ကတော့ သိပ်မမိုက်ဘူး အတတ်နိူင်ဆုံး Dedicated ပါတာကိုပဲ ရွေးသင့်တယ်ဗျ ။
Dedicated က သူဟာသူ computer တွေမှာလို card တခု အဖြစ်ပါတဲ့ကောင်က ပိုကောင်းတယ်ဗျ ။ ဥပမာ AMD တို့ NAVIDIA တို့ ပေါ့
6 .နောက်တခုက သိပ်အရေးမပါပေမဲ့ သတိတော့မူသင့်တယ်ဗျ ။ဘာလည်းဆိုတော့ weight ပေါ့ဗျာ ပေါ့ပေါ့ပါးပါးသုံးချင်လို့ သွားရပြုရ လွယ်လွယ်ကူကူ သယ်သွားချင်လို့ laptop ဝယ်တာဆိုတော့ အတတ်နိူင်ဆုံး အလေးချိန် နည်းတဲ့ ပေါ့တဲ့ ဟာကို ရွေးသင့်တယ်လို့ ကျွန်တော် အကြံပေးချင်တယ်ဗျ ။
7 .အဲ့ဒါကတော့ warranty ဗျ warranty ၁ နှစ်အပြည့်ပါတာဝယ်ရမယ် ပြီးတော့ oversea တွေမှာ ဆို warranty ကို ထပ်တိုးဝယ်လို့ရတာတွေရှိတယ်ဗျ အဲ့လို ဝယ်လို့ရရင်တော့ ပိုကောင်းတာပေါ့နော်
8 .နောက်ဆုံးတခုက (Brand)
Brand တွေအများကြီးထဲမှ ဘယ်ဟာသုံးမလဲ သူငယ်ချင်းတွေ ဘယ်ဟာသုံးတာ အဆင်ပြေလည်း အိမ်မှာတော့ ဒီဟာလေးကတော်တော် ခံတာပဲ ဆိုပြီး သိသလောက်မှတ်ထားပြီး ဝယ်ချင်တဲ့ brand model ရဲ့ review တွေကို
သေချာဖတ်သင့်တယ်ဗျ နောက်ဆုံး အရေးကြီးတာ warranty နဲ့ပတ်သတ်တာ service နဲ့ပတ်သတ်ဆိုရင် ကိုယ် နဲ့ အနီးဆုံးမှာ service ရှိလား အလွယ်တကူ သွားပြလို့ရလားဆိုတာကိုတော့ အဓိက ကြည့်သင့်ပါတယ် ဗျ
ရှာဖွေ တွေ့ရှိသမျှ စုစည်းဖော်ပြထားပါတယ်ဗျ
အမှားပါရင်လည်း ခွင့်လွှတ်ပေးပါအုန်းဗျ

မင်္ဂလာရှိသော သာယာပျော်ရွင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိူင်ပါစေဗျ

Credit….. BIT BY BIT TECH

မူရင်း Page သို့သွားရောက်လေ့လာကြည့်နိုင်ပါတယ်။

Computer Memory ကို Software မသုံးဘဲနဲ့ ဘယ်လိုပေါ့အောင်လုပ်မလဲ ? ကွန်ပျူတာစဖွင့်လိုက်ပြီဆိုတာနဲ့ အဓိက လုပ်ငန်းတာ၀န်များက...
03/10/2022

Computer Memory ကို Software မသုံးဘဲနဲ့ ဘယ်လိုပေါ့အောင်လုပ်မလဲ ?

ကွန်ပျူတာစဖွင့်လိုက်ပြီဆိုတာနဲ့ အဓိက လုပ်ငန်းတာ၀န်များကို လက်ခံဆောင် ရွက် ပြန်ကြား ပေးရတဲ့ အရေးကြီးအစိတ်အပိုင်းတွေထဲမှာ Memory ဟာ ထိပ်ဆုံးကဖြစ် ပါ တယ်..ကွန်ပျူတာမှာ Software , Games , Firefox ,chrome အစရှိသည်တို့ကို အ လွန်အကျွံဖွင့်ခြင်းကြောင့် Memory နေရာယူမှု အလွန်တိုးပွားလာပြီး စက်လေး သွား ခြင်း..လုံး၀ထိုးရပ်သွားခြင်းမျိုး ဖြစ်တတ်ပါတယ်..ဒီလိုမျိုးဖြစ်လာပြီဆိုရင်တော့ အခု ဖော်ပြပေးမယ့်။ ဖြေရှင်းနည်းလေးကများစွာအကူအညီပေး ပါလိမ့်မယ်..လွယ်ပါ တယ် ကဲကြည့်လိုက်ရအောင်..

( 1 ) Notepad ကိုဖွင့်လိုက်ပါ

(2) FreeMem=Space(10240000000)

Format ချမိပီးတော့ မှားဖျက်မိတဲ့ Data တွေကို ဘယ်လို ပြန်ရှာမလဲ❓▪️အခုပြောပြပေးမယ့်အကြောင်းအရာလေးကတော့ မိမိတို့ Hard Disk ...
02/10/2022

Format ချမိပီးတော့ မှားဖျက်မိတဲ့ Data တွေကို ဘယ်လို ပြန်ရှာမလဲ❓

▪️အခုပြောပြပေးမယ့်အကြောင်းအရာလေးကတော့ မိမိတို့ Hard Disk တွေ၊ USB Device တွေမှာ Format ချမိတဲ့ Data တွေကို ဘယ်လိုပြန်ရှာရမလဲဆိုတာကို ပြောပြပေးမှာဖြစ်ပါတလ်...
▪️ဒီတစ်ခေါက်မှာတော့ EaseUS Data Recovery Software နဲ့ရှာပုံရှာနည်းလေးကို အဆင့်ဆင့် ရှင်းပြထားပေးပါတလ်။

▪️EaseUS Data Recovery နဲ့ Format ချမိတဲ့ Data တွေကို ပြန်ရှာဖို့အတွက်

1️⃣ Choose the drive to scan
2️⃣ Preview
3️⃣ Recover Data ဆိုပီး အဆင့် (၃) ဆင့် ရှိပါတလ်။

Recover လုပ်ဖို့အတွက် ဘာတွေလိုအပ်မလဲ❓

✅ ကိုယ့် Data Size ပေါ်မူတည်ပီးတော့ Backup ပြန်လုပ်မယ့် Drive တစ်ခုလိုအပ်ပါမလ်။

⚠️ ကိုယ်ပြန်ယူရမယ့် Data တွေက 300GB လောက်ရှိတလ်ဆိုရင် Recover ပြန်လုပ်မယ့် Drive က အဲ့ဒါထက် ပိုများမှပဲ ရပါမလ်

✅ EaseUs Data Recovery Software ကို ရယူချင်တလ်ဆိုရင်တော့ comment မှာ လို့ ရေးခဲ့ပေးပါ....

✅ နောက်တစ်ခုကတော့ ကွန်ပျူတာတစ်လုံးလိုပါမလ်..

ကိုယ် Recover Process လုပ်နေတုန်းမှာ တစ်ခြား Software/ Application တွေ မသုံးတာ အကောင်းဆုံးပါပဲ..

⚠️ လုံးဝ သုံးလို့ မရဘူးတော့ မဟုတ်ပါဘူး
ကဲ... ဒါဆိုရင် စလိုက်ကြရအောင်..

𝐒𝐭𝐞𝐩 𝟏 - 𝐂𝐡𝐨𝐨𝐬𝐞 𝐭𝐡𝐞 𝐩𝐚𝐫𝐭𝐢𝐭𝐢𝐨𝐧
•••••••••••••••••••••••••••••••••••••••••
EaseUs Data Recovery Software ကို Install လုပ်ပီး ဖွင့်လိုက်တဲ့အခါ ပုံမှာ တွေ့ရတဲ့အတိုင်း Partition တွေကို မြင်ရမှာပဲ ဖြစ်ပါတလ်... ကိုယ်စစ်ချင်တဲ့ Partition ကို Select မှတ်ပီးတော့ Scan ဆိုတာကို နှိပ်လိုက်ပါ။

𝐒𝐭𝐞𝐩 𝟐 - 𝐒𝐞𝐥𝐞𝐜𝐭 𝐰𝐚𝐧𝐭𝐞𝐝 𝐟𝐢𝐥𝐞𝐬
••••••••••••••••••••••••••••••••••••••
Scan စစ်တာပီးသွားပီးဆိုရင်တော့ ဘယ်ဖက်ကနေရာမှာ Lost File, Delete File ဆိုတာတွေကို တွေ့ရမှာပါ။ အဲ့ဒီထဲမှာ ကိုယ်ရှာချင်တဲ့ File တွေကို တစ်ခုချင်းဆီ လိုက်နှိပ်ရှာလို့ ရသလို အပေါ်နားက Filter Tab လေးကို နှိပ်ပီးတော့လည်း File Type သီးသန့်ရှာလို့ရပါတလ်။

𝐒𝐭𝐞𝐩 𝟑 - 𝐑𝐞𝐜𝐨𝐯𝐞𝐫 𝐟𝐢𝐥𝐞𝐬 𝐭𝐨 𝐚 𝐬𝐞𝐜𝐮𝐫𝐞 𝐥𝐨𝐜𝐚𝐭𝐢𝐨𝐧
•••••••••••••••••••••••••••••••••••••••••••••••••••••••••••
ကိုယ့်ရဲ့ Data တွေ တွေ့ပီးဆိုရင်တော့ Select မှတ်ပီး Recover ဆိုတာကို နှိပ်လိုက်ပါမလ်။ ပီးတော့ ကိုယ်သိမ်းချင်တဲ့နေရာ ကို ရွေးပေးလိုက်ရင် ပီးပါပီ။
(အကောင်းဆုံးက နောက်ထပ် Drive တစ်ခုမှာ Recover လုပ်လို့ရတဲ့ Files တွေကို သိမ်းတာ အကောင်းဆုံးပါပဲ)

ဒီအဆင့်တွေပီးသွားပီဆိုရင်တော့ ကိုယ့် Files တွေ အားလုံး ပြန်ရလာမှာ ဖြစ်ပါတလ်... အားလုံးပဲ အဆင်ပြေကြပါစေ …

နောက်ပိုင်းတွေမှာလည်း မိမိတို့ သိချင်တဲ့ အကြောင်းအရာတွေကို comment box မှာ ပြောထားပေးခဲ့ကြပါအုန်း။

✅ အကြောင်းတစ်ခုခုကြောင်း Data Recovery လုပ်လို့ အဆင်မပြေတာမျိုးတွေရှိခဲ့မလ်ဆိုရင်လည်း ကျွန်တော်တို့ ITCARE Data Recovery Service ကနေ အကောင်းဆုံး ဝန်ဆောင်မှုတွေကို ပေးနေပါပီ။

✅ အခုရက်ပိုင်းဝန်ဆောင်မှုပေးခဲ့တဲ့ Service တွေ သိချင်တလ်ဆိုရင်တော့ အောက်က Link မှာ လေ့လာလို့ ရပါတလ်။
https://www.facebook.com/itcaretechnology/posts/10158715739964643

#𝗜𝗧𝗖𝗔𝗥𝗘


#𝗖𝗖𝗧𝗩 #𝗣𝗔𝗕𝗫

📷 𝗝𝘂𝘀𝘁_𝗔_𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲_𝗦𝗵𝗮𝗿𝗶𝗻𝗴 📷

🖥️💻🖱️ကွန်ပျူတာတွေဘာကြောင့် Blue Screen Error ဖြစ်တာလည်း?ကျွန်တော်တို့ computer သုံးတဲ့သူ တော်တော်များများ ကြုံတွေ့နေရတဲ့...
01/10/2022

🖥️💻🖱️ကွန်ပျူတာတွေဘာကြောင့် Blue Screen Error ဖြစ်တာလည်း?
ကျွန်တော်တို့ computer သုံးတဲ့သူ တော်တော်များများ ကြုံတွေ့နေရတဲ့ blue screen error အကြောင်း sharing လေး လုပ်ပေးချင်ပါတယ်ဗျ
Blue scrren error ဆိုတာ ဘာလဲ?
Blue screen error က ဘာလဲဆိုရင် Screen က အပြာရောင် ဖြစ်နေပြီးတော့ သူ့အပေါ် မှာ စာလေးတွေ ရေးထားပြီး error code လေးတွေ QR code လေးတွေပါ ဖော်ပြထားတဲ့ အရာမျိုးဖြစ်ပါတယ်
Window မတက်တော့ပဲ အဲ့စာပဲ ပေါ် နေမှာပါ
ဘာကြောင့် ဖြစ်တာလဲ?
ဘာကြောင့် ဖြစ်တာလဲဆိုရင်တော ကျွန်တော်တို့ computer software တွေ error ဖြစ်တယ် hardware တွေ error ဖြစ်တဲ့အခါ computer ကို ထိခိုက်မူ မရှိအောင် screen အပြာရောင် အပေါ်မှာ error message တွေနဲ့ သင့်ရဲ့ကွန်ပျူတာကတော့ ဘာဖြစ်နေပါပြီး ဆိုပြီး ပြပြီးတော့ operating system ကြီးကို ရပ်ပစ်လိုက်တာမျိုးပါ။
အဖြစ်အများဆုံး အကြောင်းအရာတွေကတော့
-Window error
-Driver error
-Software install error
-Virus
-Harddisk error တွေပဲ ဖြစ်ပါတယ်
ဘယ်လို ဖြေရှင်းမလဲ?
ဖြေရှင်းဖို့အတွက်ကတော့ ပထမဆုံး restart ချလိုက်ပါ။ တစ်ချို့က ဒီအဆင့်မှာတင် အဆင်ပြေသွားတာ ရှိပါတယ် ။ မပြေသေးတဲ့သူတွေ အတွက်ကတော့ screen မှာ ပေါ် လာတဲ့ error code ကို google မှာ ရိုက်ပြီးတော့ ရှာလို့ရသလို့ QR code လေးကို scan ဖတ်ပြီးတော့ solutions ရှာလို့ရပါတယ်။ safe mode ကို ဝင်ပြီးတော့ မကြာသေးခင်က မိမိ computer မှာ changed လုပ်ခဲ့တဲ့အရာတွေကို ပြန်စစ်ပါ ။ Window update and driver update လုပ်ပါ crack version သုံးတဲ့သူတွေကတော့ driver ကိုပဲ update လုပ်ပါ။ အဆင်မပြေသေးဘူးဆိုရင် system restore point လုပ်ခဲ့တဲ့သူတွေက system restore လုပ်ပါ ။ Antivirus software တွေနဲ့ virus စစ်ပါ။ အထက်ပါ အချက်တွေနဲ့ အဆင်မပြေဘူးဆိုရင်တော့ data တွေ backup လုပ်ပြီး Window ပြန်တင်ရပါတော့မယ်။

Credit…..Original Writer

Windows 10 ကို ဘာ့ကြောင့် သုံးသင့်သလဲ ?----------------------------------------------------------------Microsoft ကုမ္ပဏီ...
18/08/2022

Windows 10 ကို ဘာ့ကြောင့် သုံးသင့်သလဲ ?
----------------------------------------------------------------
Microsoft ကုမ္ပဏီက ထုတ်လုပ်တဲ့ Windows Operating System တွေရဲ့ ထုတ်လုပ်ခဲ့တဲ့ ဗားရှင်းတွေကို လေ့လာကြည့်မယ်ဆိုရင် ......

Windows 1.0, 1.02, 1.03, 1.04, 2.03, 2.10, 2.11, 3.0, 3.1,
Windows NT 3.1
Windows for Workgroups 3.11
Windows 3.2
Windows NT 3.5
Windows NT 3.51
Windows 95
Windows NT 4.0
Windows 98
Windows 2000
Windows Me
Windows XP
Windows Vista (Longhorn) (ချိုရှည်လို့ ခေါ်ရမလား)
Windows 7 (အမည်ဝှက် Blackcomb, Vienna) (ဘီးမည်းပေါ့ဗျာ)
Windows 8
Windows 8.1 (အမည်ဝှက် Blue) စသည်ဖြင့် ပြောင်းလဲ ထုတ်လုပ်လာခဲ့တာ
လက်ရှိသုံးနေကြတဲ့ Windows 10 (အမည်ဝှက် Threshold, Redstone)အထိ ရောက်လာခဲ့ပါပြီ။
အခုပြောတဲ့ ဗားရှင်းတွေက PC Version တွေပါ။ တစ်ကိုယ်ရည်သုံးဗားရှင်းတွေပေါ့။
နောက်ထပ် ဆာဗာကွန်ပျူတာအတွက် ဗားရှင်းတွေ၊ အခြား ဝင်းဒိုးစ်စနစ်သုံး Device တွေအတွက် ဗားရှင်းတွေ အများကြီး ကျန်ပါသေးတယ်။ ပို့စ်ရှည်သွားမှာစိုးလို့ မရေးတော့ဘူး။
အခုလက်ရှိအများစု သုံးနေတဲ့ သုံးလို့ အဆင်ပြေနေတဲ့ Windows 7 ကို လာမဲ့ အောက်တိုဘာလမှာ Supporting ပေးမှု ရပ်ဆိုင်းတော့မယ်လို့ Microsoft က ကြေငြာထားပါတယ်။
သူက ရပ်ဆိုင်းတော့မယ်ဆိုတော့ သုံးလို့ မရတော့ဘူးလားဆိုတော့ ရပါသေးတယ်။ နဂိုအတိုင်း ဆက်သုံးလို့လည်း ရပါသေးတယ်။ ဒါပေမဲ့ သူ့အတွက် ဘာမှ Update မရတော့ပါဘူး။
အဲဒီတော့ သိပ်မကြာတော့မီအချိန်မှာ ကျွန်တော်တို့အားလုံး Microsoft Windows 10 ကို ပြောင်းသုံးဖို့ လိုလာပါလိမ့်မယ်။
ကျွန်တော် စပြီးသုံးခဲ့စဉ်တုံးက Windows XP ကို အတော်ကြာကြာလေး မီလိုက်ပါတယ်။ နောက်ပိုင်း Windows Vista ထွက်လာသော်လည်း Graphic စားသုံးမှု များနေတယ်၊ XP နဲ့လည်း ဘာမှ မကွာခြားဘူးလို့ ခံစားရတဲ့အတွက် XP ကိုပဲ အားပြုပြီး သုံးဖြစ်ခဲ့ပါတယ်။ Windows 7 ထွက်လာတဲ့အချိန်ကျတော့ ဘယ်လိုပဲ ဖြစ်ဖြစ် Windows XP နဲ့ အများကြီးကွာခြားသွားတယ်။ အဲဒါနဲ့ အတော်လေး အသားကျလာတယ်။ Windows 8, 8.1 ထွက်လာပြန်တော့လည်း သိပ်ပြီး သဘောမကျတဲ့အချက်ကလေးတွေ ရှိနေသေးလို့ 7 ကိုပဲ ပေကပ်ပြီး သုံးနေပါသေးတယ်။ အခု Windows 10 ဆိုတာကြီး လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်လောက်က စပြီး ရင်းနှီးတဲ့အချိန်မှာ ဝင်းဒိုး 7 ထက် အများကြီး ကောင်းလာတာကို တွေ့ရတယ်။
ဘာတွေ ကောင်းလာသလဲ၊ ဘာ့ကြောင့် သုံးသင့်လဲ ဆိုတာလေးကို မိတ်ဆက်ပေးပါရစေ။

✅ နံပါတ်(၁)အချက်ကတော့ လုံခြုံမှုစနစ် ကောင်းလာပါတယ်။ Windows ရဲ့ Firewall စနစ်လည်း တောင့်တင်းခိုင်မာတဲ့အတွက် Website တွေကို ဝင်ရောက်ကြည့်ရှုတဲ့အချိန်မှာ စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ တစ်ခုတော့ ရှိတယ်ဗျ။ အန္တရာယ်ရှိတဲ့ ဝက်ဘ်ဆိုက်တွေကို ဝင်မိရင် Firewall က ဘလော့လိုက်တာတွေဘာညာ အဲလိုတော့ ရှိတယ်၊ ဇွတ် အတင်းသွားဝင်ရင်တော့ ထိနိုင်တာပေါ့။

✅ နံပါတ်(၂)အချက်က Virus Protection ပိုင်းပဲ။ Windows 7 မှာ ဗိုင်းရပ်စ်တွေကို ကာကွယ်ဖို့အတွက် AntiVirus မဖြစ်မနေ၊ မရှိမဖြစ်ကို လိုအပ်တယ်။ လိုင်စင်နဲ့ ဝယ်သုံးလို့ရတဲ့ AV တွေကို မသုံးနိုင်ဘူးဆိုရင် Microsoft ကနေ ထုတ်တဲ့ Microsoft Security Essential ဆိုတာကို ဒေါင်းလုဒ်လုပ်ရတယ်။ ဆိုတော့ကာ Built-In မပါဘူးပေါ့။ ဒါပေမဲ့ Windows 8 ကစမယ်ထင်တယ်၊ Windows Defender ဆိုတာလေး အော်တိုပါလာတယ်။ သူ့ကို တစ်ပတ်တစ်ခါလောက် အင်တာနက်ချိတ်ပြီး Update လုပ်လိုက်ရင်ကို တော်ရုံဗိုင်းရပ်စ်လောက်ကတော့ ကြောက်စရာ မလိုပါဘူး။ ကျွန်တော် လက်ရှိ ဝင်းဒိုးစ်ကို တင်ထားတာ ၂ နှစ် နီးပါး ရှိပါပြီ။ ဗိုင်းရပ်စ် မကိုက်သေးဘူး။ ဗိုင်းရပ်စ်ပါရင်လည်း တန်းသိတယ်။ အဖွင့်ကို မခံတာ။ တန်း ဘလော့ပစ်လိုက်ရော၊ အဲလောက်ထိ ကြမ်းတယ်။ တစ်ခုတော့ ရှိတယ်။ ဝင်းဒိုးတင်ပြီးပြီးချင်း Antivirus က Update မဖြစ်တဲ့အတွက် အင်တာနက်ချိတ်ပြီး Update လုပ်ထားဖို့တော့ လိုသေးတယ်။ အချို့က ရှိတယ်။ Antivirus အကောင်းစား Kaspersky တစ်ခွေဝယ်ပြီးရင် တစ်သက်လုံးသုံးလို့ရမယ် ထင်နေတာမျိုး။ Update မဖြစ်ရင် စက်လေးတာပဲ ရှိတယ်။

✅ နံပါတ်(၃)အချက်က User Friendly ဖြစ်တယ်။ သုံးရတာ ပိုလွယ်သလို ခံစားရတယ်။ စသုံးကာစမှာတော့ မူလ Windows7 နဲ့ မတူတဲ့အတွက် ကမောက်ကမ ဖြစ်နိုင်ပေမဲ့ သုံးတာ ကြာလာရင် ပိုလွယ်လာတယ်။ Folder Option လိုဟာမျိုးအတွက် အဆင့်ဆင့် လုပ်နေစရာ မလိုတော့ဘဲ ဘားပေါ်မှာတင် ကိုယ်လုပ်ချင်တဲ့ဟာကို အသင့် တင်ပေးထားတယ်။

✅ နံပါတ်(၄)အချက်ကတော့ Net FrameWork လိုဟာမျိုး တစ်ခါတည်း ပါလာပြီးသား။ အသစ်တင်စရာ တော်ရုံ မလိုဘူး။ Program ရေးသားမဲ့သူတွေအတွက် အဆင်ပြေတာပေါ့။

✅ နံပါတ်(၅)အချက်ကတော့ AI System အသုံးပြုထားတယ်။ Voice Recognition တွေဘာတွေ ကောင်းကောင်းသုံးလို့ ရတယ်။

✅ နံပါတ်(၆)အချက်ကတော့ Driver အတော်များများ တစ်ခါတည်းပါလာတယ်။ ဒါ့ကြောင့် ဝင်းဒိုးစ်တင်ပြီးတာနဲ ဟိုဒရိုက်ဗာ ရှာ၊ ဒီဒရိုက်ဘာ တင် လုပ်ရတဲ့ အလုပ်က အထိုက်အလျောက် ကင်းတာပေါ့။ အဓိက လိုအပ်တဲ့ Sound Card Driver, Graphic Driver တွေ တစ်ခါတည်းပါလာတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ Card တွေက သူ့ထက် မြင့်နေတယ်ဆိုရင်တော့ သက်ဆိုင်ရာ Driver ခွေနဲ့ တင်မှ အဆင်ပြေမယ်။

✅ နံပါတ်(၇)အချက်ကတော့ App Store ပါတယ်။ အဲဒီဟာက Windows 8 မှာကတည်းက ပါတယ်ထင်ပါတယ်။

✅ နံပါတ်(၈)အချက်ကတော့ Touch စနစ်ကို အထောက်အပံ့ ပေးထားတယ်။ မိတ်ဆွေတို့ရဲ့ ကွန်ပျူတာ မော်နီတာကြီးကသာ Touch စနစ် သုံးလို့ ရတယ်ဆိုရင် Windows 10 ကို မဖြစ်မနေ ရွေးသင့်တယ်။

✅ နံပါတ်(၉)အချက်က မြန်မာစာစနစ် တစ်ခါတည်းပါလာပြီးသားဗျ။ ဒါပေမဲ့ Language တော့ မြန်မာလို သုံးလို့ မရသေးဘူး။ မြန်မာ Language ထည့်ပေးရအောင်ကလည်း မြန်မာနိုင်ငံက ဝင်းဒိုးစနစ်ကို ပိုက်ဆံအပြည့်ပေးပြီး ဝယ်သုံးတာ ရှားတာကိုး။ များသောအားဖြင့် Crack Version တွေကိုပဲ သုံးကြတာ များတယ်လေ။ ဥပမာ ပြောရရင် Adobe Page Maker 7.0 ဆို မြန်မာနိုင်ငံရဲ့ ဘယ်နေရာကအခွေကို ဝယ်ပြီး Install လုပ်လုပ် Serial No. 103911212998758673887545 ဆိုပြီးသာ ရိုက်ထည့်လိုက် အိုခေ။ အလွတ်ကို ရနေတော့တာ။ အဲဒီ Software တစ်ခွေတည်း ဝယ်ပြီးများ တစ်နိုင်ငံလုံး ဖြန့်လိုက်လား စဉ်းစားမိတယ်။

✅ နောက်ပြီး သူ့ရဲ့ UI က Windows 7 နဲ့ မတူတော့ဘူး။ Windows 7 မှာ Areo Effect တွေကြောင့် နည်းနည်း လေးတယ်။ ဒီမှာတော့ အဲဒီလိုတွေ မလေးတဲ့ အပြင် မျက်စိထဲမှာ အမြင်ဆန်းပြီး ရှင်းလင်းသပ်ရပ်နေတယ်။

ကျန်တဲ့အချက်အလက်တွေလည်း အများကြီး ရှိနေပါသေးတယ်။
ကျွန်တော်ကတော့ အပေါ်က အချက်တွေကြောင့် ကြိုက်တာပါပဲ။ တစ်ကမ္ဘာလုံးက Windows User တွေရဲ့ Feedback တွေလည်း အများကြီးပါပဲ။ Myanmar User တွေထဲမှာလည်း သုံးတဲ့သူတွေ အတော်များလာပါပြီ။
ဒါ့ကြောင့် Windows 10 ကို စမ်းပြီးသုံးကြည့်ဖို့ အကြံပြုလိုက်ရပါတယ်ဗျာ။

Credit..._to_original

ဒီလောကထဲရောက်ရင် ဒါတွေလည်းသိထားသင့်ပါတယ်DVD+R, DVD+RW,DVD-R, DVD-RWမိသားစုများ ခင်ဗျာ....Burn ပီးသား DVD အခွေကို ပြန်ဖျက...
18/08/2022

ဒီလောကထဲရောက်ရင် ဒါတွေလည်းသိထားသင့်ပါတယ်
DVD+R, DVD+RW,DVD-R, DVD-RW

မိသားစုများ ခင်ဗျာ....Burn ပီးသား DVD အခွေကို ပြန်ဖျက်လို့ရမလား မသိဘူး...ကျွန်တော်က ကွန်ပျုတာ ဗဟုသုတ တွေကိုလေ့လာနေဆဲ မို့ မသိလို့ကူညီပေးကြပါဦး... ရမယ် ဆိုရင်လဲ လုပ်နည်း လေးကိုအသေးစိတ်ရှင်းပြပေးပါလား ခင်ဗျာ....

Originally Posted by ငြိမ်းချမ်း
မရလောက်ဘူးလို့ထင်တယ်ဗျ... burnပီးသားခွေကိုသာ ထပ်ပြီးburn လို့ရတာ... ကျွန်တော်လည်းအဲဒါကို ရရင် သိချင်နေပါတယ်.. သိတဲ့သူတွရှိရင်တော့၀င်ဖြေကြပါလိမ့်မယ်..
ဖော်ပြထားတဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီး မဖြစ်မနေ သိထားသင့်တဲ့ အကြောင်းအရာ တစ်ချို့ ရှိပါတယ်။ Burn ပီးသား DVD အခွေကို ပြန်ဖျက်လို့ ရသလား ဆိုတဲ့ မေးခွန်းက တကယ်တော့ မပြည့်စုံသေးပါဘူး - ဘာကြောင့်လည်းဆို ကျွန်တော်တို့ DVD လို့ ပြောလိုက်တာနဲ့ အရင်ဆုံး Format နှစ်မျိုးရှိတာ သိထားရပါလိမ့်မယ်။ အဲ့ဒီ Format နှစ်မျိုးက "Minus" ("-") Formats လို့ ခေါ်တဲ့ ( DVD-R, DVD-RW ) ဆိုတာရယ် "Plus" ("+") Formats လို့ ခေါ်တဲ့ ( DVD+R, DVD+RW ) ဆိုတဲ့ နှစ်မျိုးဖြစ်ပါတယ်။ ဒီ +R တို့ -R တို့ +RW တို့ -RW တို့ဆိုတာ Data တွေကို ဘယ်လိုခန့်ခွဲနိုင်မယ် ဆိုတာကို အဓိက ရည်ရွယ်တာ ဖြစ်ပါတယ်။

Photo from online.tenadigitalmarket.com

နားလည်လွယ်အောင် ပြောရရင် "Minus" ("-") Formats ဆိုကြပါစို့ - သူ့မှာ DVD-R နဲ့ DVD-RW ရှိတယ်။ အဲမှာ DVD-R ဆိုတာ write-once format ကို ဆိုလိုပါတယ်။ ပြောချင်တာက အဲ့အခွေက Data တွေ တစ်ကြိမ်တစ်ခါ ရိုက်တာကိုပဲ ခွင့်ပြုတယ် - တစ်ခါရိုက်လိုက်ပြီးတာနဲ့ အဲ့ဒီ့ DVD မှာ နောက်ဘယ်တော့မှ Data ထပ် Burn လို့ မရတော့ဘူး - ရိုက်ထားတဲ့ အတိုင်းပဲ တစ်သက်လုံး သိမ်းသွားပေတော့ ဆိုတဲ့ သဘောဖြစ်ပါတယ်။ သူနဲ့ ကွာခြားသွားတဲ့ DVD-RW ဆိုတာကကျတော့ Data တွေကို တစ်ကြိမ်ထက်မက ရိုက်နိုင်တယ် အကြိမ်ပေါင်းမြောက်များစွာ ရိုက်နိုင်တယ် - ရိုက်ပြီးသားလည်း ပြန်ဖျက် ပြန်ရိုက်လို့ ရတယ် - ဒါကို ဆိုလိုတာ ဖြစ်ပါတယ်။ ခဏခဏ ပြန်ရိုက်လို့ ရတယ် ဆိုပေမယ့်လည်း တန်ဆေးလွန်ဘေး ဆိုသလိုမျိုး ခဏခဏ ရိုက်လိုက် ဖျက်လိုက် လုပ်လို့တော့ မကောင်းပါဘူး - သူလည်း ပစ္စည်းပဲမို့ ပျက်တာကတော့ ပျက်နိုင်တာပါပဲ -

Photo from memorex.com

နောက်တစ်ခုက "Plus" ("+") Formats လို့ ခေါ်တဲ့ ( DVD+R, DVD+RW ) အကြောင်း - သူ့အကြောင်းကို ပြောမယ်ဆို နည်းနည်းတော့ လက်ပေါက်ကပ်ပါတယ်။ DVD+R ဆိုတာ DVD-R လိုမျိုးပဲ ( 4.7GB ) data storage capacity ရှိပြီး write-once format ပဲ လုပ်နိုင်တဲ့ DVD ဖြစ်တာချင်း တူပေမယ့် သူ့မှာ DVD players တော်တော်များများနဲ့ တွဲဖက် အသုံးပြုနိုင်စေဖို့ ပြင်ဆင်ထား ပါတယ်။ နောက် DVD+RW မှာကတော့ DVD-RW နဲ့ မတူတော့ပဲ စွမ်းဆောင်ရည်လေးတွေ ဒီ့ထက် နည်းနည်းပိုလာပါတယ်။ ဆိုလိုတာ DVD+RW ခွေနဲ့ ရိုက်ရင် Data တွေကို ပိုမြန်မြန် ရိုက်လို့ ရမယ်။ နောက် Disk ထဲမှာ ထည့်မယ့် Data တွေကို အလွယ်တကူ ပြင်ဆင်နိုင်ဖို့ Desktop ပေါ်ကနေ ဖိုင်တွေ drag-and-drop လုပ်လို့ ရမယ် - internal linking ကောင်းမယ် ( internal linking ဆိုတာ Technical အရ ပြောတာပါ - အရေးသိပ်မကြီးပါဘူး ) - အဲလို ကျွန်တော် ဖော်ပြပြီးခဲ့တဲ့ အားသာချက် အားနည်းချက်တွေကြောင့် ( DVD-R, DVD-RW ) တွေက ( DVD+R, DVD+RW ) ထက်စာရင် ဈေးကွက်မှာ ဈေးပိုသက်သာတာ တွေ့ရပါလိမ့်မယ်။ ( DVD+R, DVD+RW ) တွေကတော့ ဈေးနည်းနည်းပိုကြီးတတ်ပါတယ်။

ကျွန်တော် ခုဖော်ပြခဲ့သလောက်ဆို ဘယ် DVD က ခဏခဏ ဖျက်လို့ ရတယ် - ဘယ်ဟာကတော့ ဖျက်လို့ မရဘူး - DVD ချင်းတူပေမယ့် ဘာတွေက ဘယ်လိုကွာခြားတယ် ဆိုတာ နားလည်နိုင်လိမ့်မယ် ထင်ပါတယ်။

မူရင်းရေးသားသူ
KznT.

Address

Pazuntaung
Yangon
11171

Website

Alerts

Be the first to know and let us send you an email when HS Technology Training & Software Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share