Apsis IT-Solution

Apsis IT-Solution APSIS provides one stop automated solution for your trade and industry.

Depending on the size and field of your organization, we have different products and services to meet your requirements. Our keys for development:

• Desire for Excellence
• Trust and confidence build-up
• Innovation
• Transparency
• Teamwork

We believe in
• Motivation
• Collective responsibility and leadership
• Professionalism and ethics
• Adding values to our client needs

Ai အင်ဂျင်ပါဝင်ပြီး...(Filter) > (Neural Filters...) မှခေါ်၍ အင်စတောမလုပ်ရသေးသော (Beta) Filters များကိုအင်တာနက်ဖွင့်ကာဒေ...
03/05/2022

Ai အင်ဂျင်ပါဝင်ပြီး...(Filter) > (Neural Filters...) မှခေါ်၍ အင်စတောမလုပ်ရသေးသော (Beta) Filters များကိုအင်တာနက်ဖွင့်ကာဒေါင်းလုတ်ရယူရမည်...)..အဒိုဘီဖိုတိုရှော့ (2021) အသစ်ထွက် (Repack) ဗားရှင်းနှင့် အဒိုဘီအာဖတာအဖက် (Repack) ဗားရှင်းတို့ဖြစ်သည်...
🅰dobe Photoshop 2021
v.22.0.0.35 x64 Release (Repack)
===============================
🅰dobe After Effects 2020
v.17.5.0.40 x64 (Repack)
===============================
ဝင်းဒိုးမှ (Virus & Threat protection) နှင့်အခြား Antivirus ဆော့ဝဲများတင်ထားပါကပိတ်ပါ....(အသေအခြာပိတ်နေတာသေခြာပါစေ)
-Setup ကိုအင်စတောလုပ်ပါ...
(C:\...)(OK)...
-🔳Advertising: install..... အမှန်ခြစ်ဖြုတ်ပါ...
-🔳☑Visual C++ Redistributable Package.... သူ့အတိုင်းထားပါ...
လိုအပ်ပါက ☑ပေးထားလိမ့်မယ်...
🔳မလိုအပ်ပါက အမှန်ခြစ်ဖြုတ်ထားပြီးဖြစ်နေမည်...(INSTALL) ကလစ်ပါ...
-(Continue)...(100%) ပြည့်သည်အထိစောင့်ပါ...
-(OK)...(Exit)...ခဏစောင့်ပေးပါ...
-ဆော့ဝဲဖွင့်၍ ဖူးလ်ဗားရှင်း (Online/Offline) လိုင်စင်ဖြင့်အသုံးပြုနိုင်ပြီဖြစ်သည်...

🅰dobe Photoshop 2021
v.22.0.0.35 x64 (Repack) - 1.39 GB.
Mega link... https://mega.nz/file/0R0UXSiC...
🅰dobe After Effects 2020
v.17.5.0.40 x64 (Repack) - 1.10 GB.
Mega link... https://mega.nz/file/dUEUTB5L...






ီးကောင်းမြင့်

25/04/2022

ဓါတ်ပုံတွေကို Professional ကျကျ Editing ပြုလုပ်နိုင်တဲ့ - PortraitPro 15.4.1.0 Full Version..................................................................................
PortraitPro 15.4.1.0 နောက်ဆုံးထွက် Update လေးတင်ပေးလိုက်ပါတယ်။ ဓါတ်ပုံတွေကို Professional ကျကျ Editing လုပ်ချင်ကြတဲ့ မိတ်ဆွေများအတွက်ပါ...။ Adobe Photoshop လို Program ကြီးကြီးရှိထားစရာမလိုပဲ ပေါ့ပေါ့ ပါးပါး Edit လုပ်နိုင်တဲ့ Software လေးပါ။ ဖိုင်ဆိုဒ်ကတော့ 91.4 MB ရှိပြီး Windows XP / Vista/ 7/ 8/ 8.1/ 10 (32-bit or 64-bit) အထိ အသုံးပြုနိုင်ပါတယ်။ Full Version သုံးရအောင် Crack ဖိုင်ထည့်ပေး ထားပါတယ်။ အသုံးပြုလိုတဲ့ သူများ အောက်က Link ကနေ Download လုပ်ယူသွားနိုင်ပါတယ်။

download link : http://www.solidfiles.com/v/YA6aL8yZNXLga
rar password ကို cmt မှာ ကြည့်ပါ







zunit.org

Download [www.ayekyaw.org]_PortPr15410x86StE.rar on Solidfiles.

ဒီနေ့ တော့ company တခု ရဲ့ enterprise level network တခုမှာ service လေးသွားလုပ်ဖြစ်ခဲ့ပါတယ်...အဓိက network တခုလုံးမှာ ip ...
20/04/2022

ဒီနေ့ တော့ company တခု ရဲ့ enterprise level network တခုမှာ service လေးသွားလုပ်ဖြစ်ခဲ့ပါတယ်...အဓိက network တခုလုံးမှာ ip တချို့ ကို ပဲ internet service ပေးချင်တာ ဖြစ်နေတာပါ..paloalto firewall နဲ့ bluecoat proxy ရှိပေမယ့် router ထဲက routing ကိုပဲ နဲနဲ ကစားပေးခဲ့ပါတယ် ....
......................................................................
Apsis IT solution မှ
များသို့သွားရောက်ပြုပြင်ရန်အချိန်မပေးနိုင်သော ရုံး၊ အိမ်၊ သင်တန်းကျောင်းများ နှင့် ဆိုင် များအတွက် Computer Hardware & Software ပြဿနာများကို အိမ်၊ ရုံး၊ လုပ်ငန်း၊ စက်ရုံများအထိ လိုက်လံပြုပြင်၀န်ဆောင်မှု ပေးနေပါပြီ
ဖြင့် လည်း ရုံးများ၊ ကုမ္ပဏီများ၊ သင်တန်းကျောင်းများရှိ
ကွန်ပျူတာများအတွက် လစဉ် ကွန်ပျူတာပြုပြင်ထိန်းသိမ်းခြင်းကို လည်း တာ၀န်ယူဆောင်ရွက်ပေးနေပါပြီ
လူကြီးမင်းတို့ရဲ့ အရေးကြီးသော data များ ပျက်စီးဆုံးရှုံးမှု များကိုလည်း ကျွန်တော်တို့ Apsis IT Solution ရဲ့ Data recovery service for everyone( Easy & Low Cost) Plan ဖြင့် company အရောက်, အိမ်အရောက် ၀န်ဆောင်မှု ပေးနေပါပြီ

1. Window အမျိုးမျိုး တင်ခြင်းနှင့် လိုအပ်သော Software များကို စိတ်တိုင်းကျ ထည့်သွင်းပေးခြင်း.
2. Laptop နှင့် Deskop Computer များ၏ Hardware များပျက်စီးနေခြင်းကို ပြင်ဆင်ပေးခြင်း နှင့် Upgrade ပြုလုပ်ပေးခြင်း.
3. ပျက်စီးနေသော Laptop Keyboard များကို ပြန်လည်ပြုပြင်ပေးခြင်း နှင့် Upgrade ပြုလုပ်ပေးခြင်း.
4. Laptop နှင့် Desktop Computer များ Power မလာခြင်းများကို ပြင်ဆင်ပေးခြင်း.
5. Virus သတ်ခြင်းနှင့် Virus ကာကွယ်ပေးခြင်း
6. System Error များ ဖြေရှင်းပေးခြင်း
7. Window Password ဖြည် ပေးခြင်း
8. ရုံးတွင်း File sharing and Printer Sharing ပြုလုပ်ပေးခြင်း
9. Network configuration
10. Wireless Router Configuration/ Access Point Configuration
11. IP Camera & CCTV Configuration ပြုလုပ်ပေးခြင်း နှင့်
အခြားသော Computer Error များကို လူကြီးမင်းတို့၏ အိမ်တိုင်ရာရောက် လိုက်လံပြုပြင်ပေးနေပါသည်။

မသုံးတာကြာလို့ Power မလာတော့တာပဲဖြစ်ဖြစ်၊ သုံးနေရင်း Power မလာတော့တာပဲ ဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် Laptop များ သုံးမရဖြစ်သွားပါက Laptop Motherboard များကို အကောင်းမွန်ဆုံးဖြစ်အောင် ကျွန်တော်တို့ Apsis IT solution မှ ဝန်ဆောင်မှုပေးနေပါပြီခင်ဗျာ။

* Power Error
* USB Port Error
* Keyboard Error
* Screen Error
* Chipset Error
* BIOS Error နှင့်
Laptop Motherboard Error အမျိုးမျိုးကို
ပြုပြင်ပေးလျှက်ရှိပါသည်။
ကျွန်တော်တို့ Apsis IT Solution မှ ပြုပြင်ပေးသော Laptop Motherboard များသည် ( ၃လ ) အတွင်း အလားတူ Error များပေါ်ပေါက်ပါလာက အခမဲ့ပြန်လည် ပြုပြင်ပေးမည်ဖြစ်ပါသည်။
Phone : 09421045424,09420050846
Email : [email protected]




Laptop များပျက်ရသည့်အကြောင်းရင်းများ Laptop များတွင်ဖြစ်‌ပေါ်တတ်သည့် Hardware စက်ပစ္စည်း ပျက်စီးမှု အကြောင်းရင်းများ====...
15/01/2022

Laptop များပျက်ရသည့်အကြောင်းရင်းများ


Laptop များတွင်ဖြစ်‌ပေါ်တတ်သည့် Hardware စက်ပစ္စည်း ပျက်စီးမှု အကြောင်းရင်းများ

=========================

(၁) ပါဝါနှင့် ဘက်ထရီ

--------------------------------

မီးအားအတက်အကျမြန်ခြင်း၊ ဘက်ထရီဖြင့်အားကုန်တဲ့အထိသုံးခြင်း၊ မီပလပ်ဖြင့် ရက်ပေါင်းများစွာအသုံးပြုခြင်း၊ Static လျှပ်စီးဆင်းမှု တွေကြောင့် ပါဝါ နဲ့ ဘက်ထရီ ချွတ်ယွင်းမှုတွေဖြစ်တတ်ပါတယ်။

-

(၂) Motherboard/CPU/RAM

-------------------------------------------

မီးအတက်အကျ၊ သယ်ဆောင်ရာတွင်ပေါ့ဆခြင်း၊ ပူနေချိန်တွင် အိတ်ထဲထည့်ခြင်း၊ ပူနေချိန်တွင် စွမ်း‌ဆောင်ရည်မြင့်သော Software များ ဂိမ်းများအသုံးပြုခြင်း၊ လေလမ်းကြောင်းပိတ်စေသော မွေ့ရာ ခေါင်းအုံး စသည့် ပျော့ပြောင်းသောမျက်နှာပြင်များတွင် အချိန်ကြာမြင့်စွာ အသုံးပြုခြင်း၊ မသုံးပဲ အချိန်ကြာမြင့်စွာ ပတ်ဝန်းကျင်လေထုအတွင်း ပစ်ထားခြင်း၊ ရာသီဥတုကြောင့် လေထုထဲရှိ ရေခိုးရေငွေ့ရိုက်ခြင်း၊ ရေဖိတ်စင်ခြင်း၊ မတော်တဆထိခိုက်ခြင်း အစရှိသည်တို့ကြောင့် ပျက်စီးတတ်ပါတယ်။

-

(၃) Graphic Unit

------------------------

အပူချိန်များခြင်း/FPS များသော ဂိမ်းများဆော့ခြင်း/Built-in ပါသော Graphic Unit နှင့် Dedicated/Extended Graphic Unit တို့အား ခွဲခြားအသုံးမပြုနိုင်ခြင်းတို့ကြောင့် Graphic Unit မှာ ချွတ်ယွင်းတတ်ပါတယ်။

-

(၄) HDD/SSD/DVD Drive

-------------------------------

မတော်တဆထိခိုက် ပြုတ်ကျခြင်း/တုန်ခါခြင်း/ ရေငွေ့ရိုက်ခြင်း၊ အဖြုတ်အတပ်များခြင်း/ပုံမှန်စွမ်း‌ေဆာင်နုိင်ရည်ထက်လွန်ကဲကြာမြင့်စွာ ရေးဖတ်မှတ်ခိုင်းခြင်း၊

ဥပမာ(3D Rendering/Video Editing) တို့ကြောင့် Data များပျက်စီးတတ်ပြီး ချွတ်ယွင်းတတ်ပါတယ်။

-

(၅) LCD/LED Panel Screen

----------------------------------

အပူထုတ်လွှတ်မှု များခြင်း၊ ရေငွေ့ရိုက်ခြင်း၊ မသုံးပဲ Stand by မလုပ်ပဲအချိန်ကြာမြင့်စွာ ဖွင့်ထားခြင်း၊ မသုံးပဲ အချိန်ကြာမြင့်စွာ ပတ်ဝန်းကျင်လေထုအတွင်း ပစ်ထားခြင်း၊ မတော်တဆထိခိုက်မိခြင်း၊ ‌လက်ချောင်းဖြင့်ထိုးဖိခြင်း ၊ ဆက်တိုက် အလင်းတင်အသုံးပြုခြင်း၊ စသောအချက်များကြောင့် Laptop တစ်လုံး၏ LCD/LED Panel ပျက်စီးစေပါတယ်။

ကျနော်တို့ Apsis It Solution မှ ပြီး လူကြီးမင်းတို့ရဲ့ laptop , desktop များကို အိမ် အရောက် ရုံး ‌အရောက် လိုက် လံပြုပြင် ဝန်ဆောင်မှုပေးနေပါပြီ...
ph : 09 421045424 , 09 420050846





File,Folder တွေကို ဖွက်ထားမယ် 👨‍💻ကွန်ပျူတာမှာ မိမိရဲ့လျှို့ ဝှက် File တွေကို တစ်ခြားသူတွေမမြင်စေချင်၊မသုံးစေချင်ဘူးဆိုရင...
15/01/2022

File,Folder တွေကို ဖွက်ထားမယ် 👨‍💻

ကွန်ပျူတာမှာ မိမိရဲ့လျှို့ ဝှက် File တွေကို တစ်ခြားသူတွေ
မမြင်စေချင်၊မသုံးစေချင်ဘူးဆိုရင် Folder Locker တွေမလိုပဲ
ဖွက်ထားနည်းကို မေးထားတဲ့သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
ဒီလိုနည်းတွေကို ကွန်ပျူတာအခြေခံတက်ထားပြီးသားသူတိုင်း
လုပ်တတ်ကြပါတယ်။ ဒါပေမယ့် အမှုမဲ့၊ရုတ်တရက် စက်ကိုဖွင့်ကြည့်လိုက်ရင်
ကိုယ်ဖွက်ထားမှန်း တစ်ခြားသူတွေ အလွယ်တကူသိနိုင်မှာ မဟုတ်ပါဘူး။
လက်ဆော့တတ်တဲ့သူတွေ သုံးမိသွားရင်တော့ ဘယ်လိုပဲဖွက်ထားဖွက်ထား
သူတို့ရှာတွေ့နိုင်မှာပါ။ မိမိဖွက်ထားချင်တဲ့ File, Folder ကို
Right Click နှိပ်လိုက်ပါ။ အောက်ဆုံးက Properties ကိုနှိပ်ဝင်လိုက်ရင်
အောက်ဆုံးက Attribute ဘေးမှာ hidden ဆိုတာကို အမှန်ခြစ်ပေးပြီး
Apply-OK နှိပ်လိုက်ပါ။ အဲ့ဒီဖိုင်၊ဖိုဒါပျောက်သွားပါလိမ့်မယ်။
မိမိဖွက်ထားတာကို ပြန်ဖော်ချင်ရင် All Control Panel ထဲဝင်ပြီး

File Explorer Options ကိုနှိပ်ဝင်ပြီး View အောက်မှာ
Show Hidden File ဆိုတာကို အမှန်ခြစ်ပေးပြီး Ok နှိပ်ပါ။
ကိုယ်ဖွက်ထားတဲ့ ဖိုင်တွေ ပြန်ပေါ်လာမယ်။ File,Folder တွေ
ဖွက်ထားချင်သေးတယ်ဆိုရင် Don't Show hidden ဆိုတာကို ရွေးထားရမယ်။
Windows10 ဆိုရင် Menu bar ပေါ်က View ထဲမှာ Hidden Items ကို
အမှန်ခြစ်ပေးထားရင် ရပါတယ်။ မပေါ်စေချင်ရင် ဖြုတ်ထားရမယ်။
Command Prompt သုံးပြီးဖွက်ထားချင်တယ်ဆိုရင် cmd ကိုဖွင့်လိုက်ပါ။ C:\Windows\system32> အတိုင်းဖြစ်နေရင် ဘေးမှာ
attrib +h ကို ရိုက်ထည့်ပါ။ Space တစ်ခါခြားရမယ်။ ပြီးရင်
ကိုယ့်ဖွက်ချင်တဲ့ ဖိုင်၊ဖိုဒါ path လမ်းကြောင်းကို ကော်ပီကူးပြီး
+h ရဲ့ဘေးမှာ space တစ်ခါခြားပြီး right click ချ၊ paste လုပ်၊ Enter နှိပ်လိုက်ပါ။
ပြန်ဖော်ချင်ရင် +h နေရာမှာ -h ကိုပြောင်းပေးလိုက်ပါ။
အရမ်းလွယ်တဲ့နည်းဖြစ်ပေမယ့် ကွန်ပျူတာ သိပ်မသုံးတတ်သေးတဲ့သူတွေဆိုရင်
မိမိဖွက်ထားတဲ့ဖိုင်၊ဖိုဒါတွေကို အလွယ်တကူရှာတွေ့နိုင်မှာမဟုတ်ပါဘူး။




Adobe Photoshop များစုစည်းပြီး တင်ပေးလိုက်ပါတယ်.. .. Adobe Photoshop CS3 မှ Adobe Photoshop CC2019 အထိ ပါ ပါတယ်....[32Bi...
10/01/2022

Adobe Photoshop များစုစည်းပြီး တင်ပေးလိုက်ပါတယ်.. .. Adobe Photoshop CS3 မှ Adobe Photoshop CC2019 အထိ ပါ ပါတယ်....
[32Bits & 64Bits] အားလုံးအသုံးပြုနိုင်သည်
Adobe Photoshop CS3 Portable
https://drive.google.com/…/1d-qFIDNovBpR2QM_lgyfoDzDz…/view…
Adobe Photoshop CS5....1.67GB
Link... https://mega.nz/…
Adobe Photoshop CS6..1.7GB
https://softfamous.com/adobe-photoshop-cs6/
Adobe Photoshop CC2015..1.63GB
https://mega.nz/…
Adobe Photoshop CC2017...1.6GB
https://getintopc.com/…/adobe-photoshop-cc-2017-v18-free-d…/
Adobe Photoshop CC2018...1.44GB
https://igetintopc.com/download-adobe-photoshop-cc-2018-1…/…
Adobe Photoshop CC2019..1.6GB
https://igetintopc.com/adobe-photoshop-cc-2019-20-0-2-fre…/…
Adobe Photoshop Lightroom CC Classic 2018
1.33GB
https://igetintopc.com/adobe-photoshop-lightroom-classic-…/…
Photoshop For All Plugin...3.2GB
https://igetintopc.com/download-akvis-plugins-adobe-photo…/…
Adobe Illusrttor ...1.9GB
https://igetintopc.com/adobe-illustrator-cc-2019-23-0-1-5…/…
Adobe Indesign...796MB ...851MB
https://igetintopc.com/adobe-indesign-cc-2019-14-0-1-free…/…
Credit..မူရင်း




32-bit and 64-bit=============ကွန်ပျူတာမှာ 32-bit Windows OS တင်မလား၊64-bit Windows OS တင်မလားဆိုတာ မပြောခင် Processor (...
06/01/2022

32-bit and 64-bit
=============
ကွန်ပျူတာမှာ 32-bit Windows OS တင်မလား၊
64-bit Windows OS တင်မလားဆိုတာ မပြောခင် Processor (CPU) အကြောင်းကို ဦးစွာ အနည်းငယ် ပြောချင်ပါတယ်။

32bit နဲ့ 64bit Processor........................................
Processor တစ်လုံးရဲ့ အတွင်းပိုင်းမှာ Register ဆိုတဲ့ အစိတ်အပိုင်းတစ်ခု ရှိပါတယ်။ Processor မှ လက်ရှိ execute လုပ်ဖို့ လိုအပ်တဲ့ data များကို ထည့်ထားတဲ့နေရာဖြစ်ပါတယ်။
Processor ထဲမှာ data/ instruction တွေ တစ်နေရာနဲ့တစ်နေရာ ပေးပို့သယ်ဆောင်ပေးတဲ့ Internal Data Bus ဆိုတဲ့ လမ်းကြောင်းတစ်ခုလည်း ရှိပါတယ်။ ၎င်း Internal data bus ပေါ်မှာ တစ်ကြိမ် တွင် data ပမာဏ ဘယ်လောက်ထိ သယ်ယူပေးနိုင် သလဲဆိုတာ Register ရဲ့ size အပေါ် မူတည်ပါတယ်။

32bit register သုံးထားတဲ့ processor ကို 32-bit Processor ဟု ခေါ်ပြီး 64bit register သုံး ထားတဲ့ processor ကို 64-bit Processor ဟု ခေါ်ပါတယ်။
Intel မှ ထုတ်သော 80386 မှစပြီး Pentium 4 processor များထိ 32-bit register များကိုအသုံးပြု ထားပါတယ်။ ဒါကြောင့် 32-bit processor နဲ့ တပ်ဆင်ထားတဲ့ Computer များမှာ 32-bit Windows OS နဲ့ Application များကိုသာ Install လုပ်နိုင်ပါတယ်။ 64-bit Windows OS နဲ့ Application များကို Install လုပ်လို့ မရနိုင်ပါဘူး။
Intel ရဲ့ Pentium Dual Core လောက်ကစပြီး ယနေ့အထိ Processor များတွင်တော့ 32bit နဲ့ 64bit register နှစ်မျိုးလုံး ပါရှိတဲ့အတွက် 32-bit OS ပဲဖြစ်ဖြစ်၊ 64-bit OS ပဲဖြစ်ဖြစ် အသုံးပြုလို့ ရပါတယ်။

32-bit Windows နှင့် 64-bit Windows.............................................................
64-bit CPU နဲ့ computer ကို စွမ်းဆောင်ရည် ပိုမို အသုံးချနိုင်ဖို့ 64-bit Windows ကို အသုံးပြုသင့်ပြီး ၎င်း Windows အတွက် 64-bit Driver များ တင်ဖို့ လိုအပ်ပါတယ်။
32-bit Windows ကို သုံးမည်ဆိုပါက CPU တစ်လုံး ကို စွမ်းရည်ပြည့် အသုံးမချသလို ဖြစ်နေပါမယ်။
ယခုနောက်ပိုင်း model မြင့် Laptop တွေအချို့မှာ ဆိုရင် 64-bit OS အတွက်ပဲ Driver ထုတ်ပေးပြီး 32bit အတွက် driver support မလုပ်တော့တာ တွေ့ရပါတယ်။ ၎င်း Laptop များကို 32-bit Windows တင်သုံးလို့ရသော်လည်း driver install လုပ်တဲ့အခါ component device အားလုံးအတွက် driver ရှိမည် မဟုတ်ပေ။

နောက်ထပ် အရေးကြီးတဲ့အချက်က RAM (memory capacity) နဲ့ ဆက်စပ်မှုပါပဲ။
32-bit Windows OS ရဲ့ အမြင့်ဆုံး support လုပ်နိုင် တဲ့ RAM ပမာဏဟာ 4GB အထိသာ ဖြစ်ပါတယ်။ သဘောကတော့ 32-bit Windows သုံးထားရင် computer မှာ RAM ကို 4GB ထက်ကျော်လွန်အောင် အသုံးပြု၍ မရပါ။ (ဥပမာ. 6GB တပ်ထားပါက ပိုတဲ့ 2GB သည် အပို waste ဖြစ်နေပါလိမ့်မည်။)
RAM ကို 4GB ထက်ပိုသုံးထားပါက 64-bit Windows ကိုသာ အသုံးပြုသင့်ပြီး 64-bit Windows ရဲ့ အမြင့်ဆုံး support လုပ်နိုင်တဲ့ RAM ပမာဏဟာ 16.8 million terabyte ထိ ဖြစ်ပါတယ်။

Computet တစ်လုံးမှာ RAM အများဆုံး တပ်ဆင်နိုင် မှုသည် Motherboard ရဲ့ Chipset အပေါ်မှာလည်း မူတည်ပါသေးတယ်။ Motherboard chipset ရဲ့ RAM support လုပ်နိုင်မှုသည် 16 GB ဆိုပါက RAM ကို 16GB ထက် ပိုတပ်၍ မရပေ။

Windows 64-bit သုံးမည်ဆိုလျှင် ဆက်စပ် device များအတွက် 64-bit driver များ install လုပ်ရမည် ဖြစ်ပြီး Application များကတော့ 32-bit ရော 64-bit ပါ install လုပ်နိုင်ပါတယ်။ အချို့ Apps များကတော့ 64-bit apps များသာ တင်လို့ ရပါတယ်။
(ဥပမာ. Adobe Premiere CS 5 software ဆိုရင် 64-bit Windows ပေါ်မှာသာ သုံးနိုင်ပါတယ်။)

64-bit Windows OS အသုံးပြုပါက 3D Game များ၊ 3D Aimation, Graphic app များကို သုံးသည့်အခါ စွမ်းဆောင်ရည် ပိုမိုအသုံးချနိုင်သည့်အတွက် 64-bit Windows OS အသုံးပြုမှုမှာ ပိုမိုတွင်ကျယ်လာပြီး ဖြစ်သည်။
........................
Ref: Wikipedia
Kyaw Kyaw (UniSUN)





Monitor တစ်လုံး ရွေးချယ်ရာတွင်အပိုင်း(၁) အခုနောက်ပိုင်းမှာ CRT မော်နီတာတွေရဲ့ နေရာကို LCD မော်နီတာတွေက အစားထိုး ဝင်ရောက်...
03/01/2022

Monitor တစ်လုံး ရွေးချယ်ရာတွင်
အပိုင်း(၁)
အခုနောက်ပိုင်းမှာ CRT မော်နီတာတွေရဲ့ နေရာကို LCD မော်နီတာတွေက အစားထိုး ဝင်ရောက်နေရာယူလိုက် ပြီ ဖြစ် ပါတယ်။ LCD မော်နီတာတွေ ဝယ်ယူတဲ့အခါမှာ အောက်ပါ အချက် (၇) ချက်ပေါ် အဓိကထား နှိုင်းယှဉ် ပြီး ဝယ်ယူသင့်ပါတယ်။

အဲဒါတွေကတော့

(1) Resolution

(2) Contrast Ratio

(3) Monitor Ratio

(4) Response Time

(5) View Angle

(6) Port (DVI/VGA) နဲ့

(7) Warranty တို့ပဲ ဖြစ်ပါတယ်။

အခုဖော်ပြပေးထားတဲ့ အချက်တွေနဲ့ ပတ်သက်တဲ့ သိရှိထားသင့်တာတွေ ကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

အသေးစိတ်ကို အောက်မှာ ဆက်လက်လေ့လာပါ...

(1) Resolution

Resolution ဆိုတာကတော့ မော်နီတာပေါ်မှာ ပုံဖော်ပေးနိုင်မယ့် အစက်အပြောက်အရေအတွက်ပဲ ဖြစ်ပါတယ်။ resolution များလေ မော်နီတာရဲ့ ကြည်လင်ပြတ်သားမှု ပိုကောင်းလေပါပဲ။ resolution ကို pixel ပမာဏ နဲ့ ဖော်ပြ ပေးပါတယ်။ ဥပမာ မော်နီတာရဲ့ resolution 1280 x 1024 megapixel ဆိုရင် အဲဒီနှစ်ခု ကို မြှောက်ရန် မော်နီတာမှာ ပုံဖော်ပေးမယ့် အစက်အရေအတွက် ရပါတယ်။

(2) Contrast Ratio

Contract Ratio ဆိုတာကတော့ ပုံရိပ်ဖော်ရာမှာ အသုံးပြုတဲ့ အစက်အပြောက် တစ်ခုချင်းစီရဲ့ အတောက်ပဆုံး အဖြူရောင်နဲ့ အနက်ရောင်စစ်စစ်တို့ကို ဘယ်လောက်အထိ ရလဲဆိုတာကို တိုင်းတာတဲ့ အတိုင်းပဲဖြစ်ပါတယ်။ Contract Ratio ကွာခြားချက် တန်ဖိုးမြင့်လေ ဖော်ပြတဲ့ ပုံရိပ်ရဲ့ ကြည်လင်တောက်ပမှု ပိုအားကောင်းလေ ဖြစ်ပါ တယ်။ စကရင် ဆိုဒ်အရွယ်အစား တူညီတဲ့ အမျိုးအစားမတူတဲ့ မော်နီတာ နှစ်မျိုးကို ရွေးချယ်တဲ့ အခါမှာတော့ Contract Ratio ပိုများတာကို ရွေးချယ်သင့်ပါတယ်။

(3) Monitor Ratio

Monitor Ratio ဆိုတာကတော့ မော်နီတာရဲ့ အလျားနဲ့ အနံအချိုးကို ဆိုလိုတာဖြစ်ပြီး အခုဈေးကွက်ထဲမှာရှိ တဲ့ မော်နီတာတွေမှာ square view နဲ့ wide view ဆိုပြီး နှစ်မျိုး တွေ့နိုင်မှာ ဖြစ်ပါတယ်။ wide view အချိုးမှာတော့ 16:10 နဲ့ 16:9 ဆိုပြီး နှစ်မျိုးရှိပြီး square view အချိုးကတော့ 4:3 ဖြစ်ပါတယ်။ 4:3 ကတော့ CRT မော်နီတာတွေ မှာသုံးတဲ့ အချိုးအစားဖြစ်ပြီး ရုံးလုပ်ငန်းသုံးအတွက် သင့်တော်ပါတယ်။ Wide view ကတော့ ရုပ်ရှင်ကြည့်တာမျိုးနဲ့ Multi-media လုပ်ငန်းသုံးအတွက် အထူးသင့်လျော်ပါတယ်။

(4) Response Time

မော်နီတာပေါ်မှာ ပုံရိပ်ဖော်ဖို့အတွက် pixel လေးတွေကို အဖွင့်အပိတ်ပြုလုပ်ပေးရပါတယ်။ အဲဒီလိုလုပ်ပေးရာမှာ ဘယ်လောက်မြန်မြန် လုပ်နိုင်သလဲဆိုတာကို တိုင်းတာတဲ့ အတိုင်းအတာပဲ ဖြစ်ပါတယ်။ Response Time နည်းပါက ပိုမိုကောင်းမွန်ပါတယ်။ အခုဈေးကွက်ထဲမှာတွေ့နေရတဲ့ မော်နီတာအများစုကတော့ 2ms, 5ms, 7ms စတာတွေရှိပါတယ်။ 2 milli second (2ms) ဆိုရင် Response Time က တစ်စက္ကန့်ရဲ့ တစ်ထောင်ပုံနှစ်ပုံ ကြာတာကို ဆိုလိုတာဖြစ်ပါတယ်။

(5) View Angle

Verticle View Angle နဲ့ Horizonal View Angle ဆိုပြီး နှစ်မျိုးရှိပါတယ်။ မော်နီတာရဲ့ မျက်နှာပြင်ကို ဘေးစောင်း ကနေ ဘယ်လောက်ထိကြည့်လို့ရသလဲနဲ့ အပေါ်အောက် ဘယ်လောက်ထိ စောင်းကြည့်နိုင်လဲဆိုတာကို တိုင်း တာတဲ့ အတိုင်းအတာဖြစ်ပါတယ်။ View Angle ကျဉ်းရင် ဘေးစောင်းကြည့်တဲ့အခါ မော်နီတာမျက်နှာပြင်က မည်းနေပါ လိမ့်မယ်။ View Angle ကျယ်လေ ပိုကောင်းလေ ဖြစ်ပါတယ်။

(6) Port

မော်နီတာ ဝယ်ယူတဲ့အခါမှာ ဘယ်လို Port တွေနဲ့ချိတ်ဆက်အသုံးပြုလို့ရလဲဆိုတာကိုပါ သိရှိဖို့လိုပါတယ်။ DVI port နဲ့ VGA port ဆိုပြီး နှစ်မျိုးရှိပါတယ်။ DVI port ကတော့ ဒစ်ဂျစ်တယ်ကနေ ဒစ်ဂျစ်တယ်ကို တိုက်ရိုက် output အနေနဲ့ ထုတ်ပေးတဲ့အတွက် VGA port ထက်ပိုကောင်းပါတယ်။ သင့်ရဲ့ system unit မှာ DVI output ပါတယ်ဆိုရင်တော့ DVI port ပါတဲ့ မော်နီတာကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ အခုနောက်ပိုင်းမှာပေါ့ HD အရည်အသွေးတိုင်း ထောက်ပံ့ပေးနိုင်တဲ့ HDMI port ပါဝင်တဲ့ အမျိုးအစားတွေလည်း ဝင်ရောက်လာပါတယ်။

(7) Warranty

Warranty ကိုတော့ ဝယ်ယူတဲ့အခါမှာ သေချာမေးဝယ်သင့်ပါတယ်။ တချို့တွေက Warranty သုံးနှစ်လို့ ပြောပေမယ့် ဆားဗစ်ပဲ ပေးတာမျိုးရှိပါတယ်။ ဥပမာ - Warranty သုံးနှစ်ဆိုပါစို့။ Warranty ကို ဆားဗစ်ရော အစိတ်အပိုင်း (parts) နှစ်မျိုးလုံး သုံးနှစ် ပေးတာလား၊ LCD panel ကိုရော သုံးနှစ်ပေးတာလားဆိုတာကို သေချာမေးပြီး ဝယ်ယူသင့်ပါတယ်။

အပိုင်း(၂)

Monitor အသစ်တစ်လုံးဝယ်တဲ့ အခါမှာ စဉ်းစားစရာ အချက်တွေက screen size, resolution, aspect ratio တွေပဲဖြစ်ပါတယ်။ အဲ့ဒီအချက်တွေတင်မကသေးပဲ နောက်တစ်ချက် ဖြစ်တဲ့ refresh rate ဆိုတာကို ကျွန်တော်တို့ကြားဖူးကြပါတယ်။ ကဲဒါဆိုရင် refresh rate ဆိုတာဘာလည်း ဆိုတာကိုအနည်းနဲ့အများ သိရှိသွားအောင် ရေးသားလိုက်ပါတယ်။

Refresh rate ဆိုတာဘာလဲ?
__________________

Monitor တစ်လုံးရဲ့ refresh rate ဆိုတာက တစ်စက္ကန့်ကို မော်နီတာပေါ်မှာ မြင်နေရတဲ့ ပုံဘယ်နှစ်ကြိမ်ပြောင်းလည်းသလဲဆိုတာကို တိုင်းတဲ့အတိုင်းအတာပဲဖြစ်ပါတယ်။ အဲ့ဒါကို Hertz(Hz) ဆိုတာနဲ့တိုင်းပါတယ်။ Refresh rate ဆိုတာ frame rate ကိုပြောတာမဟုတ်ပါဘူး။ Frame rate ဆိုတာက program တစ်ခုကနေ သင့် display ကို တစ်စက္ကန့်အတွင်း ပေးပို့တဲ့ video frame ပမာဏကိုပြောတာပါ။ အဲ့ဒီပေးပို့လိုက်တဲ့ frame တွေကို တစ်က္ကန့်အတွင်း ဘယ်နှစ်ကြိမ် update လုပ်ပြီးပြနိုင်လဲဆိုတဲ့ နှုန်းကိုတော့ “Monitor Refresh Rate” လို့ဆိုပါတယ်။ ဥပမာ game တစ်မျိုးက 100FPS(Frame Per Second) နဲ့ runနေတယ်ဆိုရင် refresh rate များတဲ့ monitor နဲ့ဆိုရင် လှုပ်ရှားမှုတွေကို ပိုမိုချောချောမွတ်မွတ် မြင်တွေ့ရမှာပါ။ ပုံမှန် monitor တွေဟာ refresh rate 60Hz နဲ့ပါ။ ဒါပေမဲ့ တခြား rate တွေဖြစ်တဲ့ 144Hz၊ 240Hz နဲ့ monitor တွေလည်းရှိပါတယ်။
Refresh rate တွေကဘယ်အချိန်မှအရေးပါတာလည်း?
_______________

Game နဲ့ ရုပ်ရှင်ကြည့်တာတွေကို ကောင်းကောင်းမွန်မွန်ကြည့်ချင်ရင် refresh rate များတဲ့ monitor ဝယ်လိုက်ရုံပဲလား?။ မဟုတ်ပါဘူး။ အပေါ်ကပြောသလိုပဲ refresh rate ဆိုတာ frame rate မဟုတ်ပါဘူး။ အဲ့ဒီ frame တွေကို ဘယ်လောက်မြန်မြန် update လုပ်နိုင်သလဲဆိုတာပါ။ Game နဲ့ Video တွေ Smooth ဖြစ်တာက frame rate တွေကြာင့်လည်းပါပါတယ်။ အဲ့ဒီတော့ Refresh များတဲ့ monitor တွေကိုဝယ်မယ်ဆိုရင် အဲ့ဒီ refresh rate ကိုကောင်းကောင်း အသုံးချဖို့ သင့် computer က frame rate များများပို့ပေးနိုင်ဖို့လိုပါတယ်။ Productivity Application တွေဖြစ်တဲ့ Microsoft Officeတို့၊ Photoshop ( Animation မလုပ်ရင် ) စတဲ့ Application များစုနဲ့၊ Video တွေကြည့်တဲ့အခါမှာတော့ refresh rate ကလုံး၀ အရေး မပါပါဘူး။ Video အများစုက 24FPs နဲ့သွားတာဖြစ်လို့ 60Hz monitor တိုင်းကောင်းကောင်းနိုင်ပါတယ်။ ဒါပေမဲ့ Video တိုင်းကတော့ 24FPs နဲ့မဟုတ်ဘူးဆိုတာ သတိပြုစေလိုပါတယ်။
Refresh Rate တွေတကယ့် အရေးပါတဲ့ နေရာက Game ကစားတဲ့အခါမှာပါ။ ဘာလို့လည်းဆိုတော့ Graphics ကဒ်ကောင်းကောင်းတွေက FPSအများကြီးထုတ်တတ်ပါတယ်။ အဲ့ဒီတော့ 60Hz refresh rate ထက်များတဲ့ monitor တွေနဲ့မှ 100 FPs နဲ့ အထက် game တွေကိုကစားရ တာကောင်းမှာပါ။ 60Hz refresh rate ပဲရှိတဲ့ mointor မှာ graphic card ကောင်းလို့ FPs များများလာတဲ့ဂိမ်း (ဥပမာ - 60Fps အထက်) တွေကို display ပြရင် screen ပေါ်မှာ ပြတဲ့ပုံက အပိုင်းပိုင်းပြတ်နေတာတွေရှိမှာပါ။
အဲ့ဒါကို "screen tearing” လို့လူသိများပါတယ်။
နောက်ဆုံး အနေနဲ့ monitor ဝယ်တဲ့အခါမှာ ဘယ်လောက် refresh rate ကိုဝယ်ရမလဲဆိုတာက ကိုယ်ဘာအတွက် ဒီ monitor ကိုအသုံးပြုမှာလည်းဆိုတာအပေါ်မူတည်ပါတယ်။ သာမန် သုံးပဲဆိုရင်တော့ 60Hz ကသင့်တော်ပါတယ်။ Refresh rate ကိုထည့်စဉ်းစားဖို့ လိုတဲ့သူတွေကတော့ တကယ့် serious ဖြစ်တဲ့ gamer တွေပဲများပါတယ်။ သာမန်အသုံးပြုသူတွေ၊ ဂိမ်းကိုရံဖန်ရံခါသာကစားသူတွေအတွက်ကတော့ အဲ့ဒီလောက် 60Hz ထက်ပိုမလို့လောက်ဘူးလို့ ယူဆလို့ရပါတယ်။ ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ စားလုံးပေါင်းမှားတာတွေ၊ typo တွေပါသွားရင် သည်းခံပေးပါ။

အပိုင်း ၃
Screen Resolution နဲ့ ပတ်သက်ပြီး Monitors အကြောင်း အမေးများတဲ့ မေးခွန်းလေးတွေရဲ့ အဖြေကို အောက်ပါ စာလေးကို ဆုံးအောင်ဖတ်ကြည့်ခြင်းဖြင့် အတန်အသင့် နားလည်သွားမယ်လို့ ယူဆမိပါတယ်😊
=====================
Screen တွေမှာရှိတဲ့ resolutionတွေဖြစ်တဲ့ 720p, 1080p, 1440p, 2K, 4K နဲ့ 8K စတာတွေကတစ်ခုနဲ့တစ်ခု ဘာကွာသလဲ?
Resolution ဆိုတာကို screen တစ်ခုမှာရှိတဲ့ pixel စုစုပေါင်း ရဲ့အရေအတွက်လို့သုံးရင်မှားပါတယ်။ အမှန်တကယ်မှာတော့ resolution ဆိုတာ တစ်ယူနစ် area မှာရှိတဲ့ pixel အရည်အတွက်ကိုပြောတာပါ။ နောက်ထပ်တစ်ခုဖြစ်တဲ့ PPI (pixel per inch) ဆိုတဲ့ တာကတော့ pixel လေးတွေဘယ်လောက်သိပ်သိပ်သည်းသည်းရှိနေသလဲဆိုတာကိုပြတဲ့ အတိုင်းအတာဖြစ်ပါတယ်။ Resolution တွေမှာ p နဲ့ I ဆိုပြီးတော့ နောက်ဆုံး စာလုံးနှစ်မျိုးကို သင်မြင်ဖူးကောင်း မြင်ဖူးပါလိမ့်မယ်။ P ကတော့ progressive display ကိုပြောတာဖြစ်ပြီးတော့ I ကတော့ interlaced display ကိုပြောတာပါ။ သူတို့နှစ်ခုရဲ့ကွာခြားချက်ကတော့ ရုပ်ပုံတွေကို ဖန်သားပြင်ပေါ်မှာ ပြတဲ့နည်းလမ်းပါ။
High-definition TV တွေ monitor တွေစထွက်တဲ့ အချိန်မှာတော့ ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို အသုံးပြုသူတွေအလွယ်သိရှိအောင်ဆိုပြီးတော့ 720p, 1080p, 1440p, 2K, 4K နဲ့ 8K ဆိုပြီးတော့ အဲ့ဒီ screen တွေရဲ့ display resolution တွေကို အလွယ်နည်းနဲ့ ဖော်ပြလာပါတော့တယ်။ ဒီလိုဖော်ပြတဲ့နေရာမှာ TV တွေရော computer monitor တွေရောကိုပါ ဖော်ပြကြပါတယ်။
Resolution ကို အလျားအလိုက် စီထားတဲ့ pixel အရေအတွက်နဲ့ ဒေါင်လိုက် စီထားတဲ့ pixel အရေအတွက် များရဲ့ မြှောက်လဒ်များ အဖြစ်ဖော်ပြပါတယ်။ ဥပမာ အနေနဲ့ဆိုရင်တော့ 640 x 480 = 307200 pixels ။
720p = 1280 x 720 – ကို HD သို့ “HD ready” resolution လို့သိရှိကြပါတယ်။
------
1080p = 1920 x 1080 - ကိုတော့ FHD ဒါမှမဟုတ် "Full HD" resolution ဖြစ်ပါတယ်။
------
1440p = 2560 x 1440 - ကိုတော့ QHD ဒါမှမဟုတ် Quad HD resolution လို့လူသိများပါတယ်။ ဒီလို screen တွေကိုတော့ gaming monitor တွေနဲ့ high-end ဖုန်းတွေမှာတွေ့ရတတ်ပါတယ်။ 1440p ဟာ HD သို့ “HD ready” resolution ရဲ့ 4 ဆဖြစ်ပြီးတော့ တချို့ premium ဖုန်းတွေမှာဆိုရင် 2960x1440 Quad HD+ resolution နဲ့တောင်မှ လာကြပါတယ်။
------
4K or 2160p = 3840 x 2160 -ကိုတော့ 4K, UHD or Ultra HD resolution လို့လူသိများပြီး premium TV တွေနဲ့ monitor တွေမှာ တွေ့ရတတ်ပါတယ်။ ဒီကောင့်ကို 4K လို့ခေါ်ရတဲ့ အကြာင်းကတော့ သူ့ရဲ့ အကျယ်က 4000 pixels နားကပ်နေလို့ပါ။ 1080p FHD or "Full HD." ရဲ့ pixel အရေအတွက်ထက် 4ဆ ပိုများပါတယ်။
------
8K လည်းရှိပါသေးတယ်။ 8K ကတော့ pixel 7680 x 4320 ရှိပါတယ်။
ကိုယ့် screen မှာရှိတဲ့ resolution ထက်ပိုတဲ့ video တွေကိုကြည့်လို့ရပါ့မလား?
========
ရပါတယ်။ သင့် screen က 720p ပဲရှိတယ်လို့ ဥပမာဆိုကြပါဆို့။ သင်ဟာ 1080p ရှိတဲ့ video တစ်ခုကို ကြည့်လို့ရပါတယ်။ သင့် display ဟာ downsampling ဆိုတဲ့နည်းပညာကိုသုံးပြီးတော့ သင့် resolution နဲ့ကိုက်ညီအောင် video resolution ကိုလိုက်ညှိပေးမှာဖြစ်ပါတယ်။ အဲ့ဒီတော့ သင့်မှာ 720p ပဲရှိပြီးတော့ 4K video ကိုကြည့်လည်း သင်က 720p ကိုပဲမြင်ရမှာဖြစ်ပါတယ်။
သင့်မှာ ရှိတဲ့ resolution ?
=======
http://whatismyscreenresolution.net/ ဆိုတဲ့ အင်တာနက် စာမျက်နှာကို သွားရောက်ခြင်းအားဖြင့် သင့် screen resolution ကိုသိရှိနိုင်မှာဖြစ်ပါတယ်။ တခြားနည်းလမ်းတွေလည်းရှိပါသေးတယ်။ အလွယ်ဆုံးနဲ့ အမြန်ဆုံးကို ဖော်ပြထားတာဖြစ်ပါတယ်။





Computer သုံးစွဲသူများ ပြုလုပ်မိသော အမှား ( ၁၀ ) ချက် ကွန်ပျူတာကို သုံးစွဲသူများအနေနဲ့ ကွန်ပျူတာကို သုံးစွဲနေစဉ်အတွင်းမှ...
03/01/2022

Computer သုံးစွဲသူများ ပြုလုပ်မိသော အမှား ( ၁၀ ) ချက်

ကွန်ပျူတာကို သုံးစွဲသူများအနေနဲ့ ကွန်ပျူတာကို သုံးစွဲနေစဉ်အတွင်းမှာ ပြုလုပ်မိတဲ့ အမှားတွေကနေ အများဆုံးပြုလုပ်မိတဲ့ အမှား ( ၁၀ ) ချက်ကို ရှောင်ရှားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ဒါတွေကိုရှောင်ရှားနိုင်ရင်တော့ တော်ရုံနဲ့ မိမိကွန်ပျူတာမပျက်တော့ဘူးပေါ့။ ( မှတ်ချက် ။ ။ expert user များအတွက်မဟုတ်ပါ။ )

************************************************

( ၁ ) အရေးကြီးသောဖိုင်များကို backup မလုပ်ခြင်း

---------------------------------------------------------------------

မိမိသုံးစွဲနေတဲ့ data file တွေ (word, excel, powerpoint, pagemaker, photoshop, image, media) ကို backup လုပ်မထားခြင်းဟာ ကြီးမားတဲ့အမှားတစ်ခုဖြစ်ပါတယ်။ ပျောက်သွားတော့မှ data recovery software များနဲ့ ပြန်လည်ရှာဖွေခြင်းဟာ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုတော့မဟုတ်ပါဘူး။ အဲဒီအတွက် external drive, USB, CD, DVD တို့နဲ့ ကူးယူထားသင့်သလို ကွန်ပျူတာအတွင်းမှာလည်း windows နဲ့တွဲပြီး ခွဲထားတဲ့ partition အပိုင်းမှာ သိမ်းဆည်းခြင်းမပြုလုပ်ပဲ သီးခြား drive တစ်ခုနဲ့ သိမ်းဆည်းသင့်ပါတယ်။

************************************************

( ၂ ) စာကိုသေချာစွာမဖတ်ပဲ Next (သို့မဟုတ်) Ok ကိုနှိပ်ခြင်း

-----------------------------------------------------------------------

ကွန်ပျူတာနဲ့ အင်တာနက်သုံးနေစဉ်အချိန်မှာ တစ်ခါတစ်ရံထွက်ပေါ်လာတဲ့ box တွေ၊ message တွေက
စာတွေကို သေသေချာချာမဖတ်ပဲ Next (သို့မဟုတ်) Ok ကိုနှိပ်လိုက်ခြင်းဟာ တစ်ခါတစ်ရံမှာ သူ့ကို သဘောတူညီရာရောက်သွားပြီး သင့်ကွန်ပျူတာအတွင်းက browser တွေ Toolbar တွေမှာ install လုပ်သွားပြီး မောင်းထုတ်မရတော့တဲ့ program မျိုးဖြစ်သွားတတ်ပါတယ်။ တစ်ကယ်တော့ သင့်အနေနဲ့ အဲဒီ program ကို install လုပ်ဖို့ရည်ရွယ်ချက်မရှိပါဘူး။ အဲဒီ program ဟာ ကွန်ပျူတာရဲ့ startup မှာ run နေပြီးတော့ ကွန်ပျူတာကိုအနှောက်အယှက်ဖြစ်စေပါတယ်။

************************************************

( ၃ ) Save မလုပ်ခြင်း

----------------------------

စာစီစာရိုက်လုပ်နေတုန်းပဲဖြစ်ဖြစ်၊ ပုံဆွဲနေတုန်းပဲဖြစ်ဖြစ်၊ Video edit လုပ်နေတုန်းပဲဖြစ်ဖြစ် save မလုပ်ခြင်းဟာလည်း အမှားတစ်ခုဖြစ်ပါတယ်။ သင်သုံးနေတဲ့ program ဟာ အလိုအလျောက် save လုပ်ပေးတဲ့ function ပါပေမယ့် မိမိလက်က ctrl + s ကို မကြာခဏ ၅ မိနစ်တစ်ကြိမ်လောက် အလိုအလျောက်နှိပ်မိနေဖို့လိုပါတယ်။ ဒါမှ မီးပြတ်သွားလို့ပဲဖြစ်ဖြစ်၊ UPS မကောင်းလို့ပဲဖြစ်ဖြစ်၊ Internet connection မကောင်းလို့ပဲဖြစ်ဖြစ် သင် create လုပ်နေတဲ့ data တွေမပျောက်တော့ဘူးပေါ့။

************************************************

( ၄ ) ကွန်ပျူတာကို နည်းစနစ်တကျမပိတ်ခြင်း

----------------------------------------------------------

ကွန်ပျူတာကို အသုံးမပြုချင်တော့တဲ့အချိန်မှာ မိမိသုံးနေတဲ့ file တွေကို save လုပ်၊ run နေတဲ့ application တွေကိုပိတ်ပြီးမှ ကွန်ပျူတာက shutdown ခလုပ်ကိုနှိပ်ပြီး ကွန်ပျူတာကိုပိတ်သင့်ပါတယ်။ တစ်ခြားနည်းလမ်းကို အသုံးပြုရင်တော့ အမှားတစ်ခုကို ကျူးလွန်မိခြင်းပါပဲ။

************************************************

( ၅ ) Email ကပါရှိလာတဲ့ attachments ဖိုင်များကိုဖွင့်ခြင်း

------------------------------------------------------------

အင်တာနက်ကနေ Email ကို အသုံးပြုသူတစ်ယောက်အဖို့ malware တွေကိုကာကွယ်နိုင်တဲ့ Antivirus program မရှိဘဲ Email နဲ့အတူပါရှိလာတဲ့ attachments ဖိုင်တွေကို မဖွင့်သင့်ပါဘူး။

ကိုယ်နဲ့ဘယ်လောက်ပဲရင်းနှီးတဲ့သူဆီကဖြစ်ပါစေ သတိထားသင့်ပါတယ်။ Virus ဝင်ရောက်ရာ အဓိက လမ်းကြောင်းဟာ attachment ဖိုင်များမှဖြစ်တယ်ဆိုတာ အထူးသတိပြုပါ။

************************************************

( ၆ ) မိမိထံရောက်ရှိလာသော ကြော်ငြာ email များထဲမှ ပုံစံများကိုဖြည့်သွင်းပြီး ပြန်လည်ပေးပို့ခြင်း

--------------------------------------------------------------------

တစ်ခါတစ်ရံမှာ ကိုယ်မသိတဲ့ ကြော်ငြာ email တွေဝင်လာတာကို တွေ့ဘူးကြမှာပါ။ ဘယ်မြို့မှာ အလုပ်ရမယ်။ လစာက ဘယ်လောက်ပေးမယ်။ ဖတ်လိုက်ရင်မက်လောက်စရာတွေချည်းပဲ။ အဲဒီအတွက် ဒီပုံစံမှာဒီလိုဖြည့်ပါဆိုပီးတော့ပေါ့။ အဲဒီလိုဖြည့်ရင်းကနေ ကိုယ့်ဆီက အချက်အလက်တွေဖြစ်တဲ့ usernames တွေ၊ passwords တွေ၊ credit card အသေးစိတ်တွေပါသွားပါလေရော။ ဒါဆိုဘာဆက်ဖြစ်မလဲ စဉ်းစားကြည့်ပါတော့။

************************************************

( ၇ ) Email အတွင်းမှ Spam များကိုစိတ်ဝင်စားခြင်း

-------------------------------------------

ကိုယ်သုံးနေတဲ့ email အတွင်းမှာ မဖိတ်ခေါ်ပဲတဖွဲဖွဲရောက်လာနေတဲ့ Spam mail တွေကို စိတ်မဝင်စားသင့်ပါဘူး။ ကိုယ့်အတွက်ဘာအကျိုးမှမရှိနိုင်တဲ့ အဲဒီ spam mail တွေကိုဖတ်ကြည့်နေမယ့်အစား delete သာလုပ်ပစ်လိုက်ပါ။

************************************************

( ၈ ) Email များကို forward လုပ်ခြင်း

---------------------------------------

ကိုယ်မသိတဲ့ email ကနေ စိတ်ဝင်စားစရာသတင်းအချက်အလက်တွေသိရှိရတဲ့အခါ ဒါကို မိမိမိတ်ဆွေတွေ သိစေချင်တဲ့စေတနာနဲ့ forward မလုပ်မိပါစေနဲ့။ ကောလဟာလတစ်ခုလို့သာ သတ်မှတ်ပြီး ဖျက်ပစ်လိုက်ပါ။ သင့်ရဲ့စေတနာဟာ အန္တရာယ်ကိုဖိတ်ခေါ်လိုက်တာမျိုးဖြစ်သွားတတ်ပါတယ်။

************************************************

( ၉ ) မကောင်းသော software များကို install လုပ်မိခြင်း

-------------------------------------------------------

တိုးတက်နေတဲ့ခေတ်ကြီးဟာ viruses တွေ၊ malware တွေနဲ့ အခြား crapware တွေပြည့်နှက်နေတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်လိုချင်တဲ့ free ware software လေးတွေ့တဲ့အချိန်မှာ လျင်လျင်မြန်မြန် download ချပြီးတော့ install မလုပ်မိပါစေနဲ့။ သေသေချာချာစိစစ်ပါ။ ဘယ်ကထုတ်တာလဲ၊ ဘာအတွက်လဲ၊ ဘယ်လိုအကျိုးပြုမှာလဲ၊ ဘာတွေသုံးနိုင်လည်း၊ ဘယ် website ကလဲ၊ လူဘယ်လောက်များများသုံးထားလဲ စတာတွေကို internet ကိုပဲပြန်မေးလိုက်ပါ။ ရတဲ့ result ကို မူတည်ပြီးတော့မှ သုံးသင့်မသုံးသင့်စဉ်းစားချင့်ချိန်ပါ။ install လုပ်ပြီးမှ ဒုက္ခလည်းပေး၊ မောင်းထုတ်လို့လဲမရလို့ ပျက်ရတဲ့ကွန်ပျူတာတွေများလှပါပြီ။

************************************************

(၁၀) UPS ကိုအသုံးမပြုခြင်းနှင့် အရည်အသွေးညံ့သော ကွန်ပျူတာအရံပစ္စည်းများကိုအသုံးပြုခြင်း

--------------------------

PC ပဲဖြစ်ဖြစ်၊ Laptop ပဲဖြစ်ဖြစ် သူ့မှာ အပိုလျှပ်သိုပစ္စည်းရှိရပါမယ်။ သဘောက shutdown ချဖို့ အချိန်ရနိုင်အောင်နဲ့ လျှပ်စစ်အဝင်ကို ထိန်းသိမ်းနိုင်အောင်ဖြစ်ပါတယ်။ အဲလိုမှမဟုတ်လို့ Laptop computer ရဲ့ battery ကလည်း မကောင်း၊ PC computer ရဲ့ UPS ကလည်းမကောင်း၊ ရှိလည်းမရှိ ဆိုရင်တော့ ပျက်ဖို့က ၇၀ % လောက်သေချာနေပါပီ။ နောက်တစ်ချက်က Graphic card, Memory, hard disk နဲ့ Motherboard မကောင်းတော့လို့လဲလှယ်တဲ့အချိန်မှာ တန်ဘိုးနည်းတဲ့ ပစ္စည်းတွေ၊ အသုံးပြုပီးသားတွေကို မလဲလှယ်မိပါစေနဲ့။ အဘိုးနှုန်းချိုသာခြင်းရဲ့နောက်ကွယ်မှာ အခြားသော အဓိပါယ်ဖွင့်ဆိုချက်တွေရှိနေတယ်ဆိုတာကို သတိပြုစေလိုပါတယ်။





Phone တွေကို Computer မှာ We**am အဖြစ်အသုံးပြုနည်းfor - android, iOS, Window OS, macOS, Ubuntu -------------------------...
30/12/2021

Phone တွေကို Computer မှာ We**am အဖြစ်အသုံးပြုနည်း
for - android, iOS, Window OS, macOS, Ubuntu -
-------------------------------------------------------------
Laptop တွေမှာတော့ We**am တွေ build-in အနေနဲ့ပါပြီးသားဖြစ်ပါတယ် အဲ့တာတွေကို တော့ ခန မေ့ထားလိုက်မယ်၊
Desktop သမားတွေကတော့ တော်တော်သဘောကျစရာကောင်းမယ်လို့ထင်ပါတယ်။
အသုံးပြုမဲ့ app က Iriun We**am ဖြစ်ပါတယ်၊
ဒီရဲ့ App က android ,iOS ,Windows , macOS, Ubuntu အကုန် Support လုပ်ပေးပါတယ်၊
Free Version ဖစ်တဲ့အတွက်ကြောင့်ဘာ water mark မှ ပါမှာမဟုတ်ပါဘူး တခုပဲ EpocCam Pro လိုတော့ Resolution FPS ကိုတော့ ရွေးချယ်ဖို့မပါ ပါဘူး
iOS User ဆိုရင်တော့ App store မှာ Iriun We**am for PC and Mac ကို Free Download ဆွဲလိုက်ပါ၊
https://apps.apple.com/.../iriun-we**am-for.../id1439303579
Android User ဆိုရင်တော့ Playstore ကနေပြိးတော့ Iriun We**am ဆိုတာကိုပဲ Free Download ဆွဲလိုက်ပါ၊
https://play.google.com/store/apps/details...
ကိုယ်မှာရှိတဲ့ Computer မှာဆိုရင်လဲ
Window User ဆိုရင် Download ဆွဲ installing လုပ်ပါ
https://mega.nz/file/vNFgATBY...
macOS User ဆိုရင်လဲ Download ဆွဲ installing လုပ်ပေးလိုက်ပါ
https://mega.nz/file/XVECXZjY...
Ubuntu User ဆိုရင်လဲ Download ဆွဲ install လိုက်ပါ
https://mega.nz/file/HNcy0TrJ...
iPhone ကိုသုံးပြီး Window OS မှာချိတ်သုံးရင်လဲ ရသလို Android ကိုသုံးပြီးတော့ macOS မှာ ချိတ်သုံးရင်လဲရပါတယ်၊
macOS မှာတော့ Limit တခုရှိမှာဖစ်ပါတယ်၊ PhotoBooth, FaceTime, Message နဲ့ build-in ပါတဲ့ Safari မှာလဲ သုံးလို့ရမည်မဟုတ်ပါဘူး၊ ဒါကတော့ ဘယ် App မှာ Support ပေးမယ်မထင်ပါဘူး
Wifi နဲ့လဲ support ပေးထားပေမယ့် USB Cable နဲ့ပိုပြီး Recommend ပေးပါတယ်၊
iOS မျာတော့ USB ကြိုးထိုး ပြီး recoding program တခုခုဖွင့်ပြိးတန်းသုံးလို့ရပေမယ့်
Android မှာတော့ USB Developer Options / On - အဲ့ထဲမှာပဲ USB Debugging / On ထားပေးမှာပဲသုံးလို့ အဆင်ပြေမှာဖစ်ပါတယ်။
ကျနော်အသုံးပြုပုံကတော့ ကျနော် Service GP မှာ recoding လုပ်ပေးဖို့လိုလာခဲ့ရင် tripod တခုနဲ့ စိတ်တိုင်းကျ ဖုန်းကိုထားပြီတော့ ... macbook မှာ FinalCut ကိုဖွင့်တယ်၊ပြီရင်း File - import media file ကိုနှိပ်ပြိး - irunWe**am ကိုရွေးပေးလိုက်ရင် macbook Display မှာ ကိုရိုက်မဲ့ Location ကိုလာပြနေမှာဖြစ်ပါတယ်၊ Strat Recoding နှိပ်ပြီး စိတ်ကြိုက် record လုပ်တယ်၊
လုပ်ထားသမျှ record တိုင်းကိုလဲ macbook storage ပေါ်ကို တိုက်ရိုက် Write ပေးတော့ phone ရဲ့ Storage ပြဿနာ Recoding ကို ဖုန်းကနေ Transfer လုပ်ရတဲ့ ဇယားတွေရှင်းသွားပြီပဲဖစ်ပါတယ်။
Windows User တွေကတော့ မခက်ခဲပါဘူး ... movavi video editor or we**am support လုပ်တဲ့ application တိုင်းကိုသုံးလို့ရပါတယ်
iMove , Movavi Video Editor တို့နဲ့လဲသုံးလို့ရပါတယ်၊ Final Cut Pro X Repack Version ကိုလဲ Link ထည့်ပေးထားပါတယ်၊
အခြား viber, zoom , QQ , WeChat နဲ့ အခြား app တွေရော Support လုပ်နိုင်ပါလိမ့်မယ်
Gamer တွေလဲ streaming လုပ်လို့ရဖို့များပါတယ် ကျနော်တော့မစမ်းဖူးပါဘူး Facebook Live လုပ်မယ်ဆိုရင်တော့ Safari မှအပ အခြား Browser ကိုသုံးကြည့်ပါ၊






Address

No. 347/6A, Nawaratt 3rd Street (Down Block), Thaketa 8 Ward
Yangon
11231

Telephone

+959421045424

Website

Alerts

Be the first to know and let us send you an email when Apsis IT-Solution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Apsis IT-Solution:

Share