Wai Yan & Brothers Electrical & Plumbing Service Group

Wai Yan & Brothers Electrical & Plumbing Service Group Good Service

02/06/2023
02/06/2023
14/05/2023

"Breaker ရဲ့အစ fuse က "
====================

ကျနော်မှတ်မိသလောက် ပြောရရင်ရွာမှာ မီးရတာ 1985လောက်ကတည်းကပါ။ အိမ်တွေမှာ ဖျူ့(fuse)တွေကို အသုံးပြုကြပါတယ်။

ကျနော်တို့ရွာလေးမှာ 2000ပြည့်နှစ်၊ ကျနော် 10နှစ်သား လောက်အထိ circuit breaker တွေ သုံးစွဲတာ မရှိသေးဘူး။ မြို့ကြီးတွေမှာတော့ အသုံးပြုနေပြီလား မပြုဘူးလားဆိုတာကိုတော့ကျနော်မပြောနိုင်ပါဘူး။
တကယ်တော့ ဖျူ့(fuse)တွေအစား circuit breaker ကို အစားထိုးဖို့ 1879 ခုနှစ်မှာ Thomas Edison က တီထွင်ခဲ့ပါတယ်။

ကနဦးဆုံး circuit breaker တွေဟာ ဖျူးစ်တွေအစား နေရာယူလာတာက over current (short circuit) နဲ့ overload ဖြစ်လျှင် အသစ်ဖျူးစ်စံ ပြန်လဲစရာမလိုအဲ့ အားသာချက်ပါ။

ဖျူးစ်နဲ့ 1879ခုနှစ်က စထွင်ခဲ့တဲ့ breaker တွေက လုပ်ဆောင်ချက် အတူတူသာရှိပါသေးတယ်။သုံးစွဲ လျှပ်စစ်ပစ္စည်းတွေကို မထိခိုက်မပျက်စီးအောင်ကိုသာ ကာကွယ်နိုင်ပါတယ်။

သို့သော် ခုလို နည်းပညာတိုးတတ်လာ ပြီးနောက်ပိုင်းမှာတော့ Electric Device တွေကို updateအဖြစ် ဆန်းသစ်လာခဲ့ကြတယ်။

ခုဆိုအသက်အန္တရာယ်ကာကွယ်နိုင်ဖို့ circuit breaker တွေအထိ ထပ်ပေါ်လာကြပါတယ်။

ဒါကြောင့် breakerကို မှန်မှန်ကန်ကန် ရွေးချယ်တပ်ဆင်မယ်ဆို DB တွေမှာ ဗျုစ်တွေ မလိုပါဘူး။ သို့သော် Control Panel တွေနဲ့ Indicator lamp တွေမှာတော့ fuse တွေ လိုအပ်နေတုန်းပါ။ နေရာယူနေကြတုန်းပါ။

ခုချိန်မှာတော့ over current, overload နဲ့ earth fault အပါ ကာကွယ်ရန် protection device တစ်ခုအဖြစ်
RCBO သို့မဟုတ် MCB+RCCB တို့ ပေါင်းစပ်တပ်ဆင်ပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။

Current သဘောတရားက သုံးစွဲမှု များလာလေ ပို၍ များများစီးဆင်လေ။ များများစီးဆင်လေ အပူများများ ပိုထွက်လာလေပါပဲ။

အပူများများ ပိုထွက်လေ ဖုံးအုပ်ထားတဲ့ insulator တွေရဲ့ capacity ကျဆင်းလေပယပေါ့။

ကြာလာရင် အပူလွန်ကဲကာ ပေါက်ပြဲမီးလောင်းခြင်း၊ ရှော့ဖြစ်စေချင်းနှင့် မလိုအပ်တဲ့ ပြသနာတွေ ဖြစ်ပေါ်စေပါတယ်။

ထိုအန္တရာယ်တွေကာကွယ်ဖို့ protection device အနေနဲ့ ကျနော်တို့တွေ အမျိုးမျိုးသော circuit breaker တွေ အသုံးပြုဖို့ လိုအပ်လာခြင်း ဖြစ်ပါတယ်။

C.B (circuit breaker) တွေဟာ voltage level အလိုက်အမျိုးအစား ကွဲပြားကြပါတယ်။

ဗို့အားနိမ့် (Breaker in low voltage )
-----------------------
1.Molded Case Circuit Breaker(MCCB)
2.Miniature Circuit Breaker(MCB)
3.Earth Leakage Circuit Breaker(ELCB)
4.Residual Current Device (RCD or RCCB)
5.Residual Current Circuit Breake withoverload (RCBO)
*******************************************

Breaker in medium and high voltage
------------------
1.Oil Circuit Breaker(OCB) {H.V မှာအသုံးများ}
2.Air Blast Circuit Breaker (ABCB)
3.Vaccum Circuit Breaker (VCB)
4.Gas Circuit Breaker (GCB) {H.V မှာအသုံးများ}
ဒါတွေကတော့ AC (Alternating Current) မှာ သုံးတဲ့ breaker ပါ။

DC (Direct Current) မှာသုံးတဲ့ breaker များလဲ ရှိပါတယ်။
DC Circuit Breaker
1.Solid State Circuit Breaker(SSCB)
2.Hybird DC Circuit Breaker (HDCCB)
C.B (circuit breaker)တွေရဲ့ အလုပ်လုပ်ပုံနဲ့
Circuit breaker ခွဲခြားသတ်မှတ်ပုံတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။ DC C.B တွေကို ဆက်လက်ရှင်းပြပေးသွားပါမယ်။

Credit: Aung Thu

14/05/2023

Relay အကြောင်းမသိသေးသူများအတွက်ရည်ရွယ်ပါသည်
1.Relay ရဲ့အဓိပ္ပါယ်
2.Relay အလုပ်လုပ်ပုံ
3.Relay အသုံးပြုပုံ
တွေကိုကျနော်သိသမျှတင်ပြပေးပါမယ်
1. Relay ဆိုတာက Electromagnetic Switch ပါ
Electrical signal နဲ့ထိန်းချုပ်တဲ့ Switch ခလုပ်‌ပါ
2. Relay အလုပ်လုပ်ပုံကတော့
သူ့အထဲမှာ coil တခုနဲ့ contact point လေးတွေရှိပါတယ်
coil ကelectrical signal +&- ရရင် magnetic field ထွက်လာပီး contact point မှာတွဲထားတဲ့ သံပြားလေးကိုလှမ်းဆွဲပီး point နှစ်ခုကိုထိစေပါတယ်
အဲ့လိုထိသွားရင် pointရဲ့တဖက်မှာရှိတဲ့ power source ကနေ နောက်တဖက်မှာရှိတဲ့ electrical load ဆီကို current စီးသွားပါတယ်
current များများအသုံးပြုတဲ့ load အတွက် contact point ကြီးကြီးလိုပါတယ်
contact point ကြီးရင် relay ပါကြီးသွားပီး
သူအလုပ်လုပ်ဖို့ပေးရတဲ့ signal current လည်းများလာပါတယ်
3.လေးငုတ် relayမှာ နှစ်ငုတ်က သူအလုပ်လုပ်ဖို့ signal ဖြစ်ပီး ကျန်နှစ်ငုတ်က NO normally open ငုတ်တွေဖြစ်ပါတယ်
အများအားဖြင့် NO ငုတ်တခုမှာ standby power ထားပီး နောက်တခုကို load နဲ့ series ချိတ်ထားပါတယ်
-5ငုတ် relay မှာ 2ငုတ်က signal
NO တငုတ် NC တငုတ် Common တငုတ်
relay off နေရင် NCနဲ့Common ထိနေပီး
relay on နေရင် NOနဲ့Common ထိပါတယ်
-3ငုတ် relayလည်းရှိပါတယ်
သူက signalနဲ့NOကိုပေါင်းထားတာပါ
minus signalနဲ့ control လုပ်ရင် ပေါင်းထားတဲ့ငုတ်မှာ plus ထားပီး NOအထွက်မှာ plus ထွက်မှာပါ
plus signal controlဆိုရင် NOမှာ minusထွက်မှာပေါ့
Relay မှာ အနည်‌းဆုံး 3ငုတ်‌ က‌နေ
contact point နှစ်‌ခုဆိုရင်‌ 8ငုတ်‌ စသဖြင်‌့ contact point များရင်‌များသလို ငုတ်‌အ‌ရေအတွက်‌လည်‌းများလာပါမယ်‌
👉 Relay ကိုဘာကြောင့်သုံးရလဲဆိုတော့
high current load တွေ on/off လုပ်တဲ့အခါ
comfort, remote ဖြစ်ပီး နေရာသက်သာ ရေရှည်ခံပီး လဲလို့လည်းလွယ်ပါတယ်
control သက်သာအောင် ctlနဲ့loadကြား ကြားခံအနေနဲ့ သုံးတာပါ
hydraulic MCV ကို pilot controlနဲ့ ခိုင်းသလိုပေါ့
ဥပမာ
စက်မှာ starter motor ကို key switch ကနေတိုက်ရိုက်ခိုင်းရင် ခုသုံးနေတဲ့ switchထက်ကြီးတာလိုပါတယ်
နောက် start motor ကနေ key switchကိုချိတ်ထားတဲ့ wire နှစ်ချောင်းကို ampere များများနိုင်တဲ့ ဂိတ်ကြီးတဲ့ကြိုးကိုသုံးရပါမယ်
-အဲ့ဒီမှာ relayကြားခံသုံးပီး သူ့ကို starter နားထားရင်
comfort - start switchအသေးနဲ့ သက်သက်သာသာ သုံးရတယ်
remote - starter နဲ့ relay ကြားမှာရှိတဲ့
big wire ကို တိုတိုသုံးထားပီး
start switch နဲ့ relay ကြားကို small wireသုံးနိုင်ပါပီ
နောက် ECUတွေ PLC တွေကနေ solenoidတွေ high load တွေကို on/off control လုပ်တဲ့အခါ
relayကိုကြားခံသုံးလိုက်ရင် controller အလုပ်လုပ်ရတာအများကြီးသက်သာပါတယ်
-မှတ်ချက်
controller က currentနဲ့ control လုပ်ရတဲ့ power sh*tလို EPPRလို solenoidတွေမှာတော့
relay ကြားခံသုံးလို့မရပါ
ဒီလောက်ဆိုရင်တော့ relay အကြောင်းသဘောပေါက်လောက်ပါပီ
C‌redit: ကျော်‌ ကိုတစ်

12/05/2023

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959783547792

Alerts

Be the first to know and let us send you an email when Wai Yan & Brothers Electrical & Plumbing Service Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Wai Yan & Brothers Electrical & Plumbing Service Group:

Share

Category