IT-Solution

IT-Solution Home Services For Computer window , Software , Hardware , Printer ,Network ,etc..

ပြည်ထောင်စုဖောင့်အသုံးပြုနည်း----------------------------------------ပြည်ထောင်စုဖောင့်အသုံးပြုနည်းကိုပုံနှင့်တကွ ပြန်လည်...
11/01/2022

ပြည်ထောင်စုဖောင့်အသုံးပြုနည်း
----------------------------------------
ပြည်ထောင်စုဖောင့်အသုံးပြုနည်းကိုပုံနှင့်တကွ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
- Credit
#

မိမိ computer ကို သူများပေးသုံးတက်တဲ့ အလေ့အဓရှိတယ်၊ တစ်ချို File , Movies ,Photo တွေကိုတော့ ဖွင့် လို့မရအောင်လုပ်ထားချင်...
10/01/2022

မိမိ computer ကို သူများပေးသုံးတက်တဲ့ အလေ့အဓရှိတယ်၊ တစ်ချို File , Movies ,Photo တွေကိုတော့ ဖွင့် လို့မရအောင်လုပ်ထားချင်တယ်ဆိုရင်တော့ အလွယ်ဆုံး
နည်းလမ်းလေးကိုပြောပြပေးသွားပါမည်။ WinRar ဆိုတဲ့ Application ကဆိုင်တေမှာ Window တင်ရင် Standard Software အနေနဲ့ ထည့် ပေးထားကြပါတယ်၊
မိမိ Security ခံလိုသော Fileကို Right Click -> add to Archive->General->Set Password မှာ မိမိထားလိုသော့ Password ထားပြီး သူများဖွင့်လို့မရအောင်
လုပ်ထားလို့ရပါသည်။ ဖိုင်ဖွင့် ရင်တော့ မိမိပေးထားတဲ့ Password နဲ့ပြန်ဖွင်ရမှာပါ ။Password တော့ မမေ့ဖို့လိုပါတယ်ဗျ။
မိမိသိလိုရာကို လွတ်လပ်စွာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျ။

-Solution

Our Services............📌 Windows ကျလို့ပဲဖြစ်ဖြစ် အသစ်ပြန်တင်ချင်လို့ပဲဖြစ်ဖြစ် Windows အသစ်ပြန်တင်ပေးခြင်း📌 Windows Li...
17/12/2021

Our Services............
📌 Windows ကျလို့ပဲဖြစ်ဖြစ် အသစ်ပြန်တင်ချင်လို့ပဲဖြစ်ဖြစ် Windows အသစ်ပြန်တင်ပေးခြင်း
📌 Windows License Key များထည့်သွင်းပေးခြင်း
📌 Virus Cleaning ပြုလုပ်ပေးခြင်း
📌 Design Software, Antivirus software, Engineering software , Printer driver များထည့်သွင်းပေးခြင်း
📌 Hardware Cleaning ပြုလုပ်ပေးခြင်း
📌 ရုံးများ ၊ POS ဆိုင်များအတွက် Networkများတပ်ဆင်ပေးခြင်း။ Network ကြိုးများပြေးပေးခြင်း
📌 ရုံးတွင်းလိုအပ်သော Computer များ Network ချိတ်ဆက်ခြင်း၊ Data Sharing , Printer Sharing များအတွက် တစ်လုံးနှင့်တစ်လုံးချိတ်ဆက်အသုံးပြုခြင်း ၊ Network, Router configuration ပြုလုပ်ပေးခြင်း
📌 ရုံး ၊ စက်ရုံများသို့ တစ်လ ၃ ကြိမ် ကွန်ပျူတာ၊ Network ၊printer နှင့် IT ဝန်ဆောင်မှုများလာရောက်စစ်ဆေးပေးခြင်း

Computer နှင့်ပါတ်သတ်သော software / hardware errors များ၊ နည်းပညာအခက်အခဲများနှင့် ပါတ်သတ်ပီးသိလိုသမျှအသေးစိတ်ကိုစုံစမ်းမေးမြန်းနိုင်ပါပြီ ။
✅ ရုံး/အိမ်တိုင်ရာရောက် IT Service ဝန်ဆောင်မှုအပြင် Online မှတဆင့်ဝန်ဆောင်မှုများလဲပေးပါသည် ✅
📲09254772261
-Solution

Hidden File များ ‌‌ ဖော်ကြည့်နည်းWindow မှာ Virus ကြောင့်ဖြစ်စေ Hidden ဖြစ်နေသော File များ၊Memory စတစ်မှာ မိမိိ data မျာ...
30/11/2021

Hidden File များ ‌‌ ဖော်ကြည့်နည်း

Window မှာ Virus ကြောင့်ဖြစ်စေ Hidden ဖြစ်နေသော File များ၊
Memory စတစ်မှာ မိမိိ data များ ပျောက်နေပြီး Stick ကို Properties ခေါ်ကြည့်သောအခါ Size များ ပြ‌‌ နေလျှင်အာက်ပါ နည်းလမ်းအတိုင်း မိမိ File များကို ပြန်လည်ရယူနိုုင်ပါသည်။

Window+R > Control ကိုနှိပ်ပါ။
အဲထဲမှ
File explorer option > အ‌ပေါ် Menu bar မှ View ကို ကလစ်ပါ။ အဲထဲမှာ

1.Show hidden file,folders and Drive ကို ေရွးပါ။ အာဆိုရင်ေတာ့ သာမှန် hidden ဖြစ်‌နေသာ ဖိုင်များကိုမြင် ‌‌ေတွ့ရပါ ပြီ။

2.Hide Empty Drive ( Uncheck လုပ်ပေးရပါမည်)

3 Hide extension for know files type (မိမိ file ကဘာ file အမျိုးအစားလည်းဆိုတာ အလွယ်တကူသိနိုင်မှာပါ Eg . excel fileဆို နောက်ဆုံးမှာ .xlsx ၊ word ဖိုင်ဆို .docx , .pdf, .jpej စသဖြင့် File အား လုံးမှာ file typeရှိကြပြီး မြင်ယုံဖြင့်ဘာဖိုင်ဆိုတာအလွယ်တကူ သိနိုင်ပါသည်။)

4.Hide protected operation system file( Recommended) (virus က hidden system file ပုံစံမျိုးပြောင်းပစ်တက်ပါသည်။ အဲအချိန်မျိုးမှာ Hidden file တွေကြည့်ချင်လို့ပဲဖြစ်ဖြစ် ,Hidden system file တွေကြည်ချင်ရင်ဖြစ်ဖြစ် unckeck လုပ်ဖိုလိုပါတယ် Note- uncheck လုပ်ထား ရင်တော့ daskstop ပေါ် နှင့် Data –C/D ထဲမှာ -$ or $ နဲ့ file /folder တွေ‌ေပါ်‌ေန ပါလိမ့်မည်။ အမြင်မရှုပ်ချင်ရင်‌ေတာ့check (hide)လုပ်ထားဖို့လိုပါလိမ့်မည်။

Computer နှင့်ပါတ်သတ်သော software/hardware errors များ နည်းပညာအခက်အခဲများနှင့်ပါတ်သတ်ပြီးသိလိုသမျှအသေးစိတ်ကိုစုံစမ်းမေးမြန်းနိုင်ပါပြီ။
-solution

Internet Download Manager (IDM)ဒီနေ့တော့ ကျွန်တော်တို့ PC မှာ  Youtube Video ၊Facebook Video၊ မိမိ download စွဲချင်တာကို...
29/11/2021

Internet Download Manager (IDM)

ဒီနေ့တော့ ကျွန်တော်တို့ PC မှာ Youtube Video ၊Facebook Video၊ မိမိ download စွဲချင်တာကို မြန်မြန်ဆန်ဆန် စွဲနိုင်ဖို့
Internet Download Manager (IDM) အကြောင်းလေး
ပြောပြချင်ပါတယ်။
ပထမဆုံး IDM crack version 6.xx နဲ့ Crack fileကိုအောက်ပါ Link မှာ down လို့ရပါတယ်။
Link:https://terabox.com/s/1MRD2VtLkZjKScG8rdGWvXw Password:p5di

Down ပြီးရင်တော့ rar file ကို Extract လုပ်ပါ။ idman639build2.exe ကို နှစ်ချက် ကလစ်ပြီး Next တွေနှိပ်ပြီး install လုပ်ပါ။
ပြီးရင်တော့ စသုံးလို့ရပါပြီ။ ဒါပေမယ့် Tri version ဖြစ်တဲ့အတွက် ရက်ပြည့် ရင်ဆက်သုံးလို့ မရတော့ပါဘူး။ အာကြောင့် Crack ဖြည်ပေးရပါမယ်။
Crack ဖိုဆိုရင် ပထမဆုံး မိမိ စက်မှာရှိတဲ့ Antivirus ကို အရင်ပိတ်ကပါမယ်။ကျွန်တော်ကတော့ window မှာbuild in ပါတဲ့ Window defender ပဲရှိတာမို့
Window defender ပိတ်ပြီး Crack ဖြည်ပုံပြောပြပေးသွားပါမယ်။
File တစ်ခုကို select ပေးပြီး Right Click > Scan with window defender ရွေးလိုက်ရင် Window defender software ပွင့်လာပါလိမ့်မည်။ တစ်ခြား antivirus
ရှိတယ်ဆိုရင်လည်း Scan with ဆိုပြီးတစ်ခြား အမည်တစ်ခုနဲ့ရှိနေပါလိမ့် မည်။ ဘယ်ဘက်ခြမ်း အပေါ်ဆုံးမှာ
setting (အတန်းသုံးတန်း)> virus and threat Protection > Manage Setting >Real Time Protection ကိုခဏပိတ်ကပါမည်။
ပြီးရင် download ထားတဲ့ အထဲက IDM 6.xx Patcher v1.2.exe ကို double Click ဖြင့် ဖွင့်ပါ။ Password တောင်းရင် 123 ဖြင့်ဖွင့်ပါ ။ အပြာရောင် Command box မှာ
"IDM 6.xx Patcher v1.2.exe" /S
ကို Paste လုပ်ပြီး Enter ခေါက်ပါ။ ခဏဆောင့် ပြီးရင် Complete ဆိုသုံးလို့ရပါပြီ။

Computer နှင့်ပါတ်သတ်သော software/hardware errors များ နည်းပညာအခက်အခဲများနှင့်ပါတ်သတ်ပြီးသိလိုသမျှအသေးစိတ်ကိုစုံစမ်းမေးမြန်းနိုင်ပါပြီ။

-Solution

Windows Update-------------------------------------------ဒီနေ့တော့ မိမိတို့ Computer တွေရဲ့နောက်ကွယ်ကနေ run နေတဲ့ window...
13/10/2021

Windows Update
-------------------------------------------
ဒီနေ့တော့ မိမိတို့ Computer တွေရဲ့နောက်ကွယ်ကနေ run နေတဲ့ windows update မိပီး Computer က restart အကြာကြီးဖြစ်နေတာမျိုး နဲ့ ဖုန်းကနေ Hostpot လွင့်ပီး wifi သုံးကြတဲ့သူတွေအတွက် internet bill သက်သာစေဖို့အတွက်ရည်ရွယ်ပီး Windows update ပိတ်နည်းကိုဗဟုသုတအနေနဲ့မျှဝေပေးလိုက်ပါတယ်..
Windows Update ပိတ်ဖို့အတွက် run box ကနေ services.msc ကိုသွားပေးပါ..ပေါ်လာတဲ့ services box ထဲမှာ windows update ဆိုတာကိုရှာပီး ၂ ချက်နှိပ်လိုက်ပါ..ပေါ်လာတဲ့ box ထဲက startup type မှာ Manual ကို Disable လုပ်ပီး Apply , Ok နိပ်ပါ..ပီးရင် runbox ထဲမှာ gpedit.msc လို့ထပ်ရိုက်ပါ..ပေါ်လာတဲ့ box ထဲမှာ Administrative Templates ကိုနှိပ်ပီး ညာဖက်ခြမ်းက Windows Components ကို ၂ ချက်ထပ်နှိပ်ပါ..Windows Update Folder ကိုရှာပီး ၂ ချက်ထပ်နှိပ်ပါ..Configure Automatic Updates ကိုရှာပီး ၂ ချက်ထပ်နှိပ်ပါ..Disable ကိုရွေးပီး Apply , OK ထပ်နှိပ်ပါ.. ဒါဆိုရင်တော့ Windows Update ပိတ်ပီးသွားပြီဖြစ်ပါတယ်..
ဒီနည်းလမ်းကိုအသုံးပြုပီး Windows Update မလုပ်ချင်တဲ့ user တွေအတွက် မိမိကွန်ပျူတာမှာ Windows Update ကိုအလွယ်တကူပိတ်ထားလို့ရပါပြီ..
Computer နှင့်ပါတ်သတ်သော software/hardware errors များ နည်းပညာအခက်အခဲများနှင့်ပါတ်သတ်ပြီးသိလိုသမျှအသေးစိတ်ကိုစုံစမ်းမေးမြန်းနိုင်ပါပြီ..

How to shrink windows partition easily?-------------------------------------ဒီနေ့တော့မိမိတို့ကွန်ပျူတာမှာပါတဲ့ partition...
12/10/2021

How to shrink windows partition easily?
-------------------------------------
ဒီနေ့တော့မိမိတို့ကွန်ပျူတာမှာပါတဲ့ partition တွေကို အလွယ်တကူ နောက်ထပ် partition ထပ်ခွဲနည်းကိုဗဟုသုတအနေနဲ့မျှဝေပေးလိုက်ပါတယ်..
အရင်ဦးဆုံး run box ကနေ diskmgmt.msc ကိုသွားပေးပါ..ပီးရင် partition ထပ်ခွဲလိုသော drive ပေါ် Right click ထောက်ပီး Shrink volume ကိုနှိပ်ပေးပါ..Enter the amount of space to shrink in MB မှာ Drive ရဲ့ ကျန်ရှိနေသေးသော space ကို MB အနေနဲ့ပြထားပေးမှာပါ..မိမိထပ်ခွဲလိုသော partition space ကို တွက်ချက်ပီး ထိုနေရာတွင်ရိုက်ထည့်ပေးရပါမည်..ဥပမာ - 50 GB နီးပါးလောက် ထပ်ခွဲခြင်လျင် 50,000 MB လို့ရိုက်ထည့်ပေးရပါမယ်..(50,000 ÷ 1024 = 48 GB )..ပီးလျင် shrink ကိုနှိပ်လိုက်ပါ..ပီးလျင် unlocated ဖြစ်နေသော 48 GB Partition ကို Right click ထောက်ပီး New simple volume ထပ်နှိပ်ပေးရပါမယ်..ပီးလျင် Next ထပ်နှိပ်သွားပီး Finish လုပ်ပေးလိုက်လျင် Partition အသစ်တစ်ခုခွဲပီးသားဖြစ်သွားပါပြီ..
Partition ခွဲပီးသားကိုပြန်ပေါင်းချင်လျင်တော့ diskmgmt.msc ကနေပဲ ထိုခွဲထားသော partition ပေါ် right click ထောက်ပီး delete volume နှိပ်လိုက်ပါ..(Drive ထဲမှာရှိနေသော Data တွေကိုတော့အရင်ဆုံး နေရာရွှေ့ထားဖို့လိုပါမယ်) ပီးလျင် Right click ထပ်ထောက်ပီး delete partition လုပ်ပေးပါ..ပီးလျင် ပြန်ပေါင်းထည့်ချင်သော partition ပေါ် right click နှိပ်ပီး extend volume နှိပ်ပါ..Next ထပ်နှိပ်သွားပီးလျင် ခုနကဖျက်လိုက်သော 50, 000 MB ကိုတွေ့လျင် select လုပ်ပီး Next , Finish လုပ်လိုက်လျင် partition ပြန်ပေါင်းပီးသားဖြစ်သွားပါပြီ..
ဒီနည်းလမ်းကိုအသုံးချပီး မိမိ Harddisk ကို စိတ်ကြိုက် partition များအလွယ်တကူ ခွဲလို့ / ပြန်ပေါင်းလို့ ရပါပြီခဗျာ.

Computer နှင့်ပါတ်သတ်သော software/hardware errors များ နည်းပညာအခက်အခဲများနှင့်ပါတ်သတ်ပြီးသိလိုသမျှအသေးစိတ်ကိုစုံစမ်းမေးမြန်းနိုင်ပါပြီ..



Google Chrome Ads ပိတ်နည်း-------------------------------------------Computer မှာ Google Chrome အသုံးပြုသူတိုင်းဖြစ်လေ့ရ...
27/09/2021

Google Chrome Ads ပိတ်နည်း
-------------------------------------------
Computer မှာ Google Chrome အသုံးပြုသူတိုင်းဖြစ်လေ့ရှိကြတဲ့ screen ပေါ်မှာ ကြော်ငြာ (Ads) များခနခနတက်နေတဲ့ပြဿာနာကိုလွယ်ကူစွာဖြေရှင်းနည်းကို ဗဟုသုတအနေနဲ့မျှဝေပေးလိုက်ပါတယ်..
ဒီကြော်ငြာ(ads)တွေတက်လာခြင်းအကြောင်းကတော့ Google Chrome မှာ မိမိဝင်လိုက်တဲ့ Link ဖိုင်/ Download ဖိုင် /Website တွေကနေတဆင့် ဒီပြဿနာတွေတက်လာရခြင်းပဲဖြစ်ပါတယ်..ကိုယ်ဝင်မိလိုက်တဲ့ တချို့website တွေက Allow ကိုနှိပ်မှ ဆက်သွားလို့ရမှာဖြစ်တဲ့အတွက် Allow နှိပ်လိုက်မိရင်တော့ ကြော်ငြာ Ads တွေကခနခနလာပေါ်ပီပဲဖြစ်ပါတယ်..Chrome browser မဖွင့်ထားရင်လဲ auto တက်နေတော့မှာပါ..ဒီလိုဖြစ်လာပီဆိုရင်တော့ Chrome ရဲ့ setting ထဲကနေAds မတက်အောင်သွားပိတ်ဖို့တော့လိုအပ်ပါမယ်..
အရင်ဦးဆုံး Chrome seting ထဲဝင်လိုက်ပါ..ပီးရင် Setting ရဲ့ search bar ကနေ site setting လို့ရိုက်ရှာလိုက်ပါ..site setting ထဲမှာ notification ကိုရှာပါ..notification ထဲက Allows to send notifications ထဲမှာ မိမိဝင်ခဲ့သော website link များကို တွေ့ရပါလိမ့်မယ်..Ads များတက်အောင် Allow နှိပ်ခဲ့မိသော website url များကိုရှာပီး Link ရဲ့ညာဖက်ခြမ်းက အစက် ၃ စက်ကိုနှိပ်ပီး Remove လုပ်လိုက်ပါ..ဒီနည်းနဲ့ မိမိ Computer မှာ Ads များခနခနလာပေါ်နေတာကို ပိတ်လို့ရပါပြီ..
website url တွေအကုန်ပိတ်စရာမလိုပါဘူး..ဥပမာ Facebook ,youtube တို့လို site တွေက လာတဲ့ Notification ကိုလိုချင်သေးတယ်ဆိုရင်တော့ ထို website url များကိုချန်ထားခဲ့လို့ရပါတယ်.
**Computer နဲ့ပါတ်သတ်သော software/hardware errors များ / နညိးပညာအခက်ခဲများနှင့်ပါတ်သတ်ပီးသိလိုသမျှအသေးစိတ်ကို စုံစမ်းမေးမြန်းလို့ရပါပီ **


Computer Files Cleaning————————————————————-------မိမိတို့ Computer ကသုံးနေရင်းလေးလာလို့ပဲဖြစ်ဖြစ် ..Computer ကမလိုအပ်တဲ...
24/09/2021

Computer Files Cleaning
————————————————————-------
မိမိတို့ Computer ကသုံးနေရင်းလေးလာလို့ပဲဖြစ်ဖြစ် ..Computer ကမလိုအပ်တဲ့ Files တွေကိုဖျက်ချင်တာပဲဖြစ်ဖြစ်အသုံးတည့်စေမယ့် နည်းလမ်း (၅) မျိုးကို ဗဟုသုတအနေနဲ့မျှဝေပေးချင်ပါတယ် ..Software တွေသုံးစရာမလိုပဲ ရှင်းထုတ်ပစ်မှာဖြစ်လို့ လွယ်ကူရိုးရှင်းပါတယ်.
၁. Computer ရဲ့ Keyboard က Windows ခလုတ်နဲ့ r ကိုတွဲနှိပ်ပီး ပေါ်လာတဲ့ run box ထဲမှာ prefetch လို့ရိုက်ပီး Enter နှိပ်ပေးပါ. ပီးရင် Continue ခလုတ်ကိုဆက်နှိပ်ပေးပါ.ဒါဆို Files တွေအများကြီးပေါ်လာတာကိုမြင်ရမှာပါ..Files အကုန်လုံးကို select all လုပ်ပီး Shift+ Del နှင့်ဖျက်လိုက်ပါ..ဖျက်တဲ့အချိန်မှာလက်ရှိအသုံးပြုနေရတဲ့ Files တွေရှိရင်တော့ Try Again လို့ပေါ်လာပါလိမ့်မယ်.. ဒါဆိုရင် Skip ကိုနှိပ်ပေးရပါမယ်.ဒါဆိုရင်တော့ Computer ကမလိုအပ်တဲ့ Files တွေကိုဖျက်လိုက်ပီပဲဖြစ်ပါတယ်
၂. Windows ခလုတ်နဲ့ r နဲ့တွဲနှိပ်ပီး cleanmgr လို့ရိုက်ပီး Enter နှိပ်ပေးပါ..Local Disk C ဆိုပီးပေါ်လာပါလိမ့်မယ်.. Windows ထဲကမလိုအပ်တဲ့ Files တွေကိုရှင်းမှာဖြစ်လို့ Local Disk C ကိုပဲရွေးထားပီး Ok ဆက်နှိပ်ပေးပါ..Box တစ်ခုထပ်ပေါ်လာလျင် Clean up system files ဆိုတာလေးနှိပ်ပေးရပါမယ်..ပီးလျင် Local Disk C ဆိုတာထပ်ပေါ်လာလျင် Ok ပဲထပ်နှိပ်ပေးပါ..System ထဲကမလိုအပ်တဲ့ Files တွေရှင်းနေတာဖြစ်လို့ခနလောက်စောင့်ပေးရပါမယ်..ပီးသွားရင်တော့ box တစ်ခုထပ်ပေါ်လာပါလိမ့်မယ်.. Ok ကိုထပ်နှိပ်ပေးရပါမယ်..Delete Files ဆိုတဲ့စာလေးပေါ်လာလျင် ထပ်နှိပ်ပေးရပါမယ်..ဒါဆို ထပ်ပီး Delete လုပ်နေတာကိုတွေ့ရမှာပါ..မိမိ Computer ရဲ့ Files အနည်းအများပေါ်မူတည်ပီးအချိန်ခနတော့စောင့်ပေးရပါလိမ့်မယ်..
၃. Windows ခလုတ်နဲ့ r နဲ့တွဲနှိပ်ပီး ပေါ်လာတဲ့ run box ထဲမှာ Temp ကိုရိုက်ထည့်ပေးပီး Enter နှိပ်ပေးပါ..ပေါ်လာတဲ့ Files တွေအကုန်လုံးကို Select all နှိပ်ပီး Shift+del နှင့်ဖျက်ပေးပါ..လက်ရှိအသုံးပြုနေရတဲ့ files တွေပါရင်တော့ skip ကိုနှိပ်ပီးကျော်သွားပေးပါ.
၄. Windows ခလုတ်နဲ့ r နဲ့တွဲနှိပ်ပီး ပေါ်လာတဲ့ run box ထဲမှာ %Temp% ကိုရိုက်ထည့်ပေးပီး Enter နှိပ်ပေးပါ.. ပေါ်လာတဲ့ Files တွေအကုန်လုံးကို Select all နှိပ်ပီး Shift+del နှင့်ဖျက်ပေးပါ..လက်ရှိအသုံးပြုနေရတဲ့ files တွေပါရင်တော့ skip ကိုနှိပ်ပီးကျော်သွားပေးပါ.
၅. Windows ခလုတ်နဲ့ r နဲ့တွဲနှိပ်ပီး ပေါ်လာတဲ့ run box ထဲမှာ recent ကိုရိုက်ထည့်ပေးပီး Enter နှိပ်ပေးပါ.. ပေါ်လာတဲ့ Files တွေအကုန်လုံးကို Select all နှိပ်ပီး Shift+del နှင့်ဖျက်ပေးပါ..လက်ရှိအသုံးပြုနေရတဲ့ files တွေပါရင်တော့ skip ကိုနှိပ်ပီးကျော်သွားပေးပါ.
ဒီ ၅ ချက်ကိုပြုလုပ်ပီးပီဆိုလျင် မိမိ Computer ကို Restart ချပေးပါ..တစ်ပါတ်တစ်ခါလောက်ဖြစ်ဖြစ်အသုံးပြုပေးခြင်းက မိမိ computer လေးနေတာကိုလျော့ကျစေမှာပါ..
**Computer/Printer/Network/PC Games များနှငိ့ပါတ်သတ်၍အသေးစိတ်သိရှိလိုပါကစုံစမ်းမေးမြန်းနိုင်ပါပီ**
-Solution

မင်္ဂလာပါခင်ဗျာ Online IT Service အကြောင်းလေး​ ပြောပြချင်ပါတယ်Work from Home အလုပ်လုပ်တဲ့အခါ Computer, Software, email စ...
01/10/2020

မင်္ဂလာပါခင်ဗျာ Online IT Service အကြောင်းလေး​ ပြောပြချင်ပါတယ်

Work from Home အလုပ်လုပ်တဲ့အခါ Computer, Software, email စတာတွေ အဆင်ပြေကြရဲ့လား

လက်ရှိမှာ IT - Solution က Customer တချို့ရဲ့ အဆင်မပြေတာတွေကို Online ကနေတဆင့် IT Service ပေးနေပါတယ် (Online ကနေ Computer ပြင်ပေးပါတယ်)

Online ကနေတဆင့်ပြင်တာဖြစ်လို့ ...
Microsoft Office, Adobe, PDF, Unicode, Zoom, Team., Software Installation, Window Activition, Trouble Shooting စတဲ့ Service တွေလုပ်ပေးနိုင်ပါတယ်။
Online ကနေတစ်ဆင့်ဖြစ်သောကြောင့် Hardware ပိုင်းနှင့်ပတ်သက်သော error များ၊ window တင်ခြင်းကိုတော့ service ပေးလို့အဆင်မပြေပါဘူးခင်ဗျ။

မိတ်​ဆွေတို့ရဲ့ Computer မှာ Internet ရှိရပါမယ်
TeamViewer (သို့) AnyDesk Software ရှိရပါမယ်
Software မရှိရင် အောက်က Linkမှာ download ယူပြီး Install နိုင်ပါတယ်ခင်ဗျ

https://anydesk.com/en/downloads
https://www.teamviewer.com/en-us/download/windows

TeamViewer (သို့) AnyDesk Software ဖွင့်ပြီးရင် ID Number ကို chatbox ကနေ မိတ်ဆွေတို့ရဲ့ ဖုန်းနံပါတ်နှင့်တကွ ပို့ပေးပါခင်ဗျာ
ကျွန်တော်တို့ဆက်သွယ်ပြီး ဘာဆက်လုပ်ရမလဲဆိုတာပြောပြပါမယ်

Service Charge ကတော့ 1pc - 5,000ks ပါ
**Computer အဆင်ပြေမှ ပေးရမှဦပါခင်ဗျ။ အဆင်မပြေ ပြေအောင်လည်းကြိုးစားပီး service ပေးမှာပါ**

Wave Money - 09254772261
KBZ Pay- 09254772261
(Name - Aung Phyo Wai)

Receipt Voucher ကိုလည်း ChatBox ကနေပဲပြန်ပို့ပေးမှာဖြစ်ပါတယ်

အသေးစိတ်သိရှိလိုပါက
ဖုန်းနံပါတ် - 09 254 772 261 (Viber)

အမှတ် (၃၈ / က) ၊ သီရိလမ်း ၊ (၂)ရပ်ကွက် ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ ။

ကျနော်တို့ရဲ့ ပထမဆုံးနယ် customer ဖြစ်သလို ပထမဆုံး အစိုးရရုံးမှာ လုပ်ပေးရတဲ့ project ‌လေးအကြောင်းပြောပြပါရစေ။...လပွတ္တာမ...
22/07/2020

ကျနော်တို့ရဲ့ ပထမဆုံးနယ် customer ဖြစ်သလို ပထမဆုံး အစိုးရရုံးမှာ လုပ်ပေးရတဲ့ project ‌လေးအကြောင်းပြောပြပါရစေ။...

လပွတ္တာမြို့ရဲ့ မြို့နယ် ပညာရေးမှုးရုံးမှာပါ ကွန်ပျူတာလေးလုံးကို window installation အပြင် လိုအပ်တဲ့ softwareလေးတွေလည်း installation လုပ်ပေးခဲ့ပါတယ်။ installation ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ရုံးတွင်းစက်အားလုံးကို local network ချိတ်ပေးတဲ့အပြင် file sharing and printer sharing တွေပါလုပ်ခဲ့ရပါ‌ေသးတယ်။

ပထမဆုံးနယ် customer ဆိုတော့ အဆင်ပြေပါ့မလားတွေးပူရင်းနဲ့ ရောက်သွားတာပါ။ နောက်တစ်ခုက လပွတ္တာဆိုတော့ ရေတွေဘာတွေကြီးမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ရင်တထိတ်ထိတ်နဲ့ သွားရတာပါ။ အသိတွေကလည်း ပြောကြ သတိပေးကြဆိုတော့ မသွားခင်ကတော့စိုးရိမ်မိတာပေါ့။ တစ်ကယ်သွားကြည့်တော့လည်း ပျော်စရာကောင်းပါတယ်။ အဲ့ကသူတွေ ခင်ဖို့လည်းလည်းကောင်းပါတယ်။

နယ်ကနေ ကျနော်တို့ကို ယုံယုံကြည်ကြည်နဲ့ တကူးတက service ခေါ်ပေးတဲ့အတွက်လည်း ကျနော်တို့ဘက်မှ အထူးကျေးဇူးတင်ပါတယ်။ နောက်ကြုံကြိုက်ရင်လည်း အလည် လာခဲ့ပါရစေ။

 ြောင်းသိကောင်းစရာSSD (Solid State Drive) ဆိုတာ Data တွေ သိုလှောင်သိမ်းစည်းနိုင်သော hardisk ရဲ့နောက်မျိုးဆက်တစ်ခုဖြစ်သည်...
20/07/2020

ြောင်းသိကောင်းစရာ

SSD (Solid State Drive) ဆိုတာ Data တွေ သိုလှောင်သိမ်းစည်းနိုင်သော hardisk ရဲ့နောက်မျိုးဆက်တစ်ခုဖြစ်သည်၊၊
SSD Drive တွေက ရိုးရိုးပုံမှန် hardisk တွေထက် အဆပေါင်းများစွာ Data Transfer Rate(Read /Write Speed) မြန်ပါသည်၊၊
SSD တွေကို 1970-1780 ဝန်းကျင်လောက်တည်းက စူပါကွန်ပျူတာအချို့ နှင့် စစ်ပိုင်းဆိုင်ရာတွေမှာစသုံးခဲပေမယ့် ဈေးကြီးပြီးတော Capicity အရမ်းနည်းတာကြောင့်
1990 အစောပိုင်းထိ Customer တွေလက်ထဲမရောက်သေးခဲပါဘူး၊၊2000s နောက်ပိုင်းမှာတော့ ကွန်ပြုတာမြန်နှုန်းတွေအတွက် ပိုမိုအသုံးပြုလာကြပါသည်၊၊
SSD ပေါ်မှာရှိတဲ့ Memory Chip က ကွန်ပျူတာရဲ့ RAM လိုမျိုးသုံးထားပြီး ပုံမှန် Hardisk တွေလို magnetic Platter တွေအစား NAND Flash Memory သုံးထားပြီး
ပုံမှန်Hardisk တွေလို ပါဝါအများကြီးမလိုပါဘူး၊၊ ခုချိန်မှာတော့ SSD Drive တွေက Hardisk Drive နဲ့ ဈေးအရမ်းကြီးမကွာ တော့ပါဘူး၊၊

ွေကို Data အများကြီးကို မြန်မြန် Analysisဖို့လိုတဲ့ business တွေ၊ Read/write(eg. Texture.Maps,Levels,character etc..)အများကြီးလိုအပ်တဲ့
Gaming Computer တွေ၊ ပါဝါအစားသက်သာဖို့အတွက် ရွှေပြောင်းဖိုလို့တဲ့ ပစ္စည်း(Eg.Laptop,tablet,etc..)တွေ၊ Disk or Data ပျက်စီမှုနည်းစေဖို့အတွက် Serverစက်တွေမှာ
ပိုသုံးလာကြပါသည်၊၊

ျိုးအစားတွေကတော့
PCle(PCI express) and NVME(Nonvolatile Memory Express) SSD များဟာ များသောအားဖြင့်
M-2 Type တွေဖြစ်ပြီး နောက်ပိုင်း Generation board တွေမှာ စိုက်ဖို့အတွက် CPU/RAM တို့လို Slotများဖြစ်အသုံးပြုပါသည်၊၊
NVMe တွေက 16GBit /4000MB per second အထိrun နိုင်ပါသည်၊၊

SATA SSD တွေက SATA ကြိုးဖြင့်ချိတ်ဆက်အသုံးပြုကပြီး 6GBit/600MB per second အထိ မြန်နိုင်ပါသည်၊၊

SATA SSD နှင့် Hardisk နှိုင်းယှဉ်မှု

Boot time
Before: 79 seconds
After: 17 seconds

Gaming loading time (GTA V)
Before: 133 seconds
After: 25 seconds

-Solution
Service
Services
www.avast.com

Address

No. 38(A), Thri Street , Hlaing Tsp
Yangon
11051

Website

Alerts

Be the first to know and let us send you an email when IT-Solution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share