laptop service technology

laptop service technology thank you so much for like and follow

16/07/2024

ကွန်ပျူတာဦးနှောက်ခေါ် CPU ဘယ်လိုအလုပ်လုပ်သလဲ👨💻

Computer ရဲ့ ဦးနှောက်လို့ တင်စားခေါ်ဝေါ်လေ့ရှိတဲ့ Microprocessor (ဝါ) CPU သည် transistor သန်းပေါင်းများစွာဖြင့် ပြုလုပ်ထားပြီး motherboard (သို့) circuit board ပေါ်တွင် တိုက်ရိုက်တပ်ဆင်အသုံးပြုရသည့် အကြီးမားဆုံးသော Chip တစ်ခုပင်ဖြစ်ပါတယ်။ (၁၉၇၁) ခုနှစ်တွင် Intel company မှ 4004 processor ကိုပထမဦးဆုံး စီးပွားဖြစ် တီထွင်ထုတ်လုပ် ရောင်းချခဲ့ပါတယ်။ ထို 4004 processor ကို transistor ပေါင်း ၂၃၀၀ ခန့်ဖြင့် တည်ဆောက်ထားပြီး 60 kHz ဖြင့် အလုပ်လုပ်ဆောင်ပါတယ်။ 60 kHz ဆိုတာကတော့ တစ်စက္ကန့်မှာ တွက်ချက်မှုပေါင်း ၆ သန်းခန့်ကို လုပ်ဆောင်နိုင်ခြင်းပင် ဖြစ်ပါတယ်။ ယနေ့ခေတ်ပေါ် processor များကိုတော့ သန်းနှင့်ချီသော transistor များဖြင့် တည်ဆောက်ထားပြီး တစ်စက္ကန့်မှာ တွက်ချက်မှုပေါင်း သန်းထောင်ချီပြီး လုပ်ဆောင်နိုင်ကြပြီ ဖြစ်ပါတယ်။
Microprocessor ရဲ့ပါတ်လည်အနားတစ်လျှောက်မှာ ရာနှင့်ချီသော pin များကို တွေ့ရပါလိမ့်မယ်။ ထို pin များထဲမှ အချို့ဟာ Bus (data carrier) များမှလာသော Signal Line များနှင့် ချိတ်ဆက်ရန်ဖြစ်ပြီး အချို့ကတော့ Chip ကို ပါဝါပေးရန်ဖြစ်ပါတယ်။ CPU တစ်ခုကို ပကတိ မျက်စိဖြင့်ကြည့်မယ်ဆိုရင် Component တစ်ခုတည်းအဖြစ်သာ မြင်ရမှာဖြစ်ပြီး အတွင်ပိုင်းမှာတော့ ALU (Arithmetic Logic Unit) ၊ Register ၊ CU (Control Unit) အစရှိသော အစိတ်အပိုင်းများကို စုပေါင်းပြီး ထည့်သွင်း တည်ဆောက်ထားပါတယ်။ ဖွဲ့စည်းတည်ဆောက်ပုံများသည် CUP အမျိုးအစားပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားကြသော်လည်း အခြေခံကျသော သဘောတရားများမှာတော့ အတူတူပင်ဖြစ်ပါတယ်။ CPU သည် Calculation နှင့် Data များကို Program မှညွှန်ကြားသော Instruction များအတိုင်း process လုပ်ရသော တာဝန်များကို ဆောင်ရွက်ရပါတယ်။ Instruction များဆိုတာကတော့ ရောက်ရှိလာတဲ့ data များကို CPU မှဘယ်လိုထိန်းချုပ်လုပ်ဆောင်ရမလဲဆိုတာကို ညွှန်ကြားတဲ့ command များပဲ ဖြစ်ပါတယ်။ ဥပမာ 2 + 7 ရဲ့အဖြေကို တွက်ထုတ်တဲ့အခါမှာ + (Add) သည်အခြေခံကျဆုံး instruction တစ်ခုပဲဖြစ်ပါတယ်။ 2 နဲ့ 7 ကိုတော့ calculate မလုပ်ခင်မှာ ခုနကပြောခဲ့တဲ့ Register ဆိုတဲ့ အခန်းငယ်လေးထဲမှာ ခဏသိမ်းထားပါတယ်။
အလားတူပဲ program တစ်ခု (ဥပမာ Microsoft Word) ကိုအသုံးပြုပြီး file တစ်ခုရေးဖွဲ့တဲ့နရာမှာဆို ထို file အတွင်းပါ စာသားများ ၊ ရုပ်ပုံများဟာ data များပင်ဖြစ်ပါတယ်။ အဲဒီ file ကိုသိမ်းဆည်းရန် (သို့) printer ထုတ်ရန်အတွက် Print (သို့) Save တွင် click နှိပ်ပြီး command ပေးရပါမယ်။ ထို Print (သို့) Save သည် CPU အား data များအပေါ်မှာ ဘယ်လိုပြုမှုဆောင်ရွက်ရမလဲဆိုတာကို ညွှန်ကြားသော Program (ဝါ) series of instructions များပဲဖြစ်ပါတယ်။ CPU ဟာ Instruction တစ်ခုလာတဲ့အခါ ထို instruction သည် ဘာကိုလုပ်ဆောင်ဖို့ရန် ခိုင်းစေသလဲဆိုတာကို နားလည်ဖို့လိုပါတယ်။ CPU အပါအဝင် computer အစိတ်အပိုင်း အားလုံးအသီးသီတို့သည် Lowest-level programming language ဖြစ်သော machine language ကိုသာလျှင် နားလည်ပါတယ်။ ထို machine language ကို CPU မှအလွယ်တကူ နားလည်လက်ခံနိုင်သော်လည်း လူသားများအတွက်တော့ ရေးဖို့ဖတ်ဖို့ရန်မဖြစ်နိုင်ပါ။
ဘာဖြစ်လို့လဲဆိုတော့ machine language တွင် number (1 & 0) များသာပါဝင်သောကြောင့် ဖြစ်ပါတယ်။
ဥပမာ - 0000 0001 0010 1000 0101 1100 00111 ဒါကြောင့် software ရေးသားသူ programmer များက Assembly (သို့) high level programming language လို့ခေါ်တဲ့ C ၊ Fortran ၊ Pascal တို့ကိုအသုံးပြုပြီး software များကို ရေးသားရပါတယ်။ ဟိုး ယခင် Programming ခေတ်ဦးကာလတုန်းကဆိုရင် Program အားလုံးတို့ကို Assembly language ဖြင့်သာ ရေးသားခဲ့ကြပါတယ်။ Assembly language သည် machine language နှင့်ဆင်တူသော Structure နှင့် Command များပါရှိပါတယ်။
သို့သော် number များအစား name များဖြင့် ရေးသားနိုင်ပါတယ်။ ဥပမာ - add $r2, $r3, $r4 ယနေ့အချိန်မှာတော့ Assembly language အသုံးပြုမှုနည်းပါးသွားပြီဖြစ်ပြီး high level language များဖြစ်ကြသော C ၊ Fortran ၊ Pascal တို့ကိုသာအဓိကထားအသုံးပြုပြီး program များကိုရေးသားလျက်ရှိပါတယ်။ ထို high level language များသည် human language နှင့်ဆင်တူသည့်အတွက်ကြောင့် Program များကို အလွယ်တကူရေးနိုင် ဖတ်နိုင် ပြုပြင်ထိန်းသိမ်းနိုင်ကြပါတယ်။ သို့သော်လည်း speed သည် အရေးကြီးပြီး high level language နှင့်ရေးသားဖို့ရန်မဖြစ်နိုင်သော operation များအတွက် assembly language ကို ယနေ့တိုင် အသုံးပြုရဆဲဖြစ်ပါတယ်။
Program တစ်ခုကို မည်သည့် language နဲ့ ရေးဖွဲ့စေကာမူ နောက်ဆုံးတစ်ချိန်မှာ CPU နားလည်လက်ခံနိုင်သော machine language အဖြစ်သို့ translate လုပ်ပေးရပါတယ်။ ထိုသို့ translate လုပ်နိုင်ရန်အတွက် high level language မှ machine language သို့ပြောင်းလဲပေးသော compiler ၊ interpreter ၊ assembly မှ machine language သို့ပြောင်းလဲပေးနိုင်သော assembler တို့ဖြင့် translate လုပ်ပေးရပါတယ်။ Micro-processor စျေးကွက်ကို လွှမ်းမိုးထားပြီး ယနေ့ computer အများစုတို့တွင် အသုံးပြုလျက်ရှိသော Micro-processor များကို အဓိကထုတ်လုပ်သူ company ကြီး ၂ ခုသာ ရှိပါတယ်။ Intel နဲ့ AMD (Advanced Micro Device) တို့ပဲဖြစ်ပါတယ်။
Intel သည် processor စျေးကွက်ကို လွှမ်းမိုးထားပြီး စျေးကွက်ဝေစုအများဆုံး ပိုင်ဆိုင်ထားသော CPU ထုတ်လုပ်သည့် company ဖြစ်ပါတယ်။ အစောပိုင်း CPU တွေကို အမည်ပေးတဲ့နေရာမှာ နံပါတ်တွေနဲ့ ပေးခဲ့ပါတယ်။
8080 ၊ 286 ၊ 486 အစရှိတဲ့ အမည်များနဲ့ ဖြစ်ပါတယ်။ 486 နောက်ပိုင်းအမည်ပေးတဲ့ နေရာမှာ Pentium ၊ Celeron ၊ အစရှိတဲ့ Pentium မျိုးဆက်ပဲဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ Pentium မဟုတ်ပဲ Core အမည်များနဲ့လာပါတယ်။ Core 2 Duo ၊ Core 2 Quad ကနေစပြီး ယနေ့နောက်ဆုံးပေါ် Core i3 ၊ Core i5 ၊ Core i7 တို့ထိအောင်ဖြစ်ပါတယ်။ CPU အလုပ်လုပ်ပုံ Computer ပေါ်မှာ software တစ်ခုကို install လုပ်ခြင်းသည် series of instruction များပါဝင်သော program code များနှင့် ဆက်စပ်လျက်ရှိသော file များကို hard disk ပေါ်တွင် သိုလှောင်သိမ်းဆည်းထားခြင်းပင် ဖြစ်ပါတယ်။ အလားတူပင် image များ document များအစရှိသော data များသည်လည်း storage device လို့ခေါ်သည်။ Hard disk များ CD ROM များပေါ်တွင် သိမ်းဆည်းထားပါတယ်။ Program ကို run တဲ့အခါမှာသော်လည်းကောင်း data များ storage device ထဲမှနေပြီး RAM (Random Access Memory) ပေါ်သို့ copy ကူးယူလိုက်ပါတယ်။ ထို RAM မှတစ်ဆင့် data များကို Bus များမှတစ်ဆင့် အသုံးပြုပြီး CPU မှစတင် process လုပ်ပါလိမ့်မယ်။ အလားတူပင် process လုပ်ပြီးသွားသော data များကို CPU မှ RAM ပေါ်သို့ RAM မှ storage device (Hard Disk) ပေါ်သို့ အဆင့်ဆင့် ပြန်ရေးရပါတယ်။ ဒီလိုနဲ့ data တွေကို memory ပေါ် ခဏတင်ထားပြီး CPU မှ process လုပ်ကာ အသုံးပြုသူက save လိုက်တာနဲ့ တစ်ပြိုင်နက် hard disk ထဲကို ပြန်သိမ်းပေးပါတယ်။

29/05/2024

laptopပြုပြင်လိုကလှိုင်သာယာရွှေလင်ဗန်းစျေးအနီးမှာလာရောက်ပြုပြင်နိုင်ပါတယ်
ph-09459306322

29/05/2024

out

✅ ရုပ်ရှင်ကြည့် / စာစီစာရိုက်လေ့ကျင့် / Word / excel / powerpoint သုံးချင်သူများ အဆင်ပြေစေမယ့် Fujisu laptopလေး😍

✅model name FMV-C8240

✅PROCESSOR Intel(R) Core2Duo T5500 (1.6GHZ)

✅RAM 1GB

✅ HDD 40GB

✅OS windows7 professional

✅SCREEN SIZE 15"

✅ Speaker 🆗
✅DVD drive 🆗
✅ wifi🆗
✅ keyboard🆗
✅ usb port (4port)🆗
✅ lan port 🆗
✅ serial port 🆗
✅ VGA port 🆗
🚫battery 15min

Ph 09459306322

💗 price 150000

desktop computerလေးလံပြီးblue screen errorတက်နေတဲကောင်လေး  fix လူကြီးမင်းတို့ရဲ့laptop,desktop computer errorများကိုလာရေ...
27/02/2024

desktop computerလေးလံပြီးblue screen errorတက်နေတဲကောင်လေး
fix

လူကြီးမင်းတို့ရဲ့laptop,desktop computer errorများကိုလာရောက်ပြုပြင်နိုင်ပါသည်
ph-09459306322
လှိုင်သာယာ၊ရွှေလင်ဗန်းစျေးအနီး

word၊ excel ၊powerpoint၊ ကျောင်းသုံး၊ရုံးသုံး၊အင်တာနက်သုံး၊စာဖတ်၊ရုပ်ရှင်ကြည့်၊လက်ကွက်ကျင့်။အကုန်ရတဲlenovoလေး💓 lenovo la...
23/02/2024

word၊ excel ၊powerpoint၊ ကျောင်းသုံး၊ရုံးသုံး၊အင်တာနက်သုံး၊စာဖတ်၊ရုပ်ရှင်ကြည့်၊လက်ကွက်ကျင့်။အကုန်ရတဲlenovoလေး

💓 lenovo laptopအရောင်း( all black colour)
💗 screen size 15.6
💗 Ram 4GB
💗 Storage 120GB
💗 Windows 10တင်ထားပါတယ်
💗 zoom နဲသင်တန်းတက်သူတွေကwabcamပါပါတယ်
💗 Cpu core 2dual
🖤 battery နာရီဝက်နီးပါး

❌ errorက keyboardကညှိလိုဖြုတ်ထားပါတယ်
💗 အားသွင်းတုံးပါပါတယ်
💗 စျေးနှုန်း160000ကျပ်ပါ
💗 ph-09459306322
# လှိုင်သာယာ၊ရန်ကုန်


13/02/2024

5v alw မထွက်ဘဲno powerဖြစ်နေတဲtoshiba Satellite L300 Series laptopလေး
fix

12/02/2024

ဒီ​ေန့တော့ဒီကောင်လေးကို tryကြည်လိုက်အုံးမယ်

  out
10/02/2024

out

out

✅ ရုပ်ရှင်ကြည့် / စာစီစာရိုက်လေ့ကျင့် / Word / excel / powerpoint သုံးချင်သူများ အဆင်ပြေစေမယ့် Fujisu laptopလေး😍

✅model name FMV-C8240

✅PROCESSOR Intel(R) Core2Duo T5500 (1.6GHZ)

✅RAM 1GB

✅ HDD 40GB

✅OS windows7 professional

✅SCREEN SIZE 15"

✅ Speaker 🆗
✅DVD drive 🆗
✅ wifi🆗
✅ keyboard🆗
✅ usb port (4port)🆗
✅ lan port 🆗
✅ serial port 🆗
✅ VGA port 🆗
🚫battery 15min

Ph 09459306322

💗 price 150000

07/02/2024
windows passwordဖြေနည်းလေးပါလိုက်လုပ်ရမှာအလုပ်ရှုတ်ရင်လည်းကျွန်တော်တိုဆိုင်မှာကွန်ပျူတာpasswordကို5 minuteလောက်နဲ့ဖြုတ်ပ...
19/11/2023

windows passwordဖြေနည်းလေးပါလိုက်လုပ်ရမှာအလုပ်ရှုတ်ရင်လည်းကျွန်တော်တိုဆိုင်မှာကွန်ပျူတာpasswordကို5 minuteလောက်နဲ့ဖြုတ်ပေးတဲservicesလေးရှိပါတယ်နီးရင်လှိုင်သာယာဘက် ကိုလာအားပေးနိုင်ပါတယ်
-09459306322

✅ မေ့ပျောက်သွားသော Windows password ကို Reset/Change နည်း
+++++++++++++++++++++++++

ကွန်ပြူတာထဲမှာရှိတဲ့ မိမိတို့ရဲ့အရေးကြီးတဲ့ဒေတာတွေလုံခြုံမှုရှိဖို့အတွက် ကွန်ပြူတာအသုံးပြုသူအားလုံး Windows password တော့ထားရှိထားရပါမည်။ သို့သော် မိမိတို့ရဲ့ Windows password ကို မိမိတို့ကိုယ်တိုင်မမှတ်မိတာမျိုးကဖြစ်တတ်ပေမဲ့ သိပ်ကြွားလို့ကောင်းတဲ့အရာတော့မဟုတ်ပေ။ Windows password မမှတ်မိတော့လို့ Windows အသစ်ပြန်တင်ပြီးမှ ကွန်ပြူတာအသုံးပြုလို့ရမယ်ဆိုတာမျိုးကလည်း လက်ခံနိုင်စရာမရှိပါ။

Windows password ကို reset ချလို့ရတဲ့ Third-party tools များစွာရှိပါသည်။ ယခုပြောပြမဲ့နည်းလမ်းကတော့ Windows အခွေ (သို့) Windows Bootable Stick ကိုအသုံးပြုပြီး Windows password ကို reset ချတာဖြစ်ပါသည်။ ဒီနည်းလမ်းသည် Local account တွေကို Password reset ချတာဖြစ်ပြီး Microsoft account အတွက်မဟုတ်ပါ။ ထို့ပြင် Command prompt ကိုအသုံးပြုရမှာဖြစ်တဲ့အတွက် Command prompt နဲ့ပတ်သက်ပြီးဗဟုသုတအနည်းငယ်ရှိထားရင်တော့ ပိုပြီးအဆင်ပြေနိုင်ပါသည်။ ဤစာထဲတွင် စာဖတ်သူများအတွက်နားလည်လွယ်ပြီးအရှင်းလင်းဆုံးဖြစ်အောင် ကြိုးစားရေးသားထားပါသည်။

🔴 ကြိုတင်လိုအပ်ချက်များ နှင့် သိထားရမည့်အရာများ

👉 Windows အခွေ (သို့) Windows Bootable Stick တခုတော့လိုအပ်ပါသည်။ Windows တင်ရင်လုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက်များလည်း သိထားဖို့လိုအပ်ပါသည်။ (ဥပမာ - Windows Bootable Stick ပြုလုပ်ပုံ၊ Bios ထဲဝင်ပြီး First Boot ရွေးချယ်ပုံ (သို့) ကွန်ပြူတာရဲ့ Boot Menu ခေါ်ပုံ စသဖြင့်) ဤစာတွင် Windows Bootable Stick ပြုလုပ်ပုံကိုတော့ ရှင်းပြမထားပါဘူးနော်။

👉 ကွန်ပြူတာအသုံးသူအများစုသည် Windows နဲ့သက်ဆိုင်တဲ့ System files တွေတည်ရှိတဲ့ Partition (C:) ကို သွားရောက်ဖွင့်ကြည့်ကြတာနည်းပါသည်။ သို့သော် Partition (C:) အောက်တွင် မည်သို့သော Folders များတည်ရှိနေသည်ကို အနည်းငယ်သိထားဖို့လိုအပ်ပါသည်။ Partition (C:) အောက်တွင် Windows, Users, Program Files, Program Files (x86) စသော Folders များတည်ရှိနေသည်ကိုတော့သိထားရပါမည်။

👉 Windows password ကို reset ပြုလုပ်ခြင်းသည် Partition (C:) အောက်မှာရှိတဲ့ System နဲ့သက်ဆိုင်တဲ့ Files တွေကိုဝင်ရောက်ပြင်ဆင်တာဖြစ်တဲ့အတွက် Partition (C:) ကို BitLocker ခံထားရင်တော့ BitLocker recovery key အရင်ထည့်ပေးပြီးမှ (C:) ထဲကိုဝင်ရောက်ပြင်ဆင်နိုင်ပါလိမ့်မည်။

👉 Shift key ကို တချက်ချင်းစီ ၅ ကြိမ်နှိပ်ရင် Sticky Keys ပေါ်လာပါမည်။ ထို Sticky Keys သည် C:\Windows\System32\ အောက်တွင်ရှိပြီး ဖိုင်လ်နာမည်က sethc.exe ဖြစ်ပါသည်။ ထို Sticky Keys ကိုအသုံးပြုပြီး Windows password ကို reset ချမှာဖြစ်တဲ့အတွက်ကြိုတင်သတိထားမိအောင် ပြောပြထားခြင်းဖြစ်ပါသည်။

👉 Command prompt တွင်အသုံးပြုမည့် command တချို့ရဲ့အလုပ်လုပ်ပုံကိုလည်း အနည်းငယ်နားလည်ထားရပါမည်။

🚩 Active ဖြစ်နေတဲ့အကောင့်များကြည့်ရှုပုံ

Windows key + R နဲ့ Run box ဖွင့်ပါ။ cmd လို့ရိုက်ပြီး Enter ခေါက်ပါ။
Command prompt ပွင့်လာပါလိမ့်မည်။

net user လို့ရိုက်ပြီး Enter ခေါက်ပါ။
ကွန်ပြူတာထဲတွင်ရှိသော အကောင့်နာမည်များ ဖေါ်ပြပေးပါလိမ့်မည်။

cls လို့ရိုက်ပြီး Enter ခေါက်ပါ။
Command prompt screen ကိုရှင်းလင်းလိုက်တာဖြစ်ပါသည်။

Exit လို့ရိုက်ပြီး Enter ခေါက်ပါ။
Command prompt ကနေထွက်လိုက်တာဖြစ်ပါသည်။

🚩 သိထားရမည့် အခြေခံ Command တချို့

Windows key + R နဲ့ Run box ဖွင့်ပါ။ cmd လို့ရိုက်ပြီး Enter ခေါက်ပါ။
Command prompt ပွင့်လာပါလိမ့်မည်။ C:\Users\%UserProfile%> ဆိုတဲ့စာတန်းနဲ့ ညာဘက်မျာ မိတ်တုတ်မိတ်တုတ် အစက်ကလေးတစ်ခုကို မြင်တွေ့ရပါမည်။

cd.. လို့ရိုက်ပြီး Enter ခေါက်ပါ။
cd.. ဆိုတာ မိမိလက်ရှိတည်ရှိနေတဲ့နေရာကနေ အနောက်ကိုတချက်ဆုတ်တာဖြစ်ပါသည်။ C:\Users\%UserProfile%> ကနေ C:\Users> ဖြစ်သွားတာတွေ့ပါလိမ့်မည်။
#မှတ်ချက်- cd နေရာတွင် pushd ကို ပြောင်းလဲအသုံးပြုရင်လည်းရပါသည်။

cd.. လို့ထပ်ရိုက်ပြီး Enter ခေါက်ပါ။
C:\Users> ကနေ C:\> ဆိုပြီး Partition (C:) အောက်တည့်တည့်ရောက်သွားတာတွေ့ရပါမည်။

dir လို့ရိုက်ပြီး Enter ခေါက်ပါ။
Partition (C:) အောက်ကတည်ရှိနေတဲ့အရာတွေကို ပြပေးပါလိမ့်မည်။ အပေါ်ကပြောထားသလို (C:) အောက်တွင် Windows, Users, Program Files, Program Files (x86) စသော Folders များကိုတွေ့ရပါမည်။

cd Windows\System32 လို့ရိုက်ပြီး Enter ခေါက်ပါ။
ဒါက အရှေ့ကိုသွားတဲ့ command ဖြစ်ပါသည်။ ယခု C:\Windows\System32> ဆိုတဲ့နေရာရောက်သွားတာတွေ့ပါလိမ့်မည်။ ယခုနည်းလမ်းနဲ့ မိမိတို့သွားချင်တဲ့နေရာကို သွားလို့ရပါသည်။ သို့သော် မိမိသွားချင်တဲ့နေရာမှာရှိတဲ့ Folder နာမည်တွေအတိအကျသိထားဖို့တော့လိုအပ်ပါသည်။

🚩 Drive Letter ကြည့်ရှုနည်း

Windows key + R နဲ့ Run box ဖွင့်ပါ။ cmd လို့ရိုက်ပြီး Enter ခေါက်ပါ။
Command prompt ပွင့်လာပါလိမ့်မည်။

diskpart လို့ရိုက်ပြီး Enter ခေါက်ပါ။
UAC ပေါ်လာရင် Yes နှိပ်ပါ။ DISKPART> ဆိုတဲ့ နေရာအောက်ရောက်သွားတာတွေ့ပါလိမ့်မည်။

list vol လို့ရိုက်ပြီး Enter ခေါက်ပါ။
ကွန်ပြူတာထဲတွင်ရှိတဲ့ Partition တွေ၊ Drive Letters တွေ၊ Partition တခုချင်းစီ၏ Size ဘယ်လောက်ရှိလဲဆိုတာကို ပြပေးပါလိမ့်မည်။

#မှတ်ချက်- ကျွန်တော်တို့ Windows Bootable Stick ကိုအသုံးပြုပြီး Windows password ကို reset ချဖို့ကြိုးစားတဲ့အခါမှာ Windows ရှိတဲ့ Partition (C:) သည် တခြား Driver Letter တခုခုဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။ မည်သို့ပင် Partition (C:) ရဲ့ Drive Letter ပြောင်းလဲသွားပါစေ Windows, Users, Program Files, Program Files (x86) စသော Folders များတည်ရှိနေသော Partition သည် Windows ရှိတဲ့ Partition ဖြစ်တာကိုတော့သိထားရပါမည်။

အောက်တွင် Windows password reset ချပုံကို ပုံနှင့်တကွရှင်းပြထားပါသည်။ ဆက်လက်ဖတ်ရှုပေးပါ။

ဲ့ပတ်သက်ပြီးစာများဖတ်ရှုလိုပါကအကောင့်ကိုFollowထားပေးပါ

==============================

Address

ရွှေပဒေသာ(3)လမ်း
Yangon
11401

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 04:00

Website

Alerts

Be the first to know and let us send you an email when laptop service technology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share