10/10/2022
"Graphics ပိုင်းမှာ လူသိများတဲ့ Nvidia နဲ့ AMD မှာဘာထူးခြားတာတွေရှိလဲ ?ဘယ်ဟာပိုမိုက်လဲ ?"
Nvidia နဲ့ AMD တို့အကြောင်းမပြောခင်မှာ Graphics card ရဲ့လုပ်ဆောင်ချက်တွေနဲ့ အရေးပါပုံလေးကို ပြောပြပေးချင်ပါတယ် ...🙋
▫️Laptop တစ်လုံးမှာ ရှိသင့်တဲ့ minimum display နဲ့ video activities တွေကို CPU ကနေ handle လုပ်နိုင်တာမှန်ပေမယ့် ရှုပ်ထွေးသော display activities များ 3D ,Rendering အစရှိတဲ့ လုပ်ဆောင်ချက်တွေကိုတော့ Graphics Card အနေနဲ့ Multiple Cores အကူအညီဖြင့် ထောင်သောင်းများစွာသော operation များကို စဉ်ဆက်မပျက် ပြိုင်တူ ဆောင်ရွက်ပေးခြင်းဖြင့် CPU ကို အထောက်အပံ့ပေးပါတယ်
အဲ့တော့ ဘာထူးခြားသွားမလဲ ??
🔹User တိုင်းအတွက်တော့ မဟုတ်ပေမယ့် 3D Modelling platforms တွေ အများဆုံးပါဝင်တဲ့ Engineering software တွေမှာ Slicing/dicing/rotation တို့ပြုလုပ်ပီး Section များကို ကြည့်ခြင်း, High resolution operations များဖြစ်သော 4K,360 degree videos များကြည့်ခြင်း, Computer Vision , Games, supercomputing အစရှိသော Data များများ function မျိုးစုံ အသုံးပြုနေရတဲ့ users တွေ အတွက်တော့ တော်တော်လေးကို အသုံးဝင် ပါတယ်...
ကဲ ဒါဆို Nvidia နဲ့ AMD ကိုရှေးဦးစွား Range 3 ခုနဲ့ compare လုပ်ပေးပါမယ်👈
〽️Low Range (Budget Models)
AMD က ထုတ်လိုက်တဲ့ RX590 ဟာဆိုရင် 4K resolution ပါတဲ့ AAA ranked game များကို ပါ run နေနိုင်ပါပီ, ဒါပေမယ့် Nvidia မှာဆိုရင်တော့ GTX 1050 Ti, GTX 1650 အစရှိတဲ့ model တွေမှာ AMD လောက် support မပေးနိုင်သေးတာတွေ့ရပါတယ်
〽️Mid-Range
ထင်ရှားလူသိများတဲ့ AMD ကထုတ်ထားတဲ့RX5700 မှာဆိုရင် 8GB video memory ပါရှိပြီး 60-90 frames/s speed အထိပါကောင်းကောင်း support ပေးပါတယ်, Nvidia ထဲမှာတော့ Geforce GTX 1660 Ti ဆိုတဲ့ model ရှိပီး mid range ထဲမှာတော့ performance အတူတူလောက်ပဲ လို့ပြောလို့ရလာပါပီ
〽️ High-Range
Nvidia ရဲ့ super hit ထဲ ကလို့ပြောလို့ရမယ့် GeForce RTX2060 ဟာဆိုရင် AMD ရဲ့ RX 5700 XT ထက်performance ရော functions ရောအများကြီး သာလွန် ကောင်းမွန်လာတာတွေ့ရပါတယ်...
▫️Hardware ပိုင်းကပြောရရင် Nvidia က advanced technology ကိုအသုံးပြုထားသောကြောင့် AMD ထက် စာရင် Heat ထွက်နည်း ခြင်း power စားသက်သာခြင်း စသော အချက်များကိုတွေ့ရပါတယ် AMD ကတော့ သူ့ရဲ့ processing power အတွက် memory များများဆွဲသုံးထားတာကြောင့် power ပိုစားပီး heat ပိုထွက်ပါတယ်..
🙋Nvidia က GPU အပိုင်းမှာ သာလွန်တာမှန်ပေမယ့် user အနေနဲ့ Resolution ကောင်းကောင်း 1080/1440 pixels အထိလောက်ပဲ သုံးပီး video editing နဲ့ photoshop အပိုင်းလောက်ပဲသွားချင်ရင်တော့ AMD နဲ့လည်း အဆင်ပြေမှာပါ ...
🙋Video editing အပိုင်းမှာ 4K resolutions မှ Gaming ဆိုလည်း ရုက်ထွက်လန်းမှ Engineering/Rending အစရှိတဲ့ high performance software တွေကိုမှ run ချင်တာ ဆိုရင်တော့ Nvidia GPU ကိုရွေးချယ်သင့်တယ်လို့ အကြံပြုရင်း နှုတ်ဆက်လိုက်ပါတယ်နော် 💌
💁လူကြီးမင်းတို့ အမြင်လေးလဲ comment မှာမျှဝေပေးခဲ့ပါအုန်းခဗျာ…
ကျွန်တော်တို့ Tech 2U Laptop ဆိုင်လေးမှာဆိုရင် Nvidia, AMD အစရှိတဲ့ Graphics များကို 2Gb/4Gb အထိပါ ဝင်တဲ့ laptop များ brand အစုံရနိုင်ပါတယ်နော် 🥰
☎️ 09881615656
,Asus,HP,Acer,Lenovo,Thinkpad