mCare Apple Authorised Service Provider

mCare Apple Authorised Service Provider Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from mCare Apple Authorised Service Provider, Mobile Phone Shop, 81, Kabar Aye Pagoda Road (In front of Pearl Condo), Bahan Township, Yangon.

Camera နဲ့ Siri ကို မေးကြည့်မယ်။iOS 27 မှာ Siri AI (Beta) ကို အသုံးပြုထားတဲ့ iPhone တွေအတွက် Camera App ထဲမှာ Siri Mode ...
08/10/2026

Camera နဲ့ Siri ကို မေးကြည့်မယ်။

iOS 27 မှာ Siri AI (Beta) ကို အသုံးပြုထားတဲ့ iPhone တွေအတွက် Camera App ထဲမှာ Siri Mode အသစ်ကို အသုံးပြုနိုင်လာပါပြီ။

Siri Mode in Camera က Visual Intelligence ကို အသုံးပြုထားတာဖြစ်ပြီး

Camera နဲ့ ချိန်ထားတဲ့ အရာတွေကို ကြည့်ကာ သိချင်တာတွေ မေးမြန်းနိုင်ခြင်း၊
သက်ဆိုင်ရာ Information များကို ရှာဖွေနိုင်ခြင်း၊
မြင်နေရတဲ့အရာနဲ့ ဆင်တူတဲ့ပုံများကို အင်တာနက်မှာ ရှာဖွေကြည့်နိုင်ခြင်း တို့ကို ပြုလုပ်ပေးနိုင်ပါတယ်။

အသုံးပြုချင်တယ်ဆိုရင် Camera App ကိုဖွင့်ပြီး Siri ကိုနှိပ်ကာ Siri Mode ကို ပြောင်းလိုက်ပါ။

ပြီးရင် သိချင်တဲ့အရာကို Camera နဲ့ ချိန်ပြီး Siri Button နဲ့ အချက်အလက်တွေ ရယူနိုင်သလို၊ Ask Button ကိုနှိပ်ပြီး ကိုယ်သိချင်တာကို တိတိကျကျ မေးမြန်းနိုင်ပါတယ်။

Siri AI (Beta) ရဲ့ Siri Mode in Camera ကို iOS 27 တင်ထားပြီး၊ Apple Intelligence အသုံးပြုနိုင်တဲ့ iPhone 15 Pro နှင့် နောက်ပိုင်း Model တွေမှာ အသုံးပြုနိုင်ပါတယ်။

Siri နဲ့ iPhone ရဲ့ Device Language ကိုလည်း Supported Language ဖြစ်အောင် သတ်မှတ်ထားဖို့ လိုအပ်ပြီး လက်ရှိမှာ Siri AI ကို English Language နဲ့ စတင်အသုံးပြုနိုင်ပါပြီ။

mCare - Apple Authorized Service Provider
Join us on Telegram → t.me/mCareASP

အသစ်စက်စက် နောက်ဆုံးပေါ်  iPhone 18 Pro Max လေးကိုင်ထားပြီး မတော်တဆ ထိခိုက်ပျက်စီးသွားမှာကိုတော့ စိတ်ပူနေမိမှာပါပဲနော်။ဒ...
07/10/2026

အသစ်စက်စက် နောက်ဆုံးပေါ် iPhone 18 Pro Max လေးကိုင်ထားပြီး

မတော်တဆ ထိခိုက်ပျက်စီးသွားမှာကိုတော့ စိတ်ပူနေမိမှာပါပဲနော်။

ဒါကြောင့် ကိုယ့်တန်ဖိုးကြီး ဖုန်းအသစ်လေးကို မတော်တဆ ထိခိုက်ပျက်စီးမှုတွေ ဖြစ်မလာခင် mCare Ultra Max Protection Plan လေးနဲ့ ကြိုတင်ကာကွယ်ထားလို့ရပါတယ်။

mCare Ultra Max Plan ဆိုတာက နောက်ဆုံးထွက်ရှိထားတဲ့ iPhone 18 Pro / iPhone 18 Pro Max တွေအတွက် အကောင်းဆုံး ကာကွယ်မှုတွေ ပေးသွားမယ့် Premium Protection Plan လေးပဲ ဖြစ်ပါတယ်။

mCare Ultra Max Plan ထဲမှာ ဘာတွေပါ၀င်မှာလဲ။

▪️ Whole-Unit Replacement (1 Year)
iPhone 18 Pro Family ကို ဝယ်ယူပြီး (1) နှစ်အတွင်း မတော်တဆ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါက တစ်ကြိမ်လျှင် (999,000) ကျပ် တည်းနဲ့ ဖုန်းအသစ်တစ်လုံး (Whole Unit) ကို အကြိမ်ရေ အကန့်အသတ်မရှိ လဲလှယ်ခွင့်၊

▪️ Free Battery Replacement (3 Year)
(3) နှစ်အတွင်း Battery Service ပြုလုပ်ရန် လိုအပ်ပါက အကြိမ်ရေ အကန့်အသတ်မရှိ (Unlimited) အခမဲ့ (Free) လဲလှယ်ခွင့်၊

▪️ Front Glass / Back Glass / Camera (1 Year)
ရှေ့မှန် (Front Glass)၊ နောက်မှန် (Back Glass) နဲ့ Camera ပိုင်းမှာ မတော်တဆ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါက (1) နှစ်အတွင်း တစ်ကြိမ်လျှင် (99,000) ကျပ်ဖြင့် အကြိမ်ရေ အကန့်အသတ်မရှိ (Unlimited) လဲလှယ်ခွင့်တို့ ပါ၀င်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် mCare Apple Authorized Service Provider ဖြစ်တာကြောင့် Service ပြုလုပ်ရာမှာ Apple Genuine Parts များကိုသာ အသုံးပြု ပြုပြင်ပေးသွားမှာဖြစ်ပါတယ်။

ဒီလို အကန့်အသတ်မရှိ ကာကွယ်မှုတွေကို (799,000) ကျပ်တည်းနဲ့ ရယူနိုင်မှာဖြစ်လို့ နီးစပ်ရာ mCare Apple Authorized Service Provider မှာ အခုပဲ ဝယ်ယူထားလိုက်တော့နော်။

mCare - Apple Authorized Service Provider
Join us on Telegram → t.me/mCareASP

mCare ကမ္ဘာအေးဆိုင်နဲ့ ပတ်သက်ပြီး ဆက်သွယ်နိုင်ရန်အတွက်
Viber - 09776677733
Telegram - 09776677733
တို့ကို ဆိုင်ဖွင့်ချိန်အတွင်းဆက်သွယ်လို့ရပါတယ်။

mCare (Kabar Aye)
Open Daily (9 AM – 7 PM)
81, Kabar Aye Pagoda Road (In front of Pearl Condo), Bahan Township, Yangon
Tel: 014704700, 09776677733, 09794666000

mCare (Junction Square)
Open Daily (9 AM – 6 PM)
G-045, Multi-Storey Car Park, Secret Garden, Junction Square, Kamayut Township, Yangon
Tel: 014704700, 0933607777, 09794666222

mCare (Mandalay)
Open Daily (9 AM – 6 PM)
Building D-6, 78th Street (Bet. 27th and 28th), Chanayethazan Township, Mandalay
Tel: 014704700, 09799530000, 09799540000

mCare ဆိုင်ခွဲများတွင် အဆင်မပြေမှုများ ရှိပါက တိုင်ကြားရန်
mCare Compliance: 09445002345
Email: [email protected]

iMessage မှာ စာရိုက်နေတုန်း Audio Button လေးကို ခဏခဏ မှားနှိပ်မိဖူးလား။iOS 27 မှာတော့ Text Field ထဲက Audio Button ကို မလ...
06/10/2026

iMessage မှာ စာရိုက်နေတုန်း Audio Button လေးကို ခဏခဏ မှားနှိပ်မိဖူးလား။

iOS 27 မှာတော့ Text Field ထဲက Audio Button ကို မလိုအပ်ရင် ဖျောက်ထားလို့ရနေပါပြီ။

ဖျောက်ထားဖို့အတွက်
Settings > Apps > Messages > Show in Text Field ထဲဝင်ပြီး None ကိုရွေးလိုက်ပါ။

ဒါဆို Text ရိုက်နေတဲ့အချိန်မှာ Audio Button ကို Text Field ထဲကနေ မတွေ့ရတော့ပါဘူး။

ဖျောက်ထားလိုက်လို့ Audio Message နဲ့ Dictation ကို အသုံးပြုလို့မရတော့တာတော့ မဟုတ်ပါဘူးနော်။

Audio Message ပို့ချင်တဲ့အခါ + > Audio ကိုနှိပ်ပြီး ဆက်လက်အသုံးပြုနိုင်သလို၊
Dictation အတွက်တော့ Keyboard အောက်ဘက်မှာရှိတဲ့ Microphone ကို အသုံးပြုနိုင်ပါတယ်။

မတော်တဆနှိပ်မိတာတွေ မကြိုက်ဘူးဆိုရင် အခုပဲ Setting လေး ပြောင်းထားကြည့်လိုက်ပါနော်။

mCare - Apple Authorized Service Provider
Join us on Telegram → t.me/mCareASP

iOS 26 တုန်းကတော့ Lock Screen ပေါ်က Clock Size ကို ကိုယ်လိုသလို ကြီးချင်သလောက် ကြီးလို့ရခဲ့ပြီး အခု iOS 27 မှာတော့ သေးသေ...
05/10/2026

iOS 26 တုန်းကတော့ Lock Screen ပေါ်က Clock Size ကို ကိုယ်လိုသလို ကြီးချင်သလောက် ကြီးလို့ရခဲ့ပြီး

အခု iOS 27 မှာတော့ သေးသေးပိစိလေးထိ စိတ်ကြိုက်ပြောင်းထားလို့ ရနေပြီနော်!

အထူးသဖြင့် ကိုယ်ကြိုက်တဲ့ Wallpaper ပုံလှလှလေးကို Clock Size အကြီးကြီးနဲ့ မဖုံးထားချင်ဘူးဆိုရင် ဒီ Compact Clock Feature လေးက အရမ်းအဆင်ပြေစေမှာပါ။

Clock Size လေးပြောင်းဖို့အတွက်

Lock Screen ကို ကြာကြာလေး ဖိထားပြီး Customize ကိုနှိပ်ပါ။
ပြီးရင် Clock ကိုနှိပ်ပြီး Font & Color ဘေးမှာရှိတဲ့ Control Icon လေးကို နှိပ်လိုက်ပါ။
ဒါဆိုရင်တော့ Clock လေးက သေးသေးလေးဖြစ်သွားပြီး Date ဘေးမှာ ကပ်ရပ်လေး ဖြစ်သွားပါပြီ။

ဒီလိုဆို Clock Size ကို လိုသလို ချိန်ညှိပြီး သပ်ရပ်လှပတဲ့ Lock Screen ပုံစံအသစ်လေးကို ဖန်တီးလို့ရပါပြီ။

iOS 27 တင်ပြီး ကိုယ့် Lock Screen လေးကို ဘယ်လို Customize လုပ်ထားဖြစ်လဲ Comment မှာ ပြခဲ့ဦးနော်။

mCare - Apple Authorized Service Provider
Join us on Telegram → t.me/mCareASP

“Battery Health 80% အောက်ရောက်သွားရင် Battery လဲဖို့လိုပြီလား”Battery Health 80% ဆိုတာ iPhone Battery တွေရဲ့ မူလ Capacit...
04/10/2026

“Battery Health 80% အောက်ရောက်သွားရင် Battery လဲဖို့လိုပြီလား”

Battery Health 80% ဆိုတာ iPhone Battery တွေရဲ့ မူလ Capacity နဲ့ နှိုင်းယှဉ်ကြည့်တဲ့ အချက်တစ်ခုဖြစ်ပေမယ့် Battery လဲဖို့ လို၊ မလိုကတော့ Battery ရဲ့ အခြေအနေနဲ့ Device အသုံးပြုပုံတွေအပေါ်လည်း မူတည်ပါတယ်။

Battery Health ကျလာတာနဲ့အမျှ အရင်လောက် အားမခံတော့တာမျိုး ကြုံတွေ့ရနိုင်သလို၊
Performance ပိုင်းမှာလည်း သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

Battery လဲလှယ်တော့မယ်ဆိုရင်လည်း Apple Genuine Battery နဲ့ လဲလှယ်ပေးတာကတော့ အကောင်းဆုံးပါပဲ။

Apple က တရားဝင်အသုံးပြုဖို့ ထုတ်ပေးထားတဲ့ Genuine Part Battery ဖြစ်တာကြောင့် iPhone တိုင်းနဲ့ ကိုက်ညီမှုရှိပြီး Battery Health ကိုလည်း မူလအတိုင်း မှန်ကန်စွာ ပြသပေးသွားမှာပါ။

mCare Apple Authorized Service Provider မှာတော့ Apple Genuine Part Battery နဲ့ Battery Replacement Service ကို စိတ်ချလက်ချ ရယူနိုင်ပါတယ်။

ဒါ့အပြင် mCare မှာ Battery Replacement Service ပြုလုပ်ပြီးတဲ့အခါ ရက် ၉၀ Warranty ကိုလည်း ရရှိဦးမှာဖြစ်လို့ Battery လဲပြီး နောက်ပိုင်းအတွက်ပါ စိတ်အေးလက်အေး အသုံးပြုနိုင်ပါတယ်။

ကိုယ့်ရဲ့ iPhone Model အတွက် Battery Replacement Service ရ၊မရဆိုတာနဲ့ စျေးနှုန်းအသေးစိတ်ကိုတော့ အောက်မှာပေးထားတဲ့ Link လေးထဲမှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်နော်။

Battery Pricing Link >> https://mcare.com.mm/battery-service-pricing/

iPhone Battery များအပြင် MacBook, Apple Watch, iPad နဲ့ တခြား Accessories များရဲ့ Battery များကိုပါ mCare Apple Authorized Service Provider မှာ လာရောက် ပြုပြင်လဲလှယ်နိုင်ပါပြီ။

mCare - Apple Authorized Service Provider
Join us on Telegram → t.me/mCareASP

mCare ကမ္ဘာအေးဆိုင်နဲ့ ပတ်သက်ပြီး ဆက်သွယ်နိုင်ရန်အတွက်
Viber - 09776677733
Telegram - 09776677733
တို့ကို ဆိုင်ဖွင့်ချိန်အတွင်းဆက်သွယ်လို့ရပါတယ်။

mCare (Kabar Aye)
Open Daily (9 AM – 7 PM)
81, Kabar Aye Pagoda Road (In front of Pearl Condo), Bahan Township, Yangon
Tel: 014704700, 09776677733, 09794666000

mCare (Junction Square)
Open Daily (9 AM – 6 PM)
G-045, Multi-Storey Car Park, Secret Garden, Junction Square, Kamayut Township, Yangon
Tel: 014704700, 0933607777, 09794666222

mCare (Mandalay)
Open Daily (9 AM – 6 PM)
Building D-6, 78th Street (Bet. 27th and 28th), Chanayethazan Township, Mandalay
Tel: 014704700, 09799530000, 09799540000

mCare ဆိုင်ခွဲများတွင် အဆင်မပြေမှုများ ရှိပါက တိုင်ကြားရန်
mCare Compliance: 09445002345
Email: [email protected]

Class ထဲက သင်ခန်းစာတွေကို Voice Memos နဲ့ Rec ဖမ်းထားရုံနဲ့ Text အဖြစ် တိုက်ရိုက်ပြောင်းပေးမယ့် Transcription Feature အက...
03/10/2026

Class ထဲက သင်ခန်းစာတွေကို Voice Memos နဲ့ Rec ဖမ်းထားရုံနဲ့ Text အဖြစ် တိုက်ရိုက်ပြောင်းပေးမယ့် Transcription Feature အကြောင်း သိပြီးပြီလား။

Lecture မှာ Note ယူဖို့၊ Meeting အကြောင်းအရာတွေ မှတ်ထားဖို့ Voice Memo ရိုက်ပြီး ပြန်နားထောင်နိုင်ရုံတင်မကဘဲ

Text အဖြစ် တိုက်ရိုက်ပြောင်းတာ၊
စာတန်းတွေကို Note ထဲ Copy & Paste လုပ်တာ၊
လိုအပ်ရင် AI နဲ့ အကျဉ်းချုပ်ခိုင်းတာအထိ iOS 27 မှာ လုပ်လို့ရနေပါပြီ။

Voice Memos ထဲမှာ Recording လုပ်နေတုန်း Waveform အပေါ်ကနေ Swipe Up လုပ်၊
ဘယ်ဘက်အောက်ထောင့်က Transcription ကိုနှိပ်လိုက်ရင် ပြောနေတဲ့အသံကို Text အဖြစ် တိုက်ရိုက် ကြည့်နိုင်ပါတယ်။

Recording ပြီးသွားရင်လည်း Transcript ကို ပြန်ကြည့်နိုင်သလို လိုအပ်တဲ့စာတွေကို Copy လုပ်ပြီး Note ထဲမှာ ပြန်သိမ်းထားလို့ ရပါတယ်။

ဒါ့အပြင် Transcript ထဲမှာ ကိုယ်ရှာချင်တဲ့ စာလုံး/ အကြောင်းအရာကို Search လုပ်ပြီး အဲ့ဒီအကြောင်းအရာပါတဲ့ Recording ကိုလည်း အလွယ်တကူ ပြန်ရှာလို့ရပါတယ်။

Apple Intelligence ရရှိတဲ့ Model တွေမှာဆိုရင်တော့ Short Description ပါ အကျဉ်းချုပ် ရေးခိုင်းလို့ရပါတယ်။

Voice Memos Transcription ကို iPhone 12 နှင့်အထက် model တွေမှာ အသုံးပြုနိုင်ပြီး ဘာသာစကားနဲ့ Region အလိုက် အသုံးပြုနိုင်မှု ကွာခြားနိုင်ပါတယ်။

စာအများကြီး Note ယူရတဲ့ Student တွေအတွက်တော့ တော်တော်အသုံးဝင်မယ့် Feature လေးဖြစ်တာမို့ သူငယ်ချင်းတွေကိုပါ လက်တို့လိုက်ပါဦးနော်။

iOS 27 ရဲ့ Image Playground App မှာတော့ အရင်ထက်ပိုမိုက်တဲ့ Update အသစ်တွေနဲ့ ပိုပြီး စိတ်ကြိုက် ကလိလို့ရနေပြီနော်။iOS 27...
02/10/2026

iOS 27 ရဲ့ Image Playground App မှာတော့ အရင်ထက်ပိုမိုက်တဲ့ Update အသစ်တွေနဲ့ ပိုပြီး စိတ်ကြိုက် ကလိလို့ရနေပြီနော်။

iOS 27 ရဲ့ Image Playground မှာ

▪️ ပိုပြီး စုံလာတဲ့ Image Style တွေ
ကိုယ်လိုချင်တဲ့ပုံစံကို Style အမျိုးမျိုးနဲ့ ဖန်တီးနိုင်လာသလို
ChatGPT ကိုပါ Style Provider အနေနဲ့ အသုံးပြုပြီး ကိုယ်လိုချင်တဲ့ Style ကို Description ရေးကာ ဖန်တီးနိုင်ပါတယ်။

▪️ ဖန်တီးပြီးသားပုံကို ပြန်ပြင်နိုင်ခြင်း (Targeted Edits)
ပုံထဲက Object တစ်ခုကို Tap၊ Brush ဒါမှမဟုတ် Circle လုပ်ပြီး
ရွှေ့တာ၊ အရွယ်အစားပြောင်းတာ၊ အခြားပုံနဲ့ အစားထိုးတာ၊ ဖယ်ရှားတာတွေ ပြုလုပ်နိုင်ပါတယ်။

▪️ Aspect Ratio ရွေးနိုင်ခြင်း
ကိုယ်ဖန်တီးချင်တဲ့ပုံရဲ့ Ratio ကို Square, Wallpaper, Portrait နဲ့ Landscape အထိ စိတ်ကြိုက် ရွေးချယ်လို့ ရပါတယ်။

Image Playground ကို App တစ်ခုတည်းမှာသာမက Messages, Freeform, Keynote, Pages, Apple Invites နဲ့ Supported Third-Party Apps တွေမှာပါ တိုက်ရိုက် အသုံးပြုနိုင်ပါတယ်။

Image Playground ကို စမ်းကြည့်မယ်ဆိုရင်
Image Playground app ကိုဖွင့် → New Image ကိုနှိပ် → Description ရေးပြီး လိုအပ်တဲ့ Person၊ Photo၊ Style နဲ့ Aspect Ratio တွေ ရွေး → Submit ကိုနှိပ်ပြီး ကိုယ်စိတ်ကူးထားတဲ့ပုံကို ဖန်တီးလို့ရပါပြီ။

Apple Intelligence ပါဝင်တဲ့ iPhone 15 Pro, iPhone 15 Pro Max သို့မဟုတ် iPhone 16 Family နှင့် နောက်ပိုင်း Model တွေမှာ Image Playground ကို အသုံးပြုနိုင်ပါတယ်။

(Apple Intelligence ကို ဘာသာစကားနှင့် Region အလိုက် အသုံးပြုနိုင်မှု ကွာခြားနိုင်ပါသည်။)

iPhone နဲ့ ဓာတ်ပုံရိုက်တိုင်း Timer, Exposure, Styles စတဲ့ Camera Tools တွေကို လိုက်ရှာနေရတုန်းဆို ဒီ Feature လေးကို သိထ...
01/10/2026

iPhone နဲ့ ဓာတ်ပုံရိုက်တိုင်း Timer, Exposure, Styles စတဲ့ Camera Tools တွေကို လိုက်ရှာနေရတုန်းဆို ဒီ Feature လေးကို သိထားသင့်တယ်နော်။

iOS 27 မှာ ကိုယ်အသုံးများတဲ့ Camera Tools တွေကို Camera Frame အပေါ်မှာ အလွယ်တကူတွေ့ရအောင် စိတ်ကြိုက်ပြင်ဆင်ထားလို့ရနေပါပြီ။

Camera Tools တွေကို စိတ်ကြိုက်ပြင်ဖို့

▪️ Camera App ကိုဖွင့်ပါ။

▪️ ညာဘက်အောက်ထောင့်က Camera Controls လေးကိုနှိပ်ပြီး ဘယ်ဘက်အပေါ်က Edit ကိုနှိပ်ပါ။

▪️ Flash, Live Photo, Timer စတဲ့ ကိုယ် ခဏခဏ သုံးဖြစ်တဲ့ Tools လေးတွေကို Camera Frame အပေါ်မှာ ထည့်ထားလိုက်ပါ။ မလိုတာဆိုရင်လည်း Minus (–) လေး နှိပ်ပြီး ဖယ်ထားလို့ရပါတယ်။

▪️ ပြီးရင်တော့ Done ကိုနှိပ်လိုက်ရုံပါပဲ။

တကယ်လို့ မူလ Default ပုံစံအတိုင်း ပြန်ထားချင်ရင်တော့ Reset to Essentials ကိုနှိပ်ပြီး ပြန်ပြောင်းနိုင်ပါတယ်။

ဒီလိုဆို ကိုယ်အမြဲသုံးဖြစ်တဲ့ Camera Tool လေးတွေကို လိုအပ်တဲ့အချိန်တိုင်း အလွယ်တကူ အသုံးပြုနိုင်ပါပြီ။

iPhone လေးနဲ့ ဓာတ်ပုံရိုက်တဲ့အခါ ပိုလွယ်လွယ်နဲ့ မြန်မြန်ရိုက်နိုင်ဖို့ အခုပဲ Customize ထားလိုက်တော့နော်။

နောက်ဆုံးပေါ်  iPhone 18 Pro နဲ့  iPhone 18 ProMax ကိုင်ဆောင်ထားသူတွေအတွက် မရှိမဖြစ် mCare Ultra Max PlanmCare Ultra Max...
30/09/2026

နောက်ဆုံးပေါ် iPhone 18 Pro နဲ့ iPhone 18 ProMax ကိုင်ဆောင်ထားသူတွေအတွက် မရှိမဖြစ် mCare Ultra Max Plan

mCare Ultra Max Plan ဆိုတာက နောက်ဆုံးထွက်ရှိထားတဲ့ iPhone 18 Family အတွက် အကောင်းဆုံး ကာကွယ်မှုတွေ ပေးသွားမယ့် Premium Protection Plan လေးပဲ ဖြစ်ပါတယ်။

mCare Ultra Max Plan ထဲမှာ ဘာတွေပါ၀င်မှာလဲ။

▪️ Free Battery Replacement
(3) နှစ်အတွင်း Battery Service ပြုလုပ်ရန် လိုအပ်ပါက အကြိမ်ရေ အကန့်အသတ်မရှိ (Unlimited) အခမဲ့ လဲလှယ်ခွင့်။

▪️ Front Glass / Back Glass / Camera
ရှေ့မှန် (Front Glass)၊ နောက်မှန် (Back Glass) နဲ့ Camera ပိုင်းမှာ မတော်တဆ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါက (၁) နှစ်အတွင်း တစ်ကြိမ်လျှင် 99,000 ကျပ်ဖြင့် အကြိမ်ရေ အကန့်အသတ်မရှိ (Unlimited) လဲလှယ်ခွင့်။

▪️ Whole-Unit Replacement
iPhone 18 Family ကို ဝယ်ယူပြီး (၁) နှစ်အတွင်း မတော်တဆ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါက 999,000 ကျပ်ဖြင့် အကြိမ်ရေ အကန့်အသတ်မရှိ (Unlimited) လဲလှယ်ခွင့်တို့ ပါ၀င်မှာ ဖြစ်ပါတယ်။

Apple Authorized Service Provider ဖြစ်တာကြောင့် ပြုပြင်မှုတိုင်းမှာ Apple Genuine Parts များ ကိုသာ အသုံးပြုပြီး ဝန်ဆောင်မှုပေးသွားမှာပါ။

ဒီလို အကန့်အသတ်မရှိ ကာကွယ်မှုတွေကို (799,000) ကျပ်တည်းနဲ့ ရယူနိုင်မှာဖြစ်လို့ နီးစပ်ရာ mCare Apple Authorized Service Provider မှာ အခုပဲ ဝယ်ယူထားလိုက်တော့နော်။

mCare - Apple Authorized Service Provider
Join us on Telegram → t.me/mCareASP

mCare ကမ္ဘာအေးဆိုင်နဲ့ ပတ်သက်ပြီး ဆက်သွယ်နိုင်ရန်အတွက်
Viber - 09776677733
Telegram - 09776677733
တို့ကို ဆိုင်ဖွင့်ချိန်အတွင်းဆက်သွယ်လို့ရပါတယ်။

mCare (Kabar Aye)
Open Daily (9 AM – 7 PM)
81, Kabar Aye Pagoda Road (In front of Pearl Condo), Bahan Township, Yangon
Tel: 014704700, 09776677733, 09794666000

mCare (Junction Square)
Open Daily (9 AM – 6 PM)
G-045, Multi-Storey Car Park, Secret Garden, Junction Square, Kamayut Township, Yangon
Tel: 014704700, 0933607777, 09794666222

mCare (Mandalay)
Open Daily (9 AM – 6 PM)
Building D-6, 78th Street (Bet. 27th and 28th), Chanayethazan Township, Mandalay
Tel: 014704700, 09799530000, 09799540000

mCare ဆိုင်ခွဲများတွင် အဆင်မပြေမှုများ ရှိပါက တိုင်ကြားရန်
mCare Compliance: 09445002345
Email: [email protected]

Apple Device လေးမှာ Error တစ်ခုခုဖြစ်နေတယ်၊ Performance ပိုင်းမှာ အရင်လိုမကောင်းတော့ဘူး၊ Wi-Fi နဲ့ Bluetooth ချိတ်ဆက်ရာမ...
29/09/2026

Apple Device လေးမှာ Error တစ်ခုခုဖြစ်နေတယ်၊
Performance ပိုင်းမှာ အရင်လိုမကောင်းတော့ဘူး၊
Wi-Fi နဲ့ Bluetooth ချိတ်ဆက်ရာမှာလည်း အဆင်မပြေဖြစ်နေတယ်ဆိုရင်
Apple Diagnostics Server နဲ့ အသေးစိတ် စစ်ဆေးလို့ရပါတယ်။

Apple Diagnostic Server ဆိုတာက Apple Product တွေရဲ့ Health နဲ့ Performance ပိုင်းဆိုင်ရာ အခြေအနေတွေကို အသေးစိတ် စစ်ဆေးနိုင်တဲ့ Apple ရဲ့ တရားဝင် Official Diagnostic System တစ်ခုဖြစ်ပြီး Apple Authorized Service Provider တွေသာ အသုံးပြုခွင့်ရတဲ့ Official System တစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် Device မှာ ဖြစ်နေတဲ့ Error တွေ၊ Connectivity ပိုင်းဆိုင်ရာ ပြဿနာတွေရှိတဲ့အခါ Diagnostics Server နဲ့ စစ်ဆေးပြီး ရရှိလာတဲ့ Diagnostic Result အပေါ် မူတည်ကာ ပြဿနာဖြစ်ရတဲ့အကြောင်းရင်းကို အဖြေရှာနိုင်မှာပါ။

သင့် Apple Device တွေကို ဘယ်မှာပဲ ဝယ်ထားဝယ်ထား အရေးမကြီးသလို Warranty သက်တမ်း ကုန်ဆုံးနေပြီဆိုရင်တောင် mCare Apple Authorized Service Provider မှာ စိတ်ချလက်ချ လာရောက်စစ်ဆေးနိုင်ပါတယ်။

Apple Device လေးမှာ ဘာဖြစ်နေမှန်းမသိဘဲ အဆင်မပြေမှုတွေ ကြုံနေရရင် Diagnostics Server နဲ့ စစ်ဆေးကြည့်လိုက်ပါ။

mCare - Apple Authorized Service Provider
Join us on Telegram → t.me/mCareASP

mCare ကမ္ဘာအေးဆိုင်နဲ့ ပတ်သက်ပြီး ဆက်သွယ်နိုင်ရန်အတွက်
Viber - 09776677733
Telegram - 09776677733
တို့ကို ဆိုင်ဖွင့်ချိန်အတွင်းဆက်သွယ်လို့ရပါတယ်။

mCare (Kabar Aye)
Open Daily (9 AM – 7 PM)
81, Kabar Aye Pagoda Road (In front of Pearl Condo), Bahan Township, Yangon
Tel: 014704700, 09776677733, 09794666000

mCare (Junction Square)
Open Daily (9 AM – 6 PM)
G-045, Multi-Storey Car Park, Secret Garden, Junction Square, Kamayut Township, Yangon
Tel: 014704700, 0933607777, 09794666222

mCare (Mandalay)
Open Daily (9 AM – 6 PM)
Building D-6, 78th Street (Bet. 27th and 28th), Chanayethazan Township, Mandalay
Tel: 014704700, 09799530000, 09799540000

mCare ဆိုင်ခွဲများတွင် အဆင်မပြေမှုများ ရှိပါက တိုင်ကြားရန်
mCare Compliance: 09445002345
Email: [email protected]

Address

81, Kabar Aye Pagoda Road (In Front Of Pearl Condo), Bahan Township
Yangon
11201

Opening Hours

Monday 09:30 - 19:30
Tuesday 09:30 - 19:30
Wednesday 09:30 - 19:30
Thursday 09:30 - 19:30
Friday 09:30 - 19:30
Saturday 09:30 - 19:30
Sunday 09:30 - 19:30

Telephone

+959776677733

Website

Alerts

Be the first to know and let us send you an email when mCare Apple Authorised Service Provider posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share