12/03/2026
"Optical Fiber Media Converter" ဆိုတာဘာလဲ
ကျွန်တော် တို့ နေ့ စဉ် ထိတွေ့နေရတဲ့
CCTV နဲ့ Network Systems တွေ မှာ မရှိ မဖြစ်နဲ့ မေ့ထား လို့ မရတဲ့ Device တစ်ခု ၊ နည်း ပညာ တစ်ခုကိုပြပါဆိုရင် ကျွန်တော့်အနေနဲ့ Optical Fiber Media Converter ကို ပြမိမှာ ပါ ပဲ ။
စံနှုန်း သတ်မှတ်ချက်နဲ့ ကန့်သတ်မှုတွေကို ကျော်ဖြတ်ဖြေရှင်းဖို့ Media Converter လေးက အတော် ကို အသုံးဝင် လှ ပါတယ်။
🤔Optical Fiber Media Converter ဆိုတာဘာလည်း ?
🔒ဘယ်လို အလုပ်လုပ်တာလည်း ?
Optical Fiber Media Converter ဆိုတာက Ethernet (Copper Cable) နဲ့ Fiber Optic Cable တို့ကို တစ်ခုနဲ့တစ်ခု ဆက်သွယ်နိုင်အောင် signal type ပြောင်းပေးတဲ့ network device တစ်ခု ဖြစ်ပါတယ်။
Ethernet cable ကနေ လာတဲ့ electrical signal ကို optical signal အဖြစ် ပြောင်းပေးပြီး Fiber cable ကနေ data ကို long distance ပို့နိုင်အောင် လုပ်ပေးပါတယ်။
⚙️ Media Converter အလုပ်လုပ်ပုံ
Media Converter တစ်လုံးရဲ့ အလုပ်လုပ်ပုံကို အဆင့်လိုက်ကြည့်မယ်ဆိုရင် —
1️⃣ PC / Switch / Router ကနေ Ethernet cable (RJ45) ဖြင့် data signal ထွက်လာပါတယ်။
2️⃣ အဲဒီ signal ကို Media Converter က လက်ခံပြီး
Electrical Signal ကို Optical Signal အဖြစ် ပြောင်းပေးပါတယ်။
3️⃣ ပြောင်းထားတဲ့ Optical signal ကို Fiber Optic Cable ကနေတဆင့် long Distanceရအောင် ပို့ ဆောင် ပေး ပါတယ်။
4️⃣ Destination ဘက်မှာရှိတဲ့ Media Converter က Optical Signal ကို Electrical Signal ပြန်ပြောင်းပေးပါတယ်။
5️⃣ ပြန်ပြောင်းထားတဲ့ data ကို Switch / Router / Computer ဆီ ပြန်ပို့ပေးပါတယ်။
👉 အတိုချုပ် ပြီး ပြော ပြ ရရင်
Copper Ethernet Network ကို Fiber Network နဲ့ ချိတ်ဆက်ပေးပြီး အကွာအဝေး များများ ရအောင် ပြောင်းပေး တဲ့ device ဖြစ်ပါတယ်။
📍Media Converter မှာ ပါဝင်တဲ့ Ports အနေနဲ့က
Media Converter တစ်လုံးမှာ ပုံမှန်အားဖြင့်
1.RJ45 Port – Ethernet Cable ချိတ်ရန်
2.Fiber Port (SC / LC) – Fiber Cable ချိတ်ရန်
3.Power Port – Power supply
4.LED Indicators – Power / Link / Activity Status
စတာတွေ ပါ ဝင်ပြီး အချို့ Media Converter တွေ မှာ ကတော့ Optical ကို သီး သန့် Convert လုပ်ပေးမယ့် SFP Module တွေကို သုံး ရတက်ပါတယ်။
🙇SFP Module တွေ သုံးမယ်ဆိုရင် Data Transmit လုပ်လို့ ရတဲ့ အကွာ အဝေးဟာ
Module အပေါ်မှာ ပဲ မူတည်သွား ပါတယ်။
(Module တွေ အကြောင်းကတော့ နောက်ပို့တွေမှာ ပြောပြပေးပါ့မယ်။)
🌐 Media Converter ကို အများအား ဖြင့် CCTV နဲ့ Network ပိုင်းနဲ့ ပတ်သတ်လာ ရင် အမဒီနေရာတွေမှာ အသုံးပြုကြပါတယ်
🏢 Office Building Network
🏫 Campus / University Network
🌐 ISP Internet Distribution
🏭 Industrial Network
🏬 Building to Building Connection
အထူးသဖြင့် Long Distance Network Connection တွေအတွက် အသုံးများပါတယ်။
🚀 Media Converter အသုံးပြုရတဲ့ အကျိုးကျေးဇူး
✔ Network distance ကန့်သတ်ချက် ကို kilometersများ စွာ အထိ တိုးချဲ့နိုင်တယ်
✔ Fiber optic cable ကြောင့် High speed နဲ့ More stability ကောင်းလာမယ်
✔ Electrical interference ဖြစ်တာမျိုးမရှိဘူး
✔ Network reliability ကောင်းလာမယ်
Ethernet cable က 100 meters ထိသာ အလုပ်လုပ်နိုင်ပေမယ့်
Fiber optic cable က 2km / 10km / 20km အထိ data ပို့နိုင်ပါတယ်။
Network design မှာ distance 100m ကျော်သွားတဲ့အခါ Ethernet cable မသုံးတော့ပဲ Fiber + Media Converter ကို အသုံးပြုကြပါတယ်။
📍အချို့နေရာတွေမှာတော့ Fiber Module ကိုလည်း အသုံး ပြုကြပါတယ်။
ဒါကြောင့် Media Converter က
modern network infrastructure မှာ အရေးကြီးတဲ့ device တစ်ခု ဖြစ်ပြီး Long Distance IT Solutions တွေ မှာ မေ့ထား လို့ မရတဲ့ Solutions တစ်ခုဖြစ်ပါတယ်။
☎️09-775-880-854
Converter