HONOR Wifi router UPS

HONOR Wifi router UPS Wifi Ups and power supply seller

07/06/2024

ဟာ 🙄

15/05/2024

ဂစ်တာကြိုး စနစ်တကျထည့်နည်း

ဂစ်တာကြိုးလဲရာမှာ ပုံမှာပြထားသည့်အတိုင်း စနစ်တကျလဲပါက ကြိုးပြတ်ထွက်ခြင်းကိုကာကွယ်နိုင်သည့်အပြင် ကြိုးအစသိမ်းရာမှာလည်း လှပသေသပ်ပါမည်...

ဒါနဲ့ ဂစ်တာကြိုးညှိဖို့ ဖုန်းထဲမှာဆို Guitar Tuna app လေးက မိုက်တယ်နော်...

ဆင်ပြေကြပါစေဗျာ

02/05/2024

နာရီမှာ လက်တံ ၃ ခုရှိတယ်။
အဲ့ထဲကတစ်ခုကတော့
စက္ကန့်တံဆိုပြီး ကျော်ကြားတယ်။
ဒီစက္ကန့်တံက ရှိတော့ရှိတယ်။
ဒါပေမယ့် သူ့ကို ထည့်မပြောကြဘူး။

အားလုံးပြောကြတာက
"ဆယ်နာရီ ဆယ်ငါးမိနစ် ရှိပြီ" လို့ပဲ
ပြောကြတယ်။
ဘယ်သူကမှ
"ဆယ်နာရီ ဆယ်ငါးမိနစ် လေးစက္ကန့်" ဆိုပြီး
ထည့်မပြောကြဘူး။
တကယ်တော့ ဒီစက္ကန့်တံဟာ ကျန်လက်တံ
နှစ်ခုထက် ပိုပြီးအလုပ်တွေ လုပ်သလို
ကျန်လက်တံနှစ်ခု ရှေ့ရောက်ဖို့လဲ
ကူညီပေးတယ်။

အလားတူ

ကျနော်တို့ဘဝထဲမှာလဲ အဲ့ဒီလို စက္ကန့်တံနဲ့ တူတဲ့
သူတွေ ရှိတတ်ကြပါတယ်။သူတို့ကိုတော့
စကားထဲမှာထည့် မပြောပေမယ့် ကျနော်တို့ တိုးတက်ဖို့ သူတို့ရဲ့ကြိုးစားမှု့တွေ မုချပါပါတယ်။
life

01/05/2024

လိုအပ်ရင် Save ထားပါ
အသုံးလိုတဲ့အခါ ပြန်မရှာရအောင်...

12လက်မ = 1 ပေ
3ပေ = 1 ကိုက်
22 ကိုက် = 1 သံကြိုး
10 သံကြိုး = 1 ဖာလုံ
8ဖာလုံ =1 မိုင်
16 အောင်စ = 1 ပေါင်
14 ပေါင် = 1 စတုန်
2 စတုန် = 1ကွာတ
4 ကွာတ = 1 ဟန်ဒရိတ်
20 ဟန်ဒရိတ်= 1 တန်
2 ရွေးကလေး = 1 ရွေးကြီး
4 ရွေးကြီး = 1 ပဲ
2 ပဲ = 1 မူး
2 မူး = 1 မတ်
2 မတ် = 1 ငါးမူး
2 ငါးမူး = 1 ကျပ်
16 ပဲ = 1 ကျပ်သား
၃၆ ပရမာဏုမြူ = ၁ အဏုမြူ
၃၆ အဏုမြူ = ၁ လိက္ခာမြူ
၇ လိက္ခာမြူ = ၁ သန်းဦးခေါင်း
၇ သန်းဦးခေါင်း = ၁ မုန်ညင်းလုံး
၃ မုန်ညင်းလုံး = ၁ နှမ်းလုံး
၄ နှမ်းလုံး = ၁ ဆန်လုံး
၄ ဆန်လုံး = ၁ ချင်းရွေး
၈ ချင်ရွေး = ၁ ပဲ
၅ ပဲ = ၁ မတ်
၂ မတ် = ၁ ငါးမူး
၂ ငါးမူး = ၁ ကျပ်
၅ ကျပ် = ၁ ပို
၂၀ ပို = ၁ ပိသာ
၃ လက်ဘက်ရည်ဇွန်း = ၁ စားပွဲဇွန်း
၂ စားပွဲဇွန်း = ၁ အရည်အောင်စ
၂လမြူ = ၁ လမြက်
၂လမြတ် = ၁ လမယ်
၂လမယ် = ၁စလယ်
၂စလယ် = ၁ခွက်(၄ဘူး)
၂ခွက် = ၁ပြည်(၈ဘူး)
၄ပြည် = ၁စိတ်
၂စိတ် = ၁ခွဲ
၂ခွဲ = ၁တင်း
၁တင်းခွဲ = ၁အိပ်
စပါး ၂၅တင်း = လှည်းတစ်စီးတိုက်
ဆန်တစ်အိပ် = ၁၀၈ ပေါင်
မြန်မာအတိုင်းအတာအခေါ်များ -
၁၀ ဆံချည် = ၁ နှမ်း
၆ နှမ်း = ၁ မုယော
၄ မုယော = ၁ လက်သစ်
၈ လက်သစ် = ၁ မိုက်
၃ မိုက် = ၁ တောင်
၄ တောင် = ၁ လံ
၇ တောင် = ၁ တာ
၂၀ တာ = ၁ ဥသာဘ
၂၀ ဥသာဘ = ၁ ကောသ
၄ ကောသ = ၁ ဂါဝုဒ်
၄ ဂါဝုဒ် = ၁ ယူဇနာ
၁ ယူဇနာ = ၁၂ မိုင် ၆ ဖာလုံ ၄ သံကြိုး
၁ တောင် =၁ ပေခွဲ
၁ လံ = ၆ ပေ
၁ မိုက် = ၆ လက်မ
၁ ထွာ = ၉ လက်မ
°F = 1.8 °C+32 (°F to °C)
K =°C +273 (K to °C )

or Virtual Storage
1 Bit = Binary Digit
8 Bits = 1 Byte
1024(B) Bytes = 1 Kilobyte (KB)
1024(KB) Kilobytes = 1(MB) Megabyte
1024(MB) Megabytes = 1(GB) Gigabyte
1024(GB) Gigabytes = 1(TB) Terabyte

Storage
1 Bit = Binary Digit
8 Bits = 1 Byte
1000 (B)Bytes = 1(KB) Kilobyte
1000(KB) Kilobytes = 1 (MB)Megabyte
1000(MB) Megabytes = 1(GB) Gigabyte
1000 (GB)Gigabytes = 1(TB) Terabyte
1000 millisecond = 1 second
1000000 microsecond = 1second
1000000000 nanosecond = 1second
1 kilohertz = 1000 hertz
1megahertz = 1000 kilohertz
1 gigahertz = 1000 megahertz
A1 594 x 841 mm 23.4 x 33.1 in
A2 420 x 594 mm 16.5 x 23.4 in
A3 297 x 420 mm 11.7 x 16.5 in
A4 210 x 297 mm 8.3 x 11.7 in
A5 148 x 210 mm 5.8 x 8.3 in
A6 105 x 148 mm 4.1 x 5.8 in
A7 74 x 105 mm 2.9 x 4.1 in
A8 52 x 74 mm 2.0 x 2.9 in
A9 37 x 52 mm 1.5 x 2.0 in
A10 26 x 37 mm 1.0 x 1.5 in
Letter 216 x 279 mm 8.5 x 11.0 in 1:1.2941
Legal 216 x 356 mm 8.5 x 14.0 in 1:1.6471

of Length
1 centimetre (cm)= 10 millimetres(mm)
1 metre(m) = 100 centimetres(cm)
1kilometre(km)= 1000 metres(m)
1Inch = 2.54 centimeter
1 m = 3.28 ft
1mile = 1.6090 Km
1 gram (g) = 1,000 milligrams(mg)
1 kilogram (kg) = 1,000 grams (g)
1 Liter (L) = 1000 grams(g)
1 Liter (L) = 1000 milliliter(ml)
1 Liter (L)=1.057 quarts(qt)
1 milliliter(ml) = 1 cubic centimeter (cc)
1 gram(g) = 1 cubic centimeter (cc)
1 pound (lb)= 453.59 grams(g)
2.21 pounds = 1 kilograms
၁ တန် = ၂၂၄၀ ပေါင်
၁ ပိသာ = ၃.၆ ပေါင်
ဘိလပ်မြေ၁ အိတ် = ၁၁၂ ပေါင်
1Gallon = 2 Viss ( ပိသာ )
1 gallon = 4 quarts
သစ် ၁ တန် = ၅၀ ကုဗပေ
၁ ဟန်ဒရိတ် = ၁၁၂ ပေါင်
၂၀ ဟန်ဒရိတ်( CWT ) = ၁ တန်
၁ တန် = ၂၂၄၀ ပေါင်
၁ ပိသာ = ၃.၆ ပေါင်
၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၁ ဧက = 0.404686 Hectares
ဘိလပ်မြေ၁ အိတ် = ၁၁၂ ပေါင် ( ၁ ဟန်ဒရိတ် ၊ 1 CWT)
1 Gross= 12 Dozen
Liquid 1 m3 = 218.67 Gallons
1Drum = 50 Gallons
1 ft3 = 6.24 Gallons
1Gallon = 2 Viss ( ပိသာ )
1CWT = 31.11 Viss
1lb = 0.278 Viss
Water 1Gallon = 8.34 lbs
Glue 1Gallon = 10.70 lbs
1Inch = 2.54 centimeter
1cm = 0.3937 inch
1ft = 0.3048 meter
1 m = 3.28 ft
1 m2 = 10.80 ft2
1 Yard (ကိုက် ) = 0.9144 m
1 m = 1.0940 yards
1mile = 1.6090 Km
1Km = 0.6214 Mile
1 Gallon = 4.54 Liters
1Liter = 0.22 Gallon
1Ounces = 28.53 Grams
1Gram = 0.0352 Ounce
1Kg = 2.2 lb
1lb = 0.4536 Kg
၁ ကျပ်သား = ၁၆.၃၂၉၃ ဂရမ်

&
၁ ကျင်း = ၁၀၀ ကုဗပေ
အလျားxအနံxအမြင့် မြှောက်ကာ ကျင်းဖွဲ့တွက်သည်။


1 ton = 50 cft
အသား ၅၀ကုဗပေ ကို တစ်တန် ဟုတွက်သည်။
လက်သမားတွက် သစ်တစ်တန်
ထု ၂၀ လက်မ × ဗြက် ၂၀ လက်မ ×အရှည် ၁၈ ပေ
(သို့)
၄၀၀ လက်မ × အရှည် ၁၈ ပေ
ကိုတစ်တန်ဟုတွက်သည်။
(ကျသင့်ငွေ=ထု×ဗြက်×အရှည်×1တန်တန်ဖိုး×အချောင်းရေ÷7200)
ဥပမာ 1တန် 720000ဖြင့် 4" 2" အရှည် 9ပေ အချောင်း 50 တန်ဖိုးရှာရန်
ကျသင့်ငွေ=4×2×9×720000×50÷7200 ကျပ်
=360000 ကျပ်
၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၁ ဧကရှိသော စတုရန်းပုံအနားတစ်ဖက် = ၂၀၈.၇၁ပေ(၂၀၉)
၁ ဧကရှိသော စတုရန်းပုံ ပတ်လည်အနား = ၈၃၄.၈၄ ပေ(၈၃၆)
မြေဧက ဖွဲ့နည်း တွက်နည်း နှင့် စိုက်ပျိုးပင် တွတ်နည်း
=============
တစ်ဧက = ၄၃၅၆၀ စတုရန်းပေ
လေးနားညီ စတုရန်း= လျား ၂၀၈.၇၁ ပေ x နံ ၂၀၈.၇၁ ပေ။
နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560
နှစ်နားပြိုင် တြာဗီဇီယံ = ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560
တြိဂံ = ၀.၅xအခြေxအမြင့် ÷ 43560
တြိဂံ = ½ အခြေxအမြင့် ÷ 43560
ထောင့်မှန် တြိဂံ - အခြေxအမြင့် = ရလာဒ် ÷ ၂ ÷ 43560
စက်ဝိုင်း - အချင်းဝက်x အချင်းဝက်x 3.1416 ÷ 43560
စက်ဝိုင်း - အချင်းxအချင်းx .၇၈၅၄ ÷ 43560
ပုံသေ မြှောက်ကိန်း ၀.၇၈၅၄
၀.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို (အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်းကွက် ဖေါ်သည်။
အနား ၅မျက်နှာ ၆မျက်နှာနှင့် အနားများစွာ = စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ် ပြီးတွက်
ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။

#ခြံမြေကွက်အကျယ်အဝန်းအရ_စိုက်ပင်_တွက်နည်း
( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ…. )
(A) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကို မြှောက်။
(B) ခြံကွက်၏ လျား x နံ မြှောက်ကိန်း ÷ ပင်ခြား ကွာဝေးမြှောက်ကိန်း
မြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀ စတုရန်းပေ
သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄
၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ ပင်
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည်
၄၁၆ x .၁၅ = ၆၂
၄၁၆ + ၆၂= ၄၇၈ ပင်
(C) ဧကပြည့် ( ၁ ဧက ) တွက်လျှင်
စိုက်ပင်အကွာအဝေး နှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။
စိုက်ပင်ကွာဝေး ၁၉ x ၁၉ = ၃၆၁
၄၃၅၆၀ ÷ ၃၆၁ = ၁၂၀
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက်
၁၂၀ + ၁၈ = ၁၃၈ ပင်

01/05/2024

ကားမောင်းနေရင်း ရုတ်တရက်ကားဘရိတ်ပေါက်သွားခဲ့မယ်ဆိုရင် သင်ဘာလုပ်မလဲ ?

ဒီနေ့မှာတော့ ကားမောင်းတဲ့သူတော်တော်များများအတွက် ဒီလိုအခြေအနေနဲ့ကြုံလာရင် ဘယ်လိုမျိုးဖြေရှင်းလို့ရနိုင်လဲဆိုတာကို ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်🤗

ဘယ်လိုမျိုးဖြေရှင်းနိုင်လည်းဆိုတော့ ပထမဆုံးအချက်ကတော့ -

✅ အနီးနားရှိကားတွေကို အန္တရာယ်မဖြစ်အောင် အချက်ပြပါ။
ယဉ်ရှင်းသောလမ်းကြောကို ပြောင်းယူပါ။ အချက်ပြစုံမီး ပြပါ။ ဟွန်းတီးပြီး မိမိကားစက်ချွတ်ယွင်းနေကြောင်း လမ်းကြောတူအရှေ့ကားများကို သတိပေးပါ။ တချိန်ထဲမှာပဲ 𝐁𝐫𝐚𝐤𝐞 𝐏𝐞𝐝𝐚𝐥 ကို ခြေဖြင့်လေးငါးကြိမ်နင်းစမ်းပြီး 𝐏𝐨𝐰𝐞𝐫 တက်အောင်လုပ်ကြည့်ပါ။

✅ (𝐌𝐚𝐧𝐮𝐚𝐥 𝐓𝐫𝐚𝐧𝐬𝐦𝐢𝐬𝐬𝐢𝐨𝐧) ကားများအတွက်လက်ရှိ သွားနေတဲ့ဂီယာကနေ နံပါတ်အမြင့်ဆုံးကို တဆင့်ချင်းချိန်းချပါ။ ဥပမာ သင့်ကားကဂီယာနံပါတ် ၄ ကနေ နံပါတ် ၁ အထိကို တဆင့်ချင်းချိန်းချပြီး ကားဂီယာဘောက်ကတစ်ဆင့် ကားရဲ့အရှိန်ကိုပုံမှန်ထက်ပိုပြီး မြန်မြန်အရှိန်လျော့သွားစေမှာ ဖြစ်ပါတယ်။

(𝐀𝐮𝐭𝐨𝐦𝐚𝐭𝐢𝐜 𝐓𝐫𝐚𝐧𝐬𝐦𝐢𝐬𝐬𝐢𝐨𝐧) ကားများအတွက် –

အော်တိုဂီယာကားတွေဆိုရင်တော့ ဂီယာ 𝐃 ကနေ 𝟐 ထိုမှ 𝐋 အထိ မန်ယူရယ်ဂီယာတွေအတိုင်း ပြောင်းထိုးပြီး ကားအရှိန်ကို လျော့သွားအောင်လုပ်ပါ။ ဂီယာပြောင်းပြီး ကားအရှိန်လျော့သွားအောင်လုပ်ခြင်းကို 𝐄𝐧𝐠𝐢𝐧𝐞 𝐁𝐫𝐚𝐤𝐢𝐧𝐠 လုပ်တယ်လို့ခေါ်ပါတယ်။

(အထူးရှောင်ကြဉ်ရန် – 𝐅𝐫𝐞𝐞 𝐆𝐞𝐚𝐫/ 𝐍 𝐍𝐞𝐮𝐭𝐫𝐚𝐥 𝐆𝐞𝐚𝐫 ကို လုံးဝမထိုးမိဖို့ သတိထားပါ။ 𝐅𝐫𝐞𝐞 𝐆𝐞𝐚𝐫 ထိုးလိုက်ခြင်းက အင်ဂျင်နဲ့ဂီယာဘောက်စ် ကို အဆက်အသွယ်ဖြတ်လိုက်ခြင်းဖြစ်ပြီး ကားရဲ့ လက်ရှိသွားတဲ့အချိန်ကို ထိန်းထားနိုင်စွမ်းရှိမှာမဟုတ်ပါဘူး။ )

✅ နောက်ထပ်လုပ်ရမှာကတော့ ကားရဲ့အဲကွန်းမီး 𝐇𝐞𝐚𝐭𝐞𝐫 အစရှိတဲ့ 𝐀𝐜𝐜𝐞𝐬𝐬𝐨𝐫𝐢𝐞𝐬 အားလုံးကိုသုံးပါ။ ဒီလိုလုပ်ခြင်းဖြင့် ကားရဲ့အရှိန်နဲ့ပါဝါကို 𝐀𝐥𝐭𝐞𝐫𝐧𝐚𝐭𝐨𝐫 ကနေတဆင့် လျော့ချသွားမှာဖြစ်ပါတယ်…

(𝐀𝐥𝐭𝐞𝐫𝐧𝐚𝐭𝐨𝐫 ဆိုတာကတော့ မြန်မာလို မော်တာလို့သိကြပြီး 𝐁𝐚𝐭𝐭𝐞𝐫𝐲 ကို ကားမောင်းနေစဉ် အားသွင်းပေးပြီး ကားလည်ပတ်ဖို့လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကို လျှပ်စစ်ဓါတ်ပို့လွှတ်ပေးနေတဲ့ အရာဖြစ်ပါတယ်။

✅ နောက်ဆုံးအနေနဲ့ 𝐄𝐦𝐞𝐫𝐠𝐞𝐧𝐜𝐲 𝐁𝐫𝐚𝐤𝐞/ 𝐇𝐚𝐧𝐝 𝐁𝐫𝐚𝐤𝐞 ကို တဖြည်းဖြည်းချင်းဆွဲတင်ပြီး ကားအရှိန်ကိုထိုးကျသွားအောင်လျော့ပါ။ အရေးပေါ်ဘရိတ် 𝐇𝐚𝐧𝐝 𝐁𝐫𝐚𝐤𝐞 က ကားရဲ့နောက်ဘီးနှစ်လုံးကိုဘဲ ထိန်းပေးတာကြောင့် 𝟐𝟎𝐤𝐦/𝐡𝐫 နှုန်းသွားနေတဲ့ အမြန်ကိုပဲထိန်းပေးနိုင်မှာပါ။ 𝐇𝐢𝐠𝐡 𝐒𝐩𝐞𝐞𝐝 နဲ့ သွားနေတဲ့အချိန် အသုံးပြုလိုက်ရင် ကားဟာချာလည်ပတ်လည် သွားမှာပါဖြစ်ပါတယ်။

✅ အဆုံးအရှုံးနဲနိုင်မယ့်နည်းကိုရွေးချယ်ပါ။
ရွေးချယ်စရာမရှိတော့တဲ့ အချိန်မျိူးရောက်သွားခဲ့ရင်တော့ အဆုံးအရှုံးနဲနိုင်မဲ့ နည်းကိုပဲရွေးချယ်ဖို့ဆုံးဖြတ်ချက်ချပါ။ အကာအရံတစ်ခုခုကို ကားရဲ့ဘေးပါးခြမ်းနဲ့ ပွတ်ဆွဲပြီး ကားရဲ့အရှိန်ကိုလျော့လိုက်လို့ရပါတယ်။

ခုပြောပြသွားတဲ့အချက်တွေ ကားဘရိတ်ပေါက်သွားမယ်ဆိုရင် အရှိန်လျော့ချဖို့၊ အသက်အန္တရာယ်ကင်းဖို့နဲ့ အထိအခိုက်နဲစေဖို့ ပြုလုပ်နိုင်တဲ့အချက်တွေပဲဖြစ်ပါတယ်။ အန္တရာယ်ကင်းတဲ့ မောင်းနှင်မှုဖြစ်ကြပါစေ….

ဒီလို ကားနဲ့ပတ်သတ်တဲ့ Knowledge Sharing Post လေးတွေကို လစဉ် တင်ပေးသွားမှာဖြစ်လို့ PRO RACING Page လေးကို like & follow လုပ်သွားဖို့မမေ့နဲ့နော် 😊



#ကားဘရိတ်ပေါက်

Address

အမှတ်(၁၃၆)လက်ဝဲသုန္ဒရလမ်း ၁၆ရပ်ကွက်၊ရွှေပေါက္ကံ
Yangon

Telephone

+959767661802

Website

Alerts

Be the first to know and let us send you an email when HONOR Wifi router UPS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share