Future Hope Computer & LCCI Training Centre

Future Hope Computer & LCCI Training Centre Computer & Business Training Center

လက်ကွက်လေ့ကျင့်ဖို့ လိုအပ်တဲ့ကျောင်းသားဟောင်းများစာရိုက် စာရင်းဆွဲ နည်းနည်းလေး မေ့နေတဲ့ သင်တန်းသားဟောင်းများအင်တာဗျူးသွာ...
03/10/2026

လက်ကွက်လေ့ကျင့်ဖို့ လိုအပ်တဲ့
ကျောင်းသားဟောင်းများ

စာရိုက် စာရင်းဆွဲ နည်းနည်းလေး မေ့နေတဲ့ သင်တန်းသားဟောင်းများ

အင်တာဗျူးသွားဖို့
အလုပ်ဝင်ရတော့မှာမို့
ကွန်ပျူတာနည်းနည်းပြန်သုံးဖို့ လိုနေတဲ့
သင်တန်းသားဟောင်းများ အားလုံး

သင်တန်းမှာ အခမဲ့ ပြန်လည် လာရောက် လေ့ကျင့်လို့ရပါတယ်နော် ❤️

လေ့ကျင့်ချင်တဲ့ နေ့ရက်၊ အချိန် ညှိပြီး လာလိုက်ရုံပါပဲ။ 🏵️

အလုပ်မရသေးလို့ အလုပ်လိုချင်တဲ့ သူတွေလည်း ခေါ်ထားတဲ့ အလုပ်လေးတွေရှိလို့ ကိုယ်နဲ့ကိုက်ရင် အလုပ်လေးလည်း လျောက်လို့ရပါတယ် 💌💯

သင်တန်းသားများအားလုံးအတွက်
အစဉ်သဖြင့်
FUTURE HOPE TRAINING CENTRE
HTAUK KYANT
09-263541446 43023074 420212461

Future Hope Computer & LCCI Training Centre

A+ Hardware Engineering Course ကွန်ပျူတာပြုပြင်ထိန်းသိမ်းခြင်းနှင့် နက်ဝေါ့ ချိတ်ဆက်ခြင်း သင်တန်းသင်တန်းမှာ သင်ပေးမှာတွေ...
03/10/2026

A+ Hardware Engineering Course ကွန်ပျူတာပြုပြင်ထိန်းသိမ်းခြင်းနှင့် နက်ဝေါ့ ချိတ်ဆက်ခြင်း သင်တန်း

သင်တန်းမှာ သင်ပေးမှာတွေက...

စာတွေ့ လက်တွေ့ ၂မျိုးလုံး ပိုင်နိုင်အောင်... Computer system အကြောင်းကို စာတွေ့သင်ရမယ် (ဒါကအလိုအပ်ဆုံးပဲ)။
Practical Hardware လက်တွေ့ ဖြုတ်တပ်ခြင်းပြုပြင်ခြင်းများကို သေချာလေ့ကျင့်ပေးမယ်။

Internet and Office Network များကို ချိတ်စက်တက်ဖို့... Network နှင့် IP အခြေခံသဘောတရားများ ၊ Bus, Topology and Layers control အကြောင်းများ Files and Devices Sharing
Printer Sharing ပြုလုပ်ခြင်းများကို Networking ချိတ်ဆက်ခြင်းတွင် အခြေခံကျကျ
သင်ကြားရပါမည်။
Motherboard အလုပ်လုပ်နေသော်လည်း ရုပ်မထွက်ဖြစ်နေခြင်း
Hardware Cleaning (Hardware ပိုင်းသန့်ရှင်းရေးပြုလုပ်ခြင်း)
CPU Heat သက်သာစေရန် ပြုလုပ်ပေးခြင်း
Motherboard, HDD, RAM & Other Upgrade ပြုလုပ်လိုခြင်း
RAM လွတ်နေခြင်း
Driver မသိဖြစ်နေခြင်း
Laptop LCD, Keypad, Drive, Battery, RAM လဲလှယ်ခြင်းများ
No Bootable Error (Boot မတက်ခြင်း)
Windows OS များ 10 and 11 တင်ခြင်း
Command line သုံး၍ Virus ပြဿနာ ဖြေရှင်းခြင်း
Antivirus နှင့် Advanced Cleaner များသုံး၍ စက်ကို Errors ဖြေရှင်းခြင်း
Drivers & Softwares Installation ပြုလုပ်ခြင်း
အခြားသော Error များကိုလည်း ပြုပြင် ဖြေရှင်းပေးခြင်းစတဲ့ သင်ခန်းစာတွေကို သင်ကြားပေးမှာဖြစ်ပါတယ်။

အသေးစိတ်သင်ကြားမှုတွေနဲ့အတူ သင်တန်းပြီးဆုံးသွားတဲ့အခါ အချိန်မရွေးပြန်လာလေ့ကျင့် သင်ယူနိုင်ပါတယ်။

ဒီ Computer Services Technician Course အတန်းက သင်တန်းသားများကိုပြုပြင်ရမယ့်စက်များကို ကိုယ်တိုင်ပြုပြင်စေမယ့် On Job Training ပါ ပေးတဲ့ သင်တန်းဖြစ်ပါတယ်။

သင်တန်းနေရာ --- အမှတ် ၃၄၊ ပြည်လမ်း၊ ထောက်ကြန့် မြောက်ပိုင်း၊ ထောက်ကြန့်။ (အောင်ကောင်းစံလက်ဖက်ရည်ဆိုင်အရှေ့၊ သမာဓိ စိုက်ပျိုးရေးဆိုင်ဘေး) ၀၉ ၂၆၃၅၄၁၄၄၆၊ ၄၃၀၂၃၀၇၄၊ ၄၂၀၂၁၂၄၆၁

‎ကွန်ပျူတာအခြေခံကို ပိုင်ပိုင်နိုင်နိုင်တတ်မြောက်ချင်တယ် ကျွမ်းကျင်ချင်တယ် ဆိုရင်...‎‎ဒီ 👉 Professional Computer Applica...
02/10/2026

‎ကွန်ပျူတာအခြေခံကို ပိုင်ပိုင်နိုင်နိုင်တတ်မြောက်ချင်တယ် ကျွမ်းကျင်ချင်တယ် ဆိုရင်...
‎
‎ဒီ 👉 Professional Computer Application Course ကိုတက်ပါ။
‎
‎တစ်ချို့က အခြေခံခုမှ စတက်ရတာ Basic course ဆိုရင် တကယ့် အခြေခံ လောက်သာ သင်ပေးကြတာ... ပြီးမှ Advanced office တို့ ဘာတို့ထပ်တက်ရတယ်။ ဒါမျိုး Future Hope မှာ မရှိဘူး၊ တစ်ခုပဲတက် တတ်သွားအောင်သင်ပေးမယ်။ လုပ်ငန်းခွင် သုံးနိုင်အောင်သင်တာဖြစ်လို့ Professional Computer Application Course လို့လည်းခေါ်လို့ရပါတယ်။
‎
‎ကွန်ပျူတာ သင်တန်းစတက်တော့မယ်ဆိုရင် ဒီ Course နဲ့ လူတိုင်းစတင်တက်ရောက်သင့်တယ်။
‎
‎အသုံးပြုအများဆုံး အခြေခံ ကျတဲ့ Programs တွေ စုစည်းထားလို့ ဆရာဝန်ပဲဖြစ်ဖြစ်၊ အင်ဂျင်နီဖြစ်ဖြစ်၊ အခုမှဆယ်တန်းအောင်ထားလို့တက်မယ့်သူပဲဖြစ်ဖြစ်၊ ကျောင်းတော့ သုံး လေးတန်းပဲ တတ်ထားပြီး ကွန်ပျူတာဝါသနာပါလို့ တက်ချင်ရင်ပဲ ဖြစ်ဖြစ် ဒီ Professional Computer Application Course က စတက်ပါ။
‎
‎ဒီ Course မှာ အဓိကသင်ကြားပေးမှာတွေကတော့ ...
‎==≈===============
‎1. Introduction to Compuer System
‎ကွန်ပျူတာ အစိတ်အပိုင်းတွေ၊ ဆက်သွယ်ချက်တွေ၊ ဖွင့်ပိတ် စတာတွေကို မိတ်ဆက်ပေးမယ်။
‎
‎2. Windows Operating System
‎ဝင်းဒိုးအလုပ်လုပ်ပုံကို နားလည်ရင် ကွန်ပျူတာကောင်းကောင်းသုံးတတ်တယ်၊ ဒါကြောင့် ဝင်းဒိုးမှာပါဝင်တာတွေ နားလည်အောင်သင်ကြားပေးမယ်။
‎
‎3. English Typing & Myanmar Typing
‎အခုမှစ ကွန်ပျူတာလေ့ကျင့်ရတဲ့သူတွေဆိုတော့ ကျွမ်းကျင်မှုမရခင် စနစ်ကျဖို့ အင်္ဂလိပ်၊ မြန်မာ လက်ကွက်စနစ်တကျစာရိုက်တာလေးတွေ လေ့ကျင့်ခန်းတွေနဲ့ လေ့ကျင့်ပေးမယ်။
‎
‎4. Microsoft office Word
‎ရုံးလုပ်ငန်းသုံး၊ စာစီစာရိုက်လုပ်ငန်းသုံး၊ ဘယ်လိုနေရာပဲဖြစ်ဖြစ် ကွန်ပျူတာမှာ စာရိုက်ဖို့ဆို ကျွမ်းကျင်ထားရမယ့် Program ဖြစ်ပါတယ်။
‎
‎5. Microsoft Office Excel
‎စာရင်းဇယားရေးဆွဲမယ်၊ တွက်ချက်မယ် ဒီအပိုင်းက လုပ်ငန်းခွင်မှာ အရေးပါလို့ နေရာဌာနတော်တော်များများအတွက် စာရင်းတွက်ချက်ဖို့ဆို အသုံးဝင်ဆုံးဖြစ်လို့ သင်ကြားပေးမယ်။
‎
‎6. Microsoft office PowerPoint
‎ကိုယ်လုပ်ကိုင်ဆောင်ရွက်ထားတဲ့ အချက်အလက်တွေကို အများရှေ့မှာတင်ဆက်ပြသနိုင်ဖို့ ပါဝါပွိုင့်ကို ကောင်းကောင်းအသုံးပြုနိုင်ရဖို့ လုပ်ငန်းခွင်အကြောင်းအရာတွေနဲ့ ချိတ်ဆက်သင်ကြားပေးမယ်။
‎
‎7. Internet & Email အသုံးပြုနည်းများတွေကို နှံနှံစပ်စပ် သိထားရမှာတွေ သင်ကြားပေးမယ်။
‎
‎8. Printing ကိုယ်ရိုက်ထားတာတွေ ပရင့်ထုတ်ခြင်းများ၊ လိုအပ်တဲ့ Knowledge ဗဟုသုတများကို ထည့်သွင်းသင်ကြားပေးပါတယ်။
‎

‎သင်တန်းပြီးရင် Certificate ပေးပါတယ်။
‎
‎သင်တန်းသားများရဲ့ လက်တွေ့ လုပ်ငန်းခွင်က အခက်အခဲများကိုလဲ ကူညီဖြေရှင်းပေးတဲ့အတွက် စိတ်ကြိုက် မေးမြန်းဆွေးနွေးနိုင်ပါတယ်။
‎
‎သင်တန်းကို မိမိတက်ရောက်ချင်တဲ့ နေ့ရက်မှာ စတင်အပ်နှံ တက်ရောက်နိုင်ပါတယ်။
‎
‎😍😍 စုံစမ်းမေးမြန်းမှု့ကို ကျေးဇူးအထူးတင်ပါသည်။
‎FUTURE HOPE Computer & Business Training Centre
‎
‎🚩သင်တန်းနေရာ
‎အမှတ်(၃၄)၊ ပြည်လမ်း၊ ထောက်ကြန့် မြောက်ပိုင်း၊ မင်္ဂလာဒုံမြို့။
‎(အောင်ကောင်းစံလက်ဖက်ရည်ဆိုင်အရှေ့၊ သမာဓိစိုက်ပျိုးရေးဆိုင်ဘေး)
‎
‎📞 ဖုန်း - 263541446 43023074 420212461
‎
Thanks Everyone Active

တတ်ချင်ရင် လေ့လာ၊တော်ချင်ရင် လေ့ကျင့်၊ဒီစကား ရိုးရိုးလေးပါပဲ။ကွန်ပျူတာ စသုံးတော့ လက်ကွက်ချရိုက်တာလေးကအစ ခက်မှာပေါ့၊ ဒါလည...
15/09/2026

တတ်ချင်ရင် လေ့လာ၊
တော်ချင်ရင် လေ့ကျင့်၊
ဒီစကား ရိုးရိုးလေးပါပဲ။

ကွန်ပျူတာ စသုံးတော့ လက်ကွက်ချရိုက်တာလေးကအစ ခက်မှာပေါ့၊ ဒါလည်း တစ်နာရီ နှစ်နာရီ တစ်ရက် နှစ်ရက်နဲ့ တဖြည်းဖြည်းသုံးရင်းနဲ့ ဘာခက်တော့မှာလဲ။

စာရင်းပညာဆိုလည်း Accounting equation နဲ့ Debit and Credit စာရင်းသွင်းရတာလေးတောင် အစပိုင်းတော့ ကမ္ဘာကြီးလောက်ခက်လို့၊ နောက်လေ့လာချိန် များလာဝောာ့မှ child play ဖြစ်သွားတာလေ။
ကြားဖူးတဲ့စကားတစ်ခုက First experience is always difficult. တဲ့။
ကိုယ်က ဉာဏ်မသာရင် ဝီရိယသာအောင်လုပ်။
ကံ၊ ဉာဏ်၊ ဝီရိယ ဒီသုံးခုမှ မဆုံသေးသ၍တော့ သာမာန်ပဲပေါ့။

ကိုယ်က ဆောက်လုပ်ရေးအင်ဂျင်နီယာ civil engineer ဖြစ်ဖို့ကြိုးစားနေတာလား၊ အဲဒါနဲ့ အလုပ်ဝင်မှာလား၊ ဒါဆို ကိုယ့်အားတဲ့အချိန်မှာ ကျောင်းစာအပြင် သိသင့်သိထိုက်တဲ့ အင်ဂျင်နီယာကောင်းတစ်ယောက် ရဲ့ အရည်အချင်းတွေက ဘာတွေလဲ။ ဘယ်လိုတွေနဲ့ လက်မှတ်ရအင်ဂျင်နီယာတစ်ယောက် ဘောင်ဝင်တန်းဝင်အောင် ဘာတွေလုပ်ရမလဲ၊ ဆက်စပ် related ဖြစ်တဲ့ Estimate details တွက်တာတို့၊ computer drafting စကေးတို့၊ senior engineer ကြီးတွေပို့ချတဲ့ workshop နဲ့ seminar တွေ တက်ရောက်လေ့လာသင်ယူတာတို့၊ အင်ဂျင်နီယာအသင်းချုပ်က စာမေးပွဲတွေ လက်မှတ်တွေရယူထားတာတို့၊ အားနေရင် FB, Tele, TT တို့မှာရှိတဲ့ အင်ဂျင်နီယာ group တွေထဲမှာ ဝင်ရောက်လေ့လာတာတို့၊ အဆင့်မြင့် အသိအမှတ်ပြု Diploma လက်မှတ်တွေ ဆက်ယူထားတာတို့ စသဖြင့် စသဖြင့် လုပ်လို့ရတာတွေ မလုပ်ဘဲ အသက်မွေးတာတစ်ခု ဝါသနာပါတာတစ်ခု လုပ်ဖြစ်နေတဲ့ဟာက တစ်ခု ဆိုရင်တော့လည်း comfort zone ထဲမှာ ရောင်ဝါးဝါးလေးပဲ နေခဲ့ပေါ့။

အဓိကပြောချင်တာက Engineer တစ်ယောက်ဖြစ်မယ့်သူက AutoCAD လို အင်ဂျင်နီယာလုပ်ငန်းတွေမှာ အသုံးများတဲ့ Program လေးတစ်ခုလောက်မှ ကောင်းကောင်း မသုံးတတ်ထားရင် ...
နောက်ကျ မကျန်ရအောင် Future Hope Computer & LCCI Training Centre က ကူညီပေးလို့ရတာ...
2D, 3D ပုံတွေ ကောင်းကောင်းဆွဲတတ်အောင်လို့ပါ။ ❤️👇

‎ Engineering Drawing Course
‎( 2D drawing and 3D drawing ) 👷‍♀️👷
‎
‎ ဆိုတာ ဘယ်လို Software လဲ။
‎
‎👉 AutoCAD ဆိုတာ အင်ဂျင်နီယာသုံး ပုံဆွဲ Software ဖြစ်ပါတယ်။ Civil, Mechanical, Electrical, Archi, M&E Plumbing စသဖြင့် Drawing ဆွဲရတဲ့ အင်ဂျင်နီယာ၊ မက်ကင်းနစ်၊ Drafter ၊ အားလုံးက လိုသလို အသုံးပြုလို့ ရပါတယ်။
‎
‎Graphic Designer တချို့ တိတိကျကျစကေးကိုက်တွေ လိုအပ်ရင် AutoCAD နဲ့ အထိုင်ချတာမျိုးရှိပါတယ်။ အခုသင်ပေးမှာ General use ဖြစ်တဲ့ Basic and Intermediate Course
‎ 2D and 3D Course ဖြစ်ပါတယ်။
‎
‎🤗 ပညာအရည်အချင်းအားလုံး၊ အသက်အရွယ်မရွေး၊ တက်လို့ရပါတယ်။ Software လိုအပ်ရင် ပေးပါမယ်။ Install လုပ်နည်းလဲ သင်ပေးပါမယ်။
‎
‎👌သေသေချာချာ တစ်ဦးခြင်းသင်ပေးမှာမို့လို့ သင်တန်းအပ်ပြီးရင် တတ်မြောက်သွားပြီလို့သာ ယုံကြည်လိုက်ပါ။
‎
‎သင်ပေးမယ့် Course မှာပါဝင်တာတွေ အကျဥ်းချုပ်ပြောပြရရင်....
‎
‎၁။ AutoCAD Interface နဲ့ ဖိုင် အသစ်ယူပုံ၊ ဖွင့်ပုံ၊ Save ပုံတွေကိုသင်ပါမယ်။ ပြီးရင် Command တွေပါ။
‎၂။ Command တွေသင်တဲ့အခါ အသေးစိပ် instructions တွေကို Tools and Commands ဆိုပြီး 2ways ရှင်းပြပေးမှာပါ။
‎၃။ ပေးထားတဲ့ သင်ရိုးစာအုပ်ထဲက Drawing ပုံတွေကို ရေးဆွဲနည်းတွေ Dimension ထိုးနည်းတွေကို ဆက်သင်ပါမယ်။
‎၄။ 2D drawing ကျွမ်းကျင်သွားရင် 3D ဆက်သင်ပါမယ်။
‎၅။ 3D Modeling အတွက် Workspace ကစပြီး 3D ရဲ့ အခြေခံ Drawing accessories တွေကို သေသေချာချာရှင်းပြပါမယ်။ 2D ကနေ 3D ပြုလုပ်နည်းတွေကို နှစ်ထပ်အိမ်တလုံး နမူနာ ဆွဲပြီး သင်ကြားပါမယ်။
‎၆။ ရိုးရိုးလှေခါးနဲ့ ကြောင်လိမ်လှေခါး ဆွဲနည်းအမျိုးမျိုးကိုလည်း ထည့်သွင်းသင်ပေးပါဦးမယ်။
‎၇။ Drawing တွေ သင်ပြီးရင် 2D & 3D Print, Title Block, Pdf, jpg, png ပြုလုပ်နည်းတွေ ဆက်သင်ရပါမယ်။
‎
‎အားလုံးကျွမ်းကျင်သွားတဲ့အခါ Certificate ပေးအပ်ချီးမြှင့်ပေးပါတယ်
‎
‎သင်တန်းချိန် - အချိန်ညှိနှိုင်း သင်ပေးပါတယ်
‎
‎သင်တန်းရဲ့ လိပ်စာအပြည့်အစုံက...
‎
‎FUTURE HOPE TRAINING CENTRE
‎အမှတ် ၃၄၊ ပြည်လမ်း၊ ထောက်ကြန့် မြောက်ပိုင်း၊ မင်္ဂလာဒုံမြို့။
‎၀၉ ၂၆၃၅၄၁၄၄၆
‎၀၉ ၄၂၀၂၁၂၄၆၁
‎
‎တို့ကို ဆက်သွယ်မေးမြန်း သင်တန်းအပ်နှံလို့ရပါပြီ
‎
‎ကျေးဇူးတင်ပါတယ်❤️

မေတ္တာစာလေးများ လာပို့တဲ့ မကဗျာကျေးဇူးပါ။ ကိုယ့်သင်တန်းသားတွေက ဆွေမျိုးရင်းချာတွေလိုပါပဲ ခရီးသွားရင် လက်ဆောင်ဝယ်လာတဲ့သူန...
14/09/2026

မေတ္တာစာလေးများ လာပို့တဲ့ မကဗျာ
ကျေးဇူးပါ။ ကိုယ့်သင်တန်းသားတွေက ဆွေမျိုးရင်းချာတွေလိုပါပဲ ခရီးသွားရင် လက်ဆောင်ဝယ်လာတဲ့သူနဲ့၊ မုန့်စားရင်း သတိရလို့ ဝယ်လာပေးတဲ့သူနဲ့၊ အိမ်မှာ ဟင်းကောင်းချက်ရင် ဟင်းတစ်ခွက်သယ်လာပေးသူနဲ့၊ အညာချက်လေး‌တွေ ကြိုက်တတ်လို့ ချက်တိုင်းလာပို့ပေးသူနဲ့၊ ငှက်ပျောသီး၊ သရက်သီးပေါ်ချိန်ဆို အစိမ်းရော အမှည့်ရော အမြဲလာပို့ကြလို့ ဝယ်တောင်မစားရပါဘူး၊ တစ်ချို့ဆို အိမ်မှာစိုက်တဲ့ ဟင်းနုနွယ်၊ ဆူးပုတ်ကအစ လာပေးတတ်ကြလို့ ကျေးဇူးလည်းတင် အားလည်းနာရပါတယ်။
စားတဲ့အခါ သုံးစွဲတဲ့အခါမှာလည်း "စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာပါစေကြောင်း" ဆုမွန်အခါခါ တောင်းပေးမိပါတယ်။

လောကမှာ ပစ္စည်းဥစ္စာတွေကို စွန့်ကြဲပေးကမ်းနိုင်သောသူဖြစ်ရတာ၊ မေတ္တာတရားတွေကို အများအပေါ် ထားရှိပေးနိုင်‌သောသူဖြစ်ရတာဟာ အင်မတန် မွန်မြတ် ပြည့်စုံတဲ့ လူသားတစ်ယောက်ဖြစ်ရတာပါပဲ။ ❤️
ချစ်သော များ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းကြပါစေ။ 🏵️

ဘယ်နေရာမှာမှ အသုံးမဝင်တဲ့လူပိုကြီး တစ်ယောက်မဖြစ်စေနဲ့။ကိုယ်က အကြမ်းလား အနုလားတစ်ခုခုတော့ အသုံးဝင်အောင်လုပ်။အသုံးဝင် အသုံ...
13/09/2026

ဘယ်နေရာမှာမှ အသုံးမဝင်တဲ့
လူပိုကြီး တစ်ယောက်မဖြစ်စေနဲ့။

ကိုယ်က အကြမ်းလား အနုလား
တစ်ခုခုတော့ အသုံးဝင်အောင်လုပ်။

အသုံးဝင် အသုံးတည့်ရင်
လောကမှာ အလုပ်ခွင်မှာ လူရာဝင်လာမှာပေါ့။

ကိုယ်မရှိလို့မဖြစ်တဲ့နေရာတော့ မရှိပေမယ့်
ရှိနေရင် အကျိုးအများကြီး ဖြစ်တဲ့ လူဖြစ်အောင်လုပ်။

လူတိုင်းမှာ တာဝန်ကိုယ်စီ ရှိတယ်။
ကျောင်းသားက စာ‌ကိုကြိုးစား လုပ်ရမယ့်တာဝန်ရှိသလို၊ ဆရာက စာကိုနားလည်အောင် သင်ပေးဖို့တာဝန်ရှိတယ်။
အဖေက ပိုက်ဆံကို ပြည့်စုံအောင်ရှာပေးရမယ့် တာဝန်ရှိသလို၊ အမေက မကုန်မခမ်းအောင် ထိန်းသိမ်းသုံးစွဲရမယ့် တာဝန်ရှိတယ်။
ဝန်ထမ်းက အလုပ်ကြိုးစားပြီး တာဝန်ကျေအောင်ဆောင်ရွက်ပေးရမယ့် တာဝန်ရှိသလို၊ သူဌေးက ထိုက်တန်တဲ့ လစာ ချီးမြှောက်မှုပေးရမယ့် တာဝန်ရှိတယ်။

ဒါဆို အလုပ်ထဲမှာ စာရင်းပိုင်း လုပ်ချင်တဲ့သူတွေရော ဘာတာဝန်တွေကျေရမှာလဲ။ လစာများများ ရာထူးကြီးကြီး လိုချင်ရင်ရော ဘယ်လိုတွေ ပြင်ဆင်ထားရမလဲ။ 👇

Level 1,2 ကစပြီး Level 3 နဲ့ ACCA အထိ သင်ယူထားနိုင်ရင် သင်ယူထားသလောက် အကျိုးအများကြီးရှိတယ်။
အခုခေတ်က IT ခေတ်, ဘာဖြစ်ဖြစ် ကွန်ပျူတာနဲ့ လုပ်နေတဲ့ခေတ်ကြီးမှာ စာရင်းသမားနဲ့ဆက်စပ်တဲ့ Office Excel ကို အခြေခံနဲ့ အထိ တတ်ထားရင်ပိုကောင်းတာပေါ့။
ဒါ့အပြင် Excel တို့ လို software တစ်ခုခုလောက် တတ်ထားရင် လုပ်ငန်းခွင်မှာ ပိုအသုံးဝင်တာပေါ့။ ဒါတွေက ဒီနိုင်ငံမှာပဲ အသုံးတဲ့တာလား၊ ဘယ်ဟုတ်မလဲ နိုင်ငံတော်တော်များများ IAS တို့ IFRS တို့နဲ့ပဲ သွားနေတာ အသုံးဝင်‌တာပေါ့။

နောက်ပြီး လုပ်ငန်းခွင်မှာ ကွန်ပျူတာ စာရေးတို့၊ Office staff တို့၊ Admin ပိုင်းတို့၊ Warehouse/store အပိုင်းတို့၊ စသဖြင့် လုပ်ကိုင်ချင်တဲ့သူတွေရော တာဝန်တွေကျေပွန်စွာလုပ်နိုင်အောင် ဘယ်လိုတွေ ပြင်ဆင်ထားရမလဲ။ 👇

စာရိုက် , စာရင်းလေး ဇယားလေးဆွဲ , Meeting အတွက် Presentation ပြင်ဆင်ဖို့ ပရိုဂရမ်တွေကို သေချာသုံးတတ်အောင်လုပ်၊ နဲ့ Email လောက်မှ ရေရေလည်လည် မသိသေးရင်၊ Printer ဆိုတာဘာလဲ၊ ဘယ်လိုသုံးရတာလဲ၊ Memory Stick မသုံးတတ်ဘူး၊ ကွန်ပျူတာ Login လို Setting အပိုင်းနဲ့ User control အပိုင်းလေးတွေလောက်မှ သိမထားရင် ကွန်ပျူတာနဲ့လုပ်ရတဲ့ လုပ်ငန်းခွင်က လွယ်ကူမနေပါဘူး။ လက်ကွက်လောက် မှန်ရုံ မြန်ရုံနဲ့ Office အပိုင်းမှာ အသုံးမဝင်သေးပါဘူး။ ဒါ‌ကြောင့် ဒီ 👇
Basic and Office Application Course လေးလောက်တော့ တတ်ထားသင့်တာပေါ့။

ကဲ Everyone Active ❤️
တက်မယ်ဆို ဆက်သွယ်လိုက်တော့နော်...

FUTURE HOPE
Computer & Business Training Centre
‎
‎🚩သင်တန်းနေရာ(၁) အမှတ်(၃၄)၊ ပြည်လမ်း၊ ထောက်ကြန့် မြောက်ပိုင်း၊ မင်္ဂလာဒုံမြို့။
‎(အောင်ကောင်းစံလက်ဖက်ရည်ဆိုင်အရှေ့၊ သမာဓိစိုက်ပျိုးရေးဆိုင်ဘေး)
‎
‎📞 ဖုန်း - 263541446 43023074 420212461
‎

13/09/2026

တော်တော်သဘောကျစရာကောင်းတဲ့ ရေးသားတင်ပြမှုပါ။ ‌မျှဝေမှုအတွက် ကျေးဇူးပါ။

ကိုယ်သိတာကို သင်ပေးတယ်။ကိုယ်မသိတာကိုလည်း အခြားသင်တန်းတွေမှာ သင်ယူနိုင်ဖို့ လမ်းညွှန်ပေးတယ်။ကိုယ်တစ်ယောက်တည်းတော့ အရာရာ ဘ...
12/09/2026

ကိုယ်သိတာကို သင်ပေးတယ်။
ကိုယ်မသိတာကိုလည်း အခြားသင်တန်းတွေမှာ သင်ယူနိုင်ဖို့ လမ်းညွှန်ပေးတယ်။
ကိုယ်တစ်ယောက်တည်းတော့ အရာရာ ဘယ်စွမ်းနိုင်မလဲ။
‌ကိုယ်သင်ပေးလိုက်တဲ့လူတစ်ယောက်ကို ကိုယ့်ထက်ပိုသာအောင် လမ်းညွှန်သင်ပြပေးနိုင်မှ လူ့အဖွဲ့အစည်းကြီးက Generation အလိုက် တိုးတက်လာမှာပေါ့။
တစ်ချို့တွေက ကိုယ့်ကိုတော်တော် သိနေ တတ်နေတယ်လို့ ထင်ကြတယ်၊ ကိုယ်ကိုတိုင်ကျတော့ ငါမသိတာ အများကြီးရှိပါလား ငါသိတာ နည်းနည်းလေးပါလားလို့ အမြဲမြင်တယ်၊ ကိုယ်မသိတာတွေများနေလို့သာ ကိုယ်ပိုသိလာတာပေါ့။

တတ်သိပညာများဖြင့် မိမိအကျိုး နှင့် အများအကျိုး ဆောင်ရွက်နိုင်ရပါစေလို့ မိမိကိုယ်ကို ဆန္ဒပြုရင်းဖြင့်...

A+ သင်တန်းလေး ကြော်ငြာပါရစေ။ ❤️

‼️ Practical A+ ( ကွန်ပျူတာပြုပြင်ထိန်းသိမ်းနည်း ) သင်တန်း + (N+ Bonus)
~~~~~~~

❇️ သင်က System Engineer တစ်ယောက်အနေ နဲ့ ဖြစ်ဖြစ် Network Engineer တစ်ယောက် အနေနဲ့ပဲ ဖြစ်ဖြစ်အသက်မွေးဝမ်းကြောင်းပြုလိုတဲ့သူဆိုရင် A + ဆိုတဲ့ Computer ပြုပြင်ထိန်းသိမ်းနည်း အတန်းဟာ ပထမ ဦးဆုံး Step အနေနဲ့ တက်ရောက်ထားသင့်တဲ့ အတန်းဆိုရင်လဲ မမှားပါဘူး….

❇️ ဒီ A+ အတန်းဟာဆိုရင် ကွန်ပျူတာတစ်လုံးရဲ့ ( Hardware )စက်ပစ္စည်းအစိတ်အပိုင်းများရဲ့ အလုပ်လုပ်ပုံ အသေးစိတ်ကို တပ်ဆင်လဲလှယ် ပြုပြင်သည့်အပိုင်းကနေစပြီး မိမိကိုယ်တိုင် ပြန်လည် ထိန်းသိမ်းနိုင်သည်အထိ လက်တွေ့ ကျကျ သင်ကြား လေ့ကျင့်ပေးသွားမယ့် အတန်းလေးပဲ့ ဖြစ်ပါတယ်.

❇️ ကွန်ပျူတာ အကြောင်း သေချာသိချင်တဲ့ သူတွေ နည်းပညာလောကမှာ IT Engineer တစ်ယောက်အနေဖြစ် စတင်မည့်သူတွေ စာစီစာရိုက်ဆိုင်၊ ရုံးမှာကွန်ပျူတာတွေစီမံကြီးကြပ်ရသူ၊ ကိုယ်ပိုင်ကွန်ပျူတာကို ကျွမ်းကျင်စွာကိုင်တွယ်ချင်သူ စတဲ့ ကွန်ပျူတာနဲ့ ဆက်နွယ်နေတဲ့ အလုပ်တွေ လုပ်နေရတဲ့ သူဆိုရင်လဲည်း သိထားတတ်ထားရင် ကိုယ့်အတွက် အကျိုးရှိရှိပြန်လည် အသုံးချလို့ ရမယ့် အတန်းပဲဖြစ်ပါတယ်။

✔️ ဒီ သင်တန်းကနေ ဘာတွေ လေ့လာခွင့်ရမလဲ ?

📍ကွန်ပြူတာဆိုတာဘာလဲ ?
📍ကွန်ပျူတာ တစ်လုံး ဘယ်လိုအလုပ်လုပ်သလဲ ? 📍ကွန်ပြူတာ တစ်လုံးဖြစ်လာအောင် ဘယ်လိုတွေ ပြင်ဆင်ထားသလဲ ?
📍Window ဘယ်လိုတင်ရလဲ ?
📍Window တင်ပြီးမဖြစ်မနေလုပ်ရမယ့်အချက်တွေဖြစ်တဲ့ Software ဘယ်လိုထည့်ရမလဲ ?
📍Software သွင်းပြီးတဲ့အခါ Crack ဘယ်လိုဖြည်ပြီး software တွေကိုဘယ်လိုနည်းတွေနဲ့ Active လုပ်ရမလဲ ?
📍Devices Driver တွေဘယ်လိုinstall လုပ်ရမလဲ ?📍File System တွေအကြောင်း ၊ Antivirus တွေ အကြောင်း
📍Window တင်ခြင်း၊ ဆော့ဝဲတင်ခြင်းများကိုလည်း မိမိကိုယ်တိုင် လုပ်ဆောင်ရမည်ဖြစ်ပါတယ်။

🎯 Bonus သင်ခန်းစာအဖြစ် ကွန်ပျူတာ ပြုပြင်ထိန်းသိမ်းခြင်းသာမက Networking Basic အပိုင်းကိုပါ သင်ကြားပေးသွားမှာ ဖြစ်ပါတယ် ။

ဒီခေတ်ကြီးမှာ Network ကောင်းကောင်းချိတ်တတ်ဖို့ မဖြစ်မနေတတ်ထားသင့်ပါတယ်...
Network နှင့် IP အခြေခံသဘောတရားများ ၊ Bus, Topology and Layers control အကြောင်းများ
Files and Devices Sharing
Printer Sharing ပြုလုပ်ခြင်းများကို အခြေခံကျကျသင်ကြားရပါမည်။ 🥰

A+ Course Details

- Personal Computer Components
- Operating System Fundamentals
- Installing and Configuring Peripheral Components
- Installing and Configuring System Components
- Troubleshooting System Components
-Creating USB boot devices
- Installing and Configuring Operating System ( Windows installation / Driver Installation / Software installation )
- Using CMD and Run Box commands
- Maintaining and Troubleshooting Microsoft Windows
- Supporting Laptops and Portable Computing devices
- Supporting Printer and Scanner
- Supporting Personal Computer Security
- About Antivirus
-Resetting forgot user password in Windows 10 without losing data
-Introduction to Local Area Network
-File sharing and network printer sharing

✔️ သင်တန်းပြီးဆုံးသွားရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲ ?

📍ကွန်ပျူတာနဲ့ပတ်သက်တဲ့အချက်တွေ သူများတွေကိုလိုက်မေးနေစရာမလိုပဲ မိမိဘာသာသိရှိနိုင်မယ်။
📍 အရေးကြီးတဲ့ Data တွေကို မပျက်သွားအောင် ထိန်းသိန်းနည်းတွေ သိရှိနိုင်လာမယ်။
📍System ကြောင့် computer နှေးကွေးရတာ မဖြစ်ရလေအောင် ကိုယ်တိုင် system ကို ပြုပြင်ထိန်းသိမ်းနိုင်လာမယ်။
📍Third party tools အသုံးပြုနည်းတွေလည်း သိရှိနားလည်နိုင်လာမယ်။
📍Command Line Interface အကြောင်းတွေ
Run Box ကိုအသုံးပြုပြီး သုံးလို့ရမယ့် commands တွေ စသဖြင့် စတဲ့ သင်ခန်းစာ များစွာကို သိရှိနားလည်သွားမှာ ဖြစ်ပါတယ်။

🎯🎯 သင်တန်းပြီးသွားရင် မိမိကိုယ်တိုင် Computer တစ်လုံးကို ပြုပြင်ထိန်းသိမ်းသွားနိုင်ယုံသာမက မိမိလုပ်ကိုင်လိုတဲ့ လုပ်ငန်းခွင်မှာပါ အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်မှာဖြစ်ပါတယ်။

📜 သင်တန်းပြီးဆုံးသွားရင် Certificate လက်မှတ်ပေးအပ်မှာဖြစ်ပါတယ်။ 🏆

✅ Lecture Instructor ကတော့ IT နယ်ပယ်မှာ လုပ်သက် ၂၀ နှစ်ကျော်တိုင်အောင် ကြာရှိနေပြီဖြစ်လို့ တကယ့်လက်တွေ့မှာ အသုံးပြုနေတဲ့ နည်းလမ်းသဘော သဘာဝတွေကို သင်ကြားရမှာဖြစ်သလို သင်တန်းပြီးဆုံးသွားရင်လဲ ပြန်လည်အသုံးချလို့ရအောင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။

✔️သင်တန်းအကြောင်းအရာများနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက
သင်တန်းသို့ လာရောက်မေးမြန်းနိုင်သလို
အောက်ပါဖုန်းနံပါတ်များကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

☎️09 43023074 (viber) , 09 263541446

အခုလို လုပ်ငန်းသိမ်းပြီး နားရတော့မယ့် ညဖက်မိုးချုပ်ချိန်လေး ရောက်လာတော့...ဪ တစ်ရက်တာ ကုန်ဆုံးသွားပြန်ပါပေါ့။ဒီနေ့ ကောင်း...
11/09/2026

အခုလို
လုပ်ငန်းသိမ်းပြီး နားရတော့မယ့် ညဖက်မိုးချုပ်ချိန်လေး ရောက်လာတော့...
ဪ တစ်ရက်တာ ကုန်ဆုံးသွားပြန်ပါပေါ့။
ဒီနေ့ ကောင်းမွန်တဲ့အလုပ် ဘာတွေများလုပ်မိလဲဆိုတာကို ပြန်စဉ်းစားကြည့်တဲ့အခါ ထူးထူးခြားခြား ဘာမှမရှိပါလားလို့ ပြန်မြင်မိရင် နှမြောမိတယ်၊ စိတ်နှလုံးလည်း သိပ်မရွှင်ပျတော့ဘူး။
အဲ့ဒီအခါ တစ်နေ့တာရဲ့ နောက်ဆုံးပိတ် ကောင်းတာလေးအဖြစ် ဘုရားရှင်ကိုရည်မှန်း သောက်တော်ရေချမ်း ကပ်လှူပြီး ဂုဏ်တော်လေးပွါးလိုက်မှ အရှုံးထဲက အရင်းလေး ကျန်အောင်လုပ်လိုက်ရသလို နည်းနည်းလေး နေသာသွားတယ်လေ။

ဒီလိုနဲ့ပဲ နောက်ဆုံးဘဝလုပ်ငန်းတွေသိမ်းလို့ အပြီးတိုင် နားရတော့မယ့် အချိန်တစ်ခု နေ့ရက်တစ်ရက်ကလည်း မလွဲမသွေ ရောက်လာမယ်ဆိုတာ တွေးမိပါတယ်။
အဲ့ဒီအခါ အဲ့ဒီအချိန်မှာရော ဖြတ်သန်းခဲ့တဲ့ သုံးစွဲခဲ့တဲ့ အချိန်တွေ လုပ်‌ဆောင်ခဲ့တာတွေကို ပြန်စဉ်းစားမိရင် နောင်တ မရ ရအောင်၊ ကျေနပ်မှုရှိအောင်ဆိုတာ တစ်ရက်တာခြင်းစီဟာ အရမ်းအရေးပါတဲ့ အစိတ်အပိုင်းတွေပဲလို့ ခံစားမိတယ်။

ဘာလို့ဆို
ကိုယ့်ဘဝရဲ့ အဆုံးသတ်ဟာ
ဒီနေ့လား မနက်လား ဘယ်‌နေ့လဲ ဆိုတာ
ဘယ်သူမှ ကြိုမသိနိုင်တာပဲကို။

ချစ်သောသူများ
and Future Hope Computer & LCCI Training Centre လည်း ကိုယ့်ဘဝရဲ့ အချိန်ရှိခိုက်မှာ အကျိုးရှိတာတွေ လုပ်ဆောင်နိုင်ကြပါစေ။ ❤️

Address

Centre 1 : No-34, Pyay Road, North Htauk Kyant, Mingaladon
Yangon

Alerts

Be the first to know and let us send you an email when Future Hope Computer & LCCI Training Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Future Hope Computer & LCCI Training Centre:

Shortcuts

Share