22/09/2026
iPadအတွက်အကောင်းဆုံး Keyboard, Logitech K390!
iPad/Tablet နဲ့တွဲသုံးဖို့ Wireless Keyboard ကောင်းရှာနေရင်ရှည်ရှည်ဝေးဝေးလိုက်မရှာနဲ့ဒီ Keyboardသာယူကွာလို့ညွှန်းလို့ရတဲ့ထိအဆင်ပြေတဲ့ Logitech K390တွေပြန်ရပြီ။
"ညွှန်းလှချည်လား"ဆိုရင်လည်း သူ့အရင် K380ကတည်း
က iPad/Tablet အတွက် ဒီKeyboard ကဘယ်လောက်
အဆင်ပြေကြောင်းသက်သေပြထားတာကြောင့်လည်း
ညွှန်းနိုင်တာ။
🔹 415 Gramsလောက်ပဲလေးပြီး16MMလောက်ထိပါးတဲ့ Slim ဖြစ်လွန်းတဲ့ K390ရဲ့ Bodyက ဘယ်သွားသွားယူသွား ဘယ်ထဲပဲထည့်ထည့်အဆင်ပြေတဲ့ထိ Portable ဖြစ်တယ်။
🔹 Quiet Typing ဖြစ်တဲ့အတွက် Library မှာပဲဖြစ်ဖြစ်၊ Cafe မှာပဲဖြစ်ဖြစ်၊ Office မှာပဲဖြစ်ဖြစ် ဘေးကလူတွေကို အနှောင့်အယှက်မဖြစ်စေဘဲ အေးအေးဆေးဆေးစာရိုက်နိုင်တယ်။
🔹 K390မှာ Feature အသစ်အနေနဲ့ Screenshot ရိုက်တာ၊ Emoji သုံးတာ၊ Search လုပ်တာနဲ့ Voice Dictation လို Function တွေအတွက် Shortcut Keys တွေပါဝင်တာကြောင့် iPad ကို Laptop တစ်လုံးလို Productivity ပိုင်းမှာ ပိုအဆင်ပြေပြေအသုံးချနိုင်တယ်။
🔹 Device 3 ခုထိ Bluetooth နဲ့ Pair လုပ်ထားနိုင်ပြီး Easy-Switch Button လေးတစ်ချက်နှိပ်ရုံနဲ့ Device တစ်ခုကနေ တစ်ခုကို အလွယ်တကူပြောင်းသုံးနိုင်တာကလည်း သူ့အားသာချက်ပဲ။
🔹 iPadOS, Android, macOS, Windows Operation System အကုန်လုံးနဲ့လည်းအဆင်ပြေတယ်။
🔹 AAA ဓာတ်ခဲနဲ့ဖြစ်ပေမယ့်လည်းBattery Life ကတော့ 3နှစ်လောက်ထိခံမှာဆိုတော့ ကိုယ်သုံးနေတာ Batteryလဲရတဲ့ Keyboardဆိုတာကိုတောင်မေ့သွားစေမှာ။
Market ထဲမှာ iPad/Tablet အတွက် K390 ထက် ဈေးပိုများပြီး Feature ပိုစုံတဲ့ Keyboard တွေရှိသလို ဈေးပိုသက်သာပေမယ့် Feature မစုံတဲ့ Keyboard တွေလည်းရှိတယ်။ ဈေးလည်းပိုများပြီး Feature လည်းမစုံတဲ့ Keyboard တွေတောင်ရှိသေးတယ်။
K390 ကတော့ Price နဲ့ Features နှစ်ခုလုံးကို Balance ဖြစ်အောင်လုပ်ပေးထားတာကြောင့် iPad/Tablet အတွက် Wireless Keyboard ရွေးမယ်ဆိုရင် အကောင်းဆုံးရွေးချယ်မှုတွေထဲက တစ်ခုအဖြစ် ညွှန်းပေးရတာဖြစ်ကြောင်းပါခင်ဗျာ။
PS: ဒီ K390ကိုပဲ Region အလိုက် K380s ၊ Logicool K380s အမျိုးမျိုးနာမည်တပ်ထားပေမယ့်အားလုံးက
တော့ ဒီ Keyboardတစ်ခုတည်းကိုနာမည်ကွဲနေတာဖြစ်ကြောင်းလည်းကြိုအသိပေးထားပါရစေ။