17/05/2026
🏆ကမ္ဘာ့အကောင်းဆုံး နံပါတ်(၁) နည်းပညာတက္ကသိုလ် 𝐌𝐈𝐓
✅𝐌𝐚𝐬𝐬𝐜𝐡𝐮𝐬𝐞𝐭𝐭𝐬 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 𝐨𝐟 𝐓𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 ဟာ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်တွေထဲက တစ်ခုဖြစ်ပြီး အင်ဂျင်နီယာ၊နည်းပညာများဖြင့် ဂုဏ်သတင်းကျော်ဇောပါတယ်။ ၁၈၆၁ ခုနှစ်မှာ 𝐖𝐢𝐥𝐥𝐢𝐚𝐦 𝐁𝐚𝐫𝐭𝐨𝐧 𝐑𝐨𝐠𝐞𝐫𝐬 စတင်တည်ထောင်ခဲ့ပြီး ကျောင်းရဲ့ ဆောင်ပုဒ်ကတော့ “𝐌𝐢𝐧𝐝 𝐚𝐧𝐝 𝐇𝐚𝐧𝐝” ဖြစ်ပါတယ်ဗျာ့
✅ကမ္ဘာ့တက္ကသိုလ်တွေရဲ့ 𝐑𝐚𝐧𝐤𝐢𝐧𝐠 တွေကို ကြည့်သည့်အခါ ထိုကျောင်းက နိုဘယ်ဆုရှင် ဘယ်နှစ်ဦးထွက်ခဲ့သလဲဆိုတာပါ ထည့်သွင်းစဉ်းစားကြပါတယ်။ 𝐌𝐈𝐓 ကနေ ၂၀၂၅ စာရင်းအရထိ နိုဘယ်ဆုရှင် စုစုပေါင်း(၁၀၁)ဦးရှိပြီး သုတေသနကိုဦးစားပေးသည့် တက္ကသိုလ်တစ်ခုဖြစ်ပါတယ်
♦️𝐌𝐈𝐓 ဟာ စုစုပေါင်းကျောင်း(၆)ကျောင်း ရှိပြီး
▪️ 𝐒𝐜𝐡𝐨𝐨𝐥 𝐨𝐟 𝐀𝐫𝐜𝐡𝐢𝐭𝐞𝐜𝐭𝐮𝐫𝐞 𝐚𝐧𝐝 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠 (𝐒𝐀+𝐏)
▪️ 𝐒𝐜𝐡𝐨𝐨𝐥 𝐨𝐟 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 (𝐒𝐨𝐄)
▪️ 𝐒𝐜𝐡𝐨𝐨𝐥 𝐨𝐟 𝐇𝐮𝐦𝐚𝐧𝐢𝐭𝐢𝐞𝐬, 𝐀𝐫𝐭𝐬, 𝐚𝐧𝐝 𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 (𝐒𝐇𝐀𝐒𝐒)
▪️ 𝐌𝐈𝐓 𝐒𝐥𝐨𝐚𝐧 𝐒𝐜𝐡𝐨𝐨𝐥 𝐨𝐟 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭
▪️𝐒𝐜𝐡𝐨𝐨𝐥 𝐨𝐟 𝐒𝐜𝐢𝐞𝐧𝐜𝐞
▪️𝐌𝐈𝐓 𝐒𝐜𝐡𝐰𝐚𝐫𝐳𝐦𝐚𝐧 𝐂𝐨𝐥𝐥𝐞𝐠𝐞 𝐨𝐟 𝐂𝐨𝐦𝐩𝐮𝐭𝐢𝐧𝐠 တို့ပဲ ဖြစ်ပါတယ်
✅𝐌𝐈𝐓 ရဲ့ 𝐋𝐚𝐛 တွေဟာလည်း နာမည်ကြီးပါတယ်၊ သီအိုရီသက်သက်တွက်ချက်တာတင် မဟုတ်ဘဲ လက်တွေ့ အလုပ်လုပ်တဲ့ ပစ္စည်း(𝐩𝐫𝐨𝐭𝐨𝐭𝐲𝐩𝐞) ပါ ထွက်လာအောင်လုပ်ကြတာပါ။ အဲ့ဒီ 𝐋𝐚𝐛 တစ်ခုတည်းမှာတင် ၊ နယ်ပယ်စုံက သူတွေစုပြီး အတူတူအလုပ်လုပ်ကြလို့ အဖြေအသစ်တွေနဲ့ 𝐢𝐝𝐞𝐚 အသစ်များရရှိကြပါတယ်
❇️ဉပမာအနေဖြင့်ဆို 𝐌𝐈𝐓 ရဲ့ 𝐋𝐚𝐛 တစ်ခုဖြစ်သည့် 𝐂𝐒𝐀𝐈𝐋 ကနေ 𝐖𝐨𝐫𝐥𝐝 𝐖𝐢𝐝𝐞 𝐖𝐞𝐛 နည်းပညာကို ဖန်တီးခဲ့တာပါ၊ ၁၉၉၄ ခုနှစ်မှာ အင်တာနက်ကို တီထွင်ခဲ့သူ 𝐓𝐢𝐦 𝐁𝐞𝐫𝐧𝐞𝐫𝐬-𝐋𝐞𝐞 ဟာ 𝐌𝐈𝐓 ကို ရောက်လာပြီး 𝐂𝐒𝐀𝐈𝐋 𝐋𝐚𝐛 မှာ 𝐖𝐖𝐖 နည်းပညာကို တီထွင်ခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက အင်တာနက် 𝐰𝐞𝐛𝐬𝐢𝐭𝐞 တစ်ခုနဲ့တစ်ခုဟာ ချိတ်ဆက်ပုံတွေဟာ ဖရိုဖရဲ ဖြစ်နေပြီး 𝐌𝐈𝐓 𝐋𝐚𝐛 ကနေ 𝐇𝐓𝐌𝐋, 𝐂𝐒𝐒 စတဲ့ 𝐬𝐭𝐚𝐧𝐝𝐚𝐫𝐝တွေကို သတ်မှတ်ပေးခဲ့လို့သာ အခုချိန် မည်သည့် 𝐁𝐫𝐨𝐰𝐬𝐞𝐫 နှင့်မဆို 𝐖𝐞𝐛𝐬𝐢𝐭𝐞 များကို ကြည့်လို့ရနေတာ ဖြစ်ပါတယ်
👉ပိုမိုလေ့လာချင်သူများအတွက် အောက်ပါ 𝐥𝐢𝐧𝐤 များကို 𝐜𝐥𝐢𝐜𝐤 ပြုလုပ်၍ လေ့လာနိုင်ပါတယ်ဗျာ့ 👇
https://www.eecs.mit.edu/academics/
https://catalog.mit.edu/degree-charts/computer-science-engineering-course-6-3/
✅အထက်ပါ အကြောင်းအရာပါ အချက်အလက်များသည် အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်ဗျာ့