05/09/2026
Soundcore ရဲ့ နောက်ဆုံးထွက် Liberty 5 Series တွေ ဒီမှာ ရပြီ!
အသစ်ဆုံး၊ အကောင်းဆုံးကိုမှ ခံစားချင်သူတွေအတွက် Liberty 5 Series ရဲ့ နားကြပ်(၃) မျိုးကို
▪️တစ်ခုချင်းစီရဲ့ အားသာချက် နဲ့ ဘယ်မော်ဒယ်က ဘယ်သူတွေအတွက် အဆင်ပြေမလဲဆိုတာကို ထုံးစံအတိုင်း လို_တို_ရှင်း ပြောပြပေးပါ့မယ်။
💠 Soundcore Liberty 5 – ဈေးအသက်သာဆုံး Base Model
Premium Earbuds ရဲ့ အရသာကို စတင် ထိတွေ့ကြည့်ချင်သူတွေ၊ နေ့စဉ် သီချင်းနားထောင်သူတွေနဲ့ အားကစားလုပ်သူတွေအတွက် အကောင်းဆုံး Base မော်ဒယ်ပါ။ 9.2mm Wool-paper Driver ကြောင့် အသံထွက် ငြိမ့်ညောင်းပြီး Dolby Audio ပါဝင်ပါတယ်။ Heart Rate Tracking စနစ်ပါဝင်လို့ Runner တွေ၊ ကျန်းမာရေးလိုက်စားသူတွေအတွက် ကွက်တိပါပဲ။
Adactive ANC 3.0 က Pro/ Pro Max တွေရဲ့ ANC 4.0 လောက် မကြမ်းပေမယ့်လည်း စိတ်ကျေနပ်စရာကောင်းတဲ့ စွမ်းဆောင်ရည်မျိုး ပေးနိုင်ပါသေးတယ်။
💠 Soundcore Liberty 5 Pro
နားကြပ်ဆိုပေမယ့် အသံ Quality အပြင် သူ့ရဲ့ Mic ကလည်း လုံးဝအလန်းစားပါ။ Call Quality အကောင်းဆုံး နားကြပ်အနေနဲ့ ဂင်းနစ်စံချိန်မှတ်တမ်းမှာဖော်ပြခံထားရပြီး အလုပ်ကိစ္စ၊ Phone Calls နဲ့ Meetings တွေ မကြာခဏ ပြောရသူတွေအတွက် လုံးဝကွက်တိပါပဲ။
မိုက် (၈) ခုအပြင် မေးရိုးတုန်ခါမှုကို အာရုံခံပေးမယ့် Bone Conduction Sensor တွေနဲ့ ANKER Thus™ AI Chip ပေါင်းစပ်ထားတဲ့ နည်းပညာကြောင့် ဖုန်းပြောတဲ့အခါ ကိုယ့်စကားသံကို တဖက်လူဆီ အကြည်လင်ဆုံး ရောက်စေပါတယ်။
Multi Point Connection နဲ့ ဖုန်း၊ Tablet နဲ့ Laptop ၃ ခုလုံးကို တပြိုင်တည်း ချိတ်ဆက်ထားပြီး လိုအပ်သလိုလည်း ပြောင်းလဲအသုံးပြုနိုင်ပါတယ်။
အားနည်းချက်ဆိုလို့ နားကြပ်တခုလိုပဲ သုံးမယ့်သူတွေအတွက် ဈေးများသလိုခံစားရစေပေမယ့် ဂင်းနစ်စံချိန်တင် ထိပ်တန်းနားကြပ်တခုဖြစ်လို့ ပေးရတဲ့ဈေးနဲ့ထိုက်တန်တဲ့ အရည်အသွေးတွေကတော့ အပြည့်ပါပဲ။
💠 Soundcore Liberty 5 Pro Max
ဒါက နားကြပ်သက်သက် လုံးဝမဟုတ်ပါဘူး၊ Liberty 5 Pro ရဲ့ အသံပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကို Feature အသစ်တွေအများကြီး လုပ်ဆောင်နိုင်မယ့် Display ပါတဲ့ နားကြပ်ဘူး နဲ့ Smart Gadget ဖြစ်ပါတယ်။
1.78" AMOLED Smart Display ကနေတင် သီချင်းကျော်တာ၊ အသံအတိုး/အလျော့နဲ့ ANC ပိတ်/ဖွင့်တာတွေကို ထိန်းချုပ်နိုင်ပါတယ်။ Wallpaper ကိုလည်း ကိုယ့်စိတ်ကြိုက် ပြောင်းလဲနိုင်လို့ နားကြပ်ဘူးကို စားပွဲပေါ် တင်ထားရုံနဲ့တင် “လုံးဝ မိုက်တယ်” ဆိုတဲ့ ခံစားချက်မျိုးကို ရရှိစေမှာပါ။ ဒါ့အပြင် Soundcore ရဲ့ AI Note Taker Feature ကိုလည်း စမ်းကြည့်နိုင်ပါသေးတယ်။
Liberty 5 Pro Vs Pro Max မှာက အသံအရည်အသွေးလုံးဝ ခြားနားချက်မရှိပေမယ့် Pro Max က သူ့ရဲ့ Display ပါတဲ့ Earbuds Case ကြောင့် Gadget ဆန်းဆန်းပြားပြား ကြိုက်နှစ်သက်တဲ့ Tech Enthusiast တွေအတွက် ပိုပြီး အကြိုက်တွေ့တဲ့ နားကြပ်ဖြစ်နေမှာပါ။
ဒီနားကြပ်တွေက Soundcore ရဲ့ နောက်ဆုံးထွက် Premium တန်းဝင် Line Up ဖြစ်ပြီး
(၃) မျိုးစလုံးကို ပြည်တွင်းမှာတင် အာမခံ အပြည့်အဝနဲ့ ဝယ်ယူချင်တယ်ဆိုရင်တော့ Soundcore Myanmar ကိုသာ လှမ်းလာခဲ့လိုက်ပါ။