Join Us Online Shop

Join Us Online Shop DIY WiFi UPS တွေနဲ့ Electronic ပစ္စည်းလေးတွေရောင်းပါတယ်

11/12/2023

မီးပျက်ချင်တဲ့အချိန်ပျက် WIFI ကတော့ လိုင်းပျက်သွားမှာမဟုတ်ဘူးနော်

Shop လုပ်နေတဲ့သူတွေ
Sale ရောင်းနေတဲ့သူတွေ
နဲ့ စာသင်နေတဲ့သူတွေ
လုပ်နေတဲ့သူတွေ
မီးပျက်သွားတဲ့အချိန်မှာ လိုင်းမပျက်သွားရအောင် Router UPS ကိုဆောင်ထားသင့်ပါတယ်

WiFi router မှာသုံးတဲ့ Adapter လေးကို WiFi Router UPS ထိုးထားပြီး UPS အထွက်ကြိုးကိုမှ Wifi router မှာပြန်ထိုးပေးလိုက်ရုံပါပဲ

Adapter ကို 24 နာရီလုံးထိုးထားလို့ရပါတယ်
အားပြည့်သွားရင် Automatic အားသွင်းတာ ဖြတ်တောက်ပေးတဲ့ System ပါလို့ Battery 🔋 အပူလွန်ခြင်း ပေါက်ကွဲခြင်းများမဖြစ်နိုင်ပါ

မီးပျက်မီးလာ Auto Change တာဖြစ်လို့ WiFi router ကို Power လုံးဝပြတ်တောက်သွားစေမှာမဟုတ်ပါဘူး

WiFi Router 12V 1A စက်များ မီးပျက်ချိန် ၈ နာရီမှ ၁၀ နာရီဝန်းကျင်ခန့် အသုံးပြုန်ိုင်ပါတယ်။

ဒီထက်အချိန်ပိုခံချင်ရင်လည်း လိုချင်တဲ့ အချိန်အတိုင်းအတာကိုပြောပြီး Order မှာယူလို့ရပါတယ်

MBT
Unilink
Welink
Be the first
Hi internet
Fortune
Mytel
5BB
Mahar Net
Yadanarbon teleport
Ocean Wave

စသည့် Wifi စက်များနှင့် WiFi Router Adapter မှာ 12V 1A လို့ရေးထားတဲ့စက်များအသုံးပြုနိုင်ပါတယ်

မီးပျက်ချိန်များတဲ့နေရာများမှာ အားသွင်းမြန်ချင်ရင်တော့ 12V 2A Charger ဝယ်ရပါမယ် 10000 ကျပ်ပါ

Myanmar Net စက်အတွက်တော့ လတ်တလောမရပါနိုင်သေးပါ

ဈေးနှုန်းလေးကတော့

Mini WiFi Router UPS
12V 1A 10000 mah battery
40000ကျပ်

ဈေးနှုန်းအတက်အကျပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲရှိနိုင်ပါတယ်။


09750056925

21/01/2023
10/09/2022

#အုတ်စီနည်း #တွက်နည်း"
၉'' လက်မ အုတ်စီရာတွင် (၁၀×၁၀) ပတ်လည် တစ်ကျင်း စီရာတွင် အုတ်အလုံးရေ = ၁၀၄၀ ခဲ
အလျား = ၂၆ ခဲ
အနံ = ၄၉ ခဲ
၂၆×၄၀ = ၁၀၄၀ ခဲ ကုန်ပါတယ်။ (၄''လက်မခွဲ ) အုတ်စီရာတွင် ကုန်ကျ နည်းပါ တစ်ခါတည်း တင်ပေးလိုက်ပါတယ်။
(၁၀×၁၀) ပတ်လည် ၄''လက်မခွဲ အုတ်စီရာတွင် အလျား....=၁၃ခဲ ၅မူး ၅မူးဆိုတာကတော့ အုတ်တစ်လုံးကို တစ်ကျပ်လို့ သဘောထားပြီး တစ်ကျပ် ရဲ နှစ်ပိုင်း တစ်ပိုင်းကို ၅မူးလို့ သက်မှတ်ပါတယ်။

အနံ (မြင့်) ၄၀ ခဲ
၁၃/၅×၄၀ = ၅၄၀ ကုန်ပါတယ်။

၉'' လက်မအုတ် ရိုးနစ်ကျင်းစီရာတွင် ဘိလပ်မြေ ၁×၄ အချိုး ၆ အိပ် ကုန်ပါတယ်။
၄''လက်မခွဲ တစ်ကျင်း အုတ်စီရာတွင် ၁×၄ အချိုး ဘိလပ်မြေ ၂အိပ်နှစ်အိပ်တစ်ပိုင်း ကုန်ပါတယ်။

၉'' လက်မအုတ် ရိုးစိရာတွင် အလွှားမထက်ရာအောင် 'စုံ,မ ခွဲခြားစီတတ်ဖို့လိုပါတယ်။ ဒါမှ ဒမ် နှစ်လွှား = စုံနစ်လွှား ထပ်မှာမဟုတ်ပါ။
၃-၅-၇-၉ မ, ဂဏန်း များတွင် ဒမ်စီပြီးသွားရရပါမည်။
၂-၄-၆-၈,စုံ ဂဏန်း များတွင် အကွက်ဖော်ပြီးစီးသွားရပါမည်။
အုတ်တွေကြားမှာ မာဆလာ ၅ မူး ပုံမှန်ရှိရပါမည်။ ဒါမှခိုင်ခန့်ပြီးကြည့်လိုက်ရုံနှင့် အမြင်ကောင်းကောင်းရှိပါသည် နောက်ပြီး ဂျပန်ကွက် တရုပ်ကွက်လို့ အကွက်ရိုက်ကြတာ နှစ်မျိုးခွဲခြားထားပါတယ်။ ဂျပန် ကွက်တွင် အလျား ၂ခဲ အနံ၂ခဲ ပုံမှန် သွားရပါသည်။

တရုပ်ကွက်တွင် အဲလိုမဟုတ်တော့ပါ အလျား ၂ ခဲ အနံ ၁ခဲဖြစ်ပါတယ် ခိုင်ခံနိုင်ခြင်းကတော့ ဂျပန်ကွက် နှင့် စီသွားပြီး အလျား ၂ ခဲအနံ ၂ခဲ စီရင်ပိုခိုင်ပါတယ်။

K T G - Home Decoration မှာ ကျွမ်းကျင်တဲ့ ညီအကိုတွေနဲ့ဖွဲ့စည်းထားပါတယ် ။

စျေးနှုန်းကလည်း ပုံမှန်ပေါက်စျေး အတိုင်း တွက်ပေးပါတယ် ။

အသေးစိတိသိရှိလိူ့ပါက Page Messenger ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။

Ph - 09451838451
Email - [email protected]
telegram - https://t.me/Interiordesignmyanmar
Viber - 09451838451

10/09/2022

YBSယာဥ်လိုင်းများ၏​နောက်ဆုံးယာဥ်ထွက်ချိန်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

YBS - 2
ဂိတ်ရင်း》ယုဇနဥယျာဥ်မြို့​တော် - 4:30PM
ဂိတ်ဖျား》​အောင်မင်္ဂလာအ​ဝေး​ပြေး - 5:30PM

YBS - 3
ဂိတ်ရင်း》ယုဇနဥယျာဥ်မြို့​တော် - 5:30PM
ဂိတ်ဖျား》ဆူး​လေ - 7:00PM

YBS - 8
ဂိတ်ရင်း》ဒဂုံဆိပ်ကမ်း(၁၆၈ရပ်ကွက်) - 4:00PM
ဂိတ်ဖျား》လသာ - 6:00PM

YBS - 10
ဂိတ်ရင်း》သာ​ကေတ(ကန်ကြီး​ထောင့်) - 5:30PM
ဂိတ်ဖျား》ဒဂုံတက္ကသိုလ် - 6:30PM

YBS - 11
ဂိတ်ရင်း》​အောင်မင်္ဂလာအ​ဝေး​ပြေး - 6:00PM
ဂိတ်ဖျား》လသာ - 7:00PM

YBS - 12
ဂိတ်ရင်း》​မြောက်ဒဂုံ(ထား၀ယ်​ချောင်) - 7:00PM
ဂိတ်ဖျား》ဆူး​လေ - 8:00PM

YBS - 13
ဂိတ်ရင်း》ပါရမီ​(​ညောင်ပင်) - 4:45PM
ဂိတ်ဖျား》ဗိုလ်တ​ထောင်ဘုရား - 6:00PM

YBS - 14
ဂိတ်ရင်း》ပါရမီ(​ညောင်ပင်) - 5:15PM
ဂိတ်ဖျား》သခင်မြပန်းခြံ - 6:30PM

YBS - 15(ကြိုးတံတား)
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 6:00PM
ဂိတ်ဖျား》ဘုရင့်​​နောင်လမ်းဆုံ - 7:00PM

YBS - 20
ဂိတ်ရင်း》ဒဂုံဧရာအ​ဝေး​ပြေး - 4:30PM
ဂိတ်ဖျား》သခင်မြပန်းခြံ - 6:00PM

YBS - 21
ဂိတ်ရင်း》တညင်းကုန်း - 7:30PM
ဂိတ်ဖျား》​မော်တင် - 8:30PM

YBS - 23(​အောင်​ဇေယျကြိုးတံတား)
ဂိတ်ရင်း》အ​နောက်ပိုင်းနည်းပညာတက္ကသိုလ် - 7:00PM
ဂိတ်ဖျား》သခင်မြပန်းခြံ - 8:30PM

YBS - 24
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 5:30PM
ဂိတ်ဖျား 》ဗိုလ်တ​ထောင်ဘုရား - 6:30PM

YBS - 25
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 5:30PM
ဂိတ်ဖျား》ဘိုက​လေး​စျေး - 6:30PM

YBS - 26
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 4:30PM
ဂိတ်ဖျား》ဗိုလ်တ​ထောင်ဘုရား - 5:30PM

YBS - 28
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 5:30PM
ဂိတ်ဖျား 》ဆူး​လေ - 6:30PM

YBS - 30
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 6:00PM
ဂိတ်ဖျား》သခင်မြပန်းခြံ - 7:00PM

YBS - 32
ဂိတ်ရင်း》သန်လျင်(​ရေ​ကြောင်းတက္ကသိုလ်) - 6:00PM
ဂိတ်ဖျား》​ထောက်ကြန့် - 6:00PM

YBS - 37
ဂိတ်ရင်း》​ထောက်ကြန့် - 5:00PM
ဂိတ်ဖျား》ဆူး​လေ - 6:00PM

YBS - 38
ဂိတ်ရင်း》ပါရမီ(​ညောင်ပင်) - 5:00PM
ဂိတ်ဖျာ》သီရိမင်္ဂလာ​စျေးသစ် - 6:00PM

YBS - 41
ဂိတ်ရင်း》​မှော်ဘီ​စျေး - 4:30PM
ဂိတ်ဖျား》သခင်မြပန်းခြံ - 6:00PM

YBS - 43
ဂိတ်ရင်း》ဝါယာလက် - 4:30PM
ဂိတ်ဖျား》ဗိုလ်တ​ထောင်ဘုရား - 5:30PM

YBS - 55
ဂိတ်ရင်း》ပါရမီ(​ညောင်ပင်) - 4:45PM
ဂိတ်ဖျား》သခင်မြပန်းခြံ - 6:00PM

YBS - 56
ဂိတ်ရင်း/ဖျား》သခင်မြပန်းခြံ - 6:00PM

YBS - 57
ဂိတ်ရင်း/ဖျား》သခင်မြပန်းခြံ - 8:00PM

YBS - 62
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 6:30PM
ဂိတ်ဖျား》စလင်းကွင်း - 7:30PM

YBS - 64
ဂိတ်ရင်း》​ဝေဘာဂီ - 6:30PM
ဂိတ်ဖျား》ပန်းဆိုးတန်း - 7:30PM

YBS - 65(လိန်ကုန်း)
ဂိတ်ရင်း》​ရွှေပြည်သာ(လိန်ကုန်း) - 6:30PM
ဂိတ်ဖျား》ဗိုလ်တ​ထောင်ဘုရား - 8:00PM

YBS - 80
ဂိတ်ရင်း》ဒဂုံဆိပ်ကမ်း(၁၆၈ရပ်ကွက်) - 6:30PM
ဂိတ်ဖျား》ရန်ကုန်ဘူတာကြီး - 8:00PM

YBS - 81
ဂိတ်ရင်း》ဦးထွန်းမြတ်(မဟာဗန္ဓုလအိမ်ရာ) - 7:00PM
ဂိတ်ဖျား》ပန်းဆိုးတန်း(မဟာဗန္ဓုလလမ်း) - 8:00PM

YBS - 82
ဂိတ်ရင်း》ဒဂုံဧရာအ​ဝေး​ပြေး - 5:00PM
ဂိတ်ဖျား》ဗိုလ်တ​ထောင်ဘုရား - 6:00PM

YBS - 83
ဂိတ်ရင်း》ဒဂုံဧရာအ​ဝေး​ပြေး - 4:30PM
ဂိတ်ဖျား》​ရွှေလီအိမ်ရာ - 5:30PM

YBS - 84
ဂိတ်ရင်း》အ​ရှေ့ဒဂုံ(၁၄ရပ်ကွက်) - 6:00PM
ဂိတ်ဖျား》သာ​ကေတ(အစိမ်းဂိတ်) - 6:00PM

YBS - 85
ဂိတ်ရင်း》လှိုင်သာယာ(တူး​ချောင်း) - 4:30PM
ဂိတ်ဖျား》သာ​ကေတအဝိုင်း - 6:00PM

YBS - 87
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 6:00PM
ဂိတ်ဖျား》ဆူး​လေ - 7:00PM

YBS - 88
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 5:00PM
ဂိတ်ဖျား》တညင်းကုန်း - 6:00PM

YBS - 95
ဂိတ်ရင်း》​ကျောက်တန်း - 5:30PM
ဂိတ်ဖျား》ဗဟန်း၃လမ်း - 7:00PM

YBS - 96
ဂိတ်ရင်း》​လှော်ကားဥယျာဥ် - 4:30PM
ဂိတ်ဖျား》တိုင်းရင်းသား​ကျေးရွာ - 5:30PM

YBS - 97
ဂိတ်ရင်း》စီးပွား​ရေးတက္ကသိုလ် - 5:00PM
ဂိတ်ဖျား》​ထောက်ကြန့် - 5:00PM

YBS - 98
ဂိတ်ရင်း》ဒဂုံဧရာအ​ဝေး​ပြေး - 5:00PM
ဂိတ်ဖျား》လမ်း၅၀ - 6:00PM

YBS - 99
ဂိတ်ရင်း》​ရွှေလီအိမ်ရာ - 7:00PM
ဂိတ်ဖျား》ဒဂုံဧရာအ​ဝေး​ပြေး - 8:00PM

YBS - 100
ဂိတ်ရင်း》​တောင်ဒဂုံ(ကျီစု) - 7:00PM
ဂိတ်ဖျား》ဗိုလ်တ​ထောင်ဘုရား - 8:00PM

YBS - 103
ဂိတ်ရင်း》​တောင်ဒဂုံ(ကျီစု) - 7:00PM
ဂိတ်ဖျား》ဒဂုံဧရာအ​ဝေး​ပြေး - 7:00PM

YBS - 105
ဂိတ်ရင်း》​မှော်ဘီ(TU) - 4:30PM
ဂိတ်ဖျား》ဆူး​လေ - 6:00PM

YBS - 106
ဂိတ်ရင်း》ဥက္ကံ - 10:00AM
ဂိတ်ဖျား》စိန်ဂျွန်း - 4:30PM
(ဂိတ်ဖျားချိန်သည် ဂတ်စ်ဖြည့်ချိန်​ပေါ်မူတည်ပြီး​နောက်ကျနိုင်ပါသည်။)

YBS - 107
ဂိတ်ရင်း》လှည်းကူး - 4:00PM
ဂိတ်ဖျား》ဆူး​လေ - 5:30PM

YBS - 108
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 5:30PM
ဂိတ်ဖျား》ဆူး​လေ - 6:30PM

YBS - 111
ဂိတ်ရင်း》​တောင်ဒဂုံ(ကျီစု) - 7:00PM
ဂိတ်ဖျား》ပန်းဆိုးတန်း - 8:00PM

YBS - 116
ဂိတ်ရင်း》​ထောက်ကြန့် - 6:30PM
ဂိတ်ဖျား》ဆူး​လေ - 7:30PM

YBS - 117
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 4:30PM
ဂိတ်ဖျား》သခင်မြပန်းခြံ - 5:30PM

YBS - 118

YBS - 123(CITY BUS)
ဂိတ်ရင်း》အ​ဖျောက် - 9:00AM
ဂိတ်ဖျား》အင်းစိန်(ဘီအိုစီ) - 4:00PM

YBS - 124
ဂိတ်ရင်း》ဆကာကြီး - 6:00AM
ဂိတ်ဖျား》အင်းစိန်(ဘီအိုစီ) - 2:30PM

YBS - 128
ဂိတ်ရင်း》ဒဂုံတက္ကသိုလ် - 5:30PM
ဂိတ်ဖျား》သခင်မြပန်းခြံ - 6:30PM

YBS - တွံ​တေး ဒလ
မနက်ပိုင်း > ဒလ》7:00AM
8:00AM
ည​နေပိုင်း > ဒလ》 4:00PM
5:00PM

***YBSယာဥ်လိုင်းဂိတ်များထံမှ ဆက်သွယ်စုံစမ်းထား​သော ​နောက်ဆုံး ယာဥ်ထွက်ချိန်များ နှင့် ​မြေပြင်​နောက်ဆုံး ယာဥ်​တွေ့ရှိရမှုကို တင်ပြ​ပေးခြင်းဖြစ်ပါသည်။
ဂတ်စ်ရရှိမှု​ပေါ်မူတည်ပြီး ယာဥ်​နောက်ဆုံးထွက်ချိန်​ပြောင်းလဲနိုင်ပါသည်။

***ယခု​ဖော်ပြပါ​နောက်ဆုံးကားချိန်သည်မူရင်းထွက်ချိန်ထက် အနည်းငယ်​စောထားပါသည်။
ယာဥ်​နောက်ဆုံးထွက်ချိန်​ပြောင်းလဲမှုရှိခဲ့ပါက
အချိန်နဲ့တ​ပြေးညီ​ထပ်မံဖော်ပြ​ပေးသွားပါမည်။

***ယခုကာလည​၇​နာရီကျော်လျှင် လမ်းမတချို့များ ပိတ်ဆို့လျက်ရှိပြီး YBS​ယာဥ်များလမ်းလွှဲ​မောင်းနှင်နိုင်ပါ​ကြောင်း အသိ​ပေးအပ်ပါသည်။

◇7.9.2022◇

်းညွှန်

09/09/2022

ကားအောက်ပိုင်းကြံ့ခိုင်မှုအတွက်
အမြဲတမ်းသတိပြုသင့်သော အချက်များ
======================

ကားရဲ.အကြီးမားဆုံးပြဿနာရယ်လို့ ဆိုလိုက်ရင်
တော်တော်များများ က အင်ဂျင်ပိုင်းဆိုင်ရာ
ဂီယာပိုင်းဆိုင်ရာ ပြဿနာတွေကို ပြေးမြင် တတ်ကြပါတယ်၊
တကယ်တော့ အင်ဂျင်ရောဂါပိုင်းဆိုင်ရာ တွေကဖြေရှင်းရခက်ခဲပြီး
ငွေကုန်ကြေးကျများတဲ့ ရောဂါတွေဖြစ်ပေမယ့်၊
သင့်ကားနဲ့ သင်ရဲ့ အသက် အန္တရာယ်အထိ
အကြီးမားဆုံး ဒုက္ခပေးနိုင် တာကတော့ Suspension ပိုင်းလို့ခေါ်တဲ့
သင့်ကား အောက်ပိုင်း ရောဂါတွေပါ။

ဥပမာပြောရရင် အဝေးပြေးလမ်းကြောင်းခရီးသွားဖို့ ရှိတယ်။
ဒါမှမဟုတ် ကားကို မိုင်နှုန်းမြင့် မောင်းတော့မယ်ဆို
ကားအောက်ပိုင်းတွေကို အဲ့ဒါကြောင့် အဓိက စစ်ဆေးကြတာပါ။
ဘာကြောင့်လဲဆိုရင် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်နေတဲ့ကားတစ်စီးဟာ
အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ရုတ်တရက် စက်ထိုးရပ်သွားရင်၊
သင့်ခရီးလမ်းမှာ စိတ်အနှောက်အယှက်ဖြစ်မယ်၊
ယုတ်စွအဆုံး အင်ဂျင်တစ်လုံး လဲလိုက်ရတာကလွဲလို့ ကျန်တာမဖြစ်နိုင်ပါ ။
ဒါပေမယ့် ကားအောက်ပိုင်း Suspensionပိုင်းက ပစ္စည်းတွေ
ပျက်နေတာ သတိမပြုမိလို့ ကားမောင်းနေတုန်း ပြုတ်ထွက်သွားမယ်၊
ကျိုးပဲ့သွား မယ်ဆိုရင် သင့်ကားမှောက်နိုင်ပြီး
သင့်အသက်အန္တရာယ်အထိ ထိခိုက်လာနိုင်ဖွယ်တွေ ရှိပါတယ်။

ဒါကြောင့် သင်နဲ့ သင့်ကားရဲ့ လုံခြုံစိတ်ချရမှု Safety အတွက်
သင်ကိုယ်တိုင် သတိပြုနိုင်တဲ့
ကားအောက်ပိုင်းရောဂါလက္ခဏာတွေကို
အကျဉ်းချုပ်တင်ပြပေးပါ့မယ်။

ကားအောက်ပိုင်း (Suspension )ကို အဓိကအားဖြင့်
အောက်ပါ ပစ္စည်းများဖြင့် ဖွဲ့စည်းထားပါတယ်။

( Tie rod ) တိုင်းရော့
( Tie rod end or Rack End ) မိန်းလုံး
( Ball Joint ) ဘောလ်ဂွိုင့်
( Constant Velocity -CV Joint ) ဒူးဆစ်
(Stabilizer Bar ) နှုတ်ခမ်းမွှေးလိုင်း
(Shock Absorber ) ရှော့ခ်ဘား
(Upper Arm ) အပေါ်လက်ဝါး
(Lower Arm ) အောက်လက်ဝါး
(Coil Spring ) ကွိုင်စပရင်
(Rubber Bushing ) ရာဘာဘွတ်
(Bellows ) သဲကာ
အစရှိတဲ့ အခြေခံပစ္စည်းတွေနဲ့ ဖွဲ.စည်းထားပြီး ကားအမျိုးအစား မော်ဒယ် အမျိုးအစား ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ် မူတည်ပြီး အောက်ပိုင်းပစ္စည်း အစိတ်အပိုင်းတွေ အများကြီး ပါဝင်ပါသေးတယ် ။
အဲ့ဒီပစ္စည်းတွေနဲ့ အဓိကတွဲဖက် အလုပ်လုပ်နေတာကတော့
Brake System ဘရိတ်အဖွဲ့အစည်းတွေနဲ့ တာယာတွေပါ ။

(၁) တိုင်းရော့ (Tie rod )နဲ့
မိန်းလုံး(Tie rod end or Rack End) မကောင်းရင်
ဘယ်လို ရောဂါလက္ခဏာတွေ ပြမလဲ

တိုင်းရောနဲ့ မိန်းလုံးမကောင်းရင်ဖြစ်တတ်တဲ့
ထင်ရှားတဲ့ လက္ခဏာ ကတော့
သင်ကားကို အရှိန်ဖြည်းဖြည်းနဲ့ မောင်းနေတဲ့အခါမျိုး
ဒါမှ မဟုတ် ကားကို ရုတ်တရက် ထောင့်ချိုးကွေ့ လိုက်တဲ့အခါမျိုးမှာ
အရှေ့ဖက်အစွန်းဆုံးဆီကနေ ဒုတ် ဒုတ် မြည်သံထွက်လာမယ်။
လာထုနှက်တဲ့ အသံမျိုး ထွက်နေမယ်ဆိုရင်
သင့်ကားရဲ့ တိုင်းရော့နဲ့ မိန်းလုံးတွေ ချို့ယွင်းနေပါပြီ။
နောက်တစ်ချက် က သင်ကားမောင်းနေ တဲ့အချိန်၊
ကားဘရိတ်အုပ်လိုက်တဲ့ အချိန်မှာ
ကားက တဖက်ဖက်ကို ဆွဲနေမယ်။
ဒါ့အပြင် ကားတာယာတွေက အတွင်းဖက်ကိုဖြစ်စေ
အပြင်ဖက်ကိုဖြစ်စေ ဘက်မညီမမျှ စားသွားမယ်ဆိုရင်လည်း
အဲ့ဒါ တိုင်းရော့နဲ့ မိန်းလုံးမကောင်းတဲ့ရောဂါလက္ခဏာပါ။
တိုင်းရော့နဲ့ မိန်းလုံးဆိုတာကတော့ ကားအောက်ပိုင်းမှာ
ပျက်စီးမှု အများဆုံး ပစ္စည်းပါ။
တိုင်းရော့ ကျိုးပိုင်းလို့၊ပြုတ်ထွက်လို့ တောင်တက်တို့
အဝေးပြေးတို့မှာ အသက်အန္တရာယ် ကြုံရတဲ့အထိ
ဒုက္ခရောက်ရတဲ့ ကားတွေရှိဖူးပါတယ် ။
ဒီတော့ အခုဖော်ပြထားတဲ့ ရောဂါ လက္ခဏာလေးတွေ
တွေ.ရင် မြင်ရင် ကြားရင် ကြီးကြီးမားမား ပျက်စီးမှု မဖြစ်ခင်
ဝပ်ရှော့သွားပြီး တိုင်းရော့နဲ. မိန်းလုံးကို အသစ်လဲတန်လဲ ၊
Press ခုံမှာနင်းပြီး ပြန်သုံးတန်သုံးဖို့ လိုအပ်နေပါပြီ။

(၂) Ball Joint မကောင်းရင်
ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

Ball Joint မကောင်းရင် ဖြစ်တတ်တဲ့ လက္ခဏာတွေက
သင့်ကား အောက်ဘက်ထောင့်ဆီကနေ
တစ်ချက်တစ်ချက်၊ အသံခပ်မျှဉ်းမျှဉ်း ထုနှက်သံမျိုးတွေ ထွက်တတ်တယ်။ အထူးသဖြင့် လမ်းအတိမ်းအ စောင်း ဖြစ်နေတဲ့နေရာတွေတို့
ချိုင့်ခွက်တွေထဲတို့ မှာ မောင်းလိုက်ရင်
အဲဒီအသံက ထွက်လာတယ်ဆိုရင်
အဲဒါ Ball Joint မကောင်းတဲ့ လက္ခဏာပါပဲ ။
ပြောရရင် သံကိုတူနဲ့ ထုတဲ့ အသံမျိုးနဲ့ဆင်ပါတယ် ။
Ball Joint က သင့်ကားဘီးရဲ့ ဘယ်ညာအကွေ့အထိန်းတွေမှာ
အဓိကထိန်းပေးထားတာမို့၊ Ball Joint မကောင်းဘူးဆိုတာနဲ့
သင့်ကားစတီယာရင် ( Steering ) ကို လာပြီး
သက်ရောက်မှုတွေ ရှိလာပါမယ်။
ဖြစ်လာနိုင်တာကသင့်ကားစတီယာရင်
မာပြီးလှည့်ရတာ ခက်သွားမယ်၊ ဒါမှမဟုတ် အရမ်းပေါ့ရွှတ်ပြီး
ထိန်းရခက်သွားမယ်။ လမ်းအဖြောင့်မောင်းနေရင်းက
အနိမ့်ပိုင်းကို ဆင်းလိုက်ရင် သင့်စတီယာရင် လက်ကိုင်ခွေကို
လာတိုးတာမျိုးတွေဟာ Ball Joint မကောင်းခြင်းရဲ့
ရောဂါ လက္ခဏာတွေပါ။ အခြားရောဂါလက္ခဏာ ကတော့
တိုင်းရောမိန်းလုံးတို့လိုပဲ တာယာအတွင်းအပြင်
မညီမညာစား သွားတာမျိုးပါပဲ ။

(၃) (Constant Velocity -CV Joint )
ဒူးဆစ် မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

ဒူးဆစ်လက္ခဏာကတော့ သိသာထင်ရှားပါတယ်။
သင့်ကား ဘယ် ကိုဖြစ်ဖြစ် ညာကိုဖြစ်ဖြစ် ကွေ့လိုက်လို့
တစ်ခုနဲ့တစ်ခု ကြိတ်ဝါးနေ သလို * ကလစ်ကလစ်
တောက်တောက်တောက် တက်တက်တက် * အသံတွေ ထွက်လာတယ်။ ကွေ.တိုင်း အဲ့ဒီလို အသံတွေထွက်နေ တယ်ဆိုရင်
အဲ့ဒါ ဒူးဆစ်မကောင်းတဲ့လက္ခဏာတစ်ရပ်ပါ။
နောက် ဒူးဆစ်ဘောတွေကို ထိန်းထားတဲ့
ကလစ် ပြုတ်ထွက်တာမျိုးဆိုရင်တော့ ကားကဂီယာ
ဘယ်လိုထိုးထိုး ဂီယာဖရီးလို ဖြစ်နေတတ်ပါတယ်။
မနေ့ကပဲ ကားတစ်စီ းဒူးဆစ်ဘောကိုထိန်းထားတဲ့ကလစ်ပြုတ်ပြီး
ဝပ်ရှော့ကို ကြိုးနဲ့ ဆွဲလာရပါ သေးတယ်။

(၄) Shock bar , Coil Spring , Struts မကောင်းရင်
ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

ဒီအပိုင်းတွေ မကောင်းရင်ပြတဲ့ လက္ခဏာတွေက
သိသာထင်ရှားပါတယ်။
အထူးသဖြင့် လမ်း အနိမ့်အမြင့် မညီမညာဖြစ်တဲ့နေရာတွေ ၊
ဒါမှမဟုတ် ချိုင့်ခွက်တွေထဲ မောင်းတယ်ဆိုရင်
ညိမ့်ညော ညင်သာမှု မရှိတော့ဘဲ
အောက်ဘက်ကနေ ပြင်းထန်စွာ လာစောင့်နေတာမျိုးတွေကို
သိသာထင်ရှားစွာ ခံစားရပြီဆိုရင်တော့
အဲ့ဒါ Shock bar , Coil Spring , Struts တို့
မကောင်းတဲ့ လက္ခဏာရပ်ပါ ။
ရှော့ဘားတွေ မကောင်းတဲ့ လက္ခဏာ နောက်တစ်မျိုးက
သင့်ကားကိုယ်ထည်တစ်ခု
လုံးကို ပြင်းပြင်းထန်ထန် ယိမ်းနွဲ.စေတတ်ပါတယ်။
နောက်တစ်မျိုး ကလည်း တချို့ရှော့ဘားမှာဆိုရင်
ဆီတွေ ယိုကျတာတို့၊ ရှော့ဘားကေ အောက်ကို ကျပြီး
အပေါ်ကို ပြန်ကန် မတက်တော့တာမျိုးတွေကို လည်း
မြင်တွေ.နိုင်ပါတယ်ခမျာ။

(၅) ကားတဖက်ဖက်ကိုဆွဲနေတဲ့ ရောဂါလက္ခဏာပြရင်
ကားတဖက်ဖက်ကို ဆွဲနေတဲ့ရောဂါလက္ခဏာပြရင်
ဖြစ်နိုင်တာတွေက တာယာလေနည်းနေတာ ၊ တာယာလေပေါင်
တစ်ဖက်နဲ့တစ်ဖက်မညီတာဖြစ်တတ်ပါတယ် ။
တာယာလေပေါင် အရင်စစ်ဆေး ရပါမယ်။
အခုနောက်ပိုင်းတချို့မော်ဒယ်မြင့် ကားတွေမှာတော့
တာယာ လပေါင်မညီရင် ဒက်ဘုတ်မှာ လေပေါင်မညီတာကိုပြတဲ့
မီးလင်း ပါတယ်။ တာယာတစ်ဖက်ဖက်စားနေတာ ဖြစ်နိုင်ပါတယ်၊
တာယာ တစ်ဖက်ဖက်မညီမညာ စားနေလား၊
ရှေ.နောက်ဘေး သေချာ စစ်ဆေးရပါမယ်။
မညီမညာဖြစ်နေရင် ဘာကြောင့်ဖြစ်တယ်စစ်ဆေးပြီး
အသစ်လဲတန်လဲရပါမယ်။ ကားအလိုင်းမင့် (Alignment)
မညီမညာ ဖြစ်တာမျိုးလည်းဖြစ်တတ်ပါတယ်။
အလိုင်းမင့်ချိန်ဆိုင်တွေမှာ သေချာစစ်ဆေးသင့်ပါတယ်။
တိုင်းရော့တို့ မိန်းလုံးတို့ မကောင်း တာလည်းဖြစ်တတ်ပါတယ် ။
ကားအောက်ပိုင်းပြုပြင်ရေ းဆိုင်တွေမှာ ပြုပြင်သင့်ပါတယ်။

(၆) Brake မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ
ဘရိတ်နင်းရတာထိုင်းနေမယ်၊ ကပ်နေမယ် (ဝါ) လျောနေမယ်၊
ဘရိတ်အုံတွေအရမ်းပူနေမယ်၊ ဘရိတ်ကလစ်နဲ့
ဘရိတ်ဒရမ်နဲ့ ပွတ်တဲ့ ဂျစ်ဂျစ်ဂျစ်ဆိုတဲ့ ရောဂါလက္ခဏာပြရင်
Break Pads တွေ ကုန်နေတာ၊ ဘရိတ်ပစ်စတင်တွေ ဂျမ်းဖြစ်နေတာ၊
ဘရိတ်ရူးလျော့နေတာ၊ ပင်တွေ သံချေးတက်ပြီး
ကိုက်နေတာတွေဖြစ်နိုင်ပါတယ်။

(၇) Steering မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ
စတီယာရင် လှည့်ရတာချော်နေမယ်၊ သင်စတီယာရင်ကို
လှည့်တဲ့ အခါဖြစ်စေ၊ လှည့်ထားတဲ့ အတိုင်းလေး ထိန်းတာတဲ့အခါဖြစ်စေ၊
စတီယာရင်က ချော်ထွက်နေမယ် ဒါမှမဟုတ် လှည့်ဖို့ ခက်ခဲနေမယ် ဆိုရင် Steering Fluid နည်းနေတာဖြစ်နိုင်တယ်၊
Steering Belt ကြိုးလျော့နေတာ ဒါမှမဟုတ်
ပွန်းစားနေတာဖြစ်နိုင်ပါတယ်. Steering Pump
မကောင်းတာလည်းဖြစ်နိုင်ပါတယ်၊
Steering Pump က O ring ပျက်ပြီး ဆီယိုနေတာလည်းဖြစ်နိုင်ပါတယ်။
ဒါတွေက ကားတစ်စီးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့
အခြေခံအောက်ပိုင်း ရောဂါလက္ခဏာရပ်တွေပါ၊
အခြားခြားသော ကားအောက်ပိုင်းရောဂါ တွေ
အများကြီး ကျန်ရှိပါသေးတယ်၊ မြန်မာနိုင်ငံမှာက
လမ်းမကောင်း တာရယ်၊ နောက် Used ကားတွေသာများတာကြောင့်
ကားအောက်ပိုင်း ရောဂါတွေကတော့ အဖြစ်များဆုံးရောဂါတွေလို့လည်း
ဆိုနိုင်ပါတယ်။ တချို့ကားတွေမှာဆို ဒူးဆစ်တို့ မိန်းလုံးတို့
ဘောဂွိုင့် တိုက်ရော့တို့ကို အုပ်ထားတဲ့ သဲကာလေးပေါက်တာကို
မလဲတာကနေပြီးအဲ့ဒီ အရာတွေ ကြားထဲမှာနေရမယ့်
အမဲဆီတွေ အပြင်ထွက်ပြီး ၊ အထဲမှာ မရှိရမယ့်
သဲတွေ ဖုန်တွေ ရွှံ.တွေက
အထဲဝင်ကာ အောက်ပိုင်းဆက်စပ် ပစ္စည်းတွေကို
ပျက်စီးစေတာလည်း မကြာခဏဆိုသလို တွေ့မြင်ရ ပါတယ် ။
အောက်ပိုင်းကလင့်တွေ ၊ Bushing တွေ မကောင်းတာေ ကြာင့်လည်း အထက်က ရောဂါတွေဖြစ်နိုင်ပါသေးတယ်။
နောက်တစ်ခုက အထက်ပါရောဂါတွေက
တစ်ခုခြင်းဖြစ်နိုင်သလို ၊ နှစ်ခုကနေ အကုန်လုံး စုပေါင်းပြီးလည်း
ဖြစ်နိုင်ပါတယ်။ ကားပေါ် တက်လိုက်လို့ အောက်ပိုင်းဆီကနေ
သံစုံတီးဝိုင်းသံတွေ ကြားနေရ ရင်တော့
သင့်ကားအောက်ပိုင်း တော်တော်များများ ပျက်စီးယို ယွင်းနေပြီဆိုတာ သတိပြု သင့်ပါတယ်။ စစဖြစ်ခြင်း ရောဂါလက္ခ ဏာတွေ
သတိမမူဘ ဲမပြုပြင် မထိန်းသိမ်းရင်
အောက်ပိုင်း အခြား ဆက်စပ်ပစ္စည်းတွေကိုပါ
လိုက်ပျက်စီးစေပြီးအနည်းဆုံး တာယာ စားသွားတာ၊
ကားမောင်းရတာ မငြိမ်တော့ဘဲ အသံတွေထွက်လာတာ ကနေ
အဆိုးဝါးဆုံး သင့်အသက်အန္တရာယ်ထိအောင် ထိခိုက်စေမှာပါ။
ဒါကြောင့်သင့်ကားအောက်ပိုင်းကနေမူမမှန်တဲ့
အသံတွေ တုန်ခါမှုတွေ ကို သတိထားပြီး
ရောဂါလက္ခဏာပြပြီဆိုတာနဲ့ သင်နဲ့ သင့်ကား
ဘေးအန္တရာယ် ကင်းရှင်းရေး လုံခြုံရေးအတွက်
ကားအောက်ပိုင်းဆိုင်ကိုစစ်ဆေးအကြံပြုတင်ပြပါသည်

#မူရင်း စားရေးသူအား ခရက်ဒစ်ပေးပါသည်။

09/09/2022

ထူးအိမ်သင်
**********
"ငှက်ကြီး...ရှေ့မှာ ဓာတ်တိုင်ကြီးဟ"
ဟယ်ရီလင်းက သူ့အပြင်းစား ရော့ခ်အသံကြီးနှင့် အထိတ်တလန့် အော်သည်။
ထိုသို့အော်မှပင် ကိုငှက်က ဓာတ်တိုင်တည့်တည့်ဆီသို့ လီဗာတင်ပြီး ကားကို အပြင်းမောင်းသည်။
ဓာတ်တိုင်နားရောက်မှ ကားကို ဆတ်ခနဲ ကွေ့ချပြီး တဟားဟား ရယ်သည်။
"ကိုငှက်...ရှေ့မှာ ကားကြီး"
ဒီတစ်ခါတော့ ကိုငှက် ကားကို ဆတ်ခနဲ ကွေ့ချိန်မရတော့။
ရပ်ထားသော ကွန်တိန်နာကားကြီးကို တည့်တည့်ကြီး ဝင်အောင်းပါသည်။
ဒိုင်းကနဲ။
လူတွေကတော့ ဘာမှမဖြစ်။
"ဃ...ဃ ဆင်း ဆင်း ဘာမှမဖြစ်ဘူး"
အသံကြားတော့မှ ဟယ်ရီလင်းက ကုပ်ချောင်း ကုပ်ချောင်းနဲ့ ထွက်လာသည်။
ညသန်းခေါင်ကျော် နှစ်နာရီလောက်ထိ ဝရံတာမှာ ထွက်မျှော်နေရှာသော အမေက တစ်ခွန်းတော့ ပြောသည်။
"ထင်သားပဲကွယ် ဒီလောက်ကြာနေမှတော့ တစ်ခုခုဖြစ်နေပြီလို့၊ ဒီလောက်ပဲဖြစ်တာ တော်သေးတာပေါ့" တဲ့..။
အမေ့ရဲ့ဒုက္ခအိုးလေး သို့မဟုတ် ကျွန်တော်တို့အားလုံးက ချစ်ကြရပါသော ထူးအိမ်သင်...။
***
ကိုငှက်က ကိုယ်တိုင်ကားမောင်းလျှင် အမောင်းကြမ်းသည်။ ဘိုဖြူဆိုရင် ကိုငှက် မောင်းသောကားကို စီးရမှာ အတော်ကြောက်သည်။
တစ်ခါကလည်း ဆရာနီကိုရဲနှင့်..။
လှည်းတန်းမီးပွင့်မှာ ကားတိုက်မှုဖြစ်သည်။
မှားတာက ကိုငှက်က မှားတာဖြစ်သော်လည်း၊ အတိုက်ခံလိုက်ရတာက သူတို့ကား ဖြစ်သည်။
ကားက ချာလပတ်လည်သွားပြီး လမ်းဘေးပလက်ဖောင်းစပ်မှာ ထိုးရပ်သွားသည်။
တစ်ဖက်ကားလည်း ရပ်သွားပြီး ကားပေါ်မှ လူငယ်လေးယောက်က တုတ် ဓားများ ကိုင်လျက် သူတို့ဆီ ပြေးလာသည်။
ကိုငှက်ကလည်း ဘေ့စ်ဘောရိုက်တံကို ယူ၍ ကားထဲက ထွက်သည်။
" ကိုရဲဝင်း...ပြေးတော့ ခင်ဗျား ပြေးတော့"
ဒါပေမဲ့ ဆရာနီကိုရဲလည်း ပြေးမရပါ။
အကြောင်းကတော့ သူ့ဘက်ခြမ်းက အတိုက်ခံရတာဖြစ်သဖြင့် ကားတံခါးက ဖွင့်မရ။
ဟိုဘက်က ဒေါသတကြီး ပြေး‌လာသော လူငယ်လေးယောက်သည် သူတို့ကားနားရောက်တော့ ရပ်သွားသည်။
"ဟာ..ကိုငှက်ကြီးကွ နေကြဦး"
တစ်ယောက်က အော်ပြောလိုက်ရင်းမှ အတော်ဒေါသထွက်နေသော လူငယ်တစ်ယောက်ကို သူတို့အချင်းချင်း ဝိုင်းထိန်းလိုက်ကြသည်။
"ဘယ်လိုဖြစ်တာလဲ ကိုငှက်ရာ...ကံကောင်းလို့ပါ့"
ပထမဆုံး ကိုငှက်ကို မှတ်မိသူလူငယ်က ပြောရင်း လက်ကမ်းပေးသည်။ လက်စွဲနှုတ်ဆက်ကြရင်းမှ
"ဖြစ်ပြီးတာတွေ ထားလိုက်တော့ဗျာ၊ ကျွန်တော်တို့က ကိုငှက် ပရိသတ်တွေပါ၊ ဆိုင်တစ်ဆိုင်ဆိုင်သွားကြရအောင်ဗျာ၊ ကိုငှက်နဲ့ ရေရေလည်လည် စကားပြောချင်လို့ပါ"
"ကိုငှက် ဘယ်ဆိုင်သွားချင်လဲ"
"ရပါတယ် ဘယ်ဆိုင်ဖြစ်ဖြစ်၊ မိန်းကလေးတွေ သီချင်းမဆိုတဲ့ဆိုင်ဆို ရပါတယ်"
"အိုကေဗျာ"
ရန်ပွဲအသေးစားလေး ကြည့်ရတော့မည် ထင်နေကြသော ဘေးနားက လူတွေလည်း ရန်ပွဲအစား မိတ်ဆက်ပွဲကို တွေ့ရတော့ ရှဲသွားကြသည်။
ဆိုင်မှာ စားသောက်ပြီးကြတော့လည်း ထိုလူငယ်များမှပင် ရှင်းသွားကြပါသည်။
ကိုငှက်ကို မချစ်သောသူ ဘယ်သူမှမရှိ။
အနုပညာအားဖြင့် လူတွေ၏ ချစ်ခြင်းမေတ္တာကို သူ သိမ်းပိုက်ထားသည်။
***
ကိုငှက်ရဲ့ နာမည်ရင်းက ကျော်မြင့်လွင်။
အဘဦးထွန်းမြင့် အမိဒေါ်မြရင်၊ မွေးသက္ကရာဇ် ၁.၇.၁၉၆၃၊ ပုသိမ်မြို့ဇာတိ။
အဖေက ဗမာ အမေက မွန်၊ ရာဇဓိရာဇ်အရေးအရေးတော်ပုံကျမ်းကို အလွတ်နီးပါးရသူ။
ပုသိမ်ဒေသကောလိပ်မှာ တက်ရောက်ခဲ့ပြီး၊ မော်လမြိုင်တက္ကသိုလ်မှ ရုက္ခဗေဒ အထူးပြုဖြင့် ဘွဲ့ရသည်။
ငယ်စဉ်ကတည်း ဂီတဝါသနာပါ၍ ဂီတနှင့်ပတ်သက်၍ ရေဆုံးရေဖျားထိ ပြင်းပြင်းထန်ထန် လေ့လာသည်။ သူနှင့် ဂီတအနုပညာသည် ခွဲခြားမရ။
သူကိုယ်တိုင်သည်ပင် ဂီတအနုပညာ ဖြစ်နေသူ။
၁၉၈၆မှာ ကိုယ်ပိုင်သံစဉ်ခွေ နာရီပေါ်က မျက်ရည်စက်များ ထွက်လာတော့ တစ်နိုင်ငံလုံး အငိုက်မိရင်း သူ့ရဲ့အနုပညာအောက်မှာ နစ်မြုပ်ကုန်ကြသည်။
သူ့ရဲ့စိတ်ကလည်း ဂီတအနုပညာနှင့်ပတ်သက်လျှင် ‌အချိန်အခါတို့ နေရာတို့မရွေး။
တစ်ခါကလည်း ဆရာနီကိုရဲနှင့် မြို့ထဲသွားရင်း မုန့်ဟင်းခါး စားကြသည်။
မုန့်ဟင်းခါးစားရင်းမှ အသံတစ်သံကြားတော့ ကိုငှက်က ငြိမ်ကာ နားစိုက်ထောင်နေသည်။
ဆိုနေတာက လမ်းဘေးက။
ထီးပိတ်စနှင့်ဖုံး၍ စဉ့်အိုးလေးသုံးလုံးကို ဗုံလိုလုပ်ပြီး တီးနေသည်။
ဆိုနေသည့် သီချင်းက ပိုးအိစံ၏ မဏိစန္ဒာသီချင်း။
သီချင်းဆုံးသွားတော့ ကိုငှက်က ဝိုင်းကြည့်နေကြသော လူအုပ်ကြားထဲမှထွက်၍ ထိုလူနား သွားထိုင်သည်။ ထိုလူအား အသံဘယ်လိုချိန်လဲ ဘာညာ မေးစမ်းဟန်တူသည်။ ဟိုကလည်း ဗုံ‌ပိတ်စကို ဖြုတ်လိုက်တပ်လိုက်လုပ်၍ ပြသည်။
ကိုငှက်က အသံများကို စမ်းတီးကြည့်ပြီး ထိုလူအား ဒီအတိုင်းပဲတီး ဟုပြော၍ တီးပြသည်။
နှစ်ခါသုံးခါလောက် တီးတော့ ကိုငှက်ပြသည့်အတိုင်း လက်သံမှန်လာသည်။
ထိုအချိန်ကျမှ ကိုငှက်က သူလွယ်လာသော လွယ်အိတ်ထဲမှ ပုလွေလေးကို ထုတ်ပြီး ဗုံသံနဲ့ အင်မတန် လိုက်ဖက်သည့် တေးသွားတစ်မျိုးကိုမှုတ်သည်။
"ဟာ ထူးအိမ်သင်ဟေ့"
"ကိုငှက်ဟ.."
ဝိုင်းကြည့်နေကြသော လူအုပ်ကြီးက ပို၍များလာသည်။
ကိုငှက်ကတော့ ခေါင်းကိုမော့လျက် ပုလွေတေးသွားထဲမှာသာ နစ်မြုပ်လျက်ရှိသည်။
ဆယ်မိနစ်လောက်မှုတ်ပြီး ပုလွေကို ချလိုက်တော့ ပရိတ်သတ်က လက်ခုပ်တီးကြသည်။
"ကိုငှက်..နောက်တစ်ပုဒ် လုပ်ပါဦးဗျ"
"ကိုငှက်...နောက်တစ်ပုဒ်"
ကိုငှက်က ဘာမှမပြော။
ဗုံတီးသူကို ငွေတစ်ထောင် ထုတ်ပေးပြီး၊ ဆူညံနေသော ပရိတ်‌သတ်တွေကြားမှ အသာတိုးထွက်လာခဲ့ပါသည်။
***
ကိုငှက်လို့ ချစ်စနိုးခေါ်ကြသည့် ထူးအိမ်သင်၏ အမည် နောက်တစ်မျိုးမှာ သျှပ်မှူးကျော် ဖြစ်ပါသည်။ ဒါက ကဗျာရေးသောအချိန်က ကလောင်နာမည်။
လင်းထက်၊ ရဲသင်ရန် ဆိုသော ကလောင်အမည်အများလည်း ရှိသည်။
တစ်ခါက အင်္ဂလန်က ကဗျာဆရာမတစ်ယောက် မြန်မာပြည်သို့လာသည်။
မြန်မာကဗျာဆရာများနှင့် တွေ့ဆုံ၍ ကဗျာဝပ်ရှော့ပွဲများလုပ်ကြသည်။ ကဗျာရွတ်ကြ စာတမ်းဖတ်ကြ။
ထိုအထဲမှာ ကိုငှက်လည်းပါသည်။
အင်္ဂလန်ကဗျာဆရာမက ကိုငှက်ကို ကိုယ်ပိုင်သံစဉ်များ ရေးဖွဲ့သူ အဆိုတော်မှန်းလည်း သိသွားရာ သီချင်းတစ်ပုဒ်ဆိုပေးဖို့ တောင်းဆိုပါသည်။
ကိုငှက် အမေ့ရဲ့ဒုက္ခအိုးလေး သီချင်းကို ဆိုပြတော့ အင်္ဂလန်ကဗျာဆရာမ ကြွေသွားသည်။
"You are a great musician"
"No I am not a great musician, I am a poet"
အင်္ဂလန်ဆရာမက သိပ်တော်တဲ့ ဂီတအနုပညာသမားလို့ ချီးကျူးတာကို၊ ကိုငှက်က "မဟုတ်ဘူး ငါက ကဗျာဆရာ" ပါတဲ့။
ကဗျာကို ရေးခဲ့သလို ကဗျာတွေကိုလည်းချစ်သည်။ ထွက်သမျှ မဂ္ဂဇင်း၊ ကဗျာစာအုပ်များမှ ကဗျာများလည်း မလွတ်တမ်း ဖတ်ထားသည်။
တစ်ခါတော့လည်း ဆရာစောဝေနှင့်အတူ ကဗျာဆရာK ဇော်(မောင်သိန်းဇော်)၏ အခန်းသို့လိုက်၍ ကဗျာရွတ်သံကို ညလုံးပေါက် နားထောင်သည်။ခင်ဗျား မင်းသားရဲ့ ကဗျာရွတ်သံက ကျက်သရေရှိတာကိုဗျ လို့ ပြောပါသတဲ့။
ကဗျာတွေ စာတွေကို ချစ်သလို စာပေအနုပညာရှင်များကိုလည်း သူချစ်သည်။
ဆရာကြီးဒဂုန်တာရာနှင့် တွဲရိုက်ထားသော ကိုငှက်၏ ရို့ရို့ကျိုးကျိုးဟန်နှင့် ဓာတ်ပုံလေးကို တွေ့ဖူးကြပါလိမ့်မည်။
ဆရာကြီးပါရဂူကို အမှတ်မထင် ပြုစုလိုက်သော ဖြစ်ရပ်ကလေးလည်း ရှိပါသေးသည်။
ဒီတုန်းက ဆရာနေမျိုးဆေး၏ မင်္ဂလာဧည့်ခံပွဲမှာ ဆရာ‌စောဝေနဲ့..။
‌သတို့သားနေမျိုးဆေးက ဧည့်ခံပွဲမှာ သောက်စရာ စီစဉ်မထားတော့ ဟိုတယ်ဘားကို နှစ်ယောက်သား ချီတက်ကြရသည်။
"ဟေ့လူ ကဗျာဆရာ၊ ဆရာပါ သောက်တတ်သလားဗျ"
ကိုငှက်က ဆရာစောဝေကို ကဗျာဆရာဟုသာ အမြဲတမ်း ခေါ်ပါသည်။
"ဆေးဖြစ်ဝါးဖြစ် ဝီစကီတစ်ပက်နှစ်ပက်လောက်တော့ သောက်ပါတယ်"
"ဒါဆို ဆရာပါ့အတွက် ဝယ်သွားရအောင်၊ ဆရာပါရဂူကို ခေါ်ပြီးပြုစုဖို့ မလွယ်ဘူးဗျ တိုက်ဆိုင်တုန်း ပြုစုရတာ"
ဒါနဲ့ ကုတ်နှစ်ဘူးဝယ် ဝီစကီနှင့် ထည့်စပ်သည်။
ပိုက်ဆံရှင်းတော့ ပြဿနာတက်လိုက်သေးသည်။ ကျသင့်ငွေက နှစ်ယောက်ပါသောငွေ ပေါင်းလိုက်လို့ပင် မပြည့် ဖြစ်နေသည်။
ဒါကို ရိပ်မိတဲ့ ကောင်တာစာရေးလေးက
"ကိုထူးအိမ်သင် ကျွန်တော်က အကို့ပရိတ်သတ်ပါ၊ ပါတာပဲ ပေးထားခဲ့ပါ ကျန်တာတော့ နောက်မှပေါ့"
"ကျေးဇူးတင်ပါတယ်ဗျာ ဒါပေမဲ့ ထူးအိမ်သင်ဆိုတဲ့ နာမည်ကိုတော့ အရက်နဲ့ လဲမသောက်ပါရစေနဲ့၊ ကားသော့ယူထားလိုက်ပါ"
"ဟာ ကိုငှက် ကားသော့တော့ မထားခဲ့ပါနဲ့၊ ကျွန်တော့်ဟန်းဖုံး ထားခဲ့လိုက်မယ် ပြီးမှ ကားထဲက ပိုက်ဆံယူပြီး ရှင်းလိုက်ပါ့မယ်"
ဒါနဲ့ပဲ ဝီစကီထည့်ထားတဲ့ ကုတ်နှစ်ဘူးကိုယူလို့ ဆရာသုခမိန်လှိုင်နှင့် ဆရာပါရဂူတို့ရှေ့မှာ တရိုတသေ သွားချသည်။
"ဆရာ ဒါကုတ်ကော့တေးပါ သောက်ပါဦး ဆရာ"
ပြီးတော့ ဆရာပါတို့ သောက်တာစားတာ ပြောတာကိုပဲ ရယ်ကာမောကာ နားထောင်လို့။
***
ကိုငှက်ရဲ့ သီချင်းတွေနဲ့ ပတ်သက်လို့တော့ ကျွန်တော်တို့ အများကြီး ထပ်ပြောစရာ မရှိပါ။
နာရီပေါ်က မျက်ရည်စက်များ သူပန်ထားတဲ့ ပန်းနီနီမှသည် ဂျပ်စင်ထက်က လရိပ်ပြာ။
ရာဇဝင်များရဲ့ သတို့သမီးမှသည် မဟာဝီရ အိုဗုဒ္ဓ..။
ကိုငှက် ထွက်ရှိခဲ့သော တကိုယ်တော်အခွေပေါင်း ၁၅ခွေ ရှိပါသည်။
၁။ နာရီပေါ်က မျက်ရည်စက်များ ၁၉၈၇
၂ ။ မှော်ဆရာအိပ်မက် ၁၉၈၈ (Feb)
၃။ သက်ငြိမ် ၁၉၈၉ (Oct)
၄။ အတ္တပုံဆောင်ခဲများ ၁၉⁠၉၁ (Jan)
၅။ အကြင်နာအိပ်မက် ၁၉⁠၉၁ (Jun)
၆။ အရင်အတိုင်း ၁၉⁠၉၁ (Dec)
၇။ စကားလုံးမရှိတဲ့ ကောင်းကင် ၁၉⁠၉၅ (Feb)
၈။ ထူးအိမ်သင် (Unplugged Live)
၉။ မြို့ပြလရောင်တမ်းချင်း ၁၉⁠၉၆ (Oct)
၁၀။ ဝင်ရိုးစွန်းမီး ၁၉⁠၉၇ (Feb)
၁၁။ အမေ (သို့) အကြွင်းမဲ့ မေတ္တာတော်သီချင်း ၁၉⁠၉၇ (May)
၁၂။ အမှတ်တရ ဒဏ်ရာသီချင်းများ ၁၉⁠၉၉ (Jun)
၁၃။ အစိမ်းရောင် ရက်စွဲများ ၂၀⁠၀၁ (Nov)
၁၄။ တစ်နေ့စာအလွဲများ ၂၀⁠၀၃ (Oct)
၁၅။ ချစ်ခြင်းအားဖြင့် ၂၀⁠၀၅ (Aug)
ကျွန်တော်တို့ နောက်ဆုံး နားထောင်လိုက်ရသည်က ချစ်ခြင်းအားဖြင့်။
ကိုငှက် ကွယ်လွန်ပြီးမှ ထွက်ရှိပါသည်။
ချစ်သမီးလေး မိကွန်ထောကို ပွေ့ချီထားသည့် ပုံရိပ်နှင့်။
ဖခင်မေတ္တာကို ကြည်ကြည်နူးနူး ခံစားရပါသော တုနှိုင်းမဲ့ရတနာ သီချင်းလေးနှင့်။
နောက်ဆုံးပုံရိပ်...။
***
၂၀၀၄၊ သြဂုတ် ၁၄ ရက်...။
မြန်မာပြည်မှာ မရှိဖူးတဲ့ သီချင်းသံတွေနဲ့ နာရေးခရီး။
သီချင်းသံတွေ ထစ်ခြုန်းလို့၊ လူတွေရဲ့ ရင်ဘတ်ထဲမှာ ဝမ်းနည်းခြင်းတွေ ပြည့်လို့၊ ကောင်းကင်ကြီးက ငိုချတော့မယ့် မျက်နှာမျိုးနဲ့ အုံ့လို့ မှိုင်းလို့...။
ထားသွားခဲ့ပြီ...။
လရောင်ငှက်ကလေးက မိုးကောင်းကင်ထဲမှာ လွတ်လပ်စွာ ပျံဝဲရင်း တေးသီနေပေလိမ့်မလား..။
သူရဲ့နောက်ဆုံးခရီးကို လိုက်ပို့ကြပြီး အပြန်လမ်းမှာတော့ လူတွေ၏ နူတ်ဖျားမှ တစ်ပုဒ်တည်းသော သီချင်းကိုသာ ဆွေးဆွေးမြည့်မြည့် ငြီးဆိုလာကြပါသည်။
ဝေးသွားတဲ့အခါ တဲ့..။
ဝေးသွားတဲ့အခါ နှလုံးသားမှာ
အမြဲတမ်း သတိရနော်
ကြင်နာခဲ့ဖူးတဲ့အချိန်များ
ပြန်လည်ကာ ရယူဖို့ရာ
မဖြစ်နိုင်တော့တဲ့အခါ..။
လရောင်ငှက်ကလေး အဝေးပျံသွားတဲ့အခါ..
ကျွန်တော်တို့အားလုံး လွမ်းမောတသ ကျန်ရစ်ခဲ့ကြပါသည်။
*****
ကိုးကားစာအုပ်များ
၁။ စောဝေ၊ ဂီတအတွက် မမေ့မလျော့လမ်းကလေး
၂။ သိမ်းတင်သား၊ အရှင်လတ်လတ် တွေ့ဖူးခဲ့သူများ
၃။ သိမ်းတင်သား၊ သဗ္ဗရနံ
၄။ သိမ်းတင်သား၊ ချစ်စံအိမ်နဲ့ ဝေးသွားတဲ့အခါ
၅။ အစိမ်းရင့်ရောင်ရက်စွဲများ
၆။ မင်းချမ်းမွန်၊ ထောင်ဝင်စာရုပ်ပုံလွှာ ရသအက်ဆေးများ။
၇။ Wikipedia
Credit.Nay Nyein Chan

09/09/2022

ဓာတ်ဆီကား နဲ့ ဂတ်စ်ကား အရုန်းအဆွဲ ကွာခြားရခြင်း အဓိက အကြောင်းအရင်း

ဓာတ်ဆီကားတွေက အထအကြွအလွန်ကောင်းတယ်။ လီဘာတချက်နင်းတာနဲ့ ၅ စက္ကန့်အတွင်း ကီလို ၆၀ လောက်ထိ ရောက်သွားတယ်။ အင်ဂျင်ပါဝါကြီးရင်း ပိုပြီး အရုန်းအထ ပိုကောင်းတယ်။ ဂတ်စ်ကားတွေကတော့ အဲ့လိုမဟုတ်ဘူး။ အရုန်းအဆွဲပိုင်းမှာ ဓာတ်တီကားတွေလို မဟုတ်ဘူး။ အရုန်းအဆွဲထိုင်းတယ်။ ကုန်းတက်တွေမှာ ဝိတ်ပါရင် အထက်ဂီယာတွေမှာ မီးသံခေါက်ချင်တယ်။ ဘာကြောင့်လဲ မပြောချင်မှာ ဂတ်စ်ကားအကြောင်း အနည်းငယ်မိတ်ဆက်ပေးပါ့မယ်ခင်ဗျ။ ဂတ်စ်ကို ကျွန်တော်တို့ နားလည်ထားတာက CNG (compressed natural gas) ဖြစ်ပါတယ်။ ၎င်းက ဓာတုဗေဒ သဘောတရား အရဆိုရင် မီသိန်း (methane -CH4) အပေါ်မှာ အခြေခံပါတယ်။ molar mass တို့ boiling point စတဲ့ cemical property တွေ ဒီနေရာမှာ အကျယ်မချဲ့တော့ပါဘူး။ CNG သည် LPG လို အရည်မဟုတ်ပါဘူး။ အချိန်တိုင်းအငွေ့ဖြစ်ပါတယ်။ flash poing နိမ့်တဲ့ အတွက် မီးလောင်နိုင်တယ်။ ဒါကြောင့် ဂတ်စ်ဆိုင်တွေမှာ ဆေးလိပ်မသောက်ရ စသဖြင့် တားမြင့်ထားတာရှိတယ်။ CNG သည် ဓာတ်ဆီထက် အိပ်ဇောထုတ်လွှတ်မှု ကာဗွန်ဒိုင်အောက်ဆိုဒ် CO2 သည် 20% လောက်ပိုနည်းပါတယ်။ သို့ပေမဲ့ နိုက်ထရိုဂျင်အောက်ဆိုဒ် NO2 ကတော့ 30% လောက်ပိုထွက်ပါတယ်။ ဒါ့ကြောင့် ကျောက်ဇကာ သုံးဖို့လိုပါတယ်။ CNG ကို ဖိအားမြင့် ဆလင်ဒါထဲမှာ ပရက်တစ်ခုခုပေးပြီး သိုလောင်ထားရပါတယ်။ CNG မှာပါဝင်သော ေအာက်တိန်းနံဘာသည် 113 ဖြစ်ပါတယ်။ CNG သုံးထားတဲ့ 1.5L အင်ဂျင်နဲ့ အလားတူ ဓာတ်ဆီ 1.5 အင်ဂျင်သုံးထားတဲ့ ကား ၂ စီး နှိုင်းယှဥ်ပါက CNG ၄ဂါလံ ကုန်တယ်ဆိုရင် ၍ ဓာတ်တီကားမှာ ၁ဂါလံခွဲသာ ကုန်ပါတယ်။ သို့ပေမဲ့ ပါဝါရရှိမှုပိုင်းမှာတော့ ဓာတ်ဆီကားတွေက ပါဝါ ၄ပုံပုံ ၁ပုံ ပိုရတာမျိုးရှိပါတယ်။ အရုန်းအဆွဲမှာလဲ ဓာတ်ဆီကားတွေက လိမ်အား (torque) ပိုသာတာကို တွေ့ရှိရပါတယ်။ ဂတ်ကားတွေ အပျက်မြန်တယ်ဆိုတာ တကယ်တော့ မဟုတ်ပါဘူး။ တချို့ ဓာတ်ဆီကားကို ဂတ်ဖောက်လို့ ဘာဖြစ်တယ် ၊ ညာဖြစ်တယ်။ အင်ဂျင်မြန်မြန်ချရတယ်လို့ပြောကြတယ်။ ဒါဆို ဓာတ်ဆီကားတွေကော မပျက်ဘူးလား။ မေးစရာရှိတယ်။ အဲ့လိုမဟုတ်ပါဘူး။ ဂတ်ကားတွေရဲ့ အားနည်းချက်က ဂတ်အိုးဆောင်ရတာ ၊ ဂတ်အလွယ်တကူမရတာ ၊ ဂတ်ကို အလွယ်တကူပြန်ထုတ်ရောင်းလို့မရတာ ၊ အင်ဂျင်ပါဝါလုံလောက်စွာ မထုတ်ပေးနိုင်တာ ၊ hydrotesting (ဂတ်ငွေ့ရိုက်တာ) စတာတေ​ွ ကြုံရပါတယ်။ ဂတ်ဖောက်ထားတဲ့ ကားတေ​ွ Taxi စျေးကွက်ကလွဲလို့ တခြားသုံးလို့ အဆင်မပြေတာမျိုးတွေရှိပါတယ်။ ဂတ်ကားတွေရဲ့ ရည်ရွယ်ချက်က ဆီစျေးနှုန်းကို ရှော့ချချင်တာဖြစ်ပါတယ်။ ကျန်တဲ့ ကိစ္စတွေမှာတော့ ဂတ်စ်ကားတွေက ထူးပြီး အားသာတာတော့ မရှိပါဘူး။

#ဝပ်ရှော့ဆရာညီအကိုတွေ အားတဲ့အချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်3အုပ်၀ယ်ယူနိင်ပါတယ်ခင်ဗျာ
♦️စက္ကူဈေးတွေ2ဆထိတက်နေပေမယ့်လည်းစာအုပ်ဈေးမတက်ဘဲမူရင်းဈေးအတိုင်းရောင်းပေးနေပါတယ်ခင်ဗျာ♦️

#အော်တိုဂီယာ ဗားဘော်ဒီစာအုပ်
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398

& ECUစာအုပ်
https://www.facebook.com/127119418075398/posts/1109230133197650/

#စက်ပြင်ဆရာလက်စွဲစာအုပ်
https://www.facebook.com/127119418075398/posts/1074605609993436/

မြန်မာလိုစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်📞09796756476
📞09784710458 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ

🙏❤️ထမင်းရှင်စက်ဆရာများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏🏿❤️

🛠 အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ 💁‍♂️👇
https://t.me/automechanicsbook14 (ချန်နယ်)
https://t.me/+X2wga8MUZlw4M2Vl (ဂရု)

09/09/2022

Toyota Probox /Succeed အကြောင်း

ခိုင်းမှာဆို Probox သာဝယ်
ယနေ့ တော်တော်များများ ပြောကြသော
ကားလောက အသံများ။
ပရိုဘောက်က ဘာကြောင့် စွတ်ခိုင်းလို့
ကောင်းနေရတာတုန်း, အများစု Probox ကို ရွေးဝယ်နေကြတာလဲ စသဖြင့် လေ့လာမိပါတော့တယ်။
အများစု အသိထပ်နေကြတာက Probox နဲ့ succeed အတူတူ ပဲ လို့ ထင်မြင်နေကြတာပါ။
ရုပ်ချင်း ဆင်တယ်ဆိုရင် ပိုမှန်မလား , အတွင်းပစ္စည်းကျတော့ရော တူနေပြန်ရော ,
ဒါပေမဲ့ နောက်မီးခွက် ကျတော့ ကွဲပြန်ရော ,
အဲ ရှေ့ မီးခွက်ကျ တူပြန်ရော။
ဘာတွေ မှန်းမသိ တော့ဘူး မောင်းကောင်းရင် ပြီးရော ကွာဆိုပြီး အလွယ်သာရွေးလိုက်ရပါလေရော။

Probox

First generation လို့ ခေါ်တဲ့ ပရိုဘောက်ကို ၂၀၀၂ မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။
Commercial compact car အမျိုးအစား
တံခါး ၅ ပေါက် နဲ့ ရှေ့ယက် သို့ 4WD နှစ်မျိုး
ထုတ်ပါတယ်။အင်ဂျင်ကတော့ ၂ မျိုးထုတ်ပါတယ် 1.3 L နဲ့ 1.5 L တွေပါ။

1.3 L 2NZ-FE I4
1.5 L 1NZ-FE I4 တွေတပ်ဆင် ထုတ်လုပ်ပါတယ်။
1.3 L အင်ဂျင်တပ် ပရိုဘောက်မှာ
chassis အနေနဲ့ UA-NCP50 လို့ ထွက်ပြီး
1.5 L အင်ဂျင်တပ်ရင်တော့ UA-NCP58G / NCP55 / NCP51လို့ ထွက်ပါတယ်
( 4WD ဆိုရင် NCP59G )။

ဘာဂရိတ်မှ မဖေါ်ပြတဲ့ ကတုံး ဆိုရင်တော့
NCP50 နဲ့ ထွက်လေ့ရှိပြီး မှန်လက်လှည့်/ မှန်ချိုး မပါ/ ဘက်မှန်အသေး နဲ့ လာလေ့ရှိပါတယ်
( DX လို့လည်းတပ်တတ်ပါတယ်)။

DX grade အမှန်အကန် ဆိုရင်တော့
ဒရိုင်ဘာ မှန်တစ်ပေါက် ပါဝါ ဖြစ်သွားမယ်,
မှန်ချိန် ပါလာမယ်,
ဘက်မှန်အကြီး ဖြစ်လာမယ်,
radio FM ပါပါတယ်။

GL grade ကတော့
ရှေ့တံခါး ၂ ပေါက် ပါဝါ ဖြစ်သွားမယ်,
မှန်ချိုး မှန်ခေါက် ခလုပ်လေး ပါလာမယ်,
နောက်wiper ပါလာမယ်,
ကျန်တာကတော့ DX နဲ့ အားလုံးတူပါတယ်။

F grade မှာတော့ 1.3 အနေနဲ့ မလာတော့ပဲ
၁.၅ သာလာတာတွေ့ရပါတယ်။
မန်နူရယ် ဂီယာ ၅ ချက်နဲ့လည်း ထုတ်သလို
ကတုံးလည်း ထွက်ပါတယ်။
မှန်းရအခက်ဆုံး ဂရိတ် လို့တောင် ပြောချင်ပါတယ်။

F extra package မှာတော့
GL နဲ့ ဆင်တူ ပါတယ် ထူးခြားတာကတော့
နောက်ထိုင်ခုံ ခေါင်းမှီ ပါလာတာပါ။
F extra မှာ တံခါး ၄ ပေါက် ပါဝါနဲ့လည်း လာပါတယ်။

Succeed

Succeed မှာတော့ Probox ကို အဆင့်မြှင့်ထားတဲ့ လူစီး wagon အမျိုးအစား ဖြစ်သွားပါပြီ။ နောက်ဖုံးတံခါး , ရှေ့မီးခွက် , နောက်မီးခွက် နဲ့ အတွင်း ထိုင်ခုံတွေ မတူပါဘူး။

UL, ULX , TX, TXG ဆိုပြီး ဂရိတ် ၄ မျိုး လောက်တွေ့ရလေ့ရှိပြီး
chassis ကတော့ Probox နဲ့ သွားတူနေပါတယ်။ Succeed မှာကတော့
အင်ဂျင်ပါဝါ 1.5L 1NZ-FE I4 ဟာ
standard ပါပဲ( တခြား အင်ဂျင်မတပ်ပါ)။

UL ဂရိတ်မှာ က
အကွဲ ၂ မျိုးလောက်တွေ့ရပါတယ်။
ရှေ့ပါဝါ ၂ ပေါက် , မှန်ချိန် နဲ့ လာသလို ,
လက်လှည့်နဲ့လည်း လာပါတယ်။

ULX ကတော့
ရှေ့ပါဝါ ၂ ပေါက် သို့ ၄ ပေါက် ပါပြီး
ကျန်တာကတော့ အားလုံး နီးပါးပါဝင်ပါတယ်။

TX grade ကတော့
ပါဝါ ၂ ပေါက် နဲ့ ထူးခြားချက် အဖြစ် မှန်ချိုး
မပါဝင်ပါဘူး။

TXG ကတော့
အစုံဆုံး ဂရိတ်လို့သာ သတ်မှတ်ရမှာပါ။
ပါဝါ ၂ ပေါက် / ၄ ပေါက် , မှန်ချိုး, မှန်ချိန်, Alloy , back mirror heater စသဖြင့် တော်တော်စုံပါတယ်။

Succeed တိုင်း ရဲ့ ထူးခြားချက်
အနေနဲ့ကတော့
နောက်တုတ် ဂရိတ်တိုင်းမှာပါသလို /
ပါဝါ တစ်ပေါက် မရှိပါဘူး
( လက်လှည့် သို့ ၂ ပေါက် သို့ ၄ ပေါက်)။

Succeed မှာ ဒီဇယ် အင်ဂျင်တပ်
အမျိုးအစားလည်းထုတ်ပါတယ်

1.4L 1ND-TV I4 D4-D ဒီဇယ်အင်ဂျင်ကို
မန်နူရယ် ဂီယာ ၅ ချက်နဲ့ တွဲလာပါတယ်။
Probox ရဲ့ ဆီစားနှုန်း ကလည်း သက်သာလှပါတယ်။ ယနေ့ ရန်ကုန်မြို့လို့ ယာဉ်ကြောကျပ်တည်းတဲ့ နေရာမှာ Probox ရဲ့ ဆီစားနှုန်းဟာ တခြားသော ကားအမျိုးအစားတွေထက် သာလွန် သက်သာနေပါတယ်။

အောက်မှာ ပျှမ်းမျှ ဆီစားနှုန်းလေးတွေ
ယှဉ်ပြထားပါတယ်,

Probox 41.8 mpg
ADvan 39.9 mpg
Passo 44.8 mpg
Note 48.8 mpg
Fielder 42.8 mpg
Fit GD1 51.4 mpg
Fit GE6 52.3 mpg
Fit GP1 64.0 mpg ( hybrid)
Insight 64.2 mpg ( hybrid)

• 2014 July မှာတော့
ပုံပြောင်း Probox နဲ့ Succeed ကို စတင်ရောင်းချ ခဲ့ပါတယ်။ လက်ရှိ ဂျပန်မှာ ရောင်းချနေတဲ့ မော်ဒယ် ဖြစ်ပါတယ်။
F, GL, DX comfort , DX ဆိုပြီး ရောင်းချလျှက်ရှိပါတယ်,
chassis အနေနဲ့ကတော
့ NCP50 / 51/55/58/59 စသဖြင့် သုံးစွဲနေပါသေးတယ်။

F grade မှာ ကတော့
ပါဝါ ၄ ပေါက် , နောက်ထိုင်ခုံ ခေါင်းမှီ, စီယာရင် logo နီကယ်, ဘီးဖုံး , တံခါးလက်ကိုင် ကားအရောင်တူ, ဘက်မှန် ကားအရောင်တူ,
မှန်မည်း, remote key နဲ့ audio-less cover
တွေ ပါဝင်မှာပါ။

GL မှာတော့
ဘီးဖုံး မပါတော့ပါဘူး, ပါဝါ ရှေ့တံခါး ၂ ပေါက်ပဲ ပါမယ်, FM radio ပါလာမယ်, နောက်ခေါင်းမှီ
မပါတော့ဘူး, စီယာရင် logo ကတော့ နီကယ်
မပါတော့ပါဘူး။ ကျန်တာ အားလုံးကတော့
F grade အတိုင်းပါပဲ။

DX comfort မှာတော့
သံဂွေဘီးဖုံးမပါ, လက်ကိုင် နဲ့ နောက်တံခါး လက်ကိုင်, စီယာရင် လိုဂို အားလုံး အမည်းရောင် , ဘက်မှန် အမည်းရောင် ( အသေး) ဖြစ်သွားပြီး GL နဲ့ ကျန်တာ အားလုံးတူပါတယ်။
DX ကတော့ အနိမ့်ဆုံး ဂရိတ် ပါဝါ တစ်ပေါက် , ရိုးရိုးကီး , နဲ့ မှန်ချိုး မပါတော့ပါဘူး။

Dashboard မှာ
slide table, ABS , driver cup holder
စတာတွေကတော့ ကားအားလုံးမှာပါဝင်ပါတယ်။
1.3L နဲ့ 1.5L အင်ဂျင် ၂ မျိုး ကို
super CVT-i transmission
တပ်ဆင်ထုတ်လုပ်ပါတယ်။ 1.5L အင်ဂျင်မှာသာ 4WD model ကိုရနိုင်ပါတယ်။

ဆီစားနှုန်းကတော့
F & GL ( 1.5L, 2WD) - 18.2 km/L
F & GL ( 1.5L,4WD) - 15.8 km/L
DX ( 1.3L, 2WD) - 17.6 km/L
အသီးသီးရှိတယ်လို့ တိုယိုတာ ဂျပန် မှာ
ပြောထားပါတယ်။

Succeed အနေနဲ့ ထူးခြားသွားတာကတော့
ပုံပြောင်းချိန်မှာ လုံးဝ ပုံစံတူသွားတာပါပဲ။
ဂရိတ်လည်း ၄ မျိုး အတူတူ ထွက်ပါတယ်
TX, UL-X, UL နဲ့ U ပါ။
U = DX , UL= DX comfort, UL-X=GL, TX= F လို့ သတ်မှတ်လို့ ရပါတယ်။
တစ်ခုပါပဲ Succeed မှာ
1.5 L အင်ဂျင်နဲ့သာ ထုတ်ပါတယ်။
အရောင်အနေနဲ့ ၆ ရောင်ထိ ရရှိနိုင်ပြီး
အဖြူ 058, အနက် 209, အစိမ်းနု 6U6 , ငွေမှင် 1E7, ဇီး 3R9 နဲ့ နက်ပြာ 8P4 တို့ ဖြစ်ပါတယ်

Credit original upload

#ကားအကြောင်း

Address

325, Kawliya Road, 13 QTR, South Okkalapa
Yangon
11091

Alerts

Be the first to know and let us send you an email when Join Us Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category