Zino Network

Zino Network Internet Service Provider

⚡⚡ တပ်ကုန်းမြို့ Zino Network ရုံးတွင်လုပ်ကိုင်ရန် အောက်ပါ position ကိုလျှောက်ထားနိုင်ပါပြီ။ ⚡⚡1️⃣ Team Leader Fiber Tec...
21/01/2026

⚡⚡ တပ်ကုန်းမြို့ Zino Network ရုံးတွင်လုပ်ကိုင်ရန် အောက်ပါ position ကိုလျှောက်ထားနိုင်ပါပြီ။ ⚡⚡
1️⃣ Team Leader Fiber Technician (၂ ယောက်)
✅ အသက် ၂၅ နှစ်အထက်ဖြစ်ရမည်။
✅ Fiber Technician (၄) နှစ်အထက် အတွေ့အကြုံရှိသူ ဖြစ်ရမည်။
✅ Fiber ကြိုးကြီး ကောင်းကောင်းပြင်တက်ရမည်။
✅ စကား အပြောအဆို ယဉ်ကျေး လိမ္မာရမည်။
✅ Team player ဖြစ်ရမည်။
✅ ကျန်းမာရေးကောင်းမွန်ပြီး ပင်ပန်းခံနိုင်ရမည်။
👷 အခြေခံလစာ ၆xx,### ++ (ဝန်းကျင်)
☝️☝️အထက်ပါ position တွင် ☝️☝️
✅ ရုံးစည်းကမ်းများကို လိုက်နာရမည်။
📅 ၁ ပါတ် ၁ ရက်နားရမည်။ Public holiday ရက်များတွင် OT အလှည့်ကျဆင်းရမည်။
👍 အတွေ့အကြုံရှိပါက လစာပိုများမည်။
လျှောက်ထားလိုသူများ ရုံးချိန်အတွင်း CV နှင့်တကွတပ်ကုန်းရုံး သို့သော်လည်းကောင်း၊ [email protected] သို့ email ဖြင့်လည်းကောင်း လျှောက်ထားနိုင်ပါသည်။

ယုံကြည်စိတ်ချရမှုနဲ့ စိတ်ချမ်းသာမှုကို အဓိကထား ဝန်ဆောင်မှုပေးခဲ့တဲ့  ZINO NETWORK  ရဲ့ ၄ နှစ်တာခရီးလမ်းမှာ အစဥ်တစိုက် အာ...
11/11/2025

ယုံကြည်စိတ်ချရမှုနဲ့ စိတ်ချမ်းသာမှုကို အဓိကထား ဝန်ဆောင်မှုပေးခဲ့တဲ့ ZINO NETWORK ရဲ့ ၄ နှစ်တာခရီးလမ်းမှာ အစဥ်တစိုက် အားပေးခဲ့ကြသော တပ်ကုန်းမြို့က မိတ်ဟောင်း၊ မိတ်သစ် အသုံးပြုသူ တစ်ဦးတစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်။

တပ်ကုန်းမြို့မှာ စတင်ဝန်ဆောင်မှုပေးစဉ်ကစလို့

⚡️ပြဿနာတစ်ခုဖြစ်လာတိုင်း အချိန်မီ တိကျစွာ ဖြေရှင်းပေးမယ့် Customer Support Team
⚡️အင်တာနက်လိုင်းကို အမြဲစောင့်ကြည့်ပြီး ပြဿနာမဖြစ်ခင် ကြိုတင်ပြင်ဆင်၊ တစ်ခုခုဖြစ်လာရင် အမြန်ဆုံး ဝန်ဆောင်မှုပေးနေတဲ့ Technical Team
⚡️ ထိန်းချုပ်မရနိုင်တဲ့ ဖြစ်စဉ်တွေ (ဥပမာ - သဘာဝဘေး၊ Main Cable ပြတ်တောက်ခြင်း) ကြောင့် အင်တာနက်ပြတ်တောက်သွားရင်တောင် သုံးစွဲသူ မနစ်နာရလေအောင် ရက်ပြန်လည် အစားထိုးပေးတဲ့ စနစ်

စတဲ့ ဦးစားပေး အစီအစဉ်တွေနဲ့ သုံးစွဲသူတွေရဲ့ စိတ်ချမ်းသာမှု အတွက် ZINO NETWORK မှ အင်တာနက်ဝန်ဆောင်မှုများပေးနိုင်ခဲ့ပါတယ်။

ဈေးသက်သာတာကိုမှ လိုချင်သူတွေ အများကြီးရှိနိုင်ပါတယ်။ ဒါပေမဲ့.. အရေးကြီးတဲ့အချိန်မှာ အားကိုးရတဲ့၊ ပြဿနာကို တာဝန်ယူဖြေရှင်းပေးမယ့် "Customer Care" ကို လိုချင်သူတွေအတွက် ZINO NETWORK က အသင့်တော်ဆုံး စျေးနှုန်းနဲ့အမြဲရှိနေမှာပါ။

ရှေ့ဆက်ပြီးလည်း customer များရဲ့ အကြံပြုချက်တွေကို အမြဲနားထောင်ပြီး၊ ဒီထက်ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ၊ ဒီထက်ပိုခိုင်မာတဲ့ စိတ်ချရမှု တွေ ပေးနိုင်ဖို့ ZINO NETWORKက အမြဲတမ်း ကြိုးစားနေပါ့မယ်။

ယုံကြည်မှုတိုင်းအတွက် တပ်ကုန်းမြို့မှ မိတ်ဟောင်းမိတ်သစ်များကို အထူးကျေးဇူးတင်ရှိပါတယ် 💙💙💙

ဆက်သွယ်ရန်
🌐 Website - https://www.zino.network
☎️ Call Center - 09 880 1600 16 (ရုံးချိန်အတွင်း)


#ပိုကောင်းတဲ့အင်တာနက်ဝန်ဆောင်မှု

ရုံးပိတ်ရက် အသိပေးကြေညာခြင်း။=================တပ်ကုန်းမြို့မှ Zino Network သုံးစွဲသူ မိတ်ဆွေများခင်ဗျာတန်ဆောင်မုန်းလပြည့...
03/11/2025

ရုံးပိတ်ရက် အသိပေးကြေညာခြင်း။
=================
တပ်ကုန်းမြို့မှ Zino Network သုံးစွဲသူ မိတ်ဆွေများခင်ဗျာ

တန်ဆောင်မုန်းလပြည့်နေ့ အများပြည်သူရုံးပိတ်ရက်ဖြစ်သော (၄ နိုဝင်ဘာလ ၂၀၂၅) တွင် Zino Network ၏ Technical Support နှင့် ဝန်ဆောင်မှုစင်တာ အပါအဝင် အခြားရုံးလုပ်ငန်းဝန်ဆောင်မှုများအား (၁) ရက် ယာယီရပ်နားထားမည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။


ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ သီတင်းကျွတ်လပြည့်နေ့ဟာ မိဘကျေးဇူးကို ဖော်ကျူးကျေးဇူးဆပ်တဲ့ ပွဲတော်တစ်ခုဖြစ်သလို မိသားစု...
06/10/2025

ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ သီတင်းကျွတ်လပြည့်နေ့ဟာ မိဘကျေးဇူးကို ဖော်ကျူးကျေးဇူးဆပ်တဲ့ ပွဲတော်တစ်ခုဖြစ်သလို မိသားစုတွေစုံညီရာ၊ လူကြီးသူမတွေကို ဂါရဝပြုရာ ထူးခြားလှပတဲ့ ဓလေ့တွေပါဝင်တဲ့ ပွဲတော်လည်းဖြစ်ပါတယ်။

တပ်ကုန်းမြို့သူမြို့သားများနဲ့ Zino Network သုံးစွဲသူ မိတ်ဆွေများလည်း မိသားစုစုံစုံညီညီနဲ့ အတူ ပျော်ရွှင်ငြိမ်းချမ်းဖွယ်ရာ သီတင်းကျွတ်လပြည့်နေ့လေးကို ပိုင်ဆိုင်နိုင်ပါ‌စေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

သီတင်းကျွတ်လပြည့်နေ့တွင် Zino Network ရုံး ၁ ရက် ပိတ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။


⚡⚡ တပ်ကုန်းမြို့ Zino Network ရုံးတွင်လုပ်ကိုင်ရန် အောက်ပါ position ကိုလျှောက်ထားနိုင်ပါပြီ။ ⚡⚡1️⃣ Fiber Installation Te...
01/09/2025

⚡⚡ တပ်ကုန်းမြို့ Zino Network ရုံးတွင်လုပ်ကိုင်ရန် အောက်ပါ position ကိုလျှောက်ထားနိုင်ပါပြီ။ ⚡⚡
1️⃣ Fiber Installation Technician (၂ ယောက်)
✅ အသက် ၁၈ နှစ်အထက်ဖြစ်ရမည်။
✅ စကား အပြောအဆို ယဉ်ကျေး လိမ္မာရမည်။
✅ Team player ဖြစ်ရမည်။
✅ ကျန်းမာရေးကောင်းမွန်ပြီး ပင်ပန်းခံနိုင်ရမည်။
✅ ပညာသင်လိုသူဖြစ်ရမည်။
👷 အခြေခံလစာ ၃xx,### ++ (ဝန်းကျင်)
☝️☝️အထက်ပါ position တွင် ☝️☝️
✅ ရုံးစည်းကမ်းများကို လိုက်နာရမည်။
📅 ၁ ပါတ် ၁ ရက်နားရမည်။ Public holiday ရက်များတွင် OT အလှည့်ကျဆင်းရမည်။
👍 အတွေ့အကြုံရှိပါက လစာပိုများမည်။
လျှောက်ထားလိုသူများ ရုံးချိန်အတွင်း CV နှင့်တကွတပ်ကုန်းရုံး သို့သော်လည်းကောင်း၊ [email protected] သို့ email ဖြင့်လည်းကောင်း လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက 09 880 1600 16 သို့ ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်။

😤 လိုင်းကျလို့ အရေးကြီးအလုပ်တွေ ပျက်နေရပါသလား။😤 ဝန်ဆောင်မှုဌာနကို ဆက်သွယ်လို့ မရဖြစ်နေပါသလား။😤 ပြင်ဆင်ပေးမယ်ဆိုပြီး ရက်ပ...
23/04/2025

😤 လိုင်းကျလို့ အရေးကြီးအလုပ်တွေ ပျက်နေရပါသလား။
😤 ဝန်ဆောင်မှုဌာနကို ဆက်သွယ်လို့ မရဖြစ်နေပါသလား။
😤 ပြင်ဆင်ပေးမယ်ဆိုပြီး ရက်ပေါင်းများစွာ စောင့်နေရပါသလား။

အင်တာနက်သုံးရင်း လောင်နေရတယ်ဆိုရင် ရွေးချယ်မှုရဲ့ ပြဿနာပါ။ ZINO Network ကိုသာ တပ်ဆင်ထားရင် ဒီပြဿနာတွေက ကိုယ်နဲ့ ဘာမှမဆိုင်တော့သလို ဖြစ်သွားမှာပါ။

တပ်ကုန်းမြို့တွင်း ZINO ဖိုင်ဘာအင်တာနက်တပ်ဆင်လိုသူတိုင်းအတွက်
📌 25 Mbps အတွက် တစ်လစာ ၃၈,၀၀၀ကျပ်၊
📌 35 Mbps အတွက် တစ်လစာ ၅၀,၀၀၀ ကျပ်၊
📌 55 Mbps အတွက် တစ်လစာ ၇၀,၀၀၀ ကျပ် နဲ့ သုံးလစာ ကနဦးပေးသွင်းတပ်ဆင်နိုင်ပါတယ်။

စက်ကြေး+ တပ်ဆင်ခ သီးသန့် ထပ်ပေးစရာ မလိုဘဲ အခမဲ့ဝန်ဆောင်မှုရမှာဖြစ်သလို တပ်ဆင်ပြီးနောက်မှာလည်း ၂၄ နာရီ ကွန်ယက်စောင့်ကြည့်စစ်ဆေးပေးမှု၊ ၇၂ နာရီအတွင်း ပြင်ဆင်ခြင်းဝန်ဆောင်မှုတို့ကြောင့် လိုင်းမငြိမ်ခြင်း၊ လိုင်းကျခြင်းတွေကို မကြုံရသလောက် စိတ်ချမ်းသာစေမှာပေါ့။

အခုဆို တပ်ကုန်းမြို့မှာ အခြားသူတွေက ZINO ကို ပြောင်းသုံးနေကြပြီတဲ့။

အင်တာနက်ကြောင့် စိတ်ညစ်နေရတဲ့ နေ့ရက်တွေကြား ကိုယ်တစ်ယောက်တည်း မကျန်နေခဲ့အောင် အခုပဲ ဆက်သွယ်စာရင်းပေးလိုက်ပါတော့။

ဆက်သွယ်ရန်
🌐 Website - https://www.zino.network
☎️ Call Center - 09 880 1600 16 (ရုံးချိန်အတွင်း)

#ပိုကောင်းတဲ့အင်တာနက်ဝန်ဆောင်မှု

သင်္ကြန်ပိတ်ရက် အသိပေးကြေညာခြင်း။=================တပ်ကုန်းမြို့မှ Zino Network သုံးစွဲသူ မိတ်ဆွေများခင်ဗျာမဟာသင်္ကြန်ကာလ...
10/04/2025

သင်္ကြန်ပိတ်ရက် အသိပေးကြေညာခြင်း။
=================

တပ်ကုန်းမြို့မှ Zino Network သုံးစွဲသူ မိတ်ဆွေများခင်ဗျာ

မဟာသင်္ကြန်ကာလ အများပြည်သူရုံးပိတ်ရက်များဖြစ်သော သင်္ကြန် (၁၃ ဧပြီ ၂၀၂၅) မှ (၁၇ ဧပြီ ၂၀၂၅) အတွင်း Zino Network ရုံးပိတ်မည်ဖြစ်ပါသည်။ ထိုကာလများအတွင်း ဝန်ဆောင်မှုစင်တာအပါအဝင် အခြားရုံးလုပ်ငန်းဝန်ဆောင်မှုများ ယာယီရပ်နားထားမည်ဖြစ်ပါသည်။


နေပြည်တော်၊ တပ်ကုန်းမြို့ရှိ မိဘပြည်သူများခင်ဗျာ Zino Network ရုံးတွင် အောက်ပါအချိန်များအတိုင်း အခမဲ့ ဖုန်းအားလာရောက်သွင...
29/03/2025

နေပြည်တော်၊ တပ်ကုန်းမြို့ရှိ မိဘပြည်သူများခင်ဗျာ Zino Network ရုံးတွင် အောက်ပါအချိန်များအတိုင်း အခမဲ့ ဖုန်းအားလာရောက်သွင်းနိုင်ပါသည်။

နံနက် ၉:၀၀ မှ ၁၀:၃၀
နေ့လည် ၁၂:၃၀ မှ ၂:၀၀
ညနေ ၃:၀၀ နာရီမှ ၄:၃၀ အထိ

နေ့စဥ် မီးစက်ဆီရှိသ၍ အခမဲ့ ကူညီပေးပါမည်။

Extension များရှိပါက ယူလာပေးကြရန် မေတ္တာရပ်ခံပါသည်။

လိပ်စာ။ ။ စကားဝါလမ်း၊ အ.ထ.က. (၂) တောင်ဘက်၊ တပ်ကုန်းမြို့

📢 (၁) လစာသွင်းရုံနဲ့ တပ်ဆင်ခ အခမဲ့ 🚀💥🎆 2025 ကို မြန်နှုန်းမြင့် အင်တာနက်နဲ့ စတင်ဖို့ အသင့်ဖြစ်ပြီလား? အခုလို အချိန်ကောင်...
06/01/2025

📢 (၁) လစာသွင်းရုံနဲ့ တပ်ဆင်ခ အခမဲ့ 🚀💥
🎆 2025 ကို မြန်နှုန်းမြင့် အင်တာနက်နဲ့ စတင်ဖို့ အသင့်ဖြစ်ပြီလား? အခုလို အချိန်ကောင်းကို လက်မလွတ်ပါနဲ့! 🎆
▪️လွယ်တယ် - Zino Network ရဲ့ ဒေတာအကန့်အသတ်မဲ့ ဖိုင်ဘာအင်တာနက်ကို တပ်ဆင်ဖို့သိပ်လွယ်ပါတယ်။ ဝန်ဆောင်မှုစင်တာ ဖုန်းနံပါတ် 09 880 1600 16 ကို ဆက်သွယ်စာရင်းပေးလိုက်ရုံ ဒါမှမဟုတ် Page Messenger က ‌နေ အလွယ်တကူမေးလိုက်ရုံပဲ။ လစဉ်ကြေးပေးသွင်းဖို့ကိုလည်း အွန်လိုင်းကနေလုပ်ဆောင်နိုင်လို့ လွယ်ကူနေပြန်ရော။
▪️မြန်တယ် - Zino Network က သုံးစွဲသူတွေရဲ့ မေးခွန်းတွေနဲ့ လိုအပ်ချက်တွေနားထောင်ပြီး ပြုပြင်ဖို့လိုအပ်ရင် ၂၄နာရီမှ ၇၂ နာရီအတွင်း အမြန်ဆုံးပြင်ဆင်ပေးပါတယ်။
▪️စိတ်ချမ်းသာရတယ် - - Zino Network တပ်ဆင်ပြီးတာနဲ့ ကွန်ယက်ကို ၂၄ နာရီအချိန်ပြည့်စောင့်ကြည့်စစ်ဆေးပေးနေတာမို့လို့ သုံးစွဲရတဲ့အခါ စိတ်အချမ်းသာဆုံးပဲပေါ့။
တပ်ကုန်းမြို့က မိတ်ဆွေတို့ အတွက် အသင့်လျော်ဆုံး Zino Network အကြောင်းအသေးစိတ်အချက်အလက်တွေကို သိချင်တယ်ဆိုရင်တော့ ဝန်ဆောင်မှုစင်တာ ဖုန်းနံပါတ် 09 880 1600 16 ကို ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါပြီ။
အလုံးရေ အကန့်အသတ်ရှိပါသည်။
#ပိုကောင်းတဲ့အင်တာနက်ဝန်ဆောင်မှု
🌐 Website - https://www.zino.network
☎️ Call Center - 09 880 1600 16

Zino Network ရဲ့ မိတ်ဟောင်းမိတ်သစ် မိသားစုများအားလုံးနဲ့အတူ 2024 ခုနှစ်ကို နှုတ်ဆက်ရင်း 2025 ခုနှစ်သစ်ကို ကြိုဆိုလိုက်ပါ...
31/12/2024

Zino Network ရဲ့ မိတ်ဟောင်းမိတ်သစ် မိသားစုများအားလုံးနဲ့အတူ 2024 ခုနှစ်ကို နှုတ်ဆက်ရင်း 2025 ခုနှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်။🎊

လွန်ခဲ့တဲ့တစ်နှစ်လုံး Zino Network ကို ယုံကြည်စွာ အသုံးပြုပေးခဲ့ကြတဲ့ Customer များအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ နှစ်သစ်မှာလည်း အကောင်းဆုံး အင်တာနက်ဝန်ဆောင်မှုကောင်းများနဲ့အတူ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများကို ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။

💫 2025 မှာ မိတ်ဆွေများအားလုံးကျန်းမာချမ်းသာကြပြီး အိပ်မက်စိတ်ကူးတို့အတိုင်း တကယ်ဖြစ်လာပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

Zino Network - Your Trusted Internet Partner

ရုံးပိတ်ရက် အသိပေးကြေညာခြင်း။=================တပ်ကုန်းမြို့မှ Zino Network သုံးစွဲသူ မိတ်ဆွေများခင်ဗျာနှစ်သစ်ကူး အများပြ...
29/12/2024

ရုံးပိတ်ရက် အသိပေးကြေညာခြင်း။
=================
တပ်ကုန်းမြို့မှ Zino Network သုံးစွဲသူ မိတ်ဆွေများခင်ဗျာ

နှစ်သစ်ကူး အများပြည်သူရုံးပိတ်ရက်ဖြစ်သော (၃၁ ဒီဇင်ဘာ ၂၀၂၄) တွင် Zino Network ၏ Technical Support နှင့် ဝန်ဆောင်မှုစင်တာ အပါအဝင် အခြားရုံးလုပ်ငန်းဝန်ဆောင်မှုများအား (၁) ရက် ယာယီရပ်နားထားမည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။

ပိတ်ရက်အတွင်း လစဉ်ကြေးပေးဆောင်မှုများကို KBZPay မှ ပုံမှန်အတိုင်းပေးသွင်းနိုင်ပါသည်။


Address

Yangon

Alerts

Be the first to know and let us send you an email when Zino Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zino Network:

Share