24/09/2026
CharTate Mobile က ဘာကြောင့် အမြဲတမ်း ဈေးဝယ်သူတွေနဲ့ ပြည့်နေတာလဲ?
အကြောင်းရင်းက ရိုးရှင်းပါတယ်။
ကျွန်တော်တို့ရဲ့ Team Member တွေ တော်လို့၊ ကြိုးစားလို့ပါ။
ကျွန်တော်တို့လို လုပ်ငန်းရှင်တွေ၊ Boss တွေရဲ့ အခန်းကဏ္ဍက အရာအားလုံးကို ကိုယ်တိုင်ဝင်လုပ်နေရတာ မဟုတ်ပါဘူး။ Team ကောင်းကောင်းတစ်ခုကို တည်ဆောက်ပေးပြီး သူတို့ရဲ့ အရည်အချင်းတွေကို အသိအမှတ်ပြုကာ ကိုယ်တိုင်ထုတ်ဖော်ပြသခွင့်ပေးပြီး နောက်ကွယ်ကနေ စောင့်ကြည့်ပံ့ပိုးပေးနိုင်ဖို့ပါ။
Team Member တစ်ယောက်ချင်းစီမှာ မတူညီတဲ့ မွေးရာပါအရည်အချင်းတွေ ရှိကြပါတယ်။ တစ်ယောက်က Customer Service ကောင်းတယ်၊ တစ်ယောက်က Sales ပိုင်းမှာ ထူးချွန်တယ်၊ တစ်ယောက်က Content ကောင်းတယ်၊ တစ်ယောက်က Management ပိုင်းမှာ တော်တယ်။
အဲ့ဒီအရည်အချင်းတွေကို နေရာပေးပြီး အသုံးချခွင့်ပေးနိုင်မှ Team တစ်ခုရဲ့ အင်အားက အပြည့်အဝထွက်လာမှာပါ။
ဝန်ထမ်းတစ်ယောက် ဘယ်လောက်တော်တော်၊ လုပ်ငန်းရှင်ဘက်က သူ့ရဲ့အရည်အချင်းကို မမြင်ပေးဘူး၊ အသိအမှတ်မပြုဘူး၊ ကိုယ်တိုင်လုပ်ပြခွင့်မပေးဘူးဆိုရင် သူ့ရဲ့အရည်အချင်းတွေ တဖြည်းဖြည်းပျောက်သွားနိုင်ပါတယ်။
အဲ့ဒီအချိန်မှာ လူတော်တစ်ယောက်က လူညံ့တစ်ယောက်လို ဖြစ်သွားနိုင်သလို၊ လုပ်ငန်းရှင်ဘက်ကလည်း တန်ဖိုးရှိတဲ့ Team Member ကောင်းတစ်ယောက်ကို ဆုံးရှုံးသွားနိုင်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ CharTate Mobile မှာ
Boss က အားလုံးကို လုပ်ပြတဲ့နေရာမဟုတ်ပါဘူး။
Team Member တစ်ယောက်ချင်းစီရဲ့ အရည်အချင်းတွေ ပေါ်ထွက်လာအောင် နေရာပေးတဲ့နေရာပါ။
ကျွန်တော်တို့ဆိုင်မှာ Customer တွေ ပြည့်နေတာဟာ Boss တစ်ယောက်တည်းရဲ့ အောင်မြင်မှုမဟုတ်ပါဘူး။
နေ့တိုင်း ကြိုးစားနေကြတဲ့ Team Member တစ်ယောက်ချင်းစီရဲ့ ကြိုးစားအားထုတ်မှု၊ တာဝန်ယူမှုနဲ့ အရည်အချင်းတွေ ပေါင်းစပ်ပြီး ရလာတဲ့ ရလဒ်တစ်ခုပါ။
🚀 CharTate Mobile နဲ့အတူ လက်တွဲလုပ်ကိုင်မယ့် Team Member များ အလိုရှိပါသည်။
CharTate Mobile ကို ပိုမိုတိုးတက်အောင် အတူတကွတည်ဆောက်ချင်တဲ့ ကြိုးစားချင်စိတ်ရှိသူ၊ တိုးတက်ချင်စိတ်ရှိသူ၊ ကိုယ့်အရည်အချင်းကို ထုတ်ဖော်ပြသချင်သူများ ကို ဖိတ်ခေါ်လိုက်ပါတယ်။
📌 လက်ရှိခေါ်ယူမည့် Position များ
🔹 Phone Sales Specialist — 5 ဦး
🔹 Professional Talent — 2 ဦး
🔹 Laptop Sales Specialist — 2 ဦး
အလုပ်တစ်ခုရှာနေတာထက် ကိုယ့်အရည်အချင်းကို အသုံးချပြီး Team တစ်ခုနဲ့အတူ ကြီးပွားတိုးတက်ချင်တယ်ဆိုရင် CharTate Mobile က သင့်အတွက် အခွင့်အရေးတစ်ခု ဖြစ်နိုင်ပါတယ်။
📩 လျှောက်ထားလိုသူများအနေဖြင့် CV / ကိုယ်ရေးအချက်အလက်များ ပေးပို့လျှောက်ထားနိုင်ပါတယ်။
ViberNo - 095054474