Mi Home လှိုင်သာယာ

Mi Home လှိုင်သာယာ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mi Home လှိုင်သာယာ, Mobile Phone Shop, No(93/3), Nawaday Shop House , Kyansitthar Street , (6)ward , Hlaing Thar Yar Township Yangon, Yangon.

ဘယ်အချက်ကို ကြည့်ပြီး ဝယ်ဖြစ်လဲ။👀ကိုယ်တွေကတော့ (၃) ချက်လုံးနဲ့ပြီးပြည့်စုံတဲ့Mi Phone တွေပဲ ဝယ်ကိုင်ဖြစ်ပါတယ်။🤗🤗‌Mi Home...
16/06/2024

ဘယ်အချက်ကို ကြည့်ပြီး ဝယ်ဖြစ်လဲ။👀

ကိုယ်တွေကတော့ (၃) ချက်လုံးနဲ့ပြီးပြည့်စုံတဲ့
Mi Phone တွေပဲ ဝယ်ကိုင်ဖြစ်ပါတယ်။🤗🤗

‌Mi Home
No(93/3),Nawaday Shop House , Kyansitthar Street ,(6)ward , Hlaing Thar Yar Township Yangon

ph 09 793 339005, 09 899 840400

ှိုင်သာယာ

❝ဖုန်းကို ရေရှည်သုံးမယ့်သူတိုင်း လိုက်လုပ်သင့်တဲ့ အချက်(၆)ချက်❞------------------------------------ဖုန်းတစ်လုံးကို ပြန်ရ...
13/06/2024

❝ဖုန်းကို ရေရှည်သုံးမယ့်သူတိုင်း လိုက်လုပ်သင့်တဲ့ အချက်(၆)ချက်❞
------------------------------------
ဖုန်းတစ်လုံးကို ပြန်ရောင်းတဲ့အချိန်မှာ ဈေးကောင်းရချင်တယ်ဆိုလျှင်
နှစ်ရှည်ရှည် အကြာကြီး ကိုင်ချင်တယ်ဆိုလျှင်
အခုပြောပြမယ့်အချက်(၆)ချက်ကို မဖြစ်မနေ လိုက်လုပ်သင့်ပါတယ်။

📲Updates တွေလုပ်ပေးပါ။
Updates တွေက ဖုန်းကို ပိုမြန်သွားအောင်၊ ပိုကောင်းသွားအောင် လုပ်ပေးတာဆိုတော့ မဖြစ်မနေလုပ်သင့်ပါတယ်။ System အတွက်ရော Apps တွေအတွက်ရော updates တွေကို မကြာခဏလုပ်ပေးပါ။

📲မသုံးဖြစ်တော့တဲ့ Apps တွေကို ဖျက်ပစ်ပါ။
Applications တွေကို download ဆွဲထားမယ်ဆိုရင် အဲ့ဒီ application တွေကို အသုံးမပြုနေရင်လည်း background မှာ run နေတတ်ပါတယ်။ အဲ့လို background မှာ run တာတွေများလို့ရှိရင် စက်လေးပါတယ်။ App Store / Play Store ကနေ အချိန်မရွေးပြန် download ဆွဲနိုင်တာဆိုတော့ applications တစ်ခုက မသုံးဖြစ်တော့ဘူးဆိုရင်၊ ကိုယ့်အတွက် အသုံးမဝင်တော့ဘူးဆိုရင်ဖျက်ပစ်လိုက်တာ အကောင်းဆုံးပါ။

📲ဖုန်းကိုပူအောင်မလုပ်ပါနဲ့
ဖုန်းပူမယ်ဆိုရင် battery ပျက်စီးပါတယ်
ဒါကြောင့် ဖုန်းကို ပူအောင် အလွန်အကျွန်သုံးတာမျိုးတွေ၊ နေရောင်အောက်မှာ တိုက်ရိုက်ထားတာမျိုးတွေကို ရှောင်ကြဥ်ရပါမယ်။ အားသွင်းရင်လည်း ဖုန်းမပူအောင် ဂရုစိုက်ရပါမယ်။ (Battery မထိခိုက်အောင် အားသွင်းနည်းကို သိချင်တယ်ဆိုရင်တော့ comment ထဲမှာ ကြည့်နိုင်ပါတယ်။

📲Screen Protector နဲ့ Cover အသုံးပြုပါ
ဖုန်းတွေက ဘယ်လောက်ပဲ အကြမ်းခံပါတယ်ဆိုပြီးပဲပြောပြော တကယ်တမ်းမှာတော့ အကြမ်းမခံပါဘူး။ ကျရင် ကွဲနိုင်ပါတယ်။ ကွဲရင် မလှတော့တဲ့အပြင် ကွဲတဲ့နေရာကနေတစ်ဆင့် ဖုန်းအတွင်းပိုင်းကို ဖုန်မှုန့်နဲ့ ရေဝင်ပြီး ဖုန်းကို ထိခိုက်နိုင်တာဖြစ်လို့ ‌ဖုန်းတစ်လုံးကို ရေရှည်သုံးမယ်ဆိုရင်တော့ Screen Protector နဲ့ Cover ကို မဖြစ်မနေ အသုံးပြုရပါမယ်။

📲Screen နဲ့ ports တွေကို သန့်ရှင်းရေးလုပ်ပါ
ကိုယ့်ဖုန်း ရဲ့ screen, အားသွင်းပေါက်တွေ၊ မိုက်ခရိုဖုန်းနေရာတွေ၊ စပီကာတွေ၊ 3.5mm headphone ပေါက်တွေကို သန့်ရှင်းရေး မကြာမကြာ လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။

📲လိုအပ်ရင် battery လဲလိုက်ပါ။
ဘယ်လိုပဲ စည်းကမ်းရှိရှိသုံးသည်ဖြစ်စေ သေချာတာတစ်ခုကတော့ ကြာလာရင် battery ကတော့ degrade ဖြစ်မှာပါပဲ။ Battery ကျသွားရုံနဲ့ ဖုန်းအသစ်လဲစရာ မလိုပါဘူး။ battery ပြန်လဲလိုက်ရုံနဲ့ ဖုန်းက အရင်လို အကောင်းပတိ ပြန်ဖြစ်သွားမှာပါ။ ဒါကြောင့် battery လဲဖို့လိုအပ်ရင် battery လဲလဲလိုက်ပါ။

ဒီ(၆)ချက်ကို သေသေချာချာလုပ်ပေးမယ်ဆိုရင် မိတ်ဆွေတို့ ဖုန်းကို နှစ်ရှည်ရှည်သုံးရာမှာ အထောက်အကူဖြစ်စေမှာပါ💯

/wave pay ဖြင့် 100% ငွေပေးချေနိုင်ပါတယ်ခင်ဗျာ %ပေးရန်မလိုပါ

Mi Home
No(93/3),Nawaday Shop House , Kyansitthar Street ,(6)ward , Hlaing Thar Yar Township Yangon
ph 09 793 339005, 09 899 840400

ှိုင်သာယာ

phone

မိုးခြိမ်းနေစဉ်မှာ ဖုန်းအားသွင်းလို့ရလား။🤔🌩️ဖုန်းအားက မိုးရွာရွာ၊ နေပူပူ မီးလာတုန်းတော့သွင်းရမှာပဲလေ။😶‍🌫️ ဒါပေမယ့်လည်း မ...
29/05/2024

မိုးခြိမ်းနေစဉ်မှာ ဖုန်းအားသွင်းလို့ရလား။🤔🌩️

ဖုန်းအားက မိုးရွာရွာ၊ နေပူပူ မီးလာတုန်းတော့
သွင်းရမှာပဲလေ။😶‍🌫️

ဒါပေမယ့်လည်း မိုးအရမ်းခြိမ်းနေစဉ်မှာတော့
ဖုန်းအားသွင်းခြင်းကို ရှောင်ရှားသင့်ပါတယ်ခင်ဗျာ။‼️

🌩️မိုးခြိမ်းခြင်း🌩️ ဒါမှမဟုတ် မိုးကြိုးပစ်ခြင်းက
အဆင့်မြင့်လျှပ်စစ်စွမ်းအားတစ်ခုဖြစ်ပြီး၊ အဲဒီအချိန်မှာ
ဖုန်းအားသွင်းထားမယ်ဆိုရင် မိမိဖုန်းနဲ့ အခြား
အီလက်ထရွန်းနစ်ပစ္စည်းတွေကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့်မိုးခြိမ်းနေရင်ဖုန်းအားသွင်းမှုကိုရပ်နားပါ။အရည်အသွေးမြင့် အားသွင်းကြိုးတွေကိုသာ
အသုံးပြုပါခင်ဗျာ။🌩️

အားလုံးပဲ ဂရုစိုက်ကြပါ။🙋

Mi Home
No(93/3),Nawaday Shop House , Kyansitthar Street ,(6)ward , Hlaing Thar Yar Township Yangon

ph 09 793 339005, 09 899 840400

ှိုင်သာယာ

ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏🏻🤗ယနေ့ (၂၀၂၄) ခုနှစ်၊ မေလ (၂၂) ရက်နေ့၊ ဗုဒ္ဓဟူးနေ့သည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာ...
21/05/2024

ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏🏻🤗

ယနေ့ (၂၀၂၄) ခုနှစ်၊ မေလ (၂၂) ရက်နေ့၊
ဗုဒ္ဓဟူးနေ့သည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာ ကဆုန်လပြည့် ဗုဒ္ဓနေ့ (ညောင်ရေသွန်းပွဲနေ့) ဖြစ်ပါသောကြောင့်.....

ဗုဒ္ဓဘာသာဝင်များအားလုံး ဥပုသ်သီလဆောက်တည်ကာ
တရားဘာဝနာများ ပွားများကုသိုလ်ယူနိုင်ကြပါစေ။🥰

ကိုယ်ရောစိတ်ပါရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း
"Mi Home" မှ ဆုမွန်ကောင်း
တောင်းပေးလိုက်ပါတယ်ရှင်။ 🙏🏻


#ညောင်ရေသွန်းပွဲတော်
#ကဆုန်လပြည့်ဗုဒ္ဓနေ့

ဖုန်းအရမ်းပူလာတဲ့အခါ ဘာတွေလုပ်ကြရမလဲ❓ဖုန်းသုံးနေရင်း ဖုန်း Battery ပူလာတဲ့ အခါ ဒီအချက်လေးတွေ လိုက်လုပ်ကြည့်လိုက်နော်👇🏻💠ဖ...
21/05/2024

ဖုန်းအရမ်းပူလာတဲ့အခါ ဘာတွေလုပ်ကြရမလဲ❓

ဖုန်းသုံးနေရင်း ဖုန်း Battery ပူလာတဲ့ အခါ ဒီအချက်လေးတွေ လိုက်လုပ်ကြည့်လိုက်နော်👇🏻

💠ဖုန်းကို ပန်ကာရှေ့ သို့မဟုတ် လေဝင်တဲ့နေရာမှာ ထားပါ

💠ရုတ်တရက် အပူချိန်ပြောင်းပြီး ထားတာကို ရှောင်ပါ

💠ဖုန်းအလင်းရောင်ကို လျှော့ချပါ

💠Bluetooth ကို ပိတ်ပြီး Airplane Mode ဖွင့်ထားပါ

💠ဖုန်းအားသွင်းရင်း ဖုန်းအသုံးပြုတာ ရှောင်ကျဥ်ပါ

💠Games အလွံအကျွံဆော့ခြင်း Stream အလွန်အကျွံ လွှင့်ခြင်းများ ရှောင်ရှားပါ

(အရစ်ကျနဲ့ဝယ်ယူချင်တဲ့ customer များအတွက်လည်း Rent2Own , Maharbawga ရဲ့ ဝန်ဆောင်မှုနဲ့အတူ (၅)လ၊ (၉)လ၊ (၁၂)လ ဖြင့်ဝယ်ယူနိုင်ပါပြီ )
လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျား

/wave pay ဖြင့် 100% ငွေပေးချေနိုင်ပါတယ်ခင်ဗျာ %ပေးရန်မလိုပါ

Mi Home
No(93/3),Nawaday Shop House , Kyansitthar Street ,(6)ward , Hlaing Thar Yar Township Yangon
ph 09 793 339005, 09 899 840400

ှိုင်သာယာ

ဘယ်လိုလူတွေက Battery ကောင်းတဲ့ ဖုန်းကို သုံးသင့်လဲ❓💁‍♀️ဖုန်းတစ်လုံး ဝယ်ပြီဖို့ စဉ်းစားပြီဆိုတာနဲ့ ကိုယ်က ဒီဖုန်းကို ဘယ်လ...
18/05/2024

ဘယ်လိုလူတွေက Battery ကောင်းတဲ့ ဖုန်းကို သုံးသင့်လဲ❓

💁‍♀️ဖုန်းတစ်လုံး ဝယ်ပြီဖို့ စဉ်းစားပြီဆိုတာနဲ့ ကိုယ်က ဒီဖုန်းကို ဘယ်လိုအသုံးချအလဲ အရင်တွေးရပါမယ်

ကိုယ့်ရဲ့ အသုံးပြုမှုအပေါ်မူတည်ပြီး 📱ဘယ်လိုဖုန်းအမျိုးအစားမျိုး ဝယ်သင့်တယ်
🔋Battery ဘယ်လောက်ခံတာ ဝယ်သင့်တယ် ဆိုတာ ဆုံးဖြတ်သင့်ပါတယ်

ဆိုပါစို့
✔️ကိုယ်က Gamer သမားတစ်ယောက်ဆိုရင်
✔️Influencer တစ်ယောက် You Tuber တစ်ယောက် Blogger တစ်ယောက်ဆိုရင်
✔️ဖုန်းနဲ့ အလုပ်လုပ်တဲ့သူဆိုရင်
✔️Online Class တတ်နေတဲ့သူဆိုရင်
Battery အားခံတဲ့ ဖုန်းမျိုး မဖြစ်မနေ ဝယ်သင့်ပါတယ်

ဒီတော့ ဘယ်ဖုန်းအမျိုးအစားကိုပဲ ဝယ်ဝယ် ဘယ်လိုအသုံးပြုမလဲဆိုတာ သေချာလေး ဆုံးဖြတ်ပြီး ဝယ်သင့်ပါတယ်နော်💯🤗

/wave pay ဖြင့် 100% ငွေပေးချေနိုင်ပါတယ်ခင်ဗျာ %ပေးရန်မလိုပါ

Mi Home
No(93/3),Nawaday Shop House , Kyansitthar Street ,(6)ward , Hlaing Thar Yar Township Yangon
ph 09 793 339005, 09 899 840400

Xiaomi MIUI 13 မှာ DOLBY ATOMS ကို ဘယ်လို Activate လုပ်မလဲ ❓Dolby Atmos ဆိုတာ ရုပ်ရှင်ရုံတွေမှာ အသုံးပြုတဲ့3D Sound Surr...
09/05/2024

Xiaomi MIUI 13 မှာ DOLBY ATOMS ကို ဘယ်လို
Activate လုပ်မလဲ ❓

Dolby Atmos ဆိုတာ ရုပ်ရှင်ရုံတွေမှာ အသုံးပြုတဲ့
3D Sound Surround System ကို Mobile
Device တွေထဲမှာ ထည့်သွင်းထားပြီး ဖုန်းတစ်လုံးမှာတင် အကောင်းမွန်ဆုံး အသံပြေးစနစ်ကို ခံစားရစေမှာ
ဖြစ်ပါတယ်။

ထို Dolby Atmos အသံစနစ်က Xiaomi Devices တွေရဲ့ MIUI 13 မှာပါ၀င်လာပြီး အသံစနစ်ပိုင်းဆိုင်ရာမှာသီချင်းနားထောင်တဲ့အခါ ၊ ဂိမ်းဆော့တဲ့အခါ ၊ ဖုန်းပြောတဲ့အခါ၊ Bluetooth Speaker နဲ့ ချိတ်ဆက်တဲ့အခါ၊ ရုပ်ရှင်တွေကြည့်တဲ့အခါမျိုးတွေမှာ ပိုမိုကောင်းမွန်တဲ့
အသံစနစ်ကို အများကြီး အထောက်အကူပြုလျက်ရှိပါတယ်။

ဒါကြောင့် ပိုကောင်းတဲ့ အသံပိုင်းဆိုင်ရာ အတွေ့အကြုံကို ခံစားနိုင်ဖို့ MIUI 13 ပါဝင်တဲ့ Xiaomi Devices တွေမှာ Dolby Atmos ကို Activate လုပ်ကြည့်လိုက်ပါနော်။

ပထမဦးဆုံး....
⭕ဖုန်းရဲ့ Setting ကိုနှိပ်ပါ။
⭕Sound and Vibration ကို ရွေးပါ။
⭕Sound and Vibration ထဲက Sound Affect ကို ထပ်နှိပ်ရပါမယ်။
⭕ပြီးရင်တော့ Dolby Atmos ကို On ပြီး စတင်အသုံးပြုနိုင်ပါပြီ။

Mi Home
No(93/3),Nawaday Shop House , Kyansitthar Street ,(6)ward , Hlaing Thar Yar Township Yangon

ph 09 793 339005, 09 899 840400

ှိုင်သာယာ

ဖုန်းအသစ်တစ်လုံး ဝယ်တော့မယ်ဆိုရင်ဒီအချက်ကလေးတွေကို အရင်ကြည့်သင့်ပါတယ်။🟤 Phone Battery ဖုန်းတစ်လုံးအတွက် Battery ကောင်းဖိ...
03/05/2024

ဖုန်းအသစ်တစ်လုံး ဝယ်တော့မယ်ဆိုရင်
ဒီအချက်ကလေးတွေကို အရင်ကြည့်သင့်ပါတယ်။

🟤 Phone Battery
ဖုန်းတစ်လုံးအတွက် Battery ကောင်းဖို့က အရမ်းကို
အရေးပါ ပါတယ်။ Battery မကောင်းရင်
အားကုန်လွယ်ပြီး ဘာအလုပ်မှလည်း လုပ်လို့ရမှ
မဟုတ်တော့ပဲ အားသွင်းရင်းနဲ့ပဲ အချိန်ကုန်နေရပါလိမ့်မယ်။ ဒါကြောင့် ဖုန်း၀ယ်တဲ့အခါ Battery
သိုလှောင်မှုပမာဏကို အဓိကထား ကြည့်သင့်ပါတယ်။

🟤 Ram နဲ့ Rom
ဖုန်း၀ယ်တဲ့အခါ ကိုယ်၀ယ်မယ့်ဖုန်းရဲ့ Ram နဲ့ Rom ကိုကြိုတင်စဉ်းစားထားသင့်ပါတယ်။ Ram နဲ့ Rom နည်းတဲ့ဖုန်းတွေက သုံးရတာလည်းအဆင်မပြေသလို
ဖုန်းရဲ့ လုပ်ဆောင်ချက်တွေ နှေးကွေးလေးလံလွန်းလို့
စိတ်ချည်းပဲညစ်နေရပါလိမ့်မယ်။🙁

🟤 Camera
ဓာတ်ပုံရိုက်ရတာကို ဝါသနာပါပါ ၊မပါပါ
ဖုန်း၀ယ်မယ်ဆိုရင်တော့ ကင်မရာလေးကောင်းနေမှ
အဆင်ပြေမယ်နော်။ ကင်မရာ MP များတာလေးကို
ရွေးပါ။

ကျန်တဲ့အပိုင်းတွေကတော့ ကိုယ်အဓိကအသုံးပြုမယ့်အရာတွေအတွက် အဆင်ပြေစေမယ့် ဖုန်းအမျိုးအစားလေးကိုရွေးချယ်နိုင်ပါတယ်ခင်ဗျာ။

Mi Home
No(93/3),Nawaday Shop House , Kyansitthar Street ,(6)ward , Hlaing Thar Yar Township Yangon

ph 09 793 339005, 09 899 840400

ှိုင်သာယာ

အပူဒဏ်ကို ကာကွယ်ကြမယ်။ ☀️💛ပူပြင်းလွန်းတဲ့ရာသီဥတုမှာ အပူဒဏ်ကိုကာကွယ်ရင်းကျန်းကျန်းမာမာနေထိုင်ကြဖို့အရေးကြီးတယ်နော်။ဒါကြော...
21/04/2024

အပူဒဏ်ကို ကာကွယ်ကြမယ်။ ☀️💛

ပူပြင်းလွန်းတဲ့ရာသီဥတုမှာ အပူဒဏ်ကိုကာကွယ်ရင်း
ကျန်းကျန်းမာမာနေထိုင်ကြဖို့အရေးကြီးတယ်နော်။

ဒါကြောင့် ဒီနေ့မှာ နွေအပူအတွက်ဆောင်ရန်ရှောင်ရန်လေးတွေကို ပြောပြ‌ပေးသွားမှာဖြစ်ပါတယ်။

ပထမဦးဆုံး နည်းလမ်းလေးကတော့....
☀️ ရေ မကြာခဏ သောက်ရန်
နွေရာသီဆိုတော့အရေးကြီးဆုံးက ရေဓာတ်ပြည့်၀နေဖို့လိုတယ်နော်။ ရေမဆာလည်း ရေ၊ ဓာတ်ဆားရည်၊ သစ်သီးဖျော်ရည် စသည်တို့ကို သောက်ပေးဖို့လိုပါတယ်။(နှလုံးရောဂါသည်များ ဆရာဝန် ညွှန်ကြားချက်အရ ရေသောက်ပါရန်)

☀️မိမိခန္ဓာကိုယ်ကို အေးမြစေရန်
-‌‌ရေအေးဖြင့် ရေချိုး‌ပေးပါ။
-အရောင်တောက်သော၊ ပေါ့ပါးသော အဝတ်အစားများကို ဝတ်ဆင်ပေးပါ။ အမဲရောင်တွေကို ရှောင်ရမယ်နော်။
-အပြင်ထွက်ပါက ဦးထုတ်၊ ‌ထီး စသည်တို့ ဆောင်းကာ နေရောင်ခြည်နဲ့ ထိတွေ့ခြင်းမှ ကာကွယ်ပါ။

☀️အပူဆုံးအချိန်များမှာ အနားယူရန်
-အပူဆုံးဖြစ်တဲ့ နေ့လည် ၁၂နာရီ မှ ၅နာရီကြားမှာ ကောင်းကောင်းမွန်မွန်အနားယူပေးပါ။

အပူလှိုင်း ဖြစ်ပြီဆိုရင် အောက်ပါ အချက်များ
ဖြစ်ပွားနိုင်လို့ သတိပြုကြရန် အထူးလိုအပ်ပါတယ်‼️

ကလေး၊လူကြီးမရွေး....ခန္ဓာကိုယ်အပူကြီးခြင်း❗️
-အပူချိန် 40ဒီဂရီနှင့်အထက် အဖျားကြီးခြင်း။
-ချွေးမထွက်ဘဲ အရေပြား ပူပြင်းခြောက်သွေ့နေခြင်း
-သတိလစ်ခြင်း

ကိုယ်ပူပင်ပန်းနွမ်းနယ်ခြင်း❗️
- ချွေးထွက်များခြင်း(အဖျား40ဒီဂရီအောက်)
- အားမရှိဘဲ အလွန်ပင်ပန်းနွမ်းနယ်နေခြင်း
- ဖြူဖပ်ဖြူလျော်ဖြစ်ခြင်း၊ ကြွက်တက်ခြင်း

အပူကြောင့်မူးမေ့ခြင်း❗️
-မူးဝေခြင်း
-မေ့လဲခြင်း

အပူကြွက်တက်ခြင်❗️
-ခြေ၊ လက်၊ ပုခုံး စသည်များ ကြွက်တက်ခြင်း
-လက်၊‌ ခြေနှင့် ခြေချင်းဝတ်များ ယောင်ယမ်းခြင်း။

သို့ဖြစ်ပါ၍ အဆောက်အဦး ပြင်ပမှာ အလုပ်လုပ်ကြရသူများ တတ်နိုင်သရွေ့ အပူကာ နေပူကာ အဝတ်အစား၊ ဦးထုပ် စသည်တို့ အသုံးပြုပြီး အလုပ်လုပ်ရန်နှင့်
အထက်ပါ ‌ဝေဒနာများ ဆက်တိုက်ဖြစ်ခံစားရပါက ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်ရှင်။🤗🤗

Mi Home
No(93/3),Nawaday Shop House , Kyansitthar Street ,(6)ward , Hlaing Thar Yar Township Yangon
ph 09 793 339005, 09 899 840400

ှိုင်သာယာ

phone

16/04/2024

Address

No(93/3), Nawaday Shop House , Kyansitthar Street , (6)ward , Hlaing Thar Yar Township Yangon
Yangon

Website

Alerts

Be the first to know and let us send you an email when Mi Home လှိုင်သာယာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share