05/06/2026
ကျွန်တော်တို့ နေ့တိုင်း အသုံးပြုနေတဲ့ Online Services တွေက ကျွန်တော်တို့ရဲ့ Personal Data တွေကို ဘယ်လိုလုံခြုံအောင် ထိန်းသိမ်းပေးတာလဲ? 🤔
အဖြေကတော့ Cryptography လို့ခေါ်တဲ့ Network Security Concept တစ်ခုကိုအသုံးပြုကြတာဖြစ်ပါတယ် 🔐
Cryptography ရဲ့ အဓိက ရည်ရွယ်ချက်က Data တွေကို လုံခြုံစွာ ပို့ဆောင်နိုင်ဖို့နဲ့ မသက်ဆိုင်သူတွေ ဖတ်မရအောင် ကာကွယ်ပေးဖို့ ဖြစ်ပါတယ် 🛡️
Cryptography မှာ Encryption & Decryption လိို့ခေါ်တဲ့ အရေးကြီးတဲ့ Process နှစ်ခုရှိပါတယ်
Encryption & Decryption အကြောင်းနဲ့ ဒီ Process တွေမှာအဓိကပါဝင်တဲ့ Keys တွေအကြောင်းကို အသေးစိတ်ကြည့်လိုက်ရအောင်နော် 👇
---------------
🔒 Encryption ဆိုတာ ဘာလဲ?
Encryption ဆိုတာ Data တစ်ခုကို မူရင်းပုံစံကနေ ဖတ်လို့မရတဲ့ Secret Code ပုံစံအဖြစ် ပြောင်းလဲလိုက်တာကို ခေါ်ပါတယ်
ဥပမာ 👇
"Hello" ဆိုတဲ့စာသားကို "X7P9Q2L" လိုအဓိပ္ပာယ်မရှိတဲ့ စာအဖြစ်ပြောင်းလိုက်တာမျိုးပေါ့
ဒီလိုပြောင်းလိုက်တဲ့အခါ Data ကို ကြားဖြတ်ရယူတဲ့သူရှိရင်တောင် ဘာအဓိပ္ပာယ်လဲဆိုတာ နားလည်နိုင်မှာ မဟုတ်တော့ပါဘူး 🚫
ဒါကြောင့် Encryption ကို —
💬 Messaging Apps
💳 Online Banking
🛒 Online Shopping
🌐 HTTPS Websites
လိုမျိုး Privacy နဲ့ Security အရေးကြီးတဲ့နေရာတွေမှာ နေ့စဉ် အသုံးပြုနေကြတာ ဖြစ်ပါတယ်
---------------
🔐Decryption ဆိုတာ ဘာလဲ?
Decryption ဆိုတာ Encryption လုပ်ထားတဲ့ Data ကို မူရင်းပုံစံအတိုင်း ပြန်ပြောင်းပေးတဲ့ Process ဖြစ်ပါတယ်
ဥပမာ 👇
"X7P9Q2L" ➡️ "Hello"
ဒီလို Decryption ပြန်လုပ်မှသာ Data ရဲ့ အမှန်တကယ် အကြောင်းအရာကို ဖတ်နိုင်မှာ ဖြစ်ပါတယ် 📖
---------------
🔑 Key ကဘာလဲ? ဘာလို့လိုတာလဲ?
Encryption နဲ့ Decryption နှစ်ခုလုံးမှာ Key တွေက အလွန်အရေးကြီးပါတယ်။ Data ကို Encrypt လုပ်ဖို့ Key လိုအပ်သလို၊ Decrypt ပြန်လုပ်ဖို့လည်း သက်ဆိုင်တဲ့ Key ကို အသုံးပြုရပါတယ်။
အိမ်တံခါးသော့ 🏠🔑 နဲ့ နှိုင်းယှဉ်ကြည့်ရအောင် —
တံခါးကို သော့ခတ်ဖို့လည်း သော့လိုသလို၊
ပြန်ဖွင့်ဖို့လည်း သော့လိုအပ်ပါတယ်
ဒီလိုပဲ Cryptography မှာလည်း Data ကို လုံခြုံအောင် Encryption လုပ်ဖို့ Key ကို အသုံးပြုပြီး၊ နောက်ပိုင်းမှာ မူရင်း Data ကို ပြန်ဖတ်နိုင်ဖို့ Decryption ပြုလုပ်ရာမှာလည်း Key ကို အသုံးပြုရပါတယ်
မှန်ကန်တဲ့ Key မရှိရင် Data ကို ကိုယ်ပို့ချင်တဲ့သူကရရှိသွားတယ်ဆိုရင်တောင် ဘာရေးထားမှန်း နားလည်နိုင်မှာ မဟုတ်ပါဘူး 🤯
Key မှာ Public Key & Private Key ဆိုပြီး အမျိုးအစား 2 ခုရှိပါတယ်
---------------
🔑 Public Key နဲ့ 🔐 Private Key ဆိုတာ ဘာလဲ?
Modern Cryptography မှာ Key နှစ်မျိုးကို အသုံးပြုကြပါတယ်
🟢 Public Key → လူတိုင်းကို မျှဝေပေးလို့ရတဲ့ Key
🔴 Private Key → ပိုင်ရှင်တစ်ယောက်တည်းသာ သိထားရတဲ့ Secret Key
Public Key ကို Encrypt လုပ်ဖို့သုံးပြီး Private Key ကို Decrypt ပြန်လုပ်ဖို့သုံးပါတယ်
ဉပမာတစ်ခုပေးရရင် —
Alice က Bob ဆီ Message ပို့ချင်တယ်ဆိုပါစို့ 👇
Message ပို့တဲ့အခါ
ပို့တဲ့သူက ပို့ချင်တဲ့ Message ကို လက်ခံရရှိမယ့်သူရဲ့ Public Key ကိုသုံးပြီး Encrypt လုပ်ပို့ရတယ်။ လက်ခံရရှိတဲ့သူကလဲ Message ကို သူ့ရဲ့ Private Key နဲ့ Decrypt လုပ်ပြီးမှဖတ်လို့ရမယ်။
ပြောချင်တာက လူတစ်ယောက်ရဲ့ Public Key နဲ့ Encrypt လုပ်ထားတဲ့ Message တွေက အဲ့လူရဲ့ Private Key နဲ့ Decrypt ပြန်လုပ်မှသာဖတ်လို့ရမယ်
ဆိုတော့ Alice တို့ Case မှာဆိုရင် —
1️⃣ Bob က သူ့ Public Key ကို လူတိုင်းသိအောင် မျှဝေထားတယ်
2️⃣ Alice က "Hello Bob" ဆိုတဲ့ Message ကို Bob ရဲ့ Public Key နဲ့ Encrypt လုပ်လိုက်တယ်
3️⃣ Encrypt လုပ်ပြီးသား Message ကို Internet ကနေ ပို့လိုက်တယ်
4️⃣ ကြားဖြတ်ရယူတဲ့ Hacker တစ်ယောက်ရှိရင်တောင် Bob ရဲ့ Private Key ကိုမသိတဲ့အတွက် Message ကို ဖတ်လို့မရဘူး
5️⃣ Bob က သူ့ရဲ့ Private Key ကို အသုံးပြုပြီး "Hello Bob" ဆိုတဲ့ မူရင်း Message ကို ပြန်ဖတ်နိုင်တယ်
ဒီလိုနည်းနဲ့ ကျွန်တော်တို့ရဲ့
💬 Conversations တွေ
💳 Bank Account Details တွေ
🔑 Passwords တွေနဲ့
📃 အခြားအရေးကြီးတဲ့ Personal Data
တွေကို မသက်ဆိုင်သူတွေ မဖတ်နိုင်အောင် ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ 🔒
---------------
🤔 ဒါဆို ဘာကြောင့် Key နှစ်ခု သုံးတာလဲ? တစ်ခုတည်းနဲ့မရဘူးလား?
အကယ်၍ Bob မှာသာ Key တစ်ခုပဲရှိမယ်ဆိုရင် Alice က အဲ့ Key ကိုသိမှ Message ပို့နိုင်မှာဖြစ်တဲ့အတွက် Alice သိသွားမှာပါ။ ပြောချင်တာက Alice ကပါ Decrypt လုပ်သွားနိုင်မှာဖြစ်ပြီး Bob ဆီနောက်ပိုင်းဘာ Message ပဲရောက်ရောက် Alice ကပါဖတ်နိုင်မှာဖြစ်ပါတယ်။ 😱
အဲ့လိုသာဆို လူတိုင်းကကိုယ့် Data တွေကို Access လုပ်နိုင်တာနဲ့အတူတူပါပဲ
ဒါမျိုးတော့ဘယ်သူမှဖြစ်စေချင်မှာမဟုတ်ပါဘူး
ဆိုတော့ အတိုချုပ်ပြောရရင် Public Key ကို လူတိုင်းသိနိုင်ပေမယ့် Private Key ကို ပိုင်ရှင်တစ်ယောက်တည်းသာ သိထားတာကြောင့် Public Key ကို သိနေတဲ့သူတောင် Data ကို ပြန်ဖွင့်ဖတ်နိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့်ပဲ Key နှစ်ခုလုံးလိုအပ်တာဖြစ်ပါတယ်
---------------
📄 Original Data
⬇️ Encrypt with Public Key
🔒 Encrypted Data
⬇️ Decrypt with Private Key
📄 Original Data
Data Encryption နဲ့ Keys တွေအကြောင်းကိုနားလည်သွားလောက်ပြီလို့ထင်ပါတယ်
သင်နေ့တိုင်း အသုံးပြုနေတဲ့ App တွေထဲက ဘယ် App တွေမှာ Cryptography ကို အသုံးပြုထားမယ်လို့ ထင်ပါသလဲ? Comment မှာရေးခဲ့အုံးနော်👇