SHWE BURMA - ရွှေဘားမား

SHWE BURMA - ရွှေဘားမား Burmese Local Products

မြန်မာ့ရိုးရာ လက်မှုအနုပညာအကြောင်းပြောမယ်ဆို ဆေးပေါ့လိပ်ကိုလည်း မချန်ထားသင့်ပါဘူး ။ ဘာကြောင့်လည်းဆိုတော့ ဆေးရွက်ကို ရွေး...
08/09/2026

မြန်မာ့ရိုးရာ လက်မှုအနုပညာအကြောင်းပြောမယ်ဆို ဆေးပေါ့လိပ်ကိုလည်း မချန်ထားသင့်ပါဘူး ။ ဘာကြောင့်လည်းဆိုတော့ ဆေးရွက်ကို ရွေးချယ်ခြင်း၊ ဆေးရွက်ကို ခြောက်သွေ့အောင် ပြုလုပ်ခြင်း၊ အရွယ်အစားညီညာအောင် ဖြတ်တောက်ခြင်းနှင့် လက်ဖြင့်လိပ်ခြင်းတို့က လူရဲ့ကျွမ်းကျင်မှုနှင့် အတွေ့အကြုံကို အခြေခံပြီး ပြုလုပ်ရပါတယ်။

စက်မှုလုပ်ငန်းလို စက်ယန္တရားများကို အပြည့်အဝ မမှီခိုဘဲ လက်နဲ့လုပ်ရတာကြောင့် ပြုလုပ်သူရဲ့ လက်စွမ်းနှင့် အနုပညာခံစားချက်များ ပါဝင်နေပါတယ်။ဒါကြောင့် ဆေးပေါ့လိပ်ကို လက်မှုအနုပညာတစ်ရပ်အဖြစ် သတ်မှတ်နိုင်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဒါ့အပြင် ဆေးပေါ့လိပ်တစ်လိပ်ချင်းစီမှာ လိပ်ပုံလိပ်နည်း၊ အရသာနှင့် အနံ့အသက်များမှာ လုပ်သူ၏ လက်ရာအပေါ် မူတည်၍ ကွာခြားတတ်ပါတယ်။ဒီလို လူ့လက်စွမ်း၊ ရိုးရာနည်းလမ်းနှင့် မြန်မာ့ရင်းမြစ်များ ပေါင်းစပ်ပါဝင်နေတဲ့ ဆေးပေါ့လိပ်ကို မြန်မာ့လက်မှုအနုပညာအဖြစ် သတ်မှတ်ခြင်းမှာ သင့်လျော်ပါသည်။

ခေတ်နဲ့စနစ်တွေ ပြောင်းလည်းချက်အရ လက်မှုမှ စက်မှုသို့ပြောင်းခဲ့ရသော်လည်း ဟိုးယခင်အတိုင်း အရသာမပျက်ရှိနေတာတော့ မြန်မာ့ရိုးရာရှေးနည်းအတိုင်း ထုတ်လုပ်ထားတဲ့ 𝐒𝐡𝐰𝐞 𝐁𝐮𝐫𝐦𝐚 - ရွှေဘားမား မြန်မာ့ဆေးပေါ့လိပ်ပါပဲ…

ရွှေဘားမား အကောင်းဆုံး မြန်မာ့ရိုးရာဆေးပေါ့လိပ်
-------------------------------------------
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။




Viber Community ကို join ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
https://rb.gy/ex5c7x
www.shweburma.com.mm

#မြန်မာ့လက်မှုအနုပညာ
#ရွှေဘားမား #ဆေးပေါ့လိပ် #မြန်မာ့ဆေးပေါ့လိပ် #မြန်မာ့ရိုးရာဆေးပေါ့လိပ်

ဆေးလိပ်သောက်သုံးသူများရဲ့ စကားစတစ်ခုဖြစ်တဲ့ စိတ်ညစ်လို့ဆေးလိပ်သောက်တာ ၊ ဆေးလိပ်က Stress ကိုပြေလျော့စေတယ် ၊ စိတ်သက်သာစေတယ...
07/09/2026

ဆေးလိပ်သောက်သုံးသူများရဲ့ စကားစတစ်ခုဖြစ်တဲ့ စိတ်ညစ်လို့ဆေးလိပ်သောက်တာ ၊ ဆေးလိပ်က Stress ကိုပြေလျော့စေတယ် ၊ စိတ်သက်သာစေတယ် ဆိုတဲ့ ကြားဖူးကြမယ်ထင်ပါတယ် ။

ဒါဆိုရင် ဆေးပေါ့လိပ်က Stress ကိုတကယ်ပြေလျော့စေလား ?

တကယ်တော့ ဆေးလိပ်ထဲမှာပါတဲ့ Ni****ne ဟာ ဦးနှောက်ထဲမှာ Dopamine ထွက်စေပြီး ဒါကပဲ စိတ်ကို ခဏတာ လွတ်လပ်ပေါ့ပါးသွားသလို ၊ အေးချမ်းသွားစေသလိုဖြစ်တာပါ ။ ဒါကြောင့် ခဏတာ စိတ်သက်သာရာ ရသလို ခံစားရတာဖြစ်ပြီး ဆေးလိပ်က Stressတွေကို လျော့စေတယ်ဆိုပြီး ဖြစ်လာတာပါ။

💥ဒါပေမယ့် အဲ့ဒီအာနိသင်ဟာ မိနစ်အနည်းငယ်ပဲ ကြာပြီး Ni****ne လျော့သွားတာနဲ့ –
-စိတ်မငြိမ်
-အထိတ်တလန့်ဖြစ်ခြင်း
-စိတ်တိုလွယ်ခြင်း

ဆိုတဲ့ Withdrawal Symptoms တွေ ပြန်ဖြစ်လာပါတယ်။ ထပ်သောက်လိုက်ရင် အဲ့ဒီ Withdrawal ပဲ ပြန်လျော့သွားတာပါ။ Stressတကယ်လျော့တာမဟုတ်ပါဘူး📌

ရွှေဘားမား အကောင်းဆုံး မြန်မာ့ရိုးရာဆေးပေါ့လိပ်
-------------------------------------------
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။




Viber Community ကို join ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
https://rb.gy/ex5c7x
www.shweburma.com.mm
Phone 09- 954399998

#ရွှေဘားမား #ဆေးပေါ့လိပ် #မြန်မာ့ဆေးပေါ့လိပ်

ရွှေဘားမား နောက်ဆုံးထုတ် 𝐂𝐋𝐀𝐒𝐒𝐈𝐂 (မြန်မာ့ဆေးပေါ့လိပ်) တွင် ဆေးရွက်အဖြစ် အကောင်းဆုံးအရည်အသွေးပြည့် သနပ်ဖက်ကို အသုံးပြုထား...
22/08/2026

ရွှေဘားမား နောက်ဆုံးထုတ် 𝐂𝐋𝐀𝐒𝐒𝐈𝐂 (မြန်မာ့ဆေးပေါ့လိပ်) တွင်

ဆေးရွက်အဖြစ် အကောင်းဆုံးအရည်အသွေးပြည့် သနပ်ဖက်ကို အသုံးပြုထားသည် ။
စပ်ဆေးအဖြစ် ရှေးဘုရင်များသဘောကျသုံးစွဲခဲ့သော ဆေးစပ်နည်းအတိုင်းစပ်ပြီးသုံးထားသည်။
အစီခံ အဖြစ် ချိုမြိန်သင်းပျံ့တဲ့အရသာရှိတဲ့ကြံဖက်ကို အသုံးပြုထားပြီး
ထုတ်လုပ်မှုနှင့်အတူ ပါဝင်ပစ္စည်းအားလုံး မြန်မာမှုကိုသာ အသုံးပြုထားသည်။

ထို့ကြောင့် ရွှေဘားမား 𝐂𝐋𝐀𝐒𝐒𝐈𝐂 သည် မြန်မာ့အရသာစစ်စစ် ဖြစ်ကြောင်း အာမခံပါသည်။

ရွှေဘားမား အကောင်းဆုံး မြန်မာ့ရိုးရာဆေးပေါ့လိပ်
--------------------------------------------
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။

Viber Community ကို join ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
https://rb.gy/ex5c7x
www.shweburma.com.mm



#ရွှေဘားမားမြန်မာ့ရိုးရာဆေးပေါ့လိပ်

ဘယ်လောက်ကောင်းကောင်း အ‌ဟောင်းမှအဟောင်းဆိုသူတွေ ရှိကြလား ?အသစ်အဆန်းတွေ ဘယ်လိုပေါ်ပေါ် မူလလက်ဟောင်းကိုမှ သဘောကျနှစ်သက်တတ်သ...
14/08/2026

ဘယ်လောက်ကောင်းကောင်း အ‌ဟောင်းမှအဟောင်းဆိုသူတွေ ရှိကြလား ?

အသစ်အဆန်းတွေ ဘယ်လိုပေါ်ပေါ် မူလလက်ဟောင်းကိုမှ သဘောကျနှစ်သက်တတ်သူတွေ ၊ ရိုးရာအတိုင်း ထုတ်လုပ်ထားတဲ့ အရာတွေကိုပဲ သဘောကျတတ်သူတွေဆိုတာ ခေတ်တိုင်းမှာ ရှိစမြဲပါ ။

ဥပမာ-

အရသာစုံတဲ့ ကော်ဖီတွေ ပေါ်လာပေမဲ့ မြန်မာ့လက်ဖက်ရည်မှ လက်ဖက်ရည်ဆိုတဲ့သူတွေ
သောက်စရာအအေးအစုံပေါ်လာပေမဲ့ ရေနွေးကြမ်းနဲ့မှ အဆင်ပြေတယ်ဆိုတဲ့သူတွေ
အနံ့အရသာ ပုံစံအစုံနဲ့စီးကရက်တွေပေါ်လာပေမဲ့ ဆေးပေါ့လိပ်မှဆေးပေါ့လိပ်ဆိုသူတွေ

ဒီလို ရိုးရာနဲ့ပေါင်းစပ်ဖော်ထုတ်ထားတဲ့ အရာတွေကိုပဲ သဘောကျတတ်သူတွေ မြန်မာ့လူမှုအသိုင်းဝိုင်းမှာ အားကောင်းလျက်ရှိနေဆဲပါ ။ချစ်စဖွယ် ယဉ်ကျေးမှုကို ဖက်တွယ်ထားခြင်းတစ်မျိုးပဲပေါ့ ။

ဒီထဲကမှ ရိုးရာဖြစ်ပြီးရော ဘာတံဆိပ်ဖြစ်ဖြစ် သုံးတဲ့သူတွေရှိသလို သုံးနေကြအမှတ်တံဆိပ် (သို့မဟုတ်) မြန်မာ့ရိုးရာနည်းအတိုင်း ထုတ်လုပ်ထားတဲ့ ပစ္စည်းကိုသာ သီးသန့်သဘောကျတတ်တဲ့ သူတွေလည်းရှိရာ 𝐒𝐡𝐰𝐞 𝐁𝐮𝐫𝐦𝐚 - မြန်မာ့ဆေးပေါ့လိပ်ကတော့ မြန်မာရိုးရာနည်းအတိုင်း ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို ကြိုက်နှစ်သက်တဲ့ ဆေးပေါ့လိပ်အဖြစ် ရပ်တည်လျက်ရှိပါတယ် ။

ရွှေဘားမား အကောင်းဆုံး မြန်မာ့ရိုးရာဆေးပေါ့လိပ်
-------------------------------------------
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။




Viber Community ကို join ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
https://rb.gy/ex5c7x
www.shweburma.com.mm


#မြန်မာ့ရိုးရာ #ရွှေဘားမား #ဆေးပေါ့လိပ် #မြန်မာ့ဆေးပေါ့လိပ်

အမှတ်တမဲ့မှ အမှတ်တရဖြစ်နေရတဲ့ ငယ်ဘဝပုံရိပ်များ အညာမှာ ကြီးပြင်းခဲ့ရတဲ့ အညာသူကျွန်မ ဒီနေ့ပြင်းပြင်းပြပြ သတိရနေခဲ့တာကတော့ ...
10/08/2026

အမှတ်တမဲ့မှ အမှတ်တရဖြစ်နေရတဲ့ ငယ်ဘဝပုံရိပ်များ

အညာမှာ ကြီးပြင်းခဲ့ရတဲ့ အညာသူကျွန်မ ဒီနေ့ပြင်းပြင်းပြပြ သတိရနေခဲ့တာကတော့ ငယ်ဘဝမှာ တွေ့ရခဲ့တဲ့အညာမနက်ခင်းတွေနဲ့ အညာမြင်ကွင်းတွေပါပဲ ။ငယ်ဘဝ နေ့စဉ်မြင်ခဲ့ရတဲ့ ပုံမှန်မြင်ကွင်းလေးက အခုအခါမှာတော့ တသသ သတိရနေရတဲ့ မမေ့နိုင်တဲ့ ပုံရိပ်လေးတွေ ဖြစ်လာခဲ့ပါပြီ ။

မနက်စောစောထခဲ့ရပုံတွေ ၊ မနက်စာအဖြစ် အရောင်မစုံပေမဲ့ အာဟာရစုံတဲ့ ထမင်းဆီဆမ်း ၊ ပဲပြုတ်နဲ့အကြော်ကို မောင်နှမတတွေ ခေါင်းမဖော်တမ်းစားခဲ့ပုံတွေ ၊ဆေးပေါ့လိပ်ကိုခဲ တောသွားဖို့ပြင်နေကြတဲ့ အဘိုးနဲ့အဖေ့ရဲ့ ပုံရိပ်တွေ အို...စုံလို့စုံလို့ပါပဲ ။

မနက်အစော ၊ ထမင်းဆီဆမ်းပဲပြုတ်အကြော်၊ ဆေးပေါ့လိပ် ဒါတွေဟာ လုပ်ယူလို့ရတယ်ဆိုပေမဲ့ တကယ် ပြန်လုပ်ယူရင်တောင် အရင်တုန်းကရခဲ့တဲ့ ခံစားချက်တွေနဲ့ နွေးထွေးမှုတွေကိုတော့ မရနိုင်တော့ပါ ။ ဒါတွေနဲ့အတူ လရောင်အောက် ကွပ်ပြစ်ပေါ်မှာ ဆေးပေါ့လိပ်ကိုခဲကာ သူတို့ရဲ့ အတိတ်အကြောင်းတွေနဲ့ ဘဝအတွေ့အကြုံတွေကို ဇာတ်လမ်းသဖွယ်ပြောပြနေတဲ့ အဘိုးအဘွားတို့ရဲ့ ပုံရိပ်တွေကလည်း ထပ်တူ လွမ်းမောရတဲ့ အမှတ်တရတွေပေါ့ ။

ပြောင်းလည်းလာတဲ့ မြို့ပြယဉ်ကျေးမှုအကြား ဒီအရာတွေဟာ အခုချိန်မှာတော့ ပြန်မရနိုင်တော့တဲ့ အတိတ်ကအရိပ်တွေအဖြစ်သာ ကျန်ရှိခဲ့ပါပြီ ။ ဒါပေမဲ့လည်း ဘယ်သောအခါမှ မမေ့တော့မဲ့ အမှတ်တရတွေပါပဲ ….

ရွှေဘားမား အကောင်းဆုံး မြန်မာ့ရိုးရာဆေးပေါ့လိပ်
-------------------------------------------
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။




Viber Community ကို join ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
https://rb.gy/ex5c7x
www.shweburma.com.mm


#ရွှေဘားမား #ဆေးပေါ့လိပ် #မြန်မာ့ဆေးပေါ့လိပ် #မြန်မာ့ရိုးရာဆေးပေါ့လိပ်

🙏 ဝါတွင်း (၃) လ ကိုးနဝင်းပုတီး စိတ်နည်းနှင့် ရက်ပေါင်း (၉၀) အဘိဓမ္မာ ဓမ္မဒါန 🙏​ဝါတွင်းကာလ သုံးလပတ်လုံး စိတ်အေးချမ်းသာစွာ...
03/08/2026

🙏 ဝါတွင်း (၃) လ ကိုးနဝင်းပုတီး စိတ်နည်းနှင့် ရက်ပေါင်း (၉၀) အဘိဓမ္မာ ဓမ္မဒါန 🙏
​ဝါတွင်းကာလ သုံးလပတ်လုံး စိတ်အေးချမ်းသာစွာနဲ့ ကိုးနဝင်းပုတီး စိတ်လိုသူများအတွက် (၂၉.၇.၂၀၂၆) မှ (၂၆.၁၀.၂၀၂၆) အထိ ရက်ပေါင်း (၉၀) တိတိ စနစ်တကျ စိတ်ပုတီးစေ့ရမည့် ဇယားကို မျှဝေပေးလိုက်ပါတယ်။
​📌 ဝါတွင်း ကိုးနဝင်း ပုတီးစေ့နည်းဇယား (ရက်ပေါင်း ၉၀)
​၁။ (၂၉.၇.၂၀၂၆) မှ (၆.၈.၂၀၂၆) အထိ:
​အရဟံ (၁) ပတ်
​သမ္မာသမ္ဗုဒ္ဓေါ (၁) ပတ်
​ဝိဇ္ဇာစရဏသမ္ပန္နော (၁) ပတ်
​သုဂတော (၁) ပတ်
​လောကဝိဒူ (၁) ပတ်
​အနုတ္တရော ပုရိသဓမ္မသာရထိ (၁) ပတ်
​သတ္ထာဒေဝမနုဿာနံ (၁) ပတ်
​ဗုဒ္ဓေါ (၁) ပတ်
​ဘဂဝါ (၁) ပတ်
​၂။ (၇.၈.၂၀၂၆) မှ (၁၅.၈.၂၀၂၆) အထိ: အရဟံ သိဒ္ဓိ (၉) ပတ်
​၃။ (၁၆.၈.၂၀၂၆) မှ (၂၄.၈.၂၀၂၆) အထိ: သမ္မာသမ္ဗုဒ္ဓေါ သိဒ္ဓိ (၉) ပတ်
​၄။ (၂၅.၈.၂၀၂၆) မှ (၂.၉.၂၀၂၆) အထိ: ဝိဇ္ဇာစရဏသမ္ပန္နော သိဒ္ဓိ (၉) ပတ်
​၅။ (၃.၉.၂၀၂၆) မှ (၁၁.၉.၂၀၂၆) အထိ: သုဂတော သိဒ္ဓိ (၉) ပတ်
​၆။ (၁၂.၉.၂၀၂၆) မှ (၂၀.၉.၂၀၂၆) အထိ: လောကဝိဒူ သိဒ္ဓိ (၉) ပတ်
​၇။ (၂၁.၉.၂၀၂၆) မှ (၂၉.၉.၂၀၂၆) အထိ: အနုတ္တရော ပုရိသဓမ္မသာရထိ သိဒ္ဓိ (၉) ပတ်
​၈။ (၃၀.၉.၂၀၂၆) မှ (၈.၁၀.၂၀၂၆) အထိ: သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ (၉) ပတ်
​၉။ (၉.၁၀.၂၀၂၆) မှ (၁၇.၁၀.၂၀၂၆) အထိ: ဗုဒ္ဓေါ သိဒ္ဓိ (၉) ပတ်
​၁၀။ (၁၈.၁၀.၂၀၂၆) မှ (၂၆.၁၀.၂၀၂၆) အထိ: ဘဂဝါ သိဒ္ဓိ (၉) ပတ်
​✨ “လိုအင်ဆန္ဒများ ပြည့်စုံနိုင်ကြပါစေ...” ✨
​မိမိတို့ရဲ့ မိတ်ဆွေအပေါင်းအသင်းများလည်း ကုသိုလ်ပါဝင်နိုင်ရန်အတွက် ဓမ္မဒါနအဖြစ် Like & Share လုပ်ပြီး မျှဝေပေးလိုက်ကြရအောင်နော်။ 💛
​ #ရွှေဘားမား #ဝါတွင်းကိုးနဝင်း #ပုတီးစိတ်နည်း #ဓမ္မဒါန #ကုသိုလ်ပြုခြင်း

လူငယ်တွေကြား ခေတ်စားနေတဲ့ ကြွယ်တယ်ဆိုတဲ့စကား ဆေးပေါ့လိပ်သောက်သူတွေလည်း ကြွယ်လို့ရအောင်“ကြွယ်တယ်ဆိုတာ ဒီလိုကြွယ်ရတယ်ကွ ငါ...
03/08/2026

လူငယ်တွေကြား ခေတ်စားနေတဲ့ ကြွယ်တယ်ဆိုတဲ့စကား ဆေးပေါ့လိပ်သောက်သူတွေလည်း ကြွယ်လို့ရအောင်

“ကြွယ်တယ်ဆိုတာ ဒီလိုကြွယ်ရတယ်ကွ ငါတို့က ဆေးပေါ့လိပ်တောင် 𝐂𝐋𝐀𝐒𝐒𝐈𝐂 ပဲ သောက်တာကွ” ဆိုပြီး ရွှေဘားမားရဲ့ 𝐂𝐥𝐚𝐬𝐬𝐢𝐂 - ဆေးပေါ့လိပ်နဲ့ ချေချပြလိုက်ပါ ။

ရွှေဘားမား အကောင်းဆုံး မြန်မာ့ရိုးရာဆေးပေါ့လိပ်
--------------------------------------------
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။




Viber Community ကို join ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
https://rb.gy/ex5c7x
www.shweburma.com.mm


#ရွှေဘားမားမြန်မာ့ရိုးရာဆေးပေါ့လိပ်

ဝါတွင်းကာလ ကိုးနဝင်းအဓိဌာန်ပုတီးစိပ်နိုင်ရန်        #ဝါတွင်းအဓိဌာန်  #ကိုးနဝင်းပုတီး  #အဓိဌာန်
03/08/2026

ဝါတွင်းကာလ ကိုးနဝင်းအဓိဌာန်ပုတီးစိပ်နိုင်ရန်






#ဝါတွင်းအဓိဌာန် #ကိုးနဝင်းပုတီး #အဓိဌာန်

🙏 ဓမ္မစကြာအခါတော်နေ့ 🙏မြတ်စွာဘုရားရှင်၏ ပထမဆုံး တရားဦးဟောကြားခဲ့သော ဤမင်္ဂလာအခါသမယတွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်...
28/07/2026

🙏 ဓမ္မစကြာအခါတော်နေ့ 🙏

မြတ်စွာဘုရားရှင်၏ ပထမဆုံး တရားဦးဟောကြားခဲ့သော ဤမင်္ဂလာအခါသမယတွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ကြပြီး စိတ်၏အေးချမ်းမှု၊ ကိုယ်၏ကျန်းမာခြင်းနှင့် မိသားစုအားလုံး ချမ်းသာသုခပြည့်စုံကြပါစေကြောင်း ရွှေဘားမားမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏

#ဓမ္မစကြာအခါတော်နေ့ #ဝါဆိုလပြည့်


#ရွှေဘားမား #ဆေးပေါ့လိပ် #မြန်မာ့ဆေးပေါ့လိပ် #မြန်မာ့ရိုးရာဆေးပေါ့လိပ်

ရိုးရိုးဆေးပေါ့လိပ်တွေ သောက်ရတာ ရိုးနေပြီလား ဒါဆို ပုံစံတစ်မျိုးနဲ့ ဆန်းသစ်ထားတဲ့ 𝐒𝐡𝐰𝐞 𝐁𝐮𝐫𝐦𝐚 - 𝐂𝐥𝐀𝐒𝐒𝐈𝐂 ကို ပြောင်းသောက်က...
27/07/2026

ရိုးရိုးဆေးပေါ့လိပ်တွေ သောက်ရတာ ရိုးနေပြီလား

ဒါဆို ပုံစံတစ်မျိုးနဲ့ ဆန်းသစ်ထားတဲ့ 𝐒𝐡𝐰𝐞 𝐁𝐮𝐫𝐦𝐚 - 𝐂𝐥𝐀𝐒𝐒𝐈𝐂 ကို ပြောင်းသောက်ကြည့်ပါ ။

💥ပုံစံအသစ်နဲ့ အရသာအသစ်နဲ့မို့ ခံစားမှုအသစ်တွေ ပေးမဲ့ ရွှေဘားမားရဲ့ နောက်ဆုံးထုတ် 𝐂𝐥𝐀𝐒𝐒𝐈𝐂 💥

ရွှေဘားမား အကောင်းဆုံး မြန်မာ့ရိုးရာဆေးပေါ့လိပ်
--------------------------------------------
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။




Viber Community ကို join ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
https://rb.gy/ex5c7x
www.shweburma.com.mm


#ရွှေဘားမားမြန်မာ့ရိုးရာဆေးပေါ့လိပ်

Address

Times City, Building 401, Kamayut Township
Yangon
11041

Alerts

Be the first to know and let us send you an email when SHWE BURMA - ရွှေဘားမား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SHWE BURMA - ရွှေဘားမား:

Shortcuts

Share