Taw Win Mobile 4

Taw Win Mobile 4 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Taw Win Mobile 4, Shwe Yin Aye Market street, Yangon.

30/11/2022

သင့် Device ကိုကာကွယ်ဖို့ ဘယ်လို Case ကိုရွေးချယ်ဖြစ်လဲ..?
==================

Ringke Air Case ဟာကြည်လင်ပြီးပေါ့ပါးတဲ့ဒီဇိုင်းနဲ့ထုတ်လုပ်ထားတာကြောင့် Case တပ်ထားမှန်းတောင်မသိနိုင်တဲ့ခံစားမှုမျိုးကိုရနိုင်မှာပါ။ဒါ့အပြင် Wireless charging နဲ့လည်းတွဲဖက်အသုံးပြုလို့ရပါသေးတယ်နော်။

UV Mold Print Design နဲ့ ပြုလုပ်ထားတဲ့ Ringke Fusion Design Case ဟာဆိုရင်
interior & outer Print ပြုလုပ်ထားတဲ့အတွက် ဖောင်းကြွပြီးလှပတဲ့ Design နဲ့ သင့် Device ကိုပိုမိုမြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။

ရိုးရိုးရှင်းရှင်းအရည်အသွေးကောင်းကောင်းကိုမှကြိုက်နှစ်တဲ့သူတွေအတွက်ကတော့ Ringke Silicone Case ဟာရွေးချယ်သင့်ဆုံးဖြစ်တယ်လို့အကြံပေးပါရစေ။ နူးညံ့သော ဆီလီကွန်သားနဲ့ ပြုလုပ်ထားပြီး အစွန်းအထင်း၊ ဖုန် နှင့် ရေ တင်ကျန်မှုများက ကာကွယ်နိုင် ကြာရှည်ခံနိုင်ပြီး ပေါ့ပါးစွာနဲ့နေ့စဉ်အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

သင့်စိတ်တိုင်းကျစတိုင်နဲ့ ကိုယ့် Device တွေကိုအကောင်းဆုံးကာကွယ်ပေးနိုင်ဖို့အခုပဲရွေးချယ်ဝယ်ယူလိုက်တော့နော်။

Website မှတဆင့်ဝယ်ယူရန် - https://isuremyanmar.com/ringke

HOTLINE: 09 969 911 666/ 09 941166636
iSure - Botahtaung Branch, Yangon
No. 111, Botahtaung Pagoda Road (Lower Block), Yangon.
Open Daily - 9:00 a.m. to 5:00 p.m.
iSure - Mandalay Branch
G(3/4), 78th Street, Between 30th & 31st Street, Mandalay.
Open Daily - 9 a.m. to 5:00 p.m.
iSure - Times City Branch, Yangon
Room No. 209, (Level 2) Times Mall, Times City, Yangon.
Open Daily - 9:00 am to 5:00 pm.
iSure - Waizayantar Branch, Yangon.
No (206/207), Waizayantar Road, 16/2 Qtr, Thingangyun Tsp, Yangon.
Open Daily - 9:00 am to 5:00 pm

27/09/2022

iPhone ဝယ်မယ်ဆိုရင် သိထားသင့်တဲ့ eSIM နဲ့ Dual SIM
=============================

အခုအချိန်မှာ iPhone ဝယ်မယ်ဆိုရင် ကျိန်းသေပေါက် သိထားသင့်တဲ့အချက်လေးရှိပါတယ်။ ဒါကတော့ SIM Card ထည့်သုံးဖို့အတွက် eSIM (Physical Single SIM) ကို ရွေးချယ်ရမလား၊ Dual SIM (Physical Dual SIM) ကို ရွေးချယ်ရမလားဆိုတာပဲဖြစ်ပါတယ်။

ဒါကြောင့် iPhone တွေထဲမှာ ဒီ eSIM နဲ့ Dual SIM တွေက ဘာတွေကွာခြားသလဲ၊ ဘယ်သူတွေက ဘယ်အမျိုးအစားကို ရွေးချယ်သင့်သလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

eSIM က Single SIM ပဲ သုံးနိုင်တာလား...။
----------------------------------------

တကယ်လို့ ကိုယ်က Physical SIM Card ကိုပဲ ထည့်သုံးမယ်ဆိုရင်တော့ eSIM Version ကို ရွေးချယ်မယ်ဆိုရင် SIM Card ကို တစ်ကဒ်ပဲ သုံးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် eSIM ကိုသုံးမယ်ဆိုရင် Dual SIM အသုံးပြုနိုင်တဲ့နည်းလမ်းလေးတွေရှိပါသေးတယ်။

ဒါကတော့ eSIM ဆိုတဲ့အတိုင် eSIM ကို အသုံးပြုတာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံ Mobile Operator တွေအများစုကတော့ eSIM ကို Support ပြုလုပ်ထားတာမရှိသေးပေမယ့် တခြားသော နိုင်ငံတွေသွားရောက်ဖို့ရှိနေတာပဲဖြစ်ဖြစ်၊ Virtual SIM တွေကို ဝယ်ယူအသုံးဖို့ဖို့အတွက်ပဲဖြစ်ဖြစ် အသုံးဝင်တာကြောင့် ဒီအချက်ကလည်း ထည့်ပြီး စဥ်းစားသင့်ပါတယ်။

Dual SIM နဲ့ eSIM နဲ့ Region ကွာခြားသလား...။
----------------------------------------

Apple ဟာ ပုံမှန်အားဖြင့် တကမ္ဘာလုံးမှာ eSIM ကိုပဲ ထုတ်လုပ်ထားတာဖြစ်ပြီး တချို့သော နိုင်ငံနဲ့ Region တွေမှာပဲ Dual SIM အနေနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် Region ပိုင်းအနေနဲ့ကတော့ eSIM နဲ့ Dual SIM ဟာ ကွာခြားမှုရှိနေမှာပါ။

ဒါပေမယ့်လည်း ဒီလိုမျိုး Region ကွာလို့ စိုးရိမ်စရာမရှိဘဲ ပုံမှန်အတိုင်း Apple Official Warranty ကို အပြည့်ရရှိမှာဖြစ်ပါတယ်။ တကယ်လို့ iSure ကနေ iPhone 14 Series ကို ဝယ်ယူတယ်ဆိုရင်လည်း Apple Official Warranty (1) Year အပြင် နောက်ထပ် Warranty (1) Year ကိုပါထပ်မံရရှိနိုင်ဦးမှာပါ။ ကျန်တဲ့ Quality ပိုင်းလည်း အတူတူပဲဖြစ်တာကြောင့် ဒီလိုမျိုး Region ကွာနေတာကလည်း စိုးရိမ်စရာမဟုတ်ပါဘူး။

eSIM နဲ့ Dual SIM မှာ ဘာကိုရွေးချယ်သင့်သလဲ...။
----------------------------------------

ဒါကတော့ ကိုယ်သုံးချင်တဲ့အပေါ်မှုတည်ပြီး ရွေးချယ်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်အနေနဲ့ မြန်မာနိုင်ငံတွင်းမှာပဲ အလုပ်အတွက် SIM တစ်ခုနဲ့ Personal အတွက် SIM တစ်ခုအသုံးပြုချင်တယ်ဆိုရင်တော့ Physical Dual SIM တွေက ပိုပြီးအဆင်ပြေမှာဖြစ်ပါတယ်။

ဒါပေမယ့် SIM Card ကို တစ်ခုပဲ အသုံးပြုနေပြီး Virtual SIM တွေကို အသုံးပြုဖို့ရှိတယ်ဆိုရင်တော့ eSIM ကလည်း အဆင်ပြေမှာဖြစ်ပါတယ်။

တစ်ခုရှိတာကတော့ လက်ရှိမိတ်ဆက်ထားတဲ့ iPhone 14 Series ဖုန်းတွေထဲမှာမှ US Region အလုံးတွေမှာဆိုရင် eSim သီးသန့်ပဲသုံးနိုင်တာဖြစ်လို့ အကယ်၍ US ဘက်ကကိုယ်တိုင်မှာယူတင်သွင်းမယ်ဆိုရင်တော့ ပြည်တွင်းမှာအသုံးပြုလို့မရတာမျိုးတွေရှိလာနိုင်လို့သတိထားသင့်ပါတယ်။

iSure မှာတော့ လက်ရှိပြည်တွင်းမှာအဆင်ပြေပြေအသုံးပြုနိုင်တဲ့ iPhone 14 Series တွေကိုပဲတင်သွင်းထားတာဖြစ်လို့ Dual SIM လား eSim (Physical SIM) လားဆိုတာကိုစိတ်တိုင်းကြရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး အောက်တိုဘာလ ၅ ရက်နေ့အတွင်းအထိဝယ်ယူသူတွေအတွက် ငွေကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိတဲ့ Lucky Draw တွေ၊ အထူး Promotion တွေနဲ့ ကံစမ်းနိုင်မယ့်အခွင့်အရေးရှိတာကြောင့် အမြန်ဆုံးဝယ်ယူဖို့ တိုက်တွန်းလိုက်ပါတယ်...။

Website မှတဆင့်ဝယ်ယူရန် - https://isuremyanmar.com/go14/
HOTLINE: 09 969 911 666/ 09 941166636
iSure - Botahtaung Branch, Yangon
No. 111, Botahtaung Pagoda Road (Lower Block), Yangon.
Open Daily - 9:00 a.m. to 5:00 p.m.
iSure - Mandalay Branch
G(3/4), 78th Street, Between 30th & 31st Street, Mandalay.
Open Daily - 9 a.m. to 5:00 p.m.
iSure - Times City Branch, Yangon
Room No. 209, (Level 2) Times Mall, Times City, Yangon.
Open Daily - 9:00 am to 5:00 pm.
iSure - Waizayantar Branch, Yangon.
No (206/207), Waizayantar Road, 16/2 Qtr, Thingangyun Tsp, Yangon.
Open Daily - 9:00 am to 5:00 pm.

23/09/2022

iOS 16.0.2 ကို အခုပဲ Update ပြုလုပ်လိုက်ပါ
===========

Apple ကနေ iPhone တွေအတွက် iOS 16.0.2 Update ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အခု iOS 16.0.2 Update ဟာ iPhone 14 Pro နဲ့ iPhone 14 Pro Max ဖုန်းအချို့မှာ ကြုံတွေ့နေရတဲ့ TikTok ၊ Snapchat လိုမျိုး Third-party App တွေကနေ ကင်မရာရိုက်ကူးတဲ့အချိန်မှာ တုန်ခါမှုဖြစ်ပေါ်နေတာကို ဖြေရှင်းပေးလိုက်ပြီဖြစ်ပါတယ်။

အဆိုပါ Bug ကို ဖြေရှင်းပေးထားတဲ့အပြင် စစခြင်း Setup ပြုလုပ်တဲ့အချိန်မှာ Black Screen ဖြစ်နေတာတွေ၊ App တစ်ခုကနေ တစ်ခုကိုပြောင်းလဲတဲ့အချိန်မှာ Copy/Paste Prompt Screen တက်လာတာတွေ၊ Reboot ပြုလုပ်ပြီးတဲ့အချိန်မှာ Voice Over Feature အသုံးပြုနိုင်ခြင်းမရှိတာမျိုးတွေနဲ့ iPhone X ၊ iPhone XR ၊ iPhone 11 ဖုန်းတွေမှာ Service ပြုလုပ်ပြီးတဲ့အချိန်ကြရင် Touch Input က သုံးမရဖြစ်နေတာမျိုးတွေကိုပါ ဖြေရှင်းပေးထားတယ်လို့ သိရပါတယ်။

ဒါကြောင့် iPhone 14 Pro ဖုန်းတွေအသုံးပြုနေတဲ့သူတွေတင်မဟုတ်ဘဲ iOS 16 Update ပြုလုပ်ပြီးတဲ့သူတွေအနေနဲ့ အခုပဲ iOS 16.0.2 ကို Update ပြုလုပ်ဖို့ အကြံပေးလိုက်ပါတယ်...။

23/09/2022

iOS 16.0.2 ကို Update ပြုလုပ်နိုင်နေပြီနော်

ဒီ Update အသစ်မှာတော့ iOS 16 မှာ ကြုံတွေ့နေရတဲ့ Bugs တွေကို ဖြေရှင်းပေးထားမှာဖြစ်လို့ Update ပြုလုပ်သင့်တဲ့ Update တစ်ခုဖြစ်ပါတယ်။

• Update မှာတော့ iPhone 14 Pro နဲ့ iPhone 14 Pro Max တွေမှာ Third-Party Camera App တွေအသုံးပြုမယ်ဆိုရင် Vibrate ဖြစ်နေတဲ့ Error ကို ဖြေရှင်းပေးထားပါတယ်။

• Device Setup လုပ်တဲ့အခါ ကြုံတွေ့ရတဲ့ Black Screen ပေါ်နေတာမျိုးတွေကို ပြန်ပြုပြင်ပေးထားပါတယ်။

• Copy and Paste လုပ်တဲ့အခါမျိုးတွေမှာ ခဏခဏ Permission တောင်းတက်တဲ့ Error တွေကိုလည်း ဖြေရှင်းပေးထားပြီး Reboot လုပ်လိုက်တဲ့အခါ VoiceOver မရတဲ့ Bugs မျိုးတွေကို Fix လုပ်ပေးထားပါတယ်။

• iPhone X နဲ့ iPhone XR တွေမှာ iOS 16 တင်ထားပြီး Touch လုပ်လို့မရတာမျိုးတွေကိုလည်း ဖြေရှင်းပေးထားပါတယ်။

iOS 16 မှာ Bugs တွေများစွာကြုံတွေ့နေရတဲ့ User များအနေနဲ့ Update ပြုလုပ်သင့်ပြီး iPhone 14 Pro, 14 Pro Max ကိုင်ထားတဲ့ User တွေမှာ Camera Error တွေကြုံတွေ့နေရတဲ့အတွက် Update ကို အခုပဲ ပြုလုပ်ဖို့ အကြံပေးလိုက်ပါရစေ။

06/09/2022
14/08/2022

👉Noted!!!!
အရက်ရောင်းသူက
ဘယ်ကိုမှမသွားရဘဲရောင်းနေရပြီး
နွားနို့ရောင်းသူက အိမ်တိုင်းစေ့ ရောက်နေရတယ်။

ကြေးမုံပြင်က မှန်တယ်
ကိုယ်ငိုရင် ဘယ်တော့မှသူမရီဘူး။

ဖယောင်းတိုင်တွေထွန်းပြီး
သေသူကို သတိတရ ဝမ်းနည်းကြပေမယ့်
ဖယောင်းတိုင်မှုတ်ပြီး
မွေးနေ့ပွဲတွေ ကျင်းပကြတယ်။

ခြေကျင်းစွပ်ကို သိန်းချီပေးဝယ်ရတယ်။
ပြီးတော့ ခြေထောက်မှာ စွပ်ကြတယ်။
ဒါပေမယ့်
ဆံပင်ချည် သရေပင်က ရာဂဏန်းပဲ
တန်ဖိုးရှိပြီး ခေါင်းမှာနေရာရတယ်။

ဒါကြောင့် တန်ဖိုးထက်
လုပ်ဆောင်ရမယ့် နေရာက
အဓိက ဖြစ်လာတယ်။

မှန်ကန်တဲ့ အကြံပေးသူဟာ
ဆားခါးနဲ့တူတဲ့
မိတ်ဆွေစစ်ဖြစ်တယ်လို့ ယူဆပြီး
အလိုလိုက် အကြိုက်ဆောင်
အချိုသတ်ပေါင်းသူတွေဟာ သကြားလိုပါပဲ။

ဆားခါးက ပိုးပုရွက်မကျဘဲ ၊
သကြားကတော့ ပိုးပုရွက်ကြောင့်
ပျက်စီးခြင်းကိုရောက်ရတယ်။

ကောင်းတဲ့လမ်းကို
ဘယ်သူမှ မသွားချင်ကြဘူး။
မကောင်းတဲ့ လမ်းကိုတော့
အားလုံးသွားကြတယ်။

ဒါကြောင့်
အရက်ရောင်းသူက ဘယ်မှမသွားရဘဲ
နွားနို့ရောင်းသူက အိမ်တိုင်းထိသွားရတယ်။

နံရံပေါ်ကဓာတ်ပုံရဲ့ဝန်ကို
တကယ်ထမ်းထားတာက သံချောင်းလေး။
ဒါပေမယ့်
လူတွေချီးမွမ်းကြတာက
သူ့ပေါ်ချိတ်ထားတဲ့ ဓာတ်ပုံ။

လူတွေက
သူတို့ကို တိရိစ္ဆာန်လို့ ပြောရင်
ထသတ်ချင်ကြပြီး
ကျားလို ခြင်္သေ့လို ရဲရင့်လိုက်တာဆိုရင်တော့
ကျေနပ်နေကြပြန်ပါလေရော ။

မင်္ဂလာပွဲတွေမှာ
လူတွေက အရှေ့ကနေ လိုက်ကြပြီး
မသာပို့ချိန်ကြ နောက်ရောက်သွားကြတယ်။

ဒါကိုမြင်ရတော့ လောကကြီးက
ပျော်နေချိန်မှာ သင့်ရှေ့ကနေကြပြီး
ဝမ်းနည်းချိန်မှာ
နောက်ကို ဆုတ်သွားတတ်ကြတဲ့
သင်ခန်းစာကို ယူမိတယ်။

မွေးမယ် သေမယ် ဖြစ်နေကြအုံးမယ့်
တလောကလုံးမှာ အမြဲတမ်းကျန်ခဲ့မယ့်
ကိုယ့်သမိုင်းလေးကိုတော့
လက်ရေးလှအောင် အမှန်ကန်ဆုံး
ရေးနိုင်ကြစေချင် ပါတယ်။

.

08/08/2022
Crd Photo
04/08/2022

Crd Photo

03/08/2022

iPhone ကို Power ပိတ်ထားလည်းရှာလို့ရနိုင်အောင်….

အခုတစ်လောဖုန်းအခိုးခံရတာ ပျောက်တာတွေများကြလို့ iPhone users တွေအနေနဲ့ ကိုယ့်ဖုန်းအခိုးခံရလို့ ဖုန်းပိတ်ထားလည်း ပြန်ရှာတွေ့နိုင်မဲ့ settings တစ်ချို့ကိုပြောပြပေးမှာပါ…

✅ ကိုယ့်ဖုန်း lock screen ဖြစ်နေချိန် တစ်ခြားသူ ယူသွားလည်း setting တွေကို အလွယ်တကူ control မလုပ်နိုင်အောင် lock screen ကနေ control center ဖွင့်တာကိုပိတ်ထားသင့်ထားပါတယ်…

Setting > Face ID & Passcode > allow access when locked အောက်က Control Center ကိုပိတ်ထားလိုက်ပါ (မပိတ်ထားရင် အလွယ်တစ်ကူ airplane mode လုပ်ပြီး disconnect လုပ်သွားလို့ရပါတယ်)

✅ နောက်တစ်ခုအနေနဲ့ Setting > Face ID & Passcode > allow access when locked အောက်က USB accessories ကိုလည်းပိတ်ထားဖို့အရေးကြီးပါတယ်… (default ကတော့ပိတ်ထားပြီးသားပါ)

✅ နောက်တစ်ခုကတော့ တော်တော်များများသိကြတဲ့ Find My iPhone ပါပဲ… iOS15 မှာ Find My iPhone က ဖုန်းပိတ်သွားလည်းရှာလို့ရတဲ့ feature တစ်ခုပါလာပါတယ်… ဒါပေမဲ့ iPhone 11 နှင့်အထက်ဖုန်းတွေမှာပဲ ဒီ feature ကိုရမှာဖြစ်ပါတယ်… ဒီ feature ရဖို့ဆိုရင်တော့

1. Setting > Privacy > Location Service > ON ထားဖို့လိုပါတယ်

2. Setting > အပေါ်ဆုံးက ကိုယ့် Profile နဲ့ Apple ID > Find My > Find My iPhone ထဲက > Find My iPhone / Find My network / send last location (3) ခုစလုံး ON ထားရမှာပါ

အခုအတိုင်းလုပ်ပြီးသွားပြီဆိုရင်တော့ ဖုန်းပိတ်ထားလည်း ကျွန်တော်တို့ဖုန်းကို ရှာလိုရနိုင်ပါတယ်… Power Off လိုက်ရင် ပုံထဲကအတိုင်း “ iPhone Findable after Power Off “ ဆိုပြီး စာလေးတစ်ကြောင်းမြင်နေရမှာပါ…

iPhone 11 အောက်ဖုန်းတွေမှာ စက်ပိတ်ထားရင်ဒီ feature မရပေမဲ့ Find My iPhone ကိုတော့ ON ထားသင့်ပါတယ်… ON ထားမှလည်း ကျွန်တော်တို့ ပြန်ရှာတာ ၊ lost mode လုပ်တာ ၊ device ထဲ က data တွေကိုဖျက်ပစ်တာတွေလုပ်လို့ရမှာဖြစ်ပါတယ်…

Techvisory Facebook

Address

Shwe Yin Aye Market Street
Yangon
11401

Telephone

+959450161336

Website

Alerts

Be the first to know and let us send you an email when Taw Win Mobile 4 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Taw Win Mobile 4:

Share