Ants' World

Ants' World ကွန်ပျူတာနှင့်ပတ်သက်သော အခက်အခဲများကို ဖြေရှင်းနိုင်ရန် Ants' World ကိုဆက်သွယ်နိုင်ပါပြီ

13/01/2026

ကိုယ့် PC အတွက် Upgrade လေးတွေလုပ်ဖို့လိုက်ရှာတာ Case တွေတခုမှမျက်လုံးထဲမရောက်ဘူး

(PC Case တွေကို ဝယ်ရင်အရင်ဆုံးကြည့်ရမှာ Airflow နဲ့ Visual ပဲ part compatible က ပြန်ညှိလို့ရတယ်)

မင်းဟာမင်းဘယ်လိုဆန်းဆန်း airflow မကောင်းလို့ heat တက်နေရင် သုံးစားမရသလို airflow ဘယ်လိုကောင်းကောင်း ပုံတုံးနေရင်လဲ အထဲမှာ ဂေါ်ဇီလာပဲထည့်ထားထည့်ထား စိတ်မဝင်စားဘူး

အဖန်တရာတေနေတဲ့ Concept တွေနဲ့ကြီးပဲ market ထဲ ဖောဖောသီသီ သုံးနေတာတွေ့ရတယ်

ဒီရက်ပိုင်းထဲ မွှေနှောက်ရှာတော့မှ Phanteks က Case တွေက innvovative မရပ်တန့်သွားတာတွေ့ရတယ် (အရင်ကတည်းကပါ အခုမှ ထကောင်းနေတာမျိုးမဟုတ်ပါဘူး)

အစက Evolv S2 and X2 လေးကို မြင်လိုက်တာနဲ့ မျက်လုံးထဲ catchy ဖြစ်လွန်းလို့ သတိထားမိတယ် အခုထိလဲ သူ့လိုတလုံးမှ လိုက်မထုတ်ခဲ့ဘူး

ဒီနှစ်အစ (ပြီးခဲ့တဲ့ရက်ပိုင်းကမှ) Tech Blog တွေမှာ မြင်လာရတာ ဒီကောင်ပဲ

phanteks EXO 626 တဲ့

မြင်လိုက်တာနဲ့ WTF ဆိုပြီးဖြစ်သွားရတဲ့အထိပဲ
အစထဲက ဘလင်းဘလင်း နတ်စင်တွေမကြိုက်တဲ့ကိုယ့်အတွက် ဘာကြီးလဲဟဆိုပြီးဖြစ်သွားပြီး review တွေလိုက်ဖတ်မိတော့တာပဲ

Board ဆို ATX ပဲကြိုက်တတ်တဲ့ကိုယ့်အတွက် ok တယ်
i9 သုံးဖို့ liquid 360mm လဲရတယ်
GPU ကိုလဲ အမြင်မရိုင်းအောင် Cover တပ်ပေးထားသေးတယ်
ကြိုးအရူးတွေအတွက်လဲ အပျောက်
(p.s လူတိုင်းတခုမဟုတ်တခုရူးပါတယ် စော်ကားတာမျိုးမဟုတ်ပါ)
psu ကိုလဲ sfx မလိုပဲ အရင်လို atx လေးတွေပြန်သုံးလို့ရမယ်ဆိုတော့ budget ထပ်မကုန်ဘူး

စိတ်ပူတာက gpu cover ပဲ ဒီပုံစံအတိုင်းထားရင် လေက ဘေးကိုထွက်တာကြောင့် အထဲမှာ heat တက်မှာကိုပဲ။
ဘယ်လိုဖြစ်မလဲတော့ စမ်းကြည့်မှသိရမှာပါ

နှစ်ကုန်ပိုင်းထွက်မယ်ပြောပါတယ်
ဒီကောင်လေးထွက်ရင် ဝယ်ကိုသုံးဦးမယ် 😁😁

စာလေးဖတ်ပေးလို့ကျေးဇူးပါ
တခြား Case လေးတွေနဲ့ ကိုယ့်ရဲ့ personal အမြင်လေးတွေ ဝင်ဆွေးနွေးပေးပါဦးဗျ

Monitor ဆို ကာလာမှန်တဲ့ Dell ကိုမှ ကြိုက်တတ်သူတွေအတွက် စျေးနှုန်းသင့် 22 လက်မ Dell Monitor လေးတွေ ရောက်ထားပါတယ်။🖥🖥🖥 Dell...
24/02/2023

Monitor ဆို ကာလာမှန်တဲ့ Dell ကိုမှ ကြိုက်တတ်သူတွေအတွက် စျေးနှုန်းသင့် 22 လက်မ Dell Monitor လေးတွေ ရောက်ထားပါတယ်။

🖥🖥🖥 Dell E2216H

🌟 Resolution အနေနဲ့က 1920x1080 (Full HD) ပဲမို့ ရုံးပဲသုံးမလား Zoom ပဲတက်မလား အိမ်မှာ အပျင်းပြေ ရုပ်ရှင်ပဲကြည့်မလား ဘာလာလာအဆင်ပြေပါတယ်။

🌟 Size အနေနဲ့က 22 လက်မမို့ အရမ်းလဲမကြီးသလို သေးလဲမသေးပါဘူး နေရာသေးသေးမှာ အထိုင်ချဖို့အတွက် အသင့်တော်ဆုံးပါပဲ။

🌟 Port အနေနဲ့က VGA ပါပြီးသားကိုမှ DP (Display) ပါပြီးသားမို့ System က ပို့လိုက်တဲ့ ရုပ်ထွက်ကို အမှန်ကန်ဆုံးနဲ့ အရောင်ကာလာ အတိကျဆုံး ဖော်ပြပေးမှာမို့ စိတ်ပူစရာလုံးဝမရှိပါဘူး။

🌟 Refresh Rate အနေနဲ့ 60Hz အထိဖော်ပြပေးနိုင်ပါတယ်။ budget Monitor တလုံးအတွက် အသင့်အတင့်ပဲလို့ပြောလို့ရပါတယ်။

🌟 Admin အကြိုက်ဆုံးအပိုင်းက Monitor Panel ကို Anti-Glare Coating ထပ်အုပ်ပေးထားတာပါ။ Ambient Light ကိုလျော့ချပေးထားတာမို့ Monitor ကိုကြည့်ချိန်ကြာလာတဲ့အခါမျိုးမှာ မျက်လုံးနာတာ အောင့်တာတွေ သိသိသာသာလျော့ကျစေပါတယ်။

ကွန်ပျူတာအကြောင်းနားမလည်တဲ့ အားပေးသူ Customer များအတွက် ဆိုင်မှ နားလည်တတ်ကျွမ်းသူများကိုယ်တိုင် အလင်းပေါက် အလင်းစက် Dead Pixel များအပြင် Panel Damage များမရှိအောင် တခုချင်းစီ အချိန်ပေးစစ်ထားတာကြောင့် စိတ်ချလက်ချဝယ်ယူအားပေးနိုင်ပါတယ်။

Monitor ဝယ်ယူပါက VGA ကြိုးနှင့် Power ကြိုးကို အခမဲ့ လက်ဆောင်ပေးသွားပါ့မယ်။

အခုလိုအချက်အလက်တွေအားလုံးပြည့်စုံနေတဲ့ Monitor လေးတလုံးကို 175,000 ကျပ်တည်းနဲ့ ရယူနိုင်ပါပြီဗျ။

ဘူးခွံမရှိတဲ့အတွက် ရန်ကုန် Customerများအဆင်ပြေနိုင်ပေမယ့် နယ်ပို့ရအခက်အခဲရှိနိုင်ပါတယ်။ တလုံးချင်းအားပေးနိုင်သလို ရုံးအတွက်ဆိုင်အတွက် ပြန်ရောင်းမယ့် ဝယ်ရောင်းညီအကိုများအတွက်လဲ အများစျေး ရှိပါမယ်။
-----------------------------------
Ants World Computer Sale & Service
📱 09-77777 5916, 09-79988 1190
အမှတ် ၄၅ ရတနာသုခလမ်း သင်္ယန်းကျွန်း
🗺️https://g.page/ants-world?share

10 စွန်းစွန်းလေးနဲ့ Tripple A ဂိမ်းတွေဆော့လို့ရအောင် ရှယ်ဝုန်းပေးထားတဲ့ ဖြူမဲ ညီနောင်မြန်မာက လူတွေအများစုက i3 ဆို အထင်သေ...
02/02/2023

10 စွန်းစွန်းလေးနဲ့ Tripple A ဂိမ်းတွေဆော့လို့ရအောင် ရှယ်ဝုန်းပေးထားတဲ့ ဖြူမဲ ညီနောင်

မြန်မာက လူတွေအများစုက i3 ဆို အထင်သေးကျတယ် ဘာလို့လဲစဉ်းစားလို့မရဘူး။ အရမ်းရှေးရိုးဆွဲတုန်းပဲ

Intel က အခုထုတ်ထားတဲ့ Alder Lake 12th Gen ဆိုရင် Core နဲ့ Thread ကိုအဓိကမဟုတ်ပဲ CPU Size ကို သိသိသာသာ ပိုကြီးလိုက်တာကြောင့် Performance အပိုင်းမှာ သိသိသာသာ ကွာသွားပါပြီ။ Google မှာကြည့်ကြည့်မယ်ဆို Gaming ပိုင်းမှာ i3 12th Gen ဟာဆိုရင် i5 10th Gen နဲ့ i7 9th Gen တွေထက်ကို Performance ပိုထွက်ပြီး စျေးအရ အများကြီးသက်သာနေတာပါပဲ။

PSU ဆိုလဲ Watt အမှန်ထွက်တဲ့ကောင်မို့ နောက်ပိုင်း 1660 Super Or 2060 လောက်ထိမြှင့်ရင်တောင် ထပ်ပြောင်းစရာမလိုပါဘူး။

တခြား မိမိစိတ်တိုင်းကျ PC Parts လေးတွေနဲ့အတိုးအလျော့ပြုလုပ်ချင်တယ်ဆိုလဲ အဆင်ပြေပါတယ်။

🌜 CPU : i3-12th Gen ( 1 Year Warranty )
🌜 Mobo : H610M Gigabyte ( 1 Year Warranty )
🌜 CPU Cooler : Josbo CR1200 RGB
🌜 Ram : Tforce Delta RGB 3200Mhz 8GB ( 1 Year Warranty )
🌜 SSD : Teelkoou M.2 NVMe 256GB ( 1 Year Warranty )
🌜 GPU : Colorful GTX 1650 Super 4GB ( 1 Month Warranty )
🌜 PSU : Bubalas 580 80+ Silver ( 1 Month Warranty )
🌜 Casing : Goldenfield N39
🌜 Fan : Coolmoon RGB Fan 3 Pcs

With GPU 1,270,000 MMK
Without GPU : 920,000 MMK

ဘယ်လို Service တွေရနိုင်သေးလဲဆိုတော့
✔️ရန်ကုန်မြိုံတွင်း Cash on Delivery (Free Delivery) နဲ့
✔️Online Payment လေးတွေကိုပါ No % နဲ့ လက်ခံပေးပါတယ်။

📱 09-77777 5916
အမှတ် ၄၅ ရတနာသုခလမ်း သင်္ယန်းကျွန်း

🗺️ https://g.page/ants-world?share

✨✨ရန်ကုန်မြို့တွင်းဘယ်နေရာကမဆို ကွန်ပျူတာမှာရင် အိမ်အထိပို့ခ free လာရောက်တပ်ဆင်ပေးနေပါပြီ ✨✨Cus က Warranty များတာဆိုပိုစ...
26/01/2023

✨✨ရန်ကုန်မြို့တွင်းဘယ်နေရာကမဆို ကွန်ပျူတာမှာရင် အိမ်အထိပို့ခ free လာရောက်တပ်ဆင်ပေးနေပါပြီ ✨✨

Cus က Warranty များတာဆိုပိုစိတ်ချရလို့ပါ ဈေးပိုများလာလက်ခံပါတယ်ဆိုပြီး Main Parts တွေကို သူလိုချင်တာ​တွေပဲပြောတာ။ ကိုယ်က တခုချင်းစီ ပတ်ရှာပေးပြီး စိတ်တိုင်းကျအောင်ဖြည့်ဆည်းပေးခဲ့တာလေးပါ။

👉Ryzen 5 5600X
👉Asus Prime B550M-K
👉Tforce delta rgb 3200Mhz 16GB
👉SP M.2 NVMe 512GB
👉MSI Gaming X RX6600XT 8GB
👉CoolerMaster MWE 80+ Gold 650W
👉Gamdias Casing
👉AOC U27P2C
👉East 1200VA
total 4,###,###

Computer နဲ့ပတ်သတ်ပြီး မည်သည့် Service မဆို Ants' World မှာရနေပါပြီခင်ဗျ

အားပေးတဲ့အကိုအမတွေ တဦးတယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ် 🙏🙏🙏

ဆိုင်ကို ဒီနေ့ပဲ ထပ်ရောက်ထားတာလေးတွေပါ။ စျေးလဲသင့်ပြီး Design ဆန်းတဲ့အပြင် Build Quality လေးလဲမဆိုးဘူးဆိုတော့ အခုမှ အသစ်...
25/01/2023

ဆိုင်ကို ဒီနေ့ပဲ ထပ်ရောက်ထားတာလေးတွေပါ။ စျေးလဲသင့်ပြီး Design ဆန်းတဲ့အပြင် Build Quality လေးလဲမဆိုးဘူးဆိုတော့ အခုမှ အသစ်ဆင်မယ့် ကာကာတွေအတွက် အကောင်းဆုံးပဲပေါ့
ပုံထဲမှာမပါတဲ့ တခြား Design လေးတွေလဲရှိပါသေးတယ်။

အောက်မှာတော့ In-Stock ပစ္စည်းလေးတွေရေးပေးထားပါတယ်။ လိုချင်တာရှိရင် Hello လိုက်ပါ။ စက်ဆင်ချင်တယ်ဆိုရင်တော့ မင်မင်နဲ့အတူ အကောင်းဆုံး Build လေးဖန်တီးဖို့ Message Box လေးလာလို့ရပါတယ်ခင်ဗျ။

Board CPU ထပ်ရောက်ထားတာလေးတွေထဲမှာ
Brand New အနေနဲ့
🔥 i3 12th Gen + H610M Gigabyte = 5.5 Lakhs
🔥 i5 12th Gen + H610M Gigabyte = 7.3 Lakhs
Good Second Hand မှာ ဒါလေးတွေရနိုင်ပါတယ်။
🔥 I7 10th, i7 8th, i7 7th
🔥 i5 11th, 10th, 8th

ဒါလေးတွေကတော့ ဆိုင်မှာ stock ရှိတဲ့ GPU လေးတွေပါ
🔥GTX 1050ti 4GB
🔥GTX 1060 3gb
🔥GTX 1650 Super 4GB
🔥GTX 1660 Super 6GB
🔥GTX 1080ti 11GB
🔥RTX 2070 Super 8GB
🔥RTX 3060ti 8GB

Ants' World - Budget & High-end Gaming PC
09-777775916, 09-799881190

Address
No. 45, Yadanar Thukha St, Thingangyun, Yangon (Near Phayar Lan Bus Stop)
G-Map : https://goo.gl/maps/ycpC9uuLpCumCV7U8

Promotion အစီအစဉ် ရှိပါတယ်။အခု build 5 ခုထဲက နှစ်သက်ရာ တလုံးဝယ်ယူသူ ပထမဆုံး ၃ ယောက်အတွက် Razer Deathadder တလုံးစီလက်ဆောင...
12/01/2023

Promotion အစီအစဉ် ရှိပါတယ်။
အခု build 5 ခုထဲက နှစ်သက်ရာ တလုံးဝယ်ယူသူ ပထမဆုံး ၃ ယောက်အတွက် Razer Deathadder တလုံးစီလက်ဆောင်ပေးသွားမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။

တပုံချင်းစီအောက်မှာလဲ သက်ဆိုင်ရာ Specs လေးတွေ ရေးပေးထားတဲ့အပြင် တခြား Editing Gaming PC များကိုလဲ သုံးမယ့် Budgets ပမာဏအလိုက် Price to Performance ရအောင် Admin နဲ့တိုင်ပင်ပြီး ကိုယ့်အတွက် အကောင်းဆုံး PC Build လေးတွေရယူနိုင်ပါပြီ။

Build 1

 အကောင်သေးသေး အဆိပ်ပြင်းပြင်းစာအုပ် ၁ အုပ်ဆိုဒ်ပဲရှိပြီး အလေးချိန် 1.3KG ပဲရှိမယ့် laptop တလုံးလောက်ညွှန်းချင်လို့ပါ။🦂🦂🦂...
23/12/2022


အကောင်သေးသေး အဆိပ်ပြင်းပြင်း

စာအုပ် ၁ အုပ်ဆိုဒ်ပဲရှိပြီး အလေးချိန် 1.3KG ပဲရှိမယ့် laptop တလုံးလောက်ညွှန်းချင်လို့ပါ။

🦂🦂🦂🦂🦂🦂🦂🦂🦂🦂🦂🦂🦂🦂🦂🦂🦂🦂🦂🦂🦂🦂🦂🦂🦂🦂
Acer Swift 1
Display 14" FHD IPS Display
CPU Intel Pentium N6000 (11th Gen)
GPU Intel UHD Graphics
RAM 4GB 2933Mhz
SSD M.2 NVME 256GB
Battery 48Wh (around 3 hours for continueous use)
🎕🎕🎕🎕🎕🎕🎕🎕🎕🎕🎕🎕🎕🎕🎕🎕🎕🎕🎕🎕🎕🎕🎕🎕🎕🎕🎕🎕🎕🎕🎕🎕🎕

laptop ရဲ့အသုံးဝင်မယ့် အဓိက Features လေးတွေကိုပြောပြပေးပါ့မယ်။ အဲ့အချက်လေးတွေက ကိုယ့်အတွက် အရမ်းအသုံးဝင်နေတယ်ဆိုရင်တော့ ဝယ်ဖို့ တွန့်ဆုတ်မနေသင့်ပါဘူး။

Bluetooh wifi Camera ဒါလေးတွေက မပြောပြလဲ laptop တိုင်းလိုလိုမှာ အကုန်လုံးပါနေတာဆိုတော့ အဲ့တာလေးတွေတော့ကျော်သွားမယ်နော်။

ဒီ laptop က pentium CPU ကိုအသုံးပြုထားတာဖြစ်လို့ Web-browsing လုပ်ရတာများတဲ့လူတွေ digital သမားတွေနဲ့
Online Class တွေအတွက် လုံလောက်မယ့် calculation တွေကိုထုတ်ပေးနိုင်တဲ့အပြင် 11th gen ကြောင့် လိုတာထက်ကိုပိုနေပါသေးတယ်။

Ram speed က 2933 မို့ သာမန် 2133 တွေထက် မဆိုသလောက်လေး ပိုမြန်နေမယ် ကြည့်ရတာမသိသာပေမယ့် background task တွေမှာ သိသာပါတယ်။
ssd က m.2 Nvme system ကြောင့် software သွင်းတာတွေ အဖွင့်အပိတ်တွေမှာ ထူးထူးခြားခြား ပိုသွက်နေမှာပဲ

battery က ၃-၄ နာရီလောက်ခံနေသေးတဲ့အချက်က ဘယ်နေရာသွားသွား သင်တန်းချိန် မီးပျက်ပျက် ပူစရာမလိုပါဘူး။

Type C Port လေးပါပါတယ်။ အဲ့ကောင်လေးကအခုနောက်ပိုင်းအဆင့်မြင့်တဲ့ဖုန်း အားသွင်းတာတွေ memory stick တွေအတွက် data transfer တွေ
မှာ အဆင်ပြေပြေလုပ်ဆောင်နိုင်ပါလိမ့်မယ် နောက်ပိုင်းဖုန်းတွေက type c ကြိုးတွေပဲလာမှာဆိုတော့ အိုကေမှာ စိုပြေပဲ။

ညဘက် မီးတွေလင်းနေတာမကြိုက်တဲ့ admin လိုလူတွေအတွက်က ကီးဘုတ်မီးလေးလင်းပေးနေတာက အသက်ပဲ။
အမှောင်ထဲမှာ ကိုယ့်စိတ်ကြိုက်သီချင်းလေးနားထောင်ပြီးဖီးလ်မလား။ ဂျပန်ကတုံးကိုပဲ အငြိမ်လေးကြည့်မလား စိုးဂွတ်

finger Print ကြောင့် လူကြားထဲ ထုတ်သုံးတဲ့အခါ ကိုယ့်စက်က ဂျပန်ခေတ် လက်ကျန်တွေမဟုတ်မှန်း performance မြင့်တဲ့စက်မှန်း ချက်ချင်းသိစေတယ်
ပင်ပင်ပန်းပန်းကြွားစရာမလိုတော့ဘူး။ lock ချလဲ အလွယ်တကူ ဖွင့်လဲ အလွတ်တကူပဲ PW အရှည်ကြီးတွေအပင်ပန်းခံ ရိုက်မနေပါနဲ့တော့

Speaker အသံကလဲ OC ကတယောက်ယောက် အီးထပေါက်ရင် ကြားရလောက်အောင် Sound Quality ကောင်းပါတယ်။
Laptop လေးက တော်တော်ပါးတဲ့အပြင် သယ်သွားရင်တောင် ပါလို့ပါမှန်းမသိရပါဘူး။ IPS Panel ကြောင့် အရောင်ထွက် ကာလာ စိုရွှဲနေမှာပါ။

အဓိကအရေးကြီးတဲ့ အထူးအချက်က အာမခံပါ
အာမခံကို 2024 ခုနှစ် March လအထိရမှာပါ Unique လိုဆိုင်ကြီးကနေဝယ်ထားတာမို့ စိတ်ချရတဲ့အပြင် Ants world လိုဆိုင်က service lifetime ပေးထားတာမို့ စိတ်ချလက်ချသာဝယ်လို့ရပါတယ်။

အခုလိုအချက်တွေအားလုံးပြည့်စုံနေတဲ့ laptop လေးကို မြန်မာငွေ ၆ သိန်း ငါးသောင်းကျပ် (650,000MMK) တိတိဖြင့် ရောင်းချပေးမှာဖြစ်ပြီး ၁ လုံးတည်းရှိတာကြောင့် နောက်ကျရင်တော့ ထပ်ရဖို့မသေချာတော့ပါဘူးခင်ဗျ။

စိတ်ဝင်စားတယ်ဆို Page MSG ဖြစ်ဖြစ် Ph ဆက်ပြီးဖြစ်ဖြစ် Admin ကို အချိန်မရွေးမေးမြန်းနိုင်ပါတယ်ခင်ဗျ။
စာအရှည်ကြီးဖတ်ပေးပြီး အားပေးတဲ့ တစ်ဦးတယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

📱 09-77777 5916, 09-79988 1190
အမှတ် ၄၅ ရတနာသုခလမ်း သင်္ယန်းကျွန်း
🗺️https://g.page/ants-world?share

ဒီ Case လေးပြန်ဆင်ရတာ အရင်ချိန်တွေရောက်သွားသလိုပဲ။ အဲ့တုန်းကဆို လူတိုင်း ဒီ Case လေးနဲ့ဆင်ကျတယ်။ သူက stylish ဖြစ်တယ် သုံ...
19/12/2022

ဒီ Case လေးပြန်ဆင်ရတာ အရင်ချိန်တွေရောက်သွားသလိုပဲ။
အဲ့တုန်းကဆို လူတိုင်း ဒီ Case လေးနဲ့ဆင်ကျတယ်။
သူက stylish ဖြစ်တယ် သုံးထားတဲ့ပစ္စည်း Quality ကောင်းတယ် Cable Management လုပ်ဖို့ လိုအပ်တာတွေလဲ အစုံပါတာကိုး။
အခုတော့ သိပ်မဆင်ဖြစ်ကျတော့ဘူး။ စျေးက ၃ ဆ လောက်တက်သွားတာကိုး။

အခု ဒီပုံးလေးနဲ့ဆင်ထားပေးထားတာတွေက Mid-Range PCလေးကို သုံးပေးထားတဲ့ Parts လေးတွေနဲ့ သေချာတွက်ချက်ပြီးဆင်ထားပေးတာကြောင့် 2022 အထိ ထွက်သမျှဂိမ်းတွေအားလုံးကို အဆင်ပြေပြေဆော့ကစားနိုင်မယ့်အပြင် Stream လွှင့်ချင်တဲ့ ညီအကိုများအတွက်လဲ ဘာမှထပ်ဖြည့်စရာမလိုပဲ အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။

------------------------------------
CPU Ryzen 5 3500X (6c 6t Max 4.1Ghz)
Mobo Asrock B450 Steel Legend (ATX Full Size)
RAM XPG D60 DDR4 3000Mhz 16GB (2x8)
CPU Cooler ID Cooling DK-03a
SSD Teamgroup M.2 NVMe 256GB
HDD Seagate Barracuda 1TB
GPU MSI GamingZ RTX 2060 6GB
PSU Thermaltake 650W
Casing Huntkey Gaming Casing
Fan Coolmoon 6 RGB Fan

💵💵💵 1,400,000 MMK
-----------------------------------
Ants World Computer Sale & Service

Parts အားလုံးကို Hardware ၁ လ အာမခံပေးပြီး Software Service ကအချိန်မရွေး အခမဲ့ ဆောင်ရွက်ပေးသွားမှာပါ။
ရန်ကုန် မြို့တွင်းကိုတော့ Deli Free ပို့ပေးမှာဖြစ်ပြီး နယ်က Customer များအတွက် ငွေလွှဲဝင်တာနဲ့ ကားဂိတ်ကို Cus စိတ်တိုင်းကျ ထုပ်ပိုးပြီး ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

GPU သီးသန့် လိုအပ်နေတဲ့ Customer များအတွက် ရနိုင်မယ့် ကဒ်လေးတွေ List လုပ်ပေးထားတာမို့ လိုအပ်တာရှိရင် Page Msg box ကိုစာပို့ပြီးမေးနိုင်တဲ့အပြင် Admin ကိုဖုန်းခေါ်ပြီး Stock ရှိမရှိ မေးမြန်းနိုင်ပါတယ်။

MSI Ventus RX580 4GB - 230,000
Gigabyte GTX 1060 3GB - 295,000
Leadtek GTX 1080 8GB - 550,000
Palit Jetstream GTX 1080ti 11GB - 600,0000
MSI Gaming X RX5500XT 8GB - 400,000
MSI Gaming X GTX 1660 Super 6GB - 435,000
MSI Gaming Z RTX 2060 6GB - 535,000
Colorful RTX 3060 12GB - 700,000

📱 09-77777 5916, 09-79988 1190
အမှတ် ၄၅ ရတနာသုခလမ်း သင်္ယန်းကျွန်း
🗺️https://g.page/ants-world?share

စာမဖတ်ချင်ရင် နောက်ဆုံးပုံ Cable ရှင်းထားတာလေးပဲကြည့်Ants World မှာ ပုံးအဟောင်းကို တခုလုံးခွာပြီး upgrade လာလုပ်သွားတဲ့ ...
02/12/2022

စာမဖတ်ချင်ရင် နောက်ဆုံးပုံ Cable ရှင်းထားတာလေးပဲကြည့်

Ants World မှာ ပုံးအဟောင်းကို တခုလုံးခွာပြီး upgrade လာလုပ်သွားတဲ့ စော်ကြည်ရုပ်ချောညီလေး ကျေးဇူးပါ

အားမပေးတဲ့သူတွေကတော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ 😝😝

Specs
👉 Core i5 10th
👉 Asus Prime B460M
👉 XPG DDR4 3000Mhz 16GB (2x8)
👉 XPG M.2 Nvme 256GB
👉 Seagate Barracuda 1TB
👉 Asus GTX 1050Ti 4GB
👉 Mamba Ghost 750W 80+ Silver
👉 Goldenfield Gaming Casing 1701P
👉 Josbo TW4 240mm Liquid Cooling

Ph- 09777775916
YGN Thingangyun

Teelkoou လေးတွေထပ်ရောက်ပါတယ်sata 256gb 56,000 (5 ခုယူ ၁ ခု 51,000)m.2 nvme 256gb 70,000 (5 ခုယူ ၁ ခု 65,000)Warranty 7 d...
02/12/2022

Teelkoou လေးတွေထပ်ရောက်ပါတယ်

sata 256gb 56,000 (5 ခုယူ ၁ ခု 51,000)
m.2 nvme 256gb 70,000 (5 ခုယူ ၁ ခု 65,000)

Warranty 7 days ပါ ဘူးပါကင်အပြည့်နဲ့ရပါမယ်

09-777775916

ဒီနေ့ဆိုင်မှာ MSI GAMING Z Trio RTX3070Ti လေး upgrade လာလုပ်တာpsu က အတော်နိမ့်နေလို့ ဆိုင်မှာ selection သိမ်းထားတဲ့Therm...
01/12/2022

ဒီနေ့ဆိုင်မှာ MSI GAMING Z Trio RTX3070Ti လေး upgrade လာလုပ်တာ

psu က အတော်နိမ့်နေလို့ ဆိုင်မှာ selection သိမ်းထားတဲ့
Thermaltake Touchpower Smart RGB 850W 80+ Bronze လေးပါ ထည့်ပေးလိုက်ပါသေးတယ်

ပုံးကတော့ အနည်းငယ်သေးနေပေမယ့် နောက်မှ Upgrade လုပ်ဖို့ သေသေချာချာလေးလဲ မှာပေးလိုက်ပါတယ်

အခုလိုယုံကြည်ပြီး အားပေးသွားတဲ့အကို ကျေးဇူးအများကြီးတင်ပါတယ်ဗျ

PC နဲ့ ပတ်သတ်ပြီး သိချင်တာပဲရှိရှိ အခက်အခဲပဲရှိရှိ အချ်န်မရွေး Ants World ကိုဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ်ဗျ

ဒါကြီးကတော့ တော်တော်တန်တန်ဟသူများတွေ 120$ ပတ်ချာလည်ရောင်းနေကျတယ်။ Brand New ပါကင်ပိတ်ကြီးကို Year End Sale အနေနဲ့ Ants W...
30/11/2022

ဒါကြီးကတော့ တော်တော်တန်တန်ဟ

သူများတွေ 120$ ပတ်ချာလည်ရောင်းနေကျတယ်။ Brand New ပါကင်ပိတ်ကြီးကို Year End Sale အနေနဲ့ Ants World မှာ ၁ လုံးတည်းရမယ် ( Only 1 )
Razer Viper Ultimate (Black)
240,000 MMK (၁၀၀% အသစ်အစစ်ဖြစ်ကြောင်း အာမခံပါတယ်)

Tech Specs and Features
🔽🔽🔽🔽🔽🔽🔽🔽🔽🔽
✅CONNECTIVITY - Razer™ HyperSpeed Wireless, Wired - Speedflex Cable
✅BATTERY LIFE - Up to 70 Hours
✅RGB LIGHTING - Razer Chroma™ RGB
✅SENSOR - Optical
✅MAX SENSITIVITY (DPI) - 20000
✅MAX SPEED (IPS) - 650
✅MAX ACCELERATION (G) - 50
✅PROGRAMMABLE BUTTONS - 8
✅SWITCH TYPE - Optical
✅SWITCH LIFECYCLE - 70 Million Clicks
✅ON-BOARD MEMORY PROFILES - 5
✅MOUSE FEET - 100% PTFE Mouse Feet
✅CABLE - Razer™ Speedflex Cable

APPROXIMATE SIZES
✅Length: 127.0 mm / 5.00 in
✅Width: 66.0 mm / 2.60 in
✅Height: 38.0 mm / 1.50 in
✅APPROXIMATE WEIGHT - 74 g / 0.16 lbs

Review ကြည့်ချင်တဲ့ ဘော်ဒါတွေအတွက် Link
https://www.youtube.com/watch?v=FG4b2JtRGnU&ab_channel=randomfrankp

Address

No. 45, Yadanar Thukha Street, Sa/Ka Quater, Thingangyun Township
Yangon
11071

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 17:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959777775916

Website

Alerts

Be the first to know and let us send you an email when Ants' World posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ants' World:

Share

Category