Mac OS Applications

Mac OS Applications Applications for Mac OS

Power Modes on Your Mac***************************👨‍💻 Mac တွေမှာ အရင်တုန်းကတည်းက Battery Life ကို ပိုကြာကြာခံအောင် (သို့...
09/03/2025

Power Modes on Your Mac
***************************

👨‍💻 Mac တွေမှာ အရင်တုန်းကတည်းက Battery Life ကို ပိုကြာကြာခံအောင် (သို့) ကိုယ်သုံးနေတဲ့ Applications တွေကို မြန်ဆန်အောင် စသဖြင့် လုပ်လို့ရတဲ့ Power Modes တွေပါပါတယ်။

👨‍💻 အဲဒီ Power Modes မှာ
(၁) Low Power Mode
(၂) High Power Mode ဆိုပြီး (၂) မျိုးရှိတာကို တွေ့ရပါမယ်။
👉 ဒီ Mode (၂) မျိုးလုံးကတော့ battery ပါဝင်တဲ့ MacBook တွေသာမက battery မပါတဲ့ iMac တွေ၊ Mac mini တွေမှာပါ သုံးနိုင်မှာ ဖြစ်ပါတယ်။ device အပေါ်မူတည်ပြီး Low Power Mode ပဲ သုံးလို့ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

🔋 Low Power Mode ကို သုံးလိုက်ရင်
✅ Screen brightness ကို dim လုပ်တာ
✅ App Nap ဆိုတဲ့ ကိုယ်လက်ရှိမသုံးနေတဲ့ Apps တွေရဲ့ performance ကို နည်းအောင်လုပ်တာ
✅ Fan ပါတဲ့ Macs တွေဆိုရင် fan speed လျှော့တာနဲ့
✅ အခြားသော energy efficient ဖြစ်အောင် လုပ်တဲ့နည်းတွေနဲ့ Power Consumption လျော့အောင် လုပ်လိုက်ပါတယ်။

⚠️ Downside အနေနဲ့ (Review တွေ မှာ M1 MacBook Air ကို test လုပ်ထားတဲ့ အဆိုအရ )
‼️ Single core performance က ၄၀% နဲ့ multi-core performance က ၄၃% ပိုနှေးသွားတာကို တွေ့ရပါတယ်။
‼️ ပြီးတော့ GPU performance က ၂၂% ကျဆင်းသွားပြီး Battery Lifespan ကတော့ ၁၀% ပိုလာပါတယ်။

👨‍💻 ပုံမှန် email စစ်တာ၊ သီချင်းနားထောင်တာ စတဲ့ energy မသုံးတဲ့ apps တွေအတွက် ကိစ္စမရှိပေမယ့် video encoding, photoshop စတဲ့ apps တွေကို သုံးတဲ့အခါ encode လုပ်ရတဲ့ အချိန်ကြာတာ၊ apps တွေသုံးရတဲ့အခါ lag ဖြစ်တာ၊ နှေးတာမျိုး ဖြစ်နိုင်ပါတယ်။

🪫 Low Power Mode ရဲ့ ပြောင်းပြန် High Power Mode ကတော့ Energy ပိုသုံးပြီး ကိုယ့်စက်ရဲ့ performance ကို ပိုကောင်းအောင်လုပ်ပေးမှာပါ။ fans ပါဝင်တဲ့ MacBook Pro, Mac Mini တွေမှာ High Power Mode ကို on လိုက်ရင် fan noise ကို ပိုကြားရမှာ ဖြစ်ပြီး စက်ရဲ့ cooling ကို ပိုကောင်းအောင်လုပ်ပေးမှာ ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ graphic-intensive သုံးရတဲ့ color grading ခွဲတာ၊ video editing လုပ်တာ၊ 3D Applications တွေသုံးတဲ့အခါ smooth ဖြစ်လာတဲ့ playback တွေ၊ မြန်လာတဲ့ export လုပ်တာတွေကို တွေ့နိုင်ပါမယ်။

🔋 Apple support website ရဲ့ အဆိုအရတော့ Low Power Mode ကို
MacBook Pro (14-inch, 2024)
MacBook Pro (16-inch, 2024)
iMac (24-inch, 2024, Two ports)
iMac (24-inch, 2024, Four ports)
MacBook Pro (14-inch, Nov 2023) with M3 Max
MacBook Pro (16-inch, Nov 2023) with M3 Max
MacBook Pro (16-inch, 2023) with M2 Max
MacBook Pro (16-inch, 2021) with M1 Max
Mac mini (2024)
Mac mini (2023) (MacOS Sequoia 15.1 or later)
iMac (24-inch, 2023) (macOS Sequoia 15.1 or later)

🪫 High Power Mode ကို
MacBook Pro (14-inch, 2024)
MacBook Pro (16-inch, 2024)
MacBook Pro (14-inch, Nov 2023) with M3 Max
MacBook Pro (16-inch, Nov 2023) with M3 Max
MacBook Pro (16-inch, 2023) with M2 Max
MacBook Pro (16-inch, 2021) with M1 Max
Mac mini (2024) တွေမှာ သုံးနိုင်မှာပဲ ဖြစ်ပါတယ်။

👉 အပေါ်က lists မှာ မပါပေမယ့် ကိုယ့်စက်မှာ သုံးလို့ရ/မရကတော့ system settings > battery မှာ ကြည့်နိုင်သလို့ MacOS Sequoia 15.1 နောက်ပိုင်းမှာဆိုရင်တော့ Menu Bar ပေါ်က battery icon လေးကို နှိပ်ကာ သုံးလို့ရ/မရ သိနိုင်မှာပဲ ဖြစ်ပါတယ်။

Palworld======🎮 မနှစ်က ထွက်ထားတဲ့ နာမည်ကြီး game ဖြစ်တဲ့ palworld က Mac အတွက် native အနေနဲ့ ထွက်ရှိလို့လာပါပြီ။ 🎮 ဒါပေမယ...
07/03/2025

Palworld
======

🎮 မနှစ်က ထွက်ထားတဲ့ နာမည်ကြီး game ဖြစ်တဲ့ palworld က Mac အတွက် native အနေနဲ့ ထွက်ရှိလို့လာပါပြီ။

🎮 ဒါပေမယ့် Windows version နဲ့ မတူတဲ့ အချက်တွေ အများကြီးရှိပါတယ်။ ခုလောလောဆယ်တော့ cross-platform support မပေးသေးပါဘူး။

🎮 Single player အနေနဲ့ ဆော့လို့ရနိုင်ပြီး Multiplayer အတွက်ကတော့ ဒီ မတ်လအလယ်ပိုင်းလောက်ဆိုရင် Macs တွေအတွက် သီးသန့် server တစ်ခု ထောင်ပေးမယ်ပြောပါတယ်။

🎮 YouTube က test လုပ်ပြီး ဆော့တဲ့သူတွေရဲ့ review အရတော့ M1 Mac base model မှာဆိုရင် graphic settings > very low မှာ ထားပြီး ဆော့ရင်တော့ 40 FPS နဲ့ ဆော့လို့ရပါလိမ့်မယ်။

🎮 အကယ်၍ ကိုယ်ကသူငယ်ချင်းတွေနဲ့ ဆော့ချင်ရင်တော့ Windows version ကို cross-over နဲ့ run ပြီး ဆော့တာကတော့ ပိုအဆင်ပြေပါလိမ့်မယ်။ အဲလိုမျိုး cross-over နဲ့ run ပြီး ဆော့မယ်ဆိုရင်တော့ M1 Base Model တွေကတော့ အဆင်ပြေမှာ မဟုတ်ပါဘူး။

💸 Palworld ကို Mac App Store မှာ 29.99$ နဲ့ ဝယ်ဆော့လို့ရမှာပဲ ဖြစ်ပါတယ်။

အသစ်ထွက်လာတဲ့ MacBook Air နဲ့ Mac Studio********************************************👨‍💻 ဒီနေ့မှာတော့ Apple ကနေ အသစ်အနေနဲ...
05/03/2025

အသစ်ထွက်လာတဲ့ MacBook Air နဲ့ Mac Studio
********************************************

👨‍💻 ဒီနေ့မှာတော့ Apple ကနေ အသစ်အနေနဲ့ MacBook Air နဲ့ Mac Studio ကို မိတ်ဆက်လိုက်ပါတယ်။

👨‍💻 MacBook Air မှာတော့ M4 Chip ပါဝင်ပြီး 12MP Center Stage Camera၊ ၁၈ နာရီအထိသုံးလို့ရမယ့် battery၊ ဈေးလျှော့တာတွေပါဝင်ပြီး RAM အနေနဲ့ base model မှာဆိုရင်တော့ 16GB အထိ ပါဝင်ပါတယ်။ M4 chip ရဲ့ performance ကတော့ M1 ထက်စာရင် ၂ ဆ ပိုလာမယ်လို့ဆိုပါတယ်။

👨‍💻 MacBook Air အသစ်မှာတော့ အရောင်အသစ်အနေနဲ့ အရင် Space Gray နေရာမှာ Sky Blue ပါဝင်လာပြီး အခြားအရောင်တွေကတော့ Midnight, Starlight, Silver တွေပဲ ဖြစ်ပါတယ်။

👨‍💻 13-inch Base Model အတွက် 999$ ကျသင့်မှာဖြစ်ပြီး students တွေအတွက်ကတော့ 899$ ကျသင့်မှာ ဖြစ်ပါတယ်။ 15-inch ဆိုရင်တော့ 1199$ ကနေ စပါမယ်။

👨‍💻 Mac Studio ကတော့ M4 Max နဲ့ အသစ်ထွက်လာတဲ့ M3 Ultra Chip တွေနဲ့ ထွက်လာပါတယ်။

👨‍💻 M4 Max ကတော့ မနှစ်က MacBook Pro ထဲမှာ ပါပြီးသားဆိုတော့ သိပ်မထူးခြားပေမယ့် M3 Ultra Chip ကတော့ အသစ်ဖြစ်ပါတယ်။ သူရဲ့ performance ကတော့ M4 Max ထက်စာရင် ၂ ဆ၊ M1 Ultra ထက်စာရင် ၂.၆ ဆ ပိုမြန်ပါတယ်။

👨‍💻 Thunderbolt 5 ports ပါဝင်ပြီး အရင်ကထက် ၃ ဆ data transfer ပိုမြန်ပါမယ်။

👨‍💻 M4 Max ပါတဲ့ Mac Studio ကတော့ 1999$ ကနေ ဈေးစတင်မှာ ဖြစ်ပြီး M3 Ultra ပါတဲ့ Mac Studio ကတော့ 3999$ ကနေ စရှိမှာ ဖြစ်ပါတယ်။

Myanmar Language OCR🔹🔹🔹🔹🔹🔹🔹🔹🔹👋 အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာတော့ မြန်မာစာအုပ် ebooks တွေ၊ ပုံတွေကနေ မြန်မာစာ(text) တွေကိ...
02/03/2025

Myanmar Language OCR
🔹🔹🔹🔹🔹🔹🔹🔹🔹

👋 အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာတော့ မြန်မာစာအုပ် ebooks တွေ၊ ပုံတွေကနေ မြန်မာစာ(text) တွေကို ဘယ်လိုယူကြမလဲဆိုတာကို ပြောပြပေးသွားမှာပါ။

👨‍💻 လူတိုင်းလည်း သိကြတဲ့အတိုင်း မြန်မာ ebook စာအုပ်တွေက scanned pdf တွေများပါတယ်။ အများအားဖြင့်တော့ တရားနဲ့ဆိုင်ရာ စာအုပ်တွေကို websites တွေပေါ်မှာ ရှာပြီး download လုပ် ဖတ်ကြည့်မယ်ဆိုရင် scan လုပ်ပြီး PDF အနေနဲ့ လုပ်ထားတဲ့ စာအုပ်တွေက အများစုပါပဲ။

👨‍💻 Scanned PDF တွေရဲ့ အားနည်းချက်ကတော့ file size ကြီးတာ၊ page တွေရွဲ့စောင်းနေတာ၊ noise တွေပါတာ၊ ပြီးတော့ text အနေနဲ့ ရှာမရ စသဖြင့် အားနည်းချက်တွေ ရှိပါတယ်။ English အပါအဝင် အခြားသော languages အများမှာ OCR (optical character recognization) တွေနဲ့ text တွေကို convert လုပ်လို့ရပေမယ့် မြန်မာဘာသာစကားအတွက်ကတော့ ရှားပါတယ်။

👨‍💻 Open source အနေနဲ့ Tesseract OCR ရှိပေမယ့် language support သိပ်မရှိတော့ အဆင်မပြေပါဘူး။ ဒါပေမယ့် Google မှာတော့ ကျနော်တို့ မြန်မာစာအတွက် OCR ကို တော်တော်များများ မှန်ကန်အောင် ပြုလုပ်ပေးထားတာကို တွေ့ရပါတယ်။

👨‍💻 ဘယ်လိုလုပ်ရမလဲဆိုတာကို အောက်ပုံတွေနဲ့ အဆင့်ဆင့်ပြသွားပါမယ်။ ကျနော်စမ်းထားတဲ့ နည်းတွေဖြစ်တာကြောင့် အဆင့်တွေများကောင်း များနိုင်ပါမယ်။

👨‍💻 ကျနော်စမ်းသပ်ကြည့်သလောက် ပါဠိ+မြန်မာဘာသာတွေကို (၉၉) ရာခိုင်နှုန်းလောက် မှန်ကန်အောင် convert လုပ်ပေးနိုင်တာကို တွေ့ရပါတယ်။ စာအဖြတ်အတောက်၊ ပါဠိ၊ ပါဌ်ဆင့်၊ အသတ်တော်တော်များများကို မှန်ကန်အောင် convert လုပ်ပေးနိုင်တဲ့အပြင် အချို့မှားရေးကြတဲ့ “ဋ္ဌ” ၊ “ဌ”၊ “ဥ”၊ “ဉ”၊ “ဩ”၊ “ဈ” စသည်တို့ကိုလည်း အံဩလောက်အောင်ကို မှန်ကန်နေတာကို တွေ့ရပါတယ်။

🧐 အခြား developer တယောက်ကတော့ Google OCR ကို သုံးပြီး https://myanocr.streamlit.app မှာ သုံးလို့လွယ်ကူအောင် ပြုလုပ်ပေးထားပါတယ်။ နောက်တွေ့တာတစ်ခုကတော့ https://github.com/nchanko/Myanmar-Ebook-OCR မှာ tesseract OCR ကို သုံးပြီး ပြောင်းလို့ရအောင် လုပ်ပေးထားပါတယ်။

😇 အားလုံးအဆင်ပြေကြပါစေ။

Live Speech🔹🔹🔹🔹👨‍💻 ဒီနေ့မှာတော့ macOS ရဲ့ system settings ထဲမှာ ပါတဲ့ live speech အကြောင်းကို ရေးပါမယ်။👨‍💻 Live Speech ဆ...
28/02/2025

Live Speech
🔹🔹🔹🔹

👨‍💻 ဒီနေ့မှာတော့ macOS ရဲ့ system settings ထဲမှာ ပါတဲ့ live speech အကြောင်းကို ရေးပါမယ်။

👨‍💻 Live Speech ဆိုတာကတော့ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေကို system က ဖတ်ပြပေးတာပဲ ဖြစ်ပါတယ်။ သုံးချင်ရင်တော့ System Settings > Accessibility > Live Speech ကို သွားပြီး on ပေးရမှာ ဖြစ်ပါတယ်။ အဲဒါကို on လိုက်မယ်ဆိုရင် desktop အပေါ်နားလေးမှာ type box လေးနဲ့ menu bar ပေါ်မှာ keyboard icon လေးပေါ်လာပြီး အဲဒီမှာ ကိုယ်ကြားချင်တဲ့ text ကို ရိုက်တာ​(သို့) copy paste လုပ်ကာ နားထောင်နိုင်ပါတယ်။

👨‍💻 Language အနေနဲ့ (၆၄) ခုအထိ support ပေးထားပြီး language တစ်ခုချင်းဆီမှာလည်း ကြားရမယ့် voices တွေကိုလည်း မျိုးစုံရွေးချယ်ပြီး download လုပ်နိုင်ပါတယ်။ English Voices တွေထဲမှာမှ Zoe (premium) ကတော့ နားထောင်လို့ကောင်တဲ့ အထဲပါပါတယ်။ တော်တော်များများကတော့ စက်ရုပ်အသံတွေလိုမျိုး ဖြစ်နေပါတယ်။

😇 အားလုံးအဆင်ပြေကြပါစေ။

💬 Live text and translation🔹🔹🔹🔹🔹🔹🔹🔹🔹👋 အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာတော့ macOS မှာ ပါတဲ့ live text နဲ့ translation အကြောင...
25/02/2025

💬 Live text and translation
🔹🔹🔹🔹🔹🔹🔹🔹🔹

👋 အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာတော့ macOS မှာ ပါတဲ့ live text နဲ့ translation အကြောင်းကို ရေးပေးသွားပါမယ်။

👨‍💻 Live text ဆိုတာကတော့ ပုံတွေထဲမှာပါဝင်တဲ့ စာသားတွေကို copy (သို့) အခြား actions တွေကို သုံးလို့ရအောင် လုပ်ပေးတဲ့ feature ပါ။ အခြား actions တွေဆိုတာကတော့ ဥပမာ - phone no ဆို contact ထဲထည့်တာ၊ message ပို့တာ၊ ဒါမှမဟုတ် facetime ခေါ်တာ၊ အကြောင်းအရာတွေကို ရှာတာ၊ translate လုပ်တာ စသဖြင့် context menu ကနေ တခါတည်း သုံးလို့ရအောင် လုပ်ပေးတဲ့ actions တွေဖြစ်ပါတယ်။

👨‍💻 ဒီ Feature ကတော့ တော်တော်လေးကို အသုံးဝင်တဲ့ feature တစ်ခုပါပဲ။ နောက်ပြီး ပုံထဲက စာတွေကို translate လုပ်တာမှာ ဘာသာစကား (၂၁) မျိုးအထိ translate လုပ်လို့ရပြီး online ရော၊ offline သုံးလို့ရပါတယ်။ offline သုံးချင်ရင်တော့ ကိုယ်သုံးချင်တဲ့ language ကို download လုပ်ထားရုံပါပဲ။ ဒါပေမယ့် online ထက်စာရင်တော့ တိကျမှု နည်းနိုင်ပါတယ်။

👨‍💻 ဘာသာပြန်မယ့် language - input ရော၊ output ရောကိုပါ အသံထွက်နားထောင်နိုင်ပါသေးတယ်။ Live Text ကိုတော့ Safari, Preview, Photos စတဲ့ Apps တွေမှာ သုံးလို့ရပါတယ်။

👨‍💻 သုံးချင်ရင်တော့ system settings —> General —> Language & Region ထဲက live text ကို on ပေးပြီး translation languages တွေမှာလည်း ဆက်လက်ရွေးချယ်လို့ရပါသေးတယ်။

😇 အားလုံးအဆင်ပြေကြပါစေ။

🔐 iCloud data security 🔹🔹🔹🔹🔹🔹🔹🔹👋 အားလုံးပဲ မင်္ဂလာပါ။ News တွေဖတ်ရင်းနဲ့ UK မှာ Apple ရဲ့ data protection features တွေကိ...
23/02/2025

🔐 iCloud data security
🔹🔹🔹🔹🔹🔹🔹🔹

👋 အားလုံးပဲ မင်္ဂလာပါ။ News တွေဖတ်ရင်းနဲ့ UK မှာ Apple ရဲ့ data protection features တွေကို သုံးလို့မရတော့မယ့် အကြောင်းကို ဖတ်မိလို့ ဒီအကြောင်းလေးကို ရေးမိပါတယ်။

iCloud data security and encryption
************************************
👨‍💻 Security ကတော့ ကျနော်တို့ Apple Account ကို သုံးတာကနေ စတင်ပါတယ်။ ကိုယ့်မှာ အရင်က Apple Account ရှိတယ်၊ ပြီးတော့ Two-factor authentication လည်း on ထားတယ်ဆိုရင်တော့ device အသစ်မှာ Apple Account ကို sign in ဝင်တာနဲ့ verification code တောင်းပါတယ်။ အဲဒီ verification code ကို ကိုယ်ကရိုက်ထည့်မှသာလျှင် device အသစ်မှာ ကိုယ့်ရဲ့ Apple Account ကို သုံးလို့ရမှာ ဖြစ်ပါတယ်။

👨‍💻 Apple ရဲ့ iCloud security ကတော့ (၂) မျိုးရှိပါတယ်။
1️⃣ Standard data protection နဲ့
2️⃣ Advanced data protection for iCloud တို့ပဲ ဖြစ်ပါတယ်။

Standard data protection
*************************
👨‍💻 ဒီ security ကတော့ default setting ဖြစ်ပြီး iCloud data တွေကို transit လုပ်တဲ့အခါ encrypt လုပ်ပေးပြီး သိမ်းထားတဲ့အခါ encrypted format အနေနဲ့ သိမ်းပေးထားပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ trusted devices တွေကနေရလာတဲ့ encryption keys တွေကို Apple ရဲ့ data centers တွေမှာ သိမ်းထားပေးပါတယ်။

👨‍💻 ကိုယ်က new device ကနေ Apple Account ကို ဝင်တာ၊ backup data တွေကို restore လုပ်တာ၊ password မေ့သွားလို့ ကိုယ့်ရဲ့ data တွေကို recover လုပ်တာ စသဖြင့် အခြေအနေမျိုးမှာဆိုရင် Apple ကနေ decrypt ပြန်လုပ်ပေးနိုင်ပါတယ်။

👨‍💻 Additional privacy နဲ့ security အတွက် data categories (၁၅) ခုကတော့ end-to-end encrypted ပါပဲ။ အဲဒီအတွက် Apple မှာ encryption keys မရှိသလို ကိုယ့် account ထဲ ဝင်လို့မရရင်တော့ data တွေ ဘယ်လိုမှ ပြန်ရလိမ့်မှာ မဟုတ်ပါဘူး။

Advanced data protection for iCloud
************************************
👨‍💻 ဒီ security ကတော့ အပေါ်က standard ထက်ပိုပြီး protection လုပ်နိုင်ပါတယ်။ iOS 16.2, iPadOS 16.2, macOS 13.1 ကနေစပြီး ဒီ advanced data protection features ကို သုံးနိုင်ပါတယ်။

👨‍💻 Data categories ကတော့ standard မှာ protect လုပ်ပေးတဲ့ (၁၅) ခု အပါအဝင် စုစုပေါင်း (၂၅) ခု အထိ end-to-end encryption ပေးနိုင်ပါတယ်။

👇 Data categories တွေနဲ့ standard vs advanced ကွာခြားပုံကို တော့ ပုံပါဇယားအတိုင်း ကြည့်နိုင်ပါတယ်။

‼️ သတိထားရမှာက encryption keys တွေက Apple ရဲ့ data centers ပေါ်မှာ ရှိမှာမဟုတ်ဘဲ ကိုယ်သိမ်းထားရမှာ ဖြစ်ပါတယ်။ Advanced data protection ကို on လိုက်တဲ့အခါ recovery contact (သို့) recovery key ကတော့ မဖြစ်မနေ လုပ်ရပါတယ်။

‼️ ကိုယ့်ရဲ့ recovery key ကို print ထုတ်ပြီး (သို့) ကိုယ် ပြန်ကြည့်လို့ရမယ့် format (ဥပမာ - PDF အနေနဲ့ save ထားပြီး) လုံခြုံတဲ့နေရာမှာသိမ်းထားရမှာပါ။ အကယ်၍ လိုအပ်ရင်တော့ အဲဒီ 28 လုံးပါ encryption keys ကို ရိုက်ပြီး Apple Account ကို ဝင်ရောက်ရမှာ ဖြစ်ပါတယ်။

👉 https://support.apple.com/en-us/102651 မှာ သေချာလေ့လာလို့ရပါတယ်။

😇 အားလုံးအဆင်ပြေကြပါစေ။

📚 Calibre (Alternative to Books app)🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹👨‍💻 အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာတော့ calibre လို့ခေါ်တဲ့ app လေး အကြောင...
22/02/2025

📚 Calibre (Alternative to Books app)
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

👨‍💻 အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာတော့ calibre လို့ခေါ်တဲ့ app လေး အကြောင်းကို ရေးသွားပါမယ်။

👨‍💻 အားလုံးသိကြတဲ့အတိုင်း macOS မှာ default ပါလာတဲ့ Books App ကိုတော့ များသောအားဖြင့် epub files တွေကို ကြည့်တဲ့အခါ သုံးလေ့ရှိကြပါတယ်။ အချို့ ebooks တွေကို epub format နဲ့ စာဖတ်ရတာက ပိုပြီးအဆင်ပြေပါတယ်။ macOS မှာ ပါလာတဲ့ Books App ကတော့ တခါတလေ ကြောင်တောင်တောင် ဖြစ်နေတတ်ပါတယ်။ (အဲဒါကိုတော့ ကျနော်ပုံတွေနဲ့ ဖော်ပြထားပါတယ်။)

👨‍💻 အဲလိုမျိုး တခါတလေကြောင်နေတာကြောင့် အခြား alternative ebook reader app တွေကို စမ်းကြည့်ရင်းနဲ့ ဟိုးအရင်ကတည်းက သုံးဖူးခဲ့တဲ့ calibre ဆိုတဲ့ app လေးကို ပြန်သုံးကြည့်ခဲ့ပါတယ်။

👨‍💻 Calibre ကတော့ ebooks reader အနေနဲ့တင်မဟုတ်ဘဲ library တစ်ခုလိုမျိုး features တွေ၊ metadata တွေ edit လုပ်လို့ရတာတွေ၊ ebooks format တွေကို ပြောင်းလို့ရတာတွေ စသဖြင့် အများကြီးကို ပါဝင်ပါတယ်။ interface ကတော့ မလှတာက လွဲရင် တော်တော်လေးကို အသုံးဝင်တဲ့ App လေး ဖြစ်ပါတယ်။

👨‍💻 Windows, Macs နဲ့ Linux တွေမှာ သုံးလို့ရတဲ့အပြင် iOS, Android မှာတော့ App အနေနဲ့ မဟုတ်ဘဲ USB cable နဲ့ ချိတ်ပြီး အသုံးပြုလို့ရပါတယ်။ ပြီးတော့ လုံးဝ free app ဖြစ်ပါတယ်။

👉 https://calibre-ebook.com မှာ download လုပ်နိုင်ပါတယ်။

⚠️ ကျနော်စမ်းထားတာကတော့ epub file ၂ ခုပါ။ တစ်ခုချင်းဆီက Books App က မပေါ်တဲ့ ဟာဆို Calibre နဲ့ ဖွင့်လို့ရပြီး File Size (>400MB) ရှိတဲ့ epub file ကိုတော့ calibre နဲ့ ဖွင့်တာ အဆင်မပြေပါဘူး။ calibre ကတော့ replacement အနေနဲ့ မဟုတ်ဘဲ books app နဲ့ ဖွင့်ရတာ အဆင်မပြေရင် alternative အနေနဲ့ သုံးသင့်တဲ့ app လေး ဖြစ်ပါတယ်။

😇 အားလုံးအဆင်ပြေကြပါစေ။

🔍 PDF search🔹🔹🔹🔹🔹👋 အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာတော့ utilities app တစ်ခု ဖြစ်တဲ့ PDF search ဆိုတဲ့ app လေး အကြောင်းကို ရ...
21/02/2025

🔍 PDF search
🔹🔹🔹🔹🔹

👋 အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာတော့ utilities app တစ်ခု ဖြစ်တဲ့ PDF search ဆိုတဲ့ app လေး အကြောင်းကို ရေးပေးသွားပါမယ်။

👨‍💻 ဒီ app ကတော့ ebooks (PDF) တွေကို ကွန်ပြူတာနဲ့ ဖတ်တဲ့သူတွေအတွက် တော်တော်လေးကို ကောင်းမွန်တဲ့ app လေးပါ။ အထူးသဖြင့် academic ပိုင်းမှာ လေ့လာနေတဲ့သူတွေအတွက် မရှိမဖြစ်လို့ ကျနော်ထင်ပါတယ်။

👨‍💻 ဥပမာ - ကျနော် exam တစ်ခု ဖြေမယ်ဆိုပါတော့။ journals တွေ၊ guidelines တွေ၊ text books တွေ စသဖြင့် စာတွေက အများကြီးကို လေ့လာရပါတယ်။ ebooks files တွေကလည်း ထောင်နဲ့ချီရှိတယ်။ အကြောင်းအရာတစ်ခုကို ရှာချင်တယ်ဆိုရင် files တစ်ခုချင်းဆီကိုရှာ ပြီးရင် ဖွင့်၊ ပြီးတော့မှ အထဲက စာကို ပြန်ရှာ စသဖြင့် တော်တော်လေးကို အချိန်ပေးရပါတယ်။

👨‍💻 ဒီ app က ကျတော့ သူ့မှာ OCR function ပါလို့ ကိုယ် index လုပ်ချင်တဲ့ folders (သို့) files တွေကို index လုပ်ခိုင်းလို့ရပါတယ်။ OCR ကတော့ တော်တော်လေးကို အလုပ်ဖြစ်ပါတယ်။ Image ကနေ PDF file ပြောင်းထားတဲ့ files တွေအထဲက text တွေကိုလည်း recognize လုပ်နိုင်ပါတယ်။ index လုပ်ဖို့တော့ အချိန်အနည်းငယ်ပေးရပါတယ်။ ပြီးရင်တော့ ကိုယ်သိချင်တဲ့ topics တွေ၊ texts တွေကို search box ကနေ တစ်ဆင့် ရှာနိုင်ပြီး စာကို အလွယ်တကူ လေ့လာလို့ရပါတယ်။

👨‍💻 ပြီးတော့ ကိုယ်မှတ်ထားချင်တဲ့ bookmarks တွေ၊ tag တွေ စသဖြင့် ပါဝင်ပြီး သူ့မှာပါတဲ့ pool ဆိုတဲ့ feature ကတော့ ကျနော် အကြိုက်ဆုံးပါပဲ။ ကိုယ်ရှာထားတဲ့ PDF ထဲက page တွေကို သိမ်းထားပြီး အဲတာတွေကို export လုပ်လို့ရပါတယ်။

👨‍💻 နောက်ပြီး text တွေကို highlight လုပ်နိုင်ပြီး အဲဒီ highlight လုပ်ထားတဲ့ စာတွေချည်းပဲကို export လုပ်လို့ရပါသေးတယ်။

🤖 AI chat ကတော့ credit တွေနဲ့ သုံးလို့ရပါတယ်။

⚠️ သူ့ရဲ့ အားနည်းချက်ကတော့ default ပါလာတဲ့ search က ကိုယ်ရှာချင်တဲ့ စကားလုံးတိုင်းကို အကုန်ပြတော့ results တွေက ဖောင်းပွတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် settings ထဲမှာတော့ search functions တွေကို အပြောင်းအလဲလုပ်လိုက်ရင် ပိုမိုတိကျတဲ့ အဖြေတွေ ထွက်လာမှာပါ။

⚠️ နောက်တစ်ခုကတော့ 💸 ဈေးကြီးပါတယ်။ ရိုးရိုး version ကတော့ app store မှာ free ရပေမယ့် OCR feactures တွေပါတဲ့ pro version ကတော့ lifetime assess - 49.99$ ဖြစ်ပါတယ်။ ဒါပေမယ့် academic နဲ့ စာလေ့လာမယ့်သူတွေအတွက်ကတော့ Goodnotes လိုမျိုး app ကို one-time payment ပေးပြီး ဝယ်သလိုမျိုးတန်ကို တန်ပါတယ်။

👉 ပိုပြီး အသေးစိတ်လေ့လာချင်ရင်တော့ https://pdfsearch.app/ မှာ လေ့လာလို့ရပါတယ်။

😇 အားလုံးအဆင်ပြေကြပါစေ။

Apple Invites🔹🔹🔹🔹🔹👋 အားလုံးပဲ မင်္ဂလာပါ။👨‍💻 လွန်ခဲ့တဲ့ တစ်ပတ်လောက်က Apple ကနေ iPhone အတွက် Apple Invites ဆိုတဲ့ App အသစ်...
12/02/2025

Apple Invites
🔹🔹🔹🔹🔹

👋 အားလုံးပဲ မင်္ဂလာပါ။

👨‍💻 လွန်ခဲ့တဲ့ တစ်ပတ်လောက်က Apple ကနေ iPhone အတွက် Apple Invites ဆိုတဲ့ App အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ App က ကိုယ့်ရဲ့မိတ်ဆွေတွေ၊ မိသားစုတွေနဲ့ ဘယ်အခါပဲဖြစ်ဖြစ် စုစည်းဖို့ ဖိတ်စာတွေကို လွယ်လွယ်ကူကူ ဖန်တီးနိုင်ပြီး မျှဝေနိုင်မှာပါ။ Apple Invites ကနေ ဖိတ်စာတွေဖန်တီးတာ၊ RSVP ပြန်လုပ်တာ၊ Shared Albums တွေမှာ ဓာတ်ပုံတွေထည့်တာ၊ Apple Music playlists တွေနဲ့ ချိတ်ဆက်တာတွေ လုပ်ဆောင်နိုင်ပါတယ်။ App Store ကနေ Apple Invites ကို iOS အတွက် ဒေါင်းလုဒ်လုပ်လို့ရသလို၊ Mac user တွေအတွက် icloud.com/invites ကနေလည်း ဝင်ရောက်အသုံးပြုနိုင်ပါတယ်။ iCloud+ subscribers တွေကတော့ ဖိတ်စာတွေဖန်တီးနိုင်ပြီး၊ Apple Account (သို့) Apple device မရှိရင်တောင် ဘယ်သူမဆို RSVP ပြန်လုပ်နိုင်ပါတယ်။

👨‍💻 Apple Invites ကို စတင်သုံးမယ်ဆိုရင် ကိုယ့်ရဲ့ဓာတ်ပုံ library ကနေ (သို့) App ထဲက ပွဲအကြောင်းအရာတွေနဲ့ လိုက်ဖက်တဲ့ နောက်ခံဓာတ်ပုံတွေကို ရွေးချယ်နိုင်ပါတယ်။ Maps နဲ့ Weather နဲ့ ချိတ်ဆက်ထားတာကြောင့် ဧည့်သည်တွေကို ပွဲနေရာလမ်းညွှန်တွေ၊ ရာသီဥတုအခြေအနေတွေကို ကြိုတင်သိရှိနိုင်ပါတယ်။ invites link တွေကိုတော့ public နဲ့လုပ်တာ၊ တစ်ဦးချင်းပို့တာ စသဖြင့် လုပ်နိုင်သလို တက်ရောက်လာမယ့် attendees တွေကို approve လုပ်တာတွေကိုလည်း လုပ်လို့ရပါတယ်။

👨‍💻 ဒါ့အပြင် ဧည့်သည်တွေက ပွဲရဲ့ Shared Album ထဲကို ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ အလွယ်တကူ ထည့်သွင်းနိုင်ပြီး၊ မှတ်တမ်းတွေကို သိမ်းဆည်းနိုင်ပါတယ်။ Apple Music subscribers တွေကတော့ ပွဲအတွက် playlist တွေကို ဖန်တီးနိုင်ပြီး၊ ဧည့်သည်တွေက Apple Invites ကနေ တိုက်ရိုက်ဝင်ရောက်နားဆင်နိုင်ပါတယ်။

👨‍💻 Apple Intelligence ကနေ ပိုပြီးကောင်းမွန်တဲ့ invites တွေကို လွယ်လွယ်ကူကူ ဖန်တီးနိုင်ပါတယ်။ Image Playground ကို အသုံးပြုပြီး ကိုယ့်ရဲ့ဓာတ်ပုံ library ထဲက concept တွေ၊ ဖော်ပြချက်တွေ၊ လူတွေကို အသုံးပြုကာ ဓာတ်ပုံတွေ ဖန်တီးနိုင်ပါတယ်။ (Image Playground ကတော့ iPhone App မှာပဲ ရပြီး Web App မှာတော့မရပါဘူး။) ဖိတ်စာရေးတဲ့အခါမှာလည်း Writing Tools တွေကို အသုံးပြုပြီး သင့်တော်တဲ့စကားလုံးတွေကို ရွေးချယ်နိုင်ပါတယ်။

👨‍💻 Invites တွေက create လုပ်တဲ့သူတွေက သူတို့ရဲ့ invites ရဲ့ အချက်အလက်တွေကို customize လုပ်နိုင်ပါတယ်။ invites တွေကို ကြည့်တာ၊ စီစဉ်တာ၊ link ကနေ ဖိတ်စာတွေမျှဝေတာ၊ RSVP တွေကို review လုပ်တာ၊ event background (သို့) maps တွေကို ရွေးချယ်တာတွေ လုပ်ဆောင်နိုင်ပါတယ်။ attendees တွေကတော့ iPhone app (သို့) web ကနေ ဖိတ်စာတွေကို ကြည့်ရှုပြီး RSVP ပြန်လုပ်နိုင်ပါတယ်။ iCloud+ subscription (သို့) Apple Account မလိုအပ်ပါဘူး။ invites လုပ်ခံရတဲ့သူတွေကတော့ event ကို သွားမယ်/မသွားဘူး/မသေချာဘူး စသဖြင့် ရွေးချယ်နိုင်ပါတယ်။

😇 အားလုံးအဆင်ပြေကြပါစေ။

BlueStacks Air for Mac🔹🔹🔹🔹🔹🔹🔹🔹👋 အားလုံးပဲ မင်္ဂလာပါ။ 👨‍💻 Silicon Chips သုံးထားတဲ့ Macs တွေပေါ်မှာ android emulator သုံးခ...
08/02/2025

BlueStacks Air for Mac
🔹🔹🔹🔹🔹🔹🔹🔹

👋 အားလုံးပဲ မင်္ဂလာပါ။

👨‍💻 Silicon Chips သုံးထားတဲ့ Macs တွေပေါ်မှာ android emulator သုံးချင်သူတွေအတွက် BlueStacks Air ဆိုတဲ့ App ထွက်ရှိထားပါတယ်။

👨‍💻 BlueStacks ကတော့ နာမည်ကြီး android emulator ဆိုတာ လူတိုင်းလဲ သိကြမှာပါ။ အရင်ကဆို Intel Chips တွေအတွက်ပဲ support ပေးပြီး ဒီ BlueStacks Air မှာဆိုရင်တော့ Silicon Chips တွေအတွက် optimize လုပ်ပေးထားတယ်လို ဆိုပါတယ်။

👨‍💻 Silicon Chips တွေရဲ့ resources တွေကို ကောင်းကောင်းအသုံးချနိုင်ပြီး resource-intensive games တွေ ကစားရင်တောင်မှ smooth experience ရပါမယ်လို့ ဆိုထားပါသေးတယ်။ Games တွေအတွက် pre-configured လုပ်ထားတဲ့ trackpad နဲ့ keyboard settings တွေပါဝင်ပြီး game ကစားတဲ့အခါ တော်တော်လေး အဆင်ပြေပါလိမ့်မယ်။

👨‍💻 ပြီးတော့ App က လုံးဝ free ပါပဲ။ ခုလောလောဆယ် beta version အနေနဲ့ ထွက်ထားပြီး အဆင်မပြေတာတွေအတွက် feedback တွေ ပေးနိုင်ပါမယ်။

👉 https://www.bluestacks.com/mac မှာ download လုပ်နိုင်ပါတယ်။

😇 အားလုံးအဆင်ပြေကြပါစေ။

🤑 2.99$ နဲ့ 6 လစာ သုံးလို့ရမယ့် Apple 🎵 Music👋 အားလုံးပဲ မင်္ဂလာပါ။ 🥳 Apple Music ကို ဈေးသက်သက်သာသာနဲ့ သုံးလို့ရမယ့် dis...
04/02/2025

🤑 2.99$ နဲ့ 6 လစာ သုံးလို့ရမယ့် Apple 🎵 Music

👋 အားလုံးပဲ မင်္ဂလာပါ။

🥳 Apple Music ကို ဈေးသက်သက်သာသာနဲ့ သုံးလို့ရမယ့် discount offer ကို promotion ပေးနေပါတယ်။ Apple Music ကို အရင်ကတော့
🎶 New Subscriber ဆို တစ်လ free
🎶 အခြား iTunes Gift Card (15$, 20$, etc..) တွေ Redeem လုပ်ရင် ၃ လ free စသဖြင့် ပေးနေရာကနေ ဒီတစ်လအတွက် လုံးဝတန်စေမယ့် offer မျိုးကို ပေးလိုက်ပါတယ်။

🤩 သူကတော့ ၆ လလုံးကိုမှ 2.99$ ပဲ ကျသင့်မှာဖြစ်ပြီး “eligible” ဖြစ်တဲ့ subscriber အသစ်တွေအတွက် ပေးထားတာ ဖြစ်ပါတယ်။ “eligible” ဖြစ်တဲ့ new subscribers (သို့) devices တွေကိုတော့ အသေးစိတ် မဖော်ပြထားပေမယ့် App Store US region နဲ့ တစ်ခါမှ Apple Music ကို subscribe မလုပ်ဖူးတဲ့သူတွေ ရနိုင်တယ်လို့ ယူဆရပါတယ်။ Apple Music ကို redeem code တွေနဲ့ free သုံးနေတယ့်သူတွေ ကတော့ ရမရမသိပါဘူး။

👨‍💻 ကိုယ်ရမရသိချင်ရင်တော့ Apple Devices တွေမှာပါတဲ့ Music App ကို ဖွင့်လိုက်တာနဲ့ အဲဒီ offer ကို မြင်ရမှာ ဖြစ်ပါတယ်။ အကယ်၍ offer လည်းရတယ်။ Apple Music လည်း သုံးချင်တယ်ဆိုရင်တော့ Subscribe လုပ်လိုက်ရုံပါပဲ။

📆 Offer ပေးထားတဲ့ ကာလကတော့ January 29, 2025 မှ February 27, 2025 ထိပဲ ဖြစ်ပါတယ်။

⚠️ တစ်ခုသတိထားရမှာက 2.99$ သည်(၆) လစာအတွက်ပဲ ဖြစ်ပြီး ပြီးရင်တော့ တစ်လကို 10.99$ ကျသင့်မှာ ဖြစ်လို့ မသုံးချင်ရင် unsubscribe လုပ်ဖို့ မမေ့ကြပါနဲ့။

🤩 P.S —> Mac နဲ့တော့ မဆိုင်ပေမယ့် iOS အတွက် အရင်က 12.99$ ကျသင့်မယ့် NARUTO: Ultimate Ninja STORM ဂိမ်းကလည်း 5.99$ နဲ့ discount ချနေလို့ Naruto fans တွေအတွက် လက်တို့လိုက်ပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Mac OS Applications posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mac OS Applications:

Share