Royal Maven Technology

Royal Maven Technology We provide Web Application to our customer's individual need.The custom web applications we develop

တန်ဆောင်တိုင်အခါသမယတွင် စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း’Maven Technology မှ ဆုမွန်ကော...
07/11/2022

တန်ဆောင်တိုင်အခါသမယတွင် စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း’
Maven Technology မှ ဆုမွန်ကောင်းပို့သအပ်ပါသည် ။



သီတင်းကျွတ်လပြည့်အခါသမယတွင် စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံနိုင်ပါစေကြောင်း Maven Technology မှ ...
09/10/2022

သီတင်းကျွတ်လပြည့်အခါသမယတွင် စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံနိုင်ပါစေကြောင်း Maven Technology မှ ဆုမွန်ကောင်းပို့သအပ်ပါသည် ။



လုပ်ငန်း Websiteများအတွက် သေသပ်လှပတဲ့ ဒီဇိုင်းတွေနဲ့ ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးဖို့ Maven Technology မှ အသင့်ရှိနေပ...
12/09/2022

လုပ်ငန်း Websiteများအတွက် သေသပ်လှပတဲ့ ဒီဇိုင်းတွေနဲ့ ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးဖို့ Maven Technology မှ အသင့်ရှိနေပါတယ် ✅

လူကြီးမင်းတို့ လုပ်ငန်းနဲ့ကိုက်ညီမှုရှိတဲ့ Website တွေကို အကြံဉာဏ်ပေးမယ့်အပြင် လူကြီးမင်းတို့ကိုယ်တိုင်ကလည်း စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ် ။ သေသပ်တဲ့ ဒီဇိုင်းတွေနဲ့ အဆင့်မြင့်Websiteတွေကို Maven ရဲ့ ကျွမ်းကျင်တဲ့ Developer တွေက ဖန်တီးပေးသွားမှာပါ🧑🏻‍💻

Website တစ်ခုတည်ဆောက်ပြီးတာနဲ့ လုပ်ငန်းရှင်ကိုယ်တိုင် ကျွမ်းကျင်စွာအသုံးပြုနိုင်သည်အထိ training တွေပေးသွားမှာဖြစ်လို့ မိမိနှစ်သက်သလို ပို့စ်တင်ခြင်း ၊ အချက်အလက် ပြောင်းလဲခြင်းများကို အခက်အခဲမရှိ လုပ်ဆောင်နိုင်သွားမှာဖြစ်ပါတယ် ✅

🟠 အထူးလက်ဆောင်အနေနဲ့ မိမိ Website ကို ကြော်ငြာဖို့အတွက် " Website မိတ်ဆက် Motion Video တစ်ခု "ကိုပါ ရရှိနိုင်မှာဖြစ်ပါတယ် 🟠

ဒါ့အပြင် လူကြီးမင်းတို့ရဲ့ Website တိုင်းကို နေ့စဉ် ရုံးချိန်အတွင်းအမြဲစစ်‌ဆေးပေးနေတာဖြစ်လို့ ရုတ်တရက်ပေါ်ပေါက်သော Error များအတွက် အချိန်တိုအတွင်း ပြုပြင်ပေးမယ့် After Sale Serviceတွေကိုပါ တစ်ပါတည်း ရရှိမှာဆိုတော့ မိမိလုပ်ငန်းရဲ့ မျက်နှာစာကို
ကောင်းမွန်စွာဖော်ပြနိုင်ဖို့ Maven Technology နဲ့အတူလက်တွဲလိုက်ပါ 💯

📌Maven Technology
🏠အမှတ်၂၇၇/၅၊ ကျောင်းလမ်း ၊၂၅ ရပ်ကွက် ၊ သုဝဏ္ဏ
☎️Hot Line : 09 951 978 176
🌐www.maventechmm.com
📧 [email protected]



သတင်းအချက်အလက်တွေ စက္ကန့်မလပ်ပိုမိုလျင်မြန်စွာ စီးဆင်းဖို့ Websiteတစ်ခုကသာ စွမ်းဆောင်နိုင်တယ်လို့ပြောရင် သင် လက်ခံမလား? ...
10/09/2022

သတင်းအချက်အလက်တွေ စက္ကန့်မလပ်ပိုမိုလျင်မြန်စွာ စီးဆင်းဖို့ Websiteတစ်ခုကသာ စွမ်းဆောင်နိုင်တယ်လို့ပြောရင် သင် လက်ခံမလား?

အဖြေကတော့ သေချာပေါက်ကို YES✅ ပဲပေါ့

သင်တို့အခုဒီစာကို ဖတ်နေတဲ့အချိန်မှာ facebookကိုအသုံးပြုနေတယ်ဆိုတာ သတိပြုမိပြီဆိုရင် facebookဆိုတာ Websiteတစ်ခုဖြစ်ကြောင်း ထပ်ဆောင်းအသိပေးလိုပါတယ်🤗

Websiteတစ်ခုမှာ အချက်အလက်တွေကို သေချာစွာ စုဆောင်းထားပြီး ကဏ္ဍအလိုက် ခွဲခြားသတ်မှတ်ပေးနိုင်တာကြောင့် သတင်းတွေကို Websiteထဲ ဝင်ဖတ်တဲ့အခါ ရှင်းလင်းတဲ့ ရုပ်ပုံတွေ၊ စာလုံးတွေအပြင် နောက်ထပ် သက်ဆိုင်တဲ့သတင်းတွေကိုပါ တစ်ပါတည်းဖတ်လို့ရနိုင်ပါတယ်

ဒါ့အပြင် Website‌ကို စနစ်တကျအသုံးပြုထားတဲ့ Online Marketတွေမှာ ဈေးဝယ်တဲ့အခါ မိမိလိုချင်တဲ့ ပစ္စည်းအမျိုးအစားကို ပုံ၊ ဈေးနှုန်းနဲ့တကွ လွယ်ကူစွာသိရှိနိုင်ပြီး
ဈေးနှုန်းသိဖို့၊ ပစ္စည်းရှိ မရှိ သိဖို့ကို စောင့်ဆိုင်းနေစရာမလိုပဲ အချိန်မရွေး၊နေရာမရွေး မိမိစိတ်ကြိုက် လွတ်လွတ်လပ်လပ် ရွေးချယ်ဝယ်ယူနိုင်ပါသေးတယ်

တစ်နေ့ထက်တစ်နေ့ ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ ခေတ်နဲ့စနစ် အရွေ့ကို အမှီလိုက်ဖို့အတွက် လုပ်ငန်းရှင်တွေအနေနဲ့လည်း ပိုမိုကောင်းမွန်ပြီး လွယ်ကူလျင်မြန်တဲ့ Technical lifestyle တစ်ခုကို စတင်ဖို့ Websiteကောင်းတစ်ခု ရှိထားတာက မမှားပါဘူး

ဒီလို အရွေ့တွေမှာ မိမိလုပ်ငန်းအရှိန်ကို ၂ဆမြှင့်တင်ဖို့အတွက် ပြီးပြည့်စုံတဲ့ websiteတွေကို Maven Digital Marketingရဲ့ ဆန်းသစ်လှပတဲ့ ဒီဇိုင်း၊ ‌တတ်ကျွမ်းတဲ့ developerတွေနဲ့အတူ ဖန်တီးလိုက်ပါ

ဘယ်မှာမှမရနိုင်တဲ့ အသက်သာဆုံးဈေးနှုန်းတွေကို အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေနဲ့အတူ ဝယ်ယူရရှိနိုင်ပါပြီ

🌐Websiteနမူနာတွေကို Cbမှာ လာရောက်လေ့လာနိုင်ပြီး အခမဲ့တိုင်ပင်ဆွေးနွေးပေးသွားမှာပါခင်ဗျာ

📌Maven Technology
🏠အမှတ်၂၇၇/၅၊ ကျောင်းလမ်း ၊၂၅ ရပ်ကွက် ၊ သုဝဏ္ဏ
☎️Hot Line : 09 951 978 176
🌐www.maventechmm.com
📧 [email protected]



လူဦးရေ ၅၅သန်း‌ကျော်နေထိုင်ကြတဲ့ မြန်မာနိုင်ငံမှာ ၂၀၂၂စစ်တမ်းအရ လူပေါင်း ၂၅.၂၈သန်းကတော့ အင်တာနက်ကို နေ့စဉ်အသုံးပြုနေကြပါတ...
08/09/2022

လူဦးရေ ၅၅သန်း‌ကျော်နေထိုင်ကြတဲ့ မြန်မာနိုင်ငံမှာ ၂၀၂၂စစ်တမ်းအရ လူပေါင်း ၂၅.၂၈သန်းကတော့ အင်တာနက်ကို နေ့စဉ်အသုံးပြုနေကြပါတယ်... ဒါဆို
လူပေါင်း ၂၅.၂၈သန်းက သင့်လုပ်ငန်းရဲ့ customerဖြစ်လာခဲ့မယ်ဆိုရင်?🙋🏻‍♂️

Digital ခေတ်မှာ လုပ်ငန်းတစ်ခုဖြစ်ထွန်းဖို့ဆို Websiteတစ်ခုရဲ့ အခန်းကဏ္ဍက သိပ်ကိုအရေးကြီးလှပါတယ် ။ ၂၄နာရီ၊၇ရက် ဝန်ဆောင်မှုတွေကို မိုဘိုင်းဖုန်းကနေတစ်ဆင့် အကောင်းမွန်ဆုံးလုပ်ဆောင်နိုင်ဖို့က Websiteတစ်ခုရဲ့ အရည်အသွေးပါ

🤳🏻မိုဘိုင်းဖုန်းကနေတစ်ဆင့် လိုချင်တဲ့ပစ္စည်းတွေကို အချိန်မရွေး ဝယ်ယူနိုင်တယ်၊ လိုအပ်တဲ့အချက်အလတ်တွေကို အလျင်အမြန် သိရှိနိုင်တယ်၊ လူတွေနဲ့ ထိတွေ့ဆက်ဆံမှုကို လျော့ချတဲ့ new normal life systemကို ကျင့်သုံးနေကြတဲ့ ခေတ်ကြီးမှာ စီးပွားရေးလုပ်‌ငန်းတွေအနေနဲ့ မိမိတို့လုပ်ငန်းအတွက် Websiteကို အားထားဖို့ လိုအပ်တယ်ဆိုတာ မလွဲမသွေပါပဲ

နောက်ပြီး Digital Marketingကို Facebook platformမှာ အသုံးပြုခွင့်ကလည်း တစ်နေ့ထက်တစ်နေ့ကို တင်းကြပ်တဲ့ မူဝါဒတွေ ရှိနေတာကြောင့် ကန့်သတ်မှုအားနည်းပြီး လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားနိုင်ဖို့အတွက်ဆိုရင် Websiteက အဓိကဇာတ်ကောင်ဖြစ်လို့နေပါပြီ 🧑🏻‍💻

🌐 ပြီးပြည့်စုံတဲ့ websiteတွေကို ဆန်းသစ်လှပတဲ့ ဒီဇိုင်း၊ ‌တတ်ကျွမ်းတဲ့ developerတွေက လွယ်ကူစွာအသုံးပြုနိုင်ဖို့ Maven Digital Marketingမှ ဖန်တီးပေးခဲ့တာ Websiteပေါင်း (၄၀)ကျော် ရှိနေပါပြီ
ဘယ်မှာမှမရနိုင်တဲ့ အသက်သာဆုံးဈေးနှုန်းတွေ၊အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေနဲ့ ဝယ်ယူရရှိနိုင်ပါတယ်

🌐Websiteနမူနာတွေကိုလည်း Cbမှာ လာရောက်လေ့လာနိုင်ပြီး အခမဲ့တိုင်ပင်ဆွေးနွေးပေးသွားမှာပါခင်ဗျာ

📌Maven Technology
🏠အမှတ်၂၇၇/၅၊ ကျောင်းလမ်း ၊၂၅ ရပ်ကွက် ၊ သုဝဏ္ဏ
☎️Hot Line : 09 951 978 176
🌐www.maventechmm.com
📧 [email protected]



-commerce

ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ တစ်ခြားသော ယှဉ်ပြိုင်သူတွေ ထက်နောက်ကျမကျန်ခဲ့‌စေဖို့ သင့်လုပ်ငန်း၊သင့်စီးပွားရေးကို နည...
29/08/2022

ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ တစ်ခြားသော ယှဉ်ပြိုင်သူတွေ ထက်နောက်ကျမကျန်ခဲ့‌စေဖို့ သင့်လုပ်ငန်း၊သင့်စီးပွားရေးကို နည်းပညာ အသစ် အသစ်တွေနဲ့ တစ်ဆင့်မြှင့်တင်ဖို့လိုအပ်လာ‌ပါပြီ။.🙋

IT ခေတ်ကြီးထဲမှာ Website တွေကနေ ရောင်းဝယ်ဖောက်ကားခြင်း ၊ သင်တန်းသင်ကြားခြင်းများဟာ မော်ဒန်စီးပွားရေးလောကမှာ အရှိန်အဟုန်နဲ့ကို တိုးတက်လို့နေပါတယ် ။✅

ဒါဆိုရင် မိတ်ဆွေတို့ကရော ခေတ်ရေစီးကြောင်းနဲ့လိုက်ရောညီထွေဖြစ်အောင် internet ဆိုတဲ့စာမျက်နှာပေါ်မှာ လူကြီးမင်းတို့ရဲ့ လုပ်ငန်းတွေ နေရာယူပြီးပြီလား?

အခြားသောလုပ်ငန်းရှင်တွေကတော့ မော်ဒန်စီးပွားရေးမှာ လူအင်အားနဲ့ အချိန်သက်သာစေမယ့် လုပ်ငန်းလည်ပတ်မှုကို Website တစ်ခုနဲ့ ထိုးဖောက်မြှင့်တင့်နေပါပြီ ။ ✌️

ဒါကြောင့်အခုပဲ သင့်လုပ်ငန်းပုံရိပ်ကိုတစ်ဆင့်မြှင့်တင်ဖို့ Website တစ်ခုတော့ ဆောင်ရွက်ထားပြီး
အင်တာနက်စာမျက်နှာမှာ စတင်နေရာယူသင့်ပါပြီ ။💯

Website တစ်ခုရှိခြင်းရဲ့အားသာချက်တွေက
⏫ သင့်လုပ်ငန်းကိုစိတ်ဝင်စားသူရဲ့ impression ကိုမြှင့်တင်ပေးနိုင်တယ်.

👆🏻Clickတစ်ချက်ထောက်ကြည့်ရုံနဲ့ လုပ်ငန်းအကြောင်းကို အလွယ်တကူနားလည်နိုင်ပြီး လူတွေကိုဆွဲဆောင်‌ စေနိုင်တယ် ။

🌐 ရောင်းသူဝယ်သူကြား ကုန်ပစ္စည်းတွေကို အလွယ်တကူ အချိန်ကုန်သက်သာပြီး ရောင်းချ၊ဝယ်ယူနိုင်မယ်။

▶️သင်တန်းတွေ၊ကျောင်းတွေမှာလည်း ပညာရေးလည်ပတ်မှုစနစ်တွေကိုပါ websiteတစ်ခုထဲမှာ ပြည့်ပြည့်စုံစုံဖော်ပြထားနိုင်ပါတယ် ။

👨🏻‍💻ဒီလို ပြီးပြည့်စုံတဲ့ websiteတွေကို ဆန်းသစ်လှပတဲ့ ဒီဇိုင်း၊ ‌တတ်ကျွမ်းတဲ့ Developerတွေက လွယ်ကူ‌ေပါ့ပါးစွာအသုံးပြုနိုင်ဖို့ Maven Technology မှ ဖန်တီးပေးခဲ့တာ Websiteပေါင်း (၄၀)ကျော် ရှိနေပါပြီ 💯

ဘယ်မှာမှမရနိုင်တဲ့ အသက်သာဆုံးဈေးနှုန်းတွေ၊အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေနဲ့ ဝယ်ယူရရှိနိုင်ပါတယ် ။

🌐Websiteနမူနာတွေကိုလည်း Cbမှာ လာရောက်လေ့လာနိုင်ပြီး အခမဲ့တိုင်ပင်ဆွေးနွေးပေးသွားမှာပါခင်ဗျာ

📌Maven Technology
🏠အမှတ်၂၇၇/၅၊ ကျောင်းလမ်း ၊၂၅ ရပ်ကွက် ၊ သုဝဏ္ဏ
☎️Hot Line : 09 951 978 176
🌐www.maventechmm.com
📧 [email protected]



👆🏻လင့်ခ်တစ်ခုကို နှိပ်လိုက်တာကနေလုပ်ငန်း‌အကြောင်း၊ ကုန်ပစ္စည်းအကြောင်းတွေကို အွန်လိုင်းပေါ်ကနေ လွယ်လင့်တကူသိရှိနိုင်အောင...
27/08/2022

👆🏻လင့်ခ်တစ်ခုကို နှိပ်လိုက်တာကနေလုပ်ငန်း‌အကြောင်း၊ ကုန်ပစ္စည်းအကြောင်းတွေကို အွန်လိုင်းပေါ်ကနေ လွယ်လင့်တကူသိရှိနိုင်အောင် Websiteတွေကို အသုံးပြုပြီး ရောင်းဝယ်ဖောက်ကားလာကြပါပြီ

ကောင်းမွန်တဲ့နည်းစနစ်တွေနဲ့ဖန်တီးတီထွင်ထားတဲ့ Websiteတွေဟာ ပညာရေးနဲ့ပတ်သက်ရင်လည်း နိုင်ငံခြားမှ နာမည်ကြီးတက္ကသိုလ်များ၊ ပြည်တွင်းမှ သင်တန်းကျောင်းများကို အွန်လိုင်းကနေ လွယ်လွယ်ကူကူတတ်ရောက် သင်ကြားနိုင်လာပါပြီ👩🏻‍🎓

ဒါဆို 🌐Websiteတစ်ခု ဘယ်လိုအလုပ်လုပ်လဲဆိုတာ လေ့လာကြည့်ရအောင်

🌐Websiteဆိုတာ web serverတစ်ခုမှာတင်ထားပြီး Domain nameတစ်ခုသတ်မှတ်ပေးထားတဲ့ web page‌တွေပဲဖြစ်ပါတယ်။ ဥပမာအားဖြင့်တွေ့မြင်ရမှာဆိုရင် https://www.google..com(Google),
https://en.m.wikipedia..org.(Wikipedia)
စတာတွေဖြစ်ပါတယ်

👨🏻‍💻 နာမည်မြင်တာနဲ့ ဘာလဲဆိုတာ သိအောင်လုပ်ထားတာကို Domain nameပေးတယ်လို့ နားလည်ထားရင် ရပါပြီ

👨🏻‍💻 Hostingလုပ်တယ်ဆိုတာကိုတော့ ကိုယ်နေရမယ့် နေရာကို ရွေးချယ်ပြီးတဲ့အခါ တန်ရာတန်ကြေးပေးပြီး နေထိုင်တာကိုဆိုလိုပါတယ်

ယနေ့ခေတ်မှာတော့ ကိုယ်တိုင် Websiteလုပ်တာ ခက်ခဲတယ်လို့မထင်ရပေမယ့် သေသပ်လှပတဲ့ Web Design တွေ၊ Function ပြည့်ပြည့်စုံစုံလည်ပတ်နိုင်မှုတွေ နဲ့ Website တစ်ခုခုချို့ယွင်းတာကို ပြုပြင်မယ့် Maintenanceတွေကတော့ မလွယ်ကူပါဘူး

👨🏻‍💻ဒါတွေကိုတော့ နည်းပညာတတ်ကျွမ်းပြီး ဝန်ဆောင်မှုကောင်းတဲ့ Maven Technology နဲ့လက်တွဲလိုက်မယ်ဆိုရင် လူကြီးမင်းတို့လုပ်ငန်းအတွက် သေသပ်တဲ့ Websiteကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ

အင်တာနက်စာမျက်နှာမှာနေရာယူနိုင်ဖို့ Mavenရဲ့ Website serviceတွေကို Cbမှာ လာရောက်စုံစမ်းနိုင်ပါပြီ💁🏻‍♂️

📌Maven Technology
🏠အမှတ်၂၇၇/၅၊ ကျောင်းလမ်း ၊၂၅ ရပ်ကွက် ၊ သုဝဏ္ဏ
☎️Hot Line : 09 951 978 176
🌐www.maventechmm.com
📧 [email protected]



ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ "Internetကဘာလဲ" ဆိုတာ စဉ်းစားကြည့်ဖူးကြလား? 🤷🏻‍♂️နေ့စဉ်အသုံးပြုနေပေမယ့် ဒီလိုအကြောင်းအ...
22/08/2022

ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ "Internetကဘာလဲ" ဆိုတာ စဉ်းစားကြည့်ဖူးကြလား? 🤷🏻‍♂️
နေ့စဉ်အသုံးပြုနေပေမယ့် ဒီလိုအကြောင်းအရာတွေကို မသိရင်တော့ ခေတ်နောက်ကျကျန်ခဲ့မှာပေါ့... ခေတ်နဲ့အညီ လိုက်လျောညီထွေရှိဖို့ သိထားသင့်တဲ့အချက်အလက်လေးတွေကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ💁🏻‍♂️

🇺🇸 ၁၉၆၉ခုနှစ်မှာ စတင်တီထွင်ပြီး အသုံးပြုခဲ့တဲ့ အင်တာနက်ဟာ အမေရိကန်နိုင်ငံလုံးဆိုင်ရာကာကွယ်ရေးဌာနအနေနဲ့ အစိုးရဝန်ထမ်းတွေအတွက် အချက်အလက်တွေရှာဖွေစုဆောင်းပြီး တစ်ဦးနဲ့တစ်ဦးချိတ်ဆက်လုပ်ဆောင်နိုင်ရန် ရည်ရွယ်ချက်အနေနဲ့ တီထွင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ စတင်တီထွင်ခဲ့တဲ့အချိန်တုန်းကတော့ နိုင်ငံအတွင်းပဲအသုံးပြုလို့ရခဲ့ပြီး ၁၉၇၂ခုနှစ်ကစလို့ တစ်ကမ္ဘာလုံးဖြန့်ကျက်အသုံးပြုနိုင်ခဲ့ပါတယ်။

ယနေ့ခေတ်မှာတော့ အင်တာနက်ရဲ့အရေးပါမှုက နေ့စဉ်ဆိုသလို ကဏ္ဍပေါင်းစုံမှာ အရေးတကြီးပါဝင်ပတ်သက်နေပါပြီ
ကမ္ဘာတစ်ဝှမ်း လူပေါင်းသန်းနဲ့ချီပြီး အင်တာနက်ကို အချိန်တိုင်း အသုံးပြုနေကြပေမယ့် ၁၀၀ရာခိုင်နှုန်းအသုံးပြုတတ်ပြီလို့ ထင်ပြီလား?

🌍 တစ်ကမ္ဘာလုံးအနေနဲ့ အများဆုံးအသုံးပြုကြတာကတော့ Googleနဲ့Youtubeပါ
ကိုယ်လိုချင်တဲ့အချက်အလက်တွေကို အလွယ်တကူရှာဖွေနိုင်တဲ့အတွက် Googleက အသုံးများတဲ့ Internet search engine တစ်ခုဖြစ်ပါတယ်
Youtubeကတော့ နည်းပညာပိုင်းဆိုင်ရာတွေအပြင် ဖျော်ဖြေရေးအနေနဲ့ပါ အသုံးပြုကြတဲ့အတွက် ဒုတိယအသုံးအများဆုံးဖြစ်နေတာပါ

မြန်မာနိုင်ငံမှာတော့ Facebookကို ဖျော်ဖြေရေးအတွက်ရော စီးပွားရေးအနေနဲ့ပါ အဓိကထားအသုံးပြုနေကြပါတယ်👨🏻‍💻

ဒါဆို နေ့စဉ် အသုံးပြုနေတဲ့ အင်တာနက်မှာ ဘယ်လိုအပိုင်းအခြားတွေပါသလဲ?🤷🏻‍♂️

သန်းပေါင်းများစွာသော အကြောင်းအရာတွေက အင်တာနက်ပေါ်မှာ ရှာဖွေတွေ့ရှိနိုင်ပေမယ့် ၉၀ရာခိုင်နှုန်းကတော့ Search Engineတွေဖြစ်တဲ့ Google, Yahoo, Bingအစရှိတာတွေမှာ မြင်တွေ့နေကြအရာတွေမဟုတ်ပါဘူး

ကျွန်တော်တို့သိထားတဲ့ Facebook, Instagram, Youtube, Wiki, Googleနဲ့ အခြားwebsiteတွေဟာ အင်တာနက်ဆိုတဲ့ဖြစ်တည်မှုရဲ့ အပေါ်ယံအလွှာပဲရှိပါသေးတယ်
ဆိုလိုတာက ရာခိုင်နှုန်းဟာ သုညဒဿမအနေအထားပဲရှိတယ်ဆိုတဲ့အခြေအနေပါ🧏🏻‍♂️

ဒီတော့ အင်တာနက်အကြောင်း လေ့လာတော့မယ်ဆိုရင် သိထားသင့်တာက

🌐 Surface web
🌐 Deep web
🌐 Dark web ဆိုတာတွေကိုပါပဲ

💻 Surface webဆိုတာက အပေါ်မှာပြောခဲ့တဲ့အတိုင်း သိချင်တဲ့အရာတွေကို လွတ်လွတ်လပ်လပ် အကန့်အသတ်မရှိရှာဖွေနိုင်တဲ့ အပေါ်ယံအလွှာလို့ သတ်မှတ်ထားလို့ရပါတယ်

🛡️ Deep webဆိုတာကိုတော့ မမြင်ရတဲ့အရာ၊ ဖုံးကွယ်ထားတဲ့အရာလို့ အဓိပ္ပာယ်မှတ်ယူနိုင်ပါတယ်
ဆိုလိုတဲ့သဘောက အကန့်အသတ်တစ်ခုထားတဲ့သဘောမျိုးပါ
Online bankingတွေ၊ payment methodနဲ့ အသုံးပြုရတဲ့ websiteတွေ၊ Private network အစရှိတာတွေကို Deep webလို့ခေါ်ပါတယ်

💀 Dark webကတော့ *စုပ်လည်းစူး စားလည်းရူး*ဆိုသလိုပဲ မစူးစမ်းသင့်တဲ့ websiteတစ်ခုဖြစ်ပါတယ်
ဆိုသော်ငြားလည်း ဘယ်လိုအခြေအနေတွေကြောင့် မစူးစမ်းသင့်ဘူးလဲဆိုတာ အနည်းကျဥ်းတော့ ပြောပြပေးချင်ပါတယ်

Dark webကို ပုံမှန်အသုံးပြုနေကြ browserတွေကနေ အလွယ်တကူဝင်ရောက်လို့ မရပါဘူး ❌

Tor browserဟာ တင်းကြပ်တဲ့လုံခြုံရေးစနစ်‌ေတွနဲ့ အသုံးပြုသူတွေရဲ့အချက်အလက်တွေကို ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် စုံစမ်းလို့မရ‌နိုင်အောင် ကာကွယ်ပေးထားတဲ့အတွက် Dark webကိုအသုံးပြုဖို့ လမ်းကြောင်းတစ်ခုဖြစ်နေပါတယ်

Dark webမှာဆိုရင် တကယ့်ပြင်ပလောကမှာ လွယ်လင့်တကူဝယ်ယူလို့မရနိုင်တဲ့ မူးယစ်ဆေးဝါးတွေ၊ လက်နက်တွေ၊ ငွေစက္ကူအတုပြုလုပ်တာတွေ၊ hackingပြုလုပ်တာတွေကို မိမိဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖော်ပြစရာမလိုတဲ့အပြင် လူသတ်မှု၊ မဒိန်းမှုလို လူ့ပတ်ဝန်းကျင်က ရှုံ့ချထားတဲ့ ရာဇဝတ်မှုတွေကိုပါ ပျော်ပျော်ကြီးကျူးလွန်လို့ရနေတဲ့ အမှောင်ကမ္ဘာကြီးတစ်ခုဖြစ်နေပါတယ်...

ကဲ ဒီအပတ်အတွက် အင်တာနက်အကြောင်း ဗဟုသုတကတော့ ဒီလောက်နဲ့ ရပ်ပါရစေ
နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေနဲ့အတူ ပြန်လာခဲ့ပါမယ်ခင်‌ဗျာ 👨🏻‍💻

📌Maven Technology
🏠အမှတ်၂၇၇/၅၊ ကျောင်းလမ်း ၊၂၅ ရပ်ကွက် ၊ သုဝဏ္ဏ
☎️Hot Line : 09 951 978 176
🌐www.maventechmm.com
📧 [email protected]



တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းတွေကစလို့ နိုင်ငံအနှံ့ဖြန့်ဖြူးရောင်းချနေတဲ့ ကော်ပိုရေးရှင်းလုပ်ငန်းကြီးတွေထိ Social ...
17/08/2022

တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းတွေကစလို့ နိုင်ငံအနှံ့ဖြန့်ဖြူးရောင်းချနေတဲ့ ကော်ပိုရေးရှင်းလုပ်ငန်းကြီးတွေထိ Social Mediaကို မဖြစ်မနေအသုံးပြုပြီး ရောင်းဝယ်ဖောက်ကားနေကြပါပြီ ။ ✅

ဒီလိုအပြိုင်အဆိုင် ဈေးကွက်ဖန်တီးနေရချိန်မှာ Online marketingအတွက် ရာထူးတစ်ခုချင်းစီအလိုက် အလုပ်ခန့်အပ်ဖို့က ကုန်ကျစရိတ်များနိုင်ပါတယ်။ ဒါကြောင့် စနစ်တကျချိတ်ဆက်ထားပြီး ကျွမ်းကျင်ပညာရှင်တွေစုစည်းထားတဲ့ Digital Marketing Team တစ်ခုတော့ မဖြစ်မနေလိုအပ်လာပါပြီ ။🙋

သမာရိုးကျရောင်းဝယ်ဖောက်ကားမှု စနစ်ကနေ သင့်ရဲ့လုပ်ငန်းကို ထင်သာမြင်သာရှိစေမယ့် ကြော်ငြာစာရေးသားမှုတွေ၊ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းဓာတ်ပုံတွေနဲ့အတူ အွန်လိုင်းမှာ လုပ်ငန်းစီးဆင်းလည်ပတ်မှုကို နည်းစနစ်တကျ လုပ်ဆောင်ဖို့အတွက် Maven Digital Marketing က ဈေးနှုန်းချိုသာတဲ့ All-in-One Packageတွေကို ဝန်ဆောင်မှုပေးနေပါတယ်။ ✅

လုပ်ငန်းနယ်ပယ်ပေါင်းမျိုးစုံအတွက် ၀န်ဆောင်မှု ပေးခဲ့ဖူးလို့ သင့်လုပ်ငန်းအတွက်လည်း အချိန်ခဏပေးဆွေးနွေးရုံနဲ့ ဘာတွေဆက်လုပ်သင့်လဲ
ဘယ်လိုဈေးကွက်ထိုးဖောက်ရမလဲဆိုတာကို ကျွန်တော်တို့ ကူညီနိုင်ပါတယ် ။ 💯

လူကြီးမင်းတို့လုပ်ငန်းတိုးတက်မှုဟာ ‌ကျွန်တော်တို့ရဲ့ အောင်မြင်မှုဖြစ်ပါတယ် ။ ဒါကြောင့် အခက်အခဲကြားထဲမှာ စတင်ပြီး ထိုးဖောက်ဦးဆောင်နိုင်ဖို့ Maven Digital Marketing Package တွေကို အခုပဲ အပ်နှံလိုက်ပါ ။✌️

📌Maven Technology
🏠အမှတ်၂၇၇/၅၊ ကျောင်းလမ်း ၊၂၅ ရပ်ကွက် ၊ သုဝဏ္ဏ
☎️Hot Line : 09 951 978 176
📧 [email protected]




ERP(Enterprise Resource Planning)ဆိုတာ ဝန်ထမ်းပေါင်းများစွာနဲ့ ကဏ္ဍအသီးသီးမှာ ချိတ်ဆက်လုပ်ဆောင်ရတဲ့ ကုမ္ပဏီလုပ်ငန်းအကြီး...
08/08/2022

ERP(Enterprise Resource Planning)ဆိုတာ ဝန်ထမ်းပေါင်းများစွာနဲ့ ကဏ္ဍအသီးသီးမှာ ချိတ်ဆက်လုပ်ဆောင်ရတဲ့ ကုမ္ပဏီလုပ်ငန်းအကြီးစားတွေအတွက် လုပ်ငန်းအချက်အလက်စီးဆင်းမှုကို လွယ်ကူလျင်မြန်အောင် ဆောင်ရွက်ပေးတဲ့ နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်း (SME)တွေမှာပါ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာကြပါပြီ။

လုပ်ငန်းလည်ပတ်မှုအတွက် အရေးပါတဲ့အစိတ်အပိုင်းတွေဖြစ်တဲ့ စာရင်းကိုင်၊ ငွေကြေးစီမံခန့်ခွဲမှု၊ ဝန်ထမ်းစီမံခန့်ခွဲမှု၊ ပရောဂျက်စီမံကိန်းများ စီမံခန့်ခွဲမှုတွေအတွက် ERP systemက သေချာပေါက် လိုအပ်ပါတယ်။ လုပ်ငန်းတစ်ခုရဲ့ များပြားတဲ့လုပ်ဆောင်ချက်တွေကနေ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး၊ မလိုအပ်တဲ့ အချက်အလက်တွေကို ဖယ်ရှားပေးတယ်၊ မှန်ကန်တဲ့အချက်အလက်ကိုသာ စုဆောင်းမှတ်ယူပါတယ်။
လုပ်ငန်းတစ်ခုအတွက် ပြီးပြည့်စုံတဲ့ ERP websiteက လုပ်ငန်းတစ်ခုလုံးမှာ ကဏ္ဍအားလုံးကို ချိတ်ဆက်ပြီး ပိုမိုကောင်းမွန်သော ဆက်သွယ်ရေးနှင့် အချက်လတ်တွေစုဆောင်းပေးပါတယ်။

ERP websiteတစ်ခုမှာ
(Employee Management)လို့ခေါ်တဲ့ ဝန်ထမ်းစီမံခန့်ခွဲခြင်း၊
Point of Sale (POS) ရောင်းအားစနစ်၊
စာရင်းအင်းစီမံခန့်ခွဲမှု (Inventory Management) စတဲ့ ကဏ္ဍတွေ ယေဘုယျအားဖြင့်ပါဝင်ပါတယ်

ဒီလို ကဏ္ဍတွေအတွက် ERP websiteကို အသုံးပြုရင် ရရှိမယ့်ကောင်းကျိုးတွေက ဘာတွေဖြစ်မလဲ?

(၁) အချိန်နဲ့တပြေးညီ အချက်အလတ်တွေကို ပေးနိုင်တဲ့အတွက် လုပ်ငန်းစီးဆင်းမှု ပိုမိုမြန်ဆန်စေတယ်။
(၂) လျင်မြန်သွက်လတ်တဲ့လုပ်ဆောင်ချက်တွေက ကုန်ကျစရိတ်ကို လျော့ချပေးနိုင်တယ်။
(၃) ပိုမိုကောင်းမွန်သော အချက်အလတ်ခိုင်မာမှု၊ ငွေကြေးထိန်းချုပ်မှုများမှတစ်ဆင့် အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။

ဒါဆို ERP websiteတစ်ခုကို ဝယ်ယူဖို့ ကုန်ကျစရိတ်ကရော ဘယ်လောက်ရှိနိုင်မလဲ?

- လူကြီးမင်းတို့ရဲ့ လုပ်ငန်းပေါ်မူတည်ပြီး လိုအပ်ချက်တွေ၊ developerတွေအပေါ်မူတည်ပြီး ကုန်ကျစရိတ်က ကွဲပြားနိုင်ပါတယ်။
ကျွန်တော်တို့ Maven Technologyမှလည်း လူကြီးမင်းတို့ရဲ့ လိုအပ်ချက်တွေကို သက်သာတဲ့ ကုန်ကျစရိတ်တွေနဲ့ အကောင်းဆုံးဆောင်ရွက်ပေးနေတာဖြစ်လို့
✅ဆန်းသစ်လှပတဲ့ ဒီဇိုင်း
✅စိတ်ချရတဲ့ လုံခြုံရေးစနစ်နဲ့
✅ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို Maven Technologyနဲ့လက်တွဲပြီး ရယူလိုက်ပါ🙇🏻‍♂️

📌Maven Technology
🏠အမှတ်၂၇၇/၅၊ ကျောင်းလမ်း ၊၂၅ ရပ်ကွက် ၊ သုဝဏ္ဏ
☎️Hot Line : 09 951 978 176
🌐www.maventechmm.com
📧 [email protected]

ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာတွေနဲ့အတူ သင့်ရဲ့ လုပ်ငန်း ခေတ်နောက်မကျစေဖို့ Responsive websiteတစ်ခု လိုအပ်တယ်ဆ...
01/08/2022

ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာတွေနဲ့အတူ သင့်ရဲ့ လုပ်ငန်း ခေတ်နောက်မကျစေဖို့ Responsive websiteတစ်ခု လိုအပ်တယ်ဆိုတာ သင်သိပါသလား?

သင့်ရဲ့စီးပွားရေးလုပ်ငန်းကို websiteတစ်ခုနဲ့ အသုံးပြုသူတွေကို ဆွဲဆောင်နိုင်ပြီး ကိုယ်ပိုင် Branding တစ်ခု တည်ဆောက်နိုင်မယ့်အပြင်
တစ်နေရာထဲမှာ သင့်ရဲ့လုပ်ငန်းနဲ့ပတ်သက်သမျှတစ်စုတစ်စည်းထဲ ဖော်ပြပေးနိုင်ဖို့ Websiteတစ်ခုက သေချာပေါက် လိုအပ်ပါတယ်

Maven Technology ကနေ ဒီလို websiteတွေကို
✅လစဉ်ကြေး
✅နှစ်‌စဉ်ကြေး
✅တစ်သက်တာ ဝယ်ယူရရှိနိုင်ပါတယ်

ရရှိနိုင်မယ့် websiteအမျိုးအစားတွေကတော့...

🌐Portfolio website
မိမိလုပ်ငန်းအကြောင်း အသေးစိတ်အချက်အလတ်တွေကို တစ်နေရာထဲမှာ တစ်စုတစ်စည်းထဲ ဖော်ပြလို့ရနိုင်ပါတယ်

🌐E-commerce website
အဓိကအားဖြင့် online shopတွေအနေနဲ့ မိမိရဲ့ ရောင်းချတဲ့ပစ္စည်းတွေကို အမျိုးအစားအလိုက်၊ ဈေးနှုန်းတွေကို သေသေသပ်သပ်ဖော်ပြလို့ရပြီး ဝယ်ယူသူတွေနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်မယ့် websiteတစ်မျိုးဖြစ်ပါတယ်

🌐ERP website
နေ့စဉ် လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲနေတဲ့ အဖွဲ့အစည်းများအတွက် စာရင်းကိုင်၊ ဝန်ထမ်းစီမံခန့်ခွဲမှု၊ ပရောဂျက် စီမံခန့်ခွဲခြင်း အစရှိတဲ့ လုပ်ဆောင်ချက်တွေအတွက် အသုံးပြုနိုင်မယ့် websiteဖြစ်ပါတယ်

🌐LMS website
ဒါကတော့ သင်တန်းကျောင်းဖွင့်ချင်တဲ့ လူကြီးမင်းတို့ အတွက်
တန်းခွဲတွေကို ဖန်တီးလို့ရမယ်
သင်တန်းသား/သင်တန်းဆရာများကို account သီးခြားစီ ဖန်တီးပေးလို့ရနိုင်မယ်
Email Notifications ပေးပို့တာတွေပါဝင်မယ်
Forum တွေကို တည်ဆောက်လို့ရနိုင်မယ်
ဒါတွေအပြင် သင်တန်းတခု ပြီးတဲ့အခါမှာ ပြီးမြောက်ကြောင်းလက်မှတ်တွေကို ထုတ်ပေးလို့ရနိုင်ပါလိမ့်မယ်

ဒါကိုတော့ အပြင်သင်တန်းတွေ ဖွင့်ထားပြီး Online ကနေပါ သင်တန်းတွေကို ထပ်မံတိုးချဲ့ချင်တဲ့ လူကြီးမင်းတို့အတွက် ရည်ရွယ်ပါတယ်ခင်ဗျာ

အစရှိတဲ့ websiteအမျိုးအစားတွေကို ဈေးနှုန်းသက်သာစွာနဲ့ Maven Technologyမှာ ရရှိနိုင်ပါပြီ

ကိုယ်ပိုင်websiteတစ်ခုပိုင်ဆိုင်ဖို့ Maven Technology နဲ့ လက်တွဲပါ
လူကြီးမင်းတို့ရဲ့လုပ်ငန်းတွေအတွက် ဆန်းသစ်လှပပြီး ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို Maven Technologyမှ ဂုဏ်ယူစွာ ဆောင်ရွက်ပေးနေပါတယ်🙇🏻‍♂️

📌Maven Technology
🏠အမှတ်၂၇၇/၅၊ ကျောင်းလမ်း ၊၂၅ ရပ်ကွက် ၊ သုဝဏ္ဏ
☎️Hot Line : 09 951 978 176
🌐www.maventechmm.com
📧 [email protected]







Address

277/5, Kyaung Street, Thuwunna
Yangon
11071

Alerts

Be the first to know and let us send you an email when Royal Maven Technology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Maven Technology:

Share